အရ်-ရဟ်မာန် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အရ်-ရဟ်မာန် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (78 အာယာသ် — مدنية). အရ်-ရဟ်မာန် နားထောင်, အရ်-ရဟ်မာန် ဘာသာပြန်, အရ်-ရဟ်မာန် mp3, အရ်-ရဟ်မာန် pdf.

အရ်-ရဟ်မာန် စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
الرَّحْمَٰنُ ۝١
📖 ဘာသာပြန် အာယာသ် 1
ရဟ်မာန်` အထူး ကရုဏာတော်ရှင်ပင်။
عَلَّمَ الْقُرْآنَ ۝٢
📖 ဘာသာပြန် အာယာသ် 2
ကုရ်အာန်`ကျမ်းတော်မြတ်ကို သင်ကြားပို့ချတော်မူခဲ့၏။
خَلَقَ الْإِنسَانَ ۝٣
📖 ဘာသာပြန် အာယာသ် 3
ထိုအရှင်မြတ်သည်ပင် မနုဿ လူသားအား ဖန်ဆင်းတော်မူခဲ့၏။
عَلَّمَهُ الْبَيَانَ ۝٤
📖 ဘာသာပြန် အာယာသ် 4
ထိုအရှင်မြတ်သည်ပင် ထိုလူသားအား စကားပြောဆိုမှုကို သင်ပေးတော်မူခဲ့၏။
الشَّمْسُ وَالْقَمَرُ بِحُسْبَانٍ ۝٥
📖 ဘာသာပြန် အာယာသ် 5
သူရိယ`နေသည်လည်းကောင်း၊ `စန္ဒာ` လသည်လည်းကောင်း၊ အတွက်အချက် အချိန်�ှင့်ကိုက်ညီစွာ(သွားလာ လှုပ်ရှားလျက်) ရှိကြ၏။
وَالنَّجْمُ وَالشَّجَرُ يَسْجُدَانِ ۝٦
📖 ဘာသာပြန် အာယာသ် 6
ကြယ်၊ ပင်စည်မပါသော အပင်ငယ်များသည်လည်းကောင်း၊ ပင်စည်ပါသော အပင်များသည်လည်းကောင်း၊အမိန့်နာခံ ပျပ်ဝပ်ဦးချလျက်ရှိကုန်၏။
وَالسَّمَاءَ رَفَعَهَا وَوَضَعَ الْمِيزَانَ ۝٧
📖 ဘာသာပြန် အာယာသ် 7
မိုးကောင်းကင်များကို ထိုအရှင်မြတ်သည်ပင် မြင့်စွင့်စေတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ချိန်ခွင်ကို တီထွင်စီစဉ်၍ ပေးတော်မူခဲ့၏။
أَلَّا تَطْغَوْا فِي الْمِيزَانِ ۝٨
📖 ဘာသာပြန် အာယာသ် 8
အသင်တို့သည် ချိန်တွယ်ရာ၌ မတရားမပြုကြရန်၊
وَأَقِيمُوا الْوَزْنَ بِالْقِسْطِ وَلَا تُخْسِرُوا الْمِيزَانَ ۝٩
📖 ဘာသာပြန် အာယာသ် 9
ထို့ပြင် အသင်တို့သည် ချိန်တွယ်မှုကို တရားမျှတစွာ စောင့်ထိန်းကြရန်လည်းကောင်း၊ ချိန်တွယ်ရာ၌ ယုတ်လျော့စေခြင်း မရှိစေကြရန်လည်းကောင်း၊
وَالْأَرْضَ وَضَعَهَا لِلْأَنَامِ ۝١٠
📖 ဘာသာပြန် အာယာသ် 10
ထိုမှတစ်ပါး ပထဝီမြေကို ထိုအရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့၏အကျိုးငှာ ထားရှိတော်မူခဲ့၏။
فِيهَا فَاكِهَةٌ وَالنَّخْلُ ذَاتُ الْأَكْمَامِ ۝١١
📖 ဘာသာပြန် အာယာသ် 11
ယင်းပထဝီမြေ၌ သစ်သီးဝလံများသည်လည်းကောင်း၊ အစွပ်များဖြင့် ငုံ၊ ညှာတံများဖြင့်အုပ်လျက်ရှိသော စွန်ပလွံပင်များသည်လည်းကောင်း၊
وَالْحَبُّ ذُو الْعَصْفِ وَالرَّيْحَانُ ۝١٢
📖 ဘာသာပြန် အာယာသ် 12
ဖွဲနုပါသော ကောက်ပဲသီးနှံများသည်လည်းကောင်း၊ အရွက်ရှိသောအစေ့များသည်လည်းကောင်း၊ မွှေးကြိုင်လျက်ရှိသော ပန်းများ အစာအာဟာရများ သည်လည်းကောင်း၊ ရှိကုန်၏။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝١٣
📖 ဘာသာပြန် အာယာသ် 13
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါအပေါင်းတို့)၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်အံ့နည်း။
خَلَقَ الْإِنسَانَ مِن صَلْصَالٍ كَالْفَخَّارِ ۝١٤
📖 ဘာသာပြန် အာယာသ် 14
ထိုအရှင်မြတ်သည်ပင် `မနုဿ` လူသားအား မြေအိုး-အိုးခြမ်းကွဲပမာ အသံမည်သော ရွှံ့ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။
وَخَلَقَ الْجَانَّ مِن مَّارِجٍ مِّن نَّارٍ ۝١٥
📖 ဘာသာပြန် အာယာသ် 15
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ဂျင်န်သတ္တဝါတို့ကို ဂျင်န်သတ္တဝါတို့၏ဖခင် ‘အစ်ဗ်လီစ်’ကို မီးခဲမီးခိုးမရှိသော မီးတောက်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝١٦
📖 ဘာသာပြန် အာယာသ် 16
သို့ပါလျက် (အို-ဂျင်န်နှင့်လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့်ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
رَبُّ الْمَشْرِقَيْنِ وَرَبُّ الْمَغْرِبَيْنِ ۝١٧
📖 ဘာသာပြန် အာယာသ် 17
(ထိုအရှင်မြတ်သည်ပင်) နေထွက်ရာအရပ် နှစ်ခုလုံးကို ဖန်ဆင်းတော်မူသောအရှင်၊ နေဝင်ရာအရပ် နှစ်ခုလုံးကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝١٨
📖 ဘာသာပြန် အာယာသ် 18
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
مَرَجَ الْبَحْرَيْنِ يَلْتَقِيَانِ ۝١٩
📖 ဘာသာပြန် အာယာသ် 19
ထိုအရှင်မြတ်သည်ပင် သမုဒ္ဒရာပင်လယ်နှစ်ခုကို လွှတ်တော်မူခဲ့ရာ ထိုသမုဒ္ဒရာ ပင်လယ်နှစ်ခုမှာ ဆုံဆည်း ဆက်စပ်လျက်ရှိကြ၏။ (တစ်နည်း) ထိုအရှင်မြတ်သည်ပင် ဆက်စပ် စီးဆင်းလျက်ရှိသော သမုဒ္ဒရာနှစ်ခုကို လွှတ်တော်မူခဲ့၏။
بَيْنَهُمَا بَرْزَخٌ لَّا يَبْغِيَانِ ۝٢٠
📖 ဘာသာပြန် အာယာသ် 20
ယင်းပယ်လယ်နှစ်ခု၏ အကြား၌ အဆီးအတားတစ်ခု ရှိနေပေရာ ၎င်းတို့နှစ်ခုလုံး ပိုင်နက်ကျူးလွန် နိုင်ကြသည်မရှိပေ။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٢١
📖 ဘာသာပြန် အာယာသ် 21
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
يَخْرُجُ مِنْهُمَا اللُّؤْلُؤُ وَالْمَرْجَانُ ۝٢٢
📖 ဘာသာပြန် အာယာသ် 22
ယင်းပင်လယ်နှစ်ခုမှ ပုလဲရတနာများ သည်လည်းကောင်း၊ သန္တာ ပင်လယ်ထွက် ကျောက်နီများ သည်လည်းကောင်း၊ ထွက်ကြပေသည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٢٣
📖 ဘာသာပြန် အာယာသ် 23
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
وَلَهُ الْجَوَارِ الْمُنشَآتُ فِي الْبَحْرِ كَالْأَعْلَامِ ۝٢٤
📖 ဘာသာပြန် အာယာသ် 24
သမုဒ္ဒရာပင်လယ်၌ တောင်များပမာ(မားမားမတ်မတ်) ရပ်တည်နေကြသော၊ အထင်အရှား ရှိနေကြသော၊ သင်္ဘောများမှာလည်း ထိုအရှင်မြတ်၏ အာဏာစက်အတွင်း၌ ရှိကုန်၏။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٢٥
📖 ဘာသာပြန် အာယာသ် 25
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
كُلُّ مَنْ عَلَيْهَا فَانٍ ۝٢٦
📖 ဘာသာပြန် အာယာသ် 26
ယင်းပထဝီမြေပေါ်၌ ရှိသမျှတို့သည် (မမြဲ)ပျက်စီးဆိတ်သုဉ်းအံ့သော အရာများပင် ဖြစ်ကုန်၏။
وَيَبْقَىٰ وَجْهُ رَبِّكَ ذُو الْجَلَالِ وَالْإِكْرَامِ ۝٢٧
📖 ဘာသာပြန် အာယာသ် 27
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော၊ တန်ခိုးတော်နှင့် ပြည့်စုံတော်မူသော၊ ကျေးဇူးတော်ရှင်ဖြစ်�ော်မူသော၊ အရှင်မြတ်(တစ်ပါးတည်း)သာလျှင် (ထာဝရ)ကျန်ရှိတော်မူပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٢٨
📖 ဘာသာပြန် အာယာသ် 28
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
يَسْأَلُهُ مَن فِي السَّمَاوَاتِ وَالْأَرْضِ ۚ كُلَّ يَوْمٍ هُوَ فِي شَأْنٍ ۝٢٩
📖 ဘာသာပြန် အာယာသ် 29
မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း၊ ထိုအရှင်မြတ်ထံတော်၌သာလျှင် (မိမိတို့၏ အလိုဆန္ဒများကို) တောင်းခံကြကုန်၏။ ထိုအရှင်မြတ်သည် နေ့စဉ် အရေးကိစ္စတစ်ခုခုကို ဆောင်ရွက်လျက် ရှိနေတော်မူ၏။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٣٠
📖 ဘာသာပြန် အာယာသ် 30
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါတို့) အသင်တို့သည် မိမိတို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
سَنَفْرُغُ لَكُمْ أَيُّهَ الثَّقَلَانِ ۝٣١
📖 ဘာသာပြန် အာယာသ် 31
အို-ဂျင်န်နှင့် လူသတ္တဝါအပေါင်းတို့၊ မကြာမြင့်မီပင် ငါအရှင်မြတ်သည် အသင်တို့ဘက်သို့ လှည့်တော်မူမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٣٢
📖 ဘာသာပြန် အာယာသ် 32
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
يَا مَعْشَرَ الْجِنِّ وَالْإِنسِ إِنِ اسْتَطَعْتُمْ أَن تَنفُذُوا مِنْ أَقْطَارِ السَّمَاوَاتِ وَالْأَرْضِ فَانفُذُوا ۚ لَا تَنفُذُونَ إِلَّا بِسُلْطَانٍ ۝٣٣
📖 ဘာသာပြန် အာယာသ် 33
အို-ဂျင်န်နှင့် လူပရိသတ်အပေါင်းတို့၊ အကယ်၍ အသင်တို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေ၏ နယ်နိမိတ်များအတွင်းမှ ထွက်သွားနိုင်ကြလျှင် ထွက်သွားကြကုန်လော့။ (စင်စစ်သော်ကား) စွမ်းအားမရှိဘဲလျက် အသင်တို့သည် ထွက်သွားနိုင်ကြမည် မဟုတ်ပေ။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٣٤
📖 ဘာသာပြန် အာယာသ် 34
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
يُرْسَلُ عَلَيْكُمَا شُوَاظٌ مِّن نَّارٍ وَنُحَاسٌ فَلَا تَنتَصِرَانِ ۝٣٥
📖 ဘာသာပြန် အာယာသ် 35
အသင်တို့နှစ်ဦး၏ အပေါ်ဝယ် မီးခိုးမပါသော မီးတောက်မီးလျှံသည်လည်းကောင်း၊ (မီးမပါသော)အခိုးများသည်လည်းကောင်း၊ စေလွှတ်ခြင်းခံရလတ္တံ့။ ထိုအခါ အသင်တို့သည် ဖယ်ရှားနိုင်ကြမည်မဟုတ်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٣٦
📖 ဘာသာပြန် အာယာသ် 36
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
فَإِذَا انشَقَّتِ السَّمَاءُ فَكَانَتْ وَرْدَةً كَالدِّهَانِ ۝٣٧
📖 ဘာသာပြန် အာယာသ် 37
စင်စစ်သော်ကား အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ အသားနီကဲ့သို့ နီရဲလာပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٣٨
📖 ဘာသာပြန် အာယာသ် 38
သို့ဖြစ်ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ် ကြအံ့နည်း။
فَيَوْمَئِذٍ لَّا يُسْأَلُ عَن ذَنبِهِ إِنسٌ وَلَا جَانٌّ ۝٣٩
📖 ဘာသာပြန် အာယာသ် 39
စင်စစ် ထိုနေ့တွင် မည်သည့်လူ တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ မည်သည့်ဂျင်န် တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ မိမိအပြစ်နှင့် စပ်လျဉ်း၍ မေးမြန်းခြင်းခံရမည် မဟုတ်ပေ။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٤٠
📖 ဘာသာပြန် အာယာသ် 40
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
يُعْرَفُ الْمُجْرِمُونَ بِسِيمَاهُمْ فَيُؤْخَذُ بِالنَّوَاصِي وَالْأَقْدَامِ ۝٤١
📖 ဘာသာပြန် အာယာသ် 41
အပြစ်ရှိသူများမှာ မိမိတို့၏ ရုပ်ရည်လက္ခဏာဖြင့် သိရှိခြင်း ခံကြရပေမည်။ ထိုအခါ ၎င်းတို့သည် (နဖူးများ)ဦးထိပ်များနှင့် ခြေများကို ဆွဲကိုင် ဖမ်းဆီးခြင်းကို ခံကြရပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٤٢
📖 ဘာသာပြန် အာယာသ် 42
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
هَٰذِهِ جَهَنَّمُ الَّتِي يُكَذِّبُ بِهَا الْمُجْرِمُونَ ۝٤٣
📖 ဘာသာပြန် အာယာသ် 43
(ထိုမှတစ်ပါး ၎င်းတို့သည် မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်)။ ဤသည်ပင်လျှင် အပြစ်ရှိသူများ၊ မဟုတ်မမှန်ဟူ၍ ငြင်းပယ်လျက် ရှိခဲ့ကြ သော ‘ဂျဟန္နမ်’ ငရဲဖြစ်သည်။
يَطُوفُونَ بَيْنَهَا وَبَيْنَ حَمِيمٍ آنٍ ۝٤٤
📖 ဘာသာပြန် အာယာသ် 44
ထိုအပြစ်ရှိသူတို့ကား ယင်း’ဂျဟန္နမ်’ငရဲနှင့် ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူ၏အကြား၌ လှည့်ပတ်လျက် နေကြရပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٤٥
📖 ဘာသာပြန် အာယာသ် 45
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
وَلِمَنْ خَافَ مَقَامَ رَبِّهِ جَنَّتَانِ ۝٤٦
📖 ဘာသာပြန် အာယာသ် 46
ထိုမှတစ်ပါး မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်၌ မတ်တပ်ရပ်ရန် စိုးရိမ်သောသူ၏အဖို့မှာကား ဥယျာဉ်နှစ်ခုရှိပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٤٧
📖 ဘာသာပြန် အာယာသ် 47
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
ذَوَاتَا أَفْنَانٍ ۝٤٨
📖 ဘာသာပြန် အာယာသ် 48
အကိုင်းအလက်များ ပေါများ ဝေဆာလျက်ရှိကြသော၊
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٤٩
📖 ဘာသာပြန် အာယာသ် 49
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
فِيهِمَا عَيْنَانِ تَجْرِيَانِ ۝٥٠
📖 ဘာသာပြန် အာယာသ် 50
ယင်းဥယျာဉ်နှစ်ခုလုံး၌ စမ်းချောင်းနှစ်ခုသည်စီးတွေလျက် ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٥١
📖 ဘာသာပြန် အာယာသ် 51
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
فِيهِمَا مِن كُلِّ فَاكِهَةٍ زَوْجَانِ ۝٥٢
📖 ဘာသာပြန် အာယာသ် 52
ယင်းဥယျာဉ်နှစ်ခုလုံးတွင် သစ်သီးတိုင်းသည် နှစ်မျိုးနှစ်စား ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٥٣
📖 ဘာသာပြန် အာယာသ် 53
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
مُتَّكِئِينَ عَلَىٰ فُرُشٍ بَطَائِنُهَا مِنْ إِسْتَبْرَقٍ ۚ وَجَنَى الْجَنَّتَيْنِ دَانٍ ۝٥٤
📖 ဘာသာပြန် အာယာသ် 54
(၎င်းတို့သည်) ရွှေခြည်များဖြင့် ပန်းထိုးထားသော ပိုးဖဲအတွင်းခံထားသည့် မွေ့ရာများပေါ် (ထိုင်၍ မှီအုံးများကို)မှီလျက် ရှိကြပေမည်။ ၎င်းပြင် ဥယျာဉ်နှစ်ခုလုံး၏ အသီးများမှာလည်း နီးကပ်စွာပင် ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٥٥
📖 ဘာသာပြန် အာယာသ် 55
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
فِيهِنَّ قَاصِرَاتُ الطَّرْفِ لَمْ يَطْمِثْهُنَّ إِنسٌ قَبْلَهُمْ وَلَا جَانٌّ ۝٥٦
📖 ဘာသာပြန် အာယာသ် 56
ယင်း(ဥယျာဉ်များနှင့် ဥယျာဉ်များရှိ အဆောက်အအုံ)တို့တွင် မျက်စိကို အောက်သို့နှိမ့်ချထားသော မိန်းမပျိုများသည်လည်း ရှိကြပေမည်။ ၎င်းတို့အလျင် မည်သည့် လူသား တစ်ဦးတစ်ယောက်မျှလည်း ထို မိန်းမပျိုတို့အား ထိတွေ့ခဲ့ဖူးသည်မရှိပေ။ မည်သည့် ဂျင်န် တစ်ဦးတစ်ယောက်မျှလည်း ထိတွေ့ခဲ့ဖူးသည် မရှိချေ။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٥٧
📖 ဘာသာပြန် အာယာသ် 57
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
كَأَنَّهُنَّ الْيَاقُوتُ وَالْمَرْجَانُ ۝٥٨
📖 ဘာသာပြန် အာယာသ် 58
ထိုမိန်းမပျိုတို့မှာ ပတ္တမြားကဲ့သို့လည်းကောင်း၊ သန္တာကျောက်ကဲ့သို့လည်းကောင်း၊ ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٥٩
📖 ဘာသာပြန် အာယာသ် 59
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
هَلْ جَزَاءُ الْإِحْسَانِ إِلَّا الْإِحْسَانُ ۝٦٠
📖 ဘာသာပြန် အာယာသ် 60
အမိန့်တော်ကို ကြည်ညိုလေးမြတ်စွာ နာခံခြင်း၏အကျိုးကား ကျေးဇူးပြုတော်မူခြင်း မှတစ်ပါး အခြားမရှိပြီ။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٦١
📖 ဘာသာပြန် အာယာသ် 61
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
وَمِن دُونِهِمَا جَنَّتَانِ ۝٦٢
📖 ဘာသာပြန် အာယာသ် 62
ထိုမှတစ်ပါး ဥယျာဉ်နှစ်ခု-အပြင်လည်း ဥယျာဉ်နှစ်ခု ရှိ၏။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٦٣
📖 ဘာသာပြန် အာယာသ် 63
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
مُدْهَامَّتَانِ ۝٦٤
📖 ဘာသာပြန် အာယာသ် 64
ယင်း(ဥယျာဉ်)နှစ်ခုလုံးမှာ အစိမ်းရင့် ကျောက်မီးသွေးနုရောင် ဖြစ်၏။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٦٥
📖 ဘာသာပြန် အာယာသ် 65
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
فِيهِمَا عَيْنَانِ نَضَّاخَتَانِ ۝٦٦
📖 ဘာသာပြန် အာယာသ် 66
ယင်းဥယျာဉ်နှစ်ခု၌ ပန်းထွက်လျက်ရှိသော စမ်းနှစ်ခုသည် ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٦٧
📖 ဘာသာပြန် အာယာသ် 67
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
فِيهِمَا فَاكِهَةٌ وَنَخْلٌ وَرُمَّانٌ ۝٦٨
📖 ဘာသာပြန် အာယာသ် 68
ယင်းဥယျာဉ်နှစ်ခု၌ သစ်သီးဝလံများသည်လည်းကောင်း၊ စွန်ပလွံပင်များသည် လည်းကောင်း၊ သလဲသီးများသည် လည်းကောင်း၊ ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٦٩
📖 ဘာသာပြန် အာယာသ် 69
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
فِيهِنَّ خَيْرَاتٌ حِسَانٌ ۝٧٠
📖 ဘာသာပြန် အာယာသ် 70
ယင်း(ဥယျာဉ်များနှင့် ဥယျာဉ်များရှိ အဆောက်အအုံ)တို့တွင် စာရိတ္တအားဖြင့် မွန်မြတ်သော၊ ရုပ်ရည်အားဖြင့် လှပတင့်တယ်သော မိန်းမများသည် ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٧١
📖 ဘာသာပြန် အာယာသ် 71
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
حُورٌ مَّقْصُورَاتٌ فِي الْخِيَامِ ۝٧٢
📖 ဘာသာပြန် အာယာသ် 72
လွန်စွာဖြူ၍လှပသော၊ မဏ္ဍပ်ကနားဖျင်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းခံရသော၊ မိန်းမများသည် ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٧٣
📖 ဘာသာပြန် အာယာသ် 73
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။
لَمْ يَطْمِثْهُنَّ إِنسٌ قَبْلَهُمْ وَلَا جَانٌّ ۝٧٤
📖 ဘာသာပြန် အာယာသ် 74
၎င်းတို့အလျင် ထိုမိန်းမတို့အား မည်သည့် လူသား တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ မည်သည့် ဂျင်န် တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ ထိတွေ့ခဲ့ဖူးသည် မရှိပြီ။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٧٥
📖 ဘာသာပြန် အာယာသ် 75
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
مُتَّكِئِينَ عَلَىٰ رَفْرَفٍ خُضْرٍ وَعَبْقَرِيٍّ حِسَانٍ ۝٧٦
📖 ဘာသာပြန် အာယာသ် 76
(၎င်းတို့သည်) အစိမ်းရောင် ကော်ဇောများပေါ်၌ လည်းကောင်း၊ လွန်စွာ အံ့ဖွယ်ကောင်းသော အခင်းအကျင်းပေါ်၌ လည်းကောင်း၊ (ထိုင်၍ မှီအုံး များကို) မှီလျက် ရှိကြပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ۝٧٧
📖 ဘာသာပြန် အာယာသ် 77
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
تَبَارَكَ اسْمُ رَبِّكَ ذِي الْجَلَالِ وَالْإِكْرَامِ ۝٧٨
📖 ဘာသာပြန် အာယာသ် 78
(အို-နဗီတမန်တော်)၊ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော တန်ခိုးတော်ရှင်၊ ကျေးဇူးတော်ရှင်၏ နာမံတော်သည် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါပေသည် တကား။
← 54 အရ်-ရဟ်မာန် (55/114) 56 →
ဖတ်ရန် အရ်-ရဟ်မာန် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

55الرحمن Ar-Rahman 📚 78 အာယာသ် مدنية

အာယာသ် တစ်ခုချင်း – အရ်-ရဟ်မာန် စူရာ — 78 အာယာသ်

ကုရ်အာန်ကျမ်း

Tuesday, August 18, 2026

Don't forget us in your sincere prayers