မာရ်ယမ် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ
မာရ်ယမ် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (98 အာယာသ် — مكية). မာရ်ယမ် နားထောင်, မာရ်ယမ် ဘာသာပြန်, မာရ်ယမ် mp3, မာရ်ယမ် pdf.မာရ်ယမ် စူရာ ဖတ်ရှူ နှင့် နားထောင်
🎧 အာယာသ်
M
Mishary Rashid Alafasy
✓
Mishary Rashid Alafasy
✓
M
Mahmoud Khalil Al-Husary
✓
Mahmoud Khalil Al-Husary
✓
A
Abdurrahman As-Sudais
✓
Abdurrahman As-Sudais
✓
M
Mohamed Siddiq Al-Minshawi
✓
Mohamed Siddiq Al-Minshawi
✓
A
Abdul Basit Abdul Samad
✓
Abdul Basit Abdul Samad
✓
A
Ali Al-Hudhaify
✓
Ali Al-Hudhaify
✓
A
Ahmed ibn Ali al-Ajamy
✓
Ahmed ibn Ali al-Ajamy
✓
A
Abu Bakr Ash-Shaatree
✓
Abu Bakr Ash-Shaatree
✓
M
Muhammad Ayyoub
✓
Muhammad Ayyoub
✓
A
Abdullah Basfar
✓
Abdullah Basfar
✓
A
Abdullah Al-Juhani
✓
Abdullah Al-Juhani
✓
M
Maher Al Muaiqly
✓
Maher Al Muaiqly
✓
—
x1
ذِكْرُ رَحْمَتِ رَبِّكَ عَبْدَهُ زَكَرِيَّا ٢
📖 ဘာသာပြန်
အာယာသ် 2
ဤသည်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က မိမိကျွန် (နဗီတမန်တော်)ဇကရီယာ၏အပေါ်၌ ကရုဏာပြုတော်မူခဲ့ခြင်းကို ထုတ်ဖော် မြွက်ဟတော်မူခြင်းပင်တည်း။
إِذْ نَادَىٰ رَبَّهُ نِدَاءً خَفِيًّا ٣
📖 ဘာသာပြန်
အာယာသ် 3
(ပြန်လည်အောက်မေ့သတိရကြလေကုန်)တစ်ရံရောအခါဝယ် ထိုဇကရီယာသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို လျှို့ဝှက်စွာ ပန်ကြားခဲ့လေသည်။
قَالَ رَبِّ إِنِّي وَهَنَ الْعَظْمُ مِنِّي وَاشْتَعَلَ الرَّأْسُ شَيْبًا وَلَمْ أَكُن بِدُعَائِكَ رَبِّ شَقِيًّا ٤
📖 ဘာသာပြန်
အာယာသ် 4
(တစ်ဖန်)ယင်းဇကရီယာသည်(ဤသို့) လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုး၏အရိုးများမှာ အားအင်ချည့်နဲ့၍နေပါပြီ။ ၎င်းပြင် (ကျွန်တော်မျိုး၏)ဦးခေါင်းမှာလည်း ဆံဖြူများကြောင့် (ဖြူဖွေး)တောက်ပလျက်ရှိနေပါပြီ။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အားဟစ်ခေါ်တမ်းတ လျှောက်ထားပန်ကြားမှုကြောင့် မည်သည့်အခါကမျှ အလိုဆန္ဒ မပြည့်ဝသူ မဖြစ်ခဲ့ဘူးပါ။
وَإِنِّي خِفْتُ الْمَوَالِيَ مِن وَرَائِي وَكَانَتِ امْرَأَتِي عَاقِرًا فَهَبْ لِي مِن لَّدُنكَ وَلِيًّا ٥
📖 ဘာသာပြန်
အာယာသ် 5
ဧကန်စင်စစ် ကျွန်တော်မျိုးသည် မိမိ(မရှိသည့်)နောက်တွင်(မိမိ)ဆွေမျိုးနီးစပ်သူတို့နှင့် ပတ်သက်၍ စိုးရိမ်မိခဲ့ပါသည်။ ထို့ပြင် ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမထွန်းကားသော အမြုံပင်ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ သားကောင်းရတနာ အမွေစားအမွေခံ တစ်ဦးကိုချီးမြှင့်ပေးသနားတော်မူပါ၊
يَرِثُنِي وَيَرِثُ مِنْ آلِ يَعْقُوبَ ۖ وَاجْعَلْهُ رَبِّ رَضِيًّا ٦
📖 ဘာသာပြန်
အာယာသ် 6
ထိုသားရတနာ၊ အမွေစား အမွေခံသည် ကျွန်တော်မျိုး၏အရိုက်အရာဆက်ခံသူလည်း ဖြစ်ပါစေ။ (နဗီတမန်တော်)ယအ်ကူဗ်၏သားမြေးတို့၏ အရိုက်အရာဆက်ခံသူလည်းဖြစ်ပါစေ။ ထိုမှတစ်ပါး အို- ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းအား (မိမိအထံတော်၌) နှစ်မြို့ဖွယ်ရာလည်း ဖြစ်ပါစေ။
يَا زَكَرِيَّا إِنَّا نُبَشِّرُكَ بِغُلَامٍ اسْمُهُ يَحْيَىٰ لَمْ نَجْعَل لَّهُ مِن قَبْلُ سَمِيًّا ٧
📖 ဘာသာပြန်
အာယာသ် 7
(ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူခဲ့၏)။ အို-ဇကရီယာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာမည်သော သားရတနာတစ်ပါးနှင့်ပတ်သက်၍သတင်းကောင်း ပေးတော်မူ၏။ ယခင်က ငါအရှင်မြတ်သည်ယင်းယဟ်ယာနှင့် နာမည်တူသူတစ်ဦးတစ်ယောက်ကို ရှိစေတော်မူခဲ့သည် မဟုတ်ချေ။
قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَامٌ وَكَانَتِ امْرَأَتِي عَاقِرًا وَقَدْ بَلَغْتُ مِنَ الْكِبَرِ عِتِيًّا ٨
📖 ဘာသာပြန်
အာယာသ် 8
(ထိုအခါ) ယင်းဇကရီယာက (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားရတနာသည်အသို့လျှင် ရှိနိုင်ပါအံ့နည်း။ အကြောင်းသော်ကား ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမမွေးသောအမြုံဖြစ်နေပါသည်။ကျွန်တော်မျိုးမှာလည်း သက်ရွယ်ကြီးရင့် အိုမင်းခြင်း၏အထွတ်အထိပ်သို့ ရောက်ရှိနေပါပြီ။
قَالَ كَذَٰلِكَ قَالَ رَبُّكَ هُوَ عَلَيَّ هَيِّنٌ وَقَدْ خَلَقْتُكَ مِن قَبْلُ وَلَمْ تَكُ شَيْئًا ٩
📖 ဘာသာပြန်
အာယာသ် 9
(ထိုရောကာလ) ထိုအရှင်မြတ်က (ကောင်းကင်တမန်မှတစ်ဆင့် ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (အို-ဇကရီယာ) ဤ အတိုင်းပင်ဖြစ်ပေမည်။ ဤသည် ငါအရှင်မြတ်အဖို့ အလွန်လွယ်ကူကြောင်း၊ ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယခင်ကလည်း အသင့်အား အသင် တစ်စုံတစ်ရာမရှိခဲ့စဉ်က ဖန်ဆင်းတော်မူခဲ့သည်။
قَالَ رَبِّ اجْعَل لِّي آيَةً ۚ قَالَ آيَتُكَ أَلَّا تُكَلِّمَ النَّاسَ ثَلَاثَ لَيَالٍ سَوِيًّا ١٠
📖 ဘာသာပြန်
အာယာသ် 10
(ထိုအခါ) ယင်းဇကရီယာက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (သို့ဖြစ်ပါလျှင်) အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဇနီးမှာ သားရတနာကို ကိုယ်ဝန်ဆောင်လျက် ရှိနေကြောင်း သိနိုင်အံ့သောငှာ)သက်သေလက္ခဏာ တစ်ရပ်ရပ်ကို ကျွန်တော်မျိုးအား ပြုလုပ်သတ်မှတ်၍ ပေးတော်မူပါဟု လျှောက်ထား ပန်ကြားပြန်လေ၏။ အရှင်မြတ်က (အို-ဇကရီယာ) အသင်၏ နိမိတ်လက္ခဏာမှာ အသင်သည် ပကတိကျန်းမာစွာရှိပါလျက်နှင့် သုံးညတိတိ(တစ်ဆက်တည်း) လူတို့နှင့် စကားမပြော နိုင်ဘဲရှိမည်ဟူ၍မိန့်ကြားတော်မူခဲ့ပေသည်။
فَخَرَجَ عَلَىٰ قَوْمِهِ مِنَ الْمِحْرَابِ فَأَوْحَىٰ إِلَيْهِمْ أَن سَبِّحُوا بُكْرَةً وَعَشِيًّا ١١
📖 ဘာသာပြန်
အာယာသ် 11
ထို့နောက် ယင်းဇကရီယာသည် ဝတ်ပြုနေရာမှမိမိအမျိုးသားတို့ရှေ့ဝယ် ထွက်ခဲ့ပြီးလျှင် အသင်တို့သည် နံနက်ယံ၌လည်းကောင်း၊ ညဦးယံ၌လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် သန့်ရှင်းစင်ကြယ်တော်မူကြောင်း) တတ်စ်ဗီဟ်ဆိုကြလေကုန်ဟု (လက်ရိပ်ဖြင့်) ညွှန်ခဲ့လေသတည်း။
يَا يَحْيَىٰ خُذِ الْكِتَابَ بِقُوَّةٍ ۖ وَآتَيْنَاهُ الْحُكْمَ صَبِيًّا ١٢
📖 ဘာသာပြန်
အာယာသ် 12
အို-ယဟ်ယာ၊ အသင်သည် ကျမ်းဂန်ကို စွဲမြဲစွာ ကိုင်ထားလော့(ဟုမိန့်ကြားတော်မူခဲ့၏၊) စင်စစ်သော်ကား ငါအရှင်မြတ်သည် ယင်းယဟ်ယာအား ကလေးဘဝ၌ပင် ဉာဏ်အမြော်အမြင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပေသည်။
وَحَنَانًا مِّن لَّدُنَّا وَزَكَاةً ۖ وَكَانَ تَقِيًّا ١٣
📖 ဘာသာပြန်
အာယာသ် 13
ထိုနည်းတူစွာ မိမိအထံတော်မှ အကြင်နာတရားကိုလည်းကောင်း၊ သန့်ရှင်းစင်ကြယ်မှုကိုလည်း ကောင်း၊(ချီးမြှင့်တော်မူခဲ့၏)။ ၎င်းပြင် ယင်းယဟ်ယာသည် (ပြစ်မှုဒုစရိုက်တို့မှ) အလွန် ရှောင်ရှားသူပင် ဖြစ်ခဲ့ပေသည်။
وَبَرًّا بِوَالِدَيْهِ وَلَمْ يَكُن جَبَّارًا عَصِيًّا ١٤
📖 ဘာသာပြန်
အာယာသ် 14
ထို့ပြင် မိမိ၏ မိဘနှစ်ပါးအား အလွန်ကျေးဇူးပြုတတ်သူလည်းဖြစ်ခဲ့၏။ ထို့ပြင် မာန်မာနထောင်လွှားသူအမိန့်တော်ကို ဖီဆန်သူမဖြစ်ခဲ့ပေ။
وَسَلَامٌ عَلَيْهِ يَوْمَ وُلِدَ وَيَوْمَ يَمُوتُ وَيَوْمَ يُبْعَثُ حَيًّا ١٥
📖 ဘာသာပြန်
အာယာသ် 15
ထိုမှတစ်ပါး ထိုယဟ်ယာ၏အပေါ်၌ ယင်းဖွားမြင်ခဲ့သည့်နေ့တွင်လည်းကောင်း၊ ကွယ်လွန်သေဆုံးမည့်နေ့တွင်လည်းကောင်း၊ အသက်ရှင်လျက် ထရမည့်နေ့တွင်လည်းကောင်း၊ (ငါအရှင်မြတ်အထံတော်မှ) ငြိမ်းချမ်းသာယာမှု(ဘေးရန်ကင်းငြိမ်းမှု)သည် ကျရောက်ပါစေသတည်း။
وَاذْكُرْ فِي الْكِتَابِ مَرْيَمَ إِذِ انتَبَذَتْ مِنْ أَهْلِهَا مَكَانًا شَرْقِيًّا ١٦
📖 ဘာသာပြန်
အာယာသ် 16
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်(ဤကုရ်အာန်)ကျမ်းတော်မှ မရ်ယမ်(၏အတ္ထုပ္ပတိ) အကြောင်းကို ဖတ်ကြားပါလေ။ တစ်ရံရောအခါဝယ် ယင်းမရ်ယမ်သည်မိမိအိမ်သူအိမ်သားတို့ထံမှ ခွဲခွာ၍ အရှေ့ဖက်၌ရှိသောအခန်းတစ်ခန်းသို့ သွားခဲ့လေသည်။
فَاتَّخَذَتْ مِن دُونِهِمْ حِجَابًا فَأَرْسَلْنَا إِلَيْهَا رُوحَنَا فَتَمَثَّلَ لَهَا بَشَرًا سَوِيًّا ١٧
📖 ဘာသာပြန်
အာယာသ် 17
တစ်ဖန် ယင်းမရ်ယမ်သည် ထိုအိမ်သူအိမ်သားတို့ (မမြင်နိုင်ရန်)ကန့်လန့်ကာတစ်ခု ချခဲ့လေသည်။ ထို့နောက်ငါအရှင်မြတ်သည် ယင်းမရ်ယမ်၏ထံသို့ မိမိ၏ အထူးကောင်းကင်တမန်ကို စေလွှတ်တော်မူခဲ့လေသည်။ ထိုအခါ ယင်းကောင်းကင်တမန်သည် ထိုမရ်ယမ်၏အရှေ့ဝယ် ပကတိလူသားတစ်ယောက်၏အသွင်ဖြင့် ကိုယ်ထင်ပြခဲ့၏။
قَالَتْ إِنِّي أَعُوذُ بِالرَّحْمَٰنِ مِنكَ إِن كُنتَ تَقِيًّا ١٨
📖 ဘာသာပြန်
အာယာသ် 18
ထိုအခါ ယင်းမရ်ယမ်က (ထိုကောင်းကင်တမန်အား အကယ်စင်စစ် လူထင်မှတ်၍ဤသို့)ပြောကြား ခဲ့သည်မှာအကယ်၍ အသင်သည် သူတော်စင်တစ်ဦး ဖြစ်ခဲ့မူ ကျွန်ုပ်သည်အသင်(၏ဘေးအန္တရယ်)မှ(လွတ်ကင်းအံ့သောငှာ)ရဟ်မာန်အနန္တကရုဏာတော်ရှင်ထံတော်၌ အကာအကွယ်ယူပါ၏။
قَالَ إِنَّمَا أَنَا رَسُولُ رَبِّكِ لِأَهَبَ لَكِ غُلَامًا زَكِيًّا ١٩
📖 ဘာသာပြန်
အာယာသ် 19
(ထိုအခါ) ယင်းကောင်းကင်တမန်က (အိုမရ်ယမ်) ကျွန်ုပ်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ စေတမန်သာလျှင်ဖြစ်ပေသည်။ ကျွန်ုပ်သည် အသင့်အား စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သားရတနာတစ်ပါးကိုပေးရန် သာလျှင် (လာရခြင်း)ဖြစ်သည်ဟုပြောကြားခဲ့လေသည်။
قَالَتْ أَنَّىٰ يَكُونُ لِي غُلَامٌ وَلَمْ يَمْسَسْنِي بَشَرٌ وَلَمْ أَكُ بَغِيًّا ٢٠
📖 ဘာသာပြန်
အာယာသ် 20
ထိုအခါ ယင်းမရ်ယမ်က (အို-ကောင်းကင်တမန်)စင်စစ် ကျွန်ုပ်အား မည်သည့်လူသားတစ်ဦးတစ်ယောက်မျှပင် ထိတွေ့ခဲ့ဖူးသည်လည်း မရှိပါဘဲလျက်လည်းကောင်း၊ ကျွန်ုပ်သည် အကျင့်မကောင်းသူ တစ်ဦးလည်း မဖြစ်ပါဘဲလျက်လည်းကောင်း၊ အသို့လျှင် ကျွန်ုပ်မှာ သားရတနာထွန်းကားနိုင်အံ့နည်းဟု ပြန်ပြောခဲ့လေသည်။
قَالَ كَذَٰلِكِ قَالَ رَبُّكِ هُوَ عَلَيَّ هَيِّنٌ ۖ وَلِنَجْعَلَهُ آيَةً لِّلنَّاسِ وَرَحْمَةً مِّنَّا ۚ وَكَانَ أَمْرًا مَّقْضِيًّا ٢١
📖 ဘာသာပြန်
အာယာသ် 21
ကောင်းကင်တမန်က(အို-မရ်ယမ်) ဤအတိုင်းပင်ဖြစ်ပေမည်။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ဤသည်ကား ငါအရှင်မြတ်၌ အလွန်လွယ်ကူလှကြောင်း၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းသား ရတနာအား လူတို့အဖို့ သက်သေလက္ခဏာတစ်ရပ် အဖြစ်လည်းကောင်း၊ ငါအရှင်မြတ် အထံတော်မှ ကရုဏာတော်အဖြစ်လည်းကောင်း၊ ပြုလိုတော်မူကြောင်း၊ ဤသည်စီရင်ဆုံးဖြတ်ပြီးဖြစ်သောကိစ္စတစ်ရပ်ပင်ဖြစ်ကြောင်း၊ မိန့်ကြားတော်မူလေသတည်း။
۞ فَحَمَلَتْهُ فَانتَبَذَتْ بِهِ مَكَانًا قَصِيًّا ٢٢
📖 ဘာသာပြန်
အာယာသ် 22
ထို့နောက် မရ်ယမ်သည် ထိုသားရတနာကို ကိုယ်ဝန်ဆောင်ခဲ့လေသည်။ ထိုအခါ ယင်းမရ်ယမ်သည် ထိုကိုယ်ဝန်နှင့်အတူ ဝေးလံသောနေရာတစ်ခုသို့ ရှောင်သွားခဲ့လေသည်။
فَأَجَاءَهَا الْمَخَاضُ إِلَىٰ جِذْعِ النَّخْلَةِ قَالَتْ يَا لَيْتَنِي مِتُّ قَبْلَ هَٰذَا وَكُنتُ نَسْيًا مَّنسِيًّا ٢٣
📖 ဘာသာပြန်
အာယာသ် 23
ထို့နောက် သားဖွားခြင်း၏ဝေဒနာသည် ထိုမရ်ယမ်အား စွန်ပလွံပင်(တစ်ပင်)ရှိရာသို့ ဆောင်ကြဉ်း သွားခဲ့လေသည်။ ထိုအခါ ယင်းမရ်ယမ်ကဪ-ဖြစ်ရလေခြင်း၊ငါသည် ဤသို့(ဖမဲ့သားကို)မဖွားမီသေဆုံးခဲ့ပြီး လုံးဝမေ့ပျောက်စွန့်ပစ်ထားပြီးဖြစ်ခဲ့ပါလျှင် ကောင်းလေစွတကား ဟု ညည်းညူမြည်တမ်းခဲ့လေသည်။
فَنَادَاهَا مِن تَحْتِهَا أَلَّا تَحْزَنِي قَدْ جَعَلَ رَبُّكِ تَحْتَكِ سَرِيًّا ٢٤
📖 ဘာသာပြန်
အာယာသ် 24
ထိုအခါ ယင်းမရ်ယမ်အား ၎င်းရှိရာ အောက်နားမှ (ထိုစွန်ပလွံပင်အောက်မှ) ကောင်းကင်တမန်က (ဤသို့)ပြောကြားခဲ့လေသည်။ (အို-မရ်ယမ်) အသင်မသည် စိတ်မပူလေနှင့်။ ဧကန်စင်စစ် အသင်မအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်မ၏အောက်၌ပင် ချောင်းတစ်ခုကို ဖြစ်ပေါ်စေတော်မူလေပြီ။
وَهُزِّي إِلَيْكِ بِجِذْعِ النَّخْلَةِ تُسَاقِطْ عَلَيْكِ رُطَبًا جَنِيًّا ٢٥
📖 ဘာသာပြန်
အာယာသ် 25
ထိုမှတစ်ပါး အသင်မသည် စွန်ပလွံပင်၏ ပင်မကို မိမိဖက်သို့(ဆွဲ၍)လှုပ်ပါလျှင် စိမ်းစိုလတ်ဆတ်သေစွန်ပလွံသီးများသည် အသင်မ၏ရှေ့ဝယ် ကေကျလာပါလိမ့်မည်။
فَكُلِي وَاشْرَبِي وَقَرِّي عَيْنًا ۖ فَإِمَّا تَرَيِنَّ مِنَ الْبَشَرِ أَحَدًا فَقُولِي إِنِّي نَذَرْتُ لِلرَّحْمَٰنِ صَوْمًا فَلَنْ أُكَلِّمَ الْيَوْمَ إِنسِيًّا ٢٦
📖 ဘာသာပြန်
အာယာသ် 26
ထိုအခါ အသင်မသည် (ထိုစွန်ပလွံသီးများကို)စားသုံး၍(ထိုချောင်းမှရေကို)သောက်သုံးပါလေ။ ၎င်းပြင် မျက်စိကို ကြည်လင်စေပါလေ။ တစ်ဖန် အကယ်၍ အသင်သည်လူသားတစ်ဦးတစ်ယောက်ကို တွေ့ခဲ့ပါမူ ဧကန်အမှန် ကျွန်မသည် ရဟ်မာန်အနန္တကရုဏာတော်ရှင်အား ရည်စူး၍ ဥပုသ်သီလဆောက်တည်ရန် အဓိဋ္ဌာန်ပြုထားပြီးဖြစ်ရာ ကျွန်မသည်ယနေ့ မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ အလျှင်းစကားပြောဆိုမည် မဟုတ်ကြောင်း၊ ပြောကြားပါလေ။
فَأَتَتْ بِهِ قَوْمَهَا تَحْمِلُهُ ۖ قَالُوا يَا مَرْيَمُ لَقَدْ جِئْتِ شَيْئًا فَرِيًّا ٢٧
📖 ဘာသာပြန်
အာယာသ် 27
၎င်းနောက် ထိုမရ်ယမ်သည် ယင်းသားရတနာကို(မိမိရင်ခွင်ဝယ်)ပွေ့ချီလျက် မိမိအမျိုးသားတို့ထံ လာခဲ့လေ၏။ (ထိုအခါ)ယင်းအမျိုးသားတို့က(ဤသို့) ပြောကြားခဲ့ကြကုန်၏။ အို-မရ်ယမ် အသင်မ သည် အလွန်ဆိုးဝါးလှသောပြစ်မှုကိုကျူးလွန်ခဲ့သည် တကား။
يَا أُخْتَ هَارُونَ مَا كَانَ أَبُوكِ امْرَأَ سَوْءٍ وَمَا كَانَتْ أُمُّكِ بَغِيًّا ٢٨
📖 ဘာသာပြန်
အာယာသ် 28
အို-ဟာရူန်၏နှမ၊ အသင်မ၏ ဖခင်မှာလည်းအကျင့်မကောင်းသူ မဟုတ်ခဲ့ပေ။ အသင်မ၏ မိခင်မှာလည်းအကျင့်ပျက်သူတစ်ဦး မဟုတ်ခဲ့ချေတကား။
فَأَشَارَتْ إِلَيْهِ ۖ قَالُوا كَيْفَ نُكَلِّمُ مَن كَانَ فِي الْمَهْدِ صَبِيًّا ٢٩
📖 ဘာသာပြန်
အာယာသ် 29
ထိုအခါ ထိုမရ်ယမ်သည် ထိုသားရတနာကို ညွှန်ပြခဲ့လေရာ၊ ယင်းအမျိုးသားတို့က (အို-မရ်ယမ်) အကျွန်ုပ်တို့သည် ပုခက်တွင်းဝယ် ကလေး(ဘဝ၌)ပင်ရှိနေသေးသောသူငယ်နှင့်အသို့လျှင် စကားပြောဆိုကြ ရအံ့နည်းဟု ပြောဆိုခဲ့ကြလေသည်။
قَالَ إِنِّي عَبْدُ اللَّهِ آتَانِيَ الْكِتَابَ وَجَعَلَنِي نَبِيًّا ٣٠
📖 ဘာသာပြန်
အာယာသ် 30
(ထိုအခါ)၊ ယင်း(ပုခက်တွင်းမှ)ကလေးသူငယ်(အီစာ)က (ဤသို့စကား)ပြောဆို(ဖြေကြား)ခဲ့လေ၏။ ဧကန်မလွဲ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်သာလျှင် ဖြစ်ပေသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်အား [အင်(န်)ဂျီလ်)]ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အား နဗီတမန်တော်အဖြစ်လည်း ချီးမြှောက်တော်မူခဲ့ပေသည်။
وَجَعَلَنِي مُبَارَكًا أَيْنَ مَا كُنتُ وَأَوْصَانِي بِالصَّلَاةِ وَالزَّكَاةِ مَا دُمْتُ حَيًّا ٣١
📖 ဘာသာပြန်
အာယာသ် 31
၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အား မည်သည့်နေရာ၌မဆကျွန်ုပ်ရှိနေစေကာမူ ဗရ်ကတ်မင်္ဂလာ နှင့်ပြည့်စုံသူ ပြုလုပ်တော်မူခဲ့ပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကျွန်ုပ်အား အသက်ထင်ရှား ရှိနေသမျှကာလပတ်လုံးဆွလာတ်ဝတ်ပြုရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊ အမိန့်ပေးတော် မူခဲ့လေသည်။
وَبَرًّا بِوَالِدَتِي وَلَمْ يَجْعَلْنِي جَبَّارًا شَقِيًّا ٣٢
📖 ဘာသာပြန်
အာယာသ် 32
ထိုမှတစ်ပါး (ထိုအရှင်မြတ်သည် ကျွန်ုပ်အား)ကျွန်ုပ်၏မိခင်ကို ကောင်းစွာပြုစု ကျေးဇူးပြုတတ်သူလည်း(ဖြစ်စေတော်မူခဲ့၏၊) ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အားမာန်မာနထောင်လွှားသူ၊ အကြောင်းမလှသူအဖြစ်လည်း ပြုလုပ်တော်မမူခဲ့ချေ။
وَالسَّلَامُ عَلَيَّ يَوْمَ وُلِدتُّ وَيَوْمَ أَمُوتُ وَيَوْمَ أُبْعَثُ حَيًّا ٣٣
📖 ဘာသာပြန်
အာယာသ် 33
ထို့ပြင် ကျွန်ုပ်၏အပေါ်၌ ကျွန်ုပ်မွေးဖွားခဲ့သည့်နေ့၌လည်းကောင်း၊ ကျွန်ုပ်သေဆုံးမည့်နေ့၌ လည်းကောင်း၊ကျွန်ုပ်ရှင်ပြန်ထစေခြင်း ခံရမည့်နေ့၌လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ငြိမ်းချမ်းသာယာမှုသည် ကျရောက်ပါစေသတည်း။
ذَٰلِكَ عِيسَى ابْنُ مَرْيَمَ ۚ قَوْلَ الْحَقِّ الَّذِي فِيهِ يَمْتَرُونَ ٣٤
📖 ဘာသာပြန်
အာယာသ် 34
ဤသည်ကား မရ်ယမ်၏သားတော် အကြင်အီစာပင်။ ယင်းမှန်ကန်သောစကားကိုပြောဆိုခဲ့လေသည်။၎င်းတို့သည် ထိုအီစာနှင့်ပတ်သက်၍ အငြင်းအခုံပြုလျက်ရှိကြကုန်သည်။
مَا كَانَ لِلَّهِ أَن يَتَّخِذَ مِن وَلَدٍ ۖ سُبْحَانَهُ ۚ إِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُن فَيَكُونُ ٣٥
📖 ဘာသာပြန်
အာယာသ် 35
သားသမီးတစ်စုံတစ်ယောက် ပြုလုပ်ခြင်းသည်အလ္လာဟ်အရှင်မြတ်နှင့် အလျှင်းမအပ်စပ်ပေ။ ထိုအရှင်မြတ်သည်(အိမ်ထောင်ပြုသားမွေးခြင်းကိစ္စတို့မှ) လုံးဝကင်းတော်မူ၏။ (အမှန်စင်စစ်) မည်သည့် အခါမဆို ထိုအရှင်မြတ်သည်အမှုကိစ္စ တစ်စုံတစ်ရာကို စီရင်ပြဋ္ဌာန်းတော်မူပါလျှင် ထိုအရှင်မြတ်သည် ယင်းအမှုကိစ္စကို ဖြစ်စေဟု မိန့်ကြားတော်မူရုံမျှဖြင့်ထိုအမှုကိစ္စသည် ဖြစ်သွားလေ၏။
وَإِنَّ اللَّهَ رَبِّي وَرَبُّكُمْ فَاعْبُدُوهُ ۚ هَٰذَا صِرَاطٌ مُّسْتَقِيمٌ ٣٦
📖 ဘာသာပြန်
အာယာသ် 36
၎င်းပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်ကျွန်ုပ်အားလည်း ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အသင်တို့အားလည်း ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်၊ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ဤသည်သာလျှင် ဖြောင့်မတ်သော တရားလမ်းပင်ဖြစ်ပေသတည်း။
فَاخْتَلَفَ الْأَحْزَابُ مِن بَيْنِهِمْ ۖ فَوَيْلٌ لِّلَّذِينَ كَفَرُوا مِن مَّشْهَدِ يَوْمٍ عَظِيمٍ ٣٧
📖 ဘာသာပြန်
အာယာသ် 37
ထို့နောက် ၎င်း(ခရစ်ယာန်)တို့အနက် အုပ်စုအသီးသီးတို့သည် အထင်အမြင် အယူအဆ ကွဲပြားခဲ့ ကြလေသည်။ သို့ဖြစ်ပေရာ ကြီးကျယ်လှစွာသော (ကိယာမတ်)နေ့ရောက်ရှိလာသောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သူတို့၌(အကြီးအကျယ်) ပျက်စီးမှုသည် ရှိအံ့သတည်း။
أَسْمِعْ بِهِمْ وَأَبْصِرْ يَوْمَ يَأْتُونَنَا ۖ لَٰكِنِ الظَّالِمُونَ الْيَوْمَ فِي ضَلَالٍ مُّبِينٍ ٣٨
📖 ဘာသာပြန်
အာယာသ် 38
၎င်းတို့သည် ငါအရှင်မြတ်ထံတော်သို့ လာကြသောနေ့တွင် အဘယ်မျှလောက် ကြားသူများ၊ အဘယ်မျှလောက် မြင်သူများ ဖြစ်သွားကြအံ့နည်း။ သို့ရာတွင် ယနေ့သော်ကား မတရားကျူးလွန်သူတို့သည် အလွန်ထင်ရှားစွာသောလမ်းမှားမှု၌ပင် ရှိနေကြကုန်၏။
وَأَنذِرْهُمْ يَوْمَ الْحَسْرَةِ إِذْ قُضِيَ الْأَمْرُ وَهُمْ فِي غَفْلَةٍ وَهُمْ لَا يُؤْمِنُونَ ٣٩
📖 ဘာသာပြန်
အာယာသ် 39
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရ မည့်နေ့နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ ထို့အပြင် 4င်းတို့သည် မယုံကြည်ကြချေ။
إِنَّا نَحْنُ نَرِثُ الْأَرْضَ وَمَنْ عَلَيْهَا وَإِلَيْنَا يُرْجَعُونَ ٤٠
📖 ဘာသာပြန်
အာယာသ် 40
ဧကန်မလွဲ ငါအရှင်မြတ်သာလျှင် ကမ္ဘာမြေကိုလည်းကောင်း၊ ယင်းကမ္ဘာမြေဝယ် ရှိသမျှတို့ကိုလည်းကောင်း၊အမွေခံ(ဝါ) နောက်ဆုံးပိုင်ဆိုင်တော်မူသော အရှင်မြတ်အဖြစ်ကျန်ရစ်တော်မူမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြရမည်သာတည်း။
وَاذْكُرْ فِي الْكِتَابِ إِبْرَاهِيمَ ۚ إِنَّهُ كَانَ صِدِّيقًا نَّبِيًّا ٤١
📖 ဘာသာပြန်
အာယာသ် 41
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(မိမိအမျိုးတို့ရှေ့ဝယ်ဤ) ကျမ်းဂန်မှ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်(၏အကြောင်းအတ္ထုပ္ပတ္တိ)ကို ဖတ်ကြားပါလေ။ ဧကန်မလွဲ ထိုအစ်ဗ်ရာဟီမ်သည် သစ္စာဝါဒီ ဖြစ်ခဲ့ပေသည်။ နဗီတမန်တော်လည်း ဖြစ်ခဲ့ပေသည်။
إِذْ قَالَ لِأَبِيهِ يَا أَبَتِ لِمَ تَعْبُدُ مَا لَا يَسْمَعُ وَلَا يُبْصِرُ وَلَا يُغْنِي عَنكَ شَيْئًا ٤٢
📖 ဘာသာပြန်
အာယာသ် 42
တစ်ရံရောအခါ ထို(နဗီတမန်တော်အစ်ဗ်ရာဟီမ်)သည် မိမိဖခင်(အာဇရ်)အား (ဤသို့)ပြောကြားခဲ့လေသည်။ အို-ကျွန်ုပ်၏ဖခင်၊ အသင်(ဖခင်)သည် အဘယ်ကြောင့်အကြင်အရာကို ခဝပ်ကိုးကွယ်နေပါသနည်း။ ထိုအရာသည်(တစ်စုံတစ်ရာကိုမျှပင်)ကြားသည်လည်းမဟုတ်၊မြင်သည်လည်းမဟုတ်ချေ။ ထိုမှတစ်ပါး ယင်းအရာသည် အသင်(ဖခင်)အဖို့စိုးစဉ်းမျှပင် အသုံးဝင်နိုင်မည်လည်းမဟုတ်ပေတကား။
يَا أَبَتِ إِنِّي قَدْ جَاءَنِي مِنَ الْعِلْمِ مَا لَمْ يَأْتِكَ فَاتَّبِعْنِي أَهْدِكَ صِرَاطًا سَوِيًّا ٤٣
📖 ဘာသာပြန်
အာယာသ် 43
အို-ကျွန်ုပ်၏ဖခင်၊ အသင်(ဖခင်)၏ထံသို့ မရောက်ခဲ့သော အသိပညာ(ဝဟီအမိန့်တော်)ကား ဧကန်မလွဲကျွန်ုပ်ထံရောက်လာခဲ့ပြီဖြစ်ပါ၍ အသင်(ဖခင်)သည် ကျွန်ုပ်၏နောက်သို့လိုက်ခဲ့ပါ။ ကျွန်ုပ်သည် အသင်(ဖခင်)အား ဖြောင့်မတ်သောတရားလမ်း မှန်ကို ပြသပါမည်။
يَا أَبَتِ لَا تَعْبُدِ الشَّيْطَانَ ۖ إِنَّ الشَّيْطَانَ كَانَ لِلرَّحْمَٰنِ عَصِيًّا ٤٤
📖 ဘာသာပြန်
အာယာသ် 44
အို-ကျွန်ုပ်၏ဖခင်၊အသင်(ဖခင်)သည် ရှိုင်တွာန်မိစ္ဆာကောင်ကို ခဝပ်ကိုးကွယ်ခြင်းမပြုပါနှင့်။ ဧကန်မလွဲ ရှိုင်တွာန်မိစ္ဆာကောင်မှာ ရဟ်မာန်အနန္တ ကရုဏာရှင်(၏အမိန့်တော်)ကို ဖီဆန်သူဖြစ်ခဲ့ပါသည်။
يَا أَبَتِ إِنِّي أَخَافُ أَن يَمَسَّكَ عَذَابٌ مِّنَ الرَّحْمَٰنِ فَتَكُونَ لِلشَّيْطَانِ وَلِيًّا ٤٥
📖 ဘာသာပြန်
အာယာသ် 45
အို-ကျွန်ုပ်၏ဖခင်၊ ဧကန်ဆတ်ဆတ် ကျွန်ုပ်မူကား အသင်(ဖခင်)၌ ရဟ်မာန်အနန္တကရုဏာ တော်ရှင်၏အထံတော်မှ ပြစ်ဒဏ်သက်ရောက်မည်ကို စိုးရိမ်မိပါသည်။ထိုသို့ဖြစ်ခဲ့ပါလျှင် အသင်(ဖခင်) သည် ရှိုင်တွာန်မိစ္ဆာကောင်၏အဆွေခင်ပွန်း ဖြစ်သွားပါလိမ့်မည်။
قَالَ أَرَاغِبٌ أَنتَ عَنْ آلِهَتِي يَا إِبْرَاهِيمُ ۖ لَئِن لَّمْ تَنتَهِ لَأَرْجُمَنَّكَ ۖ وَاهْجُرْنِي مَلِيًّا ٤٦
📖 ဘာသာပြန်
အာယာသ် 46
(ထိုအခါ နဗီတမန်တော်အစ်ဗ်ရာဟီမ်၏ဖခင်)ထို(အာဇရ်)က (ဤသို့)ပြောဆို (ကြိမ်းမောင်း)ခဲ့လေသည်။ အိုအစ်ဗ်ရာဟီမ်၊ အသင်သည် ကျွန်ုပ်၏ ကိုးကွယ်ရာတို့ဘက်မှမျက်နှာလွှဲသူ(ကျောခိုင်း)သူ ဖြစ်နေပါသလော။ အကယ်၍သာအသင်သည် (မိမိလက်ရှိအယူဝါဒကိုလည်းကောင်း၊ မိမိအယူဝါဒနှင့်စပ်လျဉ်း၍ ကျွန်ုပ်၏ရှေ့ဝယ် ဟောပြောခြင်းကိုလည်းကောင်း၊) မစွန့်ခဲ့ပါလျှင် မလွဲဧကန် ကျွန်ုပ်သည် အသင့်အားခဲဖြင့် ပစ်ပေါက်သတ်ရလိမ့်မည်။ ၎င်းပြင် အသင်သည် ကျွန်ုပ်အား ကာလရှည်ကြာစွာ စွန့်ခွာသွားလော့ဟုဆိုလေ၏။
قَالَ سَلَامٌ عَلَيْكَ ۖ سَأَسْتَغْفِرُ لَكَ رَبِّي ۖ إِنَّهُ كَانَ بِي حَفِيًّا ٤٧
📖 ဘာသာပြန်
အာယာသ် 47
ထိုအခါ ထို(နဗီတမန်တော်)အအစ်ဗ်ရာဟီမ်က(မိမိဖခင်အာဇရ်အား ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ (အိုဖခင်၊စလာမွန်အလိုက် ငြိမ်းချမ်း သာယာမှုသည် အသင့်အပေါ်၌ရှိပါစေ၊ (ကျွန်တော်လမ်းခွဲပါရစေ)၊ ယခုသော်ကားကျွန်ုပ်သည် အသင်(ဖခင်)အဖို့ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါတော့မည်။ မလွဲဧကန် ထိုအရှင်မြတ်သည် ကျွန်ုပ်အပေါ်၌ အလွန်တရာကျေးဇူးပြုတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။
وَأَعْتَزِلُكُمْ وَمَا تَدْعُونَ مِن دُونِ اللَّهِ وَأَدْعُو رَبِّي عَسَىٰ أَلَّا أَكُونَ بِدُعَاءِ رَبِّي شَقِيًّا ٤٨
📖 ဘာသာပြန်
အာယာသ် 48
ထိုမှတစ်ပါး ကျွန်ုပ်သည် အသင်တို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ဟစ်ခေါ်(တသကိုးကွယ်) လျက်ရှိကြသော အရာဝတ္ထုတို့ကိုလည်းကောင်း၊(စွန့်ကာ) ဘေးဖယ်၍နေပါတော့မည်။ ၎င်းပြင်ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်အားသာလျှင်ဟစ်ခေါ်(တသပန်ကြား)ပါတော့မည်။ (စင်စစ်) ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဟစ်ခေါ်(တသပန်ကြား)၍ လိုဘမပြည့်သူ မဖြစ်နိုင်ပါ။
فَلَمَّا اعْتَزَلَهُمْ وَمَا يَعْبُدُونَ مِن دُونِ اللَّهِ وَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ ۖ وَكُلًّا جَعَلْنَا نَبِيًّا ٤٩
📖 ဘာသာပြန်
အာယာသ် 49
တစ်ဖန် အကြင်အခါဝယ် ယင်းအစ်ဗ်ရာဟီမ်သည် ထိုသူတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင် မြတ်အားစွန့်၍ ထိုသူတို့ကိုးကွယ်လျက်ရှိကြသော အရာဝတ္ထုများကိုလည်းကောင်း၊(စွန့်၍)ဘေးဖယ်ခဲ့သောအခါ ငါအရှင်မြတ်သည်ထိုအစ်ဗ်ရာဟီမ်အား (သားတော်)အစ္စဟာက်ကိုလည်းကောင်း၊ (မြေးတော်) ယအ်ကူဗ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်(ယင်းအစ္စဟာက်နှင့်ယအ်ကူဗ်တို့အနက်)အသီးသီးကို နဗီ တမန်တော်အဖြစ်သို့ချီးမြှင့်တော်မူခဲ့လေသတည်း။
وَوَهَبْنَا لَهُم مِّن رَّحْمَتِنَا وَجَعَلْنَا لَهُمْ لِسَانَ صِدْقٍ عَلِيًّا ٥٠
📖 ဘာသာပြန်
အာယာသ် 50
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား မိမိ ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သည့်ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏ မှန်ကန်သောဂုဏ်သတင်းကိုလည်း မြင့်မြတ်(ကျော်ကြားထင်ရှား)စေတော်မူခဲ့ပေသတည်း။
وَاذْكُرْ فِي الْكِتَابِ مُوسَىٰ ۚ إِنَّهُ كَانَ مُخْلَصًا وَكَانَ رَسُولًا نَّبِيًّا ٥١
📖 ဘာသာပြန်
အာယာသ် 51
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် (ဤ)ကျမ်းဂန်မှ (နဗီတမန်တော်)မူစာ၏အကြောင်း အတ္ထုပ္ပတ္တိကိုဖတ်ကြားပါလေ။ ဧကန်မုချ ယင်းမူစာသည် အထူးရွေးချယ်တော်မူခြင်းခံရသူဖြစ်သည့်ပြင် ရစူလ်တမန်တော်လည်း ဖြစ်ခဲ့၏။ နဗီတမန်တော်လည်းဖြစ်ခဲ့၏။
وَنَادَيْنَاهُ مِن جَانِبِ الطُّورِ الْأَيْمَنِ وَقَرَّبْنَاهُ نَجِيًّا ٥٢
📖 ဘာသာပြန်
အာယာသ် 52
ထို့ပြင် ငါအရှင်မြတ်သည် ယင်းမူစာအား (၎င်း၏) လက်ယာဘက်၌ရှိသော သူ(ရ်)မည်သော တောင်၏ဘက်မှဟစ်ခေါ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးလည်း ငါအရှင်မြတ်သည် ယင်းမူစာအား လျှို့ဝှက်စကားပြောကြားသူအဖြစ်မြှောက်စားတော် မူခဲ့လေသည်။
وَوَهَبْنَا لَهُ مِن رَّحْمَتِنَا أَخَاهُ هَارُونَ نَبِيًّا ٥٣
📖 ဘာသာပြန်
အာယာသ် 53
၎င်းပြင် ငါအရှင်မြတ်သည် ယင်းမူစာအား ၎င်း၏အစ်ကိုဟာရူန်ကို နဗီတမန်တော်အဖြစ်နှင့် ချီးမြှင့်ပေးသနားတော်မူခဲ့ပေသတည်း။
وَاذْكُرْ فِي الْكِتَابِ إِسْمَاعِيلَ ۚ إِنَّهُ كَانَ صَادِقَ الْوَعْدِ وَكَانَ رَسُولًا نَّبِيًّا ٥٤
📖 ဘာသာပြန်
အာယာသ် 54
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(ဤ)ကျမ်းဂန်မှ (နဗီတမန်တော်)အစ္စမာအီလ်၏အကြောင်းအတ္ထုပ္ပတ္တိကို (၎င်းတို့ရှေ့ဝယ်)ဖတ်ကြားပါလေ။ ဧကန်စင်စစ်ယင်းအစ္စမာအီလ်သည် ကတိတည်ကြည်သူဖြစ်ခဲ့သည့်ပြင်ရစူလ်တမန်တော်လည်းဖြစ်ခဲ့၏။ နဗီတမန်တော်လည်း ဖြစ်ခဲ့၏။
وَكَانَ يَأْمُرُ أَهْلَهُ بِالصَّلَاةِ وَالزَّكَاةِ وَكَانَ عِندَ رَبِّهِ مَرْضِيًّا ٥٥
📖 ဘာသာပြန်
အာယာသ် 55
၎င်းပြင် ယင်းအစ္စမာအီလ်သည် မိမိအိမ်သူအိမ်သားတို့အား ဆွလာတ်ဝတ်ပြုရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊ အမိန့်ပေးညွှန် ကြားလေ့ရှိခဲ့ပေသည်။ထိုမှတစ်ပါး ယင်းအစ္စမာအီလ်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်တွင် နှစ်မြို့ဖွယ်လည်း ဖြစ်ခဲ့ပေသတည်း။
وَاذْكُرْ فِي الْكِتَابِ إِدْرِيسَ ۚ إِنَّهُ كَانَ صِدِّيقًا نَّبِيًّا ٥٦
📖 ဘာသာပြန်
အာယာသ် 56
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့ရှေ့ဝယ်ဤ)ကျမ်းဂန်မှ (နဗီတမန်တော်) အိဒ်ရီစ်၏အကြောင်းအတ္ထုပ္ပတ္တိကို ဖတ်ကြားပါလေ။ ဧကန်အမှန်ပင်ယင်းအိဒ်ရီစ်သည် သစ္စာဝါဒီဖြစ်ခဲ့၏။ နဗီတမန်တော်ဖြစ်ခဲ့၏။
وَرَفَعْنَاهُ مَكَانًا عَلِيًّا ٥٧
📖 ဘာသာပြန်
အာယာသ် 57
ထို့ပြင် ငါအရှင်မြတ်သည် ယင်းအိဒ်ရီစ်အားမြင့်မြတ်သော နေရာဌာနသို့ ချီးမြှင့်မြှောက်စားတော် မူခဲ့ပေသတည်း။
أُولَٰئِكَ الَّذِينَ أَنْعَمَ اللَّهُ عَلَيْهِم مِّنَ النَّبِيِّينَ مِن ذُرِّيَّةِ آدَمَ وَمِمَّنْ حَمَلْنَا مَعَ نُوحٍ وَمِن ذُرِّيَّةِ إِبْرَاهِيمَ وَإِسْرَائِيلَ وَمِمَّنْ هَدَيْنَا وَاجْتَبَيْنَا ۚ إِذَا تُتْلَىٰ عَلَيْهِمْ آيَاتُ الرَّحْمَٰنِ خَرُّوا سُجَّدًا وَبُكِيًّا ۩ ٥٨
📖 ဘာသာပြန်
အာယာသ် 58
အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူခဲ့သောသူတို့ကား ဤနဗီတမန်တော်များပင်တည်း။ အချို့မှာ အာဒမ်၏သားသမီးများ၊ အချို့မှာ ငါအရှင်မြတ်သည်(နဗီတမန်တော်)နူဟ်နှင့်အတူ(သင်္ဘောပေါ်တွင်)တင်ဆောင်တော်မူခဲ့သော သူတို့၏သားသမီးများ၊ အချို့မှာ အစ်ဗ်ရာဟီမ်၏သားသမီးများ၊အချို့မှာ အစ္စရာအီလ်၏သားသမီးများ ဖြစ်ကြပေသည်။ ထို့ပြင် ၎င်းတို့အားလုံးမှာ ငါအရှင်မြတ် တရားလမ်းမှန် ညွှန်ပြတော်မူခဲ့သော၊ (ငါအရှင်မြတ်) ရွေးချယ်တော် မူခဲ့သောသူတို့အနက်မှလည်း ဖြစ်ခဲ့ကြကုန်သည်။ မည်သည့်အခါမျိုးမဆို ထိုသူတို့ရှေ့ဝယ် ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ မုက္ခပါဌ်တော်များကို ဖတ်ကြားခဲ့ပါလျှင်၊ ထိုသူတို့သည် ငိုကြွေးလျက်ပျပ်ဝတ်ဦးချကြကုန်၏။
۞ فَخَلَفَ مِن بَعْدِهِمْ خَلْفٌ أَضَاعُوا الصَّلَاةَ وَاتَّبَعُوا الشَّهَوَاتِ ۖ فَسَوْفَ يَلْقَوْنَ غَيًّا ٥٩
📖 ဘာသာပြန်
အာယာသ် 59
တစ်ဖန် ၎င်းတို့နောက်တွင် အကြင်ဆိုးရွားသောအရိုက်ရာဆက်ခံသူတို့က ရိုက်ရာဆက်ခံခဲ့ကြကုန်၏။၎င်းတို့သည် ဆွလာတ်ဝတ်ပြုမှုကို ဖျက်ဆီးခဲ့ကြ၏။ (မိမိတို့)စိတ်အလိုဆန္ဒများကို လိုက်စားခဲ့ကြ၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် မကြာမြင့်မီပင်ပျက်စီးမှုနှင့်တွေ့ကြုံရင်ဆိုင်ကြရပေမည်။
إِلَّا مَن تَابَ وَآمَنَ وَعَمِلَ صَالِحًا فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ شَيْئًا ٦٠
📖 ဘာသာပြန်
အာယာသ် 60
အကြင်သူမှတစ်ပါး ထိုသူသည် ဝန်ချတောင်းပန်ခဲ့လေသည်။ ၎င်းပြင် ထိုသူသည် သက်ဝင်ယုံကြည် ခဲ့လေသည်။ ထိုမှတစ်ပါး ထိုသူသည် ကောင်းမြတ် သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့လေသည်။ သို့ဖြစ်လျှင်ထို(ကဲ့သို့သော)သူတို့မူကား ဂျန္နတ်သုခဘုံသို့ လားကြရပေမည်။၎င်းပြင် ထိုသူတို့သည် (မိမိတို့၏ကုသိုလ်အကျိုးများမှ) အနည်းငယ်စိုးစဉ်းမျှပင် လျော့နည်းစေခြင်းကိုခံကြရမည် မဟုတ်ပေ။
جَنَّاتِ عَدْنٍ الَّتِي وَعَدَ الرَّحْمَٰنُ عِبَادَهُ بِالْغَيْبِ ۚ إِنَّهُ كَانَ وَعْدُهُ مَأْتِيًّا ٦١
📖 ဘာသာပြန်
အာယာသ် 61
(၎င်းတို့သည်)အကြင်ထာဝရ ဥယျာဉ်များသို့(လားကြရပေမည်)။ ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် မိမိကျွန်များအား (၎င်းတို့) မမြင်ဘဲလျက် အကျေအပွန်ဆောင်ရွက်ပြီးသာဖြစ်လိမ့်မည်။
لَّا يَسْمَعُونَ فِيهَا لَغْوًا إِلَّا سَلَامًا ۖ وَلَهُمْ رِزْقُهُمْ فِيهَا بُكْرَةً وَعَشِيًّا ٦٢
📖 ဘာသာပြန်
အာယာသ် 62
၎င်းတို့သည် ယင်းဂျန္နတ်သုခဘုံ၌ စလာမ်မေတ္တာပို့သခြင်းမှတစ်ပါး အချည်းနှီးသောစကားလုံးကို လုံးဝကြားကြရလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့အဖို့ ယင်းဂျန္နတ်သုခဘုံ၌ ၎င်းတို့၏စားသောက် ဖွယ်ရာများသည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း ၌လည်းကောင်း၊ ရှိချေအံ့သတည်း။
تِلْكَ الْجَنَّةُ الَّتِي نُورِثُ مِنْ عِبَادِنَا مَن كَانَ تَقِيًّا ٦٣
📖 ဘာသာပြန်
အာယာသ် 63
ဤသည် အကြင်ဂျန္နတ်သုခဘုံတည်း။ ငါအရှင်မြတ်သည် မိမိ၏ကျွန်များအနက်(ငါအရှင်မြတ်အား ကြောက်ရွံ့ရိုသေသောအားဖြင့်) ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်သောသူများ)အား အမွေဆက်ခံစေတော်မူမည် ဖြစ်သတည်း။
وَمَا نَتَنَزَّلُ إِلَّا بِأَمْرِ رَبِّكَ ۖ لَهُ مَا بَيْنَ أَيْدِينَا وَمَا خَلْفَنَا وَمَا بَيْنَ ذَٰلِكَ ۚ وَمَا كَانَ رَبُّكَ نَسِيًّا ٦٤
📖 ဘာသာပြန်
အာယာသ် 64
စင်စစ် ကျွန်ုပ်တို့(ကောင်းကင်တမန်များ)သည်အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အမိန့်တော်မရှိဘဲလျက် ဆင်းသက်ကြသည် မဟုတ်ပေ။ ကျွန်ုပ်တို့ရှေ့၌ရှိသောအရာများသည်လည်းကောင်း၊ ကျွန်ုပ်တို့၏ နောက်၌ရှိသော အရာများသည်လည်းကောင်း၊ ယင်း၏အကြား၌ရှိသောအရာများသည်လည်းကောင်း၊ ထိုအရှင်မြတ်ပိုင်ဆိုင်တော်မူသောအရာများသာလျှင် ဖြစ်ကုန်၏။ စင်စစ် အသင်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မေ့လျော့တော်မူသောအရှင် အလျှင်းမဟုတ်ပေ။
رَّبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا فَاعْبُدْهُ وَاصْطَبِرْ لِعِبَادَتِهِ ۚ هَلْ تَعْلَمُ لَهُ سَمِيًّا ٦٥
📖 ဘာသာပြန်
အာယာသ် 65
(ထိုအရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်း မိုးကောင်းကင်နှင့်ပထဝီမြေနှစ်ခုစလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုအရှင်မြတ်အားခဝပ်ကိုးကွယ်ပါလေ။ ၎င်းပြင် ထိုအရှင်မြတ်အား ခဝပ်ကိုးကွယ်ရာ၌ တည်ကြည်စွဲမြဲစွာ ရှိပါလေ။
وَيَقُولُ الْإِنسَانُ أَإِذَا مَا مِتُّ لَسَوْفَ أُخْرَجُ حَيًّا ٦٦
📖 ဘာသာပြန်
အာယာသ် 66
စင်စစ် လူသားသည် ကျွန်ုပ်သေဆုံးပြီး နောက်(ပြန်လည်၍) အသက်ရှင်လျက် (သင်္ချိုင်းတွင်းမှ) ထွက် စေခြင်းကိုခံရဦးမည်လောဟုမေး၏။
أَوَلَا يَذْكُرُ الْإِنسَانُ أَنَّا خَلَقْنَاهُ مِن قَبْلُ وَلَمْ يَكُ شَيْئًا ٦٧
📖 ဘာသာပြန်
အာယာသ် 67
(ယင်း)လူသားသည် ယခင်က ၎င်းဘာမျှမရှိခဲ့စဉ်အခါ၌ ငါအရှင်မြတ်သည်ပင် ၎င်းအား ဖန်ဆင်းတော်မူခဲ့သည်ကို သတိမရလေသလော။
فَوَرَبِّكَ لَنَحْشُرَنَّهُمْ وَالشَّيَاطِينَ ثُمَّ لَنُحْضِرَنَّهُمْ حَوْلَ جَهَنَّمَ جِثِيًّا ٦٨
📖 ဘာသာပြန်
အာယာသ် 68
သို့ဖြစ်ပေရာ အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကစမ် မလွဲဧကန် ငါအရှင်မြတ်သည်ထိုသူတို့အားလည်းကောင်း၊ ရှိုင်တွာန်မိစ္ဆာကောင်တို့အားလည်းကောင်း၊ စုရုံးတော်မူပြီးလျှင်မုချအမှန် ငါအရှင်မြတ်သည်၎င်းတို့အား ဂျဟန္နမ်ငရဲဘုံ၏ ပတ်ဝန်းကျင်၌ ပုဆစ်ဒူးတုပ်လျက် အသင့်ရောက်ရှိစေ တော်မူပေမည်။
ثُمَّ لَنَنزِعَنَّ مِن كُلِّ شِيعَةٍ أَيُّهُمْ أَشَدُّ عَلَى الرَّحْمَٰنِ عِتِيًّا ٦٩
📖 ဘာသာပြန်
အာယာသ် 69
ထို့နောက် အမှန်ပင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးမှ ရဟ်မာန် အနန္တကရုဏာတော်ရှင်အား အပြင်းထန်ဆုံး ပုန်ကန်သူတို့ကို (ရွေးချယ်) ထုတ်ယူတော်မူပေမည်။
ثُمَّ لَنَحْنُ أَعْلَمُ بِالَّذِينَ هُمْ أَوْلَىٰ بِهَا صِلِيًّا ٧٠
📖 ဘာသာပြန်
အာယာသ် 70
တစ်ဖန် ဧကန်မလွဲ ယင်းဂျဟန္နမ် ငရဲဘုံ၌ မီးလောင်စေရန်၊ ပစ်ချရန်၊ အထိုက်တန်ဆုံးသောသူတို့အား ငါအရှင်မြတ်သည်ပင် အသိဆုံးဖြစ်တော်မူပေသည်။
وَإِن مِّنكُمْ إِلَّا وَارِدُهَا ۚ كَانَ عَلَىٰ رَبِّكَ حَتْمًا مَّقْضِيًّا ٧١
📖 ဘာသာပြန်
အာယာသ် 71
စင်စစ် အသင်တို့အနက် လူတိုင်းလူတိုင်းသည်ယင်းဂျဟန္နမ်ငရဲဘုံ၌ ဆိုက်ရောက်ရမည့်သူချည်း ဖြစ်ကုန်၏။(ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်က မိမိအပေါ်၌ ယတိပြတ်ဆုံး ဖြတ်ပြီးဖြစ်သောတာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။
ثُمَّ نُنَجِّي الَّذِينَ اتَّقَوا وَّنَذَرُ الظَّالِمِينَ فِيهَا جِثِيًّا ٧٢
📖 ဘာသာပြန်
အာယာသ် 72
ထို့နောက် ငါအရှင်မြတ်သည်(မိမိအားကြောက်ရွံ့ရိုသေသောအားဖြင့် ပြစ်မှုဒုစရိုက်များမှ) ရှောင်ကြဉ်ကြကုန်သောသူတို့အား လွတ်မြောက်စေတော်မူမည်။ သို့ရာတွင်မတော်မတရား ကျူးလွန်သော သူတို့အား ငါအရှင်မြတ်သည်ယင်းဂျဟန္နမ်ငရဲဘုံ၌ပင် ပုဆစ်ဒူးတုပ်လျက် စွန့်ပစ်ထားတော်မူအံ့သတည်း။
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا أَيُّ الْفَرِيقَيْنِ خَيْرٌ مَّقَامًا وَأَحْسَنُ نَدِيًّا ٧٣
📖 ဘာသာပြန်
အာယာသ် 73
စင်စစ် ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားစွာသောအာယတ်တော်များကို ဖတ်ကြားသောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့အား (ကျွန်ုပ်တို့နှင့်အသင်တို့) အုပ်စုနှစ်စုအနက်မည်သည့်အုပ်စုသည် အခြေအနေအားဖြင့် ပိုကောင်း၍ (မည်သည့်အုပ်စုသည်) အပေါင်းအဖော်အားဖြင့် ပို၍ကောင်းပေသနည်း ဟု ပြောဆို(မေးမြန်း)ကြကုန်၏။
وَكَمْ أَهْلَكْنَا قَبْلَهُم مِّن قَرْنٍ هُمْ أَحْسَنُ أَثَاثًا وَرِئْيًا ٧٤
📖 ဘာသာပြန်
အာယာသ် 74
အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည်ထိုသူတို့အလျင် များစွာသောအုပ်စုများကို ဖျက်ဆီးတော်မူခဲ့ပေပြီ။ ယင်း(ဖျက်ဆီးခြင်းခံခဲ့ကြရသော)အုပ်စုများကား ဥစ္စာပစ္စည်းအားဖြင့်လည်းကောင်း၊ အမြင်အားဖြင့်လည်းကောင်း၊(ထိုသူတို့ထက်) သာလွန်ကောင်းမြတ် သူများပင်ဖြစ်ခဲ့ကြကုန်၏။
قُلْ مَن كَانَ فِي الضَّلَالَةِ فَلْيَمْدُدْ لَهُ الرَّحْمَٰنُ مَدًّا ۚ حَتَّىٰ إِذَا رَأَوْا مَا يُوعَدُونَ إِمَّا الْعَذَابَ وَإِمَّا السَّاعَةَ فَسَيَعْلَمُونَ مَنْ هُوَ شَرٌّ مَّكَانًا وَأَضْعَفُ جُندًا ٧٥
📖 ဘာသာပြန်
အာယာသ် 75
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) မည်သူမဆို လမ်းမှား၌ရှိခဲ့မူ ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် ထိုသူအား အဓွန့်ရှည်စွာ ရွှေ့ဆိုင်းထားတော်မူပေမည်။ နောက်ဆုံးတွင် ထိုသူတို့သည် မိမိတို့ ချိန်းချက်ထားခြင်းခံကြရသော(လောကီ) ပြစ်ဒဏ်ကိုလည်းကောင်း၊ ကိယာမတ်ကိုလည်းကောင်း၊ တွေ့မြင်ကြသောအခါ၊ မည်သူသည် အခြေအနေအားဖြင့် ပို၍ဆိုးရွားသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် အုပ်စုအားဖြင့် အားနည်းသူဖြစ်သည်ကိုလည်းကောင်း၊ ထိုသူတို့သည် မုချ သိရှိကြအံ့သတည်း။
وَيَزِيدُ اللَّهُ الَّذِينَ اهْتَدَوْا هُدًى ۗ وَالْبَاقِيَاتُ الصَّالِحَاتُ خَيْرٌ عِندَ رَبِّكَ ثَوَابًا وَخَيْرٌ مَّرَدًّا ٧٦
📖 ဘာသာပြန်
အာယာသ် 76
စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို လိုက်စားသူတို့အား တရားလမ်းမှန်၌ တိုး တက်စေတော်မူ၏။ အမှန်သော်ကား အမြဲတစေ တည်ရှိနေမည်ဖြစ်သောကောင်းမြတ်သော အကျင့်သီလများသည် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် ကုသိုလ်အကျိုးအားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ပေသည်။ နောက်ဆုံးအကျိုးဆက်အားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ချေသတည်း။
أَفَرَأَيْتَ الَّذِي كَفَرَ بِآيَاتِنَا وَقَالَ لَأُوتَيَنَّ مَالًا وَوَلَدًا ٧٧
📖 ဘာသာပြန်
အာယာသ် 77
(အို-နဗီတမန်တော်)အသင်သည် အကြင်သူအားမြင်ခဲ့လေသလော။ ထိုသူသည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်း ငြင်းပယ်ခဲ့သေး၏။ ၎င်းပြင်အမှန်မုချ ကျွန်ုပ်သည် (နောင်တမလွန်ဘဝတွင်လည်း) ဥစ္စာပစ္စည်းကိုလည်းကောင်း၊ သားသမီးကိုလည်းကောင်း၊ ချီးမြှင့်ခြင်းကို ခံရဦးမည်ဟူ၍လည်း ပြောဆိုခဲ့ပေသည်။
أَطَّلَعَ الْغَيْبَ أَمِ اتَّخَذَ عِندَ الرَّحْمَٰنِ عَهْدًا ٧٨
📖 ဘာသာပြန်
အာယာသ် 78
အသို့ပါနည်း ထိုသူတို့သည် အကွယ်၌ရှိသည်ကို သိရှိခဲ့လေသလော။ သို့တည်းမဟုတ် ထိုသူသည်ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ အထံတော်၌ ပဋိညာဉ်တစ်ခုခုကိုဖွဲ့ခဲ့လေသလော။
كَلَّا ۚ سَنَكْتُبُ مَا يَقُولُ وَنَمُدُّ لَهُ مِنَ الْعَذَابِ مَدًّا ٧٩
📖 ဘာသာပြန်
အာယာသ် 79
အလျှင်းမဟုတ်ပေ။ ယခုပင် ငါအရှင်မြတ်သည်ထိုသူပြောဆိုသော စကားကို ရေးသားတော်မူမည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူ၌ ပြစ်ဒဏ်ကိုလည်း တိုးတက်ခံစားစေတော်မူမည်။
وَنَرِثُهُ مَا يَقُولُ وَيَأْتِينَا فَرْدًا ٨٠
📖 ဘာသာပြန်
အာယာသ် 80
၎င်းပြင် ထိုသူပြောဆိုသည့်အရာများကို ငါအရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူပေမည်။ ထို့နောက်၎င်းသည် ငါအရှင်မြတ်အထံတော်သို့ တစ်ကိုယ်တည်းပင်ရောက်ရှိလာအံ့သတည်း။
وَاتَّخَذُوا مِن دُونِ اللَّهِ آلِهَةً لِّيَكُونُوا لَهُمْ عِزًّا ٨١
📖 ဘာသာပြန်
အာယာသ် 81
ထို့ပြင် ၎င်းတို့သည် မိမိတို့အဖို့ အကူအညီပေးသူများဖြစ်ကြအံ့သောငှာ အလ္လာဟ်အရှင်မြတ်အပြင်အခြားကိုးကွယ်ရာများလည်း ပြုလုပ်ထားခဲ့ကြကုန်၏။
كَلَّا ۚ سَيَكْفُرُونَ بِعِبَادَتِهِمْ وَيَكُونُونَ عَلَيْهِمْ ضِدًّا ٨٢
📖 ဘာသာပြန်
အာယာသ် 82
(ယင်းကိုးကွယ်ရာများသည် ၎င်းတို့အား အကူအညီပေးသူများ) အလျှင်း (ဖြစ်ကြမည်)မဟုတ်ပေ။ (စင်စစ်)မကြာမီပင် (ယင်းကိုးကွယ်ရာများသည်) ၎င်းတို့အား ကိုးကွယ်မှုကိုငြင်းပယ်၍ ၎င်းတို့၏ ရန်သူရန်ဘက်များပင် ဖြစ်သွားကြပေမည်။
أَلَمْ تَرَ أَنَّا أَرْسَلْنَا الشَّيَاطِينَ عَلَى الْكَافِرِينَ تَؤُزُّهُمْ أَزًّا ٨٣
📖 ဘာသာပြန်
အာယာသ် 83
(အို-နဗီတမန်တော်)အသင်သည် မသိမမြင်ခဲ့ပါသလော။ ဧကန်မလွဲ ငါအရှင်မြတ်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အပေါ်၌ ရှိုင်တွာန်မိစ္ဆာကောင်များကို စေလွှတ်ထားတော်မူခဲ့လေသည်။ ထိုရှိုင်တွာန်မိစ္ဆာကောင်များသည် ယင်းသွေဖည်ငြင်းပယ်သောသူတို့အား လွန်စွာလှုံ့ဆော်လျက်ရှိကြကုန်၏။
فَلَا تَعْجَلْ عَلَيْهِمْ ۖ إِنَّمَا نَعُدُّ لَهُمْ عَدًّا ٨٤
📖 ဘာသာပြန်
အာယာသ် 84
သို့ဖြစ်ပေရာ အသင်သည် ယင်း(သွေဖည်ငြင်းပယ်သောသူ)တို့နှင့်ပတ်သက်၍ အလျင်မလိုလေနှင့်။ ငါအရှင်မြတ်ကိုယ်တော်တိုင်ပင် ၎င်းတို့(၏အပြုအမူများ)ကို ရေတွက်လျက် ရှိနေတော်မူပေသတည်း။
يَوْمَ نَحْشُرُ الْمُتَّقِينَ إِلَى الرَّحْمَٰنِ وَفْدًا ٨٥
📖 ဘာသာပြန်
အာယာသ် 85
(၎င်းတို့အပေါ်၌ ပြစ်ဒဏ်သည်) အကြင်နေ့တွင် (ကျရောက်မည်ဖြစ်၏။) ထိုနေ့တွင် ငါအရှင်မြတ်သည်မွတ္တကီသူတော်စင်တို့အား ရဟ်မာန်အနန္တ ကရုဏာတော်ရှင်အထံတော်သို့ ဧည့်သည်တော်များအဖြစ် စုရုံးစေတော်မူမည်။
وَنَسُوقُ الْمُجْرِمِينَ إِلَىٰ جَهَنَّمَ وِرْدًا ٨٦
📖 ဘာသာပြန်
အာယာသ် 86
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား (ထိုနေ့တွင်) ဂျဟန္နမ်ငရဲဘုံသို့ ရောက်အောင်ရေငတ်မွတ်သိပ်စေလျက် မောင်းနှင်တော်မူပေမည်။
لَّا يَمْلِكُونَ الشَّفَاعَةَ إِلَّا مَنِ اتَّخَذَ عِندَ الرَّحْمَٰنِ عَهْدًا ٨٧
📖 ဘာသာပြန်
အာယာသ် 87
(ထိုနေ့တွင်) ရဟ်မာန် အနန္တကရုဏာတော်ရှင်၏အထံတော်မှ ကတိတစ်စုံတစ်ရာ ရရှိပြီးဖြစ် သောသူမှတစ်ပါး အခြားသူတို့မှာ ကြားဝင်အသနား ခံပိုင်ခွင့်ရှိကြမည်မဟုတ်ပေတကား။
وَقَالُوا اتَّخَذَ الرَّحْمَٰنُ وَلَدًا ٨٨
📖 ဘာသာပြန်
အာယာသ် 88
ထို့ပြင် ၎င်းတို့က ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် သားသမီးပြုလုပ်တော်မူခဲ့သည်ဟု(စွပ်စွဲ) ပြောဆိုခဲ့ကြကုန်၏။
لَّقَدْ جِئْتُمْ شَيْئًا إِدًّا ٨٩
📖 ဘာသာပြန်
အာယာသ် 89
ဧကန်မလွဲ အသင်တို့သည် အလွန်ဆိုးရွား သောအရာကို ကျူးလွန် (ပြောဆို)ခဲ့ကြကုန်သည်။
تَكَادُ السَّمَاوَاتُ يَتَفَطَّرْنَ مِنْهُ وَتَنشَقُّ الْأَرْضُ وَتَخِرُّ الْجِبَالُ هَدًّا ٩٠
📖 ဘာသာပြန်
အာယာသ် 90
ယင်းပြောဆိုမှုကြောင့် မိုးကောင်းကင်များသည်ပြိုလုအံ့ဆဲဆဲ၊ ပထဝီမြေသည်အက်ကွဲအံ့ဆဲဆဲ၊ တောင်များသည်တုန်လှုပ်၍ ပြိုလဲကျအံ့ဆဲဆဲ၊ ဖြစ်ကုန်ကြပေသည်။
أَن دَعَوْا لِلرَّحْمَٰنِ وَلَدًا ٩١
📖 ဘာသာပြန်
အာယာသ် 91
၎င်းတို့သည် ရဟ်မာန် အနန္တကရုဏာတော်ရှင်၌ သားသမီး(ရှိသည်ဟု) ယိုးစွပ်ခဲ့ကြသောကြောင့်ပင်။
وَمَا يَنبَغِي لِلرَّحْمَٰنِ أَن يَتَّخِذَ وَلَدًا ٩٢
📖 ဘာသာပြန်
အာယာသ် 92
စင်စစ်မူကား သားသမီး တစ်စုံတစ်ယောက် ပြုလုပ်ခြင်းသည် ရဟ်မာန် အနန္တကရုဏာတော်ရှင်နှင့် လုံးဝအပ်စပ်သည်မဟုတ်ပေ။
إِن كُلُّ مَن فِي السَّمَاوَاتِ وَالْأَرْضِ إِلَّا آتِي الرَّحْمَٰنِ عَبْدًا ٩٣
📖 ဘာသာပြန်
အာယာသ် 93
မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိကုန်သောသူ ဟူဟူသမျှတို့သည် ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ ရှေ့တော်မှောက်တွင် ကျွန်အဖြစ်နှင့် လာရောက်ရမည့်သူချည်းသာ ဖြစ်ကုန်သတည်း။
لَّقَدْ أَحْصَاهُمْ وَعَدَّهُمْ عَدًّا ٩٤
📖 ဘာသာပြန်
အာယာသ် 94
ဧကန်မလွဲ ထိုအရှင်မြတ်သည် ၎င်းတို့အားဝန်းခြုံ၍ထားတော်မူသည့်ပြင် ၎င်းတို့အား ရေတွက်၍လည်းထားတော်မူလေသည်။
وَكُلُّهُمْ آتِيهِ يَوْمَ الْقِيَامَةِ فَرْدًا ٩٥
📖 ဘာသာပြန်
အာယာသ် 95
စင်စစ် ၎င်းတို့အနက် အသီးသီးတို့သည် ထိုအရှင်မြတ်အထံတော်သို့ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင်တစ်ဦးချင်း လာရောက်ရမည့်သူများသာလျှင် ဖြစ်ကြကုန်တည်း။
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَيَجْعَلُ لَهُمُ الرَّحْمَٰنُ وُدًّا ٩٦
📖 ဘာသာပြန်
အာယာသ် 96
ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင် ယုံကြည်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်း မြတ်သောအကျင့်သီလများကိုလည်း ကျင့်မူ ဆောက်တည်ကြကုန်၏။ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် မကြာမြင့်မီပင် ၎င်းတို့အဖို့ ချစ်ကြည်မြတ်နိုးမှုကို ပြုလုပ်၍ ပေးတော်မူပေမည်။
فَإِنَّمَا يَسَّرْنَاهُ بِلِسَانِكَ لِتُبَشِّرَ بِهِ الْمُتَّقِينَ وَتُنذِرَ بِهِ قَوْمًا لُّدًّا ٩٧
📖 ဘာသာပြန်
အာယာသ် 97
စင်စစ် ငါအရှင်မြတ်သည်ပင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို အသင်၏ဘာသာစကားဖြင့် လွယ်ကူအောင် ပြုလုပ်တော်မူခဲ့ပေသည်။ သို့မှသာလျှင် အသင်သည်ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ဖြင့် မွတ္တကီသူတော်စင်တို့အားသတင်းကောင်းပြောကြားခြင်းကိုလည်းကောင်း၊ စကားအငြင်းပွားအားကြီးသောအမျိုးသားတို့အား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ဖြင့် သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုနိုင်မည် ဖြစ်ပေသတည်း။
وَكَمْ أَهْلَكْنَا قَبْلَهُم مِّن قَرْنٍ هَلْ تُحِسُّ مِنْهُم مِّنْ أَحَدٍ أَوْ تَسْمَعُ لَهُمْ رِكْزًا ٩٨
📖 ဘာသာပြန်
အာယာသ် 98
စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အလျင် များစွာသောအုပ်စုများကိုပင် ကွပ်မျက်ဖျက်ဆီးတော်မူခဲ့ပေသည်။အသင်သည် ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကိုပင် မြင်ပါသေးသလော။ သို့တည်းမဟုတ် အသင်သည် ၎င်းတို့၏သဲ့သဲ့အသံကိုပင် ကြားပါသေးသလော။
ဖတ်ရန် မာရ်ယမ် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers

