سورة البروج بالبورمية

  1. استمع للسورة
  2. سور أخرى
  3. ترجمة السورة
القرآن الكريم | ترجمة معاني القرآن | اللغة البورمية | سورة البروج | Buruj - عدد آياتها 22 - رقم السورة في المصحف: 85 - معنى السورة بالإنجليزية: The Constellations.

وَالسَّمَاءِ ذَاتِ الْبُرُوجِ(1)

 (ငါအရှင်မြတ်သည်) ဒွါဒရာသီ (ဆယ့်နှစ်ရာသီ)အင်္သာစက်ရှိသော မိုးကောင်းကင်ကို သက်သေ ထူတော်မူ၏။

وَالْيَوْمِ الْمَوْعُودِ(2)

 ၎င်းပြင် ချိန်းချက်ပြီးဖြစ်သောနေ့ကို သက်သေထူတော်မူ၏။

وَشَاهِدٍ وَمَشْهُودٍ(3)

 ထို့ပြင် အသင့်ရောက်ရှိသောနေ့ကိုလည်းကောင်း၊ အသင့်ရောက်ရှိကြရမည့်နေ့ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

قُتِلَ أَصْحَابُ الْأُخْدُودِ(4)

 ကျင်းရှင်(တွင်းရှင်) ကျုံးတို့သည် ပျက်စီးခဲ့ကြရလေသည်။

النَّارِ ذَاتِ الْوَقُودِ(5)

 ထင်းများစွာ (လောင်စာများစွာ)ရှိသော မီးရှင်တို့သည်။

إِذْ هُمْ عَلَيْهَا قُعُودٌ(6)

 အကြင်အခါဝယ် ၎င်းတို့သည် ထိုမီး၏အနီးပတ်ဝန်းကျင်၌ ထိုင်လျက်ရှိခဲ့ကြကုန်၏။

وَهُمْ عَلَىٰ مَا يَفْعَلُونَ بِالْمُؤْمِنِينَ شُهُودٌ(7)

 ထို့ပြင် ၎င်းတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့ပြုလျက်ရှိသော အမှုကိစ္စ (နှိပ်စက်ညှဉ်းပမ်းမှု)ကို ရှုစားလျက်ရှိခဲ့ကြကုန်၏။

وَمَا نَقَمُوا مِنْهُمْ إِلَّا أَن يُؤْمِنُوا بِاللَّهِ الْعَزِيزِ الْحَمِيدِ(8)

 စင်စစ် ၎င်းတို့သည် ထို"မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့၌ တန်ခိုးကြီးမားတော်မူသော၊ ချီးမွမ်း ထောပနာအပေါင်းကို ခံယူထိုက်တော်မူသော အကြင်အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြသည် မှ�စ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တွေ့ရှိခဲ့ကြသည် မဟုတ်ပေ။

الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ(9)

 မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု အာဏာသည် ထိုအလ္လာဟ်အရှင်မြတ်၌သာ ရှိပေသည်။

إِنَّ الَّذِينَ فَتَنُوا الْمُؤْمِنِينَ وَالْمُؤْمِنَاتِ ثُمَّ لَمْ يَتُوبُوا فَلَهُمْ عَذَابُ جَهَنَّمَ وَلَهُمْ عَذَابُ الْحَرِيقِ(10)

 ဧကန်မလွဲ အကြင်သူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ယောက်ျားတို့အား လည်းကောင်း၊ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော မိန်းမတို့အားလည်းကောင်း၊ နှိပ်စက်ညှဉ်းပမ်းခဲ့ကြ၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခြင်း မပြုခဲ့ကြပေ။ ထိုသူတို့၌ "ဂျဟန္နမ်" ငရဲ၏ပြစ်ဒဏ် သည် (အထူးသဖြင့်) မီးလောင်ကျွမ်းခြင်း၏ပြစ်ဒဏ်သည် ရှိချေသတည်း။

إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۚ ذَٰلِكَ الْفَوْزُ الْكَبِيرُ(11)

 ဧကန်မုချ "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့ အကြင်ဥယျာဉ်များသည် ရှိပေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းချောင်းများသည် စီးတွေလျက်ရှိပေသည်။ ဤသည် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။

إِنَّ بَطْشَ رَبِّكَ لَشَدِيدٌ(12)

 မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဖမ်းဆီးမှု၊ (အရေးယူ)မှုသည် အမှန်ပင် ပြင်းထန်လှပေသည်။

إِنَّهُ هُوَ يُبْدِئُ وَيُعِيدُ(13)

 ဧကန်မလွဲ ထိုအရှင်မြတ်သည်သာလျှင် (ပထမအကြိမ်) စတင်ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည်သာလျှင်(ဒုတိယအကြိမ်)ပြန်လည် ဖန်ဆင်းတော်မူပေမည်။

وَهُوَ الْغَفُورُ الْوَدُودُ(14)

 ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ချစ်မြတ်နိုးတော်မူသောအရှင်။

ذُو الْعَرْشِ الْمَجِيدُ(15)

 အရ်ရှ်" ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည်စုံတော်မူသောအရှင်။

فَعَّالٌ لِّمَا يُرِيدُ(16)

 မိမိ ရည်စူးတော်မူသောကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသောအရှင် ဖြစ်တော်မူ၏။

هَلْ أَتَاكَ حَدِيثُ الْجُنُودِ(17)

 (အို-နဗီတမန်တော်) အသင့်ထံ ထိုတပ်များ၏အကြောင်း အတ္ထုပ္ပတ္တိသည် ရောက်ရှိခဲ့ပြီ မဟုတ်လော။

فِرْعَوْنَ وَثَمُودَ(18)

 ဖစ်ရ်အောင်န်" ၏တပ်များ အကြောင်းသည်လည်းကောင်း၊ "ဆမူဒ်"အမျိုးသားတို့၏အကြောင်းသည်လည်းကောင်း။

بَلِ الَّذِينَ كَفَرُوا فِي تَكْذِيبٍ(19)

 ထိုမျှမကသေးပေ၊ စင်စစ်မှာကား ကာဖိရ် သွေဖည်ငြင်းပယ်ခဲ့ကြကုန်သောသူတို့သည် (ကုရ်အာန်ကျမ်းမြတ်ကိုပင်) မဟုတ်မမှန်ဟူ၍ ပြောဆိုငြင်းပယ်လျက် ရှိကြသေး၏။

وَاللَّهُ مِن وَرَائِهِم مُّحِيطٌ(20)

 စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အဘက်ဘက်မှ ဝန်းဝိုင်းလျက် ရှိတော်မူ၏။

بَلْ هُوَ قُرْآنٌ مَّجِيدٌ(21)

 ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ဤသည် အထူးဂုဏ်ဝိသေသနှင့်ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်။

فِي لَوْحٍ مَّحْفُوظٍ(22)

 လုံခြုံစွာ ထိန်းသိမ်း၍ထားသည့် သင်ပုန်း၌ရေးမှတ်ပြီးဖြစ်သော။


المزيد من السور باللغة البورمية:

سورة البقرة آل عمران سورة النساء
سورة المائدة سورة يوسف سورة ابراهيم
سورة الحجر سورة الكهف سورة مريم
سورة السجدة سورة يس سورة الدخان
سورة النجم سورة الرحمن سورة الواقعة
سورة الحشر سورة الملك سورة الحاقة

تحميل سورة البروج بصوت أشهر القراء :

قم باختيار القارئ للاستماع و تحميل سورة البروج كاملة بجودة عالية
سورة البروج أحمد العجمي
أحمد العجمي
سورة البروج خالد الجليل
خالد الجليل
سورة البروج سعد الغامدي
سعد الغامدي
سورة البروج سعود الشريم
سعود الشريم
سورة البروج عبد الباسط عبد الصمد
عبد الباسط
سورة البروج عبد الله عواد الجهني
عبد الله الجهني
سورة البروج علي الحذيفي
علي الحذيفي
سورة البروج فارس عباد
فارس عباد
سورة البروج ماهر المعيقلي
ماهر المعيقلي
سورة البروج محمد جبريل
محمد جبريل
سورة البروج محمد صديق المنشاوي
المنشاوي
سورة البروج الحصري
الحصري
سورة البروج العفاسي
مشاري العفاسي
سورة البروج ناصر القطامي
ناصر القطامي
سورة البروج ياسر الدوسري
ياسر الدوسري



Tuesday, May 14, 2024

لا تنسنا من دعوة صالحة بظهر الغيب