အလ်-မူလ်ခ် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အလ်-မူလ်ခ် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (30 အာယာသ် — مكية). အလ်-မူလ်ခ် နားထောင်, အလ်-မူလ်ခ် ဘာသာပြန်, အလ်-မူလ်ခ် mp3, အလ်-မူလ်ခ် pdf.

အလ်-မူလ်ခ် စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
تَبَارَكَ الَّذِي بِيَدِهِ الْمُلْكُ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ۝١
📖 ဘာသာပြန် အာယာသ် 1
အကြင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံ မြင့်မြတ်လှတော်မူ၏။ ထိုအရှင်မြတ်၏ လက်တော်တွင်းဝယ် အုပ်ချုပ်မှုသည်ရှိသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
الَّذِي خَلَقَ الْمَوْتَ وَالْحَيَاةَ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا ۚ وَهُوَ الْعَزِيزُ الْغَفُورُ ۝٢
📖 ဘာသာပြန် အာယာသ် 2
အကြင် အရှင်မြတ်သည် အသင်တို့အား အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာ "မရဏ" သေခြင်းတရားကိုလည်းကောင်း၊ အသက် ရှင်ခြင်းကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလွန်တရာ ခန့်ညား တော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။
الَّذِي خَلَقَ سَبْعَ سَمَاوَاتٍ طِبَاقًا ۖ مَّا تَرَىٰ فِي خَلْقِ الرَّحْمَٰنِ مِن تَفَاوُتٍ ۖ فَارْجِعِ الْبَصَرَ هَلْ تَرَىٰ مِن فُطُورٍ ۝٣
📖 ဘာသာပြန် အာယာသ် 3
အကြင်အရှင်မြတ်သည် မိုးကောင်းကင်ခုနစ်ထပ်ကို အထပ်ထပ် ဖန်ဆင်းတော်မူခဲ့၏။ အသင်သည် "ရဟ်မာန်" ကရုဏာတော်ရှင်၏ ဖန်ဆင်းမှု၌ ကွာခြားမှု၊ မဆီလျော်မှုဟူ၍ကား လုံးဝ တွေ့ရှိရမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် မျက်စိကို ပြန်မော့၍ ကြည့်လော့၊ အသင်သည် တစ်စုံတစ်ရာ အက်ကွဲမှု တွေ့မြင်ရလေသလော။
ثُمَّ ارْجِعِ الْبَصَرَ كَرَّتَيْنِ يَنقَلِبْ إِلَيْكَ الْبَصَرُ خَاسِئًا وَهُوَ حَسِيرٌ ۝٤
📖 ဘာသာပြန် အာယာသ် 4
ထို့နောက် အသင်သည် မျက်စိကိုပြန်မော့၍ အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုလော့၊ မျက်စိသာလျှင် အသင့်ထံသို့ အရှက်ရ၍ညောင်းလျက် ပြန်လာမည် ဖြစ်၏။
وَلَقَدْ زَيَّنَّا السَّمَاءَ الدُّنْيَا بِمَصَابِيحَ وَجَعَلْنَاهَا رُجُومًا لِّلشَّيَاطِينِ ۖ وَأَعْتَدْنَا لَهُمْ عَذَابَ السَّعِيرِ ۝٥
📖 ဘာသာပြန် အာယာသ် 5
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အနီးဆုံး(အောက်ဆုံး)ဖြစ်သော မိုးကောင်းကင်ကို မီးအိမ်များဖြင့် တင့်တယ်သိုက်မြိုက်စွာ ဆင်ယင်ထားတော် မူသည့်ပြင် ငါအရှင်မြတ်သည် ယင်းမီးအိမ်များကို "ရှိုင်တွာန်" မိစ္ဆာကောင်များအား ပစ်ခတ်ရန် လက်နက်ကိရိယာများ ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အဖို့ ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ပေသတည်း။
وَلِلَّذِينَ كَفَرُوا بِرَبِّهِمْ عَذَابُ جَهَنَّمَ ۖ وَبِئْسَ الْمَصِيرُ ۝٦
📖 ဘာသာပြန် အာယာသ် 6
ထို့ပြင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၌ ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်သည် ရှိချေမည်။ စင်စစ်မှာကား ယင်း"ဂျဟန္နမ်"ငရဲသည် လွန်စွာဆိုးရွားလှသော စခန်းပင် ဖြစ်ချေ၏။
إِذَا أُلْقُوا فِيهَا سَمِعُوا لَهَا شَهِيقًا وَهِيَ تَفُورُ ۝٧
📖 ဘာသာပြန် အာယာသ် 7
၎င်းတို့သည် ယင်းငရဲ၌ပစ်ချခြင်းကို ခံခဲ့ကြရသောအခါ ယင်းငရဲ၏ဟိန်းသံကို ကြားကြရပေမည်။ ၎င်းပြင် ယင်းငရဲသည် ဆူပွက်လျက်ရှိမည်မှာ၊
تَكَادُ تَمَيَّزُ مِنَ الْغَيْظِ ۖ كُلَّمَا أُلْقِيَ فِيهَا فَوْجٌ سَأَلَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ نَذِيرٌ ۝٨
📖 ဘာသာပြန် အာယာသ် 8
အမျက်ဒေါသကြောင့် ပေါက်ကွဲလုမတတ်ရှိပေမည်။ ယင်း"ဂျဟန္နမ်"ငရဲ၌ အုပ်စုတစ်စု ပစ်ချခြင်းခံရတိုင်း ယင်းငရဲကို စောင့်ကြပ်သော ကောင်းကင်တမန်များက ၎င်းတို့အား "အသင်တို့ထံ သတိပေး နှိုးဆော်သူ တစ်ဦးတစ်ယောက်မျှ မလာခဲ့လေသလော" ဟု မေးမြန်းကြပေမည်။
قَالُوا بَلَىٰ قَدْ جَاءَنَا نَذِيرٌ فَكَذَّبْنَا وَقُلْنَا مَا نَزَّلَ اللَّهُ مِن شَيْءٍ إِنْ أَنتُمْ إِلَّا فِي ضَلَالٍ كَبِيرٍ ۝٩
📖 ဘာသာပြန် အာယာသ် 9
(ထိုအခါ) ၎င်းတို့က အဘယ်ကြောင့် မဟုတ်ပါသနည်း၊ ဧကန်မလွဲ သတိပေးနှိုးဆော်သူသည် ကျွန်ုပ်တို့ထံ လာခဲ့ပေသည်။ သို့တစေလည်း ကျွန်ုပ် တို့က မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသည့်ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သည့် တစ်စုံတစ်ရာကိုမျှပင် ချပေးတော်မူခြင်းမရှိ၊ အသင်တို့သည် ကြီးကျယ်လှစွာသော လမ်းမှားမှု၌ ရှိနေကြသည်ဟု ပြောဆိုခဲ့ကြောင်း ဖြေကြားကြပေမည်။
وَقَالُوا لَوْ كُنَّا نَسْمَعُ أَوْ نَعْقِلُ مَا كُنَّا فِي أَصْحَابِ السَّعِيرِ ۝١٠
📖 ဘာသာပြန် အာယာသ် 10
ထိုမှတစ်ပါး ၎င်းတို့က အကယ်၍သာ ကျွန်ုပ်တို့သည် နားထောင်ခဲ့ကြပါလျှင် သို့တည်းမဟုတ် ကျွန်ုပ်တို့သည် နားလည်ခဲ့ကြပါလျှင် ကျွန်ုပ်တို့သည် ငရဲသားများ ဖြစ်ကြမည်မဟုတ်ဟု ပြောဆိုကြပေမည်။
فَاعْتَرَفُوا بِذَنبِهِمْ فَسُحْقًا لِّأَصْحَابِ السَّعِيرِ ۝١١
📖 ဘာသာပြန် အာယာသ် 11
မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် (ကိယာမတ်နေ့တွင်) မိမိတို့၏ ပြစ်မှုကျူးလွန်ခြင်းကို ဝန်ခံကြပေမည်၊ သို့ဖြစ်ပေရာ "ဂျဟန္နမ်" ငရဲသားတို့၌ ကရုဏာတော်မှ ကင်းဝေးမှုသည် ရှိစေသား။
إِنَّ الَّذِينَ يَخْشَوْنَ رَبَّهُم بِالْغَيْبِ لَهُم مَّغْفِرَةٌ وَأَجْرٌ كَبِيرٌ ۝١٢
📖 ဘာသာပြန် အာယာသ် 12
ဧကန်မလွဲ မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား မမြင်ဘဲလျက် ကြောက်ရွံ့သော သူတို့အဖို့ အပြစ်မှ ချမ်းသာပေးခြင်းသည်လည်းကောင်း၊ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည် လည်းကောင်း၊ ရှိ၏။
وَأَسِرُّوا قَوْلَكُمْ أَوِ اجْهَرُوا بِهِ ۖ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ ۝١٣
📖 ဘာသာပြန် အာယာသ် 13
ထို့ပြင် အသင်တို့သည် မိမိတို့၏ စကားများကို လျှို့ဝှက်စွာပြောဆိုကြသည်ဖြစ်စေ၊ ကျယ်လောင်စွာ ပြောဆိုကြသည်ဖြစ်စေ၊ ဧကန်စင်စစ် ထိုအရှင်မြတ်မှာမူကား စိတ်နှလုံးများအတွင်းဝယ် ရှိသည်တို့ကိုပင် အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော် မူ၏။
أَلَا يَعْلَمُ مَنْ خَلَقَ وَهُوَ اللَّطِيفُ الْخَبِيرُ ۝١٤
📖 ဘာသာပြန် အာယာသ် 14
ဖန်ဆင်းတော်မူသော အရှင်မြတ်သည် သိတော်မူမည် မဟုတ်ပါသလော။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် သိမ်မွေ့သောအရာတို့ကို လွန်စွာ သိမြင်တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
هُوَ الَّذِي جَعَلَ لَكُمُ الْأَرْضَ ذَلُولًا فَامْشُوا فِي مَنَاكِبِهَا وَكُلُوا مِن رِّزْقِهِ ۖ وَإِلَيْهِ النُّشُورُ ۝١٥
📖 ဘာသာပြန် အာယာသ် 15
ထိုအရှင်မြတ်သည်ပင် အသင်တို့အကျိုးငှာ ပထဝီမြေကို တစ်ဆင့်အသုံးခံ၊ လက်အောက်ခံ ပြုလုပ်ထားတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်းပထဝီမြေ၏ သွားလာရာလမ်းများ၌ လှုပ်ရှားသွားလာကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ် ချီးမြှင့် ပေးသနားတော်မူသောရိက္ခာမှ စားသုံးကြလေကုန်။ စင်စစ်သော်ကား ရှင်ပြန်ထ၍ ထိုအရှင်မြတ် အထံတော်သို့ပင် ပြန်လည် ရောက်ရှိကြရအံ့သတည်း။
أَأَمِنتُم مَّن فِي السَّمَاءِ أَن يَخْسِفَ بِكُمُ الْأَرْضَ فَإِذَا هِيَ تَمُورُ ۝١٦
📖 ဘာသာပြန် အာယာသ် 16
အသင်တို့သည် မိုးကောင်းကင်၌ ရှိတော်မူသော အရှင်မြတ်အား ထိုအရှင်မြတ်သည် အသင်တို့အား မြေမျိုစေတော်မူမည် မဟုတ်ဟူ၍ စိုးရိမ်ကြောင့်ကြမှု ကင်းကြလေပြီလော၊ သို့(မြေမျိုစေတော်မူသော)အခါ ယင်းပထဝီမြေမှာ ပြင်းထန်စွာ တုန်လှုပ်လျက်ရှိပေမည်။
أَمْ أَمِنتُم مَّن فِي السَّمَاءِ أَن يُرْسِلَ عَلَيْكُمْ حَاصِبًا ۖ فَسَتَعْلَمُونَ كَيْفَ نَذِيرِ ۝١٧
📖 ဘာသာပြန် အာယာသ် 17
သို့တည်းမဟုတ် အသင်တို့သည် မိုးကောင်းကင်၌ ရှိတော်မူသော အရှင်မြတ်အား ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ကျောက်စရစ်မိုး ရွာသွန်း စေတော်မူမည် မဟုတ်ဟူ၍ စိုးရိမ်ခြင်း ကင်းကြလေပြီလော။ သို့ဖြစ်လျှင် မကြာမြင့်မီပင် ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှုသည် မည်သို့ရှိခဲ့သည်ကို သိရှိ ကြပေမည်။
وَلَقَدْ كَذَّبَ الَّذِينَ مِن قَبْلِهِمْ فَكَيْفَ كَانَ نَكِيرِ ۝١٨
📖 ဘာသာပြန် အာယာသ် 18
စင်စစ်သော်ကား ၎င်းတို့အလျင်ရှိခဲ့ကြသော သူတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ ကြကုန်၏။သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်မှာ မည်သို့ရှိပေသနည်း။
أَوَلَمْ يَرَوْا إِلَى الطَّيْرِ فَوْقَهُمْ صَافَّاتٍ وَيَقْبِضْنَ ۚ مَا يُمْسِكُهُنَّ إِلَّا الرَّحْمَٰنُ ۚ إِنَّهُ بِكُلِّ شَيْءٍ بَصِيرٌ ۝١٩
📖 ဘာသာပြန် အာယာသ် 19
၎င်းတို့သည် မိမိတို့ထက်ဝယ် ငှက်တိရစ္ဆာန်တို့အား အတောင်ပံများကို ကားလျက်ရှိသည်ကို လည်းကောင်း၊(ယင်းအတောင်ပံများကို)ရုပ်သိမ်း လျက်ရှိကြသည်ကို လည်းကောင်း၊ ရှုမြင်ခဲ့ကြသည် မဟုတ်လော။ ယင်း ငှက်တိရစ္ဆာန်တို့ကို "ရဟ်မာန်" ကရုဏာတော်ရှင်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှပင် ထိန်းသိမ်း၍ ထားရှိသည်မဟုတ်ပြီ။ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
أَمَّنْ هَٰذَا الَّذِي هُوَ جُندٌ لَّكُمْ يَنصُرُكُم مِّن دُونِ الرَّحْمَٰنِ ۚ إِنِ الْكَافِرُونَ إِلَّا فِي غُرُورٍ ۝٢٠
📖 ဘာသာပြန် အာယာသ် 20
စင်စစ် "ရဟ်မာန်" ကရုဏာတော်ရှင် မှတစ်ပါး အသင်တို့၏ စစ်သည်ဗိုလ်ပါအဖြစ် အသင်တို့အား ကူညီအံ့သောသူသည် မည်သူနည်း။ စင်စစ်မှာကား(ကာဖိရ်)သွေဖည် ငြင်းပယ်သောသူတို့သည် ဖြားယောင်းမှု၌ပင် ရှိနေကြကုန်၏။
أَمَّنْ هَٰذَا الَّذِي يَرْزُقُكُمْ إِنْ أَمْسَكَ رِزْقَهُ ۚ بَل لَّجُّوا فِي عُتُوٍّ وَنُفُورٍ ۝٢١
📖 ဘာသာပြန် အာယာသ် 21
စင်စစ် အကယ်၍ ထိုအရှင်မြတ်သည် မိမိ (ထံမှ)ရိက္ခာကို ပိတ်ပင်တော်မူခဲ့ပါလျှင် အသင်တို့အား ရိက္ခာပေးအံ့သောသူသည် မည်သူနည်း။ စင်စစ်မှာကား ထိုသူတို့သည် ဆိုးသွမ်းမှု၌လည်းကောင်း၊ စက်ဆုပ်ရွံရှာမှု၌လည်းကောင်း၊ စွဲမြဲစွာ ရှိနေကြကုန်၏။
أَفَمَن يَمْشِي مُكِبًّا عَلَىٰ وَجْهِهِ أَهْدَىٰ أَمَّن يَمْشِي سَوِيًّا عَلَىٰ صِرَاطٍ مُّسْتَقِيمٍ ۝٢٢
📖 ဘာသာပြန် အာယာသ် 22
မိမိ မျက်နှာပေါ်၌ မှောက်လျက်သွားသောသူသည် ဖြောင့်မှန်စွာသွားသူ ဖြစ်လေသလော၊ သို့တည်းမဟုတ် ဖြောင့်မတ်သောလမ်းပေါ်၌ မတ်မတ် သွားနေသောသူသည် ဖြောင့်မှန်စွာသွားသူ ဖြစ်လေသလော။
قُلْ هُوَ الَّذِي أَنشَأَكُمْ وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۖ قَلِيلًا مَّا تَشْكُرُونَ ۝٢٣
📖 ဘာသာပြန် အာယာသ် 23
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ ထို့ပြင် အသင်တို့အဖို့ ထိုအရှင်မြတ်သည် နားကိုလည်းကောင်း၊ မျက်စိကိုလည်းကောင်း၊ စိတ်နှလုံးများကိုလည်းကောင်း၊ ပြုလုပ်၍ ပေးသနားတော်မူခဲ့၏။ (သို့ရာတွင်) အသင်တို့မှာမူကား အနည်းငယ်မျှသာလျှင် ကျေးဇူးသိတတ်ကြကုန်၏။
قُلْ هُوَ الَّذِي ذَرَأَكُمْ فِي الْأَرْضِ وَإِلَيْهِ تُحْشَرُونَ ۝٢٤
📖 ဘာသာပြန် အာယာသ် 24
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ထိုအရှင်မြတ်သည်ပင် အသင်တို့အား ပထဝီမြေ၌ ပြန့်ပွားစေတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ် အထံတော်သို့ပင် အသင်တို့သည် စုရုံးကြရပေမည်။
وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِن كُنتُمْ صَادِقِينَ ۝٢٥
📖 ဘာသာပြန် အာယာသ် 25
ထို့ပြင် ၎င်းတို့က "အကယ်၍ အသင်တို့သည် သစ္စာဝါဒီများ ဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ဖြစ်မြောက်အံ့နည်း" ဟု ပြောဆိုကြကုန်၏။
قُلْ إِنَّمَا الْعِلْمُ عِندَ اللَّهِ وَإِنَّمَا أَنَا نَذِيرٌ مُّبِينٌ ۝٢٦
📖 ဘာသာပြန် အာယာသ် 26
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ "(ဤသည်နှင့်စပ်လျဉ်း၍ တိကျသော)အသိပညာမှာ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ စင်စစ်သော်ကား ငါသည် ထင်ရှားလှစွာသော သတိပေးနှိုးဆော်သူ တစ်ဦးမျှသာဖြစ်၏။
فَلَمَّا رَأَوْهُ زُلْفَةً سِيئَتْ وُجُوهُ الَّذِينَ كَفَرُوا وَقِيلَ هَٰذَا الَّذِي كُنتُم بِهِ تَدَّعُونَ ۝٢٧
📖 ဘာသာပြန် အာယာသ် 27
စင်စစ်သော်ကား ၎င်းတို့သည် ယင်း(ကိယာမတ်)ကို တွေ့မြင်ကြသောအခါ "ကာဖိရ်" သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏ မျက်နှာများမှာ ပျက်သွားကြပေမည်။ ထိုမှတစ်ပါး ဤသည်ပင် အသင်တို့ တောင်းဆိုလျက်ရှိခဲ့ကြသော အရာဖြစ်သည်ဟု ပြောဆိုခြင်းကို ခံကြရကုန်အံ့သတည်း။
قُلْ أَرَأَيْتُمْ إِنْ أَهْلَكَنِيَ اللَّهُ وَمَن مَّعِيَ أَوْ رَحِمَنَا فَمَن يُجِيرُ الْكَافِرِينَ مِنْ عَذَابٍ أَلِيمٍ ۝٢٨
📖 ဘာသာပြန် အာယာသ် 28
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ငါ့အားလည်းကောင်း၊ ငါနှင့်အတူရှိသူတို့အားလည်းကောင်း၊ ဖျက်ဆီးတော်မူခဲ့ပါလျှင် သို့မဟုတ် ထိုအရှင်မြတ်သည် ငါတို့အား သနားကရုဏာပြုတော်မူခဲ့ပါလျှင် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှ မည်သူ ကာကွယ်စောင့်ရှောက်မည်နည်း။ အသင်တို့သည်(ငါ့အား) ပြောပြကြလေကုန်။
قُلْ هُوَ الرَّحْمَٰنُ آمَنَّا بِهِ وَعَلَيْهِ تَوَكَّلْنَا ۖ فَسَتَعْلَمُونَ مَنْ هُوَ فِي ضَلَالٍ مُّبِينٍ ۝٢٩
📖 ဘာသာပြန် အာယာသ် 29
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့)ထိုအရှင်မြတ်သည်ပင် "ရဟ်မာန်" မဟာကရုဏာတော်ရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အားသာလျှင် ငါတို့သည် သက်ဝင် ယုံကြည်ကြကုန်၏။ ၄င်းပြင် ထိုအရှင်မြတ်အပေါ်၌သာလျှင် ငါတို့သည် ယုံကြည်လွှဲအပ်ကြကုန်၏။ စင်စစ်သော်ကား မည်သူသည် ထင်ရှားစွာသော လမ်းမှန်၌ ရှိနေသည်ကို မကြာမြင့်မီပင် အသင်တို့ သိရှိကြရပေတော့မည်။
قُلْ أَرَأَيْتُمْ إِنْ أَصْبَحَ مَاؤُكُمْ غَوْرًا فَمَن يَأْتِيكُم بِمَاءٍ مَّعِينٍ ۝٣٠
📖 ဘာသာပြန် အာယာသ် 30
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍ အသင်တို့၏ ရေသည် (မြေဝယ်)တိမ်မြုပ်၍ သွားခဲ့ပါလျှင် အသင်တို့ထံ ကြည်လင်စီးတွေသော ရေကို မည်သူယူလာအံ့နည်း။
← 66 အလ်-မူလ်ခ် (67/114) 68 →
ဖတ်ရန် အလ်-မူလ်ခ် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

67الملك Al-Mulk 📚 30 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အလ်-မူလ်ခ် စူရာ — 30 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers