အတ်-ဒူဟာ စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အတ်-ဒူဟာ စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (11 အာယာသ် — مكية). အတ်-ဒူဟာ နားထောင်, အတ်-ဒူဟာ ဘာသာပြန်, အတ်-ဒူဟာ mp3, အတ်-ဒူဟာ pdf.

အတ်-ဒူဟာ စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
وَالضُّحَىٰ ۝١
📖 ဘာသာပြန် အာယာသ် 1
(ငါအရှင်မြတ်သည်) နေတက်ချိန် (နေ၏အလင်းရောင်)ကို သက်သေထူတော်မူ၏။
وَاللَّيْلِ إِذَا سَجَىٰ ۝٢
📖 ဘာသာပြန် အာယာသ် 2
၎င်းပြင် (ငါအရှင်မြတ်သည်) ညဉ့်ကိုသက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် လွှမ်းမိုးလေ၏။
مَا وَدَّعَكَ رَبُّكَ وَمَا قَلَىٰ ۝٣
📖 ဘာသာပြန် အာယာသ် 3
အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အသင့်ကို စွန့်ပစ်၍ထားတော်မူသည် လည်းမဟုတ်၊(အသင့်အား) မုန်းတီးတော်မူသည်လည်း မဟုတ်ပေ။
وَلَلْآخِرَةُ خَيْرٌ لَّكَ مِنَ الْأُولَىٰ ۝٤
📖 ဘာသာပြန် အာယာသ် 4
စင်စစ်သော်ကား အသင့်အဖို့ တမလွန်ဘဝသည် မျက်မှောက်လောကီဘဝထက် သာလွန် ကောင်းမြတ်လှ၏။
وَلَسَوْفَ يُعْطِيكَ رَبُّكَ فَتَرْضَىٰ ۝٥
📖 ဘာသာပြန် အာယာသ် 5
၎င်းပြင် မကြာမြင့်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင် နှစ်သိမ့် ကျေနပ်လောက်အောင် အမှန်ပင် ချီးမြှင့်ပေးသနား တော်မူပေမည်။
أَلَمْ يَجِدْكَ يَتِيمًا فَآوَىٰ ۝٦
📖 ဘာသာပြန် အာယာသ် 6
ထိုအရှင်မြတ်သည် အသင့်အား မိဘမဲ့အဖြစ် တွေ့ရှိတော်မူခဲ့၍ ခိုကိုးရာပေးတော်မူခဲ့သည် မဟုတ်လော။
وَوَجَدَكَ ضَالًّا فَهَدَىٰ ۝٧
📖 ဘာသာပြန် အာယာသ် 7
၎င်းပြင် ထိုအရှင်မြတ်သည် အသင့်အား လမ်းမပေါက်သူအဖြစ် တွေ့ရှိတော်မူခဲ့ရာ လမ်းညွှန်တော်မူခဲ့၏။
وَوَجَدَكَ عَائِلًا فَأَغْنَىٰ ۝٨
📖 ဘာသာပြန် အာယာသ် 8
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင့်အား ပစ္စည်းမဲ့အဖြစ် တွေ့ရှိတော်မူခဲ့ရာ ဥစ္စာပစ္စည်းကြွယ်ဝ စေတော်မူခဲ့၏။
فَأَمَّا الْيَتِيمَ فَلَا تَقْهَرْ ۝٩
📖 ဘာသာပြန် အာယာသ် 9
သို့ဖြစ်ပေရာ မည်သို့ပင်ဖြစ်စေကာမူ အသင်သည် မိဘမဲ့ကလေးသူငယ်အား ဖိနှိပ်(ကြိမ်းမောင်း) ခြင်းကို မပြုပါလေနှင့်။
وَأَمَّا السَّائِلَ فَلَا تَنْهَرْ ۝١٠
📖 ဘာသာပြန် အာယာသ် 10
ထိုနည်းတူစွာ မည်သို့ပင်ဖြစ်စေကာမူ အသင်သည် သူတောင်းစားအား ငေါက်ငမ်း၊ နှင်ထုတ်ခြင်းကို မပြုပါလေနှင့်။
وَأَمَّا بِنِعْمَةِ رَبِّكَ فَحَدِّثْ ۝١١
📖 ဘာသာပြန် အာယာသ် 11
ထိုမှတစ်ပါး မည်သို့ပင်ဖြစ်စေကာမူ အသင်သည် မိမိအား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ကျေးဇူးတော်ကို ထုတ်ဖေါ်ပြောကြား၍ နေပါလေ။
← 92 အတ်-ဒူဟာ (93/114) 94 →
ဖတ်ရန် အတ်-ဒူဟာ စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

93الضحى Ad-Duha 📚 11 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အတ်-ဒူဟာ စူရာ — 11 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers