سوره فتح به زبان برمه ای

  1. گوش دادن به سوره
  2. سورهای دیگر
  3. ترجمه سوره
قرآن کریم | ترجمه معانی قرآن | زبان برمه ای | سوره فتح | الفتح - تعداد آیات آن 29 - شماره سوره در مصحف: 48 - معنی سوره به انگلیسی: The Victory.

إِنَّا فَتَحْنَا لَكَ فَتْحًا مُّبِينًا(1)

 (အို-နဗီတမန်တော်၊) ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ထင်ရှားစွာသော အောင်မြင်မှုတစ်ခုကို ချီးမြှင့်ပေးသနား တော်မူပြီ။

لِّيَغْفِرَ لَكَ اللَّهُ مَا تَقَدَّمَ مِن ذَنبِكَ وَمَا تَأَخَّرَ وَيُتِمَّ نِعْمَتَهُ عَلَيْكَ وَيَهْدِيَكَ صِرَاطًا مُّسْتَقِيمًا(2)

 (ယင်းသို့ အောင်မြင်မှု ချီးမြှင့်တော်မူခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် အသင်၏ရှေးကာလ ချို့တဲ့မှုများနှင့် အနာဂတ်ကာလ ချို့တဲ့မှုတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူအံ့သောငှာလည်းကောင်း၊ မိမိကျေးဇူးတော်များကို အသင့်အပေါ်၌ စုံလင်စေတော် မူအံ့သောငှာလည်းကောင်း၊အသင့်အား ဖြောင့်မတ်သော တရားလမ်းကို ညွှန်ကြားပြသတော်မူအံ့သော ငှာလည်းကောင်း။

وَيَنصُرَكَ اللَّهُ نَصْرًا عَزِيزًا(3)

 အလ္လာဟ်အရှင်မြတ်သည် အသင�်အား ကြံ့ခိုင်သော၊ ဘုန်းကျက်သရေရှိသော၊ အောင်မြင်မှုကို ချီးမြှင့် တော်မူအံ့သောငှာလည်းကောင်း၊ ဖြစ်ပေသတည်း။

هُوَ الَّذِي أَنزَلَ السَّكِينَةَ فِي قُلُوبِ الْمُؤْمِنِينَ لِيَزْدَادُوا إِيمَانًا مَّعَ إِيمَانِهِمْ ۗ وَلِلَّهِ جُنُودُ السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا(4)

 ထိုအရှင်မြတ်သည်ပင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ ရှိရင်းစွဲ ယုံကြည်မှုအပေါ်၌ ထပ်မံ၍ ယုံကြည်မှု တိုးပွားစေရန် စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့၏။ စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော စစ်တပ်တို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော စစ်တပ်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော စစ်တပ်များပင်ဖြစ်ကုန်၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

لِّيُدْخِلَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَيُكَفِّرَ عَنْهُمْ سَيِّئَاتِهِمْ ۚ وَكَانَ ذَٰلِكَ عِندَ اللَّهِ فَوْزًا عَظِيمًا(5)

 (ထိုသို့ဖြစ်ရခြင်းမှာ) ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်သော ယောက်ျားများအားလည်းကောင်း၊ သက်ဝင်ယုံကြည်သော မိန်းမများအားလည်းကောင်း၊ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့သောငှာဖြစ်၏။ ၎င်းတို့သည် ထိုဥယျာဉ်များထဲတွင် ထာဝစဉ် နေကြရမည်ဖြစ်သည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့မှ ၎င်းတို့၏ပြစ်မှု၊ ဒုစရိုက်တို့ကို ပပျောက်စေတော်မူအံ့သောငှာဖြစ်၏။စင်စစ်သော်ကား ထိုသည်ပင်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြီးကျယ်လှစွာသော အောင်မြင်မှုဖြစ်၏။

وَيُعَذِّبَ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْمُشْرِكِينَ وَالْمُشْرِكَاتِ الظَّانِّينَ بِاللَّهِ ظَنَّ السَّوْءِ ۚ عَلَيْهِمْ دَائِرَةُ السَّوْءِ ۖ وَغَضِبَ اللَّهُ عَلَيْهِمْ وَلَعَنَهُمْ وَأَعَدَّ لَهُمْ جَهَنَّمَ ۖ وَسَاءَتْ مَصِيرًا(6)

 ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မကောင်းသော ထင်မြင်ယူဆချက်ကို ထင်မြင်ယူဆကြကုန်သော ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင် ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ‘မုရှ်ရစ်က်’ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသော ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူအံ့သောငှာဖြစ်၏။ ၎င်းတို့၌ ဘေးဆိုးသည် ဆိုက်ရောက်တော့မည်ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏အပေါ်၌ အမျက်ထွက်တော်မူမည်။ ထို့ပြင် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့်ပြုလုပ်၍ ထားတော်မူ၏။ စင်စစ်မှာမူကား ယင်းငရဲဘုံသည် လွန်စွာ ဆိုးရွားလှသော နေရာထိုင်ခင်းပင် ဖြစ်ပေသည်။

وَلِلَّهِ جُنُودُ السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا(7)

 အမှန်စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော စစ်တပ်များသည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော စစ်တပ်များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော စစ်တပ်ပင်ဖြစ်ကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်မှာမူကား ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော အရှင်ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

إِنَّا أَرْسَلْنَاكَ شَاهِدًا وَمُبَشِّرًا وَنَذِيرًا(8)

 (အို-နဗီတမန်တော်၊) ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်လည်းကောင်း၊ သတင်းကောင်း ပြောကြားသူ အဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူ အဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။

لِّتُؤْمِنُوا بِاللَّهِ وَرَسُولِهِ وَتُعَزِّرُوهُ وَتُوَقِّرُوهُ وَتُسَبِّحُوهُ بُكْرَةً وَأَصِيلًا(9)

 (ယင်းသို့ စေလွှတ်တော်မူခြင်းမှာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား သက်ဝင် ယုံကြည်ကြအံ့သောငှာလည်းကောင်း၊ ထိုအရှင်မြတ်(၏သာသနာတော် ရစူလ်တမန်တော်)ကို ကူညီကြအံ့သောငှာလည်းကောင်း၊ ထိုအရှင်မြတ်(၏ရစူလ်တမန်တော်အား ရိုသေကိုင်းရှိုင်းကြအံ့သောငှာလည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း၊ နံနက်ယံနှင့် ညနေချမ်းတို့၌ မြွက်ဆိုကြအံ့သောငှာလည်းကောင်း၊ ဖြစ်ပေသည်။)

إِنَّ الَّذِينَ يُبَايِعُونَكَ إِنَّمَا يُبَايِعُونَ اللَّهَ يَدُ اللَّهِ فَوْقَ أَيْدِيهِمْ ۚ فَمَن نَّكَثَ فَإِنَّمَا يَنكُثُ عَلَىٰ نَفْسِهِ ۖ وَمَنْ أَوْفَىٰ بِمَا عَاهَدَ عَلَيْهُ اللَّهَ فَسَيُؤْتِيهِ أَجْرًا عَظِيمًا(10)

 (အို-နဗီတမန်တော်၊) စင်စစ်ဧကန် အသင်နှင့်’ဗိုင်အတ်’ (ပဋိညာဉ်) ပြုကြကုန်သော သူတို့မှာ အလ္လာဟ်အရှင်မြတ်နှင့် ‘ဗိုင်အတ်’ပဋိညာဉ် ပြုကြသည် သာတည်း။ အလ္လာဟ်အရှင်မြတ်၏ လက်တော်ကား ၎င်းတို့၏လက်များပေါ်၌ ရှိတော်မူ၏။ သို့ဖြစ်ပေရာ �ည်သူမဆို ပဋိညာဉ်ကို ချိုးဖျက်ခဲ့ပါလျှင် ထိုသူသည် မိမိကိုယ်နှင့် ဆန့်ကျင်၍ ပဋိညာဉ်ကို ချိုးဖျက်ခြင်းပင် ဖြစ်ပေသည်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် ပဋိညာဉ်ပြုခဲ့သော အချက်တို့ကိုထိန်းသိမ်း စောင့်ရှောက်ခဲ့ပါလျှင် မကြာမြင့်မီပင် ထိုအရှင်မြတ်သည် ၎င်းအား ကြီးကျယ်လှစွာသော အကျိုးကို ချီးမြှင့် ပေးသနားတော်မူအံ့ သတည်း။

سَيَقُولُ لَكَ الْمُخَلَّفُونَ مِنَ الْأَعْرَابِ شَغَلَتْنَا أَمْوَالُنَا وَأَهْلُونَا فَاسْتَغْفِرْ لَنَا ۚ يَقُولُونَ بِأَلْسِنَتِهِم مَّا لَيْسَ فِي قُلُوبِهِمْ ۚ قُلْ فَمَن يَمْلِكُ لَكُم مِّنَ اللَّهِ شَيْئًا إِنْ أَرَادَ بِكُمْ ضَرًّا أَوْ أَرَادَ بِكُمْ نَفْعًا ۚ بَلْ كَانَ اللَّهُ بِمَا تَعْمَلُونَ خَبِيرًا(11)

 (အို-နဗီတမန်တော်၊) မကြာမီပင် နောက်ကျန်ရစ်ခဲ့ကြလေသော ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အရဗ်တောကျေးသားတို့သည် အသင့်အား(လာရောက်) ပြောဆိုကြပေမည်။ ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာများသည်လည်းကောင်း၊ ကျွန်ုပ်တို့၏ အိမ်ထောင်စုသားများသည်လည်းကောင်း၊ အလုပ်များစေခဲ့ကြပါသည်။ သို့ပါ၍ အသင် တမန်တော်မြတ်သည် ကျွန်ုပ်တို့အဖို့ (အရှင်မြတ်အထံတော်တွင်)လွတ်ငြိမ်းခွင့်ကို ပန်ကြား၍ပေးပါလေ။ (စင်စစ်မှာကား) ၎င်းတို့သည် မိမိတို့စိတ်တွင်း၌မရှိသော အရာများကို မိမိတို့၏ နှုတ်လျှာများဖြင့် ပြောဆိုနေကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို (မေးမြန်း)ပါလေ။ (အချင်းတို့) သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် အကယ်၍ ထိုအရှင်မြတ်သည် အသင်တို့၌ ဘေးအန္တရာယ် တစ်စုံတစ်ရာကို သက်ရောက်စေရန် ကြံရွယ်တော်မူပါလျှင်၊ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အကျိုးအာနိသင် တစ်စုံတစ်ရာကို အသင်တို့၌ သက်ရောက်စေရန် ကြံရွယ်တော်မူပါလျှင် မည်သူသည် အသင်တို့နှင့်ပတ်သက်၍ အခွင့်အာဏာ တစ်စုံတစ်ရာကို ပိုင်ဆိုင်ပါသနည်း။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

بَلْ ظَنَنتُمْ أَن لَّن يَنقَلِبَ الرَّسُولُ وَالْمُؤْمِنُونَ إِلَىٰ أَهْلِيهِمْ أَبَدًا وَزُيِّنَ ذَٰلِكَ فِي قُلُوبِكُمْ وَظَنَنتُمْ ظَنَّ السَّوْءِ وَكُنتُمْ قَوْمًا بُورًا(12)

 စင်စစ်မှာမူကား ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ မည်သည့်အခါမျှပင် မိမိတို့၏ အိမ်သူအိမ်သားတို့ထံ အလျှင်းပြန်လာကြမည် မဟုတ်ဟူ၍ အသင်တို့ ထင်မှတ်နေခဲ့ကြကုန်၏။ ထို့ပြင် ယင်းအတွေးအထင်သည် အသင်တို့၏ စိတ်နှလုံးများကို လှပတင့်တယ်လျက် ရှိနေစေခဲ့၏။ ၎င်းပြင် အသင်တို့သည် မကောင်းသော ထင်မြင်ချက်ကို ထင်မြင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ပျက်စီးသော သူများပင်ဖြစ်ခဲ့ကြကုန်၏။

وَمَن لَّمْ يُؤْمِن بِاللَّهِ وَرَسُولِهِ فَإِنَّا أَعْتَدْنَا لِلْكَافِرِينَ سَعِيرًا(13)

 စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည် ခြင်းမရှိခဲ့မူ ဧကန်မလွဲ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည် ငြင်းပယ်ကြကုန်သောသူတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့် ပြုလုပ်ထားတော်မူ၏။

وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَغْفِرُ لِمَن يَشَاءُ وَيُعَذِّبُ مَن يَشَاءُ ۚ وَكَانَ اللَّهُ غَفُورًا رَّحِيمًا(14)

 စင်စစ်တမူကား မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူ၍ မိမိအလိုရှိတော်မမူသောသူအား ပြစ်ဒဏ်ပေးတော်မူသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

سَيَقُولُ الْمُخَلَّفُونَ إِذَا انطَلَقْتُمْ إِلَىٰ مَغَانِمَ لِتَأْخُذُوهَا ذَرُونَا نَتَّبِعْكُمْ ۖ يُرِيدُونَ أَن يُبَدِّلُوا كَلَامَ اللَّهِ ۚ قُل لَّن تَتَّبِعُونَا كَذَٰلِكُمْ قَالَ اللَّهُ مِن قَبْلُ ۖ فَسَيَقُولُونَ بَلْ تَحْسُدُونَنَا ۚ بَلْ كَانُوا لَا يَفْقَهُونَ إِلَّا قَلِيلًا(15)

 မကြာမီပင် နောက်ကျစ်ရစ်ခဲ့ကြသော သူတို့သည် လက်ရပစ္စည်းများကိုယူရန် အသင်တို့သွားကြသောအခါ’အသင်တို့သည် ကျွန်ုပ်တို့အား မိမိတို့နှင့်အတူလိုက်ရန် ခွင့်ပြုကြလေကုန်’ ဟူ၍ ပြောဆိုကြပေမည်။ (အို-နဗီတမန်တော်၊)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကျွန်ုပ်တို့နှင့်အတူ အလျှင်းမလိုက်နိုင်ကြပေ။ ဤအတိုင်း ရှေ�ဦးမဆွကပင် အလ္လာဟ်အရှင်မြတ်က မိန့်ကြားထားတော်မူ၏။ထိုအခါ ၎င်းတို့က အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အသင်တို့သည် ကျွန်ုပ်တို့အား မနာလိုကြသည်ဟု အမှန်ပင် ပြောဆိုကြပေမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် အနည်းငယ်မျှသာလျှင် နားလည်ကြကုန်သတည်း။

قُل لِّلْمُخَلَّفِينَ مِنَ الْأَعْرَابِ سَتُدْعَوْنَ إِلَىٰ قَوْمٍ أُولِي بَأْسٍ شَدِيدٍ تُقَاتِلُونَهُمْ أَوْ يُسْلِمُونَ ۖ فَإِن تُطِيعُوا يُؤْتِكُمُ اللَّهُ أَجْرًا حَسَنًا ۖ وَإِن تَتَوَلَّوْا كَمَا تَوَلَّيْتُم مِّن قَبْلُ يُعَذِّبْكُمْ عَذَابًا أَلِيمًا(16)

 (အို-နဗီတမန်တော်၊) အသင်သည် နောက်ကျန်ရစ်ခဲ့ကြလေသော၊ ကန္တာရတွင် လှည့်လည်နေထိုင်ကြကုန်သော အရဗ်တောကျေးသားတို့အား ပြောကြားပါလေ။ "(အချင်းတို့၊) မကြာမြင့်မီပင် အသင်တို့သည် အလွန်အမင်း တိုက်ခိုက်မှုပြုခဲ့ကြသော အမျိုးသားတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ရန် ဖိတ်ခေါ်ခြင်းကို ခံကြရပေမည်။ အသင်တို့သည် ၎င်းတို့နှင့် တိုက်ခိုက်ကြရပေမည်။ သို့တည်းမဟုတ် ၎င်းတို့သည် (လက်နက်ချ အညံ့ခံ၍ အစ္စလာမ်သာသနာတော်၏ အမိန့်ကို) နာခံကြရပေမည်။ထိုအခါ အကယ်၍ အသင်တို့သည် အမိန့်တော်ကို လိုက်နာကြပါလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကောင်းမြတ်သောအကျိုးကို ချီးမြှင့် ပေးသနားတော်မူပေမည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယခင်နည်းတူ မျက်နှာလွှဲကြပါမူ ထိုအရှင်မြတ်သည် အသင်တို့အား ပြင်းပြစွာသော ပြစ်ဒဏ်ကို ပေးတော်မူပေမည်။

لَّيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ وَلَا عَلَى الْمَرِيضِ حَرَجٌ ۗ وَمَن يُطِعِ اللَّهَ وَرَسُولَهُ يُدْخِلْهُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ وَمَن يَتَوَلَّ يُعَذِّبْهُ عَذَابًا أَلِيمًا(17)

 (သို့ရာတွင်) မျက်စိကွယ်သော သူ၏အပေါ်၌(စစ်တိုက်ရန် မလိုက်နိုင်သောကြောင့်) အပြစ် တစ်စုံတစ်ရာမရှိချေ။ ၎င်းပြင် ခြေကျိုး၏အပေါ်၌လည်း မည်သည့်အပြစ်မျှ မရှိချေ။ ထိုနည်းတူစွာ ဝေဒနာရှင်၏အပေါ်၌လည်း အပြစ် တစ်စုံတစ်ရာမျှမရှိချေ။ စင်စစ်တမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ် အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာသည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်၌ ချောင်းများ၊စီဆင်းလျက် ရှိကြပေမည်။ သို့ရာတွင် မည်သူမဆို (အမိန့်တော်ကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲသည်ရှိသော် ထို အရှင်မြတ်သည် ၎င်းအား ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို စီရင်တပ်ရိုက်တော်မူအံ့သတည်း။

۞ لَّقَدْ رَضِيَ اللَّهُ عَنِ الْمُؤْمِنِينَ إِذْ يُبَايِعُونَكَ تَحْتَ الشَّجَرَةِ فَعَلِمَ مَا فِي قُلُوبِهِمْ فَأَنزَلَ السَّكِينَةَ عَلَيْهِمْ وَأَثَابَهُمْ فَتْحًا قَرِيبًا(18)

 (အို-နဗီတမန်တော်၊) ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့သည် သစ်ပင်အောက်တွင် အသင်နှင့် ‘ဗိုင်အတ်’ပြုနေကြစဉ်အခါ၌ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် ကျေနပ်တော်မူခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်း၌ရှိသည်ကို သိတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် စိတ်တည်ငြိမ်မှုကို ချပေး သနားတော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား ထိုအရှင်မြတ်သည် နီးကပ်စွာသော အောင်မြင်မှုကိုလည်း ချီးမြှင့်တော်မူခဲ့၏။

وَمَغَانِمَ كَثِيرَةً يَأْخُذُونَهَا ۗ وَكَانَ اللَّهُ عَزِيزًا حَكِيمًا(19)

 ထိုမှတစ်ပါး မြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း (ချီးမြှင့်တော်မူခဲ့ပေရာ) ၎င်းတို့သည် ယင်းလက်ရပစ္စည်းများကို ယူငင်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

وَعَدَكُمُ اللَّهُ مَغَانِمَ كَثِيرَةً تَأْخُذُونَهَا فَعَجَّلَ لَكُمْ هَٰذِهِ وَكَفَّ أَيْدِيَ النَّاسِ عَنكُمْ وَلِتَكُونَ آيَةً لِّلْمُؤْمِنِينَ وَيَهْدِيَكُمْ صِرَاطًا مُّسْتَقِيمًا(20)

 အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အခြားမြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း အသင်တို့ ယူငင်ကြဦးမည် ဖြစ်သည်ဟု ကတိပေးတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ဤသည့်(အောင်မြင်မှု)ကို အသင်တို့အား လတ်တလော ချီးမြှင့်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် လူတို့၏လက်များကို အသင်တို့(အား အန္တရာယ်ပြုနိုင်ခြင်း)မှ တားဆီးတော်မူခဲ့၏။ (ထိုသို့ပြုတော်မူခြင်းမှာ)ယင်း(လတ်တလောရရှိခဲ့သော) အောင်မြင်မှုသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ နမူနာတစ်ရပ် ဖြစ်အံ့သောငှာ လည်းကောင်း၊ ထိုအရှင်မြတ်သည် အသင်တို့အား ဖြောင့်မတ်သောလမ်းကို ပြတော်မူအံ့သောငှာလည်းကောင်း၊ ဖြစ်ချေသည်။

وَأُخْرَىٰ لَمْ تَقْدِرُوا عَلَيْهَا قَدْ أَحَاطَ اللَّهُ بِهَا ۚ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا(21)

 ထိုမှတစ်ပါး အသင်တို့ စွမ်းနိုင်ခြင်း မရှိခဲ့ကြသေးသော အခြားအောင်မြင်မှုတစ်ရပ်လည်း ရှိပေသေး၏။ဧကန်�င်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်းအောင်မြင်မှုကို ဝန်းဝိုင်းလျက် ရှိတော်မူ၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

وَلَوْ قَاتَلَكُمُ الَّذِينَ كَفَرُوا لَوَلَّوُا الْأَدْبَارَ ثُمَّ لَا يَجِدُونَ وَلِيًّا وَلَا نَصِيرًا(22)

 စင်စစ်တမူကား အကယ်၍သာ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သော သူတို့သည် အသင်တို့နှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြပါလျှင် ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြမည်သာ။ထို့နောက် ၎င်းတို့သည် အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။ ကူညီစောင်မအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။

سُنَّةَ اللَّهِ الَّتِي قَدْ خَلَتْ مِن قَبْلُ ۖ وَلَن تَجِدَ لِسُنَّةِ اللَّهِ تَبْدِيلًا(23)

 (ဤသည်)ရှေးအထက်ကျော်ကာလက လွန်လေခဲ့ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းပင် ဖြစ်၏။ ၎င်းပြင် (အို-နဗီတမန်တော်၊)အသင်သည် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်း၌ မည်သည့်ပြောင်းလဲမှုကိုမျှ အလျှင်းတွေ့ရှိမည် မဟုတ်ပေ။

وَهُوَ الَّذِي كَفَّ أَيْدِيَهُمْ عَنكُمْ وَأَيْدِيَكُمْ عَنْهُم بِبَطْنِ مَكَّةَ مِن بَعْدِ أَنْ أَظْفَرَكُمْ عَلَيْهِمْ ۚ وَكَانَ اللَّهُ بِمَا تَعْمَلُونَ بَصِيرًا(24)

 ထို့ပြင် ထိုအရှင်မြတ်သည်ပင် ထို(‘ကာဖိရ်’သွေဖည်ငြင်းပယ်သော)သူတို့၏လက်များကို အသင်တို့(အားအန္တရာယ်ပြုခြင်း)မှလည်းကောင်း၊ အသင်တို့၏လက်များကို ထိုသူတို့(အား အန္တရာယ်ပြုခြင်းမှလည်းကောင်း၊) မက္ကာမြို့တွင်း၌ အသင်တို့အား ထိုသူတို့အပေါ်ဝယ် အောင်မြင်စေတော်မူပြီး နောက်သော်မှပင် တားဆီးထားတော်မူခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြုမူချက်တို့ကိုကောင်းစွာ ရှုမြင်တော်မူလျက် ရှိတော်မူခဲ့ပေသတည်း။

هُمُ الَّذِينَ كَفَرُوا وَصَدُّوكُمْ عَنِ الْمَسْجِدِ الْحَرَامِ وَالْهَدْيَ مَعْكُوفًا أَن يَبْلُغَ مَحِلَّهُ ۚ وَلَوْلَا رِجَالٌ مُّؤْمِنُونَ وَنِسَاءٌ مُّؤْمِنَاتٌ لَّمْ تَعْلَمُوهُمْ أَن تَطَئُوهُمْ فَتُصِيبَكُم مِّنْهُم مَّعَرَّةٌ بِغَيْرِ عِلْمٍ ۖ لِّيُدْخِلَ اللَّهُ فِي رَحْمَتِهِ مَن يَشَاءُ ۚ لَوْ تَزَيَّلُوا لَعَذَّبْنَا الَّذِينَ كَفَرُوا مِنْهُمْ عَذَابًا أَلِيمًا(25)

 ထိုသူတို့သည်ပင် အကြင်သူများတည်း။ ထိုသူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ထိုသူတို့သည် အသင်တို့အား ‘မတ်စ်ဂျစ်ဒ်ဟရာမ်’ ရိုသေအပ်သော ဗလီကျောင်းတော်မှ တားဆီးခဲ့ကြ၏။ ထို့ပြင် (ဟုဒိုင်ဗိယဟ်၌)တားဆီးခြင်းခံနေခဲ့ရသော ကုရ်ဗာနီသားကောင်ကိုလည်း ယင်း၏ ရောက်ရှိရန် နေရာသို့ မရောက်စေရန် (တားဆီးခဲ့ကြကုန်)။စင်စစ်သော်ကား အကယ်၍သာ အသင်တို့ မသိခဲ့ကြသော(မြောက်မြားစွာသော)’မုအ်မင်န်’သက်ဝင်ယုံကြည်သူ ယောက်ျားမိန်းမတို့အား တက်နင်းမိကြသဖြင့် ၎င်းတို့ကြောင့် အသင်တို့၌ အပြစ်သက်ရောက်မည်ကို မစိုးရိမ်ရပါလျှင် (အလုံးစုံသောကိစ္စတို့မှာ စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့မည်သာ။ သို့ရာတွင် ယင်းကဲ့သို့ မဖြစ်ခဲ့သည်မှာ) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိကရုဏာတော်တွင်းသို့ ဝင်ရောက်စေတော်မူရန်ပင် ဖြစ်ခဲ့ပေသည်။ အကယ်၍သာ ထို(မုစ်လင်မ်ယောက်ျား မိန်းမတို့မှာ ကာဖိရ်များနှင့်)ခွဲခြား သိသာနိုင်ခဲ့ကြပါလျှင် ငါအရှင်မြတ်သည် ၎င်းတို့အနက် သွေဖည် ငြင်းပယ်ခဲ့ကြကုန်သော သူတို့အား ပြင်းပြစွာသော ပြစ်ဒဏ်ကို အမှန်ပင် ပေးတော်မူခဲ့မည်သာ။

إِذْ جَعَلَ الَّذِينَ كَفَرُوا فِي قُلُوبِهِمُ الْحَمِيَّةَ حَمِيَّةَ الْجَاهِلِيَّةِ فَأَنزَلَ اللَّهُ سَكِينَتَهُ عَلَىٰ رَسُولِهِ وَعَلَى الْمُؤْمِنِينَ وَأَلْزَمَهُمْ كَلِمَةَ التَّقْوَىٰ وَكَانُوا أَحَقَّ بِهَا وَأَهْلَهَا ۚ وَكَانَ اللَّهُ بِكُلِّ شَيْءٍ عَلِيمًا(26)

 (ပြန်လည် သတိရကြလေကုန်။) အကြင်အခါဝယ် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့သည် မိမိတို့၏စိတ်နှလုံးများတွင် အမိုက်ခေတ်၏ အစွဲအလမ်းကြီးမှုကို ထားရှိခဲ့ကြကုန်၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိရစူလ်တမန်တော်၏ အပေါ်၌လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ အပေါ်၌လည်းကောင်း၊ မိမိအထံတော်မှ စိတ်တည်ငြိမ်မှု (သည်းခံမှု)ကို ချပေးသနားတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကြဉ်ရှောင်ရန်ဟူသောစကားကို အတည်ပြုတော်မူခဲ့၏။ (၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား (တာက်ဝါ) တရားအပေါ်၌ ရပ်တည်စေတော်မူခဲ့၏။) စင်စစ်သော်ကား ထိုသူတို့သည် ယင်းစကားနှင့် ထိုက်တန်သူများ�ည်လည်းကောင်း၊ ကိုက်ညီသူများသည်လည်းကောင်း၊ ဖြစ်ခဲ့ကြကုန်၏။ အမှန်စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

لَّقَدْ صَدَقَ اللَّهُ رَسُولَهُ الرُّؤْيَا بِالْحَقِّ ۖ لَتَدْخُلُنَّ الْمَسْجِدَ الْحَرَامَ إِن شَاءَ اللَّهُ آمِنِينَ مُحَلِّقِينَ رُءُوسَكُمْ وَمُقَصِّرِينَ لَا تَخَافُونَ ۖ فَعَلِمَ مَا لَمْ تَعْلَمُوا فَجَعَلَ مِن دُونِ ذَٰلِكَ فَتْحًا قَرِيبًا(27)

 ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိရစူလ်တမန်တော်၏ အိပ်မက်ကို အဖြစ်မှန်နှင့်အညီ မှန်ကန်စေတော်မူခဲ့၏။ (ယင်းအိပ်မက်မှာ) ‘မလွဲဧကန် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့လျှင် အသင်တို့သည် မိမိတို့၏ဦးခေါင်းများကို ရိတ်ကြလျက်၊ ဆံပင်များကို ညှပ်ကြလျက်(မည်သည့် တစ်စုံတစ်ရာကိုမျှပင်) စိုးရိမ်ကြောက်ရွံ့ခြင်း မရှိကြဘဲ ဘေးရန်ကင်းငြိမ်းစွာ ‘မတ်စ်ဂျစ်ဒ်ဟရာမ်’ရိုသေအပ်သောဗလီ ဝတ်ကျောင်းတော်သို့ ဝင်ရောက်ကြမည်(ဟုဖြစ်ခဲ့၏)။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အသင်တို့ မသိခဲ့ကြသောအရာကို သိရှိတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ယင်းမက္ကာမြို့တော်၏အလျင် နီးကပ်စွာသော အောင်မြင်မှုတစ်ရပ်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။

هُوَ الَّذِي أَرْسَلَ رَسُولَهُ بِالْهُدَىٰ وَدِينِ الْحَقِّ لِيُظْهِرَهُ عَلَى الدِّينِ كُلِّهِ ۚ وَكَفَىٰ بِاللَّهِ شَهِيدًا(28)

 ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် မိမိရစူလ်တမန်တော် ‘မုဟမ္မဒ်’ (ဆွလ္လလာဟု အလိုင်ဟိဝစလာမ်)အား တရားလမ်းညွှန်နှင့်တကွလည်းကောင်း၊ မှန်ကန်သော ‘ဒီန်’သာသနာတော်နှင့်တကွလည်းကောင်း၊ ယင်းသာသနာတော်ကို အားလုံးသော သာသနာတို့ထက်ဝယ် လွှမ်းမိုးစေတော်မူအံ့သောငှာ စေလွှတ်တော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက်တော်မူပေသတည်း။

مُّحَمَّدٌ رَّسُولُ اللَّهِ ۚ وَالَّذِينَ مَعَهُ أَشِدَّاءُ عَلَى الْكُفَّارِ رُحَمَاءُ بَيْنَهُمْ ۖ تَرَاهُمْ رُكَّعًا سُجَّدًا يَبْتَغُونَ فَضْلًا مِّنَ اللَّهِ وَرِضْوَانًا ۖ سِيمَاهُمْ فِي وُجُوهِهِم مِّنْ أَثَرِ السُّجُودِ ۚ ذَٰلِكَ مَثَلُهُمْ فِي التَّوْرَاةِ ۚ وَمَثَلُهُمْ فِي الْإِنجِيلِ كَزَرْعٍ أَخْرَجَ شَطْأَهُ فَآزَرَهُ فَاسْتَغْلَظَ فَاسْتَوَىٰ عَلَىٰ سُوقِهِ يُعْجِبُ الزُّرَّاعَ لِيَغِيظَ بِهِمُ الْكُفَّارَ ۗ وَعَدَ اللَّهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنْهُم مَّغْفِرَةً وَأَجْرًا عَظِيمًا(29)

 မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်သည်။ ၎င်းပြင် ထို ‘မုဟမ္မဒ်’ နှင့်အတူတကွ ရှိကြကုန်သောသူတို့သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့နှင့် ပတ်သက်လျှင် ပြင်းထန်သူများဖြစ်ကြပြီး မိမိတို့အချင်းချင်း(ဆက်ဆံရာတွင်)သနားကြင်နာသူများပင် ဖြစ်ကြကုန်၏။ အသင်သည် ၎င်းတို့အား (ရံဖန်ရံခါ) ‘ရူကူအ်’ ဦးညွှတ်ကြလျက်(ရံဖန်ရံခါ) ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချကြလျက်၊ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ (ထိုအရှင်မြတ်၏)နှစ်သက်ကျေနပ်မှုကိုလည်းကောင်း၊ ဖွေရှာဆည်းပူးလျက် ရှိကြသည်ကို တွေ့မြင်ရပေမည်။ ၎င်းတို့၏ အမှတ်လက္ခဏာကား’စဂျ်ဒ်ဟ်’ ပျပ်ဝပ်ဦးချခြင်းကြောင့် ၎င်းတို့၏ မျက်နှာများတွင်ထင်ပေါ်လျက် ရှိနေပေ၏။ ထိုသည်ကား ‘တောင်ရာတ်’ ကျမ်းတော်၌လာရှိသော ၎င်းတို့၏ထူးခြားချက်ပင်။ ထိုမှတစ်ပါး’အင်န်ဂျီလ်’ ကျမ်းတော်၌ လာရှိသော ၎င်းတို့၏ ထူးခြားချက်မှာကား (ဤသို့တည်း။) မျိုးစေ့နှင့်ပမာတူ၏။ ယင်းမျိုးစေ့သည် မိမိ၏ အစို့အညှောက်ကို ထွက်စေခဲ့၏။ ထို့နောက် မိမိအစို့၊အညှောက်ကို သန်စွမ်းစေခဲ့၏။ ထို့နောက် ထိုအညှောက်အစို့မှာ တုတ်ခိုင်၍လာပြီးလျှင် မိမိပင်ရိုး၊ ပင်တံ၊ ပင်စည်၊ ပင်မပေါ်၌ တည့်မတ်စွာ ထောင်တက်လာခဲ့ပေရာ လယ်သမားတို့အား အထူးနှစ်မြို့ အကြည်ဆိုက်စေခဲ့၏။ (ယင်းသို့ ဖြစ်စေတော်မူခြင်းမှာ) ထို(မုဟမ္မဒ်၏အပေါင်းအဖေါ်) တို့ဖြင့် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သူတို့အား အမျက် ဒေါသထွက်စေရန် ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်မှာမူကား ‘အီမာန်’ သက်ဝင်ယုံကြည်ပြီး�ောက် ကောင်းမှုများကို ကျင့်မူ ဆောက်တည်ကြကုန်သော သူတို့အား ခွင့်လွှတ် ချမ်းသာပေးတော်မူရန်နှင့် ကြီးကျယ်လှစွာသော အကျိုးကို ချီးမြှင့် ပေးသနားတော်မူရန် ကတိပေးတော်မူခဲ့ပေသတည်း။


سورهای بیشتر به زبان برمه ای:

سوره البقره آل عمران سوره نساء
سوره مائده سوره يوسف سوره ابراهيم
سوره حجر سوره کهف سوره مریم
سوره حج سوره قصص سوره عنکبوت
سوره سجده سوره یس سوره دخان
سوره فتح سوره حجرات سوره ق
سوره نجم سوره رحمن سوره واقعه
سوره حشر سوره ملک سوره حاقه
سوره انشقاق سوره أعلى سوره غاشية

دانلود سوره فتح با صدای معروف‌ترین قراء:

انتخاب خواننده برای گوش دادن و دانلود کامل سوره فتح با کیفیت بالا.
سوره فتح را با صدای احمد العجمی
أحمد العجمي
سوره فتح را با صدای ابراهيم الاخضر
ابراهيم الاخضر
سوره فتح را با صدای بندر بليلة
بندر بليلة
سوره فتح را با صدای خالد الجليل
خالد الجليل
سوره فتح را با صدای حاتم فريد الواعر
حاتم فريد الواعر
سوره فتح را با صدای خليفة الطنيجي
خليفة الطنيجي
سوره فتح را با صدای سعد الغامدي
سعد الغامدي
سوره فتح را با صدای سعود الشريم
سعود الشريم
سوره فتح را با صدای الشاطري
الشاطري
سوره فتح را با صدای صلاح ابوخاطر
صلاح بوخاطر
سوره فتح را با صدای عبد الباسط عبد الصمد
عبد الباسط
سوره فتح را با صدای عبد الرحمن العوسي
عبدالرحمن العوسي
سوره فتح را با صدای عبد الرشيد صوفي
عبد الرشيد صوفي
سوره فتح را با صدای عبد العزيز الزهراني
عبدالعزيز الزهراني
سوره فتح را با صدای عبد الله بصفر
عبد الله بصفر
سوره فتح را با صدای عبد الله عواد الجهني
عبد الله الجهني
سوره فتح را با صدای علي الحذيفي
علي الحذيفي
سوره فتح را با صدای علي جابر
علي جابر
سوره فتح را با صدای غسان الشوربجي
غسان الشوربجي
سوره فتح را با صدای فارس عباد
فارس عباد
سوره فتح را با صدای ماهر المعيقلي
ماهر المعيقلي
سوره فتح را با صدای محمد أيوب
محمد أيوب
سوره فتح را با صدای محمد المحيسني
محمد المحيسني
سوره فتح را با صدای محمد جبريل
محمد جبريل
سوره فتح را با صدای محمد صديق المنشاوي
المنشاوي
سوره فتح را با صدای الحصري
الحصري
سوره فتح را با صدای العفاسي
مشاري العفاسي
سوره فتح را با صدای ناصر القطامي
ناصر القطامي
سوره فتح را با صدای وديع اليمني
وديع اليمني
سوره فتح را با صدای ياسر الدوسري
ياسر الدوسري


Saturday, May 11, 2024

به قرآن کریم چنگ بزنید