سورة الانفطار بالبورمية

  1. استمع للسورة
  2. سور أخرى
  3. ترجمة السورة
القرآن الكريم | ترجمة معاني القرآن | اللغة البورمية | سورة الانفطار | Infitar - عدد آياتها 19 - رقم السورة في المصحف: 82 - معنى السورة بالإنجليزية: The Cleaving Asunder.

إِذَا السَّمَاءُ انفَطَرَتْ(1)

 မိုးကောင်းကင်သည် အက်ကွဲသောအခါ။

وَإِذَا الْكَوَاكِبُ انتَثَرَتْ(2)

 ၎င်းပြင် ကြယ်တာရာများသည် ကြွေကျကြသောအခါ။

وَإِذَا الْبِحَارُ فُجِّرَتْ(3)

 ထို့ပြင် ပင်လယ်သမုဒ္ဒရာများသည် ဆူပွက်စီးထွက်(စေခြင်းကို ခံကြရ)သောအခါ။

وَإِذَا الْقُبُورُ بُعْثِرَتْ(4)

 ထိုမှတစ်ပါး သင်္ချိုင်းများသည် အထက်အောက်မှောက်လှန် ဖရိုဖရဲဖြစ်စေခြင်းကို ခံကြရသောအခါ။

عَلِمَتْ نَفْسٌ مَّا قَدَّمَتْ وَأَخَّرَتْ(5)

 ဇီဝိန် အသီးသီးတို့သည် မိမိတို့ ကြိုတင်ပို့နှင့်ခဲ့ကြသည် များကိုလည်းကောင်း၊ မိမိတို့သည် နောက်တွင် ချန်ခဲ့ကြသည်များကိုလည်းကောင်း၊ သိသွားခဲ့ ကြပေမည်။

يَا أَيُّهَا الْإِنسَانُ مَا غَرَّكَ بِرَبِّكَ الْكَرِيمِ(6)

 အို-လူသား၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော ကျေးဇူးတော်ရှင်နှင့် ပတ်သက်၍ မည်သည့်အရာသည် အသင့်အား လှည့်ဖြားခဲ့သနည်း။

الَّذِي خَلَقَكَ فَسَوَّاكَ فَعَدَلَكَ(7)

 အကြင်အရှင်မြတ်သည် အသင်(လူသား)အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် အသင်၏(ဤအဆစ်အပိုင်းများ)ကို နေထားတကျဖြစ်အောင်လည်း ပြုပြင်တော်မူခဲ့၏။တဖန် အသင့်အား အချိုးအစား ကျအောင်လည်း စီမံတော်မူခဲ့၏။

فِي أَيِّ صُورَةٍ مَّا شَاءَ رَكَّبَكَ(8)

 မိမိအလိုရှိတော်မူသော ပုံသဏ္ဍာန်၌ အသင့်အား စီစဉ်ပြုလုပ် (ဖန်ဆင်း)တော်မူခဲ့၏။

كَلَّا بَلْ تُكَذِّبُونَ بِالدِّينِ(9)

 (မည်သည့်အကြောင်းမျှ) အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အသင်တို့သည် အစားပေးခြင်းကိုပင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။

وَإِنَّ عَلَيْكُمْ لَحَافِظِينَ(10)

 စင်စစ်သော်ကား အသင်တို့အပေါ်၌ ကိုယ်စောင့်များသည် ဧကန်မလွဲ ရှိကြကုန်၏။

كِرَامًا كَاتِبِينَ(11)

 (ငါအရှင်မြတ်အထံတော်၌) မြင့်မြတ်သူများ၊(အသင်တို့၏ ပြောဆိုပြုမူချက်တို့ကို) ရေးမှတ်သူများ။

يَعْلَمُونَ مَا تَفْعَلُونَ(12)

 ၎င်းတို့သည် အသင်တို့ ပြုလုပ်သမျှတို့ကို သိရှိကြကုန်သတည်း။

إِنَّ الْأَبْرَارَ لَفِي نَعِيمٍ(13)

 ဧကန်မလွဲ သူတော်ကောင်းတို့သည် ထာဝရသုခ၌ ရှိကြပေမည်။

وَإِنَّ الْفُجَّارَ لَفِي جَحِيمٍ(14)

 သို့ရာတွင် ဆိုးသွမ်းသူတို့မူကား ဧကန်မလွဲ `ဂျဟန္နမ်` ငရဲ၌ပင် ရှိကြပေမည်။

يَصْلَوْنَهَا يَوْمَ الدِّينِ(15)

 ၎င်းတို့သည် ထို `ဂျဟန္နမ်` ငရဲသို့ အစားပေးမည့်နေ့တွင် ဝင်ကြရပေမည်။

وَمَا هُمْ عَنْهَا بِغَائِبِينَ(16)

 ထို့ပြင် ၎င်းတို့သည် ယင်းငရဲမှ ခွဲခွာမည့်သူများ၊(ထွက်ရမည့်သူများ) မဟုတ်ကြချေ။

وَمَا أَدْرَاكَ مَا يَوْمُ الدِّينِ(17)

 စင်စစ် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ပါနည်းဟု အသင်သိပါသလော။

ثُمَّ مَا أَدْرَاكَ مَا يَوْمُ الدِّينِ(18)

 တစ်ဖန် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ဖြစ်သည်ကို အသင်သိပါသလော။

يَوْمَ لَا تَمْلِكُ نَفْسٌ لِّنَفْسٍ شَيْئًا ۖ وَالْأَمْرُ يَوْمَئِذٍ لِّلَّهِ(19)

 (ထိုနေ့သည်ကား) မည်သူမျှပင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လုံးဝ အကျိုးပြုပိုင်ခွင့် မရှိသောနေ့ပင်။ထိုနေ့တွင်ကား အမိန့်အာဏာ အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာ ရှိကုန်အံ့သတည်း။


المزيد من السور باللغة البورمية:

سورة البقرة آل عمران سورة النساء
سورة المائدة سورة يوسف سورة ابراهيم
سورة الحجر سورة الكهف سورة مريم
سورة السجدة سورة يس سورة الدخان
سورة النجم سورة الرحمن سورة الواقعة
سورة الحشر سورة الملك سورة الحاقة

تحميل سورة الانفطار بصوت أشهر القراء :

قم باختيار القارئ للاستماع و تحميل سورة الانفطار كاملة بجودة عالية
سورة الانفطار أحمد العجمي
أحمد العجمي
سورة الانفطار خالد الجليل
خالد الجليل
سورة الانفطار سعد الغامدي
سعد الغامدي
سورة الانفطار سعود الشريم
سعود الشريم
سورة الانفطار عبد الباسط عبد الصمد
عبد الباسط
سورة الانفطار عبد الله عواد الجهني
عبد الله الجهني
سورة الانفطار علي الحذيفي
علي الحذيفي
سورة الانفطار فارس عباد
فارس عباد
سورة الانفطار ماهر المعيقلي
ماهر المعيقلي
سورة الانفطار محمد جبريل
محمد جبريل
سورة الانفطار محمد صديق المنشاوي
المنشاوي
سورة الانفطار الحصري
الحصري
سورة الانفطار العفاسي
مشاري العفاسي
سورة الانفطار ناصر القطامي
ناصر القطامي
سورة الانفطار ياسر الدوسري
ياسر الدوسري



Wednesday, July 17, 2024

لا تنسنا من دعوة صالحة بظهر الغيب