🔥 0 day streak
📖 Long surah — split into smaller parts to help you focus (129 အာယာသ်)
0/129
9:1
🔁 0/5
بَرَآءَةٌ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلَّذِينَ عَٰهَدتُّم مِّنَ ٱلۡمُشۡرِكِينَ ١
Baraaa`atum minal laahi wa Rasooliheee ilal lazeena `anhattum minal mushrikeen
ဤသည် အလ္လာဟ်အရှင်မြတ် အထံတော်မှလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် မြတ်အထံတော်မှလည်းကောင်း၊ အသင်တို့ (ကာလအပိုင်းအခြားမရှိ)ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့ကြ သော’မုရှ်ရစ်က်’ တို့အား (၎င်းတို့၏ ပဋိညာဉ်စာချုပ်နှင့်စပ်လျဉ်း၍) လုံးဝတာဝန်ကင်းကြောင်း(ကြေငြာခြင်းပင်) ဖြစ်ပေသတည်း။
🎤 Your recording:
9:2
🔁 0/5
فَسِيحُواْ فِي ٱلۡأَرۡضِ أَرۡبَعَةَ أَشۡهُرٍ وَٱعۡلَمُوٓاْ أَنَّكُمۡ غَيۡرُ مُعۡجِزِي ٱللَّهِ وَأَنَّ ٱللَّهَ مُخۡزِي ٱلۡكَٰفِرِينَ ٢
Faseehoo fil ardi arba`ata ashhurinw wa`lamoooannakum ghairu mu`jizil laahi wa annal laaha mukhzil kaafireen
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊ အသင်သည်မုရှ်ရစ်ကတ်တို့အားဤသို့ပြောကြားပါလေ)။ အချင်းတို့ အသင်တို့သည်(ဤ)တိုင်းပြည်ဝယ် လေးလတိုင်အောင် (လွတ်လပ်စွာ)လှည့်လည်(သွားလာ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်နှင့်လွတ်ကင်းအောင်ထွက်ပြေးနိုင်ကြသူများ မဟုတ်ကြောင်းကိုလည်းကောင်း၊အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သော သူတို့အား၊ အရှက်တကွဲ ဖြစ်စေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ (ကောင်းစွာ) မှတ်ယူကြလေကုန်။ (တစ်နည်း)[ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်သူများ မဟုတ်ကြောင်းကိုလည်းကောင်း၊ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကာဖိရ်တို့အား အရှက်တကွဲ ဖြစ်စေတော်မူမည့်အရှင်ဖြစ်တော်မူသည်ကို လည်းကောင်း၊ သိထားကြလေကုန်။]
🎤 Your recording:
9:3
🔁 0/5
وَأَذَٰنٌ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلنَّاسِ يَوۡمَ ٱلۡحَجِّ ٱلۡأَكۡبَرِ أَنَّ ٱللَّهَ بَرِيٓءٌ مِّنَ ٱلۡمُشۡرِكِينَ وَرَسُولُهُۥۚ فَإِن تُبۡتُمۡ فَهُوَ خَيۡرٌ لَّكُمۡۖ وَإِن تَوَلَّيۡتُمۡ فَٱعۡلَمُوٓاْ أَنَّكُمۡ غَيۡرُ مُعۡجِزِي ٱللَّهِۗ وَبَشِّرِ ٱلَّذِينَ كَفَرُواْ بِعَذَابٍ أَلِيمٍ ٣
Wa azaanum minal laahi wa Rasooliheee ilan naasi yawmal Hajjil Akbari annal laaha bareee`um minal mushrikeena wa Rasooluh; fa-in tubtum fahuwa khairullakum wa in tawallaitum fa`lamooo annakum ghairu mu`jizil laah; wa bashiril lazeena kafaroo biazaabin aleem
ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏အထံတော်မှ ဟဂျ်ဂျေအတ်က်ဗရ် နေ့တွင် လူခပ်သိမ်းတို့ရှေ့ဝယ်၊ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ပဋိညာဉ်ကို မိမိတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ကြသော) မုရှ်ရစ်က် တို့နှင့်ပတ်သက်၍ (အချိန်ကာလတစ်စုံတစ်ရာသတ်မှတ်ခြင်းပြုတော်မမူဘဲယခုပင်)တာဝန်ကင်းတော်မူကြောင်း ကြေငြာခြင်းပင်ဖြစ်ချေသတည်း။ သို့ဖြစ်သော်ငြားလည်း (အို-မုရှ်ရစ်က်အပေါင်းတို့) အကယ်၍ အသင်တို့သည်(မိမိတို့၏အယူဝါဒများကို စွန့်လွှတ်၍)ဝန်ချတောင်းပန်ကြပါမူထိုဝန်ချတောင်းပန်ခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ချေသည်။ သို့ရာတွင် အကယ်၍ အသင်တို့သည်(ဝန်ချတောင်းပန်ခြင်းမပြုဘဲ) မျက်နှာလွှဲခဲ့ကြပါလျှင် စင်စစ် အသင်တို့သည် ‘အလ္လာဟ်’ အရှင်မြတ်နှင့် လွတ်ကင်းအောင် ထွက်ပြေးနိုင်ကြမည်မဟုတ်ကြောင်း ကောင်းစွာမှတ်ယူကြလေကုန်။ ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့အား (၎င်းတို့ခံစားခြင်းငှာ) ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် (အဆင်သင့်)ရှိကြောင်းသတင်းကောင်း ပြောကြားပါလေ။
🎤 Your recording:
9:4
🔁 0/5
إِلَّا ٱلَّذِينَ عَٰهَدتُّم مِّنَ ٱلۡمُشۡرِكِينَ ثُمَّ لَمۡ يَنقُصُوكُمۡ شَيۡـًٔا وَلَمۡ يُظَٰهِرُواْ عَلَيۡكُمۡ أَحَدًا فَأَتِمُّوٓاْ إِلَيۡهِمۡ عَهۡدَهُمۡ إِلَىٰ مُدَّتِهِمۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ ٤
Illal lazeena `aahattum minal mushrikeena summa lam yanqusookum shai`anw-wa lam yuzaahiroo `alaikum ahadan fa atimmooo ilaihim `ahdahum ilaa muddatihim; innal laaha yuhibbul muttaqeen
အကြင် ‘မုရှ်ရစ်က်’ တို့မှတစ်ပါး အသင်တို့သည်ထိုသူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် အသင်တို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာကိုမျှ ဝတ္တရားပျက်ကွက်ခဲ့ကြသည်လည်းမရှိပေ။ ယုတ်လျောစေခဲ့ကြသည်လည်းမရှိပေ။ ၎င်းပြင် ထိုသူတို့သည် အသင်တို့နှင့်ဆန့်ကျင်၍မည်သူ တစ်ဦးတယောက်ကိုမျှ ကူညီခဲ့ကြသည်လည်းမရှိချေ။သို့ဖြစ်လျှင် အသင်တို့သည် ထိုသူတို့နှင့်ထားရှိ သောကတိကိုထိုသူတို့ (သတ်မှတ်ခဲ့သော) အချိန် ကာလအပိုင်းအခြားအထိပြီးမြောက်အောင်ဆောင်ရွက်ကြလေကုန်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့မှ ကြည်ရှောင်ကြကုန်သောသူတော်စင်တို့အား ချစ်ကြည်မြတ်နိုးတော်မူချေသတည်း။
🎤 Your recording:
9:5
🔁 0/5
فَإِذَا ٱنسَلَخَ ٱلۡأَشۡهُرُ ٱلۡحُرُمُ فَٱقۡتُلُواْ ٱلۡمُشۡرِكِينَ حَيۡثُ وَجَدتُّمُوهُمۡ وَخُذُوهُمۡ وَٱحۡصُرُوهُمۡ وَٱقۡعُدُواْ لَهُمۡ كُلَّ مَرۡصَدٍۚ فَإِن تَابُواْ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ فَخَلُّواْ سَبِيلَهُمۡۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٥
Fa izansalakhal Ashhurul Hurumu faqtulul mushrikeena haisu wajattumoohum wa khuzoohum wahsuroohum qaq`udoo lahum kulla marsad; fa-in taaboo wa aqaamus Salaata wa aatawuz Zakaata fakhalloo sabeelahum; innal laaha Ghafoorur Raheem
သို့ဖြစ်ပေရာ ထူးမြတ်သောလများ ကုန်လွန်သွားသောအခါ အသင်တို့သည် (ပဋိညာဉ်ကိုချိုးဖောက်ခဲ့ ကြသော) ‘မွရှ်ရစ်က်’တို့အား အသင်တို့ တွေ့လေရာနေရာများတွင် (သတ်ဖြတ်ကြလေကုန်၊ ထို့ပြင် အသင်တို့သည် ၎င်းတို့အား ဖမ်းဆီးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား ချုပ်နှောင်(အကျဉ်းချထား)ကြလေကုန်။ ၎င်းပြင်အသင်တို့သည် ထိုသူတို့အား (ဖမ်းဆီးရန်) ပုန်းအောင်းရာနေရာတိုင်းတွင် (ပုန်းအောင်း၍) ချောင်းမြောင်းကြလေကုန်။)တဖန် အကယ်၍ ထိုသူတို့သည်(မိမိတို့၏အယူဝါဒမျာကို စွန့်လွှတ်၍)ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ တည်မြဲစွာ ‘ဆွလာတ်’ ဝတ်ပြုခြင်းကိုလည်းကောင်း၊ ဇကာတ် တရားဝင်ဒါနကြေးပေးဆောင်ခြင်းကိုလည်းကောင်း၊ ပြုကြပါလျှင် အသင်တို့သည် ၎င်းတို့၏လမ်းကို ဖွင့်လှစ်ပေးကြလေကုန်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ် သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:6
🔁 0/5
وَإِنۡ أَحَدٌ مِّنَ ٱلۡمُشۡرِكِينَ ٱسۡتَجَارَكَ فَأَجِرۡهُ حَتَّىٰ يَسۡمَعَ كَلَٰمَ ٱللَّهِ ثُمَّ أَبۡلِغۡهُ مَأۡمَنَهُۥۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٌ لَّا يَعۡلَمُونَ ٦
Wa in ahadum minal mushrikeenas tajaaraka fa ajirhu hattaa yasma`a Kalaamal laahi summa ablighhu maa manah; zaalika bi annahum qawmul laa ya`lamoon
တစ်ဖန် အကယ်၍ (ပဋိညာဉ်ကိုချိုးဖောက်သော) မွတ်ရှ်ရစ်က်တို့အနက်မှ တစ်ဦးတစ်ယောက် သောသူသည် အသင့်ထံတွင် အကာအကွယ်ရလိုခဲ့ပါလျှင် အသင်သည်ထိုသူအား ၎င်းသည် အလ္လာဟ် အရှင်မြတ်၏အာယတ်တော်ကိုကြားနာနိုင်အံ့သောငှာ ကာကွယ်ပါလေ၊) ထို့နောက် အသင်သည် ထိုသူ့အား ၎င်း၏ဘေးရန်ကင်းငြိမ်းရာဌာနသို့ ပို့ဆောင်၍ပေးပါလေ။ ဤ(အမိန့်တော်ကိုထုတ်ပြန်တော်မူခြင်း)ကား ၎င်းတို့သည် မသိနားမလည်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။(ရကူ)
🎤 Your recording:
9:7
🔁 0/5
كَيۡفَ يَكُونُ لِلۡمُشۡرِكِينَ عَهۡدٌ عِندَ ٱللَّهِ وَعِندَ رَسُولِهِۦٓ إِلَّا ٱلَّذِينَ عَٰهَدتُّمۡ عِندَ ٱلۡمَسۡجِدِ ٱلۡحَرَامِۖ فَمَا ٱسۡتَقَٰمُواْ لَكُمۡ فَٱسۡتَقِيمُواْ لَهُمۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ ٧
Kaifa yakoonu lilmush rikeena `ahdun `indallaahi wa `inda Rasoolihee illal lazeena `aahattum `indal Masjidil Haraami famas taqaamoo lakum fastaqeemoo lahum; innallaaha yuhibbul muttaqeen
မွရှ်ရစ်က်တို့၏ ပဋိညာဉ်ကိုထောက်ထားလိုက်နာရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် အပေါ်၌ လည်းကောင်း၊ အသို့ လျှင်ရှိနိုင်ပါအံ့နည်း။ မတ်စ်ဂျိဒေဟရာမ်ထူးမြတ် သောဗလီ ဝတ်ကျောင်းတော်၏အပါးတွင် အသင်တို့ပဋိညာဉ် ဖွဲ့ခဲ့ကြသောသူတို့မှတစ်ပါး၊ ၎င်းတို့သည် အသင်တို့နှင့် ပတ်သက်၍ ဖြောင့် မတ်စွာ တည်ရှိနေသမျှ ကာလပတ်လုံးအသင်တို့သည်လည်း ၎င်းတို့နှင့်ပတ်သက်၍ ဖြောင့်မတ်စွာတည်ရှိကြလေကုန်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်တို့မှ ကြဉ် ရှောင်ကြကုန်သော သူတော်စင်တို့အားချစ်မြတ်နိုးတော်မူပေသတည်း။
🎤 Your recording:
9:8
🔁 0/5
كَيۡفَ وَإِن يَظۡهَرُواْ عَلَيۡكُمۡ لَا يَرۡقُبُواْ فِيكُمۡ إِلًّا وَلَا ذِمَّةًۚ يُرۡضُونَكُم بِأَفۡوَٰهِهِمۡ وَتَأۡبَىٰ قُلُوبُهُمۡ وَأَكۡثَرُهُمۡ فَٰسِقُونَ ٨
Kaifa wa iny-yazharoo `alaikum laa yarquboo feekum illanw wa laa zimmah; yurdoo nakum biafwaahihim wa taabaa quloobuhum wa aksaruhum faasiqoon
(ယင်းကဲ့သို့ ကတိဖောက်ဖျက်သူတို့၏ ကတိဝန်ခံချက်ကို)အသို့လျှင် ထောက်ထားနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် အသင်တို့အပေါ်၌ကြီးစိုးကြပါလျှင်၊ ထိုသူတို့သည် အသင်တို့နှင့်ပတ်သက်၍ ဆွေမျိုးတော်စပ်သည်ကိုလည်းကောင်း၊ ပဋိညာဉ်ဖွဲ့ထားသည်ကိုလည်းကောင်း၊ ထောက်ထားကြမည်မဟုတ်ပေ။ ၎င်းတို့သည်အသင်တို့အား မိမိတို့၏နှုတ်များ ဖြင့်သာလျှင် နှစ်သိမ့်စေကြကုန်သည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများမှာမူကား(၎င်းတို့၏နှုတ်မှ ပြောဆိုချက်တို့ကို) ငြင်းပယ်လျက်ရှိကြကုန်သတည်း။ စင်စစ် ၎င်းတို့အနက် အများစုတို့မှာကား စည်းကမ်း ဖောက်ဖျက်သူများသာ ဖြစ်ကြကုန်သည်။
🎤 Your recording:
9:9
🔁 0/5
ٱشۡتَرَوۡاْ بِـَٔايَٰتِ ٱللَّهِ ثَمَنًا قَلِيلًا فَصَدُّواْ عَن سَبِيلِهِۦٓۚ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ ٩
Ishtaraw bi Aayaatil laahi samanan qaleelan fasaddoo `an sabeelih; innahum saaa`a maa kaanoo ya`maloon
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များဖြင့် အနည်းငယ်မျှသောအဖိုးငွေကို လဲလှယ်ဝယ်ယူခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုအရှင်မြတ်၏လမ်းတော်မှ ဖောက်ပြန် သွေချော်တိမ်းစောင်းလျက်ရှိခဲ့ကြကုန်၏။ဧကန်စင်စစ် ၎င်းတို့ပြုမူသမျှတို့ကား အလွန်ဆိုးရွားလှပေသတည်း။
🎤 Your recording:
9:10
🔁 0/5
لَا يَرۡقُبُونَ فِي مُؤۡمِنٍ إِلًّا وَلَا ذِمَّةًۚ وَأُوْلَٰٓئِكَ هُمُ ٱلۡمُعۡتَدُونَ ١٠
Laa yarquboona fee mu`minin illanw wa laa zimmah wa ulaaa `ika humulmu `tadoon
၎င်းတို့သည် မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ပတ်သက်၍ ဆွေမျိုးတော်စပ်မှုကိုလည်းကောင်း၊ ပဋိညာဉ်ထားရှိမှုကို လည်းကောင်း၊ထောက်ထားကြသည်မဟုတ်ပေ။ အမှန်သော်ကား၎င်းတို့သည်�င်လျှင် လွန်ကျူးသူများ ဖြစ်ကြကုန်သတည်း။
🎤 Your recording:
9:11
🔁 0/5
فَإِن تَابُواْ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ فَإِخۡوَٰنُكُمۡ فِي ٱلدِّينِۗ وَنُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٍ يَعۡلَمُونَ ١١
Fa in taaboo wa aqaamus Salaata wa aatawuz Zakaata fa ikhwaanukum fid deen; wa nufassilul Aayaati liqawminy ya`lamoon
သို့ရာတွင် အကယ်၍ ထိုသူတို့သည် (မိမိတို့၏အယူဝါဒများကိုစွန့်လွှတ်ကာ အီမာန် ယုံကြည် ခြင်းသဒ္ဓါတရား ထားရှိခြင်းအားဖြင့်) ဝန်ချတောင်းပန်၍ ဆွလာတ်ဆောက်တည်ခြင်းကိုလည်းကောင်း၊ ဇကာတ် တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း ပြုခဲ့ကြပါလျှင်၊ ထိုသူတို့သည် ဒီန်သာသနာရေးတွင် အသင်တို့၏ညီသားအစ်ကိုများပင်ဖြစ်ကြကုန်သည်။ အမှန်သော်ကား ငါအရှင်မြတ်သည် (မိမိ)အာယတ်တော်များကို သိနားလည်သူတို့အဖို့ အသေးစိတ်ထုတ်ဖော် မိန့်ကြားတော်မူလေသတည်း။
🎤 Your recording:
9:12
🔁 0/5
وَإِن نَّكَثُوٓاْ أَيۡمَٰنَهُم مِّنۢ بَعۡدِ عَهۡدِهِمۡ وَطَعَنُواْ فِي دِينِكُمۡ فَقَٰتِلُوٓاْ أَئِمَّةَ ٱلۡكُفۡرِ إِنَّهُمۡ لَآ أَيۡمَٰنَ لَهُمۡ لَعَلَّهُمۡ يَنتَهُونَ ١٢
Wa in nakasooo aimaanahum mim ba`di `ahdihim wa ta`anoo fee deenikum faqaatilooo a`immatal kufri innahum laaa aimaana lahum la`allahum yantahoon
တစ်ဖန်အကယ်၍ ထိုသူတို့သည် ကတိသစ္စာထားရှိပြီးနောက်သော်မှပင် မိမိတို့ ထားရှိကြကုန် သောကတိသစ္စာများကို ဖောက်ဖျက်ခြင်းကိုလည်းကောင်း၊ အသင်တို့၏ဒီန်သာသနာနှင့်စပ်လျဉ်း၍ ကဲ့ရဲ့ရှုတ်ချ(အမနာပ)ပြောဆိုခြင်းကိုလည်းကောင်း၊ ပြုခဲ့ကြပါလျှင် အသင်တို့သည် ကုဖ်ရ်မယုံမကြည်သွေဖည်ငြင်းပယ်မှုကို ခေါင်းဆောင်သော ရှေ့ဆောင်တို့အား ၎င်းတို့သည် (မိမိတို့၏အယူဝါဒများမှ) ရပ်စဲသွားကြအံ့သောငှာ တိုက်ခိုက်ကြလေကုန်။ အကြောင်းသော်ကား ၎င်းတို့၌ကတိသစ္စာများမရှိကြတော့ပြီ။
🎤 Your recording:
9:13
🔁 0/5
أَلَا تُقَٰتِلُونَ قَوۡمًا نَّكَثُوٓاْ أَيۡمَٰنَهُمۡ وَهَمُّواْ بِإِخۡرَاجِ ٱلرَّسُولِ وَهُم بَدَءُوكُمۡ أَوَّلَ مَرَّةٍۚ أَتَخۡشَوۡنَهُمۡۚ فَٱللَّهُ أَحَقُّ أَن تَخۡشَوۡهُ إِن كُنتُم مُّؤۡمِنِينَ ١٣
Alaa tuqaatiloona qawman nakasooo aimaanahum wa hammoo bi ikhraajir Rasooli wa hum bada`ookum awwala marrah; atakhshawnahum; fallaahu ahaqqu an takhshawhu in kuntum mu`mineen
အသင်တို့သည် အကြင်အမျိုးသားတို့အားအဘယ်ကြောင့် မတိုက်ခိုက်ကြသနည်း။ ထိုအမျိုးသားတို့သည်မိမိတို့၏ကတိသစ္စာကိုလည်း ဖောက်ဖျက်ခဲ့ကြကုန်၏။ ထို့ပြင်၎င်းတို့သည် တမန်တော်မြတ်(မုဟမ္မဒ်)အား(မက္ကာမြို့မှ) နှင်ထုတ်ရန်လည်း သန္ဓိဋ္ဌာန်ချခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်ပင်လျှင် အသင်တို့အား ဦးစွာပထမ စတင်တိုက်ခိုက်ခဲ့ကြကုန်၏။ အသင်တို့သည် ၎င်းတို့အားကြောက်ရွံ့ကြလေသလော၊စင်စစ်တမူကား အကယ်၍ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ပိုမို၍ပင် ကြောက်ရွံ့ထိုက်ပေသတည်း။
🎤 Your recording:
9:14
🔁 0/5
قَٰتِلُوهُمۡ يُعَذِّبۡهُمُ ٱللَّهُ بِأَيۡدِيكُمۡ وَيُخۡزِهِمۡ وَيَنصُرۡكُمۡ عَلَيۡهِمۡ وَيَشۡفِ صُدُورَ قَوۡمٍ مُّؤۡمِنِينَ ١٤
Qaatiloohum yu`az zibhumul laahu bi aideekum wa yukhzihim wa yansurkum `alaihim wa yashfi sudoora qawmim mu `mineen
အသင်တို့သည် ၎င်းတို့အား တိုက်ခိုက်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အသင်တို့၏လက်များဖြင့် ပြစ်ဒဏ်ပေးတော်မူမည်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းတို့အား အရှက်ရစေတော်မူမည်လည်းဖြစ်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ၎င်းတို့အပေါ်၌ အောင်မြင်စေတော်မူမည်လည်းဖြစ်၏။ ထို့ပြင်ထိုအရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများကို အေးချမ်းစေတော်မူမည်လည်း ဖြစ်ချေသတည်း။
🎤 Your recording:
9:15
🔁 0/5
وَيُذۡهِبۡ غَيۡظَ قُلُوبِهِمۡۗ وَيَتُوبُ ٱللَّهُ عَلَىٰ مَن يَشَآءُۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ١٥
Wa yuzhib ghaiza quloobihim; wa yatoobullaahu `alaa mai yashaaa`; wallaahu `Aleemun Hakeem
၎င်းပြင် ထိုအရှင်မြတ်သည် ထို(သက်ဝင်ယုံကြည်)သူတို့၏ စိတ်နှလုံးများမှ ဒေါသအမျက်ကိုလည်းပပျောက်စေတော်မူမည်ဖြစ်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူ၏ဘက်သို့လည်း ကရုဏာတော်နှင့်ပြန်လှည့်တော်မူမည်ဖြစ်၏။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အသျှင်၊ နက်နဲသိမ်မွေ့သောဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:16
🔁 0/5
أَمۡ حَسِبۡتُمۡ أَن تُتۡرَكُواْ وَلَمَّا يَعۡلَمِ ٱللَّهُ ٱلَّذِينَ جَٰهَدُواْ مِنكُمۡ وَلَمۡ يَتَّخِذُواْ مِن دُونِ ٱللَّهِ وَلَا رَسُولِهِۦ وَلَا ٱلۡمُؤۡمِنِينَ وَلِيجَةًۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ١٦
Am hasibtum an turakoo wa lammaa ya`lamil laahul lazeena jaahadoo minkum wa lam yattakhizoo min doonil laahi wa laa Rasoolihee wa lalmu`mineena waleejah; wallaahu khabeerum bimaa ta`maloon
အသင်တို့သည် မိမိတို့မှာ (စမ်းသပ်ခြင်းမခံရဘဲအေးချမ်းစွာ) စွန့်လွှတ်ထားခြင်းကို ခံကြရလိမ့်မည်ဟု ထင်မြင်ယူဆကြပါသလော။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်(ယခုထက်တိုင်)အသင်တို့အနက်မှ (ထိုအရှင်မြတ်၏လမ်းတော်၌) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့အားလည်းကောင်း၊အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်နှင့်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အပြင် အခြားသူတို့ကိုချစ်ကျွမ်းတဝင် မပြုကြသော သူတို့အားလည်းကောင်း၊ သိ(မြင်)တော်မမူသေးချေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်အသင်တို့ ပြုမူသမျှတို့ကို အကြွင်းမဲ့ကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(ရကူ)
🎤 Your recording:
9:17
🔁 0/5
مَا كَانَ لِلۡمُشۡرِكِينَ أَن يَعۡمُرُواْ مَسَٰجِدَ ٱللَّهِ شَٰهِدِينَ عَلَىٰٓ أَنفُسِهِم بِٱلۡكُفۡرِۚ أُوْلَٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ وَفِي ٱلنَّارِ هُمۡ خَٰلِدُونَ ١٧
maa kaana lilmushrikeena ai ya`muroo masaajidal laahi shaahideena `alaaa anfusihim bilkufr; ulaaa`ika habitat a`maaluhum wa fin naari hum khaalidoon
မွတ်ရှ်ရစ်က် တို့၌ ၎င်းတို့သည် မိမိတို့ ကာဖိရ် ဖြစ်ကြောင်း ဝန်ခံလျက် ရှိနေကြစဉ် အလ္လာဟ်အရှင်မြတ်၏ဗလီကျောင်းတော်များကို သာယာစည်ကားအောင် ပြုလုပ်ရန် အရည်အချင်းမရှိချေ။ ၎င်းတို့သည် အကြင်သူများပင်တည်း။ ထိုသူတို့၏ အပြုအမူများသည် အချည်းနှီး ဖြစ်ခဲ့ကြသည့်ပြင် ထိုသူတို့သည် ငရဲမီး၌ ထာဝစဉ် နေထိုင်ကြရ မည့်သူများပင် ဖြစ်ကြကုန်လေသတည်း။
🎤 Your recording:
9:18
🔁 0/5
إِنَّمَا يَعۡمُرُ مَسَٰجِدَ ٱللَّهِ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَلَمۡ يَخۡشَ إِلَّا ٱللَّهَۖ فَعَسَىٰٓ أُوْلَٰٓئِكَ أَن يَكُونُواْ مِنَ ٱلۡمُهۡتَدِينَ ١٨
Innamaa ya`muru masaa jidal laahi man aamana billaahi wal Yawmil Aakhiri wa aqaamas Salaata wa aataz Zakaata wa lam yakkhsa illal laaha fa`asaaa ulaaa`ika ai yakoonoo minal muhtadeen
အလ္လာဟ်အရှင်မြတ်၏ ဗလီကျောင်းတော်များကို အကြင်သူတို့သည်သာလျှင် စည်ကားသာယာအောင် ပြုနိုင်ကြပေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်း ကောင်း၊ ယုံကြည်ကြသည့်ပြင်ထိုသူတို့သည် စွဲမြဲစွာ ‘ဆွလာတ်’ ဝတ်ပြုမှုကိုလည်းကောင်း၊’ဇကာတ်’ တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း၊ပြုကြကုန်သည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်ရွံ့ကြသည်လည်း မရှိချေ။သို့ဖြစ်ပေရာ ၎င်းတို့သည် တရားလမ်းမှန် ရရှိမျှော်လင့်ကြရာပေသတည်း။
🎤 Your recording:
9:19
🔁 0/5
۞ أَجَعَلۡتُمۡ سِقَايَةَ ٱلۡحَآجِّ وَعِمَارَةَ ٱلۡمَسۡجِدِ ٱلۡحَرَامِ كَمَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَجَٰهَدَ فِي سَبِيلِ ٱللَّهِۚ لَا يَسۡتَوُۥنَ عِندَ ٱللَّهِۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ١٩
Aja`altum siqaayatal haaajji wa `imaaratal masjidil haraami kamman aamana billaahi wal Yawmil Aakhiri wa jaahada fee sabeelil laah; laa yastawoona `indal laah; wallaahu laa yahdil qawmaz zaalimeen
အသင်တို့သည် ဟာဂျီများအား ရေတိုက်ခြင်းကိုလည်းကောင်း၊ ‘မတ်စ်ဂျိဒေဟရာမ်’ ထူးမြတ်သော ဗလီကျောင်းတော်ကို စည်ကားသာယာအောင် ပြုလုပ် ခြင်းကိုလည်း ကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်သည့်ပြင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သောသူ (၏ကောင်းမှုကုသိုလ်) နှင့်တူမျှသည်ဟု ထင်မြင်ယူဆထားကြလေသလော။ ထိုသူများသည်အလ္လာဟ်အရှင်မြတ်အထံတော်၌ (အဆင့်အတန်း ချင်း)မတူကြချေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သောသူတို့အား တရားလမ်းမှန်ကိုပြသတော်မူသည် မဟုတ်ပေ။
🎤 Your recording:
9:20
🔁 0/5
ٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ أَعۡظَمُ دَرَجَةً عِندَ ٱللَّهِۚ وَأُوْلَٰٓئِكَ هُمُ ٱلۡفَآئِزُونَ ٢٠
Allazeena aamanoo wa haajaroo wa jaahadoo fee sabeelil laahi bi amwaalihim wa anufsihim a`zamu darajatan `indal laah; wa ulaaa`ika humul faaa`izoon
အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်(မိမိတို့၏ဥစ္စာပစ္စည်း အိုးအိမ်စည်းစိမ်တို့ကို စွန့်လွှတ်ကာတစ်ရပ်တစ်ကျေးသို့) ရွှေ့ပြောင်း သွားရောက် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ ထိုသူတို့သည်အလ္လာဟ်ရှင်မြတ်အထံတော်၌ အဆင့်အတန်းအားဖြင့် အလွန်မြင့်မြတ်လှသည့်ပြင် ထိုသူတို့သည်သာလျှင် ‘အောင်မြင်မှု’ ကိုရရှိသူများ ဖြစ်ကြကုန်သတည်း။
🎤 Your recording:
9:21
🔁 0/5
يُبَشِّرُهُمۡ رَبُّهُم بِرَحۡمَةٍ مِّنۡهُ وَرِضۡوَٰنٍ وَجَنَّٰتٍ لَّهُمۡ فِيهَا نَعِيمٌ مُّقِيمٌ ٢١
Yubashshiruhum Rabbuhum birahmatim minhu wa ridwaaninw wa Jannaatil lahum feehaa na`eemum muqeem
ထိုသူတို့ကား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ထိုသူတို့ကို မိမိအထံတော်မှ ကရုဏာတော်ကို ခံစားကြရမည်ကိုလည်းကောင်း၊ (ထိုအရှင်မြတ်၏)နှစ်သက်မှုကို ရရှိကြမည်ကိုလည်းကောင်း၊ ထိုသူတို့အဖို့ ထာဝရစည်းစိမ်နှင့် ပြည့်စုံသောဥယျာဉ်များ ရရှိကြမည်ကိုလည်းကောင်း၊ သတင်းကောင်း မိန့်ကြားတော်မူလေသတည်း။
🎤 Your recording:
9:22
🔁 0/5
خَٰلِدِينَ فِيهَآ أَبَدًاۚ إِنَّ ٱللَّهَ عِندَهُۥٓ أَجۡرٌ عَظِيمٌ ٢٢
Khaalideena feehaaa abadaa; innal laaha `indahooo ajrun `azeem
၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝရ နေထိုင်စံမြန်းကြပေမည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌သာ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးဆုလာဘ်သည် ရှိချေသတည်း။
🎤 Your recording:
9:23
🔁 0/5
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُوٓاْ ءَابَآءَكُمۡ وَإِخۡوَٰنَكُمۡ أَوۡلِيَآءَ إِنِ ٱسۡتَحَبُّواْ ٱلۡكُفۡرَ عَلَى ٱلۡإِيمَٰنِۚ وَمَن يَتَوَلَّهُم مِّنكُمۡ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ ٢٣
Yaaa aiyuhal lazeena aamanoo laa tattakhizooo aabaaa `akum wa ikhwaanakum awliyaaa`a inis tahabbul kufra `alal eemaan; wa mai yatawal lahum minkum fa ulaaa`ika humuz zaalimoon
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့၏ အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ အသင်တို့၏ညီသားအစ်ကိုတို့သည်လည်းကောင်း၊ အကယ်၍ ‘ကုဖ်ရ်သွေဖည်ငြင်းပယ်မှု’ကို ‘အီမာန်ယုံကြည်မှု’ထက် နှစ်သက်မြတ်နိုးကြပါလျှင် အသင်တို့သည် ၎င်းတို့အား အဆွေခင်ပွန်းများ မပြုလုပ်ကြကုန်လင့်။ စင်စစ်မူကား မည်သူမဆို အသင်တို့အနက်မှ ၎င်းတို့အား အဆွေခင်ပွန်း ပြုလုပ်ပါလျှင် ထိုကဲ့သို့သောသူများသည်သာ မတရာမှု ကျူးလွန်သူများ ဖြစ်ကြအံ့သတည်း။
🎤 Your recording:
9:24
🔁 0/5
قُلۡ إِن كَانَ ءَابَآؤُكُمۡ وَأَبۡنَآؤُكُمۡ وَإِخۡوَٰنُكُمۡ وَأَزۡوَٰجُكُمۡ وَعَشِيرَتُكُمۡ وَأَمۡوَٰلٌ ٱقۡتَرَفۡتُمُوهَا وَتِجَٰرَةٌ تَخۡشَوۡنَ كَسَادَهَا وَمَسَٰكِنُ تَرۡضَوۡنَهَآ أَحَبَّ إِلَيۡكُم مِّنَ ٱللَّهِ وَرَسُولِهِۦ وَجِهَادٍ فِي سَبِيلِهِۦ فَتَرَبَّصُواْ حَتَّىٰ يَأۡتِيَ ٱللَّهُ بِأَمۡرِهِۦۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ٢٤
Qul in kaana aabaaa`ukum wa abnaaa`ukum wa ikhwaanukum wa azwaajukum wa `asheeratukum wa amwaaluniq taraftumoohaa wa tijaaratun takhshawna kasaadahaa wa masaakinu tardawnahaaa ahabba ilaikum minal laahi wa Rasoolihee wa Jihaadin fee Sabeelihee fatarabbasoo hattaa yaatiyallaahu bi amrih; wallaahu laa yahdil qawmal faasiqeen
(အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား ဤသို့ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့၏အဖများသည်လည်း ကောင်း၊ အသင်တို့၏သားများသည်လည်းကောင်း၊ အသင်တို့၏ညီသားအစ်ကိုများသည်လည်းကောင်း၊ အသင်တို့၏ ဇနီးကြင်ရာများသည်လည်းကောင်း၊ အသင်တို့၏ဆွေမျိုးသားချင်းများသည် လည်းကောင်း၊ အသင်တို့ ရှာဖွေဆည်းပူးထားကြသောပစ္စည်းဥစ္စာများသည်လည်းကောင်း၊ အသင်တို့သည် ထိုင်းမှိုင်းသွား မည်ကိုစိုးရိမ်လျက်ရှိကုန်သော ရောင်းဝယ်ဖောက်ကား မှုသည်လည်းကောင်း၊ အသင်တို့ နှစ်သက်ကုန်သော အိမ်ယာတိုက်တာဂေဟာများသည်လည်းကောင်း၊ အသင်တို့ထံတွင် အလ္လာဟ်အရှင်မြတ်ထက်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်ထက်လည်းကောင်း၊ ထိုအရှင်မြတ်၏လမ်းတော်၌စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းထက်လည်းကောင်း၊ ပိုမို၍ပင်ချစ်ခင်စုံမက် မြတ်နိုးဖွယ်ရာများ ဖြစ်ခဲ့ကြပါလျှင် အလ္လာဟ်အရှင်မြတ်သည် (‘ဟစ်ဂျ်ရတ်’ မပြုလုပ်ခြင်း ၏အပြစ်ဒဏ်များနှင့်စပ်လျဉ်း၍) မိမိအမိန့်တော်ကို ထုတ်ပြန်တော်မူသည့်တိုင်အောင် အသင်တို့သည် စောင့်ဆိုင်း၍သာနေကြကုန်လော့။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကိုသွေဖည်သောသူတို့အား တရားလမ်းမှန်ကို ပြသတော်မူသည်မဟုတ်ပေ။
🎤 Your recording:
9:25
🔁 0/5
لَقَدۡ نَصَرَكُمُ ٱللَّهُ فِي مَوَاطِنَ كَثِيرَةٍ وَيَوۡمَ حُنَيۡنٍ إِذۡ أَعۡجَبَتۡكُمۡ كَثۡرَتُكُمۡ فَلَمۡ تُغۡنِ عَنكُمۡ شَيۡـًٔا وَضَاقَتۡ عَلَيۡكُمُ ٱلۡأَرۡضُ بِمَا رَحُبَتۡ ثُمَّ وَلَّيۡتُم مُّدۡبِرِينَ ٢٥
Laqad nasarakumul laahu fee mawaatina kaseeratinw wa yawma Hunainin iz a`jabatkum kasratukum falam tughni `ankum shai`anw wa daaqat `alaikumul ardu bimaa rahubat summa wallaitum mudbireen
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား များစွာသော စစ်မ�ေပြင်များ၌လည်း ကောင်း၊ ‘ဟို့နိုင်န်’(တောင်ကြားတွင်စစ်ဖြစ်ခဲ့သော) နေ့၌လည်းကောင်း၊ ကူညီဆောင်မတော်မူခဲ့လေ သည်။ ထို(ဟို့နိုင်န် တောင်ကြားတွင်စစ်ဖြစ်သော)အခါ အသင်တို့၏(စစ်သည် အရေအတွက်)များပြားမှုသည် အသင်တို့အား စိတ်ကြီးဝင် ဘဝင်မြင့် (မော်ကြွားထောင်လွှား)စေခဲ့လေသည်။ သို့ရာတွင် ထို(အရေအတွက်)များပြားမှုသည် အသင်တို့အဖို့ လုံးဝ အသုံးမဝင်ခဲ့သည်သာမက ပထဝီမြေပြင်သည်လည်း (ဤမျှ) ကျယ်ဝန်းပါလျက်နှင့်ပင် အသင်တို့အပေါ်၌ ကျဉ်းမြောင်း၍ သွားခဲ့လေတော့သည်။ထို့နောက် အသင်တို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြလေသတည်း။
🎤 Your recording:
9:26
🔁 0/5
ثُمَّ أَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلۡمُؤۡمِنِينَ وَأَنزَلَ جُنُودًا لَّمۡ تَرَوۡهَا وَعَذَّبَ ٱلَّذِينَ كَفَرُواْۚ وَذَٰلِكَ جَزَآءُ ٱلۡكَٰفِرِينَ ٢٦
Summa anzalal laahu sakeenatahoo `alaa Rasoolihee wa `alalmu `mineena wa anzala junoodal lam tarawhaa wa azzabal lazeena kafaroo; wa zaalika jazaaa`ul kaafireen
ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှ မိမိရစူလ်တမန်တော်၏ အပေါ်၌လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ အပေါ်၌လည်းကောင်း၊စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အသင်တို့ မမြင်နိုင်သော စစ်သည်ရဲမက်တို့ကိုလည်း စေလွှတ်ပေးတော်မူခဲ့လေသည်။ ထို့ပြင်ထိုအရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့အား ပြစ်ဒဏ်ပေးတော်မူခဲ့လေသည်။ အမှန်သော်ကား ဤသည်သာလျှင် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ အကျိုးပင်တည်း။
🎤 Your recording:
9:27
🔁 0/5
ثُمَّ يَتُوبُ ٱللَّهُ مِنۢ بَعۡدِ ذَٰلِكَ عَلَىٰ مَن يَشَآءُۗ وَٱللَّهُ غَفُورٌ رَّحِيمٌ ٢٧
Summa yatoobul laahu mim ba`di zaalika `alaa mai yashaaa`; wallaahu Ghafoorur Raheem
ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူ၏ဘက်သို့ ကရုဏာတော် နှင့်လှည့်တော်မူအံ့။ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနား ကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:28
🔁 0/5
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّمَا ٱلۡمُشۡرِكُونَ نَجَسٌ فَلَا يَقۡرَبُواْ ٱلۡمَسۡجِدَ ٱلۡحَرَامَ بَعۡدَ عَامِهِمۡ هَٰذَاۚ وَإِنۡ خِفۡتُمۡ عَيۡلَةً فَسَوۡفَ يُغۡنِيكُمُ ٱللَّهُ مِن فَضۡلِهِۦٓ إِن شَآءَۚ إِنَّ ٱللَّهَ عَلِيمٌ حَكِيمٌ ٢٨
Yaaa aiyuhal lazeena aamanooo innamal mushrikoona najasun falaa yaqrabul Masjidal Haraama ba`da `aamihim haaza; wa in khiftum `ailatan fasawfa yughnee kumul laahu min fadliheee in shaaa`; innallaaha `Aleemun hakeem
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့။မွရှ်ရစ်က်တို့ကား ညစ်ညမ်းသောသူများသာ ဖြစ်ကြကုန်၏။သို့ဖြစ်ပေရာ ၎င်းတို့သည် ဤနှစ်ကုန်ဆုံးပြီးလျှင် ‘မတ်စ်ဂျိဒေဟရာမ်’ ထူးမြတ်သော ဗလီကျောင်းတော်၏အပါးသို့ပင်ချဉ်းကပ်ခြင်း မပြုကြရချေ။ ၎င်းပြင် အကယ်၍ အသင်တို့သည် ဆင်းရဲနွမ်းပါးမှုကို စိုးရိမ်ကြပါလျှင်၊ အလ္လာဟ် အရှင်မြတ်သည် အလိုရှိတော်မူပါက မကြာမြင့်မီအတွင်း အသင်တို့အား မိမိကျေးဇူးတော်ဖြင့် ဥစ္စာပစ္စည်း ကုံလုံကြွယ်ဝ ပြည့်စုံစေတော်မူအံ့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကိုအကြွင်းမဲ့ သိတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:29
🔁 0/5
قَٰتِلُواْ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱللَّهِ وَلَا بِٱلۡيَوۡمِ ٱلۡأٓخِرِ وَلَا يُحَرِّمُونَ مَا حَرَّمَ ٱللَّهُ وَرَسُولُهُۥ وَلَا يَدِينُونَ دِينَ ٱلۡحَقِّ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ حَتَّىٰ يُعۡطُواْ ٱلۡجِزۡيَةَ عَن يَدٍ وَهُمۡ صَٰغِرُونَ ٢٩
Qaatilul lazeena laa yu`minoona billaahi wa laa bil yawmil Aakhiri wa laa yuharrimoona maa harramal laahu wa Rasooluhoo wa laa yadeenoona deenal haqqi minal lazeena ootul Kitaaba hattaa yu`tul jizyata ai yadinw wa hum saaghiroon
(အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့)အသင်တို့သည် အတိတ်ခေတ် ကျမ်းဂန်ရရှိသော သူတို့ကို(မိမိတို့၏)လက်ဖြင့် အောက်ကြို့၍ လူခွန်တော်ကိုကြည်ဖြူစွာဆက်သခြင်း မပြုသမျှ ကာလပတ်လုံး တိုက်ခိုက်ကြလေကုန်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်း ယုံကြည်ကြသည်မဟုတ်ပေ။ နောက်ဆုံးနေ့ကိုလည်း ယုံကြည်ကြသည် မဟုတ်ချေ။ ထို့ပြင် ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကလည်းကောင်း၊’ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသောအရာများကို’ဟရာမ်’ တားမြစ်ထားသောအရာဟူ၍ မယူဆကြချေ။ ထိုနည်းတူစွာ ၎င်းတို့သည် မှန်ကန်သော(အစ္စလာမ်)သာသနာတော်ကိုလည်း ယုံကြည်လက်ခံခြင်းမပြုကြချေ။(ရကူ)
🎤 Your recording:
9:30
🔁 0/5
وَقَالَتِ ٱلۡيَهُودُ عُزَيۡرٌ ٱبۡنُ ٱللَّهِ وَقَالَتِ ٱلنَّصَٰرَى ٱلۡمَسِيحُ ٱبۡنُ ٱللَّهِۖ ذَٰلِكَ قَوۡلُهُم بِأَفۡوَٰهِهِمۡۖ يُضَٰهِـُٔونَ قَوۡلَ ٱلَّذِينَ كَفَرُواْ مِن قَبۡلُۚ قَٰتَلَهُمُ ٱللَّهُۖ أَنَّىٰ يُؤۡفَكُونَ ٣٠
Q qaalatil yahoodu `Uzairunib nul laahi wa qaalatin Nasaaral Maseehub nul laahi zaalika qawluhum bi afwaahihim yudaahi`oona qawlal lazeena kafaroo min qabl; qatalahumul laah; annaa yu`fakoon
စင်စစ်သော်ကား ယဟူဒီတို့က အုဇိုင်ရ် သည်အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ နဆွ်ရာနီတို့ကလည်း မစီဟ်သည် အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ဤသည်ကား ၎င်းတို့ မိမိတို့နှုတ်ဖြင့်ပြောဆိုကြသော (အခြေအနေကင်းမဲ့သည့်) စကားမျှသာ ဖြစ်ချေသတည်း။ ၎င်းတို့သည် (မိမိတို့) အလျင် ရှေးအထက်ကျော်ကာလ၌ ရှိခဲ့ကြသောကာဖိရ် ယုံကြည်မှုကင်းမဲ့သောသူတို့၏ ပြောဆိုမှုကိုလိုက်၍တုခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖျက်ဆီးတော်မူပါစေသတည်း။ ၎င်းတို့သည်(အမှန်ကိုပယ်၍ အမှားဘက်သို့) အသို့လျှင်ပြန်လှည့်သွားကြသနည်း။
🎤 Your recording:
9:31
🔁 0/5
ٱتَّخَذُوٓاْ أَحۡبَارَهُمۡ وَرُهۡبَٰنَهُمۡ أَرۡبَابًا مِّن دُونِ ٱللَّهِ وَٱلۡمَسِيحَ ٱبۡنَ مَرۡيَمَ وَمَآ أُمِرُوٓاْ إِلَّا لِيَعۡبُدُوٓاْ إِلَٰهًا وَٰحِدًاۖ لَّآ إِلَٰهَ إِلَّا هُوَۚ سُبۡحَٰنَهُۥ عَمَّا يُشۡرِكُونَ ٣١
ittakhazooo ahbaarahum wa ruhbaanahum arbaabammin doonil laahi wal Maseehab na Maryama wa maaa umirooo illaa liya`budooo Ilaahanw Waa hidan laaa ilaaha illaa Hoo; Subhaanahoo `ammaa yushrikoon
ထိုသူတို့သည် မိမိတို့၏ တရားဟောဆရာ တို့ကိုလည်း ကောင်း၊ ဘုန်းကြီး ရဟန်းတို့ကိုလည်းကောင်း၊ ‘မရ်ယမ်’၏သားတော်’မစီဟ်’ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ (မိမိတို့၏)အရှင်သခင်များ ပြုလုပ်ထားခဲ့ကြလေသည်။အမှန်စင်စစ်သော်ကား ထိုသူတို့သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ရန်အမိန့်ပေးတေ်မူခြင်းကို ခံခဲ့ကြရလေသည်။ ထို(တစ်ဆူတည်းသော)အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ၎င်းတို့တွဲဖက် နှိုင်းယှဉ်(ကိုးကွယ်)ကြသည်တို့မှ(လုံးဝ) သန့်ရှင်းစင်ကြယ်တော်မူချေသတည်း။
🎤 Your recording:
9:32
🔁 0/5
يُرِيدُونَ أَن يُطۡفِـُٔواْ نُورَ ٱللَّهِ بِأَفۡوَٰهِهِمۡ وَيَأۡبَى ٱللَّهُ إِلَّآ أَن يُتِمَّ نُورَهُۥ وَلَوۡ كَرِهَ ٱلۡكَٰفِرُونَ ٣٢
Yureedoona ai yutfi`oo nooral laahi bi`afwaahihim wa yaaballaahu illaaa ai yutimma noorahoo wa law karihal kaafiroon
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ရောင်ခြည်တော်ကို မိမိတို့၏ပါးစပ်များဖြင့် ငြိမ်းစေလိုကြကုန်၏။ သို့ရာတွင်မူကား အလ္လာဟ်အဲရှင်မြတ်သည် ကာဖိရ် မယုံကြည်သွေဖည်ငြင်းပယ်သောသူတို့က မနှစ်မြို့ကြသော်လည်း မိမိ၏ရောင်ခြည်တော်ကို ပြည့်ဝစုံလင်စေတော်မူခြင်း မှတစ်ပါး(အခြား) မည်သည့်တစ်စုံတစ်ရာကိုမျှ သဘောတူတော် မူမည်မဟုတ်ပေ။
🎤 Your recording:
9:33
🔁 0/5
هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوۡ كَرِهَ ٱلۡمُشۡرِكُونَ ٣٣
huwal lazeee ar sala Rasoolahoo bilhudaa wa deenil haqqi liyuzhirahoo `alad deeni kullihee wa law karihal mushrikoon
ထို (အလ္လာဟ်) အရှင်မြတ်သည်အကြင်အရှင်မြတ် ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်’မွတ်ရှ်ရစ်က်’ များက မနှစ်သက်ကြသော်လည်း မိမိရစူလ်တမန်တော်အား ဘာသာသာသနာ အားလုံးတို့အပေါ်ဝယ် လွှမ်းမိုးစေခြင်းငှာတရားဓမ္မနှင့်အတူလည်းကောင်း၊ မှန်ကန်သော ‘ဒီန်’ သာသနာနှင့်အတူစေလွှတ်တော်မူခဲ့လေသတည်း။
🎤 Your recording:
9:34
🔁 0/5
۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ كَثِيرًا مِّنَ ٱلۡأَحۡبَارِ وَٱلرُّهۡبَانِ لَيَأۡكُلُونَ أَمۡوَٰلَ ٱلنَّاسِ بِٱلۡبَٰطِلِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِۗ وَٱلَّذِينَ يَكۡنِزُونَ ٱلذَّهَبَ وَٱلۡفِضَّةَ وَلَا يُنفِقُونَهَا فِي سَبِيلِ ٱللَّهِ فَبَشِّرۡهُم بِعَذَابٍ أَلِيمٍ ٣٤
Yaaa aiyuhal lazeena aamanooo inna kaseeramminal ahbaari warruhbaani la yaakuloona amwaalan naasi bil baatili wa yasuddoona `an sabeelil laah; wallazeena yaknizoonaz zahaba wal fiddata wa laayunfiqoonahaa fee sabeelil laahi fabashshirhum bi`azaabin aleem
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ဧကန်စင်စစ် များစွာသော (ယဟူဒီ၊ ခရစ်ယာန်) ဓမ္မဆရာများသည်လည်းကောင်း၊ ဘုန်းကြီးရဟန်းများသည်လည်းကောင်း၊လူတို့၏ဥစ္စာပစ္စည်းများကို မတရားသောနည်းဖြင့် စားသုံးကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် (လူတို့အား) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ပိတ်ပင်တားဆီးကြကုန်၏။ ထို့အပြင်အကြင်သူတို့သည် ရွှေ၊ ငွေ၊(ရတနာပစ္စည်း)များကို စုဆောင်းသိုမှီး၍ ထားရှိကြကုန်၏။ သို့ရာတွင် ထိုသူတို့သည် ၎င်း(ရွှေ၊ငွေ၊ရတနာများ) ကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သုံးစွဲကြသည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့အား နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ခံကြရမည့်အကြောင်း သတင်းကောင်း ပြောကြားပါလေ။
🎤 Your recording:
9:35
🔁 0/5
يَوۡمَ يُحۡمَىٰ عَلَيۡهَا فِي نَارِ جَهَنَّمَ فَتُكۡوَىٰ بِهَا جِبَاهُهُمۡ وَجُنُوبُهُمۡ وَظُهُورُهُمۡۖ هَٰذَا مَا كَنَزۡتُمۡ لِأَنفُسِكُمۡ فَذُوقُواْ مَا كُنتُمۡ تَكۡنِزُونَ ٣٥
Yawma yuhmaa `alaihaa fee naari jahannama fatukwaa bihaa jibaahuhum haazaa maa kanaztum li anfusikum fazooqoo maa kuntum taknizoon
(ယင်းပြစ်ဒဏ်သည် ၎င်းတို့၌ အကြင်နေ့တွင်ကျရောက်အံ့)။ ထိုနေ့တွင် ယင်း ရွှေ၊ ငွေ(ရတနာများ)သည်’ဂျဟန္နမ်’ ငရဲမီးတွင် ဖုတ်မြှိုက်ခြင်းခံရအံ့။ [ထို့နောက် ထိုသူတို့၏နဖူးများ (သည်လည်းကောင်း၊) ထိုသူတို့၏နံဘေးများ(သည်လည်းကောင်း၊) ထိုသူတို့ ၏ကျောက်ကုန်းများ(သည်လည်းကောင်း၊) ယင်း (မီးဖုတ်�ားပြီးဖြစ်သော) ရွှေငွေဖြင့်တံဆိပ်ခတ်နှိပ် ခြင်းကိုခံကြရလတ္တံ့။] [(တနည်း) ထို့နောက်ထိုသူတို့၏ နဖူး၊ နံဘေးနှင့် ထိုသူတို့၏ကျောက်ကုန်း တို့သည်ယင်း(မီးဖုတ်ပြီးဖြစ်သော)ရွှေ၊ ငွေဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံကြရလတ္တံ့။] (ထို့ပြင် ၎င်းတို့အား ပြစ်ဒဏ်ပေးသော ‘မလာအီကဟ်’ ကောင်းကင်တမန်တို့က) ဤကား အသင်တို့သည်မိမိတို့အဖို့ သိုမှီးသိမ်းဆည်း၍ ထားရှိခဲ့ကြသည့် (ရတနာ)များပင်တည်း။ သို့ဖြစ်ပေရာ (ယခု အသင်တို့သည် မိမိတို့ သိုမှီးသိမ်းဆည်းခြင်း(၏ပြစ်ဒဏ်)ကို မြည်းစမ်းကြလေ ကုန် (ဟုပြောဆိုကြလတ္တံ့)။
🎤 Your recording:
9:36
🔁 0/5
إِنَّ عِدَّةَ ٱلشُّهُورِ عِندَ ٱللَّهِ ٱثۡنَا عَشَرَ شَهۡرًا فِي كِتَٰبِ ٱللَّهِ يَوۡمَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ مِنۡهَآ أَرۡبَعَةٌ حُرُمٌۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُۚ فَلَا تَظۡلِمُواْ فِيهِنَّ أَنفُسَكُمۡۚ وَقَٰتِلُواْ ٱلۡمُشۡرِكِينَ كَآفَّةً كَمَا يُقَٰتِلُونَكُمۡ كَآفَّةًۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَعَ ٱلۡمُتَّقِينَ ٣٦
Inna `iddatash shuhoori `indal laahis naa `ashara shahran fee Kitaabil laahi yawma khalaqas samaawaati wal arda minhaaa arba`atun hurum; zaalikad deenul qaiyim; falaa tazlimoo feehinna anfusakum; wa qaatilul mushrikeena kaaaf fattan kamaa yuqaati loonakum kaaaffah; wa`lamooo annal laaha ma`al muttaqeen
ဧကန်စင်စစ် လများ၏ အရေအတွက်သည်အလ္လာဟ်အရှင်မြတ်၏ အထံတော်တွင် အလ္လာဟ် အရှင်မြတ်၏ကျမ်းတော်၌ လာရှိသည့်အတိုင်း မိုးကောင်းကင်များနှင့်ပထဝီမြေကို ထိုအရှင်မြတ် ဖန်ဆင်းတော်မူသည့်နေ့မှစ၍ဆယ့်နှစ်လမျှသာ ဖြစ်ချေသည်။ ၎င်း(ဆယ့်နှစ်လ)အနက်မှလေးလသည် ထူးမြတ်သောလများပင် ဖြစ်ကြပေသည်။ ဤသည် ဖြောင့်မတ် မှန်ကန်သော ‘ဒီန်’ သာသနာတော်က(ညွှန်ကြားပြသသောလမ်းစဉ်)ပင်ဖြစ်လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ၎င်း (လများ)နှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်ကိုနှိပ်စက်ကလူ မပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ‘မွတ်ရှ်ရစ်က်’ အားလုံးတို့ကို ၎င်းတို့သည် အသင်တို့အားလုံးတို့အားတိုက်ခိုက်ကြသကဲ့သို့ပင် တိုက်ခိုက်ကြလေကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတော်စင်အပေါင်းတို့နှင့်အတူ ရှိတော်မူကြောင်း အသင်တို့သည် ကောင်းစွာ မှတ်ယူကြလေကုန်။
🎤 Your recording:
9:37
🔁 0/5
إِنَّمَا ٱلنَّسِيٓءُ زِيَادَةٌ فِي ٱلۡكُفۡرِۖ يُضَلُّ بِهِ ٱلَّذِينَ كَفَرُواْ يُحِلُّونَهُۥ عَامًا وَيُحَرِّمُونَهُۥ عَامًا لِّيُوَاطِـُٔواْ عِدَّةَ مَا حَرَّمَ ٱللَّهُ فَيُحِلُّواْ مَا حَرَّمَ ٱللَّهُۚ زُيِّنَ لَهُمۡ سُوٓءُ أَعۡمَٰلِهِمۡۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ ٣٧
Innamma naseee`u ziyaadatun filkufri yudallu bihillazeena kafaroo yuhil loonahoo `aamanw wa yuhar rimoonahoo `aamalliyu watti`oo `iddata maa harramal laah; zuyyina lahum sooo`u a`maalihim; wallaahu laa yahdil qawmal kaafireen
လများကိုရွှေ့ဆိုင်းခြင်းသည် ကွဖ်ရ်သွေဖည်ငြင်းငြင်းပယ်မှု၌ တိုးတက်ခြင်းသာဖြစ်၏။ ယင်း(ကဲ့သို့) ရွှေ့ဆိုင်းထားခြင်းအားဖြင့် ‘ကာဖိရ်’မယုံကြည်သွေ ဖည်ငြင်းပယ်သောသူတို့သည် လမ်းမှားသို့ ရောက်စေ ခြင်းကို ခံကြရလေသည်။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်တော်မူခဲ့သော (လများ၏)အရေအတွက်နှင့် ကိုက်ညီစေခြင်းငှာ ယင်း ရွှေ့ဆိုင်းထားသောလကို တစ်နှစ် ‘ဟလာလ်’ ပြုလုပ်၍ နောက်တစ်နှစ်တွင်မူ ‘ဟရာမ်’ ဟူ၍ ပြုလုပ်ကြလေသည်။သို့အားဖြင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍တားမြစ်တော်မူခဲ့သည့်(လ)ကို ‘ဟလာလ်’ ပြုကြကုန်သည်။၎င်းတို့၏မကောင်းမှုများသည် ၎င်းတို့(၏အမြင်)၌ လှပတင့်တယ်စွာရှိနေကြချေပြီ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သော သူတို့အား တရားလမ်းမှန်ကိုပြတော်မူသည်မဟုတ်ပေ။(ရကူ)
🎤 Your recording:
9:38
🔁 0/5
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ مَا لَكُمۡ إِذَا قِيلَ لَكُمُ ٱنفِرُواْ فِي سَبِيلِ ٱللَّهِ ٱثَّاقَلۡتُمۡ إِلَى ٱلۡأَرۡضِۚ أَرَضِيتُم بِٱلۡحَيَوٰةِ ٱلدُّنۡيَا مِنَ ٱلۡأٓخِرَةِۚ فَمَا مَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَا فِي ٱلۡأٓخِرَةِ إِلَّا قَلِيلٌ ٣٨
Yaaa aiyuhal lazeena aamanoo maa lakum izaa qeela lakumun firoo fee sabeelil laahis saaqaltum ilal ard; aradeetum bilhayaatid dunyaa minal Aakhirah; famaa ma taaul hayaatiddunyaa fil Aakhirati illaa qaleel
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့အား ‘အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) ထွက်ကြလေကုန်’ ဟု ပြောဆိုသောအခါ အသင်တို့သည် မည်သည့်အတွက်ကြောင့် မြေကြီးဘက်သို့ လေးလံစွာ ထိုင်နေကြကုန်သတည်း။(ဝါ)(လေးသွားကြသနည်း)။ အသင်တို့သည် (ဤ)မျက်မှောက် လောကီဘဝ၏ (စည်းစိမ်ချမ်းသာများ)ကို နောင်တမလွန်ဘဝ၏(စည်းစိမ်ချမ်းသာများ)ထက် နှစ်သက်ကြလေပြီလော။ သို့ဖြစ်ပါမူ (ဤ)ပစ္စက္ခမျက်မှောက်ဘဝ၏ စည်းစိမ်ချမ်းသာသည်နောင်တမလွန်ဘဝ၏(စည်းစိမ်ချမ်းသာ)နှင့် နှိုင်းလျှင် အနည်းငယ်မျှသာ ဖြစ်ကြောင်း၊ (အသင်တို့သည် ကောင်းစွာ��ှတ်ယူကြလေကုန်)။
🎤 Your recording:
9:39
🔁 0/5
إِلَّا تَنفِرُواْ يُعَذِّبۡكُمۡ عَذَابًا أَلِيمًا وَيَسۡتَبۡدِلۡ قَوۡمًا غَيۡرَكُمۡ وَلَا تَضُرُّوهُ شَيۡـًٔاۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٣٩
Illaa tanfiroo yu`az zibkum `azaaban aleemanw wa yastabdil qawman ghairakum wa laa tadurroohu shai`aa; wal laahu `alaa kulli shai`in Qadeer
အကယ်၍ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်) မထွက်ကြပါလျှင်၊ ထိုအရှင်မြတ်သည် အသင်တို့အား နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ပေးတော်မူအံ့။ ထိုမှတစ်ပါးလည်း ထိုအရှင်မြတ်သည် အသင်တို့အစား အခြားလူမျိုးတစ်မျိုးကိုလဲလှယ်(ဖန်ဆင်း)တော်မူအံ့။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်အား အနည်းငယ်စိုးစဉ်းမျှလည်း အကျိုးယုတ်စေနိုင်ကြမည် မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် သည်အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:40
🔁 0/5
إِلَّا تَنصُرُوهُ فَقَدۡ نَصَرَهُ ٱللَّهُ إِذۡ أَخۡرَجَهُ ٱلَّذِينَ كَفَرُواْ ثَانِيَ ٱثۡنَيۡنِ إِذۡ هُمَا فِي ٱلۡغَارِ إِذۡ يَقُولُ لِصَٰحِبِهِۦ لَا تَحۡزَنۡ إِنَّ ٱللَّهَ مَعَنَاۖ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَيۡهِ وَأَيَّدَهُۥ بِجُنُودٍ لَّمۡ تَرَوۡهَا وَجَعَلَ كَلِمَةَ ٱلَّذِينَ كَفَرُواْ ٱلسُّفۡلَىٰۗ وَكَلِمَةُ ٱللَّهِ هِيَ ٱلۡعُلۡيَاۗ وَٱللَّهُ عَزِيزٌ حَكِيمٌ ٤٠
Illaa tansuroohu faqad nasarahul laahu iz akhrajahul lazeena kafaroo saaniyasnaini iz humaa filghaari iz yaqoolu lisaahibihee la tahzan innnal laaha ma`anaa fa anzalallaahu sakeenatahoo `alaihi wa aiyadahoo bijunoodil lam tarawhaa wa ja`ala kalimatal lazeena kafarus suflaa; wa Kalimatul laahi hiyal `ulyaa; wallaahu `Azeezun Hakeem
အကယ်၍ အသင်တို့သည် ထို(နဗီတမန်တော်)အား မကူညီမယိုင်းပင်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ကို ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူများက ၎င်းအား (မက္ကာမြို့မှ) နှင့်ထုတ်ကြစဉ် ၎င်း (နဗီတမန်တော်)သည် နှစ်ယောက်အနက်ဒုတိယဖြစ်ခဲ့စဉ် ၎င်းတို့ နှစ်ဦးဂူထဲ၌ရှိနေကြစဉ် ထိုတမန်တော်က မိမိအဖော်အား အသင်မပူပါလေနှင့်၊ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ငါတို့နှင့်အတူ ရှိတော်မူသည် ဟု ပြောဆို၍ရှိနေစဉ် ကူညီမိုင်းမတော်မူခဲ့လေသည်။ ထိုအချိန်အခါဝယ်အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်မှ (စိတ်)တည်ငြိမ်မှုကို၎င်း(နဗီတမန်တော်) ၏အပေါ်၌ ချပေးသနားတော်မူခဲ့၏။ထိုမှတစ်ပါးလည်း ၎င်း(နဗီတမန်တော်)အား အသင်တို့မမြင်ခဲ့ကြရသော စစ်သည်ဗိုလ်ခြေများဖြင့် ကူညီအားပေး ထောက်မတော်မူခဲ့လေ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏စကားကို နိမ့်ကျစေတော်မူခဲ့လေ၏။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်၏စကားတော်မှာမူကား အမြင့်ဆုံး အထက်ဆုံးဖြစ်ခဲ့ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တန်ခိုးကြီးမားတော်မူသော အရှင်၊ ဉာဏ်အမြော်အမြင် နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါပေသတည်း။
🎤 Your recording:
9:41
🔁 0/5
ٱنفِرُواْ خِفَافًا وَثِقَالًا وَجَٰهِدُواْ بِأَمۡوَٰلِكُمۡ وَأَنفُسِكُمۡ فِي سَبِيلِ ٱللَّهِۚ ذَٰلِكُمۡ خَيۡرٌ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ٤١
Infiroo khifaafanw wa siqaalanw wa jaahidoo bi amwaalikum wa anfusikum fee sabeelil laah; zaalikum khairul lakum in kuntum ta`lamoon
အသင်တို့သည် ပေါ့ပါးစွာ လည်းကောင်း၊ လေးလံစွာလည်းကောင်း၊ (သန်စွမ်းသည်ဖြစ်စေ၊ မသန်စွမ်းသည်ဖြစ်စေ၊ ဝဖြိုးသည်ဖြစ်စေ၊ ပိန်ချုံးသည်ဖြစ်စေ၊ နုပျိုသည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ ရွှင်လန်းသည်ဖြစ်စေ၊ ပျင်းရိသည်ဖြစ်စေ၊ ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲ နွမ်းပါးသည်ဖြစ်စေ၊ ခရီးသွားရန် အစီးအနင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အားလပ်ခွင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) မိမိတို့အိမ်များမှ(စစ်ချီ)ထွက်ကြ၍အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ကြလေကုန်။ ဤသည် အကယ်၍ အသင်တို့သိတတ် ကြပါလျှင် အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသတည်း။
🎤 Your recording:
9:42
🔁 0/5
لَوۡ كَانَ عَرَضًا قَرِيبًا وَسَفَرًا قَاصِدًا لَّٱتَّبَعُوكَ وَلَٰكِنۢ بَعُدَتۡ عَلَيۡهِمُ ٱلشُّقَّةُۚ وَسَيَحۡلِفُونَ بِٱللَّهِ لَوِ ٱسۡتَطَعۡنَا لَخَرَجۡنَا مَعَكُمۡ يُهۡلِكُونَ أَنفُسَهُمۡ وَٱللَّهُ يَعۡلَمُ إِنَّهُمۡ لَكَٰذِبُونَ ٤٢
Law kaana `aradan qareebanw wa safaran qaasidal lattaba`ooka wa laakim ba`udat `alaihimush shuqqah; wa sayahlifoona billaahi lawis tata`naa lakharajnaa ma`akum; yuhlikoona anfusahum wal laahu ya`lamu innahum lakaa ziboon
အကယ်၍သာ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုရုတ်တရက် လွယ်ကူစွာရရှိမည်ဖြစ်သည့်ပြင် (ခရီး သည်လည်း)မနီးမဝေး အလယ်အလတ်ခရီးပင်ဖြစ်ခဲ့မူ၊ ၎င်းတို့သည် အသင်၏နောက်သို့ အမှန်ပင် လိုက်ခဲ့ကြမည်သာတည်း။ သို့ရာတွင်(ယခုသော်ကား) ၎င်းတို့(အမြင်)၌ ခရီးသည် ကမ်းလှမ်းဝေးကွာ၍ ရှိနေခဲ့ပေရာ ၎င်းတို့သည် အသင်၏ နောက်သို့ မလိုက်ပဲနေရစ်ခဲ့ကြလေသည်။ ထိုမှတစ်ပါး မကြာမြင့်မီ ၎င်းတို့သည်(အသင်တို့ရှေ့ဝယ်) အကယ်၍သာ ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ခဲ့ကြလျှင် အသင်တို့နှင့်အတူ ထွက်ခဲ့ကြမည် အမှန်ပင်ဟုအလ္လာဟ်အရှင်မြတ်�ားတိုင်တည်၍ ပြောဆို ကြဦးမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ဖျက်ဆီးလျက် ရှိကြပေသည်။ အမှန်စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့မုသာဝါဒီများ ဖြစ်ကြောင်းကို ကောင်းစွာ သိရှိတော်မူပေသတည်း။ (တနည်း)(ရကူ-12)တနည်း။ အကယ်၍သာ အလွယ်တကူ ဥစ္စာပစ္စည်းတစ်စုံတစ်ရာရရှိမည်ဖြစ်သော် သွားလာရမည့် ခရီးသည်လည်းသာမန်သာဖြစ်သော် ယင်း(မုနာဖစ်က်)တို့သည် ဧကန်မုချအသင်နှင့်အတူတကွ လိုက်ခဲ့ကြမည်ဖြစ်သည်။ သို့ရာတွင်(ယခုမူ)ခရီးသည် ၎င်းတို့(အမြင်)၌ ဝေးကွာကမ်းလှမ်း၍ နေချေ၏။ (ထို့အတွက်ကြောင့်ပင် ၎င်းတို့သည် စစ်ပွဲသို့ မလိုက်ပါပဲ နောက်တွင်ထိုင်နေခဲ့ကြ၏။) မကြာမြင့်မီ(အသင်မုစ်လင်မ်တို့ စစ်ပွဲမှပြန်လာကြသောအခါ) ယင်း(မုနာဖစ်က်)တို့သည် (အသင်တို့ရှေ့ဝယ် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍) အကယ်၍ ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ခဲ့ကြပါလျှင်အသင်တို့နှင့်အတူ မုချ ထွက်ခဲ့ကြမည်သာဖြစ်ပါသည် ဟုပြောဆိုကြဦးမည်ဖြစ်သည်။ ယင်း(မုနာဖစ်က်)များသည် မိမိတို့ကိုယ်ကိုသာ ဖျက် ဆီးလျက်ရှိကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ယင်း(မုနာဖစ်က်)များ မုချဧကန် မုသားပြောဆိုသူများဖြစ်ကြသည်ကို ကောင်းစွာသိရှိတော်မူသည်။
🎤 Your recording:
9:43
🔁 0/5
عَفَا ٱللَّهُ عَنكَ لِمَ أَذِنتَ لَهُمۡ حَتَّىٰ يَتَبَيَّنَ لَكَ ٱلَّذِينَ صَدَقُواْ وَتَعۡلَمَ ٱلۡكَٰذِبِينَ ٤٣
Afal laahu `anka lima azinta lahum hattaa yatabai yana lakal lazeena sadaqoo wa ta`lamal kaazibeen
(အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ် သည်အသင့်အား ခွင့်လွှတ်တော်မူခဲ့ချေပြီ။ (သို့ရာ တွင်) အသင့်အဖို့(ထိုသူတို့အနက်) မှန်ကန်စွာ ပြောဆိုသောသူတို့သည် ထင်ရှားခြင်း မရှိသေးမီလည်းကောင်း၊ (ထိုသူတို့အနက်မှ) မုသာဝါဒီများကို အသင်မသိသေးမီလည်းကောင်း၊ အသင်သည် မည်သည့်အတွက် ထိုသူတို့အား (စစ်ချီတက်ရာသို့ မလိုက်ပဲ နေရစ်ခဲ့ကြရန်) ခွင့်ပြုခဲ့ပါသနည်း။
🎤 Your recording:
9:44
🔁 0/5
لَا يَسۡتَـٔۡذِنُكَ ٱلَّذِينَ يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ أَن يُجَٰهِدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۗ وَٱللَّهُ عَلِيمُۢ بِٱلۡمُتَّقِينَ ٤٤
Laa yastaazinukal lazeena yu`minoona billaahi wal Yawmil Aakhiri ai yujaa hidoo bi amwaalihim wa anfusihim; wallaahu `aleemum bilmut taqeen
အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို သက်ဝင်ယုံကြည်သောသူတို့ကား၊ မိမိတို့၏ဥစ္စာ ပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းမှထိုင်နေကြရန် (မည်သည့်အခါ၌မျှ) အသင့်ထံ ခွင့်ပန်ကြမည်မဟုတ်ပေ။ စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သောသူတော်စင်တို့အား ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:45
🔁 0/5
إِنَّمَا يَسۡتَـٔۡذِنُكَ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَٱرۡتَابَتۡ قُلُوبُهُمۡ فَهُمۡ فِي رَيۡبِهِمۡ يَتَرَدَّدُونَ ٤٥
Innamaa yastaazinukal lazeena laa yu`minoona billaahi wal Yawmil Aakhiri wartaabat quloobuhum fahum fee raibihim yataraddadoon
အကြင်သူတို့သည်သာလျှင် အသင့်ထံခွင့်ပန်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊နောက်ဆုံးနေ့ကိုလည်းကောင်း၊ မယုံကြည်ကြသည့်ပြင် ၎င်းတို့၏စိတ်နှလုံးများသည်လည်း (အစ္စလာမ်နှင့်စပ်လျဉ်း၍) ဒွိဟသံသယ၌ပင် တစ်ဝဲလည်လည် ရှိကြကုန်သတည်း။
🎤 Your recording:
9:46
🔁 0/5
۞ وَلَوۡ أَرَادُواْ ٱلۡخُرُوجَ لَأَعَدُّواْ لَهُۥ عُدَّةً وَلَٰكِن كَرِهَ ٱللَّهُ ٱنۢبِعَاثَهُمۡ فَثَبَّطَهُمۡ وَقِيلَ ٱقۡعُدُواْ مَعَ ٱلۡقَٰعِدِينَ ٤٦
Wa law araadul khurooja la-`addoo lahoo `uddatanw wa laakin karihal laahum bi`aasahum fasabbatahum wa qeelaq `udoo ma`al qaa`ideen
စင်စစ်တမူကား အကယ်၍သာ ၎င်းတို့သည်(အသင်တို့နှင့်အတူ စစ်တလင်းသို့) ထွက်ကြရန် ရည်စူးခဲ့ကြပါလျင်၊ မုချဧကန် ၎င်းတို့သည် ထွက်ရန်အလို့ငှာ တစ်စုံတစ်ရာပြင်ဆင်မှု အသင့်ပြုလုပ်ထားရှိ ကြပေမည်။ သို့ရာတွင်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ (စစ်တလင်းသို့လိုက်ပါ) သွားခြင်းကို မနှစ်မြို့တော်မူခဲ့ချေ။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အား နေမြဲနေစေတော်မူခဲ့လေသည်။ ၎င်းပြင်(အလ္လာဟ်အရှင်မြတ်အထံတော်မှ ထိုသူတို့အား) အသင်တို့သည် ကျန်ရစ်ခဲ့သောသူတို့နှင့်အတူ၊ ထိုင်၍ ပင် ကျန်ရစ်ခဲ့ကြလေကုန် ဟု အမိန့်ရှိခဲ့လေသတည်း။
🎤 Your recording:
9:47
🔁 0/5
لَوۡ خَرَجُواْ فِيكُم مَّا زَادُوكُمۡ إِلَّا خَبَالًا وَلَأَوۡضَعُواْ خِلَٰلَكُمۡ يَبۡغُونَكُمُ ٱلۡفِتۡنَةَ وَفِيكُمۡ سَمَّٰعُونَ لَهُمۡۗ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ ٤٧
Law kharajoo feekum maa zaadookum ilaa Khabaalanw wa la awda`oo khilaalakum yabghoona kumul fitnata wa feekum sammaa`oona lahum; wallaahu `aleemum biz zaalimeen
အကယ်၍ ထိုသူတို့သည် အသင်တို့တွင် ပါဝင်၍ ထွက်ခဲ့ကြသည်ရှိသော် ၎င်းတို့သည် ပျက်စီးရာပျက်စီးကြောင်းမှအပ အသင်တို့၌ မည်သည့်တစ်စုံတစ်ရာကိုမျှတိုးပွားစေ�ဲ့ကြမည် မဟုတ်ပေ။ ၎င်းပြင် ဧကန်မုချ ထိုသူတို့သည် အသင်တို့အကြားတွင် အနှောင့်အယှက်ဖြစ်စေရန်လူးလာပြန်ခတ် သွားချေလာချေ ပြုလုပ်ကြမည်သာတည်း။ထို့ပြင် (ယခုလည်း) အသင်တို့တွင် ၎င်းတို့၏ သတင်းထောက်လှမ်းသူများ (သူလျှိုများ) ရှိကြကုန်၏။ စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် မတရားမှုပြုသော သူတို့အားကောင်းစွာ သိရှိတော်မူပေသတည်း။
🎤 Your recording:
9:48
🔁 0/5
لَقَدِ ٱبۡتَغَوُاْ ٱلۡفِتۡنَةَ مِن قَبۡلُ وَقَلَّبُواْ لَكَ ٱلۡأُمُورَ حَتَّىٰ جَآءَ ٱلۡحَقُّ وَظَهَرَ أَمۡرُ ٱللَّهِ وَهُمۡ كَٰرِهُونَ ٤٨
Laqadib taghawul fitnata min qablu wa qallaboo lakal umoora hattaa jaaa`al haqqu wa zahara amrul laahi wa hum kaarihoon
ဧကန်စင်စစ် ၎င်းတို့သည် ယခင်ကလည်း(အသင်တို့အား အုဟုဒ် အစရှိသော စစ်ပွဲများတွင်) အနှောင့်အယှက် ဖြစ်စေခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် [အသင်၏အရေးကိစ္စများကို ကပြောင်းကပြန် ပြုလုပ်ခဲ့ကြလေသည်။]နောက်ဆုံးတွင်မူ ၎င်းတို့မနှစ်မြို့ကြသော်လည်း အမှန်တရားသည် ရောက်လာခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်လည်း ထင်ရှားလာခဲ့လေသတည်း။
🎤 Your recording:
9:49
🔁 0/5
وَمِنۡهُم مَّن يَقُولُ ٱئۡذَن لِّي وَلَا تَفۡتِنِّيٓۚ أَلَا فِي ٱلۡفِتۡنَةِ سَقَطُواْۗ وَإِنَّ جَهَنَّمَ لَمُحِيطَةُۢ بِٱلۡكَٰفِرِينَ ٤٩
Wa minhum mai yaqoolu` zal lee wa laa taftinneee; alaa fil fitnati saqatoo; wa inna Jahannama lamuheetatum bil kaafireen
၎င်းပြင် ထို(ကျန်ရစ်ခဲ့)သူ (မုနာဖစ်က်)တို့ တွင်ကျွန်ုပ်အား (စစ်တလင်းသို့ မလိုက်ပါပဲ အိမ်တွင် နေရစ်ခဲ့ရန်)ခွင့်ပေးပါ၊ ထို့ပြင် အသင်သည် ကျွန်ုပ်အား မဖျက်ဆီးပါနှင့်ဟူ၍ ပြောဆိုသူလည်း ရှိပေသေး၏။ ၎င်းတို့သည် ပျက်စီးမှု၌ကျဆင်းခဲ့ပြီး ဖြစ်ကြသည်ကို (အသင်တို့သည်) ကောင်းစွာမှတ်ယူ ကြလေကုန်။ ထိုမှတစ်ပါး(နောင်တမလွန်ဘဝတွင်လည်း) ဂျဟန္နမ်ငရဲဘုံသည် ၎င်းတို့အား ဝန်းရံလျက် ရှိချေအံ့သတည်း။
🎤 Your recording:
9:50
🔁 0/5
إِن تُصِبۡكَ حَسَنَةٌ تَسُؤۡهُمۡۖ وَإِن تُصِبۡكَ مُصِيبَةٌ يَقُولُواْ قَدۡ أَخَذۡنَآ أَمۡرَنَا مِن قَبۡلُ وَيَتَوَلَّواْ وَّهُمۡ فَرِحُونَ ٥٠
in tusibka hasanatun tasu`hum; wa in tusibka museebatuny yaqooloo qad akhaznaaa amranaa min qablu wa yatawallaw wa hum farihoon
အကယ်၍ အသင့်၌ ကောင်းမွန်သောအခြေအနေ တစ်စုံတစ်ရာ ဆိုက်ရောက်သည်ရှိသော် ထိုကောင်းမွန်သော အခြေအနေသည် ၎င်းတို့အား ပူပင်သောက ဖြစ်စေ၏။သို့ရာတွင် အကယ်၍ အသင်၌ ဘေးအန္တရာယ် တစ်စုံတစ်ရာဆိုက်ရောက်သည်ရှိမူ၊ ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည်မိမိတို့၏ အရေးကိစ္စကို ယခင်ကပင်တင်ကူး၍ စီမံခဲ့ပြီးဖြစ်သည် ဟု ပြောဆိုကာ ဝမ်းမြောက်ပျော်ရွှင်စွာ ပြန်လှည့် သွားလေ့ ရှိကြကုန်သတည်း။
🎤 Your recording:
9:51
🔁 0/5
قُل لَّن يُصِيبَنَآ إِلَّا مَا كَتَبَ ٱللَّهُ لَنَا هُوَ مَوۡلَىٰنَاۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ٥١
Qul lany-yuseebanaaa illaa maa katabal laahu lanaa Huwa mawlaanaa; wa `alal laahi falyatawak kalimu `minoon
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့နှင့် ပတ်သက်၍ စီရင်ရေးသားတော်မူခဲ့သည့်မှအပ အခြားမည်သည့် တစ်စုံတစ်ရာမျှ အကျွန်ုပ်တို့၌ အလျင်း ဆိုက်ရောက်နိုင်မည် မဟုတ်ပေ။ ထိုအရှင်မြတ်သည် အကျွန်ုပ်တို့၏အရှင်သခင် ဖြစ်တော်မူသည်။ သို့ဖြစ်ပေရာ မုအ်မင်န်သက်ဝင်ယုံကြည်သောသူတို့သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ လွှဲအပ်ကြရာကုန်သတည်း။
🎤 Your recording:
9:52
🔁 0/5
قُلۡ هَلۡ تَرَبَّصُونَ بِنَآ إِلَّآ إِحۡدَى ٱلۡحُسۡنَيَيۡنِۖ وَنَحۡنُ نَتَرَبَّصُ بِكُمۡ أَن يُصِيبَكُمُ ٱللَّهُ بِعَذَابٍ مِّنۡ عِندِهِۦٓ أَوۡ بِأَيۡدِينَاۖ فَتَرَبَّصُوٓاْ إِنَّا مَعَكُم مُّتَرَبِّصُونَ ٥٢
Qul hal tarabbasoona binaaa illaaa ihdal husnayayni wa nahnu natrabbasu bikum ai yus eebakumul laahu bi`azaa bim min `indiheee aw biaidee naa fatarabbasooo innaa ma`akum mutarabbisoon
အို-နဗီတမန်တော်အသင်သည် (4င်းတို့အားဤဤသို့)ပြောကြားပါလေ။ ဟယ်-(အချင်းတို့) အသင်တို့သည်အကျွန်ုပ်တို့နှင့်ပတ်သက်၍ ကောင်းမြတ်သော အကြောင်းအရာနှစ်ခုအနက် တခုမှတစ်ပါး အခြားတစ်စုံတစ်ရာကို စောင့်မျှော်၍နေကြသလော။ စင်စစ်သော်ကား အကျွန်ုပ်တို့သည်အသင်တို့နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှဖြစ်စေ၊ အကျွန်ုပ်တို့၏လက်များဖြင့်ဖြစ်စေ၊ အသင်တို့၌ပြစ်ဒဏ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူရန် စောင့်မျှော်လျက် ရှိကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍ နေကြလေကုန်။ အကျွန်ုပ်တို့သည်လည်း (မိမိတို့အနေနှင့်) အသင်တို့နှင့်အတူ စောင့်မျှော်လျက်ပင် ရှိကြပေသည်။
🎤 Your recording:
9:53
🔁 0/5
قُلۡ أَنفِقُواْ طَوۡعًا أَوۡ كَرۡهًا لَّن يُتَقَبَّلَ مِنكُمۡ إِنَّكُمۡ كُنتُمۡ قَوۡمًا فَٰسِقِينَ ٥٣
Qul anfiqoo taw`an aw karhal lany yutaqabbala min kum innakum kuntum qawman faasiqeen
(အို-နဗီတမန်တော်) အသင်သည် (၎င်းမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါဦးလေ။ အသင် တို့သည်သဒ္ဓါကြည်ဖြူစွာဖြစ်စေ၊ သို့တည်းမဟုတ် သဒ္ဓါကြည်ဖြူခြင်းမရှိပဲလျက်ဖြစ်စေ၊ ပေးကမ်းသုံးစွဲ ကြ�ေကုန်။ (သို့ရာတွင်)ထိုသုံးစွဲမှုသည် (အလ္လာဟ်အရှင်မြတ်ထံတော်၌) အသင်တို့ထံမှသဘောတူတော်မူခြင်းကို အလျင်း ခံရလိမ့်မည်မဟုတ်ပေ။အကြောင်းသော်ကား အသင်တို့သည် (အမိန့်တော်ကို)သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။
🎤 Your recording:
9:54
🔁 0/5
وَمَا مَنَعَهُمۡ أَن تُقۡبَلَ مِنۡهُمۡ نَفَقَٰتُهُمۡ إِلَّآ أَنَّهُمۡ كَفَرُواْ بِٱللَّهِ وَبِرَسُولِهِۦ وَلَا يَأۡتُونَ ٱلصَّلَوٰةَ إِلَّا وَهُمۡ كُسَالَىٰ وَلَا يُنفِقُونَ إِلَّا وَهُمۡ كَٰرِهُونَ ٥٤
Wa maa mana`ahum an tuqbala minhum nafaqaatuhum illaaa annnahum kafaroo billaahi wa bi Rasoolihee wa laa yaatoonas Salaata illaa wa hum kusaalaa wa laa yunfiqoona illaa wa hum kaarihoon
စင်စစ်သော်ကား ယင်း(မုနာဖစ်က်)တို့ထံမှ ၎င်းတို့၏ အလှုပစ္စည်းများကို သဘောတူလက်ခံတော် မူခြင်းမှအလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ၎င်းတို့၏သွေဖည်ခြင်းမှအပါး အခြားမည်သည့်အရာကမျှ မြစ်တားခဲ့သည်မဟုတ်ပေ။ ထို့ပြင် 4င်းတို့သည် ပျင်းရိစွာမှအပ ဆွလာတ်ဝတ်ပြုကြသည်လည်း မရှိချေ။ ထိုနည်းတူစွာ၎င်းတို့သည် မနှစ်မြို့သော သူများအဖြစ်မှတစ်ပါး လှူဒါန်းသုံးစွဲကြသည်လည်း မရှိပေ။
🎤 Your recording:
9:55
🔁 0/5
فَلَا تُعۡجِبۡكَ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُمۡۚ إِنَّمَا يُرِيدُ ٱللَّهُ لِيُعَذِّبَهُم بِهَا فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَتَزۡهَقَ أَنفُسُهُمۡ وَهُمۡ كَٰفِرُونَ ٥٥
Falaa tu`jibka amwaaluhum wa laaa awlaaduhum; innamaa yureedul laahu liyu`az zibahum bihaa fil hayaatid dunyaa wa tazhaqa anfusuhum wa hum kaafiroon
သို့ဖြစ်ပေရာ ထို(မုနာဖစ်က်) တို့၏ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ ထိုသူတို့၏သားသမီး များသည်လည်းကောင်း၊ အသင့်အား အံ့အားမသင့်စေရ။ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာပစ္စည်းနှင့် သားသမီးတို့အားဖြင့် ထိုသူတို့အား ပစ္စုပ္ပန်လောကီဘဝတွင် ပြစ်ဒဏ်ပေးတော်မူရန်နှင့်၎င်းတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူများအဖြစ်နှင့် ၎င်းတို့၏ အသက်ဇီဝိန်များ ထွက်သွားရန်သာလျှင် ရည်စူးတော်မူလေသတည်း။
🎤 Your recording:
9:56
🔁 0/5
وَيَحۡلِفُونَ بِٱللَّهِ إِنَّهُمۡ لَمِنكُمۡ وَمَا هُم مِّنكُمۡ وَلَٰكِنَّهُمۡ قَوۡمٌ يَفۡرَقُونَ ٥٦
Wa yahlifoona billaahi innnahum laminkum wa maa hum minkum wa laakinnahum qawmuny yafraqoon
ထိုမှတစ်ပါး ယင်း(မုနာဖစ်က်)တို့သည် ဧကန်စင်စစ် အသင်တို့အနက်မှ ဖြစ်ကြသည်ဟူ၍ အလ္လာဟ်အရှင်မြတ်အားတိုင်တည်ကာ ကျိန်ဆိုကြလေသည်။ အမှန်သော်ကား၎င်းတို့သည် အသင်တို့အနက်မှ မဟုတ်ကြချေ။ သို့ရာတွင်၎င်းတို့သည် သူရဲဘောနည်း သတ္တိကြောင်သူများသာ ဖြစ်ကြကုန်သတည်း။
🎤 Your recording:
9:57
🔁 0/5
لَوۡ يَجِدُونَ مَلۡجَـًٔا أَوۡ مَغَٰرَٰتٍ أَوۡ مُدَّخَلًا لَّوَلَّوۡاْ إِلَيۡهِ وَهُمۡ يَجۡمَحُونَ ٥٧
Law yajidoona malja`an aw maghaaraatin aw mudda khalal lawallaw ilaihi wa hum yajmahoon
အကယ်၍သာ ထို (မုနာဖစ်က်) တို့သည် ခိုကိုးရာနေရာ တစ်ခုခုကိုသော်လည်းကောင်း၊ ဥမင်လိုဏ်ခေါင်းများကိုသော်လည်းကောင်း၊ ဝင်ရောက်(ပုန်းအောင်း)ရန်နေ ရာတစ်ခုခုကိုသော်လည်းကောင်း၊ တွေ့ရှိကြပါ လျှင် ၎င်းတို့သည်ထိုနေရာသို့ ဦးခေါင်းမော့ကာ တစ်ဟုန် တည်း တွန်းထိုးကာထွက်ပြေး (ဝင်ရောက်ပုန်းအောင်း) ကြမည် သာတည်း။
🎤 Your recording:
9:58
🔁 0/5
وَمِنۡهُم مَّن يَلۡمِزُكَ فِي ٱلصَّدَقَٰتِ فَإِنۡ أُعۡطُواْ مِنۡهَا رَضُواْ وَإِن لَّمۡ يُعۡطَوۡاْ مِنۡهَآ إِذَا هُمۡ يَسۡخَطُونَ ٥٨
Wa minhum mai yalmizuka fis sadaqaati fa-in u`too minhaa radoo wa illam yu`taw minhaaa izaa hum yaskhatoon
ထို့ပြင် ယင်း(မုနာဖစ်က်)တို့တွင် အသင့်အားအလှူပစ္စည်းများနှင့်စပ်လျဉ်း၍ ကဲ့ရဲ့ပြစ်တင်ရှုတ်ချ သူများလည်းရှိကြသေး၏။ သို့ရာတွင် အကယ်၍ ထိုသူတို့သည် ယင်းအလှူပစ္စည်းများအနက်မှ (မိမိတို့ စိတ်တိုင်းကျ) ရရှိခဲ့ကြလျှင်ထိုသူတို့သည် ကျေနပ်ကြလေသည်။ သို့ရာတွင် အကယ်၍၎င်းတို့သည် ထိုအလှူပစ္စည်းများအနက်မှ (မိမိတို့ စိတ်တိုင်းကျ)မရရှိခဲ့ကြပါလျှင် ရုတ်တရက်အမျက်ထွက်ကြလေသတည်း။
🎤 Your recording:
9:59
🔁 0/5
وَلَوۡ أَنَّهُمۡ رَضُواْ مَآ ءَاتَىٰهُمُ ٱللَّهُ وَرَسُولُهُۥ وَقَالُواْ حَسۡبُنَا ٱللَّهُ سَيُؤۡتِينَا ٱللَّهُ مِن فَضۡلِهِۦ وَرَسُولُهُۥٓ إِنَّآ إِلَى ٱللَّهِ رَٰغِبُونَ ٥٩
Wa law annahum radoo maaa aataahumul laahu wa Rasooluhoo wa qaaloo hasbunal laahu wayu`teenallaahu min fadlihee wa Rasooluhooo innaaa ilallaahi raaghiboon
အမှန်သော်ကား အကယ်၍သာ ထိုသူတို့သည်မိမိတို့အား အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူသည်များအပေါ်၌ ကျေနပ်ခဲ့ကြပြီး ကျွန်ုပ်တို့အဖို့ အလ္လာဟ်အရှင်မြတ်သည်ပင် လုံလောက်တော်မူပေသည်။အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီ ကျွန်ုပ်တို့အား မိမိကျေးဇူးတော်ဖြင့် ချီးမြှင့်ပေးသနားတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်း (ကျွန်ုပ်တို့အား ထပ်မံ၍ပေးတော်မူဦးအံ့၊) ဧကန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် ဘက်သို့သာလျှင် တိမ်းယိမ်းညွှတ်ပြောင်းသူများဖြစ်ကြပါသည် ဟုပြောဆိုခဲ့ကြပါလျှင် ကောင်းလေစွ တကား။(ရကူ)
🎤 Your recording:
9:60
🔁 0/5
۞ إِنَّمَا ٱلصَّدَقَٰتُ لِلۡفُقَرَآءِ وَٱلۡمَسَٰكِينِ وَٱلۡعَٰمِلِينَ عَلَيۡهَا وَٱلۡمُؤَلَّفَةِ قُلُوبُهُمۡ وَفِي ٱلرِّقَابِ وَٱلۡغَٰرِمِينَ وَفِي سَبِيلِ ٱللَّهِ وَٱبۡنِ ٱلسَّبِيلِۖ فَرِيضَةً مِّنَ ٱللَّهِۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ٦٠
Innamas sadaqaatu lilfuqaraaa`i walmasaakeeni wal `aamileena `alaihaa wal mu`al lafati quloobuhum wa fir riqaabi walghaarimeena wa fee sabeelil laahi wabnis sabeeli fareedatam minal laah; wal laahu `Aleemun Hakeem
မုချဧကန် ဇကာတ်သည် ဆင်းရဲနွမ်းပါးသူတို့အဖို့လည်းကောင်း၊ ပစ္စည်းမဲ့များအဖို့လည်းကောင်း၊ ဇကာတ်နှင့်စပ်လျဉ်းသော ကိစ္စအဝဝကိုဆောင်ရွက်သည့် အမှုထမ်းများအဖို့လည်းကောင်း၊ အစ္စလာမ် သာသနာတော်၏တရားများကိုနှစ်�က်၍ သာသနာဘောင်တွင် ဝင်လိုသူများ၏စိတ်ကို နှစ်သိမ့်စေရန်အလို့ငှာလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှလွတ်မြောက်စေရန် လည်းကောင်း၊ မြီစားများအဖို့ လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ လည်းကောင်း၊(ဒုက္ခရောက်နေသော)ခရီးသည်များအဖို့လည်းကောင်းဖြစ်သည်။ဤသည်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ ပြဋ္ဌာန်းထားတော်မူသော ပညတ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။
🎤 Your recording:
9:61
🔁 0/5
وَمِنۡهُمُ ٱلَّذِينَ يُؤۡذُونَ ٱلنَّبِيَّ وَيَقُولُونَ هُوَ أُذُنٌۚ قُلۡ أُذُنُ خَيۡرٍ لَّكُمۡ يُؤۡمِنُ بِٱللَّهِ وَيُؤۡمِنُ لِلۡمُؤۡمِنِينَ وَرَحۡمَةٌ لِّلَّذِينَ ءَامَنُواْ مِنكُمۡۚ وَٱلَّذِينَ يُؤۡذُونَ رَسُولَ ٱللَّهِ لَهُمۡ عَذَابٌ أَلِيمٌ ٦١
Wa minhumul lazeena yu`zoonan nabiyya wa yaqooloona huwa uzun; qul uzunu khairil lakum yu`minu billaahi wa yu`minu lilmu mi neena wa rahmatul lillazeena aamanoo minkum; wallazeena yu`zoona Rasoolal laahi lahum `azaabun aleem
ထိုမှတစ်ပါး ၎င်းတို့တွင် အချို့သူများသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခပေးကြ၏။ ၎င်းပြင် ထိုနဗီတမန်တော်မြတ်သည် (မည်သည့်စကားမျိုးမဆို) နား ထောင်(၍ယုံစား)လေ့ရှိသည်ဟု ပြောဆိုကြ၏။(အို-နဗီတမန်တော်)အသင်သည် (4င်းတို့အားဤသို့)ပြောကြားပါ လေ။ (ဟယ်အချင်းတို့) အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်းများကိုသာ နားထောင်လေ့ရှိသည်။ ‘အလ္လာဟ်’အရှင်မြတ်အား ယုံကြည်သည်။ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများကိုလည်း (4င်းတို့ပြောကြားသော သတင်းစကားနှင့်စပ်လျဉ်း၍) ယုံကြည်ထောက်ခံလေသည်။ 4င်းအပြင် အသင်တို့အနက်မှ သက်ဝင်ယုံကြည်ကြကုန်သော သူတို့အဖို့ ကရုဏာတော်လည်းဖြစ်ချေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးကြသူတို့်အဖို့ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။
🎤 Your recording:
9:62
🔁 0/5
يَحۡلِفُونَ بِٱللَّهِ لَكُمۡ لِيُرۡضُوكُمۡ وَٱللَّهُ وَرَسُولُهُۥٓ أَحَقُّ أَن يُرۡضُوهُ إِن كَانُواْ مُؤۡمِنِينَ ٦٢
yahlifoona billaahi lakum liyurdookum wallaahu wa Rasooluhoo ahaqqu ai yurdoohu in kaanoo mu`mineen
ထိုသူတို့သည် အသင်တို့အား နှစ်သိမ့်ကျေနပ်စေအံ့သောငှာ အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ ကျိန်ဆိုကြလေသည်။ စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ ထိုသူတို့၏ ကျေနပ်စေခြင်းကိုပိုမို၍ပင် ခံထိုက်တော်မူပါပေ၏။
🎤 Your recording:
9:63
🔁 0/5
أَلَمۡ يَعۡلَمُوٓاْ أَنَّهُۥ مَن يُحَادِدِ ٱللَّهَ وَرَسُولَهُۥ فَأَنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدًا فِيهَاۚ ذَٰلِكَ ٱلۡخِزۡيُ ٱلۡعَظِيمُ ٦٣
Alam ya`lamooo annahoo mai yuhaadidillaaha wa Rasoolahoo faanna lahoo Naara jahannama khaalidan feehaa; zaalikal khizyul `Azeem
ဧကန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဆန့်ကျင်ဖက်ပြုပါလျှင် မလွဲဧကန် ထိုသူ၏အဖို့ ငရဲမီးသာလျှင်ရှိ၍ ထိုငရဲမီးတွင် ထာဝစဉ်နေထိုင်လျက်ရှိချေမည်။ ဤကား ကြီးကျယ်လှစွာသော ကျိုးယုတ်ရှက် ရစေခြင်းပင် ဖြစ်သည်ကို ထိုမုနာဖစ်က်များသည် (ယခုထက်တိုင်)မသိကြသေးသလော။
🎤 Your recording:
9:64
🔁 0/5
يَحۡذَرُ ٱلۡمُنَٰفِقُونَ أَن تُنَزَّلَ عَلَيۡهِمۡ سُورَةٌ تُنَبِّئُهُم بِمَا فِي قُلُوبِهِمۡۚ قُلِ ٱسۡتَهۡزِءُوٓاْ إِنَّ ٱللَّهَ مُخۡرِجٌ مَّا تَحۡذَرُونَ ٦٤
Yahzarul munaafiqoona an tunaz zala `alaihim Sooratun tunabbi `uhum bimaa feequloobihim; qulistahzi`oo innal laaha mukhrijum maa tahzaroon
မုနာဖစ်က် တို့သည် ထို ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အပေါ်၌ မိမိတို့၏ စိတ်နှလုံး တွင်းရှိသည်တို့ကိုထိုမုအ်မင်န်တို့အား သိကြားစေသောကဏ္ဍတစ်ခုခု ချပေးခြင်းခံရမည်ကို ကြောင့်ကြစိုးရိမ်လျက်ရှိကြလေသည်။ (အို-နဗီတမန်တော်) အသင်သည် (ထိုမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါလေ။ အသင်တို့သည် ပြက်ရယ်ပြောင်လှောင် နေကြကုန်၊ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ စိုးရိမ်လျက်ရှိကြသည်ကို ထုတ်ဖော်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:65
🔁 0/5
وَلَئِن سَأَلۡتَهُمۡ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلۡعَبُۚ قُلۡ أَبِٱللَّهِ وَءَايَٰتِهِۦ وَرَسُولِهِۦ كُنتُمۡ تَسۡتَهۡزِءُونَ ٦٥
Wala`in sa altahum layaqoolunna innamaa kunnaa nakhoodu wa nal`ab; qul abillaahi wa `Aayaatihee wa Rasoolihee kuntum tastahzi`oon
စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား စစ်ဆေးမေးမြန်းခဲ့ပါလျှင် ဧကန်မလွဲ ၎င်းတို့ကကျွန်ုပ်တို့သည် အပျော်အပျင်းပြေစကား ပြောဆိုလျက်သာရှိကြပါသည်၊ ၎င်းပြင် ကျွန်ုပ်တို့သည် ရယ်စရာပြောဆိုလျက်သာ ရှိကြပါသည် ဟု ဖြေကြားလတ္တံ့။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် အားလည်းကောင်း၊ ထိုအရှင်မြတ်၏အာယတ်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ပြက်ရယ်ပြောင်လှောင်ကြလေသလော။
🎤 Your recording:
9:66
🔁 0/5
لَا تَعۡتَذِرُواْ قَدۡ كَفَرۡتُم بَعۡدَ إِيمَٰنِكُمۡۚ إِن نَّعۡفُ عَن طَآئِفَةٍ مِّنكُمۡ نُعَذِّبۡ طَآئِفَةَۢ بِأَنَّهُمۡ كَانُواْ مُجۡرِمِينَ ٦٦
Laa ta`taziroo qad kafartum ba`da eemaanikum; in na`fu `an taaa`ifatim minkum nu`az zib taaa`ifatam bi annahum kaanoo mujrimeen
အသင်တို့သည် (အချည်းနှီး) အကြောင်း မပြုကြကုန်လင့်။ စင်စစ်ဧကန် အသင်တို့သည် မိမိတို့ အီမာန်သက်ဝင်ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြလေပြီ၊ အကယ်၍ ငါအရှင်မြတ်သည် အသင်တို့အနက် လူတစ်စုကို ခွင့်လွှတ်တော်မူငြားအံ့လည်း အခြားလူတစ်စုကိုမူကား ပြစ်ဒဏ် ပေးတော်မူမည်သာ ဖြစ်သည်။အကြောင်း သော်ကား ၎င်းတို့သည် ပြစ်မှု ထင်ရှားသောသူများဖြစ်ကြသောကြောင့်ပင်တည်း။(ရကူ)
🎤 Your recording:
9:67
🔁 0/5
ٱلۡمُنَٰفِقُونَ وَٱلۡمُنَٰفِقَٰتُ بَعۡضُهُم مِّنۢ بَعۡضٍۚ يَأۡمُرُونَ بِٱلۡمُنكَرِ وَيَنۡهَوۡنَ عَنِ ٱلۡمَعۡرُوفِ وَيَقۡبِضُونَ أَيۡدِيَهُمۡۚ نَسُواْ ٱللَّهَ فَنَسِيَهُمۡۚ إِنَّ ٱلۡمُنَٰفِقِينَ هُمُ ٱلۡفَٰسِقُونَ ٦٧
Almunaafiqoona wal munaafiqaatu ba`duhum mim ba`d; yaamuroona bilmunkari wa yanhawna `anil ma`roofi wa yaqbidoona aidiyahum; nasul laaha fanasiyahum; innal munaafiqeena humul faasiqoon
‘မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်သောယောက်ျား၊ မိန်းမတို့သည် တစ်မျိုးတစ်စားတည်းပင် ဖြစ်ကြကုန်၏။ ၎င်းတို့သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို အမိန့်ပေးကြလေသည်။ ထို့ပြင် ကောင်းမှုများမှ တားမြစ်ကြလေသည်။ထိုမှတစ်ပါး ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌သုံးစွဲခြင်းမပြုပဲ) မိမိတို့၏လက်များကို ဆုပ်ထားကြလေသည်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား မေ့လျော့ခဲ့ကြပေရာ၊ထိုအရှင်မြတ်သည်လည်း၊ ၎င်းတို့အား မေ့လျော့(ထား)တော်မူခဲ့လေသည်။ အကယ်စင်စစ်၊ မုနာဖစ်က်’မုစ်လင်မ်အယောင်ဆောင်’တို့သည် အမှန်တကယ် အမိန့်ကို သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။
🎤 Your recording:
9:68
🔁 0/5
وَعَدَ ٱللَّهُ ٱلۡمُنَٰفِقِينَ وَٱلۡمُنَٰفِقَٰتِ وَٱلۡكُفَّارَ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَاۚ هِيَ حَسۡبُهُمۡۚ وَلَعَنَهُمُ ٱللَّهُۖ وَلَهُمۡ عَذَابٌ مُّقِيمٌ ٦٨
Wa`adal laahul munafiqeena wal munaafiqaati wal kuffaara naara jahannnamma khaalideena feehaa; hiya hasbuhum; wa la`annahumul laahu wa lahum `azaabum muqeem
အလ္လာဟ်အရှင်မြတ်သည် ‘မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်သောယောက်ျား၊ မိန်းမ တို့အားလည်းကောင်း၊ ကာဖိရ်များအားလည်းကောင်း၊ ဂျဟန္နမ်ငရဲမီး(ထဲသို့လားစေတော်မူမည့်အကြောင်း) ကတိပြုထားတော်မူခဲ့လေသည်။ ၎င်းတို့သည် ထိုငရဲမီး၌ ထာဝစဉ်နေထိုင်လျက် ရှိကြလတ္တံ့။ ထိုငရဲမီးသည် ၎င်းတို့အား (ပြစ်ဒဏ်) ပေးရန် လုံလောက်တော်မူအံ့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူအံ့။ ထိုမှတစ်ပါး၎င်းတို့တွင် (ထိုအရှင်မြတ်၏ ကတိတော်အတိုင်း) ထာဝစဉ်တည်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။
🎤 Your recording:
9:69
🔁 0/5
كَٱلَّذِينَ مِن قَبۡلِكُمۡ كَانُوٓاْ أَشَدَّ مِنكُمۡ قُوَّةً وَأَكۡثَرَ أَمۡوَٰلًا وَأَوۡلَٰدًا فَٱسۡتَمۡتَعُواْ بِخَلَٰقِهِمۡ فَٱسۡتَمۡتَعۡتُم بِخَلَٰقِكُمۡ كَمَا ٱسۡتَمۡتَعَ ٱلَّذِينَ مِن قَبۡلِكُم بِخَلَٰقِهِمۡ وَخُضۡتُمۡ كَٱلَّذِي خَاضُوٓاْۚ أُوْلَٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۖ وَأُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ٦٩
Kallazeena min qablikum kaanoo ashadda minkum quwwatanw wa aksara amwaalanw wa awlaadan fastamta`oo bikhalaaqihim fastamta`tum bikhalaaqikum kamas tamta`al lazeena min qablikum bikhalaa qihim wa khudtum kallazee khaadooo; ulaaa`ika habitat a`maaluhum fid dunyaa wal Aakhirati wa ulaaa`ika humul khaasiroon
(အသင်တို့၏ အခြေအနေကား) အသင်တို့ အလျင်ရှေးအထက်ကျော်ကာလ၌ ရှိခဲ့ကြဖူးသော သူတို့(၏အခြေအနေ)ကဲ့သို့ပင်။ ၎င်းတို့သည် အသင်တို့ထက် ခွန်အားဗလအားဖြင့် ပိုမိုပြင်းထန်ကြသည့်အပြင် ဥစ္စာပစ္စည်းနှင့် သားသမီးအားဖြင့်လည်း (အသင်တို့ထက်) အလွန်များပြားခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့၏(လောကီ)ဝေစုဝေပုံဖြင့်(အစွမ်းကုန်)အကျိုးခံစားခဲ့ကြ လေသည်။ အသင်တို့သည် အသင်တို့အလျင် ရှိခဲ့ကြဖူးသောသူများက မိမိတို့၏(လောကီ)ဝေစုဝေပုံဖြင့်(အစွမ်းကုန်)အကျိုးခံစားခဲ့ကြသည့်နည်းတူ အသင်တို့သည်လည်း မိမိတို့၏ (လောကီ) ဝေစုဝေပုံဖြင့်(အစွမ်းကုန်) အကျိုးခံစားခဲ့ကြချေပြီ။ ထို့ပြင်၎င်းတို့သည်မကောင်းမှုတို့၌ ဝင်ရောက်ခဲ့ကြသည့်အလား အသင်တို့သည်လည်း မကောင်းမှုတို့၌ ဝင်ရောက်ခဲ့ကြလေသည်။ ဤသူများသည်ပင် အကြင်သူများပင်တည်း။ ထိုသူတို့၏အကျင့်အမူများသည် ပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ အချည်းအနှီးပင်ဖြစ်ခဲ့ကြချေပြီ။ ၎င်းပြင်ဤသူများသာလျှင် နစ်နာဆုံးရှုံးသောသူများ ဖြစ်ကြကုန်သတည်း။
🎤 Your recording:
9:70
🔁 0/5
أَلَمۡ يَأۡتِهِمۡ نَبَأُ ٱلَّذِينَ مِن قَبۡلِهِمۡ قَوۡمِ نُوحٍ وَعَادٍ وَثَمُودَ وَقَوۡمِ إِبۡرَٰهِيمَ وَأَصۡحَٰبِ مَدۡيَنَ وَٱلۡمُؤۡتَفِكَٰتِۚ أَتَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِۖ فَمَا كَانَ ٱللَّهُ لِيَظۡلِمَهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ٧٠
Alam yaatihim naba ul lazeena min qablihim qawmi Noohinw wa `Aadinw wa Samooda wa qawmi Ibraaheema wa ashaabi adyana walmu`tafikaat; atathum Rusuluhum bilbaiyinaati famaa kaanal laahu liyazlimahum wa laakin kaanooo anfusahum yazlimoon
ထို(မုနာဖစ်က်)များထံသို့ ၎င်းတို့အလျငရှိခဲ့ကြသောသူတို့၏ (ပျက်စီးဆုံးရှုံးခြင်း၏)သတင်း၊ (ဥပမာ-နဗီတမန်တော်) ‘နူဟ်’၏ အမျိုးသားများ၏သတင်း၊ ‘အာဒ်’ အမျိုးသားများ၏သတင်း၊ ‘ဆမူဒ်’ အမျိုးသားများ၏သတင်း၊ (နဗီတမန်တော်) ‘အစ်ဗ်ရာဟီမ်’၏ အမျိုးသားများ၏သတင်း၊’မဒ်ယန်’မြို့သားများ၏သတင်း၊ ထက်အောက်ပြောင်းပြန်ဖြစ်၍ပျက်စီးသွားခဲ့သောမြို့များ၊ ရွာများ၏သတင်းသည် မရ�ာက်ရှိခဲ့လေသလော။ ၎င်းတို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာများ နှင့်တကွရောက်ရှိလာခဲ့ကြလေသည်။ (သို့ရာတွင် ယင်းအမျိုးသားများသည် သွေဖည်ငြင်းဆန် မနာခံခဲ့ကြသည့်အတွက် ပျက်စီးဆုံးရှုံး၍သွားခဲ့ကြလေသည်။) စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ဤပျက်စီးမှု)၌ ၎င်းတို့အား မတရားသဖြင့် နှိပ်စက်တော်မူသည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ခဲ့ကြပေသတည်း။
🎤 Your recording:
9:71
🔁 0/5
وَٱلۡمُؤۡمِنُونَ وَٱلۡمُؤۡمِنَٰتُ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٍۚ يَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَيُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَيُطِيعُونَ ٱللَّهَ وَرَسُولَهُۥٓۚ أُوْلَٰٓئِكَ سَيَرۡحَمُهُمُ ٱللَّهُۗ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ ٧١
Walmu`minoona wal mu`minaatu ba`duhum awliyaaa`u ba;d; yaamuroona bilma`roofi wa yanhawna `anil munkari wa yuqeemoonas Salaata wa yu`toonaz Zakaata wa yutee`oonal laaha wa Rasoolah; ulaaa`ika sayarhamuhumul laah; innallaaha `Azeezun Hakeem
ထိုနည်းတူစွာမုအ်မင်န်သက်ဝင်ယုံကြည်သောသူ ယောက်ျား၊ မိန်းမတို့သည်လည်း(သာသနာရေးတွင်)အချင်းချင်း တစ်ဦးနှင့်တစ်ဦး အဆွေခင်ပွန်းများပင် ဖြစ်ကြကုန်၏။၎င်းတို့သည် ကောင်းမြတ်သော ကိစ္စများကို အမိန့်ပေးကြလေသည်။ ၎င်းပြင် စက်ဆုပ်ရွံရှာဖွယ်ရာများမှလည်း တားမြစ်ကြလေသည်။ ထိုမှတစ်ပါး ယင်းသူတို့သည် အမြဲတစေ ဆွလာတ် ဝတ်ပြုကြလေသည်။ ထို့ပြင် ၎င်းတို့သည် ဇကာတ်တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြလေသည်။ ထိုနည်းတူစွာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ် တမန်တော်၏အမိန့်တော်များကိုလည်းကောင်း လိုက်နာကြလေသည်။ ဤသူများသည် အကြင်သူများပင်၊ အလ္လာဟ် အရှင်မြတ်သည်ထိုသူတို့အား မုချ ကရုဏာပြုတော်မူပေမည်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:72
🔁 0/5
وَعَدَ ٱللَّهُ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَمَسَٰكِنَ طَيِّبَةً فِي جَنَّٰتِ عَدۡنٍۚ وَرِضۡوَٰنٌ مِّنَ ٱللَّهِ أَكۡبَرُۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٧٢
Wa`adal laahulmu` mineena walmu`minaati Jannaatin tajree min tahtihal anhaaru khaalideena feehaa wa masaakina taiyibatan fee Jannnaati `adn; wa ridwaanum minal laahi akbar; zaalika hual fawzul `azeem
အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အား၊ အကြင် ဥယျာဉ်များကို(ချီးမြှင့်တော်မူရန်) ကတိပြုထားတော် မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများ စီးတွေလျက်ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ)
🎤 Your recording:
9:73
🔁 0/5
يَٰٓأَيُّهَا ٱلنَّبِيُّ جَٰهِدِ ٱلۡكُفَّارَ وَٱلۡمُنَٰفِقِينَ وَٱغۡلُظۡ عَلَيۡهِمۡۚ وَمَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ٧٣
yaaa aiyuhan Nabiyyu jaahidil kuffaara walmunaafiqeena waghluz `alaihim; wa maawaahum jahannnamu wa bi`sal maseer
အို-နဗီတမန်တော်၊ အသင်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့အားလည်းကောင်း၊ ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင်သူတို့အားလည်းကောင်း၊ ဂျိဟာဒ်ပြုပါလေ။ထို့ပြင် ၎င်းတို့အပေါ်၌ အသင် သည် ပြင်းထန်ကျပ်တည်းမှုကိုပြုပါလေ။ ထိုမှတစ်ပါး ၎င်းတို့၏ခိုကိုးရာဌာနသည် ‘ဂျဟန္နမ်’ငရဲဘုံသည်ပင်ဖြစ်သည်။ အမှန်သော်ကား၊ ထိုစခန်းသည်အလွန် ဆိုးရွားလှပေသည်တကား။
🎤 Your recording:
9:74
🔁 0/5
يَحۡلِفُونَ بِٱللَّهِ مَا قَالُواْ وَلَقَدۡ قَالُواْ كَلِمَةَ ٱلۡكُفۡرِ وَكَفَرُواْ بَعۡدَ إِسۡلَٰمِهِمۡ وَهَمُّواْ بِمَا لَمۡ يَنَالُواْۚ وَمَا نَقَمُوٓاْ إِلَّآ أَنۡ أَغۡنَىٰهُمُ ٱللَّهُ وَرَسُولُهُۥ مِن فَضۡلِهِۦۚ فَإِن يَتُوبُواْ يَكُ خَيۡرًا لَّهُمۡۖ وَإِن يَتَوَلَّوۡاْ يُعَذِّبۡهُمُ ٱللَّهُ عَذَابًا أَلِيمًا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۚ وَمَا لَهُمۡ فِي ٱلۡأَرۡضِ مِن وَلِيٍّ وَلَا نَصِيرٍ ٧٤
Yahlifoona billaahi wa qaaloo wa laqad qaaloo kalimatal kufri wa kafaroo ba`da Islaamihim wa hammoo bimaa lam yanaaloo; wa maa naqamooo illaaa an aghnaa humullaahu wa Rasooluhoo min fadlih; fainy yatooboo yaku khairal lahum wa iny yatawal law yu`az zibhumullaahu `azaaban aleeman fiddunyaa wal Aakhirah; wamaa lahum fil ardi minw waliyyinw wa laa naseer
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား၊ တိုင်တည်၍ မိမိတို့သည် (ထိုစကားကို) မပြောဆိုခဲ့ကြပါဟု ဆိုခဲ့ကြလေသည်၊ အမှန်စင်စစ်သော်ကား၊ ၎င်းတို့သည် ကုဖ်ရ်မိစ္ဆာဝါဒစကားကို မုချပြောဆိုခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ (အယောင်ဆောင်) မုစ်လင်မ်ဖြစ်ခဲ့ကြပြီးနောက်(မျက်မြင်အားဖြင့်လည်း) သွေဖည်ငြင်းပယ်ခဲ့ကြလေသည်။ ထိုမျှမကသေး၊ ၎င်းတို့သည် အကြင်ကိစ္စတရပ်ကိုလည်း ပြုလုပ်ရန် ကြံရွယ်ခဲ့ကြလေသည်။ သို့ရာတွင် ၎င်းတို့သည် မအောင်မြင်ခဲ့ကြပေ။ စင်စစ်သော်ကား၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်က မိမိကျေးဇူးတော်နှင့် ၎င်းတို့အား ချမ်းသာကြွယ်ဝ စေတော်မူခဲ့သည်မှအပ၊ အခ�ားတစ်စုံတစ်ရာကိုမျှ တုံ့ပြန် လက်စားချေခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် ဝန်ချတောင်းပန်ကြပါလျှင် ၎င်းတို့အဖို့သာလျှင် အကောင်း ဖြစ်ပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲဖယ်ကျောခိုင်း၍ သွားကြပါမူ၊ အလ္လာဟ် အရှင်မြတ်သည် ၎င်းတို့အားဤပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ပြင်းပြနာကျင်စေသော ပြစ်ဒဏ်ကို ပေးတော်မူအံ့၊ ထိုမှတစ်ပါး ၎င်းတို့အဖို့ ပထဝီမြေပြင်၌ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီစောင်မမည့် သူဟူ၍လည်းကောင်း၊မည်သူတစ်ဦးတစ်ယောက်မျှ ရှိချေမည် မဟုတ်ပေတကား။
🎤 Your recording:
9:75
🔁 0/5
۞ وَمِنۡهُم مَّنۡ عَٰهَدَ ٱللَّهَ لَئِنۡ ءَاتَىٰنَا مِن فَضۡلِهِۦ لَنَصَّدَّقَنَّ وَلَنَكُونَنَّ مِنَ ٱلصَّٰلِحِينَ ٧٥
Wa minhum man `aaha dal laaha la`in aataanaa min fadlihee lanas saddaqanna wa lanakoonanna minassaaliheen
၎င်းပြင်၊ ထိုသူတို့အနက် အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား(ဤသို့)ပဋိညာဉ် ပေးခဲ့ကြလေသည်။ အကယ်၍ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့အား (မိမိ၏ကျေးဇူးတော်ဖြင့်)(ဥစ္စာပစ္စည်းကို) ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် ကောင်းစွာ လှူဒါန်းကြပါမည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသော သူတော်စင်သူတော်ကောင်းတို့တွင် မုချ ပါဝင်ကြပါမည်။
🎤 Your recording:
9:76
🔁 0/5
فَلَمَّآ ءَاتَىٰهُم مِّن فَضۡلِهِۦ بَخِلُواْ بِهِۦ وَتَوَلَّواْ وَّهُم مُّعۡرِضُونَ ٧٦
Falammaaa aataahum min fadlihee bakhiloo bihee wa tawallaw wa hum mu`ridoon
တဖန် ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိ ကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူသောအခါ၊ ၎င်းတို့သည်ကျေးဇူးတော်ကို(ပေးကမ်းလှူဒါန်းခြင်းမပြုဘဲ)စေးနှဲကြကုန်၏။ထို့ပြင် ၎င်းတို့သည် မျက်နှာ လွှဲဖယ် ကျောခိုင်းခဲ့ကြလေသည်။စင်စစ်သော်ကား ၎င်းတို့သည် တိမ်းရှောင်လေ့ရှိကြသူများပင်ဖြစ်ကြကုန်သတည်း။
🎤 Your recording:
9:77
🔁 0/5
فَأَعۡقَبَهُمۡ نِفَاقًا فِي قُلُوبِهِمۡ إِلَىٰ يَوۡمِ يَلۡقَوۡنَهُۥ بِمَآ أَخۡلَفُواْ ٱللَّهَ مَا وَعَدُوهُ وَبِمَا كَانُواْ يَكۡذِبُونَ ٧٧
Fa a`qabahum nifaaqan fee quloobihim ilaa Yawmi yalqaw nahoo bimaaa akhlaful laaha maa wa`adoohu wa bimaa kaanoo yakhziboon
သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ထိုသူများ၏စိတ်နှလုံးများတွင် ထိုအရှင်မြတ်နှင့်ထိုသူများ တွေ့ဆုံကြမည့်နေ့တိုင်အောင် နိဖာက် (မုစ်လင်မ်အရေခြုံမှု)ကို (ထည့်သွင်းတော်မူခြင်းအားဖြင့်) ၎င်းတို့အား ပြစ်ဒဏ်ခတ်တော်မူခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား မိမိတို့ ပေးခဲ့ကြသောကတိဝန်ခံချက်ကို ဖောက်ခဲ့ကြသည့်ပြင်၊ မုသားပြောဆိုလေ့ ရှိခဲ့ကြသောကြောင့်ပင်။
🎤 Your recording:
9:78
🔁 0/5
أَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ يَعۡلَمُ سِرَّهُمۡ وَنَجۡوَىٰهُمۡ وَأَنَّ ٱللَّهَ عَلَّٰمُ ٱلۡغُيُوبِ ٧٨
Alam ya`lamooo annal laaha ya`lamu sirrahum wa najwaahum wa annal laaha `Allaamul Ghuyoob
အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ လျှို့ဝှက်ချက်ကိုလည်းကောင်း၊ ထိုသူတို့၏လျှို့ဝှက် နှီးနှောချက်ကိုလည်းကောင်း မလွဲဧကန် သိရှိတော်မူသည်ကို ယင်းသူတို့သည် မသိကြလေသလော။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖုံးကွယ်လျက်ရှိသည်တို့ကို ကောင်းစွာသိတော်မူသောအရှင်မြတ်ဖြစ်တော်မူသည် (ကိုလည်း ၎င်းတု့ိသည် မသိကြလေသလော)။
🎤 Your recording:
9:79
🔁 0/5
ٱلَّذِينَ يَلۡمِزُونَ ٱلۡمُطَّوِّعِينَ مِنَ ٱلۡمُؤۡمِنِينَ فِي ٱلصَّدَقَٰتِ وَٱلَّذِينَ لَا يَجِدُونَ إِلَّا جُهۡدَهُمۡ فَيَسۡخَرُونَ مِنۡهُمۡ سَخِرَ ٱللَّهُ مِنۡهُمۡ وَلَهُمۡ عَذَابٌ أَلِيمٌ ٧٩
Allazeena yalmizoonal mut tawwi`eena minalmu`mineena fis sadaqaati wallazeena laa yajidoona illaa juhdahum fayaskharoona minhum sakhiral laahu minhum wa lahum azaabun aleem
(ထို’မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်များသည်)အကြင်သူများပင်၊ ယင်း(မုနာဖစ်က်)သူများသည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အနက်မှ သဒ္ဓါကြည်ဖြူစွာပေးကမ်း လှူဒါန်းသူတို့အား ပြစ်တင်ပြောဆိုကြလေသည်။ ၎င်းပြင်မိမိတို့ အားသွန်ခွန်စိုက်ရှာဖွေရရှိသော ချွေးနှဲစာမှအပ၊ အခြားတစ်စုံတစ်ရာကို မရရှိနိုင်ကြသောသူတို့အားလည်း ထို(မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်)တို့သည်ပြက်ချော်ပြောင်လှောင်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည် ယင်း(မုနာဖစ်က်)တို့အား ပြောင်လှောင်တော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့၌ ပြင်ပြနာကျင်စေသော ပြစ်ဒဏ်သည်လည်း ရှိပေအံ့သတည်း။
🎤 Your recording:
9:80
🔁 0/5
ٱسۡتَغۡفِرۡ لَهُمۡ أَوۡ لَا تَسۡتَغۡفِرۡ لَهُمۡ إِن تَسۡتَغۡفِرۡ لَهُمۡ سَبۡعِينَ مَرَّةً فَلَن يَغۡفِرَ ٱللَّهُ لَهُمۡۚ ذَٰلِكَ بِأَنَّهُمۡ كَفَرُواْ بِٱللَّهِ وَرَسُولِهِۦۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ٨٠
istaghfir lahum aw laa tastaghfir lahum in tastaghfir lahum sab`eena marratan falany yaghfiral laahu lahum; zaalika bi annahum kafaroo billaahi wa Rasoolih; wallaahu laa yahdil qawmal faasiqeen
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အဖို့လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်း ချမ်းသာခွင့်ကိုမပန်ကြားသည်ဖြစ်စေ၊ (အကြောင်း မထူးပေ။ အသို့ဆိုသော်)အကယ်၍ အသင်သည် ၎င်းတို့အဖို့ အကြိမ်ခုနှစ်ဆယ်တိုင်တိုင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလျှင်းလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်မဟုတ်ပေ။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ဖီဆန်သောသူတို့အား တရားလမ်းမှန်သို့ပို့ဆောင် တော်မူသည် မဟုတ်ပေတကား။(ရကူ)
🎤 Your recording:
9:81
🔁 0/5
فَرِحَ ٱلۡمُخَلَّفُونَ بِمَقۡعَدِهِمۡ خِلَٰفَ رَسُولِ ٱللَّهِ وَكَرِهُوٓاْ أَن يُجَٰهِدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِ وَقَالُواْ لَا تَنفِرُواْ فِي ٱلۡحَرِّۗ قُلۡ نَارُ جَهَنَّمَ أَشَدُّ حَرًّاۚ لَّوۡ كَانُواْ يَفۡقَهُونَ ٨١
Farihal mukhallafoona bimaq`adihim khilaafa Rasoolil laahi wa karihooo ai yujaahidoo bi amwaalihim wa anfusihim fee sabeelil laahi wa qaaloo la tanfiroo fil harr; qul Naaru jahannama ashaddu harraa; law kaanoo yafqahoon
(စစ်မြေပြင်သို့ မလိုက်ပါပဲ) နောက် ကျန်ရစ်ခဲ့ကြသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်(ကြွသွားတော်မူပြီး)နောက်တွင် မိမိတို့ ထိုင်နေရစ်ခဲ့ကြရသောကြောင့် ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန် များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို စက်ဆုပ်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး) အသင်တို့သည် (ဤမျှပြင်းထန်လှသော) အပူရှိန်တွင် (နေအိမ်မှ) မထွက်ကြကုန်လင့်ဟု ပြောဆိုခဲ့ကြ၏။(အို-နဗီ တမန်တော်) အသင်သည် (၎င်းတို့အား) ဂျဟန္နမ်ငရဲဘုံ၏မီးသည် အပူရှိန်အားဖြင့် ပိုမို၍ပင် ပြင်းထန်လှပေသည်ဟု ပြောဆိုပါလေ။ အကယ်၍ ၎င်းတို့သည် သိမြင်နားလည်သည် ဖြစ်ကြပါလျှင်၊ ကောင်းလေစွ။
🎤 Your recording:
9:82
🔁 0/5
فَلۡيَضۡحَكُواْ قَلِيلًا وَلۡيَبۡكُواْ كَثِيرًا جَزَآءَۢ بِمَا كَانُواْ يَكۡسِبُونَ ٨٢
Falyadhakoo qaleelanw walyabkoo kaseeran jazaaa`am bimaa kaanoo yaksiboon
သို့ဖြစ်ပေရာ၊ ၎င်းတို့သည် (ဤလောကတွင်)အနည်းငယ်မျှ ရယ်မောကြစေ။ တစ်ဖန် (နောင်တမလွန်ဘဝတွင်မူ) မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသည်များကြောင့် များစွာငိုကြွေးကြစေ။
🎤 Your recording:
9:83
🔁 0/5
فَإِن رَّجَعَكَ ٱللَّهُ إِلَىٰ طَآئِفَةٍ مِّنۡهُمۡ فَٱسۡتَـٔۡذَنُوكَ لِلۡخُرُوجِ فَقُل لَّن تَخۡرُجُواْ مَعِيَ أَبَدًا وَلَن تُقَٰتِلُواْ مَعِيَ عَدُوًّاۖ إِنَّكُمۡ رَضِيتُم بِٱلۡقُعُودِ أَوَّلَ مَرَّةٍ فَٱقۡعُدُواْ مَعَ ٱلۡخَٰلِفِينَ ٨٣
Fa ir raja`akal laahu ilaa taaa`ifatim minhum fastaaa zanooka lilkhurooji faqul lan takhrujoo ma`iya abadanw a lan tuqaatiloo ma`iya `aduwwan innakum radeetum bilqu`oodi awwala marratin faq`udoo ma`al khaalifeen
သို့ဖြစ်ပေရာ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင့်အား ၎င်းတို့အနက်မှ လူတစ်စုစု၏ထံသို့ ပြန်လည်၍ ရောက်ရှိစေခဲ့ပါလျှင်၊ တဖန် ၎င်းတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ရန်) ထွက်ခဲ့ကြပါရစေဟု အသင့်ထံ ခွင့်ပန်ကြပါလျှင်၊ အသင်သည် (ထိုသူတို့အား) အချင်းတို့၊ အသင်တို့သည် ငါနှင့်အတူ မည်သည့်အခါ၌မျှ ထွက်ကြမည်လည်းမဟုတ်၊ ထိုနည်းတူစွာ အသင်တို့သည် ငါနှင့်အတူ မည်သည့်ရန်သူ တစ်ဦးတစ်ယောက်ကိုမျှ တိုက်ခိုက်ကြမည်လည်း မဟုတ်။အဘယ်ကြောင့်ဆိုသော် အသင်တို့သည် ပထမအကြိမ်ကလည်း (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် မထွက်ခဲ့ကြဘဲ) ထိုင်၍နေရစ်ခဲ့ခြင်းကိုသာ နှစ်မြို့ခဲ့ကြသောကြောင့်ပင်။ သို့ဖြစ်ပေရာယခုလည်းအသင်တို့သည်နောက်၌ ကျန်ရစ်ခဲ့ကြသောသူတို့နှင့်အတူထိုင်၍ပင် နေရစ်ခဲ့ကြလေကုန် ဟုဖြေကြားပါလေ။
🎤 Your recording:
9:84
🔁 0/5
وَلَا تُصَلِّ عَلَىٰٓ أَحَدٍ مِّنۡهُم مَّاتَ أَبَدًا وَلَا تَقُمۡ عَلَىٰ قَبۡرِهِۦٓۖ إِنَّهُمۡ كَفَرُواْ بِٱللَّهِ وَرَسُولِهِۦ وَمَاتُواْ وَهُمۡ فَٰسِقُونَ ٨٤
Wa laa tusalli `alaaa ahadim minhum maata abadanw wa laa taqum `alaa qabriheee innahum kafaroo billaahi wa Rasoolihee wa maatoo wa hum faasiqoon
င်းပြင် (နဗီတမန်တော်)အသင်သည် 4င်းတို့အနက် မည်သူတစ်ဦးတစ်ယောက်မဆို သေဆုံးခဲ့ပါလျှင် ထိုသူ၏အပေါ်၌ ဆွလာသွလ်ဂျနာဇဟ် ဝတ်ပြုမှုကို မည်သည့်အခါမျှမပြုပါလေနှင့်။ 4င်းပြင် ထိုသူ၏သချႋုင်းပေါ်၌လည်း မည်သည့်အခါမျှ မရပ်ပါလေနှင့်။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသည့်ပြင် ယင်းသူတို့သည် အမိန့်တော်ကို ဖီဆန်သူများအဖြစ်နှင့်ပင် သေဆုံးခဲ့ကြသော ကြောင့်ပင်တည်း။
🎤 Your recording:
9:85
🔁 0/5
وَلَا تُعۡجِبۡكَ أَمۡوَٰلُهُمۡ وَأَوۡلَٰدُهُمۡۚ إِنَّمَا يُرِيدُ ٱللَّهُ أَن يُعَذِّبَهُم بِهَا فِي ٱلدُّنۡيَا وَتَزۡهَقَ أَنفُسُهُمۡ وَهُمۡ كَٰفِرُونَ ٨٥
Wa laa tu`jibka amwaa luhum wa awlaaduhum; innamaa yureedul laahu ai yu`az zibahum bihaa fid dunyaa wa tazhaqa anfusuhum wa hum kaafiroon
ထို့ပြင် ယင်းသူတို့၏ ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ ယင်းသူတို့၏ သားသမီးများသည်လည်းကောင်း အသင့်အား အံ့ဩခြင်းကိုမဖြစ်စေရ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ယင်းဥစ္စာပစ္စည်းများနှင့်သားသမီးများအားဖြင့် လောကီဘဝတွင်ပြစ်ဒဏ်ပေးတော်မူရန်နှင့် ထိုသူတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူများအဖြစ်နှင့်၊ ထိုသူတို့၏အသက်ဇီဝိန်ထွက်သွားရန်ကိုသာ ရည်စူးတော်မူလေသတည်း။
🎤 Your recording:
9:86
🔁 0/5
وَإِذَآ أُنزِلَتۡ سُورَةٌ أَنۡ ءَامِنُواْ بِٱللَّهِ وَجَٰهِدُواْ مَعَ رَسُولِهِ ٱسۡتَـٔۡذَنَكَ أُوْلُواْ ٱلطَّوۡلِ مِنۡهُمۡ وَقَالُواْ ذَرۡنَا نَكُن مَّعَ ٱلۡقَٰعِدِينَ ٨٦
Wa izaaa unzilat Sooratun an aaminoo billaahi wa jaahidoo ma`a Rasoolihis taazanaka uluttawli minhum wa qaaloo zarnaa nakum ma`alqaa `ideen
စင်စစ်သော်ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား (စိတ်ရောကိုယ်ပါ) သက်ဝင်ယုံကြည်သည့်ပြင်ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်နှင့်အတူ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကိုလည်း ပြုကြလေကုန် ဟူသောအမိန့်တော်ပါရှိသည့် ကဏ္ဍတစ်ခုခုသည် ကျရောက်လာသောအခါ၊၎င်းတို့ အနက်မှ ဥစ္စာဓနကြွယ်ဝသောသူများကပင်လျှင်ကျွန်တော်မျိုးတို့အား ခွင့်လွှတ်ပါ။ ကျွန်တော်မျိုးတို့သည် ထိုင်၍နေရစ်ခဲ့သောသူတို့နှင့်အတူ နေရစ်ခဲ့ကြပါရစေ ဟူ၍ အသင့်ထံပြောဆို ခွင့်ပန်လာကြ ကုန်သတည်း။
🎤 Your recording:
9:87
🔁 0/5
رَضُواْ بِأَن يَكُونُواْ مَعَ ٱلۡخَوَالِفِ وَطُبِعَ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَفۡقَهُونَ ٨٧
Radoo bi ai yakoonoo ma`al khawaalifi wa tubi`a `alaa quloobihim fahum laa yafqahoon
ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်မလိုက်ကြပဲ) နောက်၌ကျန်ရစ်ခဲ့သော အမျိုးသမီးတို့နှင့်အတူနေရစ်ခဲ့ခြင်းကိုပင်၊ နှစ်သက်ခဲ့ကြလေသည်။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများအပေါ်၌လည်း တံဆိပ်ခတ်နှိပ်ပြီး ဖြစ်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် (ဂျိဟာဒ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း၏ သဘောတရား အစစ်အမှန်ကို အလျှင်း)သိမြင်နားလည်ကြသည် မဟုတ်ချေ။
🎤 Your recording:
9:88
🔁 0/5
لَٰكِنِ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُواْ مَعَهُۥ جَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۚ وَأُوْلَٰٓئِكَ لَهُمُ ٱلۡخَيۡرَٰتُۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ٨٨
Laakinir Rasoolu wal lazeena aamanoo ma`ahoo jaahadoo bi amwaalihim wa anfusihim; wa ulaaa`ika lahumul khairaatu wa ulaaa`ika humul muflihoon
သို့ရာတွင်မူကား ရစူလ်တမန်တော်မြတ်နှင့်ထိုရစူလ်တမန်တော်နှင့်အတူ အီမာန်သက်ဝင်ယုံကြည်ကြသောသူတို့မူကား၊ မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် လည်းကောင်း၊မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ စင်စစ်သော်ကား ထိုသူတို့အဖို့သာလျှင် ကောင်းခြင်းအဖြာဖြာတို့သည် ရှိကြပေသည်။ ထိုနည်းတူစွာ ထိုသူတို့သည်သာလျှင် အောင်မြင်သောသူများဖြစ်ကြကုန်သတည်း။
🎤 Your recording:
9:89
🔁 0/5
أَعَدَّ ٱللَّهُ لَهُمۡ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٨٩
A`addal laahu lahum Jannaatin tajree min tahtihal anhaaru khaalideena feehaa; zaalikal fawzul `azeem
အလ္လာဟ်အရှင်မြတ်သည် 4င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်ထားတော်မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးထွေလျက်ရှိကြချေသည်။ (4င်းတို့သည်) ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည်ကား အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ-17)ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ)
🎤 Your recording:
9:90
🔁 0/5
وَجَآءَ ٱلۡمُعَذِّرُونَ مِنَ ٱلۡأَعۡرَابِ لِيُؤۡذَنَ لَهُمۡ وَقَعَدَ ٱلَّذِينَ كَذَبُواْ ٱللَّهَ وَرَسُولَهُۥۚ سَيُصِيبُ ٱلَّذِينَ كَفَرُواْ مِنۡهُمۡ عَذَابٌ أَلِيمٌ ٩٠
Wa jaaa`al mu`az ziroona minal A`raabi liyu`zana lahum wa qa`adal lazeena kazabul laaha wa Rasoolah; sayuseebul lazeena kafaroo minhum `azaabun aleem
စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ လိမ်လည်၍ အကြောင်းပြ သောသူတို့သည် မိမိတို့ခွင့်ပြုခြင်းခံကြရန်(အသင့်ထံသို့) လာခဲ့ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊မုသားပြောဆိုခဲ့သောသူတို့မူကား (လိမ်လည်၍ အကြောင်းပြရန်ပင်မလာကြဘဲ) ထိုင်၍ပင် နေရစ်ခဲ့ကြကုန်၏။ ၎င်းတို့အနက် ကာဖိရ် သွေဖည်ငြင်းပယ်ကြသောသူတို့၌ နာကျင်စေသောပြစ်ဒဏ်သည် မကြာမြင့်မီပင် ဆိုက်ရောက်ပေလိမ့်မည်ဖြစ်သတည်း။
🎤 Your recording:
9:91
🔁 0/5
لَّيۡسَ عَلَى ٱلضُّعَفَآءِ وَلَا عَلَى ٱلۡمَرۡضَىٰ وَلَا عَلَى ٱلَّذِينَ لَا يَجِدُونَ مَا يُنفِقُونَ حَرَجٌ إِذَا نَصَحُواْ لِلَّهِ وَرَسُولِهِۦۚ مَا عَلَى ٱلۡمُحۡسِنِينَ مِن سَبِيلٍۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ٩١
Laisa `alad du`aaaa`i wa laa `alal mardaa wa laa `alal lazeena laa yajidoona maa yunfiqoona harajun izaa nasahoo lillaahi wa Rasoolih; maa `alal muhsineena min sabeel; wallaahu Ghafoorur Raheem
အားအင်ချည့်နဲ့သူတို့အပေါ်၌ (စစ်တလင်းသို့မလိုက်ခဲ့ကြသောကြောင့်)အပြစ်တစ်စုံတစ်ရာမျှမရှိပြီ၊ ထို့အတူဝေဒနာရှင်တို့အပေါ်၌လည်း(အပြစ်)မရှိပြီ၊ ိုနည်းတူစွာ(စစ်ရေးတွင်)သုံးစွဲရန် တစ်စုံတစ်ရာမျှ မရရှိကြသောသူတို့အပေါ်၌လည်း ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်နှင့်ပတ်သက်၍လည်းကောင်း၊ သဒ္ဓါကြည်ဖြူသောစိတ်စေတနာထား ရှိကြပါလျှင် မည်သည့်အပြစ်မျှ မရှိချေ။ ကောင်းမြတ်သောအကျင့်သီလကို ဆောက်တည်ကြကုန်သော သူတော်ကောင်းသူတော်စင်တို့ အပေါ်ဝယ် အပြစ်တင်ရန် မည်သည့်နည်းလမ်းမျှ မရှိပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:92
🔁 0/5
وَلَا عَلَى ٱلَّذِينَ إِذَا مَآ أَتَوۡكَ لِتَحۡمِلَهُمۡ قُلۡتَ لَآ أَجِدُ مَآ أَحۡمِلُكُمۡ عَلَيۡهِ تَوَلَّواْ وَّأَعۡيُنُهُمۡ تَفِيضُ مِنَ ٱلدَّمۡعِ حَزَنًا أَلَّا يَجِدُواْ مَا يُنفِقُونَ ٩٢
Wa laa `alal lazeena izaa maaa atawka litahmilahum qulta laaa ajidu maaa ahmilukum `alaihi tawallaw wa a`yunuhum tafeedu minaddam`i hazanan allaa yajidoo maa yunfiqoon
ထိုမှတစ်ပါး အကြင် သူတို့အပေါ်၌လည်း(အပြစ်တင်ရန် မည်သည့်နည်းလမ်းမျှ) မရှိချေ။ ထိုသူတို့သည်အသင့်ထံသို့ ၎င်းတို့အား အသင်သည် (တစ်စုံတစ်ရာ) အစီးအနင်းပေါ်သို့တင်ပေးရန် လာကြသောအခါ အသင်သည် ၎င်းတို့အား ငါ့ထံ၌ အသင်တို့အားတင်ပေးရန် အစီးအနင်း တစ်စုံတရာမရှိပါ ဟု ပြောခဲ့လေသည်။ (ထိုအခါ) ၎င်းတို့သည်(စစ်ရေးတွင်)သုံးစွဲရန် တစ်စုံတစ်ရာကိုမျှ မရရှိကြသောကြောင့်ဝမ်းနည်းပူဆွေး၍ မျက်စိများမှာ ၎င်းတို့မျက်ရည်များဖြင့်ပြည့်လျှံလျက် (ပြန်သွားခဲ့ကြရရှာလေသတည်း။)
🎤 Your recording:
9:93
🔁 0/5
۞ إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَسۡتَـٔۡذِنُونَكَ وَهُمۡ أَغۡنِيَآءُۚ رَضُواْ بِأَن يَكُونُواْ مَعَ ٱلۡخَوَالِفِ وَطَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَعۡلَمُونَ ٩٣
Innamas sabeelu `alal lazeena yastaazinoonaka wa hum aghniyaaa`; radoo biany-yakoonoo ma`al khawaalifi wa taba`al laahu `alaa quloobihim fahum laa ya`lamoon
ပြစ်တင်ရန်လမ်းမှာကား အကြင်သူတို့အပေါ်၌သာရှိချေသည်။ ထိုသူတို့သည် ချမ်းသာကြွယ်ဝသူများဖြစ်ကြပါလျက် (စစ်တလင်းသို့ မလိုက်ဘဲနေကြရန်)အသင့်ထံ ခွင့်ပန်ကြလေသည်။ 4င်းတို့သည် နောက်၌ကျန်ရစ်ခဲ့ကြသော အမျိုးသမီးတို့နှင့်အတူ နေရစ်ခဲ့ကြရန် နှစ်မြှို့ခဲ့ကြလေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် 4င်းတု့ိ၏ စိတ်နှလုံးများအပေါ်၌ တံဆိပ်ခပ်နှိပ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ 4င်းတို့သည်(စစ်မ်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း၏သဘောတရားကိုပင်) မသိနားမလည်ကြပေ။
🎤 Your recording:
9:94
🔁 0/5
يَعۡتَذِرُونَ إِلَيۡكُمۡ إِذَا رَجَعۡتُمۡ إِلَيۡهِمۡۚ قُل لَّا تَعۡتَذِرُواْ لَن نُّؤۡمِنَ لَكُمۡ قَدۡ نَبَّأَنَا ٱللَّهُ مِنۡ أَخۡبَارِكُمۡۚ وَسَيَرَى ٱللَّهُ عَمَلَكُمۡ وَرَسُولُهُۥ ثُمَّ تُرَدُّونَ إِلَىٰ عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ٩٤
ya`taziroona ilaikum izaa raja`tum ilaihim; qul laa ta`taziroo lan nu`mina lakum qad nabba annal laahu min akhbaarikum; wa sa yaral laahu `amalakum wa Rasooluhoo suma turaddoona ilaa `Aalimil Ghaibi washshahaadati fa yunabbi`ukum bimaa kuntum ta`maloon
အသင်တို့(စစ်တလင်းမှ) ၎င်းတို့ထံ ပြန်ခဲ့ကြသည့်အခါ ၎င်းတို့သည် အသင်တို့ရှေ့ဝယ်(စစ်တလင်းသို့မလိုက်ဘဲနေခဲ့ကြသည်နှင့်စပ်လျဉ်း၍) အကြောင်းပြကြလိမ့်မည်။ (ထိုအခါ) အသင် (၎င်းတို့ အား)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် အကြာင်းမပြကြလေနှင့်၊ ကျွန်ုပ်တို့သည်အသင်တို့ (၏စကား)ကို (မှန်သည်ဟု)အလျဉ်းယုံကြည်ကြမည်မဟုတ်။ (အကြောင်းသော်ကား)ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား အသင်တို့၏(လျှို့ဝှက်သော)သတင်းများကို(အလုံးစုံ) အကြောင်းကြားတော်မူပြီးဖြစ်သည်။ (နောက်နောင်တွင်လည်း) အလ္လာဟ်အရှင် မြတ်သည်လည်းကောင်း၊ထိုအရှင်မြတ်၏ ရစူလ်တမန်တော် မြတ်သည်လည်းကောင်း၊အသင်တို့၏ အကျင့်အမူကို တွေ့မြင်တော်မူကြအံ့၊ ထို့နောက်တဖန် အသင်တို့သည် ဖုံးကွယ်လျက်ရှိသော အရာခပ်သိမ်းတို့ကိုလည်းကောင်း၊ ထင်ပေါ်လျက်ရှိသော အရာခပ်သိမ်းတို့ကိုလည်းကောင်း၊ (အကြွင်းမဲ့) သိရှိတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်လည်ပို့ဆောင်ခြင်းကို ခံကြရပေမည်။ ထိုအခါထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ပြုလုပ်ခဲ့ကြသောအမှုကိစ္စတို့ကို ထုတ်ဖော်၍ မိန့်ကြားတော်မူပေအံ့။
🎤 Your recording:
9:95
🔁 0/5
سَيَحۡلِفُونَ بِٱللَّهِ لَكُمۡ إِذَا ٱنقَلَبۡتُمۡ إِلَيۡهِمۡ لِتُعۡرِضُواْ عَنۡهُمۡۖ فَأَعۡرِضُواْ عَنۡهُمۡۖ إِنَّهُمۡ رِجۡسٌۖ وَمَأۡوَىٰهُمۡ جَهَنَّمُ جَزَآءَۢ بِمَا كَانُواْ يَكۡسِبُونَ ٩٥
Sa yahlifoona billaahi lakum izanqalabtum ilaihim litu`ridoo `anhum fa a`ridoo `anhum innahum rijsunw wa maawaahum jahannamu jazaaa `ambimaa kaanoo yaksiboon
မကြာမြင့်မီ အသင်တို့ (စစ်တလင်းမှ) ၎င်းတို့ထံ (မဒီနာမြို့သို့)ပြန်ခဲ့ကြသောအခါ၊ အသင်တို့သည် ၎င်းတို့အား (တစ်စုံတစ်ရာ ပြစ်တင်အရေးယူခြင်းမပြုဘဲ) ခွင့်လွှတ်ကြရန် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ကျိန်ဆိုကြပေလိမ့်မည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့အား စွန့်ထားကြလေကုန်။ အမှန်သော်ကား ၎င်းတို့သည်ညစ်ညမ်းသူများပင် ဖြစ်ကြကုန်၏။ ထို့ပြင် ၎င်းတို့၏ခိုလှုံရာစခန်းသည် ဂျဟန္နမ် ငရဲဘုံပင် ဖြစ်ချေသည်။ စင်စစ်သော်ကား ၎င်းတို့ ရှာဖွေဆည်းပူးလျက် ရှိခဲ့ကြသည်တို့၏ အကျိုးအားဖြင့် ၎င်းတို့၏ခိုလှုံရာစခန်းမှာ ဂျဟန္နမ် ငရဲဘုံပင် ဖြစ်ချေသတည်း။
🎤 Your recording:
9:96
🔁 0/5
يَحۡلِفُونَ لَكُمۡ لِتَرۡضَوۡاْ عَنۡهُمۡۖ فَإِن تَرۡضَوۡاْ عَنۡهُمۡ فَإِنَّ ٱللَّهَ لَا يَرۡضَىٰ عَنِ ٱلۡقَوۡمِ ٱلۡفَٰسِقِينَ ٩٦
Yahlifoona lakum litardaw `anhum fa in tardaw `anhum fa innal laaha laa yardaa `anil qawmil faasiqeen
ထိုသူတို့သည် အသင်တို့ ထိုသူတို့အပေါ်၌ကျေနပ်အံ့သောငှာ ကျိန်ဆိုကြပေမည်။ သို့ရာတွင် အကယ်၍အသင်တို့သည် ထိုသူတို့အပေါ်၌ ကျေနပ်ခဲ့အံ့ငြားလည်းအလ္လာဟ်အရှင်မြတ်သည် အမိန့်တော် ဖီဆန်သူတို့အပေါ်၌ကျေနပ်တော်မူမည် မဟုတ်ပေတကား။
🎤 Your recording:
9:97
🔁 0/5
ٱلۡأَعۡرَابُ أَشَدُّ كُفۡرًا وَنِفَاقًا وَأَجۡدَرُ أَلَّا يَعۡلَمُواْ حُدُودَ مَآ أَنزَلَ ٱللَّهُ عَلَىٰ رَسُولِهِۦۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ٩٧
Al A`raabu ashaddu kufranw wa nifaaqanw wa ajdaru allaa ya`lamoo hudooda maaa anzalal laahu `alaa Rasoolih; wallaahu `Aleemun Hakeem
ကျေးရွာများ၌ နေထိုင်ကြကုန်သော အရဗ်အမျိုးသား(မုနာဖစ်က်)များသည် ကုဖ်ရ် သွေဖည် ငြင်းပယ်မှုတွင်လည်းကောင်း၊ နိဖာက် အယောင် ဆောင်မှုတွင်လည်းကောင်း၊ ပိုမို၍ပင် ပြင်းထန်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်အလ္လာဟ်အရှင်မြတ်က မိမိ၏ရစူလ်တမန်တော်မြတ်အပေါ်၌ချပေးသနားတော်မူသော အမိန့်ပညတ်တော်များကို ပို၍ပင်မသိထိုက်ကြသူများဖြစ်ကြ၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:98
🔁 0/5
وَمِنَ ٱلۡأَعۡرَابِ مَن يَتَّخِذُ مَا يُنفِقُ مَغۡرَمًا وَيَتَرَبَّصُ بِكُمُ ٱلدَّوَآئِرَۚ عَلَيۡهِمۡ دَآئِرَةُ ٱلسَّوۡءِۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ٩٨
Wa minal A`raabi mai yattakhizu maa yunfiqu maghramanw wa yatarabbasu bikumud dawaaa`ir; alaihim daaa`iratus saw`; wallaahu Samee`un `Aleem
စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သော အရဗ်အမျိုးသားတို့တွင် (ဇကာတ်၊ ဂျိဟာဒ် စသည့်မွန်မြတ်သောကိစ္စများတွင်)မိမိတို့ သုးံစွဲကြသည်တို့ကို ဒဏ်ဆောင် ခြင်း ဖြစ်သည် ဟု မှတ်ယူကြသူများလည်း ရှိကြကုန်၏၊၎င်းပြင် ထိုသူတို့သည် အသင်တို့နှင့်ပက်သက်၍ အလှည့်ကြုံခြင်းများကို စောင့်မျှော်နေကြကုန်၏။ (အမှန်အားဖြင့်)ထိုသူတို့အပေါ်၌ပင် မကောင်းသောအလှည့် ကြုံခြင်းသည်ရှိပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:99
🔁 0/5
وَمِنَ ٱلۡأَعۡرَابِ مَن يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَيَتَّخِذُ مَا يُنفِقُ قُرُبَٰتٍ عِندَ ٱللَّهِ وَصَلَوَٰتِ ٱلرَّسُولِۚ أَلَآ إِنَّهَا قُرۡبَةٌ لَّهُمۡۚ سَيُدۡخِلُهُمُ ٱللَّهُ فِي رَحۡمَتِهِۦٓۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٩٩
Wa minal A`raabi mai yu`minu billaahi wal yawmil AAkhiri wa yattakhizu maa yunfiqu qurubaatin `indal laahi wa salawaatir Rasool; alaaa innahaa qurbatul lahum; sayudkhiluhumul laahu fee rahmatih; innal laaha Ghafoorur Raheem
ထို့အပြင် ကျေးရွာများ၌ နေထိုင်ကြကုန်သောအရဗ် အမျိုးသားတို့တွင် အလ္လာဟ်အရှင်မြတ်ကိုလည်း ကောင်း၊နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်သူများလည်း ရှိကြကုန်၏။ ထိုသူတို့သည်(မွန်မြတ်သောကိစ္စများ)၌ မိမိတို့ သုံးစွဲကြသည်များကို အလ္လာဟ်အရှင်မြတ် အထံတော်တွင် ချဉ်းကပ်ရန်အကြောင်းဖြစ်သည် ဟူ၍လည်းကောင်း၊ ရစူလ်တမန်တော်(မုဟမ္မဒ်)၏ ဆုမွန်များရယူရန် အကြောင်းဖြစ်သည် ဟူ၍လည်းကောင်း မှတ်ယူကြကုန်၏။ သတိပြုကြလေကုန်၊ ဧကန်မလွဲ ထိုသုံးစွဲသူများသည် ၎င်းတို့အဖို့ ချဉ်းကပ်ရန် အကြောင်းပင်ဖြစ်ပေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိကရုဏာတော်တွင် ပါဝင်စေတော်မူအံ့။ ဧကန်မလွဲအလ္လာဟ်အရှင် မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:100
🔁 0/5
وَٱلسَّٰبِقُونَ ٱلۡأَوَّلُونَ مِنَ ٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ وَٱلَّذِينَ ٱتَّبَعُوهُم بِإِحۡسَٰنٍ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُ وَأَعَدَّ لَهُمۡ جَنَّٰتٍ تَجۡرِي تَحۡتَهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١٠٠
Was saabiqoonal awwa loona minal Muhaajireena wal Ansaari wallazeenat taba`oo hum bi ihsaanir radiyal laahu `anhum wa radoo `anhu wa a`adda lahum jannnaatin tajree tahtahal anhaaru khaalideena feehaaa abadaa; zaalikal fawzul `azeem
(အီမာန်သက်ဝင်ယုံကြည်ရာတွင် အွမ္မတ်သားအားလုံးတို့ထက်) ရှေးဦးပထမ ဖြစ်ကြကုန်သော မုဟာဂျီရိန်သာဝကကြီးများသည်လည်းကောင်း၊ အန်ဆွာရ် (သာဝကကြီး)များသည်လည်ကောင်း၊ ထို(မုဟာဂျီရိန်နှင့် အန်ဆွာရ်)တို့၏နောက်သို့ ကောင်း မွန်စွာ လိုက်ရဲကြသူတို့သည်လည်းကောင်း၊အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အပေါ်၌ ကျေနပ်တော်မူခဲ့လေပြီ၊ ထိုသူတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ခဲ့ကြလေပြီ၊ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူခဲ့လေသည်။ထိုဥယျာဉ်များ၏ အောက်၌ စမ်းချောင်းများ စီးထွေလျက်ရှိကြပေသည်။ (၎င်းတို့သည်) ထိုဥယျာဉ်များတွင် ထာဝစဉ်နေထိုင် စံမြန်းလျက်ရှိကြပေမည်။ ဤကား ကြီးကျယ် မြင့်မြတ်လှသော အောင်မြင်မှုပင်တည်း။
🎤 Your recording:
9:101
🔁 0/5
وَمِمَّنۡ حَوۡلَكُم مِّنَ ٱلۡأَعۡرَابِ مُنَٰفِقُونَۖ وَمِنۡ أَهۡلِ ٱلۡمَدِينَةِ مَرَدُواْ عَلَى ٱلنِّفَاقِ لَا تَعۡلَمُهُمۡۖ نَحۡنُ نَعۡلَمُهُمۡۚ سَنُعَذِّبُهُم مَّرَّتَيۡنِ ثُمَّ يُرَدُّونَ إِلَىٰ عَذَابٍ عَظِيمٍ ١٠١
Wa mimmann hawlakum minal A`raabi munaafiqoona wa min ahlil Madeenati maradoo `alan nifaaq, laa ta`lamuhum nahnu na`lamuhum; sanu`azzibuhum marrataini summa yuraddoona ilaa `azaabin `azeem
ထို့ပြင် အသင်တို့၏ ပတ်ဝန်းကျင်၌ ရှိကြကုန်သော အရဗ်ကျေးတောသားတို့တွင်လည်းကောင်း၊ မဒီနာမြို့သားတို့တွင်လည်းကောင်း၊ အကြင် ကဲ့သို့သော မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်သောသူများ ရှိကြကုန်၏။ ထိုသူတို့သည် နိဖာက် အယောင်ဆောင်မှု၌ပင် ဇွတ်မှိတ်၍ စွဲမြဲစွာနေခဲ့ကြလေသည်။ အသင်တို့သည် ထိုသူတို့အား မသိချေ။ငါအရှင်မြတ်သည် ထိုသူတို့အား သိတော်မူ ၏။ မကြာမြင့်မီပင်ငါအရှင်မြတ်သည် ၎င်းတို့အား နှစ်ကြိမ်တိုင်တိုင် ပြစ်ဒဏ်ပေးတော်မူမည်။ တဖန် ၎င်းတို့သည် ကြီးလေးလှသော ပြစ်ဒဏ်ကို ရောက်စေခြင်းကို ခံကြရပေမည်။
🎤 Your recording:
9:102
🔁 0/5
وَءَاخَرُونَ ٱعۡتَرَفُواْ بِذُنُوبِهِمۡ خَلَطُواْ عَمَلًا صَٰلِحًا وَءَاخَرَ سَيِّئًا عَسَى ٱللَّهُ أَن يَتُوبَ عَلَيۡهِمۡۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ١٠٢
Wa aakharoona` tarafoo bizunoobihim khalatoo `amalan saalihanw wa aakhara saiyi`an `asal laahu ai yatooba `alaihim; innal laaha Ghafoorur Raheem
ထို့ပြင် အခြားသူတို့လည်း ရှိကြကုန်၏။ ထိုသူတို့သည် မိမိတို့၏ ပြစ်မှုဒုစရိုက်များကို ဝန်ခံခဲ့ကြလေသည်။ထိုသူတို့သည် ကောင်းမြတ်သောအကျင့်အမူနှင့် မကောင်းသောအကျင့်အမူကို ရောနှောပြုလုပ်ခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူရန် မျှော်ကိုးရာ၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ပြစ်မှု များကို) အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊(မိမိကျွန်များအပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:103
🔁 0/5
خُذۡ مِنۡ أَمۡوَٰلِهِمۡ صَدَقَةً تُطَهِّرُهُمۡ وَتُزَكِّيهِم بِهَا وَصَلِّ عَلَيۡهِمۡۖ إِنَّ صَلَوٰتَكَ سَكَنٌ لَّهُمۡۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ١٠٣
Khuz min amwaalihim sadaqtan tutahhiruhum wa tuzakkeehim bihaa wa salli `alaihim inna salaataka sakanul lahum; wallaahu Samee`un `Aleem
(အို-နဗီတမန်တော်) အသင်သည် ထိုသူတို့၏ဥစ္စာပစ္စည်းများထဲမှ အလှူဝတ္ထုကို လက်ခံယူလိုက်ပါ။ ယင်းသို့(အလှူလက်ခံယူလိုက်ခြင်း)အားဖြင့် အသင်သည် ထိုသူများအား စင်ကြယ်သန့်ရှင်း အပြစ်ကင်းစေနိုင်မည်။ ထို့ပြင်အသင်သည် ၎င်းတို့အဖို့ ဆုမွန်တောင်းပါလေ။ အကြောင်းသော်ကား အသင်၏ဆုမွန်တောင်းခြင်းသည် ၎င်းတို့အဖို့ ငြိမ်းအေးသက်သာ(နှစ်သိမ့်ကျေနပ်)မှုပင် ဖြစ်ချေသည်။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်ဖြစ်တော်မူချေသည်။
🎤 Your recording:
9:104
🔁 0/5
أَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ هُوَ يَقۡبَلُ ٱلتَّوۡبَةَ عَنۡ عِبَادِهِۦ وَيَأۡخُذُ ٱلصَّدَقَٰتِ وَأَنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ١٠٤
Alam ya`lamooo annnal laaha huwa yaqbalut tawbata `an ibaadihee wa yaakhuzus sadaqaati wa annal laaha Huwat awwaabur Raheem
မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ပင် မိမိကျွန်များ၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အလှူဒါနဝတ္ထုပစ္စည်းများကို လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုသူများ မသိကြလေသလော။ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင်(မိမိကျွန်များ၏)ဝန်ချတောင်းပန်ချက်ကို အလွန်တရာသဘောတူ လက်ခံတော်မူသောအရှင်၊ (၎င်းတို့အပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော် မူသောအရှင်ဖြစ်တော်မူပေသည်။
🎤 Your recording:
9:105
🔁 0/5
وَقُلِ ٱعۡمَلُواْ فَسَيَرَى ٱللَّهُ عَمَلَكُمۡ وَرَسُولُهُۥ وَٱلۡمُؤۡمِنُونَۖ وَسَتُرَدُّونَ إِلَىٰ عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ١٠٥
Wa quli`maloo fasayaral laahu `amalakum wa Rasooluhoo walmu`minoona wa saturaddoona ilaa `Aalimil Ghaibi washshahaadati fa yunabbi`ukum bimaa kuntum ta`maloon
ထိုမှတစ်ပါး အသင်သည် (ဤသို့) ပြောကြားပါလေ၊ အသင်တို့သည်(အသင်တို့နှစ်သက်ရာများကို) ပြုလုပ်ကြလေကုန်။ မကြာမြင့်မီ အသင်တို့၏ အပြုအမူကိုအလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ တွေ့မြင်ကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် ဖုံးအုပ်လျက်ရှိသောအရာတို့ကိုလည်းကောင်း၊ ပေါ်လွင်ထင်ရှားစွာသိမြင်နိုင်သောအရာ တို့ကိုလည်းကောင်း၊ သိတော်မူသောရှင်မြတ်ထံတော်သို့ မုချ ပြန်ရောက်စေခြင်းကို ခံကြရပေမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိကြသည်တို့ကို ထုတ်ဖော်မိန့်ကြားတော်မူပေမည်။
🎤 Your recording:
9:106
🔁 0/5
وَءَاخَرُونَ مُرۡجَوۡنَ لِأَمۡرِ ٱللَّهِ إِمَّا يُعَذِّبُهُمۡ وَإِمَّا يَتُوبُ عَلَيۡهِمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ١٠٦
Wa aakharoona murjawna li amril laahi imaa yu`az zibuhum wa immaa yatoobu `alaihim; wallaahu `Aleemun Hakeem
၎င်းပြင် အခြားသူတို့သည်လည်း ရှိကြကုန်၏၊ထိုသူတို့၏အရေးကိစ္စမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်(ကျရောက်သည်)အထိ ရွှေ့ဆိုင်းထားပြီး ဖြစ်ချေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊၎င်းတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူလက်ခံတော်မူသည်ဖြစ်စေ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို သိတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေ၏။
🎤 Your recording:
9:107
🔁 0/5
وَٱلَّذِينَ ٱتَّخَذُواْ مَسۡجِدًا ضِرَارًا وَكُفۡرًا وَتَفۡرِيقَۢا بَيۡنَ ٱلۡمُؤۡمِنِينَ وَإِرۡصَادًا لِّمَنۡ حَارَبَ ٱللَّهَ وَرَسُولَهُۥ مِن قَبۡلُۚ وَلَيَحۡلِفُنَّ إِنۡ أَرَدۡنَآ إِلَّا ٱلۡحُسۡنَىٰۖ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ ١٠٧
Wallazeenat takhazoo masjidan diraaranw wa kufranw wa tafreeqam bainal mu`mineena wa irsaadal liman haarabal laaha wa Rasoolahoo min qabl; wa la yahlifunna in aradnaaa illal husnaa wallaahu yash hadu innahum lakaaziboon
ထိုမှတစ်ပါး (၎င်းတို့တွင်) အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတစ်ဆောင်ကို (အစ္စလာမ်သာသနာတော်နှင့်မုစ်လင်မ်တို့အား)အကျိုးယုတ်စေခြင်းငှာလည်းကောင်း၊(နဗီတမန်တော်မြတ်အားကဲ့ရဲ့ခြင်းအားဖြင့်) သွေဖည်ငြင်း ပယ်ခြင်းငှာလည်းကောင်း၊မုစ်လင်မ်တို့ အချင်းချင်းတွင် သွေးခွဲခြင်းငှာလည်းကောင်း၊ယခင်က အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား တိုက်ခိုက်ခဲ့ကြသောသူများ ကင်းထောက်ရာဌာနတစ်ခုရရှိစေခြင်းငှာလည်းကောင်း တည်�ောက်ခဲ့ကြကုန်၏။ တစ်ဖန် ထိုသူတို့ကကျွန်တော်မျိုးတို့သည် အကောင်းကိုသာ ရည်စူးခဲ့ကြပါသည် ဟု ကျိန်ဆို ကြပေလိမ့်မည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ဧကန်မလွဲမုသာဝါဒီများ ဖြစ်ကြသည်ကို သက်သေခံတော်မူ၏။
🎤 Your recording:
9:108
🔁 0/5
لَا تَقُمۡ فِيهِ أَبَدًاۚ لَّمَسۡجِدٌ أُسِّسَ عَلَى ٱلتَّقۡوَىٰ مِنۡ أَوَّلِ يَوۡمٍ أَحَقُّ أَن تَقُومَ فِيهِۚ فِيهِ رِجَالٌ يُحِبُّونَ أَن يَتَطَهَّرُواْۚ وَٱللَّهُ يُحِبُّ ٱلۡمُطَّهِّرِينَ ١٠٨
Laa taqum feehi abadaa; lamasjidun ussisa `alat taqwaa min awwali yawmin ahaqqu an taqooma feeh; feehi rijaaluny yuhibbona ai yatatahharoo, wallaahu yuhibbul mmuttah hireen
(အို-နဗီတမန်တော်) အသင်သည် ထိုဗလီဝတ်ကျောင်းတွင် မည်သည့်အခါ၌မျှ (ဆွလာတ်ဝတ်ပြုရန်) မတ်တတ်မရပ်ပါလေနှင့်။ မုချဧကန် အကြင် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတော်သည် ပထမနေ့မှစ၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေခန့်ညားခြင်းအပေါ်၌(မူတည်၍) အုတ်မြစ်ချခဲ့ပြီးဖြစ်၏။ အသင်သည် ထိုဗလီဝတ်ကျောင်းတော်၌သာလျှင် ပိုမို၍ ရပ်ထိုက်၏။ ထိုဗလီဝတ်ကျောင်း တော်တွင်အလွန်သန့်ရှင်းစင်ကြယ်ကြရန် နှစ်သက်သောသူတို့သည် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်သန့်ရှင်း စင်ကြယ်ကြကုန်သော သူတို့အား နှစ်မြို့တော်မူချေသတည်း။
🎤 Your recording:
9:109
🔁 0/5
أَفَمَنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ تَقۡوَىٰ مِنَ ٱللَّهِ وَرِضۡوَٰنٍ خَيۡرٌ أَم مَّنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ شَفَا جُرُفٍ هَارٍ فَٱنۡهَارَ بِهِۦ فِي نَارِ جَهَنَّمَۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ١٠٩
Afaman assasa bunyaa nahoo `alaa taqwaa minal laahi wa ridwaanin khairun am man assasa bunyaanahoo `alaa shafaa jurufin haarin fanhaara bihee fee Naari Jahannnam; wallaahu laa yahdil qawmaz zaalimeen
သို့ဖြစ်ပေရာ အကြင်သူသည် မိမိအဆောက်အအုံကို (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ခန့်ညားခြင်းအပေါ်၌လည်းကောင်း၊ (ထိုအရှင်မြတ်၏) ကျေနပ်မှုအပေါ်၌လည်းကောင်း အုတ်မြစ်ချခဲ့၏၊ ထိုသူသည် ပို၍ကောင်းလေသလော။ သို့တည်းမဟုတ် အကြင်သူသည် ပို၍ကောင်းလေသလော။ ထိုသူသည် မိမိအဆောက်အအုံကို ပြိုကျအံ့ဆဲဆဲဖြစ်သော ချောက်ကမ်းပါးပေါ်၌ အုတ်မြစ်ချခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအဆောက်အအုံသည် ထိုသူနှင့်တကွ ဂျဟန္နမ်ငရဲဘုံ၏မီးထဲသို့ ပြိုကျသွားခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မတရားကျင့်မှု ပြုလုပ်သောသူတို့အား တရားလမ်းမှန်သို့ ပို့တော်မူသည်မဟုတ်ပေ။
🎤 Your recording:
9:110
🔁 0/5
لَا يَزَالُ بُنۡيَٰنُهُمُ ٱلَّذِي بَنَوۡاْ رِيبَةً فِي قُلُوبِهِمۡ إِلَّآ أَن تَقَطَّعَ قُلُوبُهُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ١١٠
Laa yazaalu bunyaanu humul lazee banaw reebatan fee quloobihim illaaa an taqatta`a quloobuhum; wal laahu `Aleemun Hakeem
၎င်းတို့တည်ဆောက်ခဲ့ကြသော အဆောက်အအုံမှာ ၎င်းတို့၏စိတ်နှလုံးများ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်မသွားသမျှကာလပတ်လုံး ၎င်းတို့၏စိတ်နှလုံးများတွင် အမြဲတစေ ထင့်လျက်ပင် ရှိချေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုသိတော်မူသောအရှင်၊နက်နဲသိမ်မွေ့ သော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:111
🔁 0/5
۞ إِنَّ ٱللَّهَ ٱشۡتَرَىٰ مِنَ ٱلۡمُؤۡمِنِينَ أَنفُسَهُمۡ وَأَمۡوَٰلَهُم بِأَنَّ لَهُمُ ٱلۡجَنَّةَۚ يُقَٰتِلُونَ فِي سَبِيلِ ٱللَّهِ فَيَقۡتُلُونَ وَيُقۡتَلُونَۖ وَعۡدًا عَلَيۡهِ حَقًّا فِي ٱلتَّوۡرَىٰةِ وَٱلۡإِنجِيلِ وَٱلۡقُرۡءَانِۚ وَمَنۡ أَوۡفَىٰ بِعَهۡدِهِۦ مِنَ ٱللَّهِۚ فَٱسۡتَبۡشِرُواْ بِبَيۡعِكُمُ ٱلَّذِي بَايَعۡتُم بِهِۦۚ وَذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١١١
Innal laahash taraa minal mu`mineena anfusahum wa amwaalahum bi anna lahumul jannah; yuqaatiloona fee sabeelil laahi fa yaqtuloona wa yuqtaloona wa`dan `alaihi haqqan fit Tawraati wal Injeeli wal Qur-aan; wa man awfaa be`ahdihee minal laah; fastabshiroo bibai`ikumul lazee baaya`tum bih; wa zaalika huwal fawzul `azeem
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ထံမှ ထိုသူတို့၏ အသက်ဇီဝိန်များကိုလည်းကောင်း၊ ထိုသူတို့၏ ဥစ္စာပစ္စည်းများကိုလည်းကောင်းထိုသူတို့အဖို့ ဂျန္နတ်အမတသုခဘုံ(သည်အစားပေးရန်) ရှိသည်ဟူ၍ ဝယ်ယူတော်မူခဲ့လေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စက်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်၏။ သို့ဖြစ်ပေရာ (ရံဖန်ရံခါ) ထိုသူတို့သည် (ရန်သူတို့အား) သတ်ဖြတ်ကြ၍ (ရံဖန်ရံခါ) ထိုသူတို့သည် (ရန်သူတို့၏)သတ်ဖြတ်မှုကို ခံကြရကုန်၏။ ထိုအရှင်မြတ်သည် မိမိ၏အပေါ်၌တာဝန်ရှိကြောင်း၊ တောင်ဝ်ရာတ် ကျမ်းမြတ်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်’ ကျမ်းမြတ်တွင်လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်တွင်လည်းကောင်း၊ မှန်ကန်စွာ ကတိပြုထားတော်မူခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်ထက် ပို၍ မိမိ၏ကတိကို ပြည့်စုံပြီးစီးအောင် ဆောင်ရွက်သူမည်သူရှိသနည်း။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏အရောင်းအဝယ်ပြုခဲ့ကြသောရောင်းဝယ်မှုနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ပျော်ရွှင်ကြလေကုန်။ အမှန်သော်ကား ဤသည်သာလျှင် အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုတည်း။
🎤 Your recording:
9:112
🔁 0/5
ٱلتَّٰٓئِبُونَ ٱلۡعَٰبِدُونَ ٱلۡحَٰمِدُونَ ٱلسَّٰٓئِحُونَ ٱلرَّٰكِعُونَ ٱلسَّٰجِدُونَ ٱلۡأٓمِرُونَ بِٱلۡمَعۡرُوفِ وَٱلنَّاهُونَ عَنِ ٱلۡمُنكَرِ وَٱلۡحَٰفِظُونَ لِحُدُودِ ٱللَّهِۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ ١١٢
At taaa`iboonal `aabidoonal haamidoonas saaa`ihoonar raaki`oonas saajidoonal aamiroona bilma`roofi wannaahoona `anil munkari walhaafizoona lihudoodil laah; wa bashshiril mu`mineen
ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြသော သူများသည် ဝန်ချတောင်းပန်လျက် ရှိကြသူများ၊ ဝတ်ပြုလျက် ရှိကြသူများ၊ ချီးမွမ်း ထောမနာပြုလျက်ရှိကြသူများ၊ ဥပုသ်သီလဆောက်တည်လျက် ရှိကြသူများ၊ ‘ရုကူအ်’ ဦးညွှတ်လျက် ရှိကြသူများ၊ ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချလျက်ရှိကြသူများ၊ ထို့ပြင် ကောင်းမှုများကို အမိန့်ပေးညွှန်ကြားလျက်ရှိကြသူများ၊ မကောင်းမှုများမှ တားမြစ်လျက်ရှိကြသူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းများကို စောင့်စည်းထိန်းသိမ်းသူများဖြစ်ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်း ပြောကြားပါလေ။
🎤 Your recording:
9:113
🔁 0/5
مَا كَانَ لِلنَّبِيِّ وَٱلَّذِينَ ءَامَنُوٓاْ أَن يَسۡتَغۡفِرُواْ لِلۡمُشۡرِكِينَ وَلَوۡ كَانُوٓاْ أُوْلِي قُرۡبَىٰ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُمۡ أَنَّهُمۡ أَصۡحَٰبُ ٱلۡجَحِيمِ ١١٣
Maa kaana lin nabiyyi wallazeena aamanooo ai yastaghfiroo lilmushrikeena wa law kaanoo ulee qurbaa mim ba`di maa tabiyana lahum annahum Ashaabul jaheem
နဗီတမန်တော်မြတ်၌လည်းကောင်း၊၊ ထို့အတူမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌လည်းကောင်း၊ မုရှ်ရစ်က်တို့အဖို့ ၎င်း တို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။
🎤 Your recording:
9:114
🔁 0/5
وَمَا كَانَ ٱسۡتِغۡفَارُ إِبۡرَٰهِيمَ لِأَبِيهِ إِلَّا عَن مَّوۡعِدَةٍ وَعَدَهَآ إِيَّاهُ فَلَمَّا تَبَيَّنَ لَهُۥٓ أَنَّهُۥ عَدُوٌّ لِّلَّهِ تَبَرَّأَ مِنۡهُۚ إِنَّ إِبۡرَٰهِيمَ لَأَوَّٰهٌ حَلِيمٌ ١١٤
Wa maa kaanas tighfaaru ibraaheema li abeehi illaa `ammaw `idatinw wa `adahaaa iyyaahu falammaa tabaiyana lahooo annahoo `aduwwul lillaahi tabarra a minh; inna Ibraaheema la awwaahum haleem
စင်စစ်သော်ကား (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မိမိဖခင်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားခဲ့သည်မှာ ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် ဖခင်အားပေးခဲ့သော ကတိဝန်ခံချက်ကြောင့်သာဖြစ်ပေ၏။ တစ်ဖန် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်၌(ဖခင်)သည် အလ္လာဟ်အရှင်မြတ်၏ရန်သူဖြစ်ကြောင်း ထင်ရှားခဲ့သောအခါ ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် ဖခင်နှင့်(မည်သို့မျှ)မသက်ဆိုင်၊ မပတ်သက်ဟူ၍ ငြင်းဆိုခဲ့လေ၏။ ဧကန်စင်စစ် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် စိတ်နှလုံးအလွန်နူးညံ့သူ၊ သည်းခံခြင်းတရားအလွန်ထားရှိသူ ဖြစ်ခဲ့လေသတည်း။
🎤 Your recording:
9:115
🔁 0/5
وَمَا كَانَ ٱللَّهُ لِيُضِلَّ قَوۡمَۢا بَعۡدَ إِذۡ هَدَىٰهُمۡ حَتَّىٰ يُبَيِّنَ لَهُم مَّا يَتَّقُونَۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ ١١٥
Wa maa kaanal laahu liyudilla qawmam ba`da iz hadaahum hatta yubaiyina lahum maa yattaqoon; innal laaha bikulli shai`in `Aleem
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်မည်သည့်လူမျိုးကိုမဆို ထိုလူမျိုးတို့အား တရားလမ်းမှန်သို့ ပို့တော်မူပြီးနောက်၊ ၎င်းတို့ ရှောင်ကြဉ်ကြရမည့်အရာများကို ထင်ရှားစွာ မိန့်ကြားတော်မူခြင်း ပြုတော်မမူသမျှ ကာလပတ်လုံး လမ်းလွဲစေ တော်မူသည် မဟုတ်ချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
🎤 Your recording:
9:116
🔁 0/5
إِنَّ ٱللَّهَ لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يُحۡيِۦ وَيُمِيتُۚ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ ١١٦
Innal laaha lahoo mulkus samaawaati wal ardi yuhyee wa yumeet; wa maa lakum min doonil laahi minw waliyyinw wa laa naseer
ဧကန်စင်စစ် မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုး အုပ်ချုပ်ခြင်းသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိချေသည်။ ထိုအရှင်မြတ်သည်သာလျှင် ရှင်စေတော်မူသည်၊ ထိုအရှင်မြတ်သည်သာလျှင် သေစေတော်မူသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အဖို့ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီမိုင်းမမည့်သူဟူ၍လည်းကောင်း တစ်ဦးတစ်ယောက်မျှ မရှိချေ။
🎤 Your recording:
9:117
🔁 0/5
لَّقَد تَّابَ ٱللَّهُ عَلَى ٱلنَّبِيِّ وَٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ ٱلَّذِينَ ٱتَّبَعُوهُ فِي سَاعَةِ ٱلۡعُسۡرَةِ مِنۢ بَعۡدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍ مِّنۡهُمۡ ثُمَّ تَابَ عَلَيۡهِمۡۚ إِنَّهُۥ بِهِمۡ رَءُوفٌ رَّحِيمٌ ١١٧
Laqat taabal laahu `alan nabiyyi wal Muhaajireena wal Ansaaril lazeenat taba`oohu fee saa`atil `usrati mim ba`di maa kaada yazeeghu quloobu fareeqim minhum summma taaba `alaihim; innahoo bihim Ra`oofur Raheem
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်မြတ်အပေါ်သို့လည်းကောင်း၊ အကြင် မုဟာဂျီရီန်နှင့် အန်ဆွာရ် သာဝကများအပေါ်သို့လည်းကောင်း၊ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေပြီ။ ယင်းမုဟာဂျီရီန် နှင့်အန်ဆွာရ်သာဝကတို့သည် မိမိတို့အနက် လူတစ်စု၏ စိတ်နှလုံးများတိမ်းစောင်းလုဆဲဆဲဖြစ်ပြီးနောက် ကျပ်တည်းသောအချိန်ကာလ၌ နဗီတမန်တော်မြတ်၏နောက်သို့ လိုက်ခဲ့ကြကုန်၏။ထို့နောက် အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကရုဏာတော်နှင့်လှည့်တော်မူခဲ့လေသည်။ မုချဧကန် ထိုအရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ အလွန်တရာ သနားကြင်နာတော်မူသောအရှင်အလွန်တရာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
🎤 Your recording:
9:118
🔁 0/5
وَعَلَى ٱلثَّلَٰثَةِ ٱلَّذِينَ خُلِّفُواْ حَتَّىٰٓ إِذَا ضَاقَتۡ عَلَيۡهِمُ ٱلۡأَرۡضُ بِمَا رَحُبَتۡ وَضَاقَتۡ عَلَيۡهِمۡ أَنفُسُهُمۡ وَظَنُّوٓاْ أَن لَّا مَلۡجَأَ مِنَ ٱللَّهِ إِلَّآ إِلَيۡهِ ثُمَّ تَابَ عَلَيۡهِمۡ لِيَتُوبُوٓاْۚ إِنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ١١٨
Wa `alas salaasatil lazeena khullifoo hattaaa izaa daaqat `alaihimul ardu bimaa rahubat wa daaqat `alaihim anfusuhum wa zannnooo al laa malja-a minal laahi illaaa ilaihi summa taaba `alaihim liyatooboo; innal laaha Huwat Tawwaabur Raheem
ထိုအတူ(ထိုအရှင်မြတ်သည်)အကြင် (သာဝက)သုံးဦးတို့ အပေါ်၌လည်း (ကရုဏာတော် နှင့်လှည့်တော်မူခဲ့၏)ထိုသုံးဦးတို့သည် (မည်သို့မျှ အဆုံးအဖြတ်ကို မရရှိကြသေးဘဲ)ရွှေ့ဆိုင်းခြင်း ခံခဲ့ကြရလေရာ၊ နောက်ဆုံးတွင် ပထဝီမြေသည်ဤမျှကျယ်ဝန်းပါလျက်နှင့်ပင် ၎င်းတို့အပေါ်၌ ကျဉ်းကျပ်လာလေတော့၏။ ထို့ပြင် ၎င်းတို့အသက် ထင်ရှားရှိနေခြင်းသည်ပင် ၎င်းတို့အပေါ်၌ ကျပ်တည်းခဲယဉ်းလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏အမျက်တော်)မှလွတ်ကင်းရန် ထိုအရှင်မြတ်အထံတော်မှတစ်ပါး အခြားမည်သည့် ခိုကိုးရာဌာနမျှမရှိသည်ကို ယုံကြည်လာခဲ့ကြလေသည်။ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့ (အနာဂတ်ကာလများတွင်လည်း ပြစ်မှု ကျူးလွန်မိတိုင်း အရှင်မြတ်အထံတော်သို့)ပြန်လှည့်နိုင်ကြ ခြင်းငှာ ၎င်းတို့ပေါ်၌ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်ကရုဏာတော်နှင့်လှည့်တော်မူသောအရှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🎤 Your recording:
9:119
🔁 0/5
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَكُونُواْ مَعَ ٱلصَّٰدِقِينَ ١١٩
Yaaa aiyuhal lazeena aamanut taqul laaha wa koonoo ma`as saadiqeen
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထို့ပြင် အသင်တို့သည် သစ္စာဝါဒီတို့နှင့်အတူ ရှိကြလေကုန်။ သစ္စာဝါဒီနှင့်အတူ နေထိုင်ကြလေကုန်။
🎤 Your recording:
9:120
🔁 0/5
مَا كَانَ لِأَهۡلِ ٱلۡمَدِينَةِ وَمَنۡ حَوۡلَهُم مِّنَ ٱلۡأَعۡرَابِ أَن يَتَخَلَّفُواْ عَن رَّسُولِ ٱللَّهِ وَلَا يَرۡغَبُواْ بِأَنفُسِهِمۡ عَن نَّفۡسِهِۦۚ ذَٰلِكَ بِأَنَّهُمۡ لَا يُصِيبُهُمۡ ظَمَأٌ وَلَا نَصَبٌ وَلَا مَخۡمَصَةٌ فِي سَبِيلِ ٱللَّهِ وَلَا يَطَـُٔونَ مَوۡطِئًا يَغِيظُ ٱلۡكُفَّارَ وَلَا يَنَالُونَ مِنۡ عَدُوٍّ نَّيۡلًا إِلَّا كُتِبَ لَهُم بِهِۦ عَمَلٌ صَٰلِحٌۚ إِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ ١٢٠
Maa kaana li ahlil Madeenati wa man hawlahum minal A`raabi ai yatakhallafoo `ar-Rasoolil laahi wa laa yarghaboo bi anfusihim `an nafsih; zaalika bi annahum laa yuseebuhum zama unw wa laa nasabunw wa laa makhmasatun fee sabeelil laahi wa laa yata`oona mawti`ai yagheezul kuffaara wa laa yanaaloona min `aduwwin nailan illaa kutiba lahum bihee `amalun saalih; innal laaha laa yudee`u ajral muhsineen
မဒီနာမြို့သားတို့အဖို့လည်းကောင်း၊ ထိုသူတို့၏ပတ်ဝန်းကျင်၌ရှိကြသော အရဗ်ကျေးတော သားတို့အဖို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားစွန့်၍ နောက်ကျန်ရစ်ခဲ့ကြရန်မသင့်လျော်ခဲ့ချေ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အသက်ဇီဝိန်များကို ထိုရစူလ်တမန်တော်မြတ်၏ အသက်ဇီဝိန်ထက် ပိုမို၍ နှစ်သက်ကြရန်လည်း မထိုက်ပေ။ဤ(ကဲ့သို့နောက်ချန်ရစ်ခဲ့ခြင်းမပြုဘဲ ရစူလ်တမန်တော်မြတ်နှင့်အတူလိုက်ကြရန် အမိန့်ပြဋ္ဌာန်းတော်မ�ခြင်း၏) အကြောင်းကား ထိုသူတို့၌ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မည်သည့် ရေမွတ်သိပ်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး မည်သည့်ပင်ပန်းခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိ သော်၊ထိုမှတစ်ပါး မည်သည့်ဆာလောင်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး ၎င်းတို့သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အမျက်ဒေါသထွက်စေသည့် မည်သည့် သွားလာမှုကိုမဆို သွားလာကြသည်ရှိသော်၊ ထို့ပြင် ၎င်းတို့သည်ရန်သူတစ်ဦးဦးထံမှ (ရန်သူ၏တပ်လန် ခြင်းကိုသော်လည်းကောင်း၊ထိုသူတို့ထံမှ လက်ရပစ္စည်းကိုသော်လည်းကောင်း၊ ဒဏ်ရာဒဏ်ချက်ကို သော်လည်းကောင်း၊ ဖမ်းဆီးခြင်းခံရခြင်းကိုသော်လည်းကောင်း၊ ရရှိ(ခံစား)ခဲ့ကြရသည်ရှိသော် ၎င်းတို့အဖို့ခံစားကြရသော ထိုအချက်အသီးသီးနှင့်စပ်လျဉ်း၍ ကောင်းမြတ်သောအပြုအမူတရပ်သည် ရေးသားခြင်း ခံခဲ့ကြရသည်ချည်းသာတည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အကျင့်သီလ ကောင်းမြတ်သောသူတို့၏ အကျိုးကို အချည်းနှီးဖြစ်စေတော်မူသည် မဟုတ်ချေ။
🎤 Your recording:
9:121
🔁 0/5
وَلَا يُنفِقُونَ نَفَقَةً صَغِيرَةً وَلَا كَبِيرَةً وَلَا يَقۡطَعُونَ وَادِيًا إِلَّا كُتِبَ لَهُمۡ لِيَجۡزِيَهُمُ ٱللَّهُ أَحۡسَنَ مَا كَانُواْ يَعۡمَلُونَ ١٢١
Wa laa yunfiqoona nafa qatan sagheeratanw wa laa kabeeratanw wa laa yaqta`oona waadiyan illaa kutiba lahum liyajziyahumul laahu ahsana maa kaanoo ya`maloon
၎င်းအပြင် ထိုသူတို့သည် အသေးအဖွဲ သုံးစွဲခြင်းကိုလည်းကောင်း၊ အကြီးအကျယ် သုံးစွဲခြင်းကို လည်းကောင်း၊သုံးစွဲကြသည်ရှိသော်၊ ထို့အတူ ထိုသူတို့သည် မည်သည့်တောင်ကြားအရပ် တစ်ရပ်ရပ်ကိုမဆို ဖြတ်ကျော်ကြသည်ရှိသော်၊ထိုသူတို့အဖို့ ရေးသားထားရှိပြီး ဖြစ်ခဲ့သည်သာတည်း။ (ယင်းကဲ့သို့ ရေးသား၍ထားရှိခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည်ထိုသူတို့အား ထိုသူတို့၏အပြုအမူများနှင့်စပ်လျဉ်း၍အကောင်းဆုံးသောအကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူခြင်းငှာ ဖြစ်ချေသည်။
🎤 Your recording:
9:122
🔁 0/5
۞ وَمَا كَانَ ٱلۡمُؤۡمِنُونَ لِيَنفِرُواْ كَآفَّةًۚ فَلَوۡلَا نَفَرَ مِن كُلِّ فِرۡقَةٍ مِّنۡهُمۡ طَآئِفَةٌ لِّيَتَفَقَّهُواْ فِي ٱلدِّينِ وَلِيُنذِرُواْ قَوۡمَهُمۡ إِذَا رَجَعُوٓاْ إِلَيۡهِمۡ لَعَلَّهُمۡ يَحۡذَرُونَ ١٢٢
Wa maa kaanal mu`minoona liyanfiroo kaaaffah; falaw laa nafara min kulli firqatim minhum taaa`ifatul liyatafaqqahoo fiddeeni wa liyunziroo qawmahum izaa raja`ooo ilaihim la`allahum yahzaroon
စင်စစ်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့သည် တစ်ယောက်မကျန် (စစ်တလင်းသို့) ထွက်ကြရန်(လည်း) မထိုက်ချေ။ သို့ဖြစ်ပေရာ ၎င်းတို့ အနက် အုပ်စုတိုင်းမှလူတစ်စုသည်သာလျှင် (စစ်တလင်းသို့)ထွက်ကြရပေမည်။ သို့မှသာလျှင် (ကျန်လူတို့မှာ) ဒီန်သာသနာ နှင့်စပ်လျဉ်း၍ (အသိပညာများကို) သင်ယူဆည်းပူးနိုင်ကြပေမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အမျိုးသားတို့အား (စစ်တလင်းမှ) မိမိတို့ထံပြန်လည် ရောက်ရှိလာခဲ့ကြသောအခါ(အလ္လာဟ်အရှင်မြတ်၏အမိန့်ပညတ်တော်များကို ဟောကြားခြင်းအားဖြင့်) သတိပေးနှိုးဆော်နိုင်ကြပေမည်။ သို့မှသာလျှင် ထိုအမျိုးသားတို့သည်(ပြစ်မှုဒုစရိုက်တို့မှ) ရှောင်ရှားတန်ကြရာ ကုန်သတည်း။
🎤 Your recording:
9:123
🔁 0/5
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ قَٰتِلُواْ ٱلَّذِينَ يَلُونَكُم مِّنَ ٱلۡكُفَّارِ وَلۡيَجِدُواْ فِيكُمۡ غِلۡظَةًۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَعَ ٱلۡمُتَّقِينَ ١٢٣
Yaaa aiyuhal lazeena aamanoo qaatilul lazeena yaloonakum minal kuffaari walyajidoo feekum ghilzah; wa`lamooo annal laaha ma`al muttaqeen
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့၏ အနီးပတ်ဝန်းကျင်ရှိ ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သူတို့အား တိုက်ခိုက်ကြလေကုန်၊ ထို့ပြင် ၎င်းကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သူတို့သည်အသင်တို့၌ ပြင်းထန်မှုကို တွေ့ရှိကြစေရာ၏။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် သူတော်စင်တို့နှင့် အတူရှိတော်မူကြောင်း အသင်တို့သည် (ကောင်းစွာ) သိထားကြလေကုန်။
🎤 Your recording:
9:124
🔁 0/5
وَإِذَا مَآ أُنزِلَتۡ سُورَةٌ فَمِنۡهُم مَّن يَقُولُ أَيُّكُمۡ زَادَتۡهُ هَٰذِهِۦٓ إِيمَٰنًاۚ فَأَمَّا ٱلَّذِينَ ءَامَنُواْ فَزَادَتۡهُمۡ إِيمَٰنًا وَهُمۡ يَسۡتَبۡشِرُونَ ١٢٤
Wa izaa maaa unzilat Sooratun faminhum mai yaqoolu aiyukum zaadat hu haazihee eemaanaa; fa ammal lazeena aamanoo fazaadat hum eemaananw wa hum yastabshiroon
စင်စစ်သော်ကား မည်သည့်အခါမျိုး၌မဆို (ကုရ်အာန်ကျမ်းတော်မြတ်၏)’စူရဟ်ကဏ္ဍ တစ်ခုခုသည် (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ချပေးသနားတော်မူခြင်း ခံခဲ့ရပါလျှင်၊ထို (မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်သော) သူတို့အနက်မှ အချို့က ဤ စူရဟ် ကဏ္ဍသည် အသင်တို့အနက် မည်သူ၏အီမာန်သက်ဝင်ယုံကြည်မှုကို တိုးတက်စေပါသနည်းဟု ပြောဆိုလေ၏။ စင်စစ်သော်ကား မည်သို့ပင်ဖြစ်စေ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ ထိုစူရဟ်ကဏ္ဍသည် ၎င်းတို့��အီမာန် သက်ဝင်ယုံကြည်မှုကို တိုးတက်စေခဲ့၏။ ထို့ပြင် ၎င်းတို့သည်ဝမ်းမြောက်ပျော်ရွှင်လျက် ရှိကြကုန်၏။
🎤 Your recording:
9:125
🔁 0/5
وَأَمَّا ٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ فَزَادَتۡهُمۡ رِجۡسًا إِلَىٰ رِجۡسِهِمۡ وَمَاتُواْ وَهُمۡ كَٰفِرُونَ ١٢٥
Wa ammal lazeena fee quloobihim maradun fazaadat hum rijsan ilaa rijsihim wa maatoo wa hum kaafiroon
သို့ရာတွင် စိတ်နှလုံးများတွင် ရောဂါရှိသော သူတို့မှာကား ထိုစူရဟ်ကဏ္ဍသည် ၎င်းတို့၏ အညစ်အကြေးတွင်အညစ်အကြေးတခုခုကို(ထပ်လောင်း၍)တိုးစေခဲ့သည်။ ထို့ပြင်၎င်းတို့သည် ကာဖိရ်မယုံကြည်သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးခဲ့ကြရလေသည်။
🎤 Your recording:
9:126
🔁 0/5
أَوَلَا يَرَوۡنَ أَنَّهُمۡ يُفۡتَنُونَ فِي كُلِّ عَامٍ مَّرَّةً أَوۡ مَرَّتَيۡنِ ثُمَّ لَا يَتُوبُونَ وَلَا هُمۡ يَذَّكَّرُونَ ١٢٦
Awalaa yarawna annahum yuftanoona fee kulli `aamim marratan aw marrataini summa laa yatooboona wa laa hum yazzakkkaroon
၎င်းတို့သည် မိမိတို့မှာ တနှစ်လျှင်တစ်ကြိမ် သို့မဟုတ်နှစ်ကြိမ် စမ်းသပ်ခြင်းခံကြရသည်ကို မမြင်ကြလေသလော၊ သို့ပါလျက် ၎င်းတို့သည် ဝန်ချ တောင်းပန်ကြသည်လည်းမဟုတ်ပေ၊ သတိတရား ရရှိကြသည်လည်း မဟုတ်ချေတကား။
🎤 Your recording:
9:127
🔁 0/5
وَإِذَا مَآ أُنزِلَتۡ سُورَةٌ نَّظَرَ بَعۡضُهُمۡ إِلَىٰ بَعۡضٍ هَلۡ يَرَىٰكُم مِّنۡ أَحَدٍ ثُمَّ ٱنصَرَفُواْۚ صَرَفَ ٱللَّهُ قُلُوبَهُم بِأَنَّهُمۡ قَوۡمٌ لَّا يَفۡقَهُونَ ١٢٧
Wa izaa maaa unzilat Sooratun nazara ba`duhum ilaa ba`din hal yaraakum min ahadin summman sarafoo; sarafal laahu quloobahum bi annahum qawmul laa yafqahoon
ထိုမှတစ်ပါး မည်သည့်အခါမျိုးမဆို စူရဟ်ကဏ္ဍတစ်ခုခုကို ချပေးသနားတော်မူခြင်းကို ခံခဲ့ရပါလျှင်၊ ၎င်းတို့အနက် တစ်ဦးကတစ်ဦးကိုကြည့်(၍)အသင်တို့အား (နဗီတမန်တော်နှင့်မုစ်လင်မ်တို့အနက်မှ) တစ်ဦးဦးသည် ကြည့်နေသလောဟုအရိပ်အယောင်ဖြင့်ပြောဆို)မေးမြန်းပြီးနောက်ပြန်လှည့်(၍ထွက်သွား) ခဲ့ကြလေသည်။ (စင်စစ် သော်ကား) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို လှည့်၍ထားတော်မူခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုသောသူများသာ ဖြစ်ကြသောကြောင့်ပင်။
🎤 Your recording:
9:128
🔁 0/5
لَقَدۡ جَآءَكُمۡ رَسُولٌ مِّنۡ أَنفُسِكُمۡ عَزِيزٌ عَلَيۡهِ مَا عَنِتُّمۡ حَرِيصٌ عَلَيۡكُم بِٱلۡمُؤۡمِنِينَ رَءُوفٌ رَّحِيمٌ ١٢٨
Laqad jaaa`akum Rasoolum min anfusikum `azeezun `alaihi maa `anittum hareesun `alaikum bilmu`mineena ra`oofur raheem
ဧကန်မလွဲ အသင်တို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်၏အပေါ်၌အလွန် ဝန်လေးလှသည်။ (၎င်းပြင် ထိုရစူလ်တမန်တော်သည်)အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်း များကိုသာ အာသာဆန္ဒ ပြင်းပြစွာ တပ်မက်သူဖြစ် ၏။ (ထိုမှတစ်ပါး)’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ အလွန်တရာနူးညံ့သိမ်မွေ့သူ၊ အလွန်တရာ သနားကြင်နာသူတဦး(လည်း)ဖြစ်ချေ သတည်း။
🎤 Your recording:
9:129
🔁 0/5
فَإِن تَوَلَّوۡاْ فَقُلۡ حَسۡبِيَ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ عَلَيۡهِ تَوَكَّلۡتُۖ وَهُوَ رَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ ١٢٩
Fa in tawallaw faqul lhasbiyal laahu laaa ilaaha illaa Huwa `alaihi tawakkkaltu wa Huwa Rabbul `Arshil `Azeem
တဖန် အကယ်၍ ၎င်းတို့သည် (သိနားလည်ပါလျက်နှင့်ယုံကြည်လိုက်နာခြင်းမရှိပဲ) ပြန်လှည့်၍ သွားခဲ့ကြပါလျှင် အသင်သည် (၎င်းတို့အား ဤသို့ ပြောကြားပါလေ)ငါတို့အဖို့ အလ္လာဟ်အရှင်မြတ်သည် (အဖက်ဖက်မှ) လုံလောက်တော်မူပေသည်၊ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ။ ထိုအရှင်မြတ်အပေါ်၌သာလျှင်ငါသည် (အစစအရာရာတွင် လုံးဝ)ယုံကြည် လွှဲအပ်ခဲ့လေပြီ၊ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကြီးကျယ်မြင့်မြတ် လှစွာသောအရ်ရ်ှပလ္လင်တော်ကို စိုးပိုင်တော်မူ သောအရှင်လည်း ဖြစ်တော်မူပေသတည်း။
🎤 Your recording:
💡 Tap any hidden word to reveal it temporarily — your progress is saved automatically in this browser.
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers







