အလ်-ဖဂျ်ရ် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အလ်-ဖဂျ်ရ် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (30 အာယာသ် — مكية). အလ်-ဖဂျ်ရ် နားထောင်, အလ်-ဖဂျ်ရ် ဘာသာပြန်, အလ်-ဖဂျ်ရ် mp3, အလ်-ဖဂျ်ရ် pdf.

အလ်-ဖဂျ်ရ် စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
وَالْفَجْرِ ۝١
📖 ဘာသာပြန် အာယာသ် 1
(ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်ကို သက်သေထူတော်မူ၏။
وَلَيَالٍ عَشْرٍ ۝٢
📖 ဘာသာပြန် အာယာသ် 2
၎င်းပြင် (ငါအရှင်မြတ်သည်) ဆယ်ခုသောညဉ့်ကို သက်သေထူတော်မူ၏။
وَالشَّفْعِ وَالْوَتْرِ ۝٣
📖 ဘာသာပြန် အာယာသ် 3
ထို့ပြင် (ငါအရှင်မြတ်သည်) စုံ(ဖြစ်သောအရာ)ကိုလည်းကောင်း၊ မ(ဖြစ်သောအရာ)ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
وَاللَّيْلِ إِذَا يَسْرِ ۝٤
📖 ဘာသာပြန် အာယာသ် 4
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ညဉ့်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် သွားလေ၏။
هَلْ فِي ذَٰلِكَ قَسَمٌ لِّذِي حِجْرٍ ۝٥
📖 ဘာသာပြန် အာယာသ် 5
ဤသည်တို့၌ ဉာဏ်အမြော်အမြင် ပြည့်စုံသောသူ၏အဖို့ ခိုင်မာလုံလောက်သော ကျိန်ဆိုချက် ရှိသည်မဟုတ်လော။
أَلَمْ تَرَ كَيْفَ فَعَلَ رَبُّكَ بِعَادٍ ۝٦
📖 ဘာသာပြန် အာယာသ် 6
(အို-နဗီတမန်တော်)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် "အာဒ်"အမျိုးသားတို့အား မည်သို့ပြုလုပ်တော်မူခဲ့သည်ကို အသင်သိမြင်ခဲ့ပြီ မဟုတ်လော။
إِرَمَ ذَاتِ الْعِمَادِ ۝٧
📖 ဘာသာပြန် အာယာသ် 7
အရပ်အမောင်းထွားကျိုင်းသော၊ တိုင်ရှည်ကြီးများ၏ပိုင်ရှင်ဖြစ်ကြသော "အိရမ်"(၏အဆက်အနွယ်)အား။
الَّتِي لَمْ يُخْلَقْ مِثْلُهَا فِي الْبِلَادِ ۝٨
📖 ဘာသာပြန် အာယာသ် 8
(ကမ္ဘာပေါ်ရှိ) မြို့ရွာများတို့တွင် (မည်သူမျှ ပင်)၎င်းတို့ကဲ့သို့ ဖန်ဆင်းခြင်းခံခဲ့ရသည် မဟုတ်ပေ။
وَثَمُودَ الَّذِينَ جَابُوا الصَّخْرَ بِالْوَادِ ۝٩
📖 ဘာသာပြန် အာယာသ် 9
ဝါဒစ်လ်ကုရာ" အရပ်၌ ကျောက်ဆောင်များကို ထွင်းခဲ့ကြသော "ဆမူဒ်" အမျိုးသားတို့အား (မည်ကဲ့သို့ ပြုလုပ်တော်မူခဲ့သည်ကို)လည်းကောင်း။
وَفِرْعَوْنَ ذِي الْأَوْتَادِ ۝١٠
📖 ဘာသာပြန် အာယာသ် 10
ငုတ်များ၏ပိုင်ရှင်ဖြစ်သော ‘ဖစ်ရ်အောင်န်’အား(မည်ကဲ့သို့ ပြုလုပ်တော်မူခဲ့သည်ကို)လည်းကောင်း။
الَّذِينَ طَغَوْا فِي الْبِلَادِ ۝١١
📖 ဘာသာပြန် အာယာသ် 11
အကြင်သူတို့သည် တိုင်းပြည်များတွင် ဆိုးသွမ်းခဲ့ကြကုန်၏။
فَأَكْثَرُوا فِيهَا الْفَسَادَ ۝١٢
📖 ဘာသာပြန် အာယာသ် 12
ထို့နောက် ၎င်းတို့သည် ထိုတိုင်းပြည်များတွင် ပျက်စီးရာပျက်စီးကြောင်းကို များစွာ ပြုလုပ်ခဲ့ကြကုန်၏။
فَصَبَّ عَلَيْهِمْ رَبُّكَ سَوْطَ عَذَابٍ ۝١٣
📖 ဘာသာပြန် အာယာသ် 13
သို့ဖြစ်ပေရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ပြစ်ဒဏ်၏ကျာပွတ်၊ ပြစ်ဒဏ်တစ်မျိုးကို သွန်းချတော်မူခဲ့၏။
إِنَّ رَبَّكَ لَبِالْمِرْصَادِ ۝١٤
📖 ဘာသာပြန် အာယာသ် 14
ဧကန်မလွဲ အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်သည် တပ်ပုန်းချထားရာအရပ်၌ ချောင်းမြောင်းလျက် စောင့်ကြည့်လျက် ရှိတော်မူပေသည်။
فَأَمَّا الْإِنسَانُ إِذَا مَا ابْتَلَاهُ رَبُّهُ فَأَكْرَمَهُ وَنَعَّمَهُ فَيَقُولُ رَبِّي أَكْرَمَنِ ۝١٥
📖 ဘာသာပြန် အာယာသ် 15
သို့ပါလျက် မည်သို့ပင်ဖြစ်စေ၊ (ကာဖိရ်)လူသားမှာမူကား ၎င်း၏အရှင်မြတ်က ၎င်းအား စမ်းသပ်တော်မူသောအခါ ထိုအရှင်မြတ်သည် ၎င်းအား ဂုဏ်အသရေချီးမြှင့်တော်မူ၏။ ထို့ပြင် ၎င်းအား ကျေးဇူးပြုတော်မူ၏။ ထိုအခါ ၎င်းက ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်အသရေ ချီးမြှင့်တော်မူခဲ့သည်ဟု ပြောဆိုလေ့ရှိ၏။
وَأَمَّا إِذَا مَا ابْتَلَاهُ فَقَدَرَ عَلَيْهِ رِزْقَهُ فَيَقُولُ رَبِّي أَهَانَنِ ۝١٦
📖 ဘာသာပြန် အာယာသ် 16
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ ထိုအရှင်မြတ်သည် ၎င်းအား (တစ်နည်း) စမ်းသပ်တော်မူပြန်သောအခါ ၎င်း၏အပေါ်၌ ၎င်း၏စားနပ်ရိက္ခာကို ကျပ်တည်းစေတော်မူ၏။ထိုအခါ ၎င်းက ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်အသရေဖျက်တော်မူခဲ့သည်ဟု ပြောဆိုလေ့ရှိပေသည်။
كَلَّا ۖ بَل لَّا تُكْرِمُونَ الْيَتِيمَ ۝١٧
📖 ဘာသာပြန် အာယာသ် 17
အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည် ဘမဲ့ကလေးသူငယ်များအား ဂုဏ်ပေးကြသည် မဟုတ်ပေ။
وَلَا تَحَاضُّونَ عَلَىٰ طَعَامِ الْمِسْكِينِ ۝١٨
📖 ဘာသာပြန် အာယာသ် 18
ထို့ပြင် အသင်တို့သည် သူဆင်းရဲတို့အား ကျွေးမွေးရန် တိုက်တွန်းနှိုးဆော်ကြသည်လည်း မဟုတ်ပေ။
وَتَأْكُلُونَ التُّرَاثَ أَكْلًا لَّمًّا ۝١٩
📖 ဘာသာပြန် အာယာသ် 19
၎င်းပြင် အသင်တို့သည် အမွေပစ္စည်းများကိုလည်း သိမ်းကျုံးလျက် စားသုံးကြကုန်၏။
وَتُحِبُّونَ الْمَالَ حُبًّا جَمًّا ۝٢٠
📖 ဘာသာပြန် အာယာသ် 20
ထိုမှတစ်ပါး အသင်တို့သည် ဥစ္စာပစ္စည်းကိုလည်း အလွန်အမင်း ချစ်ခင်စုံမက် ခုံမင်ကြကုန် သတည်း။
كَلَّا إِذَا دُكَّتِ الْأَرْضُ دَكًّا دَكًّا ۝٢١
📖 ဘာသာပြန် အာယာသ် 21
အလျှင်းမဟုတ် (စင်စစ်မှာကား) ပထဝီမြေသည် ထုထောင်းလျက် တစ်ပြေးတည်းညီအောင် ပြုလုပ်ခြင်းကိုခံရသောအခါ၊ (တစ်နည်း) ညက်ညက်ကြေအောင် ထုထောင်းခြင်းကို ခံရသောအခါ၊
وَجَاءَ رَبُّكَ وَالْمَلَكُ صَفًّا صَفًّا ۝٢٢
📖 ဘာသာပြန် အာယာသ် 22
ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကြွလာတော်မူသောအခါ၊ ထို့ပြင် "မလာအိကဟ်" ကောင်းကင်တမန်တို့သည် စီတန်းလျက် (လာကြသောအခါ။)
وَجِيءَ يَوْمَئِذٍ بِجَهَنَّمَ ۚ يَوْمَئِذٍ يَتَذَكَّرُ الْإِنسَانُ وَأَنَّىٰ لَهُ الذِّكْرَىٰ ۝٢٣
📖 ဘာသာပြန် အာယာသ် 23
၎င်းပြင် ထိုနေ့တွင် "ဂျဟန္နမ်" ငရဲသည် (လူတို့ရှေ့မှောက်ဝယ်) ယူဆောင်လာခြင်းကို ခံရသောအခါ၊ ထိုနေ့တွင် လူသားသည် အသိတရား ရလာပေမည်။ သို့ရာတွင် (ထိုအခါ) သတိတရားရခြင်းသည် အဘယ်မှာလျှင် ၎င်း၌ အကျိုးရှိစေတော့မည်နည်း။
يَقُولُ يَا لَيْتَنِي قَدَّمْتُ لِحَيَاتِي ۝٢٤
📖 ဘာသာပြန် အာယာသ် 24
(ထိုအခါ)လူသားသည် (ဤသို့)ပြောဆို(ညည်းညူ)ပေလိမ့်မည်။ ဪ-ငါသည် (အာခိရတ် တမလွန်ဘဝ၌) မိမိအသက်ရှင်ရေးအလို့ငှာ (တစ်နည်း) မိမိသက်တမ်း၌ (ကောင်းမှုတစ်စုံတစ်ရာကို) ကြိုတင်၍ ဆည်းပူးခဲ့ပါလျှင် ကောင်းလေစွတကား။
فَيَوْمَئِذٍ لَّا يُعَذِّبُ عَذَابَهُ أَحَدٌ ۝٢٥
📖 ဘာသာပြန် အာယာသ် 25
စင်စစ် ထိုနေ့တွင် ထိုအရှင်မြတ်၏ပြစ်ဒဏ် စီရင်ခြင်းမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှပင် ပြစ်ဒဏ် စီရင်လိမ့်မည်မဟုတ်ပေ။
وَلَا يُوثِقُ وَثَاقَهُ أَحَدٌ ۝٢٦
📖 ဘာသာပြန် အာယာသ် 26
ထိုနည်းတူစွာ ထိုအရှင်မြတ်၏ ဖမ်းဆီး ချုပ်နှောင်ခြင်းမျိုးကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှပင် ဖမ်းဆီးချုပ်နှောင်လိမ့်မည် မဟုတ်ပေ။
يَا أَيَّتُهَا النَّفْسُ الْمُطْمَئِنَّةُ ۝٢٧
📖 ဘာသာပြန် အာယာသ် 27
အို-(သောကကင်း၍) ငြိမ်ဆိမ်သော အသက်ဇီဝိန်။
ارْجِعِي إِلَىٰ رَبِّكِ رَاضِيَةً مَّرْضِيَّةً ۝٢٨
📖 ဘာသာပြန် အာယာသ် 28
အသင်သည် မိမိ၏ အရှင်မြတ်အထံတော်သို့ ကျေနပ်လျက် (ထိုအရှင်မြတ်၏)ကျေနပ်မှုကို ခံယူလျက် ပြန်သွားလေလော့။
فَادْخُلِي فِي عِبَادِي ۝٢٩
📖 ဘာသာပြန် အာယာသ် 29
ထို့နောက် အသင်သည် ငါအရှင်မြတ်၏ ကျွန်တို့တွင် ပါဝင်လေလော့။
وَادْخُلِي جَنَّتِي ۝٣٠
📖 ဘာသာပြန် အာယာသ် 30
၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ဂျန္နတ်သုခဘုံ၌ ဝင်ရောက်(စံမြန်း)လေလော့။
← 88 အလ်-ဖဂျ်ရ် (89/114) 90 →
ဖတ်ရန် အလ်-ဖဂျ်ရ် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

89الفجر Al-Fajr 📚 30 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အလ်-ဖဂျ်ရ် စူရာ — 30 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers