Перевод суры Аль-Кияма на бирманский язык

  1. Сура mp3
  2. Другие суры
  3. бирманский
Священный Коран | Перевод Корана | Язык бирманский | Сура Аль-Кияма | القيامة - получите точный и надежный бирманский текст сейчас - Количество аятов: 40 - Номер суры в мушафе: 75 - Значение названия суры на русском языке: The Day of Resurrection.

لَا أُقْسِمُ بِيَوْمِ الْقِيَامَةِ(1)

 ငါ အရှင်မြတ်သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို သက်သေထူ ကျိန်ဆိုတော်မူ၏။

وَلَا أُقْسِمُ بِالنَّفْسِ اللَّوَّامَةِ(2)

 ထိုမှတစ်ပါး ငါအရှင်မြတ်သည် (မိမိကိုယ်ကို)လွန်စွာ ပြစ်တင်ဆုံးမတတ်သောစိတ်ကို သက်သေထူ ကျိန်ဆိုတော်မူ၏။

أَيَحْسَبُ الْإِنسَانُ أَلَّن نَّجْمَعَ عِظَامَهُ(3)

 လူသားသည် ၎င်း၏အရိုးများကို ငါအရှင်မြတ် စုပေါင်းတော်မူမည်မဟုတ်ဟု ထင်မှတ်၍နေ လေသလော။

بَلَىٰ قَادِرِينَ عَلَىٰ أَن نُّسَوِّيَ بَنَانَهُ(4)

 အဘယ်ကြောင့် မဟုတ်ပါသနည်း။ ငါအရှင်မြတ်သည် ထိုလူသား၏ လက်ဆစ်ခြေဆစ်များကိုပင်လျှင် မူလအခြေအနေအတိုင်း ပြန်၍ပြုပြင်ဖန်ဆင်းရန် တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

بَلْ يُرِيدُ الْإِنسَانُ لِيَفْجُرَ أَمَامَهُ(5)

 စင်စစ်မှာကား လူသားသည် မိမိရှေ့အနာဂတ်ကာလ၌ဖြစ်အံ့သော "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်လို၏။(တစ်နည်း) စင်စစ်မှာကား လူသားသည် အနာဂတ်ကာလ၌လည်း ပြစ်မှုဒုစရိုက် ကျူးလွန်လို၏။

يَسْأَلُ أَيَّانَ يَوْمُ الْقِيَامَةِ(6)

 ထိုလူသားက ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့သည် မည်သည့်အခါ၌ ဖြစ်အံ့နည်းဟု မေးမြန်း၏။

فَإِذَا بَرِقَ الْبَصَرُ(7)

 စင်စစ်မှာကား အကြင်အခါဝယ် မျက်စိများမိန်းမောတွေဝေ ထိုင်းမှိုင်း၍ သွားပေမည်။

وَخَسَفَ الْقَمَرُ(8)

 ၎င်းပြင် "လ" သည် အလင်းရောင် ကင်းမဲ့၍သွားပေမည်။

وَجُمِعَ الشَّمْسُ وَالْقَمَرُ(9)

 ထိုမှတစ်ပါး "နေ"နှင့်"လ" တို့သည် ပေါင်းစပ်ခြင်းကို ခံကြရပေမည်။ (တစ်နည်း) "နေ" နှင့် "လ"တို့သည် တစ်မျိုး တစ်စားတည်း ဖြစ်စေခြင်းကို ခံကြရပေမည်။

يَقُولُ الْإِنسَانُ يَوْمَئِذٍ أَيْنَ الْمَفَرُّ(10)

 ထိုနေ့တွင် လူသားသည် (ကျွန်ုပ်)အဘယ်သို့ ပြေးရပါမည်နည်းဟု ပြောဆိုပေမည်။

كَلَّا لَا وَزَرَ(11)

 အလျှင်း မဟုတ်။ ခိုလှုံရာဟူ၍ အလျှင်း ရှိလိမ့်မည် မဟုတ်ပေ။

إِلَىٰ رَبِّكَ يَوْمَئِذٍ الْمُسْتَقَرُّ(12)

 ထိုနေ့တွင် နေထိုင်ရာဌာနဟူသည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော် ၌သာလျှင် ရှိချေမည်။

يُنَبَّأُ الْإِنسَانُ يَوْمَئِذٍ بِمَا قَدَّمَ وَأَخَّرَ(13)

 ထိုနေ့တွင် လူသားသည် မိမိ တင်ကြို ပို့နှင့်ခဲ့သည်ကိုလည်းကောင်း၊ မိမိ နောက်ချန်ရစ်ခဲ့သည်ကိုလည်းကောင်း၊ ပြောပြခြင်းကို ခံရပေမည်။

بَلِ الْإِنسَانُ عَلَىٰ نَفْسِهِ بَصِيرَةٌ(14)

 စင်စစ်မှာကား လူသားသည် မိမိကိုယ်ကို မိမိကောင်းစွာ မြင်သူဖြစ်မည်။ (တစ်နည်း) စင်စစ်မှာကား လူသား၏ ခန္ဓာကိုယ်၌ပင် သက်သေရှိနေပေမည်။

وَلَوْ أَلْقَىٰ مَعَاذِيرَهُ(15)

 စင်စစ် ၎င်းသည် မိမိ အကြောင်းပြချက်များကို(မည်မျှပင်) တင်ပြငြားအံ့လည်း။

لَا تُحَرِّكْ بِهِ لِسَانَكَ لِتَعْجَلَ بِهِ(16)

 အသင်သည် (ကောင်းကင်တမန် ဂျစ်ဗ်ရီလ်သည် ကုရ်အာန်ကျမ်းလာ အာယတ်တော်များကို ရွတ်ဖတ်တော်မူသည့်အခါ) အသင်၏လျှာကို(ယင်း အာယတ်တော်များကို) အလျှင်အမြန် (ကျက်မှတ်)ရယူရန် အလို့ငှာ မလှုပ်လေနှင့်။

إِنَّ عَلَيْنَا جَمْعَهُ وَقُرْآنَهُ(17)

 ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို စုပေါင်းခြင်းသည်လည်းကောင်း၊ ထိုနည်းတူစွာ (ယင်းကုရ်အာန်ကျမ်းမြတ်ကို) ဖတ်စေခြင်းသည်လည်းကောင်း၊ ငါအရှင်မြတ်၏ တာဝန်ဖြစ်၏။

فَإِذَا قَرَأْنَاهُ فَاتَّبِعْ قُرْآنَهُ(18)

 သို့ဖြစ်ပေရာ အကြင်အခါဝယ် ငါအရှင်မြတ်သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်) ဖတ်ကြားတော် မူခဲ့အံ့။ထိုအခါ (ယင်းကုရ်အာန်၏ ဖတ်ကြားချက်ကို) အသင်သည် လိုက်(၍ဖတ်)ပါလေ။ နားထောင်ပါလေ။

ثُمَّ إِنَّ عَلَيْنَا بَيَانَهُ(19)

 ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ရှင်းပြခြင်းမှာလည်း ဧကန်အမှန် ငါအရှင်မြတ်၏ တာဝန်သာဖြစ်၏။

كَلَّا بَلْ تُحِبُّونَ الْعَاجِلَةَ(20)

 မှတ်ယူကြလေကုန်။ စင်စစ်မှာကား အသင်တို့သည် လောကီဘဝကို နှစ်သက်ကြကုန်၏။

وَتَذَرُونَ الْآخِرَةَ(21)

 ၎င်း ပြင် အသင်တို့သည် "အာခိရတ်"တမလွန်ဘဝကို စွန့်လွှတ်ကြကုန်၏။

وُجُوهٌ يَوْمَئِذٍ نَّاضِرَةٌ(22)

 ထိုနေ့တွင် များစွာသော မျက်နှာတို့မှာ ရွှင်လန်းလျက် ရှိကြပေမည်။

إِلَىٰ رَبِّهَا نَاظِرَةٌ(23)

 မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဖူးမြော်လျက် ရှိကြပေမည်။

وَوُجُوهٌ يَوْمَئِذٍ بَاسِرَةٌ(24)

 သို့ရာတွင် များစွာသော မျက်နှာတို့မှာမူကား ညှိုးနွမ်းလျက်ပင် ရှိကြပေမည်။

تَظُنُّ أَن يُفْعَلَ بِهَا فَاقِرَةٌ(25)

 ၎င်းတို့၌ ခါးရိုးကျိုးစေမည့် ပြစ်ဒဏ်ကို ခံရမည်ကို ကောင်းမွန်စွာ သိလျက်ရှိကြကုန် အံ့သတည်း။

كَلَّا إِذَا بَلَغَتِ التَّرَاقِيَ(26)

 မှတ်ယူကြလေကုန်၊ အကြင်အခါဝယ် အသက်ဇီဝိန်သည် ညှပ်ရိုးများသို့ ရောက်ရှိ၍သွားလေ၏။

وَقِيلَ مَنْ ۜ رَاقٍ(27)

 ၎င်း ပြင် (ထိုဝေဒနာရှင်၏ အနီးအနား၌ ရှိသူတို့က) မန်းမှုတ်မည့်သူ ရှိပါသလောဟု ဟစ်အော် ကြပေမည်။

وَظَنَّ أَنَّهُ الْفِرَاقُ(28)

 ၎င်းပြင် ဧကန်စင်စစ် ဤအချိန်ကား (လောကီဘဝမှ) စွန့်ခွာရမည့်အချိန်ဖြစ်သည်ဟု ထိုသူ ယုံကြည် လျက်ရှိပေမည်။

وَالْتَفَّتِ السَّاقُ بِالسَّاقِ(29)

 ထို့ပြင် ခြေသလုံးသည် ခြေသလုံးနှင့်ကပ်သွားပေမည်။ (တစ်နည်း) ထို့ပြင် ဒုက္ခသည် ဒုက္ခပေါ်၌ ထပ်ဆင့်၍ သွားပေမည်။

إِلَىٰ رَبِّكَ يَوْمَئِذٍ الْمَسَاقُ(30)

 ထိုနေ့တွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ပင် ပြန်သွားရပေမည်။

فَلَا صَدَّقَ وَلَا صَلَّىٰ(31)

 စင်စစ်သော်ကား ထိုလူသားသည် ဟုတ်မှန်ကြောင်း ယုံကြည်ထောက်ခံခဲ့သည်လည်း မဟုတ်ပေ။ "ဆွလာတ်" ဝတ်ပြုခဲ့သည်လည်း မဟုတ်ပေ။

وَلَٰكِن كَذَّبَ وَتَوَلَّىٰ(32)

 သို့ရာတွင် ၎င်းသည် မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခြင်းကိုသာလည်းကောင်း၊ မျက်နှာလွှဲခြင်းကိုသာလည်းကောင်း၊ ပြုခဲ့၏။

ثُمَّ ذَهَبَ إِلَىٰ أَهْلِهِ يَتَمَطَّىٰ(33)

 ထို့နောက် ၎င်း သည် မော်ကြွားဟန်ချီလျက် မိမိ အိမ်သူအိမ်သားတို့ထံ သွားခဲ့၏။

أَوْلَىٰ لَكَ فَأَوْلَىٰ(34)

 အသင်၌ ပျက်စီးခြင်းအပေါ်ဝယ် ပျက်စီးခြင်းသာရှိပေမည်။

ثُمَّ أَوْلَىٰ لَكَ فَأَوْلَىٰ(35)

 ထို့နောက် တစ်ဖန် အသင်၌ ပျက်စီးခြင်း အပေါ်ဝယ် ပျက်စီးခြင်းသည်သာ ရှိပေမည်။

أَيَحْسَبُ الْإِنسَانُ أَن يُتْرَكَ سُدًى(36)

 လူသားသည် မိမိမှာ ဤအတိုင်း စွန့်လွှတ်ထားခြင်းကို ခံနေရမည်ဟု ထင်မှတ်လေသလော။

أَلَمْ يَكُ نُطْفَةً مِّن مَّنِيٍّ يُمْنَىٰ(37)

 ၎င်း မှာ သွန်းလောင်းခြင်းခံရသော သုတ်ရည်တစ်စက်သာလျှင် ဖြစ်ခဲ့သည်မဟုတ်လော။

ثُمَّ كَانَ عَلَقَةً فَخَلَقَ فَسَوَّىٰ(38)

 ထို့နောက် ယင်းသုတ်ရည်သည် သွေးခဲဖြစ်ခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည် (၎င်း အား) ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် (၎င်း အား) နေသားကျနအောင် ပြုပြင်တော်မူခဲ့၏။

فَجَعَلَ مِنْهُ الزَّوْجَيْنِ الذَّكَرَ وَالْأُنثَىٰ(39)

 ထို့နောက် ထိုအရှင်မြတ်သည် ယင်း(သွေးခဲ ဖြစ်သွားခဲ့သောသုတ်ရည်)ကို ယောက်ျားမိန်းမ(ဟူ၍)နှစ်မျိုးနှစ်စား ပြုလုပ်တော်မူခဲ့၏။

أَلَيْسَ ذَٰلِكَ بِقَادِرٍ عَلَىٰ أَن يُحْيِيَ الْمَوْتَىٰ(40)

 ထို(ကဲ့သို့သော)အရှင်မြတ်သည် သူသေတို့အား(တစ်ဖန်ပြန်၍) ရှင်စေတော်မူရန် တတ်စွမ်းနိုင် တော်မူသောအရှင် မဟုတ်ပါသလော။


Больше сур в бирманский:


Аль-Бакара Аль-'Имран Ан-Ниса'
Аль-Маида Юсуф Ибрахим
Аль-Хиджр Аль-Кахф Марьям
Аль-Хадж Аль-Касас Аль-'Анкабут
Ас-Саджда Я-Син Ад-Духан
Аль-Фатх Аль-Худжурат Каф
Ан-Наджм Ар-Рахман Аль-Ваки'а
Аль-Хашр Аль-Мульк Аль-Хакка
Аль-Иншикак Аль-А'ла Аль-Гашия

Скачать суру Al-Qiyamah с голосом самых известных рекитаторов Корана:

Сура Al-Qiyamah mp3: выберите рекитатора, чтобы прослушать и скачать главу Al-Qiyamah полностью в высоком качестве
surah Al-Qiyamah Ahmed El Agamy
Ahmed Al Ajmy
surah Al-Qiyamah Bandar Balila
Bandar Balila
surah Al-Qiyamah Khalid Al Jalil
Khalid Al Jalil
surah Al-Qiyamah Saad Al Ghamdi
Saad Al Ghamdi
surah Al-Qiyamah Saud Al Shuraim
Saud Al Shuraim
surah Al-Qiyamah Abdul Basit Abdul Samad
Abdul Basit
surah Al-Qiyamah Abdul Rashid Sufi
Abdul Rashid Sufi
surah Al-Qiyamah Abdullah Basfar
Abdullah Basfar
surah Al-Qiyamah Abdullah Awwad Al Juhani
Abdullah Al Juhani
surah Al-Qiyamah Fares Abbad
Fares Abbad
surah Al-Qiyamah Maher Al Muaiqly
Maher Al Muaiqly
surah Al-Qiyamah Muhammad Siddiq Al Minshawi
Al Minshawi
surah Al-Qiyamah Al Hosary
Al Hosary
surah Al-Qiyamah Al-afasi
Mishari Al-afasi
surah Al-Qiyamah Yasser Al Dosari
Yasser Al Dosari


Wednesday, May 15, 2024

Помолитесь за нас хорошей молитвой