အစ်-စဂျ်ဒါ စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အစ်-စဂျ်ဒါ စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (30 အာယာသ် — مكية). အစ်-စဂျ်ဒါ နားထောင်, အစ်-စဂျ်ဒါ ဘာသာပြန်, အစ်-စဂျ်ဒါ mp3, အစ်-စဂျ်ဒါ pdf.

အစ်-စဂျ်ဒါ စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
الم ۝١
📖 ဘာသာပြန် အာယာသ် 1
အလိဖ်၊ လာမ်၊ မီမ်။
تَنزِيلُ الْكِتَابِ لَا رَيْبَ فِيهِ مِن رَّبِّ الْعَالَمِينَ ۝٢
📖 ဘာသာပြန် အာယာသ် 2
(ဤသည်) ချပေးတော်မူသောကျမ်းဂန်ဖြစ်၏။ဤကျမ်းဂန်နှင့် စပ်လျဉ်း၍ ဒွိဟသံသယဟူ၍ အလျှင်းမရှိပြီ။(ဤသည်) စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ထံတော်မှဖြစ်သည်။(တနည်း) ဤကျမ်းဂန်သည် စကြာဝဠာ ခပ်သိမ်းတို့ကိုဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှချပေးတော်မူခြင်း ဖြစ်၏။ ယင်းကျမ်းဂန်နှင့်စပ်လျဉ်း၍ ဒွိဟသံသယဟူ၍ အလျှင်းမရှိပြီ။
أَمْ يَقُولُونَ افْتَرَاهُ ۚ بَلْ هُوَ الْحَقُّ مِن رَّبِّكَ لِتُنذِرَ قَوْمًا مَّا أَتَاهُم مِّن نَّذِيرٍ مِّن قَبْلِكَ لَعَلَّهُمْ يَهْتَدُونَ ۝٣
📖 ဘာသာပြန် အာယာသ် 3
၎င်းတို့က တမန်တော်မြတ်သည် ဤကျမ်းတော်မြတ်ကို ကြံစည်၊ ဖန်တီး(စီကုံးရေးသား)ခဲ့သည်ဟု ဆိုကြလေသလော။ ထိုသို့ အလျှင်းမဟုတ် စင်စစ်မှာကား ယင်းကျမ်းဂန်သည် အသင့်အလျင် သတိပေးနှိုးဆော်သူတစ်ဦးတစ်ယောက်မျှ လာရောက်ခဲ့ခြင်း မရှိ သေးသော အမျိုးသားတို့အား၎င်းတို့တရားလမ်းမှန် ရရှိကြအံ့သောငှာ အသင် သတိပေးနှိုးဆော်ရန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ(ချပေးသနားတော်မူသောမှန်ကန်သောကျမ်းဂန်)ပင် ဖြစ်ပေသတည်း။
اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۖ مَا لَكُم مِّن دُونِهِ مِن وَلِيٍّ وَلَا شَفِيعٍ ۚ أَفَلَا تَتَذَكَّرُونَ ۝٤
📖 ဘာသာပြန် အာယာသ် 4
အလ္လာဟ်အရှင်မြတ်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုး ကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ ကိုလည်းကောင်း၊ခြောက်ရက်တွင် ဖန်ဆင်းတော်မူပြီး နောက် အရ်ရှ် ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ အသင်တို့အဖို့ ထိုအရှင်မြတ်အပြင် ကူညီစောင်မမည့်သူ၊ ကြားဝင် အသနားခံပေးမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။ သို့ပါလျက်အသင်တို့ သတိမမူ နားမလည်ကြလေသလော။
يُدَبِّرُ الْأَمْرَ مِنَ السَّمَاءِ إِلَى الْأَرْضِ ثُمَّ يَعْرُجُ إِلَيْهِ فِي يَوْمٍ كَانَ مِقْدَارُهُ أَلْفَ سَنَةٍ مِّمَّا تَعُدُّونَ ۝٥
📖 ဘာသာပြန် အာယာသ် 5
ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ ပထဝီမြေအထိ အမှုကိစ္စအရပ်ရပ်တို့ကို စီမံခန့်ခွဲတော်မူ၏။ ထို့နောက်ယင်းအမှုကိစ္စတို့မှာ အသင်တို့ရေတွက်ကြကုန်သော အရေအတွက်ဖြင့် အနှစ်တစ်ထောင်အတိုင်း အတာရှိသော နေ့တစ်နေ့တွင် ထိုအရှင်မြတ် အထံတော်သို့ တက်သွားပေမည်။
ذَٰلِكَ عَالِمُ الْغَيْبِ وَالشَّهَادَةِ الْعَزِيزُ الرَّحِيمُ ۝٦
📖 ဘာသာပြန် အာယာသ် 6
ထိုအရှင်မြတ်သည်ပင် ဖုံးကွယ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာရှိသည်တို့ကိုလည်းကောင်း၊ သိရှိတော်မူသော၊ တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသော၊ အလွန်တရာသနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။
الَّذِي أَحْسَنَ كُلَّ شَيْءٍ خَلَقَهُ ۖ وَبَدَأَ خَلْقَ الْإِنسَانِ مِن طِينٍ ۝٧
📖 ဘာသာပြန် အာယာသ် 7
အကြင် အရှင်မြတ်သည် မိမိဖန်ဆင်းတော်မူခဲ့သောအရာဝတ္ထုတိုင်းကို ကောင်းမွန်စွာ ပြုလုပ်ဖန်ဆင်း တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် လူသားအား ဖန်ဆင်းခြင်းကိုရွှံ့ညွန်ဖြင့်အစပြုတော်မူခဲ့၏။
ثُمَّ جَعَلَ نَسْلَهُ مِن سُلَالَةٍ مِّن مَّاءٍ مَّهِينٍ ۝٨
📖 ဘာသာပြန် အာယာသ် 8
ထို့နောက် ထိုအရှင်မြတ်သည် ထိုလူသား၏အဆက်အနွယ်တို့ကို ညှစ်ထုတ်ထားသော အဖိုးမတန်သောရေဖြင့် ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။
ثُمَّ سَوَّاهُ وَنَفَخَ فِيهِ مِن رُّوحِهِ ۖ وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۚ قَلِيلًا مَّا تَشْكُرُونَ ۝٩
📖 ဘာသာပြန် အာယာသ် 9
ထို့နောက် ထိုအရှင်မြတ်သည် ၎င်းအား နေထားကျနစွာ ပြုလုပ်တော်မူ၍ ၎င်း(၏ ခန္ဓာကိုယ် အတွင်း)၌မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ နားကိုလည်းကောင်း၊ မျက်စိများကိုလည်းကောင်း၊ စိတ်နှလုံးများကိုလည်းကောင်း၊ ပြုလုပ်ပေးသနားတော်မူခဲ့၏။ (သို့ပါလျက်) အသင်တို့သည် အနည်းငယ်သာလျှင် ကျေးဇူးတင်ကြကုန်သတည်း။
وَقَالُوا أَإِذَا ضَلَلْنَا فِي الْأَرْضِ أَإِنَّا لَفِي خَلْقٍ جَدِيدٍ ۚ بَلْ هُم بِلِقَاءِ رَبِّهِمْ كَافِرُونَ ۝١٠
📖 ဘာသာပြန် အာယာသ် 10
စင်စစ် ၎င်းတို့က အသို့ပါနည်း၊ ကျွန်ုပ်တို့သည်မြေထဲ၌ ဆွေးမြည့်ပျောက်ပျက် သွားခဲ့ကြသောအခါ အသစ်ပြန်၍ ဖန်ဆင်းခြင်းကို ခံကြရဦးမည်လော ဟုဆိုကြကုန်၏။ စင်စစ်မှာမူကား ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံမှုကိုပင် ငြင်းပယ်သူများ ဖြစ်ကြကုန်၏။
۞ قُلْ يَتَوَفَّاكُم مَّلَكُ الْمَوْتِ الَّذِي وُكِّلَ بِكُمْ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ ۝١١
📖 ဘာသာပြန် အာယာသ် 11
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့နှင့်ပတ်သက်၍ ခန့်အပ်ထားခြင်းခံရလေသော သေမင်းတမန်သည် အသင်တို့၏အသက်ဇီဝိန်ကို နှုတ်သိမ်းလေသည်။ ထို့နောက် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ပင်ပြန်ရောက်စေခြင်းကို ခံကြရကုန်အံ့သတည်း။
وَلَوْ تَرَىٰ إِذِ الْمُجْرِمُونَ نَاكِسُو رُءُوسِهِمْ عِندَ رَبِّهِمْ رَبَّنَا أَبْصَرْنَا وَسَمِعْنَا فَارْجِعْنَا نَعْمَلْ صَالِحًا إِنَّا مُوقِنُونَ ۝١٢
📖 ဘာသာပြန် အာယာသ် 12
အကယ်၍ အသင်တွေ့မြင်ပါလျှင် ထူးဆန်းစွာတွေ့မြင်ရပေမည်။ အကြင်အခါဝယ် အပြစ်ရှိသူတို့သည် (လွန်စွာရှက်ကြောက်၍) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်တွင် မိမိတို့၏ဦးခေါင်းများကိုစိုက်ချလျက် (ရပ်ကြကာ) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(ယခုသော်)ကျွန်တော် မျိုးတို့သည် မြင်လည်းမြင်ကြပါပြီ၊ ကြားလည်းကြားကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော် မျိုးတို့အား (ကမ္ဘာလောကသို့)ပြန်၍ ပို့ပေးတော်မူပါ။ (ယခုတစ်ကြိမ်သော်ကား) ကျွန်တော်မျိုးတို့သည် ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြပါတော့မည်။ (ယခုသော်)ကျွန်တော်မျိုးတို့သည် ဧကန်မလွဲ ကောင်းစွာ ယုံကြည်သူများပင် ဖြစ်ကြပါပြီ (ဟု လျှောက်ထားအသနားခံကြပေမည်၊)
وَلَوْ شِئْنَا لَآتَيْنَا كُلَّ نَفْسٍ هُدَاهَا وَلَٰكِنْ حَقَّ الْقَوْلُ مِنِّي لَأَمْلَأَنَّ جَهَنَّمَ مِنَ الْجِنَّةِ وَالنَّاسِ أَجْمَعِينَ ۝١٣
📖 ဘာသာပြန် အာယာသ် 13
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် လူတိုင်းလူတိုင်းအား ၎င်းတို့၏တရားလမ်းမှန်ကို ပေးတော်မူခဲ့မည်ဖြစ်၏။ သို့ရာတွင် မုချဧကန် ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါများဖြင့်လည်းကောင်း၊လူသတ္တဝါများဖြင့်လည်းကောင်း၊ တစ်ပြိုင်နက်တည်း ဂျဟန္နမ် ငရဲဘုံကို ဖြည့်တော်မူမည်ဟူသောအမိန့်တော်သည်ငါအရှင်မြတ် အထံတော်မှ အတည်ပြုပြီးဖြစ်၏။
فَذُوقُوا بِمَا نَسِيتُمْ لِقَاءَ يَوْمِكُمْ هَٰذَا إِنَّا نَسِينَاكُمْ ۖ وَذُوقُوا عَذَابَ الْخُلْدِ بِمَا كُنتُمْ تَعْمَلُونَ ۝١٤
📖 ဘာသာပြန် အာယာသ် 14
(သို့ဖြစ်ပေရာ ၎င်းတို့သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် ဤသို့ပြောဆိုခြင်းကို ခံကြရပေမည်) ယခုသော်အသင်တို့သည် မိမိတို့၏ ဤနေ့ဤရက်နှင့် တွေ့ဆုံကြရမည်ကိုမေ့ပျောက်ခဲ့ခြင်း၏ အရသာကို မြည်းစမ်းကြကုန်လော့။ ငါအရှင်မြတ်သည်လည်း အသင်တို့အား မေ့ထားတော်မူပြီ။ ၎င်းပြင် အသင်တို့သည် မိမိတို့ကျင့်မူလျက်ရှိခဲ့ ကြကုန်သောအကျင့်အမူများကြောင့် ထာဝရပြစ်ဒဏ် ၏အရသာကို (မြိန်ရှက်စွာ) မြည်းစမ်းကြကုန်လော့။
إِنَّمَا يُؤْمِنُ بِآيَاتِنَا الَّذِينَ إِذَا ذُكِّرُوا بِهَا خَرُّوا سُجَّدًا وَسَبَّحُوا بِحَمْدِ رَبِّهِمْ وَهُمْ لَا يَسْتَكْبِرُونَ ۩ ۝١٥
📖 ဘာသာပြန် အာယာသ် 15
ငါအရှင်မြတ်၏ အာယတ်တော်များကို အကြင်သူတို့သည်သာလျှင် သက်ဝင်ယုံကြည်ကြကုန်၏။ ထိုသူတို့သည်ယင်းအာယတ်တော်များဖြင့် သတိပေးခြင်းကိုခံခဲ့ကြရသောအခါ ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်ဝယ်) စဂျ်ဒဟ် ပျပ်ဝပ် ဦးချလျက်ကျလာကြကုန်၏။ ထို့ပြင်၎င်းတို့သည် မိမိတို့၏အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ(ထိုအရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုကြသည့်ပြင် ၎င်းတို့သည် မာနထောင်လွှားခြင်း လည်း မရှိကြပေ။(စဂျ်ဒဟ်)
تَتَجَافَىٰ جُنُوبُهُمْ عَنِ الْمَضَاجِعِ يَدْعُونَ رَبَّهُمْ خَوْفًا وَطَمَعًا وَمِمَّا رَزَقْنَاهُمْ يُنفِقُونَ ۝١٦
📖 ဘာသာပြန် အာယာသ် 16
ထိုသူတို့၏ နံဘေးများသည် အိပ်ရာများမှ ခွဲခွာလျက်ရှိကြပေသည်။ ထိုသူတို့သည် မိမိတို့၏အရှင်မြတ်အားကြောက်ရွံ့စွာလည်းကောင်း၊ မျှော်လင့်စွာလည်းကောင်း၊ ဟစ်ခေါ်တçသကြသည့်ပြင် ၎င်းတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည်များအနက်မှ သုံးစွဲလှူဒါန်းခြင်းကိုလည်းပြုလုပ်ကြကုန်သည်။
فَلَا تَعْلَمُ نَفْسٌ مَّا أُخْفِيَ لَهُم مِّن قُرَّةِ أَعْيُنٍ جَزَاءً بِمَا كَانُوا يَعْمَلُونَ ۝١٧
📖 ဘာသာပြန် အာယာသ် 17
စင်စစ်သော်ကား မိမိတို့အဖို့ မိမိတို့ကျင့်မူလျက်ရှိခဲ့ကြသည်များ၏ အကျိုးကျေးဇူးအဖြစ် လျှို့ဝှက်စွာထားရှိပြီးဖြစ်သော မျက်စိအေးမြကြည်လင်မှုကို မည်သူတဦးတစ်ယောက်မျှပင် မသိပြီတကား။
أَفَمَن كَانَ مُؤْمِنًا كَمَن كَانَ فَاسِقًا ۚ لَّا يَسْتَوُونَ ۝١٨
📖 ဘာသာပြန် အာယာသ် 18
သို့ဖြစ်ပေရာ မုအ်မင်န် သက်ဝင်ယုံကြည်သူသည် အမိန့်တော်ကို ဖီဆန်သောသူကဲ့သို့ ဖြစ်ပါ သလော။(အလျှင်းမဟုတ်)၊ ၎င်းတို့သည် မတူညီကြပေ။
أَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَلَهُمْ جَنَّاتُ الْمَأْوَىٰ نُزُلًا بِمَا كَانُوا يَعْمَلُونَ ۝١٩
📖 ဘာသာပြန် အာယာသ် 19
မည်သို့ပင်ဖြစ်စေ၊ အီမာန် သက်ဝင်ယုံကြည်မှုထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကိုကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အဖို့ ၎င်းတို့ကျင့်မူလျက်ရှိခဲ့ကြသည့် (ကောင်းမြတ်သော) အကျင့်အမူများကြောင့် ဧည့်ခံသောအားဖြင့် ခိုလှုံနေထိုင်ရာဥယျာဉ်များ ရှိကြပေမည်။
وَأَمَّا الَّذِينَ فَسَقُوا فَمَأْوَاهُمُ النَّارُ ۖ كُلَّمَا أَرَادُوا أَن يَخْرُجُوا مِنْهَا أُعِيدُوا فِيهَا وَقِيلَ لَهُمْ ذُوقُوا عَذَابَ النَّارِ الَّذِي كُنتُم بِهِ تُكَذِّبُونَ ۝٢٠
📖 ဘာသာပြန် အာယာသ် 20
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အမိန့်တော်ကိုဖီဆန်ခဲ့ကြကုန်သော သူတို့၏ခိုလှုံရန်ဌာနမှာမူကား ငရဲပင်ဖြစ်လေ၏။ ၎င်းတို့သည် မည်သည့်အခါမျိုးမဆို ယင်းငရဲမှထွက်ရန် ကြံရွယ်ခဲ့ကြလျှင် ထိုငရဲမီးထဲသို့ပင် ပြန်လည်တွန်းပို့ြ့ခင်းကိုခံကြရပေမည်။ ထိုမှတစ်ပါး ၎င်းတို့မှာ အသင်တို့သည်မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်လျက် ရှိခဲ့ကြကုန်သော ငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန် ဟု ပြောဆိုခြင်းကိုလည်းခံကြရပေမည်။
وَلَنُذِيقَنَّهُم مِّنَ الْعَذَابِ الْأَدْنَىٰ دُونَ الْعَذَابِ الْأَكْبَرِ لَعَلَّهُمْ يَرْجِعُونَ ۝٢١
📖 ဘာသာပြန် အာယာသ် 21
ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏သွေဖည်မှုတွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုများကိုစွန့်ပြီး) ပြန်လှည့်၍လာကြအံ့သောငှာ မုချစင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား ထိုကြီးစွာသောပြစ်ဒဏ်အပြင် ဤပစ္စက္ခတွင်ပင် သေးငယ်သောပြစ်ဒဏ်ကိုလည်း မြည်း စမ်းစေအုံးမည်။
وَمَنْ أَظْلَمُ مِمَّن ذُكِّرَ بِآيَاتِ رَبِّهِ ثُمَّ أَعْرَضَ عَنْهَا ۚ إِنَّا مِنَ الْمُجْرِمِينَ مُنتَقِمُونَ ۝٢٢
📖 ဘာသာပြန် အာယာသ် 22
အကြင်သူထက်ပို၍ မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အာယတ်တော်များအားဖြင့် သတိပေးခြင်းခံခဲ့ရသည်။ ထို့နောက် ထိုသူသည် ယင်းအာယတ်တော်များမှမျက်နှာလွှဲခဲ့၏။ ဧကန်မလွဲ ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား တုံ့ပြန်လက်စားချေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَلَا تَكُن فِي مِرْيَةٍ مِّن لِّقَائِهِ ۖ وَجَعَلْنَاهُ هُدًى لِّبَنِي إِسْرَائِيلَ ۝٢٣
📖 ဘာသာပြန် အာယာသ် 23
၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအားလည်း ကျမ်းဂန်ဓမ္မက္ခန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ရာ အသင်သည် ဤ(ကုရ်အာန်)ကျမ်းတော်ကို ရရှိခြင်းနှင့်စပ်လျဉ်း၍ မည်သို့မျှ ဒွိဟသံသယ မရှိလေနှင့်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်မူစာအား ချီးမြှင့်တော်မူခဲ့သော) ယင်းကျမ်းဂန်ဓမ္မက္ခန်ကို အစ္စရာအီလီ မျိုးနွယ်တို့အဖို့ တရားလမ်းညွှန်ပြုလုပ်တော်မူခဲ့၏။
وَجَعَلْنَا مِنْهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا لَمَّا صَبَرُوا ۖ وَكَانُوا بِآيَاتِنَا يُوقِنُونَ ۝٢٤
📖 ဘာသာပြန် အာယာသ် 24
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အနက် ၎င်းတို့သည် သည်းခံခဲ့ကြသောအခါ၊ ရှေ့ဆောင်ရှေ့ရပ်များ ပြုလုပ်ခန့်အပ်တော်မူခဲ့၏။ ထိုရှေ့ဆောင်ရှေ့ရပ်တို့သည် ငါအရှင်မြတ်၏အမိန့်တော်နှင့် တရားလမ်းညွှန်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်သူများလည်း ဖြစ်ခဲ့ကြကုန်၏။
إِنَّ رَبَّكَ هُوَ يَفْصِلُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ ۝٢٥
📖 ဘာသာပြန် အာယာသ် 25
ဧကန်အမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကိယာမတ် ရှင်ပြန်ထမည့် နေ့တွင် (မုအ်မင်န် သက်ဝင်ယုံကြည်သူများနှင့် မုရှ်ရစ်က် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်)သူတို့၏အကြားဝယ် ၎င်းတို့ သဘောကွဲလွဲလျက်ရှိခဲ့ကြ ကုန်သောအရေးကိစ္စနှင့် စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော် မူအံ့သတည်း။
أَوَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا مِن قَبْلِهِم مِّنَ الْقُرُونِ يَمْشُونَ فِي مَسَاكِنِهِمْ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ ۖ أَفَلَا يَسْمَعُونَ ۝٢٦
📖 ဘာသာပြန် အာယာသ် 26
ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသောမျိုးနွယ်တို့ကို (သွေဖည်မှု၊ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုများကြောင့်) ဖျက်ဆီးတော်မူခဲ့၍၊ ၎င်းတို့ သည် (ဖျက်ဆီးခြင်းခံခဲ့ကြရသော)သူတို့၏ နေထိုင်ရာ ဒေသများ၌ (ဖြတ်သန်း)သွားလာလျက် ရှိကြသည်။ ဤသည် ၎င်းတို့အဖို့ တရားလမ်းညွှန် မဖြစ်လေသလော။ ဧကန်စင်စစ် ဤ(ဖြစ်ရပ်)၌ အမှန်ပင်သက်သေ အထောက်အထားများသည် ရှိကြပေသည်။ သို့ပါလျက် ၎င်းတို့သည် မကြားကြလေသလော။
أَوَلَمْ يَرَوْا أَنَّا نَسُوقُ الْمَاءَ إِلَى الْأَرْضِ الْجُرُزِ فَنُخْرِجُ بِهِ زَرْعًا تَأْكُلُ مِنْهُ أَنْعَامُهُمْ وَأَنفُسُهُمْ ۖ أَفَلَا يُبْصِرُونَ ۝٢٧
📖 ဘာသာပြန် အာယာသ် 27
၎င်းတို့သည် စဉ်းစားဆင်ခြင်တွေ့မြင်ကြသည်မဟုတ်လော၊ ဧကန်အမှန် ငါအရှင်မြတ်သည် (မိုး)ရေကိုခြောက်သွေ့လျက်ရှိသောမြေယာသို့ မောင်းနှင်ပို့ပေးတော်မူ၏။ထို့နောက် ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် ကောက်ပဲသီးနှံများကို ထွက်စေတော်မူ၏။ ထို(ပေါက်ရောက်သော) ကောက်ပဲသီးနှံတို့မှ ၎င်းတို့ ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များလည်းစားကြကုန်၏။ ၎င်းတို့ကိုယ်တိုင်လည်း စားသုံးကြကုန်၏။ သို့ပါလျက် ၎င်းတို့သည် မမြင်ကြလေသလော။
وَيَقُولُونَ مَتَىٰ هَٰذَا الْفَتْحُ إِن كُنتُمْ صَادِقِينَ ۝٢٨
📖 ဘာသာပြန် အာယာသ် 28
ထိုမှတစ်ပါး ၎င်းတို့က အကယ်၍ အသင်တို့သည် သစ္စာဝါဒီများ ဖြစ်ကြပါလျှင် ဤစီရင် ဆုံးဖြတ်မှုသည်မည်သည့်အခါ၌ ဖြစ်အံ့နည်း ဟု ပြောဆိုကြ ကုန်၏။
قُلْ يَوْمَ الْفَتْحِ لَا يَنفَعُ الَّذِينَ كَفَرُوا إِيمَانُهُمْ وَلَا هُمْ يُنظَرُونَ ۝٢٩
📖 ဘာသာပြန် အာယာသ် 29
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ထို စီရင်ဆုံးဖြတ်ကြမည့်နေ့ တွင် ကာဖိရ် သွေဖည် ငြင်းပယ်ခဲ့ကြကုန်သော သူတို့၏ယုံကြည်မှုသည်၎င်းတို့အား အကျိုးပေးမည် မဟုတ်ပေ။
فَأَعْرِضْ عَنْهُمْ وَانتَظِرْ إِنَّهُم مُّنتَظِرُونَ ۝٣٠
📖 ဘာသာပြန် အာယာသ် 30
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည်4င်းတို့(၏ပြန်ပြောဆိုမှုကို လျစ်လျူရှု၍)အလ္လာဟ်အရှင်မြတ်ချိန်းချက်ထားတော်မူသော အဆုံးအဖြတ်ကိုစောင့်ဆိုင်းလျက်၊ရှိကြပါလေ။ 4င်းတို့သည်လည်း(မိမိတို့ ယူဆချက်အရ အသင့်အား အန္တရာယ်ပြုရန် စောင့်ဆိုင်းနေကြသူများပင် ဖြစ်ကြကုန်သတည်း။)
← 31 အစ်-စဂျ်ဒါ (32/114) 33 →
ဖတ်ရန် အစ်-စဂျ်ဒါ စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

32السجدة As-Sajdah 📚 30 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အစ်-စဂျ်ဒါ စူရာ — 30 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers