အတ်-ဒုခ်အာန် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ
အတ်-ဒုခ်အာန် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (59 အာယာသ် — مكية). အတ်-ဒုခ်အာန် နားထောင်, အတ်-ဒုခ်အာန် ဘာသာပြန်, အတ်-ဒုခ်အာန် mp3, အတ်-ဒုခ်အာန် pdf.အတ်-ဒုခ်အာန် စူရာ ဖတ်ရှူ နှင့် နားထောင်
🎧 အာယာသ်
M
Mishary Rashid Alafasy
✓
Mishary Rashid Alafasy
✓
M
Mahmoud Khalil Al-Husary
✓
Mahmoud Khalil Al-Husary
✓
A
Abdurrahman As-Sudais
✓
Abdurrahman As-Sudais
✓
M
Mohamed Siddiq Al-Minshawi
✓
Mohamed Siddiq Al-Minshawi
✓
A
Abdul Basit Abdul Samad
✓
Abdul Basit Abdul Samad
✓
A
Ali Al-Hudhaify
✓
Ali Al-Hudhaify
✓
A
Ahmed ibn Ali al-Ajamy
✓
Ahmed ibn Ali al-Ajamy
✓
A
Abu Bakr Ash-Shaatree
✓
Abu Bakr Ash-Shaatree
✓
M
Muhammad Ayyoub
✓
Muhammad Ayyoub
✓
A
Abdullah Basfar
✓
Abdullah Basfar
✓
A
Abdullah Al-Juhani
✓
Abdullah Al-Juhani
✓
M
Maher Al Muaiqly
✓
Maher Al Muaiqly
✓
—
x1
وَالْكِتَابِ الْمُبِينِ ٢
📖 ဘာသာပြန်
အာယာသ် 2
(ငါအရှင်မြတ်သည်) ရှင်းလင်းထင်ရှားသော(ဤ)ကျမ်း ဂန်ကို သက်သေထူတော်မူ၏။
إِنَّا أَنزَلْنَاهُ فِي لَيْلَةٍ مُّبَارَكَةٍ ۚ إِنَّا كُنَّا مُنذِرِينَ ٣
📖 ဘာသာပြန်
အာယာသ် 3
မုချဧကန် ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ကို ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော ညဉ့်တစ်ညဉ့်တွင် ချပေးသနားတော်မူခဲ့၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် သတိပေးတော်မူမည့်အရှင် ဖြစ်တော်မူ၏။
فِيهَا يُفْرَقُ كُلُّ أَمْرٍ حَكِيمٍ ٤
📖 ဘာသာပြန်
အာယာသ် 4
ယင်းညဉ့်တွင် နက်နဲသိမ်မွေ့သော အရေးကိစ္စများဟူသမျှတို့သည် အသေးစိတ် သတ်မှတ် အတည် ပြုခြင်းခံကြရလေ၏။
أَمْرًا مِّنْ عِندِنَا ۚ إِنَّا كُنَّا مُرْسِلِينَ ٥
📖 ဘာသာပြန်
အာယာသ် 5
ငါအရှင်မြတ်အထံတော်၌ ပြဋ္ဌာန်းတော်မူခြင်းအားဖြင့် ဧကန်မလွဲ ငါအရှင်မြတ်သည်(အသင့်အား ရစူလ်တမန်တော်အဖြစ်)စေလွှတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
رَحْمَةً مِّن رَّبِّكَ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ٦
📖 ဘာသာပြန်
အာယာသ် 6
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကရုဏာတော်အားဖြင့် စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင် အလွန်တရာ ကြားတော်မူသောအရှင်၊ အလွန်တရာ သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
رَبِّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۖ إِن كُنتُم مُّوقِنِينَ ٧
📖 ဘာသာပြန်
အာယာသ် 7
မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်ပင်။ အကယ်၍ အသင်တို့သည် ယုံကြည်သောသူများ ဖြစ်ကြသော်။
لَا إِلَٰهَ إِلَّا هُوَ يُحْيِي وَيُمِيتُ ۖ رَبُّكُمْ وَرَبُّ آبَائِكُمُ الْأَوَّلِينَ ٨
📖 ဘာသာပြန်
အာယာသ် 8
ထိုအရှင်မြတ်မှတစ်ပါး ခယရိုကျိုးဆည်းကပ် ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ရှင်စေတော်မူ၏။ ထိုအရှင်မြတ်သည်ပင် သေဆုံးစေတော်မူ၏။ထိုအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ရှေးသူဟောင်းများဖြစ်ကြသော အသင်တို့၏ အဘ ဘိုး ဘေးတို့အား လည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသော အရှင်ပင် ဖြစ်တော်မူပေသတည်း။
بَلْ هُمْ فِي شَكٍّ يَلْعَبُونَ ٩
📖 ဘာသာပြန်
အာယာသ် 9
စင်စစ်မှာကား ၎င်းတို့သည် ဒွိဟသံသယ၌ ကစားခုန်စားလျက်ပင် ရှိကြကုန်၏။
فَارْتَقِبْ يَوْمَ تَأْتِي السَّمَاءُ بِدُخَانٍ مُّبِينٍ ١٠
📖 ဘာသာပြန်
အာယာသ် 10
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိုးကောင်းကင်မှ ထင်ရှားစွာသော အခိုးအငွေ့ ဖြစ်ပေါ်လာမည့် နေ့ကိုသာလျှင် စောင့်စား၍နေပါလေ။
يَغْشَى النَّاسَ ۖ هَٰذَا عَذَابٌ أَلِيمٌ ١١
📖 ဘာသာပြန်
အာယာသ် 11
ယင်းအခိုးအငွေ့သည် (ဤ)သူအားလုံးတို့ကို ဖုံးလွှမ်း၍သွားပေမည်။ ဤသည် အလွန်တရာ နာကျင်ဖွယ်ကောင်းသော ပြစ်ဒဏ်ပင်ဖြစ်မည်။
رَّبَّنَا اكْشِفْ عَنَّا الْعَذَابَ إِنَّا مُؤْمِنُونَ ١٢
📖 ဘာသာပြန်
အာယာသ် 12
(ထိုရောကာလ ၎င်းတို့သည် ဤသို့လျှောက်ထားပေမည်)။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ပြစ်ဒဏ်ကို ကျွန်တော်မျိုးမှ ဖယ်ရှား၍ ပေးသနားတော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည် ကြပါတော့မည်။
أَنَّىٰ لَهُمُ الذِّكْرَىٰ وَقَدْ جَاءَهُمْ رَسُولٌ مُّبِينٌ ١٣
📖 ဘာသာပြန်
အာယာသ် 13
၎င်းတို့အဖို့ သတိရခြင်းသည် အဘယ်မှာလျှင်ရှိတော့သနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့ထံ ရစူလ်တမန်တော်သည် ထင်ရှားစွာသော(သက်သေ လက္ခဏာများနှင့်တကွ)ဧကန်အမှန် ရောက်ရှိ၍လာခဲ့ချေပြီ။
ثُمَّ تَوَلَّوْا عَنْهُ وَقَالُوا مُعَلَّمٌ مَّجْنُونٌ ١٤
📖 ဘာသာပြန်
အာယာသ် 14
ထို့နောက်သော်မှပင် ၎င်းတို့သည် ထိုရစူလ်တမန်တော်ဘက်မှ မျက်နှာလွှဲခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က (ရစူလ်တမန်တော်အား သူတစ်ပါး)သင်ကြား ပို့ချ၍ပေးခြင်းကို ခံရသောသူ(ဟူ၍လည်းကောင်း၊) ရူးသွပ်နေသောသူ(ဟူ၍လည်းကောင်း၊) စွပ်စွဲ ပြောဆိုခဲ့ကြကုန်၏။
إِنَّا كَاشِفُو الْعَذَابِ قَلِيلًا ۚ إِنَّكُمْ عَائِدُونَ ١٥
📖 ဘာသာပြန်
အာယာသ် 15
ဧကန်အမှန် ငါအရှင်မြတ်သည် အနည်းငယ်မျှ ကာလတိုင်အောင် ပြစ်ဒဏ်ကို ဖယ်ရှား၍ ပေးတော်မူမည်ဖြစ်သည်။ သို့တစေလည်း ဧကန်မလွဲ အသင်တို့သည် (မူလအခြေအနေသို့) ပြန်ပြောင်း၍ လာကြအံ့သော သူတို့ပင် ဖြစ်ကြကုန်၏။
يَوْمَ نَبْطِشُ الْبَطْشَةَ الْكُبْرَىٰ إِنَّا مُنتَقِمُونَ ١٦
📖 ဘာသာပြန်
အာယာသ် 16
အကြင်နေ့တွင် ငါအရှင်မြတ်သည် အကြီးအကျယ် ဖမ်းဆီးအရေးယူတော်မူအံ့။ မလွဲဧကန်(ထိုနေ့ တွင်)ငါအရှင်မြတ်သည် လက်စားချေတော်မူမည် ဖြစ်ပေသတည်း။
۞ وَلَقَدْ فَتَنَّا قَبْلَهُمْ قَوْمَ فِرْعَوْنَ وَجَاءَهُمْ رَسُولٌ كَرِيمٌ ١٧
📖 ဘာသာပြန်
အာယာသ် 17
၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အလျင် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အား စမ်းသပ်တော်မူခဲ့၏။ ထို့ပြင် ၎င်းတို့ထံ မြင့်မြတ်သော ရစူလ်တမန်တော်တစ်ပါးသည် ရောက်ရှိ၍လာခဲ့၏။
أَنْ أَدُّوا إِلَيَّ عِبَادَ اللَّهِ ۖ إِنِّي لَكُمْ رَسُولٌ أَمِينٌ ١٨
📖 ဘာသာပြန်
အာယာသ် 18
အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်တို့ကို ငါ့အား အပ်ကြလေကုန်၊ စင်စစ်ဧကန် ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်သည်(ဟူ၍လည်းကောင်း)၊
وَأَن لَّا تَعْلُوا عَلَى اللَّهِ ۖ إِنِّي آتِيكُم بِسُلْطَانٍ مُّبِينٍ ١٩
📖 ဘာသာပြန်
အာယာသ် 19
အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ ဆိုးသွမ်းသောင်းကျန်းမှုကို မပြုကြကုန်လင့်။ ဧကန်မလွဲ ငါသည် အသင်တို့ထံ ရှင်းလင်းထင်ရှားစွာသော သက်သေအထောက်အထားကို ယူဆောင်ခဲ့သည် (ဟူ၍လည်းကောင်း)၊
وَإِنِّي عُذْتُ بِرَبِّي وَرَبِّكُمْ أَن تَرْجُمُونِ ٢٠
📖 ဘာသာပြန်
အာယာသ် 20
(ထိုအခါ ၎င်းတို့သည် ကျောက်ခဲများဖြင့် ပစ်ပေါက်၍သတ်ကြရန် ခြိမ်းခြောက်ရာ ထိုရစူလ် တမန်တော်က ဤသို့ပြောကြားခဲ့၏) ၎င်းပြင် ဧကန်အမှန် ငါသည် အသင်တို့ ငါ့အား ကျောက်ခဲများဖြင့် ပစ်ပေါက်၍ သတ်ကြမည်ကိုစိုး၍ ငါ့အားလည်းကောင်း၊ အသင်တို့အားလည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ အကွယ်အကာယူထားပြီး ဖြစ်သည်။
وَإِن لَّمْ تُؤْمِنُوا لِي فَاعْتَزِلُونِ ٢١
📖 ဘာသာပြန်
အာယာသ် 21
ထို့ပြင် အကယ်၍ အသင်တို့သည် ငါ့အား မယုံကြည်ကြလျှင် ငါနှင့် ခွဲခွာရှောင်ရှား၍ နေကြလေကုန်(ဟူ၍လည်းကောင်း)၊
فَدَعَا رَبَّهُ أَنَّ هَٰؤُلَاءِ قَوْمٌ مُّجْرِمُونَ ٢٢
📖 ဘာသာပြန်
အာယာသ် 22
ထို့နောက် ထိုရစူလ်တမန်တော်(မူစာ)သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အမှန်ဧကန် ဤသူတို့သည် ပြစ်မှုကျူးလွန်ကြကုန်သော အမျိုးသားများ ဖြစ်ကြပါသည်ဟူ၍ လျှောက်ထားပန်ကြားခဲ့လေသည်။
فَأَسْرِ بِعِبَادِي لَيْلًا إِنَّكُم مُّتَّبَعُونَ ٢٣
📖 ဘာသာပြန်
အာယာသ် 23
(ထိုအခါ အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။ အို-မူစာ) အသင်သည် ငါအရှင်မြတ်၏ ကျွန်တို့အား ညဉ့်အချိန်အခါဝယ် ခေါ်ဆောင်သွားပါလေ။ မလွဲဧကန် အသင်တို့သည် မိမိတို့နောက်မှ (ဖစ်ရ်အောင်န်နှင့် ၎င်း၏စစ်တပ်၏)လိုက်လံခြင်း ခံကြရပေမည်။
وَاتْرُكِ الْبَحْرَ رَهْوًا ۖ إِنَّهُمْ جُندٌ مُّغْرَقُونَ ٢٤
📖 ဘာသာပြန်
အာယာသ် 24
၎င်းပြင် အသင်သည် ပင်လယ်ကို ရှိရင်းအတိုင်း ငြိမ်သက်စွာ ထားရစ်ခဲ့ပါလေ။ မုချဧကန် ၎င်းတို့သည် နှစ်မြှုပ်ခြင်းခံကြရအံ့သော စစ်တပ်ပင် ဖြစ်ကြကုန်၏။
كَمْ تَرَكُوا مِن جَنَّاتٍ وَعُيُونٍ ٢٥
📖 ဘာသာပြန်
အာယာသ် 25
ထို(ဖစ်ရ်အောင်န်နှင့် ၎င်း၏အမျိုးသား)တို့သည် မြောက်မြားစွာသော ဥယျာဉ်များကိုလည်းကောင်း၊ စမ်းချောင်းများကိုလည်းကောင်း။
وَزُرُوعٍ وَمَقَامٍ كَرِيمٍ ٢٦
📖 ဘာသာပြန်
အာယာသ် 26
လယ်ယာများကိုလည်းကောင်း၊ ကောင်းမွန်သော နေအိမ်များကိုလည်းကောင်း။
وَنَعْمَةٍ كَانُوا فِيهَا فَاكِهِينَ ٢٧
📖 ဘာသာပြန်
အာယာသ် 27
မိမိတို့ မွေ့လျော်စံပျော်လျက် ရှိခဲ့ကြသော စည်းစိမ်ချမ်းသာတို့ကိုလည်းကောင်း၊ စွန့်ထားခဲ့ကြကုန်၏။
كَذَٰلِكَ ۖ وَأَوْرَثْنَاهَا قَوْمًا آخَرِينَ ٢٨
📖 ဘာသာပြန်
အာယာသ် 28
(ဤအဖြစ်အပျက်သည်) ဤအတိုင်းပင်ဖြစ်၏။သို့�ာတွင် ငါအရှင်သည် ယင်းစည်းစိမ်ချမ်းသာများကို အခြားသော အမျိုးသားတို့အား အမွေဆက်ခံစေတော်မူခဲ့၏။
فَمَا بَكَتْ عَلَيْهِمُ السَّمَاءُ وَالْأَرْضُ وَمَا كَانُوا مُنظَرِينَ ٢٩
📖 ဘာသာပြန်
အာယာသ် 29
သို့တစေလည်း (ယင်းဖစ်ရ်အောင်န်၏အမျိုးသား)တို့နှင့် ပတ်သက်၍ မိုးကောင်းကင်သည်လည်း ငိုကြွေး(ဝမ်းနည်းကြေကွဲ)သည် မရှိခဲ့ပေ။ ပထဝီမြေ သည်လည်း ငိုကြွေး(ဝမ်းနည်း)သည် မရှိခဲ့ချေ။ ထိုမှတစ်ပါး ၎င်းတို့မှာ ရွှေ့ဆိုင်းခွင့်လည်း မရခဲ့ကြပေ။
وَلَقَدْ نَجَّيْنَا بَنِي إِسْرَائِيلَ مِنَ الْعَذَابِ الْمُهِينِ ٣٠
📖 ဘာသာပြန်
အာယာသ် 30
ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် အီစ်ရာအီလီအမျိုးသားတို့အား ကျိုးယုတ်ရှက်ရခြင်း ဖြစ်စေသောပြစ်ဒဏ်မှ လွတ်မြောက်စေခဲ့တော်မူ၏။
مِن فِرْعَوْنَ ۚ إِنَّهُ كَانَ عَالِيًا مِّنَ الْمُسْرِفِينَ ٣١
📖 ဘာသာပြန်
အာယာသ် 31
ဖစ်ရ်အောင်န်၏ထံမှဖြစ်သော။ မုချစင်စစ်၊ ထိုဖစ်ရ်အောင်န်သည် ဆိုးသွမ်းသောင်းကျန်းသူ၊ စည်းကမ်းကျူးလွန်သူ တစ်ဦးပင်ဖြစ်ခဲ့၏။
وَلَقَدِ اخْتَرْنَاهُمْ عَلَىٰ عِلْمٍ عَلَى الْعَالَمِينَ ٣٢
📖 ဘာသာပြန်
အာယာသ် 32
စင်စစ်သော်ကား ဧကန်အမှန် ငါအရှင်မြတ်သည် သိတော်မူလျက် ထိုအီစ်ရာအီလီအမျိုးသားတို့အား ကမ္ဘာသူကမ္ဘာသားတို့ ထက်ဝယ် ရွေးချယ်မြှောက်စားတော်မူခဲ့၏။
وَآتَيْنَاهُم مِّنَ الْآيَاتِ مَا فِيهِ بَلَاءٌ مُّبِينٌ ٣٣
📖 ဘာသာပြန်
အာယာသ် 33
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား ထင်ရှားစွာသော ကျေးဇူးတော်ပါရှိလေသော သက်သေလက္ခဏာတော်များကို ချီးမြှင့်ပေးသနားတော်မူခဲ့ ပေသတည်း။
إِنَّ هَٰؤُلَاءِ لَيَقُولُونَ ٣٤
📖 ဘာသာပြန်
အာယာသ် 34
ဧကန်မလွဲ ဤသူတို့သည် အမှန်ပင်(ဤသို့)ပြောဆိုကြကုန်၏။
إِنْ هِيَ إِلَّا مَوْتَتُنَا الْأُولَىٰ وَمَا نَحْنُ بِمُنشَرِينَ ٣٥
📖 ဘာသာပြန်
အာယာသ် 35
ထိုသေဆုံးခြင်းဟူသည် ကျွန်ုပ်တို့၏ ပထမ သေဆုံးခြင်းပင်ဖြစ်၏။ ၎င်းပြင် ကျွန်ုပ်တို့သည်(ဒုတိယအကြိမ်)ရှင်ပြန်ထစေခြင်းကို ခံကြရမည် မဟုတ်ပေ။
فَأْتُوا بِآبَائِنَا إِن كُنتُمْ صَادِقِينَ ٣٦
📖 ဘာသာပြန်
အာယာသ် 36
သို့ဖြစ်ပေရာ(အို-မုစ်လင်မ်အပေါင်းတို့၊)အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် သေဆုံးခဲ့ကြပြီးဖြစ်သော ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးတို့အား(တစ်ဖန် ရှင်စေပြီး) ခေါ်ယူခဲ့ကြလေကုန်။
أَهُمْ خَيْرٌ أَمْ قَوْمُ تُبَّعٍ وَالَّذِينَ مِن قَبْلِهِمْ ۚ أَهْلَكْنَاهُمْ ۖ إِنَّهُمْ كَانُوا مُجْرِمِينَ ٣٧
📖 ဘာသာပြန်
အာယာသ် 37
ထိုသူတို့ကား "တွဗ္ဗအ်"၏အမျိုးသားတို့ထက်လည်းကောင်း၊ ထိုအမျိုးသားတို့အလျင် ရှိခဲ့ကြသော သူတို့ထက်လည်းကောင်း၊ သာ၍ ကောင်းကြလေသလော။ ငါအရှင်မြတ်သည် ထိုသို့သော သူတို့ကိုပင် ၎င်းတို့သည် ပြစ်မှုကိုကျူးလွန်သူများ ဖြစ်ခဲ့ကြသောကြောင့် ဖျက်ဆီးတော်မူခဲ့ပေသည်။
وَمَا خَلَقْنَا السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا لَاعِبِينَ ٣٨
📖 ဘာသာပြန်
အာယာသ် 38
စင်စစ်သော်ကား ငါအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ကစားခုန်စားသောအားဖြင့် ဖန်ဆင်းတော်မူခဲ့သည် မဟုတ်ပေ။
مَا خَلَقْنَاهُمَا إِلَّا بِالْحَقِّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ٣٩
📖 ဘာသာပြန်
အာယာသ် 39
(အမှန်စင်စစ်)ငါအရှင်မြတ်သည် ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခုစလုံးကို နက်နဲသိမ်မွေ့ တိကျမှန်ကန်သော အကြောင်းနှင့်တကွ ဖန်ဆင်းတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့အနက် များစွာသောသူတို့မှာ သိရှိကြသည် မဟုတ်ပေ။
إِنَّ يَوْمَ الْفَصْلِ مِيقَاتُهُمْ أَجْمَعِينَ ٤٠
📖 ဘာသာပြန်
အာယာသ် 40
ဧကန်အမှန် စီရင်ဆုံးဖြတ်မည့် နေ့သည် ၎င်းတို့အားလုံးအဖို့ သတ်မှတ်ပြီးဖြစ်သော အချိန်ကာလပင် ဖြစ်၏။
يَوْمَ لَا يُغْنِي مَوْلًى عَن مَّوْلًى شَيْئًا وَلَا هُمْ يُنصَرُونَ ٤١
📖 ဘာသာပြန်
အာယာသ် 41
ထိုနေ့တွင် မည်သည့်ပတ်သက်သော သူတစ်ဦးတစ်ယောက်မျှပင်၊ မည်သည့်ပတ်သက်သော သူတစ်ဦးတစ်ယောက်အဖို့မျှ လုံးဝ အသုံးဝင်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကူညီစောင်မခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
إِلَّا مَن رَّحِمَ اللَّهُ ۚ إِنَّهُ هُوَ الْعَزِيزُ الرَّحِيمُ ٤٢
📖 ဘာသာပြန်
အာယာသ် 42
သို့ရာတွင် အလ္လာဟ်အရှင်မြတ် ကရုဏာပြုတော်မူသောသူမှာမူကား (ကြားဝင်အသနားခံပေးခြင်းကို ခံရပေမည်)။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
كَالْمُهْلِ يَغْلِي فِي الْبُطُونِ ٤٥
📖 ဘာသာပြန်
အာယာသ် 45
ဆီအနည်ကဲ့သို့၊ ကြေးနီ၊ ကြေးဝါ၊ကြောင်းငွေ စသော အရည်ကျိုထားသော တွင်းထွက်သတ္တုကဲ့သို့၊ ဝမ်းဗိုက်များတွင် ကျိုက်ကျိုက်ဆူလျက် ရှိပေမည်။
خُذُوهُ فَاعْتِلُوهُ إِلَىٰ سَوَاءِ الْجَحِيمِ ٤٧
📖 ဘာသာပြန်
အာယာသ် 47
သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းအား ဖမ်းဆီးပြီးလျှင် "ဂျဟန္နမ်" ငရဲဘုံ ဗဟိုအလယ်သို့ တရွတ်တိုက် ဆွဲချကြလေကုန်။
ثُمَّ صُبُّوا فَوْقَ رَأْسِهِ مِنْ عَذَابِ الْحَمِيمِ ٤٨
📖 ဘာသာပြန်
အာယာသ် 48
ထို့နောက် အသင်တို့သည် ၎င်း၏ဦးခေါင်း ထက်ဝယ် ပွက်ပွက်ဆူနေသော ရေနွေးပူ၏ပြစ်ဒဏ်ကို သွန်းလောင်းကြလေကုန်။
ذُقْ إِنَّكَ أَنتَ الْعَزِيزُ الْكَرِيمُ ٤٩
📖 ဘာသာပြန်
အာယာသ် 49
(ထိုအခါ ၎င်းမှာ ဤသို့ပြောဆိုခြင်းကို ခံရပေမည်။) အသင်သည်(ဤပြစ်ဒဏ်၏ အရသာကို) မြည်းစမ်းလေ၊ မလွဲဧကန် အသင်သည် အလွန်မြင့်မြတ်သူ၊ ဂုဏ်မြင့်သူဖြစ်ပေသည်။
إِنَّ هَٰذَا مَا كُنتُم بِهِ تَمْتَرُونَ ٥٠
📖 ဘာသာပြန်
အာယာသ် 50
ဧကန်မလွဲ ဤသည်ကား အသင်တို့ ယုံမှားသံသယဖြစ်လျက် ရှိခဲ့ကြသောအရာပင် ဖြစ်ချေသတည်း။
إِنَّ الْمُتَّقِينَ فِي مَقَامٍ أَمِينٍ ٥١
📖 ဘာသာပြန်
အာယာသ် 51
ဧကန်အမှန် "မွတ္တကီ" သူတော်စင်တို့မှာ ငြိမ်းချမ်းသာယာသော နေရာဌာနတွင် ရှိကြပေမည်။
يَلْبَسُونَ مِن سُندُسٍ وَإِسْتَبْرَقٍ مُّتَقَابِلِينَ ٥٣
📖 ဘာသာပြန်
အာယာသ် 53
၎င်းတို့သည် ပိုးထည်အပါးစားကိုလည်းကောင်း၊ ပိုးထည်အထူစားကိုလည်းကောင်း၊ ဝတ်ဆင်၍ မျက်နှာချင်းဆိုင်ထိုင်လျက် ရှိကြပေမည်။
كَذَٰلِكَ وَزَوَّجْنَاهُم بِحُورٍ عِينٍ ٥٤
📖 ဘာသာပြန်
အာယာသ် 54
(ဤဖြစ်ရပ်မှာ) ဤအတိုင်းဖြစ်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား ဖြူ၍လှပတင့်တယ်သော၊ မျက်စိပြူး၍လှပသော၊ မိန်းမများနှင့် ထိမ်းမြား၍ ပေးတော်မူပေမည်။
يَدْعُونَ فِيهَا بِكُلِّ فَاكِهَةٍ آمِنِينَ ٥٥
📖 ဘာသာပြန်
အာယာသ် 55
၎င်းတို့သည် ယင်းဥယျာဉ်များ၌ အလုံးစုံသော သစ်သီးဝလံတို့ကို အေးချမ်းစွာ မှာယူကြပေမည်။
لَا يَذُوقُونَ فِيهَا الْمَوْتَ إِلَّا الْمَوْتَةَ الْأُولَىٰ ۖ وَوَقَاهُمْ عَذَابَ الْجَحِيمِ ٥٦
📖 ဘာသာပြန်
အာယာသ် 56
၎င်းတို့သည် ပထမအကြိမ် သေဆုံးခဲ့ကြသည် မှတစ်ပါး ယင်းဥယျာဉ်များတွင် "မရဏ" သေခြင်းတရား၏ရသာကို မြည်းစမ်းကြရမည် မဟုတ်ပြီ၊ ထိုမှတစ်ပါး ၎င်းတို့အား ထိုအရှင်မြတ်သည် "ဂျဟန္နမ်" ငရဲဘုံ၏ ပြစ်ဒဏ်မှ(လည်း)လွတ်ကင်းစေတော် မူပေမည်။
فَضْلًا مِّن رَّبِّكَ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ ٥٧
📖 ဘာသာပြန်
အာယာသ် 57
(ဤသည်တို့ကား) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ဖြစ်ပေမည်။ ဤသည်ပင်လျှင် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။
فَإِنَّمَا يَسَّرْنَاهُ بِلِسَانِكَ لَعَلَّهُمْ يَتَذَكَّرُونَ ٥٨
📖 ဘာသာပြန်
အာယာသ် 58
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်ကို ၎င်းတို့ တရားရယူကြအံ့သောငှာ အသင်၏ဘာသာစကားဖြင့်ပင် လွယ်ကူစေတော်မူခဲ့၏။
فَارْتَقِبْ إِنَّهُم مُّرْتَقِبُونَ ٥٩
📖 ဘာသာပြန်
အာယာသ် 59
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်လည်း စောင့်စား၍နေပါလေ။ ၎င်းတို့သည်လည်း စောင့်စား၍နေကြသူများပင် ဖြစ်ကြကုန်သတည်း။
ဖတ်ရန် အတ်-ဒုခ်အာန် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers

