📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 1
အလ်-ဖာတိဟ
အလ်-ဖာတိဟ
1:1
بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ ١
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူထသော အနန္တ ကရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် (အစပြုပါ၏)။
1:2
ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ٢
ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြာဝဠာ အပေါင်းတို့ကို (မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့်) ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။
1:3
ٱلرَّحۡمَٰنِ ٱلرَّحِيمِ ٣
(အလ္လာဟ်အရှင်မြတ်သည်) မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူ၏။
1:4
مَٰلِكِ يَوۡمِ ٱلدِّينِ ٤
(အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန် သောသတ္တဝါတို့ကို ရှင်ပြန်ထစေတော်မူ၍ သူတော်စင်တို့အား)ကောင်းကျိုး၊ (မသူတော်တို့အား)မကောင်းကျိုး ပေးတော်မူမည်ဖြစ်သောနေ့ ကိုအစိုးရတော်မူသောအရှင်ဖြစ်သည်။
1:5
إِيَّاكَ نَعۡبُدُ وَإِيَّاكَ نَسۡتَعِينُ ٥
ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင်ခယရိုကျိုး ရှိခိုးဆည်းကပ်ကြပါ၏။ ထို့ပြင်တဝ ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူပါရန်အရှင်မြတ် အထံတော်၌သာလျှင် ဆုတောင်းပတ္ထနာပြုပါ၏။
1:6
ٱهۡدِنَا ٱلصِّرَٰطَ ٱلۡمُسۡتَقِيمَ ٦
(အို-အလ္လာဟ်အရှင်မြတ်)ကျွန်တော်မျိုးတို့အားအစစ အရာရာတွင် ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်များ ကို ညွှန်ကြား ပြသတော်မူပါ။
1:7
صِرَٰطَ ٱلَّذِينَ أَنۡعَمۡتَ عَلَيۡهِمۡ غَيۡرِ ٱلۡمَغۡضُوبِ عَلَيۡهِمۡ وَلَا ٱلضَّآلِّينَ ٧
အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည်(မေတ္တာကရုဏာသက်ဝင်တော်မူ၍) သုခချမ်းသာ ဂုဏ်ကျေးဇူးကို ပြုခဲ့လေပြီဖြစ်၏။ ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကို (ကျွန်တော်မျိုးတို့အားလည်း ညွှန်ကြားပြသတော်မူပါ။)(ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်း မဟုတ်။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers







