Перевод суры Аз-Зарият на бирманский язык

  1. Сура mp3
  2. Другие суры
  3. бирманский
Священный Коран | Перевод Корана | Язык бирманский | Сура Аз-Зарият | الذاريات - получите точный и надежный бирманский текст сейчас - Количество аятов: 60 - Номер суры в мушафе: 51 - Значение названия суры на русском языке: The Wind That Scatter.

وَالذَّارِيَاتِ ذَرْوًا(1)

 (ငါအရှင်မြတ်သည်) လွင့်ပါးစေခြင်းအားဖြင့် ကစဉ့်ကလျား ဖြစ်စေသောလေများကို သက်သေထူတော်မူ၏။

فَالْحَامِلَاتِ وِقْرًا(2)

 တစ်ဖန် ဝန်ကိုတင်ဆောင်ကြကုန်သောလေများ၊ တိမ်များကို သက်သေထူတော်မူ၏။

فَالْجَارِيَاتِ يُسْرًا(3)

 တစ်ဖန် ညင်သာစွာတိုက်ခတ်ကြသော သွားလာလှုပ်ရှားကြသော လေ၊ လှေများကို သက်သေထူတော်မူ၏။

فَالْمُقَسِّمَاتِ أَمْرًا(4)

 တစ်ဖန် အမိန့်တော်အရ ခွဲဝေပေးသော လေများကို၊ အရာဝတ္ထုများကို ခွဲဝေပေးသော ‘မလာအိကဟ်’ကောင်းကင်တမန်များကို သက်သေထူတော်မူ၏။

إِنَّمَا تُوعَدُونَ لَصَادِقٌ(5)

 ဧကန်မလွဲ အသင်တို့ ချိန်းဆိုခြင်းခံကြရလေသော ချိန်းဆိုချက်မှာ အမှန်ပင် မှန်ကန်သော ချိန်းဆိုချက်ဖြစ်၏။

وَإِنَّ الدِّينَ لَوَاقِعٌ(6)

 ၎င်းပြင် ဧကန်စင်စစ် အစားပေးမည့်နေ့မှာ အမှန်ပင် ဆိုက်ရောက်လာအံ့သော နေ့ဖြစ်၏။

وَالسَّمَاءِ ذَاتِ الْحُبُكِ(7)

 (ငါအရှင်မြတ်သည်) လမ်းကြောင်းများရှိသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။

إِنَّكُمْ لَفِي قَوْلٍ مُّخْتَلِفٍ(8)

 မလွဲဧကန် အသင်တို့သည် ကွဲပြားခြားနားသော ပြောဆိုမှုများ၌ ရှိနေကြကုန်၏။

يُؤْفَكُ عَنْهُ مَنْ أُفِكَ(9)

 ထို(‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့ကို ယုံကြည်ခြင်း)မှ သွေဖည်သူသည်(ကောင်မြတ်ခြင်းအားလုံးမှ) သွေဖည်သူသာဖြစ်သည်။

قُتِلَ الْخَرَّاصُونَ(10)

 (သာသနာ့ရေးရာများနှင့်စပ်လျဉ်း၍)ရမ်းဆပြောဆိုကြကုန်သော သူတို့သည် ပျက်စီးကြရပေမည်။

الَّذِينَ هُمْ فِي غَمْرَةٍ سَاهُونَ(11)

 အကြင်သူတို့သည် မသိမိုက်မဲမှု၌ မေ့လျော့လျက် ရှိနေကြကုန်၏။

يَسْأَلُونَ أَيَّانَ يَوْمُ الدِّينِ(12)

 ၎င်းတို့သည်(မထီမဲ့မြင်ပြုသောအားဖြင့်)အစားပေးမည့်နေ့သည် မည်သည့်အခါ၌ ဆိုက်ရောက် ပါမည်နည်းဟု မေးမြန်းကြကုန်၏။

يَوْمَ هُمْ عَلَى النَّارِ يُفْتَنُونَ(13)

 အကြင်နေ့တွင် ၎င်းတို့သည် မီးထဲ၌ ချခြင်းကို ခံကြရပေမည်။

ذُوقُوا فِتْنَتَكُمْ هَٰذَا الَّذِي كُنتُم بِهِ تَسْتَعْجِلُونَ(14)

 (ထိုနေ့တွင် ၎င်းတို့မှာ)အသင်တို့သည် မိမိတို့၏ ပြစ်�ဏ်၏ရသာကို မြည်းစမ်းကြလေကုန်။ ဤသည်ပင်လျှင် အသင်တို့ အလျင်စလို တောင်းဆိုခဲ့ကြသောနေ့ ဖြစ်သည်။ (ဟုပြောဆိုခြင်းကို ခံကြရကုန် အံ့သတည်း။)

إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَعُيُونٍ(15)

 ဧကန်မလွဲ ‘မွတ္တကီ’ သူတော်စင်တို့မှာ ဥယျာဉ်များနှင့် စမ်းချောင်းများ၌ ရှိနေကြပေမည်။

آخِذِينَ مَا آتَاهُمْ رَبُّهُمْ ۚ إِنَّهُمْ كَانُوا قَبْلَ ذَٰلِكَ مُحْسِنِينَ(16)

 (၎င်းတို့သည်) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မိမိတို့အား ချီးမြှင့် ပေးသနားတော်မူသည်တို့ကို ယူငင်လျက် ရှိကြပေမည်။ စင်စစ်ဧကန် ၎င်းတို့မှာ ထိုသည့်အလျင် ကောင်းမှုပြုသူများပင် ဖြစ်ခဲ့ကြကုန်၏။

كَانُوا قَلِيلًا مِّنَ اللَّيْلِ مَا يَهْجَعُونَ(17)

 ၎င်းတို့သည် ညဉ့်တွင် အနည်းငယ်မျှသောအချိန်၌သာ အိပ်စက်လေ့ ရှိခဲ့ကြကုန်၏။

وَبِالْأَسْحَارِ هُمْ يَسْتَغْفِرُونَ(18)

 ထို့ပြင် ၎င်းတို့သည် ညဉ့်၏နောက်ဆုံးယံများတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြား အသနားခံလေ့ရှိခဲ့ကြကုန်၏။

وَفِي أَمْوَالِهِمْ حَقٌّ لِّلسَّائِلِ وَالْمَحْرُومِ(19)

 ထိုမှတစ်ပါး ထိုသူတို့၏ ပစ္စည်းဥစ္စာများတွင် တောင်းရမ်းသော သူဆင်းရဲအဖို့လည်းကောင်း၊ (သိက္ခာစောင့်စည်းသောအားဖြင့်) တောင်းရမ်းခြင်းမပြုသော သူဆင်းရဲအဖို့လည်းကောင်း၊ ဝေစုဝေပုံ (အခွင့်အရေး) ရှိခဲ့၏။

وَفِي الْأَرْضِ آيَاتٌ لِّلْمُوقِنِينَ(20)

 စင်စစ်သော်ကား ယုံကြည်လိုသော သူတို့အဖို့ပထဝီမြေ၌ များစွာသောသက်သေ လက္ခဏာများ ရှိကုန်၏။

وَفِي أَنفُسِكُمْ ۚ أَفَلَا تُبْصِرُونَ(21)

 ထိုနည်းတူစွာ အသင်တို့ကိုယ်များတွင်လည်း(သက်သေလက္ခဏာများ) ရှိကုန်၏။ သို့ပါလျက် အသင်တို့သည် မမြင်ကြလေသလော။

وَفِي السَّمَاءِ رِزْقُكُمْ وَمَا تُوعَدُونَ(22)

 ထို့ပြင် မိုးကောင်းကင်၌ အသင်တို့၏ စားနပ်ရိက္ခာသည်လည်းကောင်း၊ အသင်တို့ ကတိပေးခြင်းခံကြရလေသော အရာသည်လည်းကောင်း၊ ရှိပေသည်။

فَوَرَبِّ السَّمَاءِ وَالْأَرْضِ إِنَّهُ لَحَقٌّ مِّثْلَ مَا أَنَّكُمْ تَنطِقُونَ(23)

 သို့ဖြစ်ပေရာ မိုးကောင်းကင်ကိုလည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ‘ကစမ်’၊ ယင်း(‘ကိယာမတ်’ဖြစ်ခြင်း၊ စားနပ်ရိက္ခာရရှိခြင်း၊ တမလွန်ဘဝ ဆိုက်ရောက်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကတိတော်အတိုင်း စံစား၊ ခံစားရခြင်းတို့)သည် အသင်တို့ စကားပြောဆိုကြဘိသကဲ့သို့ပင် မှန်ကန်လှပေသတည်း။

هَلْ أَتَاكَ حَدِيثُ ضَيْفِ إِبْرَاهِيمَ الْمُكْرَمِينَ(24)

 (အို-နဗီတမန်တော်၊)အသင့်ထံသို့(နဗီတမန်တော်)အိဗ်ရာဟီမ်၏ ဂုဏ်သရေရှိ ဧည့်သည်တော်များ၏ အကြောင်းရောက်ရှိခဲ့လေသလော။

إِذْ دَخَلُوا عَلَيْهِ فَقَالُوا سَلَامًا ۖ قَالَ سَلَامٌ قَوْمٌ مُّنكَرُونَ(25)

 အကြင်အခါဝယ် ထိုဧည့်သည်တော်တို့သည် ထိုအိဗ်ရာဟီမ်၏ထံသို့ ဝင်ရောက်ခဲ့၍ ‘စလာမ်’ (ငြိမ်းချမ်းစွာရှိပါစေသား)ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ ထိုအိဗ်ရာဟီမ်ကလည်း ‘စလာမ်’ဟူ၍ ပြန်ကြားခဲ့၏။ (တစ်ဖန် မိမိစိတ်ထဲတွင်ဤသူတို့မှာ ငါ)မသိသော သူစိမ်းများပင် ဖြစ်ကြသည်(ဟုမှတ်ချက်ချခဲ့လေ၏၊)

فَرَاغَ إِلَىٰ أَهْلِهِ فَجَاءَ بِعِجْلٍ سَمِينٍ(26)

 တစ်ဖန် ထိုအိဗ်ရာဟီမ်သည် မိမိအိမ်(ထဲ)သို့ဝင်ပြီးလျှင်(ကင်ထားသော)ဝဖြိုးသည့် နွားကလေးတစ်ကောင်ကို ယူလာခဲ့လေ၏။

فَقَرَّبَهُ إِلَيْهِمْ قَالَ أَلَا تَأْكُلُونَ(27)

 ပြီးနောက် (ကင်ထားသော) ထိုနွားကလေးကို ထိုဧည့်သည်တို့အပါး၌ နေရာတကျ တည်ခင်း(ဧည့်ခံ)ခဲ့လေ၏။ (ထို့နောက် ဧည့်သည်တို့အား) အသင်တို့သည် အဘယ်ကြောင့် မစားကြပါသနည်းဟု မေးမြန်းခဲ့၏။

فَأَوْجَسَ مِنْهُمْ خِيفَةً ۖ قَالُوا لَا تَخَفْ ۖ وَبَشَّرُوهُ بِغُلَامٍ عَلِيمٍ(28)

 ထို့နောက် (၎င်းတို့စားသုံးခြင်း မပြုကြသောကြောင့်) ထိုအိဗ်ရာဟီမ်သည် မိမိစိတ်ထဲတွင် ၎င်းတို့ ဘက်မှစိုးရိမ်လာခဲ့လေ၏။ (ထိုအခါ) ၎င်းတို့က အသင်သည် မစိုးရိမ်ပါလေနှင့်ဟု ပြောဆိုကြ၏။ ထို့ပြင် ၎င်းတို့သည် ထိုအိဗ်ရာဟီမ်အား အလွန်တရာ အသိပညာနှင့်ပြည့်စုံသော သားရတနာတစ်ပါးနှင့် ပတ်သက်၍ သတင်းကောင်း ပြောကြားခဲ့ကြ၏။

فَأَقْبَلَتِ امْرَأَتُهُ فِي صَرَّةٍ فَصَكَّتْ وَجْهَهَا وَقَالَتْ عَجُوزٌ عَقِيمٌ(29)

 ထိုရောကာလ ထိုအိဗ်ရာဟီမ်၏ ဇနီးကြင်ရာသည် အသံကျယ်စွာ ပြောဆိုညည်းညူလျက် ရှေ့သို့ရောက်ရှိ၍လာပြီးလျှင် မိမိနဖူးကို လက်ဝါးဖြင့်ရိုက်ကာ အသက်အရွယ် ကြီးရင့်အိုမင်းလျက်ရှိသော မြုံ၍နေသော မိန်းမတစ်ဦးသည်(သားဖွားဦးမည်လော)ဟု ပြောဆိုခဲ့လေ၏။

قَالُوا كَذَٰلِكِ قَالَ رَبُّكِ ۖ إِنَّهُ هُوَ الْحَكِيمُ الْعَلِيمُ(30)

 ထို့အခါ ထိုဧည့်သည်တော်တို့က အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဤအတိုင်းပင် မိန့်ကြားတော်မူခဲ့သည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် နက်နဲသိမ်မွေ့သော အသိပညာနှင့် ပြည့်စုံတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို)အကြွင်းမဲ့သိရှိတော်မူသော အရှင်ဖြစ်တော်မူသည် ဟူ၍ ပြန်ကြားခဲ့ကြကုန်သတည်း။

۞ قَالَ فَمَا خَطْبُكُمْ أَيُّهَا الْمُرْسَلُونَ(31)

 (ထိုအခါ) ထိုအီဗ်ရာဟီမ်က သို့ဖြစ်လျှင် အသင်တို့၌ မည်သည့် အရေးကိစ္စ ရှိသနည်းဟု မေးမြန်းခဲ့လေ၏။

قَالُوا إِنَّا أُرْسِلْنَا إِلَىٰ قَوْمٍ مُّجْرِمِينَ(32)

 ၎င်းတို့က ပြောကြားခဲ့ကြလေသည်။ ဧကန်အမှန် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ကြကုန်သော အမျိုးသားတို့ထံ စေလွှတ်ခြင်း ခံခဲ့ကြရကုန်၏။

لِنُرْسِلَ عَلَيْهِمْ حِجَارَةً مِّن طِينٍ(33)

 ကျွန်ုပ်တို့သည် ၎င်းတို့အပေါ်၌ ရွှံ့စေးဖြင့် ပြီးသော (ကျောက်)ခဲများကို ရွာသွန်းချစေရန် (စေလွှတ်ခြင်းခံခဲ့ကြရလေသည်)။

مُّسَوَّمَةً عِندَ رَبِّكَ لِلْمُسْرِفِينَ(34)

 (ယင်းကျောက်ခဲများမှာ) တရားစည်းကမ်း ကျူးလွန်သူတို့အဖို့ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ မှတ်သားပြီးဖြစ်၏။

فَأَخْرَجْنَا مَن كَانَ فِيهَا مِنَ الْمُؤْمِنِينَ(35)

 ထိုအခါ ငါအရှင်မြတ်သည် ယင်းမြို့ရွာ၌ ရှိကုန်သော ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား ထုတ်ယူ လွတ်မြောက်စေတော်မူခဲ့၏။

فَمَا وَجَدْنَا فِيهَا غَيْرَ بَيْتٍ مِّنَ الْمُسْلِمِينَ(36)

 သို့ရာတွင် ငါအရှင်မြတ်သည် ထိုမြို့ရွာ၌ မွတ်စ်လင်မ် အိမ်တစ်အိမ်သာလျှင် တွေ့ရှိတော်မူခဲ့၏။

وَتَرَكْنَا فِيهَا آيَةً لِّلَّذِينَ يَخَافُونَ الْعَذَابَ الْأَلِيمَ(37)

 ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမြို့ရွာတွင် နာကျင်�ွယ်ဖြစ်သောပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ် သောသူတို့အကျိုးငှာ သက်သေလက္ခဏာတစ်ပါးကို ကျန်ရစ်စေတော်မူခဲ့ပေသတည်း။

وَفِي مُوسَىٰ إِذْ أَرْسَلْنَاهُ إِلَىٰ فِرْعَوْنَ بِسُلْطَانٍ مُّبِينٍ(38)

 ၎င်းပြင် မူစာ(၏အကြောင်း အတ္ထုပ္ပတ္တိ)တွင်လည်း (သက်သေလက္ခဏာ)ရှိ၏။ အကြင်အခါဝယ် ငါအရှင်မြတ်သည် ထိုမူစာအား ‘ဖစ်ရ်အောင်န်’၏ထံ သို့ ထင်ရှားစွာသော သက်သေသာဓကနှင့်တကွ စေလွှတ်တော်မူခဲ့၏။

فَتَوَلَّىٰ بِرُكْنِهِ وَقَالَ سَاحِرٌ أَوْ مَجْنُونٌ(39)

 သို့ရာတွင် ‘ဖစ်ရ်အောင်န်’မှာ မိမိစွမ်းအင်ကိုအားကိုး၍ မျက်နှာလွှဲခဲ့၏။ (မိမိ၏အခြွေအရံ အသင်း အပင်းများနှင့်အတူ သွေဖည် ကျောခိုင်းသွားခဲ့၏။) ထို့ပြင် ၎င်းကတမန်တော်(မူစာအား) ပဉ္စလက်ဆရာ သို့မဟုတ် ရူးသွပ်သူဖြစ်သည်ဟူ၍ ပြောဆိုခဲ့လေ၏။

فَأَخَذْنَاهُ وَجُنُودَهُ فَنَبَذْنَاهُمْ فِي الْيَمِّ وَهُوَ مُلِيمٌ(40)

 သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို ‘ဖစ်ရ်အောင်န်’ အားလည်းကောင်း၊ ထို ‘ဖစ်ရ်အောင်န်’၏ စစ်သည်တို့အားလည်းကောင်း၊ ဖမ်းဆီး၍ သမုဒ္ဒရာ ပင်လယ်ထဲသို့ပစ်ချတော်မူခဲ့၏။ စင်စစ် ထိုဖစ်ရ်အောင်န် မှာ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချအပ်သောသူဖြစ်ခဲ့၏။

وَفِي عَادٍ إِذْ أَرْسَلْنَا عَلَيْهِمُ الرِّيحَ الْعَقِيمَ(41)

 ထို့ပြင် ‘အာဒ်’ အမျိုးသားတို့(၏အဖြစ်အပျက်)၌လည်း (သင်ခန်းစာ)ရှိပေသည်။ တစ်ရံရော အခါဝယ် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မင်္ဂလာကင်းမဲ့သော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။

مَا تَذَرُ مِن شَيْءٍ أَتَتْ عَلَيْهِ إِلَّا جَعَلَتْهُ كَالرَّمِيمِ(42)

 ယင်းလေပြင်းမုန်တိုင်းသည် မည်သည့် တစ်စုံတစ်ရာပေါ်၌မဆို သက်ရောက်ခဲ့သည်ရှိသော် ထိုအရာဝတ္ထုကို ဆွေးမြည့်ပြီး အပိုင်းပိုင်းအစစ ဖြစ်ဘိသကဲ့သို့ ပြုလုပ်ခဲ့သည်ချည်းသာ။

وَفِي ثَمُودَ إِذْ قِيلَ لَهُمْ تَمَتَّعُوا حَتَّىٰ حِينٍ(43)

 ထိုမှတစ်ပါး ‘ဆမူဒ်’ အမျိုးသားတို့(၏အဖြစ်အပျက်)၌လည်း (သင်ခန်းစာ)ရှိ၏။ အခါတစ်ပါး၌ ၎င်းတို့သည် ပြောကြားခြင်းကို ခံခဲ့ကြရလေ၏။ အသင်တို့သည် အနည်းငယ်မျှ ကာလတိုင်အောင် အကျိုးကျေးဇူး ခံစားကြလေကုန်၊

فَعَتَوْا عَنْ أَمْرِ رَبِّهِمْ فَأَخَذَتْهُمُ الصَّاعِقَةُ وَهُمْ يَنظُرُونَ(44)

 သို့ရာတွင် ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို ပုန်ကန်ခဲ့ကြပေရာ ပြစ်ဒဏ်သည် ၎င်းတို့အား ၎င်းတို့ ရှုမြင်ရှိနေကြစဉ်မှာပင် ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။

فَمَا اسْتَطَاعُوا مِن قِيَامٍ وَمَا كَانُوا مُنتَصِرِينَ(45)

 ထိုအခါ ၎င်းတို့မှာ မတ်တပ်ရပ်နေရန်ပင် မတတ်စွမ်းနိုင်ခဲ့ကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် လက်စားချေနိုင်ခဲ့ကြသည်လည်း မရှိချေ။

وَقَوْمَ نُوحٍ مِّن قَبْلُ ۖ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ(46)

 ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) (၎င်းတို့)အလျင် နူဟ်၏အမျိုးသားတို့အားလည်း (ဖျက်ဆီးတော်မူခဲ့၏)။ ဧကန်မလွဲ ၎င်းတို့မှာကား အမိန့်တော်ကို ဖောက်ဖျက်ကျူးလွန်သော အမျိုးသားတို့ပင် ဖြစ်ခဲ့ကြကုန်သတည်း။

وَالسَّمَاءَ بَنَيْنَاهَا بِأَيْدٍ وَإِنَّا لَمُوسِعُونَ(47)

 ၎င်းပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို တန်ခိုးတော်ဖြင့် ပြုလုပ်တော်မူခဲ့၏။ စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ကျယ်ဝန်းစွာသော တန်ခိုးတော်ရှင်ဖြစ်တော်မူ၏။

وَالْأَرْضَ فَرَشْنَاهَا فَنِعْمَ الْمَاهِدُونَ(48)

 ထိုနည်းတူစွာ ငါအရှင်မြတ်သည် ပထဝီမြေကို ခင်းကျင်းတော်မူခဲ့၏။ စင်စစ်မှာကား (ငါအရှင်မြတ်သည်)လွန်စွာကောင်းမြတ်သော ခင်းကျင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

وَمِن كُلِّ شَيْءٍ خَلَقْنَا زَوْجَيْنِ لَعَلَّكُمْ تَذَكَّرُونَ(49)

 ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ တရားရယူကြအံ့သောငှာ အရာဝတ္ထုတိုင်းကို နှစ်မျိုးနှစ်စား ဖန်ဆင်းတော်မူခဲ့၏။

فَفِرُّوا إِلَى اللَّهِ ۖ إِنِّي لَكُم مِّنْهُ نَذِيرٌ مُّبِينٌ(50)

 သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပြေးလွှားကြလေကုန်။ ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ထိုအရှင်မြတ်၏အထံတော်မှ ထင်ရှားစွာ သတိပေး�ှိုးဆော်သူဖြစ်၏။

وَلَا تَجْعَلُوا مَعَ اللَّهِ إِلَٰهًا آخَرَ ۖ إِنِّي لَكُم مِّنْهُ نَذِيرٌ مُّبِينٌ(51)

 ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာ ကိုးကွယ်ရာကို ဖက်စပ်သတ်မှတ်ခြင်း မပြုကြကုန်လင့်။ ဧကန်အမှန် ငါသည် အသင်တို့အဖို့ ထိုအရှင်မြတ်အထံတော်မှ ထင်ရှားစွာ သတိပေး နှိုးဆော်သူပင် ဖြစ်ပေသတည်း။

كَذَٰلِكَ مَا أَتَى الَّذِينَ مِن قَبْلِهِم مِّن رَّسُولٍ إِلَّا قَالُوا سَاحِرٌ أَوْ مَجْنُونٌ(52)

 ထိုနည်းတူစွာ ၎င်းတို့အလျင် ရှိခဲ့ကြသောသူတို့ထံသို့ ရစူလ်တမန်တော်တစ်ပါးပါး လာရောက်ခဲ့တိုင်း ထိုသူတို့သည် (ရစူလ်တမန်တော်)အား ပဉ္စလက်ဆရာဖြစ်သည် ဟူ၍သော်လည်းကောင်း၊ ရူးသွပ်သောသူဖြစ်သည် ဟူ၍သော်လည်းကောင်း၊ ပြောဆို ခဲ့ကြကုန်၏။

أَتَوَاصَوْا بِهِ ۚ بَلْ هُمْ قَوْمٌ طَاغُونَ(53)

 ၎င်းတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး ဤအတိုင်း ပြောဆိုကြရန် မှာကြားခဲ့ကြလေသလော။ ထိုသို့အလျှင်းမဟုတ်။ စင်စစ် ၎င်းတို့(အားလုံး)မှာကား ဆိုးသွမ်းသူတို့ပင် ဖြစ်ခဲ့ကြကုန်၏။

فَتَوَلَّ عَنْهُمْ فَمَا أَنتَ بِمَلُومٍ(54)

 သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား လျစ်လျူရှုနေပါလေ။ အကြောင်းသော်ကား အသင်သည် ပြစ်တင်ခြင်းခံရမည် မဟုတ်သောကြောင့်ပင်။

وَذَكِّرْ فَإِنَّ الذِّكْرَىٰ تَنفَعُ الْمُؤْمِنِينَ(55)

 ထိုမှတစ်ပါး အသင်သည် ဆုံးမဩဝါဒပေးလျက်ရှိပါလေ။ အဘယ်ကြောင့်ဆိုသော် ဆုံးမဩဝါဒသည်’မုအ်မင်န်’သက်ဝင် ယုံကြည်သူတို့အား အကျိုးရှိစေသောကြောင့်ပင်။

وَمَا خَلَقْتُ الْجِنَّ وَالْإِنسَ إِلَّا لِيَعْبُدُونِ(56)

 စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါတို့အားလည်းကောင်း၊ မနုဿ လူသားတို့အား လည်းကောင်း၊ ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ် ကြရန်သာလျှင် ဖန်ဆင်းတော်မူခဲ့၏။

مَا أُرِيدُ مِنْهُم مِّن رِّزْقٍ وَمَا أُرِيدُ أَن يُطْعِمُونِ(57)

 ငါအရှင်မြတ်သည် ၎င်းတို့ထံမှ စားနပ်ရိက္ခာကိုလည်း အလိုရှိတော်မူသည် မဟုတ်ပေ။ ငါအရှင်မြတ်အား ၎င်းတို့ ကျွေးမွေးကြရန်ကိုလည်း ငါအရှင်မြတ်သည် အလိုရှိတော်မူသည် မဟုတ်ပေ။

إِنَّ اللَّهَ هُوَ الرَّزَّاقُ ذُو الْقُوَّةِ الْمَتِينُ(58)

 ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်ပင် စားနပ်ရိက္ခာ ချီးမြှင့် ပေးသနားတော်မူသောအရှင်၊ စွမ်းအားကို ပိုင်ဆိုင်တော်မူသောအရှင်၊ ကြံ့ခိုင်တော် မူသောအရှင်၊ဖြစ်တော်မူ၏။

فَإِنَّ لِلَّذِينَ ظَلَمُوا ذَنُوبًا مِّثْلَ ذَنُوبِ أَصْحَابِهِمْ فَلَا يَسْتَعْجِلُونِ(59)

 သို့ဖြစ်ပေရာ မတရားမှုကို ကျူးလွန်ကြကုန်သောသူတို့၌ ၎င်းတို့နှင့် ဝါဒတူဖြစ်ခဲ့ကြသောသူတို့၌ ရှိခဲ့သောပြစ်ဒဏ်၏ ဝေစုဝေပုံကဲ့သို့ ၎င်းတို့၌လည်း ပြစ်ဒဏ်၏ ဝေစုဝေပုံရှိချေမည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်တွင် (ပြစ်ဒဏ်)ကို အဆောတလျင် တောင်းဆိုခြင်း မပြုကြရ။

فَوَيْلٌ لِّلَّذِينَ كَفَرُوا مِن يَوْمِهِمُ الَّذِي يُوعَدُونَ(60)

 အချုပ်မှာကား ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့၌ ၎င်းတို့ ချိန်းဆိုခြင်းခံကြရသောနေ့တွင် ပျက်စီးခြင်းသည် ရှိချေအံ့သတည်း။


Больше сур в бирманский:


Аль-Бакара Аль-'Имран Ан-Ниса'
Аль-Маида Юсуф Ибрахим
Аль-Хиджр Аль-Кахф Марьям
Аль-Хадж Аль-Касас Аль-'Анкабут
Ас-Саджда Я-Син Ад-Духан
Аль-Фатх Аль-Худжурат Каф
Ан-Наджм Ар-Рахман Аль-Ваки'а
Аль-Хашр Аль-Мульк Аль-Хакка
Аль-Иншикак Аль-А'ла Аль-Гашия

Скачать суру Adh-Dhariyat с голосом самых известных рекитаторов Корана:

Сура Adh-Dhariyat mp3: выберите рекитатора, чтобы прослушать и скачать главу Adh-Dhariyat полностью в высоком качестве
surah Adh-Dhariyat Ahmed El Agamy
Ahmed Al Ajmy
surah Adh-Dhariyat Bandar Balila
Bandar Balila
surah Adh-Dhariyat Khalid Al Jalil
Khalid Al Jalil
surah Adh-Dhariyat Saad Al Ghamdi
Saad Al Ghamdi
surah Adh-Dhariyat Saud Al Shuraim
Saud Al Shuraim
surah Adh-Dhariyat Abdul Basit Abdul Samad
Abdul Basit
surah Adh-Dhariyat Abdul Rashid Sufi
Abdul Rashid Sufi
surah Adh-Dhariyat Abdullah Basfar
Abdullah Basfar
surah Adh-Dhariyat Abdullah Awwad Al Juhani
Abdullah Al Juhani
surah Adh-Dhariyat Fares Abbad
Fares Abbad
surah Adh-Dhariyat Maher Al Muaiqly
Maher Al Muaiqly
surah Adh-Dhariyat Muhammad Siddiq Al Minshawi
Al Minshawi
surah Adh-Dhariyat Al Hosary
Al Hosary
surah Adh-Dhariyat Al-afasi
Mishari Al-afasi
surah Adh-Dhariyat Yasser Al Dosari
Yasser Al Dosari


Wednesday, May 15, 2024

Помолитесь за нас хорошей молитвой