Kaf suresi çevirisi Birman

  1. Suresi mp3
  2. Başka bir sure
  3. Birman
Kuranı Kerim türkçe meali | Kur'an çevirileri | Birman dili | Kaf Suresi | ق - Ayet sayısı 45 - Moshaf'taki surenin numarası: 50 - surenin ingilizce anlamı: Qaf.

ق ۚ وَالْقُرْآنِ الْمَجِيدِ(1)

 ‘ကားဖ်’၊ (ငါအရှင်မြတ်သည်) အထူးဂုဏ် ဝိသေသနှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူ၏။

بَلْ عَجِبُوا أَن جَاءَهُم مُّنذِرٌ مِّنْهُمْ فَقَالَ الْكَافِرُونَ هَٰذَا شَيْءٌ عَجِيبٌ(2)

 စင်စစ်မှာကား ၎င်းတို့သည် မိမိတို့ထံ မိမိတို့အနက်မှပင် သတိပေးနှိုးဆော်သူတစ်ဦး ရောက်ရှိ၍ လာခဲ့သည်ကိုပင် အံ့ဩလျက်ရှိနေကြကုန်၏။ သို့ဖြစ် ပေရာ ‘ကာဖိရ်’သွေဖည်ငြင်းပယ်သောသူတို့က ပြောဆိုခဲ့ကြသည်မှာ ဤသည်လွန်စွာ အံ့ဖွယ်အကြောင်းပင် ဖြစ်သည်။

أَإِذَا مِتْنَا وَكُنَّا تُرَابًا ۖ ذَٰلِكَ رَجْعٌ بَعِيدٌ(3)

 ကျွန်ုပ်တို့ သေဆုံးခဲ့ကြပြီးနောက် မြေကြီးဖြစ်သွားခဲ့ကြသောအခါ (ရှင်ပြန်ထကြရဦးမည်လော၊) ထိုသည်ကား အလွန်တရာဝေးလံစွာသော ပြန်လည်ခြင်းပင်။[ ထိုသို့ ပြန်လည်ရှင်ထခြင်းသည် (အသိဉာဏ်နှင့်) အလွန်ဝေးလံပေသည်။

قَدْ عَلِمْنَا مَا تَنقُصُ الْأَرْضُ مِنْهُمْ ۖ وَعِندَنَا كِتَابٌ حَفِيظٌ(4)

 မြေကြီးက ၎င်းတို့(၏ ကိုယ်ခန္ဓာများ)အနက်မှ(စား၍) လျော့နည်းစေမည့် အစိတ်အပိုင်းကို ဧကန်မလွဲ ငါအရှင်မြတ်သည် သိရှိတော်မူ၏။ စင်စစ်မှာကား ငါအရှင်မြတ်အထံတော်တွင် ထိန်းသိမ်း စောင့်ရှောက်ထားသောမှတ်တမ်း စာအုပ်သည်လည်းရှိနေပေသည်။

بَلْ كَذَّبُوا بِالْحَقِّ لَمَّا جَاءَهُمْ فَهُمْ فِي أَمْرٍ مَّرِيجٍ(5)

 စင်စစ်မှာကား ထိုသူတို့သည် ၎င်းတို့ထံ အမှန်တရား ရောက်ရှိ၍ လာခဲ့သောအခါ ယင်းအမှန်တရားကိုပင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ်မှာကား ၎င်းတို့သည် မတည်ငြိမ်သော အခြေအနေ၌ပင် ရှိနေကြကုန်သတည်း။

أَفَلَمْ يَنظُرُوا إِلَى السَّمَاءِ فَوْقَهُمْ كَيْفَ بَنَيْنَاهَا وَزَيَّنَّاهَا وَمَا لَهَا مِن فُرُوجٍ(6)

 ၎င်းတို့သည် မိမိတို့၏အထက်၌ မိုးကောင်းကင်ကို မကြည့်မမြင်ခဲ့ကြလေသလော။ ငါအရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို မည်သို့ ပြုလုပ်ထားတော်မူသနည်း။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုမိုးကောင်းကင်ကို မည်သို့လှပစွာ ဆင်ယင်ထားတော်မူသနည်း။ ထိုမှတစ်ပါး ယင်းမိုးကောင်းကင်၌ အဟ၊ အကွဲ၊ အအက် များဟူ၍လည်း အလျှင်းမရှိပြီတကား။

وَالْأَرْضَ مَدَدْنَاهَا وَأَلْقَيْنَا فِيهَا رَوَاسِيَ وَأَنبَتْنَا فِيهَا مِن كُلِّ زَوْجٍ بَهِيجٍ(7)

 ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေကိုဖြန့်ခင်းထားတော်မူ၏။ ၎င်းပြင် ယင်းပထဝီမြေ၌ တောင်များကို စိုက်ထူထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ လှပတင့်တယ် ရှုချင်စဖွယ်ကောင်းသော အရာဝတ္ထုမျိုးစုံတို့ကို ပေါက်ရောက် စေထားတော်မူ၏။

تَبْصِرَةً وَذِكْرَىٰ لِكُلِّ عَبْدٍ مُّنِيبٍ(8)

 (ထိုအလုံးစုံတို့မှာ) သံဝေဂရသော ကျွန်တိုင်းအဖို့ ဆင်ခြင်သုံးသပ်အပ်သောအရာ သည်လည်းကောင်း၊တရားရယူအပ်သောအရာ သည်လည်းကောင်း၊ ဖြစ်ပေသည်။

وَنَزَّلْنَا مِنَ السَّمَاءِ مَاءً مُّبَارَكًا فَأَنبَتْنَا بِهِ جَنَّاتٍ وَحَبَّ الْحَصِيدِ(9)

 ထိုမှတပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသော(မိုး)ရေကို ရွာသွန်းစေတော်မူ၏။ တစ်ဖန် ထိုရေဖြင့် ငါအရှင်မြတ်သည် ဥယျာဉ်များကိုလည်းကောင်း၊ ရိတ်သိမ်းပြီးဖြစ်သော ကောက်ပင် မျိုးနွယ်များကိုလည်းကောင်း၊ ပေါက်ရောက်စေတော်မူ၏။

وَالنَّخْلَ بَاسِقَاتٍ لَّهَا طَلْعٌ نَّضِيدٌ(10)

 ထိုနည်းတူစွာ ရှည်လျားမြင့်မားသော စွန်ပလွံပင်များကို (ပေါက်ရောက်စတော်မူရာ) ယင်းစွန်ပလွံပင်များ၌ ပြွတ်၍သီးနေသော အခိုင်များရှိနေပေသည်။

رِّزْقًا لِّلْعِبَادِ ۖ وَأَحْيَيْنَا بِهِ بَلْدَةً مَّيْتًا ۚ كَذَٰلِكَ الْخُرُوجُ(11)

 ကျွန်များအဖို့ စားနပ်ရိက္ခာအဖြစ် ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် သေလွန်ခြောက်သွေ့ လျက်ရှိသောမြေကို ရှင်စေတော်မူ၏။ (လူအပေါင်းတို့ရှင်၍) ပြန်ထွက်ခြင်းမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ချေအံ့သတည်း။

كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَأَصْحَابُ الرَّسِّ وَثَمُودُ(12)

 ထိုသူတို့အလျင် ‘နူဟ်’၏အမျိုးသားတို့သည်လည်းကောင်း၊ ရတ်စ်(စ်)၌ နေထိုင်သူတို့သည် လည်းကောင်း၊’ဆမူဒ်’ အမျိုးသားတို့သည်လည်း ကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။

وَعَادٌ وَفِرْعَوْنُ وَإِخْوَانُ لُوطٍ(13)

 ထိုမှတပါး ‘အာဒ်’ အမျိုးသားတို့သည်လည်းကောင်း၊ ‘ဖစ်ရ်အောင်န်’သည်လည်းကောင်း၊ ‘လူ(တ်)’၏ ညီအစ်ကိုတို့သည်လည်းကောင်း၊

وَأَصْحَابُ الْأَيْكَةِ وَقَوْمُ تُبَّعٍ ۚ كُلٌّ كَذَّبَ الرُّسُلَ فَحَقَّ وَعِيدِ(14)

 ထို့ပြင် (အိုက်ကဟ်)တောအုပ်၌ နေထိုင်သူတို့သည်လည်းကောင်း၊ ‘သွဗ္ဗအ်’ အမျိုးသားသည်လည်းကောင်း၊ အားလုံးတို့သည်ပင် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ ချိန်းချက်မှုသည်(၎င်းတို့အပေါ်၌) သက်ရောက်ခဲ့၏။

أَفَعَيِينَا بِالْخَلْقِ الْأَوَّلِ ۚ بَلْ هُمْ فِي لَبْسٍ مِّنْ خَلْقٍ جَدِيدٍ(15)

 ငါအရှင်မြတ်သည် ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့သောကြောင့် ပင်ပန်း နွမ်းနယ်တော်မူခဲ့လေသလော။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် အသစ်တစ်ဖန် ပြန်လည်ဖန်ဆင်းခြင်းနှင့် စပ်လျဉ်း၍ ယုံမှားသံသယ၌ ရှိနေကြကုန်သတည်း။

وَلَقَدْ خَلَقْنَا الْإِنسَانَ وَنَعْلَمُ مَا تُوَسْوِسُ بِهِ نَفْسُهُ ۖ وَنَحْنُ أَقْرَبُ إِلَيْهِ مِنْ حَبْلِ الْوَرِيدِ(16)

 ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် မနူဿလူသားအား ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၌ ၎င်း၏စိတ်က မသိမသာ ပေါ်ပေါက်စေသောအရာကိုလည်း သိတော်မူ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်း၏လည်ချောင်းသွေးကြောထက်ပင် ၎င်းနှင့် ပိုမိုနီးကပ်စွာ ရှိနေတော်မူ၏။

إِذْ يَتَلَقَّى الْمُتَلَقِّيَانِ عَنِ الْيَمِينِ وَعَنِ الشِّمَالِ قَعِيدٌ(17)

 (အို-နဗီတမန်တော် သတိပေးပါလေ။) အကြင်အခါဝယ် အကြင်အခါ၌ မှတ်သားသူနှစ်ဦးသည် (ထိုမနုဿလူသား၏) လယ်ယာဘက်မှလည်းကောင်း၊ လက်ဝဲဘက်မှလည်းကောင်း၊ ထိုင်၍ မှတ်သားလျက် ရှိကြ၏။

مَّا يَلْفِظُ مِن قَوْلٍ إِلَّا لَدَيْهِ رَقِيبٌ عَتِيدٌ(18)

 ထိုမနုဿလူသားသည်(နှုတ်ဖြင့်)မည်သည့်စကားကိုမျှ မြွက်ဟသည်ဟူ၍မရှိချေ။ သို့ရာတွင် ချောင်းမြောင်း၍ နေသူတစ်ဦးသည် ၎င်း၏အနီး၌ပင် အသင့်ရှိနေ၏။

وَجَاءَتْ سَكْرَةُ الْمَوْتِ بِالْحَقِّ ۖ ذَٰلِكَ مَا كُنتَ مِنْهُ تَحِيدُ(19)

 စင်စစ်သော်ကား ‘မရဏ’ သေခြင်းတရား၏ မိန်းမောမှုသည် မှန်ကန်စွာ ရောက်လာခဲ့ချေပြီ။ ထိုသည်ပင် အကြင်အရာတည်း။ အသင်သည် ၎င်းမှ(လွတ်မြောက်ရန်)တိမ်းရှောင်လျက် ရှိခဲ့၏။

وَنُفِخَ فِي الصُّورِ ۚ ذَٰلِكَ يَوْمُ الْوَعِيدِ(20)

 ထိုမှတစ်ပါး တံပိုးခရာမှုတ်ခြင်း ခံရပေမည်။ထိုသည်ပင် ချိန်းချက်ထားသောနေ့ ဖြစ်၏။

وَجَاءَتْ كُلُّ نَفْسٍ مَّعَهَا سَائِقٌ وَشَهِيدٌ(21)

 ထိုမှတစ်ပါး လူတိုင်းသည် ‘မဟ်ရှရ်’(စုရုံးရာဌာနသို့)လာရပေမည်။ (ထိုအခါ) ၎င်းနှင့်အတူ မောင်းနှင်သူတစ်ဦးနှင့် သက်သေတစ်ဦးရှိကြပေမည်။

لَّقَدْ كُنتَ فِي غَفْلَةٍ مِّنْ هَٰذَا فَكَشَفْنَا عَنكَ غِطَاءَكَ فَبَصَرُكَ الْيَوْمَ حَدِيدٌ(22)

 ဧကန်မလွဲ အသင်သည် ဤနေ့နှင့် စပ်လျဉ်း၍ ပေါ့ဆမှု၌ ရှိနေခဲ့ပေသည်။ သို့ဖြစ်ပေရာ (ယခုမူ) ငါအရှင်မြတ်သည် အသင့်အပေါ်မှ အကွယ်အကာကို ဖယ်ရှား၍ ပေးတော်မူလိုက်ပြီ။ ထို့ကြောင့် ယနေ့သော်ကား အသင်၏ မြင်နိုင်သောသတ္တိမှာ ထိုးဖောက်၍ မြင်နိုင်စွမ်းရှိနေပြီ ဖြစ်ပေသတည်း။

وَقَالَ قَرِينُهُ هَٰذَا مَا لَدَيَّ عَتِيدٌ(23)

 ထို့ပြင် ၎င်း၏အဖော် (ကောင်းကင်တမန်) ကပြောဆိုပေမည်။ ဤသည် ကျွန်ုပ်၏ထံ၌ အဆင်သင့် ရှိသော(နေ့စဉ်မှတ်တမ်း) ဖြစ်၏။

أَلْقِيَا فِي جَهَنَّمَ كُلَّ كَفَّارٍ عَنِيدٍ(24)

 (ထိုအရှင်မြတ်သည် ကောင်းကင်တမန် နှစ်ပါးတို့အား မိန့်ကြားတော်မူပေမည်။) အသင်တို့နှစ်ဦးသည် အကြင်သူတိုင်းအား ‘ဂျဟန္နမ်’ ငရဲဘုံထဲသို့ ပစ်ချကြလေကုန်။ ထိုသူသည် ကျေးဇူးကန်းသော၊ ဇွတ်တရွတ်နိုင်သော၊

مَّنَّاعٍ لِّلْخَيْرِ مُعْتَدٍ مُّرِيبٍ(25)

 ကောင်းမှု(ပြုခြင်း)မှ တားမြစ်သော စည်းကမ်းကျူးလွန်သော၊ ဒွိဟသံသယဖြစ်သော၊

الَّذِي جَعَلَ مَعَ اللَّهِ إِلَٰهًا آخَرَ فَأَلْقِيَاهُ فِي الْعَذَابِ الشَّدِيدِ(26)

 အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားသောကိုးကွယ်ရာကို တွဲဖက်သတ်မှတ်သောသူဖြစ်သည်။ သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် ထို(ကဲ့သို့သော)သူအား ပြင်းထန်စွာသော ပြစ်ဒဏ်၌ပစ်ချကြလေကုန်။

۞ قَالَ قَرِينُهُ رَبَّنَا مَا أَطْغَيْتُهُ وَلَٰكِن كَانَ فِي ضَلَالٍ بَعِيدٍ(27)

 ၎င်း၏အဖော်(ရှိုင်တွာန် မိစ္ဆာကောင်)ကပြောဆို(လျှောက်ထား)ပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးသည် ၎င်းအား ဆိုးသွမ်းမိုက်ကန်းစေခဲ့သည် မဟုတ်ပါ။ စင်စစ်မှာ ၎င်းကိုယ်တိုင်သည်ပင်လျှင် ဝေးလံစွာသော လမ်းမှ�းမှု၌ ရှိနေခဲ့ပါသည်။

قَالَ لَا تَخْتَصِمُوا لَدَيَّ وَقَدْ قَدَّمْتُ إِلَيْكُم بِالْوَعِيدِ(28)

 ထိုအရှင်မြတ်သည် မိန့်ကြားတော်မူပေမည်။အသင်တို့သည် ငါအရှင်မြတ်၏အထံတော်၌ အငြင်းအခုံ မပြုကြကုန်လင့်။ အမှန်စင်စစ်မှာမူကား ငါအရှင်မြတ်သည် (ပြစ်ဒဏ်နှင့်စပ်လျဉ်း၍) ချိန်းဆိုချက်ကို အသင်တို့ထံသို့ တင်ကြို ပို့နှင့်တော်မူခဲ့ပြီးဖြစ်၏။

مَا يُبَدَّلُ الْقَوْلُ لَدَيَّ وَمَا أَنَا بِظَلَّامٍ لِّلْعَبِيدِ(29)

 ငါအရှင်မြတ်အထံတော်၌ စကားပြောင်းလဲသည် ဟူ၍မရှိပြီ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ကျွန်တို့အား မတရားပြုလုပ်တော်မူသော အရှင်လည်း မဟုတ်ပြီ။

يَوْمَ نَقُولُ لِجَهَنَّمَ هَلِ امْتَلَأْتِ وَتَقُولُ هَلْ مِن مَّزِيدٍ(30)

 (အို-နဗီတမန်တော် အသင်သည် သတိရစေပါလေ။) အကြင်နေ့တွင် ငါအရှင်မြတ်သည် ‘ဂျဟန္နမ်’ ငရဲဘုံကို အသင်သည် ပြည့်လေပြီလောဟု မိန့်ကြားတော်မူမည်။ ထိုအခါယင်းဂျဟန္နမ်ငရဲဘုံက ‘နောက်ထပ်ရှိပါသေးသလော’ ဟုလျှောက်ထားပေမည်။

وَأُزْلِفَتِ الْجَنَّةُ لِلْمُتَّقِينَ غَيْرَ بَعِيدٍ(31)

 ထိုမှတစ်ပါး ‘ဂျန္နတ်’ သုခဘုံသည် မွတ္တကီ သူတော်စင်များအနီးသို့ ယူလာခြင်းကို ခံရပေမည်။ (ယင်း’ဂျန္နတ်’သုခဘုံမှာ) ဝေးကွာလှမည် မဟုတ်ပေ။

هَٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٍ(32)

 ဤသည် (အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်သူ (ထိုအရှင်မြတ်၏စည်းကမ်း သတ်မှတ်ချက်များကို)စောင့်စည်းသူတိုင်းအဖို့ ဖြစ်သည်ဟူ၍ အသင်တို့ ကတိပေးခြင်း ခံကြရသောအရာပင် ဖြစ်ပေသည်။

مَّنْ خَشِيَ الرَّحْمَٰنَ بِالْغَيْبِ وَجَاءَ بِقَلْبٍ مُّنِيبٍ(33)

 ထိုသူသည် ‘ရဟ်မာန်’ အနန္တကရုဏာတော်ရှင်အား မမြင်ဘဲလျက် ကြောက်ရွံ့ခဲ့၏။ ထိုမှတစ်ပါး ထိုသူသည် ပြန်လှည့်သော စိတ်နှလုံးကို ယူဆောင်လာခဲ့၏။

ادْخُلُوهَا بِسَلَامٍ ۖ ذَٰلِكَ يَوْمُ الْخُلُودِ(34)

 (ထိုကဲ့သို့သော သူတို့သည် ဤသို့ မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်။) အသင်တို့သည် ယင်း’ဂျန္နတ်’သုခဘုံသို့ ငြိမ်းချမ်းစွာ ဝင်ရောက်ကြလေကုန်။ ဤသည် အမြဲထာဝရ နေထိုင်ရမည့်နေ့ဖြစ်၏။

لَهُم مَّا يَشَاءُونَ فِيهَا وَلَدَيْنَا مَزِيدٌ(35)

 ၎င်းတို့အဖို့ ယင်း’ဂျန္နတ်’ သုခဘုံ၌ ၎င်းတို့ အလိုရှိကြသော အရာဟူ၍ ရှိရုံမျှမက ငါအရှင်မြတ် အထံတော်၌(ထိုထက်) အပိုကျေးဇူးတော်များလည်း ရှိချေသတည်း။

وَكَمْ أَهْلَكْنَا قَبْلَهُم مِّن قَرْنٍ هُمْ أَشَدُّ مِنْهُم بَطْشًا فَنَقَّبُوا فِي الْبِلَادِ هَلْ مِن مَّحِيصٍ(36)

 စင်စစ်သော်ကား ငါအရှင်မြတ်သည် ထိုသူတို့အလျင် မြောက်မြားစွာသော လူမျိုးဆက်တို့ကို ဖျက်ဆီးတော်မူခဲ့၏။ ၎င်းတို့မှာ ထိုသူတို့ထက် ရဲစွမ်းသတ္တိခွန်အားဗလ ကြီးမားကြံ့ခိုင်သူများ ဖြစ်ခဲ့ကြ ကုန်၏။ ထိုအခါ ၎င်းတို့သည် အမြို့မြို့အရွာရွာ၌ (ခိုလှုံရာ နေရာများကို)လိုက်လံ ရှာဖွေခဲ့ကြကုန်၏။(သို့တစေလည်း ၎င်းတို့သည်) ထွက်ပြေး တိမ်းရှောင်ရာ နေရာဟူ၍ ရှာဖွေတွေ့ရှိခဲ့ကြလေသလော။

إِنَّ فِي ذَٰلِكَ لَذِكْرَىٰ لِمَن كَانَ لَهُ قَلْبٌ أَوْ أَلْقَى السَّمْعَ وَهُوَ شَهِيدٌ(37)

 စင်စစ်ဧကန် ဤသည်၌ စိတ်နှလုံးရှိသော သူတို့အဖို့ သို့မဟုတ် စိတ်ပါဝင်စားစွာ အသင့်ရောက် ရှိ၍ နားစိုက်သော သူတို့အဖို့ အမှန်ပင် သင်ခန်းစာရှိ၏။

وَلَقَدْ خَلَقْنَا السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا فِي سِتَّةِ أَيَّامٍ وَمَا مَسَّنَا مِن لُّغُوبٍ(38)

 ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ ထိုမိုးများနှင့်မြေကြားရှိ အရာများကို လည်းကောင်း၊ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း ငါအရှင်မြတ်၌ ပင်ပန်းနွမ်းနယ်မှုဟူ၍ အလျှင်း သက်ရောက်ခဲ့သည်မရှိချေ။

فَاصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ الْغُرُوبِ(39)

 သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)၊ အသင်သည်၎င်းတို့၏ ပြောဆိုမှုများနှင့်စပ်လျဉ်း၍ သည်းခံပါလေ။ ထို့ပြင်အသင်သည် နေမထွက်မီလည်းကောင်း၊ နေမဝင်မီလည်းကောင်း၊ အသင့်�ားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ (ထိုအရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက် ရှိပါလေ။

وَمِنَ اللَّيْلِ فَسَبِّحْهُ وَأَدْبَارَ السُّجُودِ(40)

 ထိုမှတစ်ပါး အသင်သည် ညဉ့်အချိန်၌လည်းကောင်း၊ ‘ဆွလာတ်’ ဝတ်ပြုမှုများ၏နောက်တွင် လည်းကောင်း၊ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါလေ။

وَاسْتَمِعْ يَوْمَ يُنَادِ الْمُنَادِ مِن مَّكَانٍ قَرِيبٍ(41)

 ထို့ပြင် (အို-ကြားနာသူ)အသင်သည် နားထောင်လော့၊ အကြင်နေ့တွင် ဟစ်အော်သူ (တစ်ဦး)သည် နီးကပ်စွာသော နေရာမှ ဟစ်အော်မည်။

يَوْمَ يَسْمَعُونَ الصَّيْحَةَ بِالْحَقِّ ۚ ذَٰلِكَ يَوْمُ الْخُرُوجِ(42)

 အကြင်နေ့တွင် ယင်း(ကြောက်မက်ဖွယ် ကောင်းသော) ဟစ်အော်သံကို (အားလုံးတို့ပင်) မုချဧကန် မှန်ကန်စွာကြားကြရပေမည်။ ထိုနေ့သည် (သင်္ချိုင်းများမှ)ထွက်ကြရမည့်နေ့ပင်။

إِنَّا نَحْنُ نُحْيِي وَنُمِيتُ وَإِلَيْنَا الْمَصِيرُ(43)

 ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ရှင်စေတော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် သေဆုံးစေတော်မူ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်အထံတော်သို့ပင် ပြန်လာကြရပေမည်။

يَوْمَ تَشَقَّقُ الْأَرْضُ عَنْهُمْ سِرَاعًا ۚ ذَٰلِكَ حَشْرٌ عَلَيْنَا يَسِيرٌ(44)

 အကြင်နေ့တွင် (၎င်းတို့)ပြေးလျက်ရှိကြစဉ် မြေသည် ၎င်းတို့အပေါ်မှ ပွင့်ထွက်သွားပေမည်။ ဤသည် ငါအရှင်မြတ်အဖို့ လွယ်ကူသောစုရုံးခြင်းပင်။

نَّحْنُ أَعْلَمُ بِمَا يَقُولُونَ ۖ وَمَا أَنتَ عَلَيْهِم بِجَبَّارٍ ۖ فَذَكِّرْ بِالْقُرْآنِ مَن يَخَافُ وَعِيدِ(45)

 ငါအရှင်မြတ်သည် ၎င်းတို့ပြောဆိုသမျှတို့ကို အသိတော်မူဆုံးပင်ဖြစ်တော်မူ၏။ စင်စစ်သော်ကား(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အပေါ်၌ အနိုင်အထက်ပြုသူမဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် ငါအရှင်မြတ်၏ ချိန်းဆိုချက်ကို ကြောက်ရွံ့သူအား ကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ဩဝါဒပေးလျက် နေပါလေ။


Birman diğer sureler:

Bakara suresi Âl-i İmrân Nisâ suresi
Mâide suresi Yûsuf suresi İbrâhîm suresi
Hicr suresi Kehf suresi Meryem suresi
Hac suresi Kasas suresi Ankebût suresi
As-Sajdah Yâsîn suresi Duhân suresi
fetih suresi Hucurât suresi Kâf suresi
Necm suresi Rahmân suresi vakıa suresi
Haşr suresi Mülk suresi Hâkka suresi
İnşikâk suresi Alâ suresi Gâşiye suresi

En ünlü okuyucuların sesiyle Kaf Suresi indirin:

Surah Qaf mp3: yüksek kalitede dinlemek ve indirmek için okuyucuyu seçerek
Kaf Suresi Ahmed El Agamy
Ahmed El Agamy
Kaf Suresi Saad Al Ghamdi
Saad Al Ghamdi
Kaf Suresi Saud Al Shuraim
Saud Al Shuraim
Kaf Suresi Abdul Basit Abdul Samad
Abdul Basit
Kaf Suresi Abdullah Basfar
Abdullah Basfar
Kaf Suresi Abdullah Awwad Al Juhani
Abdullah Al Juhani
Kaf Suresi Ali Al Hudhaifi
Ali Al Hudhaifi
Kaf Suresi Fares Abbad
Fares Abbad
Kaf Suresi Maher Al Muaiqly
Maher Al Muaiqly
Kaf Suresi Muhammad Jibril
Muhammad Jibril
Kaf Suresi Muhammad Siddiq Al Minshawi
Al Minshawi
Kaf Suresi Al Hosary
Al Hosary
Kaf Suresi Al-afasi
Mishari Al-afasi
Kaf Suresi Nasser Al Qatami
Nasser Al Qatami
Kaf Suresi Yasser Al Dosari
Yasser Al Dosari


Sunday, May 19, 2024

Bizim için dua et, teşekkürler