Перевод суры Аль-Мурсалят на бирманский язык

  1. Сура mp3
  2. Другие суры
  3. бирманский
Священный Коран | Перевод Корана | Язык бирманский | Сура Аль-Мурсалят | المرسلات - получите точный и надежный бирманский текст сейчас - Количество аятов: 50 - Номер суры в мушафе: 77 - Значение названия суры на русском языке: Those Sent Forth.

وَالْمُرْسَلَاتِ عُرْفًا(1)

 (ငါအရှင်မြတ်သည်) အကျိုးဖြစ်စေအံ့သောငှာ စေလွှတ်ခြင်းခံရသောလေများကို၊ စေလွှတ်ခြင်းခံရသော၊ ဆက်တိုက်၊ တိုက်ခတ်သောလေများကို သက်သေထူတော်မူ၏။

فَالْعَاصِفَاتِ عَصْفًا(2)

 တစ်ဖန် (ငါအရှင်မြတ်သည်) ပြင်းထန်စွာ တိုက်ခတ်သောလေများကို သက်သေထူတော်မူ၏။

وَالنَّاشِرَاتِ نَشْرًا(3)

 ထို့ပြင် (ငါအရှင်မြတ်သည်) တိမ်များကို ပြန့်နှံ့စေသောလေများကို သက်သေထူတော်မူ၏။

فَالْفَارِقَاتِ فَرْقًا(4)

 တစ်ဖန် (ငါအရှင်မြတ်သည် ယင်းတိမ်များကို)ကစဉ့်ကလျားဖြစ်စေသော လေများကို သက်သေထူတော်မူ၏။

فَالْمُلْقِيَاتِ ذِكْرًا(5)

 တစ်ဖန် (ငါအရှင်မြတ်သည် စိတ်နှလုံးများတွင် အလ္လာဟ်အရှင်မြတ်အား) အောက်မေ့တသ သတိရမှု ထည့်သွင်းပေးသောလေများကို သက်သေထူတော်မူ၏။

عُذْرًا أَوْ نُذْرًا(6)

 ဝန်ချ တောင်းပန်ရန်သော်လည်းကောင်း၊ သတိပေးနှိုးဆော်ရန်သော်လည်းကောင်း၊ (တစ်နည်း) အကြောင်းပြချက် မပြုနိုင်ရန်သော်လည်းကောင်း၊ သတိပေး နှိုးဆော်ရန်သော်လည်းကောင်း။

إِنَّمَا تُوعَدُونَ لَوَاقِعٌ(7)

 ဧကန်မလွဲ အသင်တို့ ချိန်းဆိုခြင်းခံကြရသော ချိန်းဆိုချက်မှာ အမှန်ပင် ဆိုက်လာမည်ဖြစ်၏။

فَإِذَا النُّجُومُ طُمِسَتْ(8)

 စင်စစ်သော်ကား အကြင်ခါဝယ် ကြယ်နက္ခတ်တို့သည် ကွယ်ပျောက်၍ သွားကြရပေမည်။ (တစ်နည်း) ကြယ်နက္ခတ်တို့၏အလင်းရောင်မှာ မှေးမှိန်၍ သွားရပေမည်။

وَإِذَا السَّمَاءُ فُرِجَتْ(9)

 ၎င်း ပြင် အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ သွားရပေမည်။

وَإِذَا الْجِبَالُ نُسِفَتْ(10)

 ထို့ပြင် အကြင်အခါဝယ် တောင်များသည် အမြစ်မှလှန်ပစ်ခြင်းကို ခံခဲ့ကြရ(ပြီးလျှင် အစိတ်စိတ် အပိုင်းပိုင်းဖြစ်ကာ လေထဲ၌ လွင့်ပါးလျက်ရှိကြရ)ပေမည်။

وَإِذَا الرُّسُلُ أُقِّتَتْ(11)

 ထိုမှတစ်ပါး အကြင်အခါဝယ် (ရစူလ်)တမန်တော်များသည် (သတ်မှတ်ထားသော)အချိန်၌ လာရောက်စုရုံးကြရပေမည်။

لِأَيِّ يَوْمٍ أُجِّلَتْ(12)

 ယင်း (အရေးကိစ္စတို့သည်) မည်သည့်နေ့ရက်သို့ ရွှေ့ဆိုင်းခြင်း ခံခဲ့ရသနည်း။

لِيَوْمِ الْفَصْلِ(13)

 စီရင်ဆုံးဖြတ်မည့် နေ့သို့ (ရွှေ့ဆိုင်းခြင်းခံခဲ့ရလေ၏။)

وَمَا أَدْرَاكَ مَا يَوْمُ الْفَصْلِ(14)

 စင်စစ်သော်ကား (အို-နဗီတမန်တော်)၊ စီရင်ဆုံးဖြတ်မည့်နေ့သည် အဘယ်နည်းဟူ၍ အသင်သိပါသလော။

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ(15)

 ထိုနေ့တွင်မူကား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်) ပျက်စီးမှုသည် ရှိချေအံ့သတည်း။

أَلَمْ نُهْلِكِ الْأَوَّلِينَ(16)

 ငါအရှင်မြတ်သည် ရှေးသူဟောင်းတို့အား ပျက်စီးစေတော်မူခဲ့သည် မဟုတ်လော။

ثُمَّ نُتْبِعُهُمُ الْآخِرِينَ(17)

 ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့အားလည်း ထိုရှေးသူဟောင်းတို့၏ နောက်သို့ပင် လိုက်စေတော်မူမည်ဖြစ်၏။

كَذَٰلِكَ نَفْعَلُ بِالْمُجْرِمِينَ(18)

 ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား ဤအတိုင်း ပြုလုပ်တော်မူလေ့ရှိ၏။

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ(19)

 ထို့နေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်)ပျက်စီးမှုသည် ရှိပေမည်။

أَلَمْ نَخْلُقكُّم مِّن مَّاءٍ مَّهِينٍ(20)

 ငါအရှင်မြတ်သည် အသင်တို့အား ယုတ်ညံ့သောရေဖြင့် ဖန်ဆင်းတော်မူခဲ့သည် မဟုတ်လော။

فَجَعَلْنَاهُ فِي قَرَارٍ مَّكِينٍ(21)

 တစ်ဖန် ငါအရှင်မြတ်သည် ထိုရေကို လုံခြုံသောနေရာ၌ ထားရှိတော်မူခဲ့၏။

إِلَىٰ قَدَرٍ مَّعْلُومٍ(22)

 သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင်။

فَقَدَرْنَا فَنِعْمَ الْقَادِرُونَ(23)

 တစ်ဖန် ငါအရှင်မြတ်သည် စနစ်တကျ စီမံပြုပြင် ချိန်ဆခန့်မှန်းတော်မူခဲ့ရာ စင်စစ် (ငါအရှင်မြတ်သည်)အဘယ်မျှ ကောင်းမြတ်သော စီမံပြုပြင် ချိန်ဆ ခန့်မှန်းတော်မူသောအရှင်၊ ဖြစ်တော်မူပါ သနည်း။

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ(24)

 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်) ပျက်စီးမှုသည် ရှိပေမည်။

أَلَمْ نَجْعَلِ الْأَرْضَ كِفَاتًا(25)

 ငါအရှင်မြတ်သည် ပထဝီမြေကို စုရုံးပေါင်းစပ်ရာနေရာဌာန၊ စုရုံးပေါင်းစပ်သောအရာ၊ ပြုလုပ်တော်မူခဲ့သည်မဟုတ်လော။

أَحْيَاءً وَأَمْوَاتًا(26)

 အသက်ရှင်သူတို့အားလည်းကောင်း၊ သူသေတို့အားလည်းကောင်း။

وَجَعَلْنَا فِيهَا رَوَاسِيَ شَامِخَاتٍ وَأَسْقَيْنَاكُم مَّاءً فُرَاتًا(27)

 ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းပထဝီမြေဝယ် မြင့်စွင့်လှစွာသော တောင်များကို (နေရာတကျ) စိုက်ထူတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့အား ချိုမြသောရေကို တိုက်ကျွေးတော်မူသည်။

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ(28)

 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာ)သော ပျက်စီးမှုသည် ရှိချေမည်သာတည်း။

انطَلِقُوا إِلَىٰ مَا كُنتُم بِهِ تُكَذِّبُونَ(29)

 အသင်တို့သည် မဟုတ်မမှန်ဟူ၍ မိမိတို့ စွပ်စွဲငြင်းပယ်လျက် ရှိခဲ့ကြသော (ပြစ်ဒဏ်)ရှိရာသို့ လျှောက်၍ သွားကြလေကုန်။

انطَلِقُوا إِلَىٰ ظِلٍّ ذِي ثَلَاثِ شُعَبٍ(30)

 အသင်တို့သည် အကိုင်းသုံးကိုင်း ခွဲထွက်သော အရိပ်ဆာယာ(အောက်)သို့ လျှောက်သွားကြလေကုန်၏။

لَّا ظَلِيلٍ وَلَا يُغْنِي مِنَ اللَّهَبِ(31)

 (ယင်းအရိပ်တွင်) သက်သာမှုလည်း ရှိမည်မဟုတ်ပေ။ မီးတောက်မီးလျှံ(၏အရှိန်မှ) ကာကွယ်မည်လည်း မဟုတ်ပေ။

إِنَّهَا تَرْمِي بِشَرَرٍ كَالْقَصْرِ(32)

 ဧကန်အမှန် ယင်းမီးသည် အဆောက်အအုံကြီးများ ပမာရှိသော မီးပွင့်မီးပွားများကို ပေါက်ထွက်စေမည်။

كَأَنَّهُ جِمَالَتٌ صُفْرٌ(33)

 ယင်းမီးပွင့်မီးပွားများမှာ အဝါရောင်ရှိသော ကုလားအုပ်များကဲ့သို့ ရှိကြပေမည်။

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ(34)

 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။

هَٰذَا يَوْمُ لَا يَنطِقُونَ(35)

 ဤနေ့သည် ၎င်းတို့ စကားပြောဆိုခြင်း မပြုနိုင်သောနေ့ပင်။

وَلَا يُؤْذَنُ لَهُمْ فَيَعْتَذِرُونَ(36)

 ၎င်းတို့သည် အကြောင်းပြ ဆင်ခြေလဲနိုင်ကြရန် ခွင့်ပြုခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ(37)

 ထိုနေ့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေမည်။

هَٰذَا يَوْمُ الْفَصْلِ ۖ جَمَعْنَاكُمْ وَالْأَوَّلِينَ(38)

 ဤသည် စီရင်ဆုံးဖြတ်မည့်နေ့ပင်။ ငါအရှင်မြတ်သည် အသင်တို့အားလည်းကောင်း၊ ရှေးသူဟောင်းတို့အားလည်းကောင်း၊ စုရုံးတော်မူလိုက်ပြီ။

فَإِن كَانَ لَكُمْ كَيْدٌ فَكِيدُونِ(39)

 သို့ဖြစ်ပေရာ အကယ်၍ အသင်တို့၌ အကြံအစည် တစ်စုံတစ်ရာရှိခဲ့မူ ငါအရှင်မြတ်နှင့် ယှဉ်ပြိုင်၍ ကြံစည်ကြလေကုန်။

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ(40)

 ထို့နေ့တွင်မူကား မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေအံ့သတည်း။

إِنَّ الْمُتَّقِينَ فِي ظِلَالٍ وَعُيُونٍ(41)

 ဧကန်မလွဲ "မွတ္တကီ" သူတော်စင်တို့သည် အရိပ်အာဝါသများ၌လည်းကောင်း၊ စမ်းများ၌လည်းကောင်း။

وَفَوَاكِهَ مِمَّا يَشْتَهُونَ(42)

 ထိုသူတို့ အာသာဆန္ဒရှိကြလေသော သစ်သီးဝလံများ၌လည်းကောင်း၊ ရှိနေကြပေမည်။

كُلُوا وَاشْرَبُوا هَنِيئًا بِمَا كُنتُمْ تَعْمَلُونَ(43)

 (၎င်း တို့သည် ဤသို့ပြောဆိုခြင်းကို ခံကြရပေမည်။) အသင်တို့သည် မိမိတို့ ကျင့်မူခဲ့ကြလေသော (ကောင်းမှု သုစရိုက်များကြောင့်) မြိန်ယှက်စွာ စားသုံးခြင်းကိုလည်းကောင်း၊ သောက်သုံးခြင်းကိုလည်းကောင်း၊ ပြုကြလေကုန်။

إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ(44)

 ဧကန်မလွဲ ငါအရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ဤအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ(45)

 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။

كُلُوا وَتَمَتَّعُوا قَلِيلًا إِنَّكُم مُّجْرِمُونَ(46)

 အသင်တို့သည် (ဤပစ္စက္ခဘဝ၌) အနည်းငယ်မျှ (ကာလတိုင်အောင်) စားသုံးခြင်းကိုလည်းကောင်း၊ အကျိုးခံစားခြင်းကိုလည်းကောင်း၊ ပြုကြ လေကုန်။ ဧကန်မလွဲ အသင်တို့သည် အပြစ်ရှိသူများပင် ဖြစ်ကြကုန်၏။

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ(47)

 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။

وَإِذَا قِيلَ لَهُمُ ارْكَعُوا لَا يَرْكَعُونَ(48)

 စင်စစ်သော်ကား ၎င်းတို့အား အသင်တို့သည် `ရူကူအ်` ဦးညွှတ်ကြလေကုန်၊ ဟု အမိန့်ပေးတော်မူသောအခါ ၎င်းတို့သည် "ရူကူအ်" ဦးညွှတ် ခြင်းကို ပြုကြသည် မဟုတ်ပေ။

وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ(49)

 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေမည်။

فَبِأَيِّ حَدِيثٍ بَعْدَهُ يُؤْمِنُونَ(50)

 စင်စစ် ၎င်းတို့သည် (ကုရ်အာန်ကျမ်းတော်မြတ်)အပြင် (တစ်နည်း) (ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်ခဲ့ပြီး)နောက် မည်သည့်စကားကို သက်ဝင် ယုံကြည်ကြကုန်အံ့နည်း။


Больше сур в бирманский:


Аль-Бакара Аль-'Имран Ан-Ниса'
Аль-Маида Юсуф Ибрахим
Аль-Хиджр Аль-Кахф Марьям
Аль-Хадж Аль-Касас Аль-'Анкабут
Ас-Саджда Я-Син Ад-Духан
Аль-Фатх Аль-Худжурат Каф
Ан-Наджм Ар-Рахман Аль-Ваки'а
Аль-Хашр Аль-Мульк Аль-Хакка
Аль-Иншикак Аль-А'ла Аль-Гашия

Скачать суру Al-Mursalat с голосом самых известных рекитаторов Корана:

Сура Al-Mursalat mp3: выберите рекитатора, чтобы прослушать и скачать главу Al-Mursalat полностью в высоком качестве
surah Al-Mursalat Ahmed El Agamy
Ahmed Al Ajmy
surah Al-Mursalat Bandar Balila
Bandar Balila
surah Al-Mursalat Khalid Al Jalil
Khalid Al Jalil
surah Al-Mursalat Saad Al Ghamdi
Saad Al Ghamdi
surah Al-Mursalat Saud Al Shuraim
Saud Al Shuraim
surah Al-Mursalat Abdul Basit Abdul Samad
Abdul Basit
surah Al-Mursalat Abdul Rashid Sufi
Abdul Rashid Sufi
surah Al-Mursalat Abdullah Basfar
Abdullah Basfar
surah Al-Mursalat Abdullah Awwad Al Juhani
Abdullah Al Juhani
surah Al-Mursalat Fares Abbad
Fares Abbad
surah Al-Mursalat Maher Al Muaiqly
Maher Al Muaiqly
surah Al-Mursalat Muhammad Siddiq Al Minshawi
Al Minshawi
surah Al-Mursalat Al Hosary
Al Hosary
surah Al-Mursalat Al-afasi
Mishari Al-afasi
surah Al-Mursalat Yasser Al Dosari
Yasser Al Dosari


Monday, May 13, 2024

Помолитесь за нас хорошей молитвой