🔥 0 day streak
📖 Long surah — split into smaller parts to help you focus (64 အာယာသ်)
📚 All Surahs
30%
🎤 Tap the microphone icon 🎙️ next to any verse to record yourself reciting it, then listen back and compare with the reciter.
0/64
24:1 🔁 0/5
سُورَةٌ أَنزَلۡنَٰهَا وَفَرَضۡنَٰهَا وَأَنزَلۡنَا فِيهَآ ءَايَٰتِۭ بَيِّنَٰتٍ لَّعَلَّكُمۡ تَذَكَّرُونَ  ۝١
Sooratun anzalnaahaa wa faradnaahaa wa anzalnaa feehaaa Aayaatim baiyinaatil la`allakum tazakkaroon
(ဤသည်)ကဏ္ဍတစ်ခုပင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို ချပေးတော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ တရားရကြအံ့သောငှာ ယင်းကဏ္ဍ၌ ထင်ရှားစွာသော အာယတ်တော်များကို ချပေးတော်မူခဲ့သည်။
🎤 Your recording:
24:2 🔁 0/5
ٱلزَّانِيَةُ وَٱلزَّانِي فَٱجۡلِدُواْ كُلَّ وَٰحِدٍ مِّنۡهُمَا مِاْئَةَ جَلۡدَةٍۖ وَلَا تَأۡخُذۡكُم بِهِمَا رَأۡفَةٌ فِي دِينِ ٱللَّهِ إِن كُنتُمۡ تُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۖ وَلۡيَشۡهَدۡ عَذَابَهُمَا طَآئِفَةٌ مِّنَ ٱلۡمُؤۡمِنِينَ  ۝٢
Azzaaniyatu wazzaanee fajlidoo kulla waahidim minhumaa mi`ata jaldatinw wa laa taakhuzkum bihimaa raafatun fee deenil laahi in kuntum tu`minoona billaahi wal Yawmil Aakhiri wal yashhad `azaabahumaa taaa`ifatum minal mu`mineen
ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော မိန်းမသည်လည်းကောင်း၊ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော ယောက်ျားသည်လည်းကောင်း၊ အသင်တို့သည် ၎င်းတို့နှစ်ဦးအနက် တစ်ဦးစီကို ကြိမ်ဒဏ် အချက်ပေါင်းတစ်ရာစီ ရိုက်ကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြလျှင် ၎င်းတို့နှစ်ဦးအပေါ်၌ ကရုဏာသက်ရောက်မှုသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်ကို လိုက်နာဆောင်ရွက်ရာ တွင် ချုပ်တည်းခြင်း အလျှင်းမရှိစေရ။ ထို့ပြင် ၎င်းတို့နှစ်ဦးအား ပြစ်ဒဏ်ပေးသည်ကို "မုအ်မင်န်" သက်ဝင် ယုံကြည်သူတစ်စုသည် လာရောက် ကြည့်ရှုကြရမည် ဖြစ်သတည်း။
🎤 Your recording:
24:3 🔁 0/5
ٱلزَّانِي لَا يَنكِحُ إِلَّا زَانِيَةً أَوۡ مُشۡرِكَةً وَٱلزَّانِيَةُ لَا يَنكِحُهَآ إِلَّا زَانٍ أَوۡ مُشۡرِكٌۚ وَحُرِّمَ ذَٰلِكَ عَلَى ٱلۡمُؤۡمِنِينَ  ۝٣
Azzaanee laa yankihu illaa zaaniyatan aw mushrikatanw wazzaaniyatu laa yankihuhaaa illaa zaanin aw mushrik; wa hurrima zaalika `alal mu`mineen
ကာမေသုမိစ္ဆာစာရကျူးလွန်သော ယောက်ျားသည်ကား ကာမေသုမိစ္ဆာစာရကျူးလွန်သောမိန်းမ သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော မိန်းမအပြင် အခြား(သူတော်စင်အမျိုးသမီးများ)နှင့် ထိမ်းမြားသည်မဟုတ်ပေ။ ထိုနည်းတူစွာ ကာမေသုမိစ္ဆာစာရ ကျူးလွန်သောမိန်းမနှင့်လည်း ကာမေသုမိစ္ဆာစာရ ကျူးလွန်သောယောက်ျား သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော ယောက်ျားနှင့်သာလျှင် ထိမ်းမြားလေသည်။ စင်စစ် ဤ(ကာမေသုမိစ္ဆာစာရကျူးလွန်သော မိန်းမများနှင့်ထိမ်းမြားမှု)သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သောသူတို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားပြီး ဖြစ်ချေသတည်း။
🎤 Your recording:
24:4 🔁 0/5
وَٱلَّذِينَ يَرۡمُونَ ٱلۡمُحۡصَنَٰتِ ثُمَّ لَمۡ يَأۡتُواْ بِأَرۡبَعَةِ شُهَدَآءَ فَٱجۡلِدُوهُمۡ ثَمَٰنِينَ جَلۡدَةً وَلَا تَقۡبَلُواْ لَهُمۡ شَهَٰدَةً أَبَدًاۚ وَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ  ۝٤
Wallazeena yarmoonal muhsanaati summa lam yaatoo bi-arba`ati shuhadaaa`a fajlidoohum samaaneena jaldatanw wa laa taqbaloo lahum shahaadatan abadaa; wa ulaaa`ika humul faasiqoon
၎င်းပြင် အပြစ်ကင်းစင်သော အမျိုးသမီးများအား(ကာမေသုမိစ္ဆာစာရကျူးလွန်သည်ဟု)စွပ်စွဲပြီးနောက် သက်သေလေးယောက် တင်မပြနိုင်ခဲ့ကြသော သူတို့အား အသင်တို့သည် ကြိမ်ဒဏ်အချက်ပေါင်း ရှစ်ဆယ်ရိုက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်အခါမျှ ၎င်းတို့၏ မည်သို့ သောသက်သေခံချက်ကိုမျှ လက်မခံကြကုန်လင့်။ စင်စစ်သော်ကား ထိုသူတို့သည်ပင်လျှင် စည်းကမ်းဖောက်ဖျက်သူများ ဖြစ်ကြကုန်၏။
🎤 Your recording:
24:5 🔁 0/5
إِلَّا ٱلَّذِينَ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُواْ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ  ۝٥
Illal lazeena taaboo mim ba`di zaalika wa aslahoo fa innal laaha Ghafoorur Raheem
သို့ရာတွင် အကြ�်သူတို့သည် ထို့နောက် ဝန်ချတောင်းပန်ကြ၍ (မိမိတို့ကိုယ်ကို) ပြုပြင်ခဲ့ကြသည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အလွန်တရာ သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
24:6 🔁 0/5
وَٱلَّذِينَ يَرۡمُونَ أَزۡوَٰجَهُمۡ وَلَمۡ يَكُن لَّهُمۡ شُهَدَآءُ إِلَّآ أَنفُسُهُمۡ فَشَهَٰدَةُ أَحَدِهِمۡ أَرۡبَعُ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ  ۝٦
Wallazeena yarmoona azwaajahum wa lam yakul lahum shuhadaaa`u illaaa anfusuhum fashahaadatu ahadihim arb`u shahaadaatim billaahi innahoo laminas saadiqeen
ထို့ပြင် မိမိတို့၏ဇနီးကြင်ရာများအား (ကာမေသုမိစ္ဆာစာရမှုကျူးလွန်ပါသည်ဟု) စွပ်စွဲသောသူတို့သည် ၎င်းတို့၌ မိမိတို့အပြင် သက်သေများမရှိကြလျှင် ထိုစွပ်စွဲသူတို့အနက် တစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ မိမိသည် သစ္စာဝါဒီဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုရမည်။
🎤 Your recording:
24:7 🔁 0/5
وَٱلۡخَٰمِسَةُ أَنَّ لَعۡنَتَ ٱللَّهِ عَلَيۡهِ إِن كَانَ مِنَ ٱلۡكَٰذِبِينَ  ۝٧
Wal khaamisatu anna la`natal laahi `alaihi in kaana minal kaazibeen
၎င်းပြင် ပဉ္စမအကြိမ်တွင် အကယ်၍ မိမိသည် မုသာဝါဒီဖြစ်ခဲ့မူ မိမိအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျိန်ဆဲချက်သည် ကျရောက်ပါစေဟုဆိုရမည်။
🎤 Your recording:
24:8 🔁 0/5
وَيَدۡرَؤُاْ عَنۡهَا ٱلۡعَذَابَ أَن تَشۡهَدَ أَرۡبَعَ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلۡكَٰذِبِينَ  ۝٨
Wa yadra`u anhal `azaaba an tashhada arba`a shahaa daatim billaahi innahoo laminal kaazibeen
၎င်းပြင် ထိုဇနီးကြင်ရာသည် အလ္လာဟ်အရှင် မြတ်အားတိုင်တည်၍ ဧကန်မလွဲ ထိုယောက်ျားသည် မုသာဝါဒီဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုခြင်းသည် ထိုဇနီးကြင်ရာမှ ပြစ်ဒဏ်တော်ကို ဖယ်ရှားမည်ဖြစ်သည်။
🎤 Your recording:
24:9 🔁 0/5
وَٱلۡخَٰمِسَةَ أَنَّ غَضَبَ ٱللَّهِ عَلَيۡهَآ إِن كَانَ مِنَ ٱلصَّٰدِقِينَ  ۝٩
Wal khaamisata anna ghadabal laahi `alaihaaa in kaana minas saadiqeen
ထို့ပြင် ပဉ္စမအကြိမ်၌ အကယ်၍ ထိုယောက်ျားသည် သစ္စာဝါဒီဖြစ်ခဲ့မူ မိမိအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ အမျက်တော်သည် ကျရောက်ပါစေဟု ထွက်ဆိုရမည်။
🎤 Your recording:
24:10 🔁 0/5
وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ وَأَنَّ ٱللَّهَ تَوَّابٌ حَكِيمٌ  ۝١٠
Wa law laa fadlul laahi `alaikum wa rahmatuhoo wa annal laaha Tawwaabun Hakeem
စင်စစ်သော်ကား အကယ်၍သာ အသင်တို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်သည်လည်းကောင်း၊ မရှိခဲ့လျှင် (အမှန်ကိုပေါ်လွင်စေတော်မူခဲ့မည်သာ။) သို့ရာတွင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်မှာမူကား တောင်းပန်ဝန်ခံ ချက်ကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေရာ အသင်တို့အား ဝန်ချတောင်းပန်နိုင်ကြရန် အလို့ငှာ အခွင့်အရေးပေးတော်မူခြင်းပင် ဖြစ်ပေသတည်း။
🎤 Your recording:
24:11 🔁 0/5
إِنَّ ٱلَّذِينَ جَآءُو بِٱلۡإِفۡكِ عُصۡبَةٌ مِّنكُمۡۚ لَا تَحۡسَبُوهُ شَرًّا لَّكُمۖ بَلۡ هُوَ خَيۡرٌ لَّكُمۡۚ لِكُلِّ ٱمۡرِيٍٕ مِّنۡهُم مَّا ٱكۡتَسَبَ مِنَ ٱلۡإِثۡمِۚ وَٱلَّذِي تَوَلَّىٰ كِبۡرَهُۥ مِنۡهُمۡ لَهُۥ عَذَابٌ عَظِيمٌ  ۝١١
Innal lazeena jaaa`oo bilifki `usbatum minkum; laa tahsaboohu sharral lakum bal huwa khairul lakum; likul limri`im minhum mak tasaba minal-ism; wallazee tawallaa kibrahoo minhum lahoo `azaabun `azeem
ဧကန်အမှန်(ဤ)မုသားစွပ်စွဲချက်ကို ဖြန့်ချီခဲ့သောသူတို့ကား အသင်တို့အနက်မှ အုပ်စု(ကလေး)တစ်ခုပင် ဖြစ်၏။ အသင်တို့သည် မိမိတို့နှင့်ပတ်သက်၍ ယင်းမုသားစွပ်စွဲချက်ကို ဆိုးရွားလှသည်ဟု မယူဆကြကုန်လင့်။ အမှန်စင်စစ်မှာမူကား ယင်းမုသားစွပ်စွဲချက်သည် အသင်တို့နှင့်ပတ်သက်၍ ကောင်းလှပေသည်။ ထိုအုပ်စုအနက် အသီးသီး၌ မိမိရှာဖွေဆည်းပူးခဲ့သော ပြစ်မှုသည်ရှိပေသည်။ ထိုမှတစ်ပါး ယင်းမုသားစွပ်စွဲမှု(ကိုဖြန့်ချီရာ၌) (အများဆုံး တာဝန်ယူ ဆောင်ရွက်ခဲ့သော)သူ၌မူ အလွန်ကြီးလေးလှသော ပြစ်ဒဏ်သည် ရှိပေသတည်း။
🎤 Your recording:
24:12 🔁 0/5
لَّوۡلَآ إِذۡ سَمِعۡتُمُوهُ ظَنَّ ٱلۡمُؤۡمِنُونَ وَٱلۡمُؤۡمِنَٰتُ بِأَنفُسِهِمۡ خَيۡرًا وَقَالُواْ هَٰذَآ إِفۡكٌ مُّبِينٌ  ۝١٢
Law laaa iz sami`tumoohu zannal mu`minoona walmu`minaatu bi anfusihim khairanw wa qaaloo haazaaa ifkum mmubeen
ယင်းမုသားစွပ်စွဲချက်ကို အသင်တို့ကြားသိခဲ့စဉ်က ‘မုအ်မင်န်’ ယောက်ျားတို့သည်လည်းကောင်း၊ ‘မုအ်မင်န်’ မိန်းမတို့သည်လည်းကောင်း၊ မိမိတို့ အချင်းချင်းနှင့်ပက်သက်၍ အဘယ်ကြောင့် ကောင်းမွန်သော ထင်မြင်ချက်ကို မထင်မြင်မ ယူဆခဲ့ကြသနည်း။ ထိုမှတစ်ပါး ထို ‘မုအ်မင်န်’ ယောက်ျား မိန်းမတို့က ဤသည် ထင်ရှားလှစွာသော မုသားစွပ်စွဲချက်ပင် ဖြစ်သည်ဟု အဘယ်ကြောင့် မပြောဆိုခဲ့ကြသနည်း။
🎤 Your recording:
24:13 🔁 0/5
لَّوۡلَا جَآءُو عَلَيۡهِ بِأَرۡبَعَةِ شُهَدَآءَۚ فَإِذۡ لَمۡ يَأۡتُواْ بِٱلشُّهَدَآءِ فَأُوْلَٰٓئِكَ عِندَ ٱللَّهِ هُمُ ٱلۡكَٰذِبُونَ  ۝١٣
Law laa jaaa`oo `alaihi bi-arba`ati shuhadaaa`; fa iz lam yaatoo bishshuhadaaa`i fa ulaaa `ika `indal laahi humul kaaziboon
ထို(မုသားစွပ်စွဲခဲ့ကြသော)လူစုသည် အဘယ်ကြောင့် ယင်းစွပ်စွဲချက်နှင့် စပ်လျဉ်း၍ သက်သေလေးယောက် တင်မပြခဲ့ကြသနည်း။ စင်စစ် ၎င်းတို့သည် သက်သေတင်မပြခဲ့ကြသောကြောင့် ၎င်းတို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ မုသာဝါဒီများ ဖြစ်ကြကုန်သတည်း။
🎤 Your recording:
24:14 🔁 0/5
وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ لَمَسَّكُمۡ فِي مَآ أَفَضۡتُمۡ فِيهِ عَذَابٌ عَظِيمٌ  ۝١٤
Wa law laa fadlul laahi `alaikum wa rahmatuhoo fiddunyaa wal aakhirati lamassakum fee maaa afadtum feehi `azaabun `azeem
စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ထိုအရှင်၏ ကရုဏာတော်သည် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ မရှိခဲ့လျှင် အသင်တို့ နစ်မွန်းလျှက် ရှိခဲ့ကြသောကိစ္စနှင့် စပ်လျဉ်း၍ အသင်တို့၌ အလွန်ကြီးလေးလှ�ွာသော ပြစ်ဒဏ်သည် အမှန်ပင်သက်ရောက်ခဲ့ပြီး ဖြစ်ချေသည်။
🎤 Your recording:
24:15 🔁 0/5
إِذۡ تَلَقَّوۡنَهُۥ بِأَلۡسِنَتِكُمۡ وَتَقُولُونَ بِأَفۡوَاهِكُم مَّا لَيۡسَ لَكُم بِهِۦ عِلۡمٌ وَتَحۡسَبُونَهُۥ هَيِّنًا وَهُوَ عِندَ ٱللَّهِ عَظِيمٌ  ۝١٥
iz talaqqawnahoo bi alsinatikum wa taqooloona bi afwaahikum maa laisa lakum bihee `ilmunw wa tahsaboo nahoo haiyinanw wa huwa `indl laahi `azeem
အကြင်အခါ၌ အသင်တို့သည် ယင်းကိစ္စကို မိမိတို့လျှာများဖြင့် လက်ခံပြောဆိုနေခဲ့ကြ၏။ ထို့ပြင် မိမိတို့ အလျှင်းမသိသော အကြောင်းကိစ္စကို မိမိတို့နှုတ်များဖြင့် မြွက်ဆိုနေခဲ့ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ယင်းကိစ္စကို ပေါ့ပေါ့ဆဆ သာမန်ကိစ္စဟု ထင်မှတ်နေကြကုန်၏။ အမှန်စင် စစ်မှာမူကား ယင်းကိစ္စသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန်ကြီးလေးလှသောကိစ္စပင် ဖြစ်ချေသတည်း။
🎤 Your recording:
24:16 🔁 0/5
وَلَوۡلَآ إِذۡ سَمِعۡتُمُوهُ قُلۡتُم مَّا يَكُونُ لَنَآ أَن نَّتَكَلَّمَ بِهَٰذَا سُبۡحَٰنَكَ هَٰذَا بُهۡتَٰنٌ عَظِيمٌ  ۝١٦
Wa law laaa iz sami`tu moohu qultum maa yakoonu lanaaa an natakallama bihaazaa Subhaanaka haaza buhtaanun `azeem
၎င်းပြင် အသင်တို့သည် ယင်းမုသားစွပ်စွဲချက်ကို ကြားခဲ့ကြသောအခါ "(အို-အလ္လာဟ်အရှင်မြတ်) အရှင်မြတ် သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ကျွန်ုပ်တို့သည် ဤသည်ကို (မိမိတို့နှုတ်ဖြင့်) ပြောဆိုကြရန် အလျှင်းမထိုက်။ ဤသည် ကြီးကျယ်လှစွာသော သွားပုပ်လေလွင့် မတရားပြောဆိုချက်မျှသာဖြစ်ပေသည်" ဟု အဘယ်ကြောင့် မပြောဆိုခဲ့ကြသနည်း။
🎤 Your recording:
24:17 🔁 0/5
يَعِظُكُمُ ٱللَّهُ أَن تَعُودُواْ لِمِثۡلِهِۦٓ أَبَدًا إِن كُنتُم مُّؤۡمِنِينَ  ۝١٧
Ya`izukumul laahu an ta`oodoo limisliheee abadan in kuntum mu`mineen
အကယ်၍ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ ဖြစ်ကြပါလျှင် အသင်တို့သည် ယင်းကဲ့သို့သော အပြုအမူမျိုးကို နောက်ထပ်၍ မပြုရန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဆုံးမတော် မူလေသည်။
🎤 Your recording:
24:18 🔁 0/5
وَيُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِۚ وَٱللَّهُ عَلِيمٌ حَكِيمٌ  ۝١٨
Wa yubaiyinul laahu lakumul Aayaat; wallaahu `Aleemun Hakeem
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အမိန့်ပညတ်တော်များကို ရှင်းလင်းစွာ မိန့်ကြားတော်မူပေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
24:19 🔁 0/5
إِنَّ ٱلَّذِينَ يُحِبُّونَ أَن تَشِيعَ ٱلۡفَٰحِشَةُ فِي ٱلَّذِينَ ءَامَنُواْ لَهُمۡ عَذَابٌ أَلِيمٌ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ  ۝١٩
Innal lazeena yuhibboona an tashee`al faahishatu fil lazeena aamanoo lahum `azaabun aleemun fid dunyaa wal Aakhirah; wallaahu ya`lamu wa antum laa ta`lamoon
ဧကန်စင်စစ် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သော သူတို့တွင် မဖွယ်မရာ ညစ်ညမ်းသောစကားပျံ့ပွားခြင်းကို နှစ်သက်လိုလားသောသူတို့၌ (ဤ) မျက်မှောက်လောကီဘဝတွင်လည်းကောင်း၊ တမလွန်ဘဝတွင်လည်းကောင်း၊ ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်သည်ရှိပေမည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သိရှိတော်မူ၏။ အသင်တို့မူကား မသိနားမလည်ကြချေ။
🎤 Your recording:
24:20 🔁 0/5
وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ وَأَنَّ ٱللَّهَ رَءُوفٌ رَّحِيمٌ  ۝٢٠
Wa law laa fadlul laahi `alaikum wa rahmatuhoo wa annal laaha Ra`oofur Raheem
စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် ထိုအရှင်မြတ်၏ကရုဏာတော်မရှိခဲ့မူ(အမှန်ပင် အသင်တို့၌ ပြစ်ဒဏ်ကို အဆောတလျင် သက်ရောက်စေတော်မူခဲ့ပေမည်)။ သို့ရာတွင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ သနားကြင် နာတော်မူထသောအရှင်၊ အလွန်တရာ ကရုဏာပြုတော်မူထသောအရှင် ဖြစ်တော်မူပေသည်။ (သို့ဖြစ်ပေရာ အသင်တို့အား တောင်းပန် ဝန်ချနိုင်ရန် အခြေအနေကို ဖန်တီး၍ ပေးသနားတော်မူခဲ့ပေသည်။)
🎤 Your recording:
24:21 🔁 0/5
۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ وَمَن يَتَّبِعۡ خُطُوَٰتِ ٱلشَّيۡطَٰنِ فَإِنَّهُۥ يَأۡمُرُ بِٱلۡفَحۡشَآءِ وَٱلۡمُنكَرِۚ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ مَا زَكَىٰ مِنكُم مِّنۡ أَحَدٍ أَبَدًا وَلَٰكِنَّ ٱللَّهَ يُزَكِّي مَن يَشَآءُۗ وَٱللَّهُ سَمِيعٌ عَلِيمٌ  ۝٢١
Yaaa aiyuhal lazeena aamanoo laa tattabi`oo khutuwaatish Shaitaan; wa many-yattabi` khutuwaatish Shaitaani fa innahoo yaamuru bilfahshaaa`i walmunkar; wa law laa fadlul laahi `alaikum wa rahmatuhoo maa zakaa minkum min ahadin abadanw wa laakinnal laaha yuzakkee many-yashaaa`; wallaahu Samee`un `Aleem
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကို မလိုက်ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကိုလိုက်ပါလျှင် ဧကန်မလွဲ ထိုရှိုင်တွာန်မိစ္ဆာကောင်သည်(ထိုသူအား)ရှက်ဖွယ်ကိစ္စနှင့် မကောင်းမှုဒုစရိုက် ကိုသာလုပ်ရန် ညွှန်ကြားပေမည်။ စင်စစ် အကယ်၍သာ အသင်တို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့်ကရုဏာတော် မရှိခဲ့လျှင် အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်အခါမျှပင်(ဝန်ချတောင်းပန်၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား(ဝန်ချတောင်းပန်ခွင့်ပြုတော်မူ၍) စင်ကြယ်သန့်ရှင်းလွတ်ကင်းစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🎤 Your recording:
24:22 🔁 0/5
وَلَا يَأۡتَلِ أُوْلُواْ ٱلۡفَضۡلِ مِنكُمۡ وَٱلسَّعَةِ أَن يُؤۡتُوٓاْ أُوْلِي ٱلۡقُرۡبَىٰ وَٱلۡمَسَٰكِينَ وَٱلۡمُهَٰجِرِينَ فِي سَبِيلِ ٱللَّهِۖ وَلۡيَعۡفُواْ وَلۡيَصۡفَحُوٓاْۗ أَلَا تُحِبُّونَ أَن يَغۡفِرَ ٱللَّهُ لَكُمۡۚ وَٱللَّهُ غَفُورٌ رَّحِيمٌ  ۝٢٢
Wa laa yaatali ulul fadli minkum wassa`ati ai yu`tooo ulil qurbaa walmasaakeena walmuhaajireena fee sabeelillaahi walya`foo walyasfahoo; alaa tuhibboona ai yaghfiral laahu lakum; wal laahu Ghafoorur Raheem
၎င်းပြင် အသင်တို့အနက် ဂုဏ်အသရေနှင့် ကုံလုံကြွယ်ဝမှုရှိသောသူများသည် �ွေရင်းမျိုးရင်းများအားလည်းကောင်း၊ သူဆင်းရဲများအားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ (မိမိတို့၏ အိုးအိမ်စည်းစိမ်တို့ကို စွန့်၍ မဒီနာမြို့သို့) ရွှေ့ပြောင်းလာခဲ့ကြသော မုဟာဂျိရ်များအားလည်းကောင်း၊ (အကူအညီ အထောက်အပံ့) မပေးကြတော့ပါဟူ၍ ကျိန်ဆိုခြင်းမပြုကြရာ။ စင်စစ် ၎င်းတို့သည်(ထိုသူတို့ အား)ခွင့်လွှတ်သင့်ကြပေသည်။ ၎င်းပြင် လျစ်လျူပြုသင့်ကြပေ သည်။ အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က အပြစ်မှ ခွင့်လွှတ်ချမ်းသာ ပေးတော်မူသည်ကို မနှစ်သက် မလိုလားကြလေသလော။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူသောအရှင် အလွန်တရာ သနားညှာတာ ကရုဏာပြုတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
24:23 🔁 0/5
إِنَّ ٱلَّذِينَ يَرۡمُونَ ٱلۡمُحۡصَنَٰتِ ٱلۡغَٰفِلَٰتِ ٱلۡمُؤۡمِنَٰتِ لُعِنُواْ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَلَهُمۡ عَذَابٌ عَظِيمٌ  ۝٢٣
Innal lazeena yarmoonal muhsanaatil ghaafilaatil mu`minaati lu`inoo fid dunyaa wal Aakhirati wa lahum `azaabun `azeem
ဧကန်စင်စစ် ကာမဂုဏ်ကိုချုပ်တည်းသော၊ ရိုးသားဖြောင့်မတ်၍ သတိမမူသော ‘မုအ်မင်န်’ အမျိုးသမီးများအား (မဟုတ်မမှန် မတရား)စွပ်စွဲကြကုန် သောသူတို့သည် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို ခံကြရပေမည်။ ထိုမှတပါး ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည်(လည်း) ရှိပေမည်။
🎤 Your recording:
24:24 🔁 0/5
يَوۡمَ تَشۡهَدُ عَلَيۡهِمۡ أَلۡسِنَتُهُمۡ وَأَيۡدِيهِمۡ وَأَرۡجُلُهُم بِمَا كَانُواْ يَعۡمَلُونَ  ۝٢٤
Yawma tashhhadu `alaihim alsinatuhum wa aideehim wa arjuluhum bimaa kaanoo ya`maloon
အကြင်နေ့တွင်(ထိုနေ့တွင်) ထိုသူတို့၏ နူတ်လျှာများသည်လည်းကောင်း၊ ထိုသူတို့၏ ခြေလက်များသည်လည်းကောင်း၊ ထိုသူတို့နှင့်ဆန့်ကျင်ကာ ထိုသူတို့ ကျင့်မူခဲ့သမျှတို့ကို သက်သေခံကြပေမည်။
🎤 Your recording:
24:25 🔁 0/5
يَوۡمَئِذٍ يُوَفِّيهِمُ ٱللَّهُ دِينَهُمُ ٱلۡحَقَّ وَيَعۡلَمُونَ أَنَّ ٱللَّهَ هُوَ ٱلۡحَقُّ ٱلۡمُبِينُ  ۝٢٥
Yawma`iziny yuwaf feehimul laahu deenahumul haqqa wa ya`lamoona annal laaha Huwal Haqqul Mubeen
ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့နှင့်ထိုက်တန်သောအစားကို အပြည့်အဝ ပေးတော်မူပေမည်။ ထို့ပြင် ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်တော်မူသောအရှင် (အကြောင်း ကိစ္စများကို) ထင်ရှားစေတော်မူသောအရှင် ဖြစ်တော်မူကြောင်း ကို ၎င်းတို့သိရှိကြပေမည်။
🎤 Your recording:
24:26 🔁 0/5
ٱلۡخَبِيثَٰتُ لِلۡخَبِيثِينَ وَٱلۡخَبِيثُونَ لِلۡخَبِيثَٰتِۖ وَٱلطَّيِّبَٰتُ لِلطَّيِّبِينَ وَٱلطَّيِّبُونَ لِلطَّيِّبَٰتِۚ أُوْلَٰٓئِكَ مُبَرَّءُونَ مِمَّا يَقُولُونَۖ لَهُم مَّغۡفِرَةٌ وَرِزۡقٌ كَرِيمٌ  ۝٢٦
Alkhabeesaatu lilkha beeseena walkhabeesoona lilkhabeesaati wattaiyibaatu littaiyibeena wattaiyiboona littaiyibaat; ulaaa`ika mubar ra`oona maimma yaqooloona lahum maghfiratunw wa rizqun kareem
ယုတ်မာသောမိန်းမများသည် ယုတ်မာသော ယောက်ျားများနှင့်သာ ထိုက်ကြပေသည်။ ထိုနည်းတူစွာ ယုတ်မာသောယောက်ျားများမှာလည်း ယုတ်မာသော မိန်းမများနှင့် ထိုက်တန်ကြကုန်၏။ ၎င်းပြင် မွန်မြတ်သောမိန်းမများသည် မွန်မြတ်သောယောက်ျားများနှင့်သာ ထိုက်တန်ကြပေသည်။ ထိုနည်းတူစွာ မွန်မြတ်သောယောက်ျားများသည်လည်း မွန်မြတ်သောမိန်းမများနှင့် ထိုက်တန်ကြကုန်၏။ ထို(မွန်မြတ် သောယောက်ျား-မိန်းမ)တို့မှာ မူကား ၎င်း(မုနာဖစ်က်)တို့၏ ပြောဆို(စွပ်စွဲ)ချက်များမှ (လုံးဝ) ကင်းရှင်းသူများပင် ဖြစ်ကြပေသည်။ ထိုသူတို့အဖို့ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်သည် လည်းကောင်း၊ မွန်မြတ်လှစွာသော စားနပ်ရိက္ခာသည် လည်းကောင်း၊ ရှိပေသတည်း။
🎤 Your recording:
24:27 🔁 0/5
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَدۡخُلُواْ بُيُوتًا غَيۡرَ بُيُوتِكُمۡ حَتَّىٰ تَسۡتَأۡنِسُواْ وَتُسَلِّمُواْ عَلَىٰٓ أَهۡلِهَاۚ ذَٰلِكُمۡ خَيۡرٌ لَّكُمۡ لَعَلَّكُمۡ تَذَكَّرُونَ  ۝٢٧
Yaaa aiyuhal lazeena aamanoo laa tadkhuloo buyootan ghaira buyootikum hatta tastaanisoo wa tusallimoo `allaa ahlihaa; zaalikum khairul lakum la`allakum tazakkaroon
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို၊ အသင်တို့သည် မိမိတို့အိမ်များမှတစ်ပါး အခြားအိမ်များအတွင်းသို့(ထိုအိမ်သားများထံမှ) ခွင့်ရယူခြင်း၊ ထိုအိမ်သားများအပေါ် ၌’စလာမ်’ မေတ္တာပို့သခြင်း၊ မပြုသမျှကာလပတ်လုံး ဝင်ရောက်ခြင်းကို မပြုကြကုန်လင့်။ ဤ(ခွင့်ရယူခြင်းနှင့်’စလာမ်’ မေတ္တာ ပို့သခြင်းတို့သည်)ကား အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ပေသည်။ သို့မှသာလျှင် အသင်တို့သည် သတိဝီရိယ ပြုကြပေမည်။
🎤 Your recording:
24:28 🔁 0/5
فَإِن لَّمۡ تَجِدُواْ فِيهَآ أَحَدًا فَلَا تَدۡخُلُوهَا حَتَّىٰ يُؤۡذَنَ لَكُمۡۖ وَإِن قِيلَ لَكُمُ ٱرۡجِعُواْ فَٱرۡجِعُواْۖ هُوَ أَزۡكَىٰ لَكُمۡۚ وَٱللَّهُ بِمَا تَعۡمَلُونَ عَلِيمٌ  ۝٢٨
Fa il lam tajidoo feehaaa ahadan falaa tadkhuloohaa hattaa yu`zana lakum wa in qeela lakumurji`oo farji`oo huwa azkaa lakum; wallaahu bimaa ta`maloona `Aleem
တစ်ဖန် အကယ်၍ အသင်တို့သည် ထိုအိမ်များတွင် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြလျှင်၊ အသင်တို့သည် မိမိတို့�� အခွင့်မရရှိသမျှ ကာလပတ်လုံး ထိုအိမ်များအတွင်းသို့ မဝင်ကြကုန်လင့်။ ၎င်းပြင် အကယ်၍ အသင်တို့အား ပြန်ကြကုန်ဟု ပြောဆိုခဲ့လျှင် အသင်တို့သည် ပြန်ခဲ့ကြလေကုန်။ ထို(သို့ပြန်လာခြင်း)သည် အသင်တို့အဖို့ အစင်ကြယ်အမွန်မြတ် ဆုံးပင်ဖြစ်ချေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။
🎤 Your recording:
24:29 🔁 0/5
لَّيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَدۡخُلُواْ بُيُوتًا غَيۡرَ مَسۡكُونَةٍ فِيهَا مَتَٰعٌ لَّكُمۡۚ وَٱللَّهُ يَعۡلَمُ مَا تُبۡدُونَ وَمَا تَكۡتُمُونَ  ۝٢٩
Laisa `alaikum junaahun ann tadkhuloo buyootan ghaira maskoonatin feeha mataa`ul lakum; wallaahu ya`lamu maa tubdoona wa maa taktumoon
အသင်တို့သည် လူမနေသောအိမ်များတွင် အသင်တို့၏ (ကိုယ်ရေးကိုယ်တာ) အကျိုးကျေးဇူး ဥစ္စာပစ္စည်း တစ်စုံတစ်ရာရှိ၍ ထိုအိမ်များအတွင်းသို့ ဝင်ရောက်ခဲ့ကြသော် အသင်တို့၌ မည်သို့မျှအပြစ်မရှိချေ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထင်ရှားစေကြသော ကိစ္စများကို လည်းကောင်း၊ အသင်တို့ လျှို့ဝှက်သောကိစ္စများကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။
🎤 Your recording:
24:30 🔁 0/5
قُل لِّلۡمُؤۡمِنِينَ يَغُضُّواْ مِنۡ أَبۡصَٰرِهِمۡ وَيَحۡفَظُواْ فُرُوجَهُمۡۚ ذَٰلِكَ أَزۡكَىٰ لَهُمۡۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا يَصۡنَعُونَ  ۝٣٠
Qul lilmu` mineena yaghuuddoo min absaarihim wa yahfazoo furoojahum; zaalika azkaa lahum; innallaaha khabeerum bimaa yasna`oon
(အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထားရမည်ဟူ၍လည်းကောင်း၊ ထို့ပြင် မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။ ဤသည် ၎င်းတို့အဖို့ အစင်ကြယ်ဆုံးပင် ဖြစ်ပေသည်။ ဧကန် မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
24:31 🔁 0/5
وَقُل لِّلۡمُؤۡمِنَٰتِ يَغۡضُضۡنَ مِنۡ أَبۡصَٰرِهِنَّ وَيَحۡفَظۡنَ فُرُوجَهُنَّ وَلَا يُبۡدِينَ زِينَتَهُنَّ إِلَّا مَا ظَهَرَ مِنۡهَاۖ وَلۡيَضۡرِبۡنَ بِخُمُرِهِنَّ عَلَىٰ جُيُوبِهِنَّۖ وَلَا يُبۡدِينَ زِينَتَهُنَّ إِلَّا لِبُعُولَتِهِنَّ أَوۡ ءَابَآئِهِنَّ أَوۡ ءَابَآءِ بُعُولَتِهِنَّ أَوۡ أَبۡنَآئِهِنَّ أَوۡ أَبۡنَآءِ بُعُولَتِهِنَّ أَوۡ إِخۡوَٰنِهِنَّ أَوۡ بَنِيٓ إِخۡوَٰنِهِنَّ أَوۡ بَنِيٓ أَخَوَٰتِهِنَّ أَوۡ نِسَآئِهِنَّ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُنَّ أَوِ ٱلتَّٰبِعِينَ غَيۡرِ أُوْلِي ٱلۡإِرۡبَةِ مِنَ ٱلرِّجَالِ أَوِ ٱلطِّفۡلِ ٱلَّذِينَ لَمۡ يَظۡهَرُواْ عَلَىٰ عَوۡرَٰتِ ٱلنِّسَآءِۖ وَلَا يَضۡرِبۡنَ بِأَرۡجُلِهِنَّ لِيُعۡلَمَ مَا يُخۡفِينَ مِن زِينَتِهِنَّۚ وَتُوبُوٓاْ إِلَى ٱللَّهِ جَمِيعًا أَيُّهَ ٱلۡمُؤۡمِنُونَ لَعَلَّكُمۡ تُفۡلِحُونَ  ۝٣١
Wa qul lilmu`minaati yaghdudna min absaarihinna wa yahfazna furoojahunna wa laa yubdeena zeenatahunna illaa maa zahara minhaa walyadribna bikhumurihinna `alaa juyoobihinna wa laa yubdeena zeenatahunna illaa libu`oolatihinna aw aabaaa`i hinna aw aabaaa`i bu`oolati hinna aw abnaaa`ihinaa aw abnaaa`i bu`oolatihinnna aw ikhwaanihinnna aw baneee ikhwaanihinna aw banee akhawaatihinna aw nisaaa`i hinna aw maa malakat aimaanuhunna awit taabi`eena ghairi ilil irbati minar rijaali awit tiflillazeena lam yazharoo `alaa `awraatin nisaaa`i wala yadribnna bi arjulihinna min zeenatihinn; wa toobooo ilallaahi jammee`an aiyuhal mu`minoona la`allakum tuflihoon
(အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား (ဤသို့) ပြောကြားပါ လေ။ ၎င်းတို့သည် မိမိတို့မျက်စိများကို အောက်သို့နှိမ့်၍စိုက်၍ ထားရှိကြရမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အရှက်အင်္ဂါများကို(ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်းကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ပေါ်၍နေတတ်သောမိမိတို့၏အလှ မှတစ်ပါး ကျန်အလှအပတို့ကို မပေါ်ကြစေရ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အပေါ်ရုံများ(ဦးခေါင်းခြုံလွှာများ)ကို မိမိတို့၏ ရင်ဘတ်များအပေါ်သို့ ချထားကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အလှကို မိမိတို့၏ လင်ယောက်ျားများ၊ သို့မဟုတ်မိမိတို့၏ဖခင်များ၊ သို့မဟုတ်မိမိတို့၏လင်ယောက်ျားများ၏ဖခင်များ၊ သို့မဟုတ်မိမိတို့၏သားများ၊ သို့မဟုတ် မိမိတို့၏လင်ယောက်ျားများ၏သားများ၊ သို့မဟုတ်မိမိတို့၏အစ်ကိုများ၊ မောင်များ၏သားများ၊ သို့မဟုတ်မိမိတို့၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ်မိမိတို့၏ (သာသနာဝင်)မိန်းမချင်းများ၊ သို့တည်းမဟုတ် မိမိတို့လက်ယာလက်များက ပိုင်ဆိုင်သောမိန်းမများ (ဝါ)ကျွန်မများ၊ သို့တည်းမဟုတ် ယောက်ျားများအနက်မှ (မိန်းမများကို)အလိုမရှိသော (မိမိတို့)လက်အောက်ခံများ သို့ မဟုတ် မိန်းမများ၏အတွင်းရေး လျှို့ဝှက်ချက်များကို မသိနား မလည်ကြသေးသော ကလေးသူငယ်များ၊ ရှေ့မှတစ်ပါး အခြား မည်သူ၏ ရှေ့၌မျှ မဖော်ကြရ။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့လျှို့ဝှက်ထား ကြသောတန်ဆာများကို(သူတစ်ပါးတို့)သိရှိရန် မိမိတို့၏ခြေများကို ဆောင့်၍မနင်းကြရ။ ထို့ပြင် အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ဝန်ချတောင်းပန်ကြလေကုန်။
🎤 Your recording:
24:32 🔁 0/5
وَأَنكِحُواْ ٱلۡأَيَٰمَىٰ مِنكُمۡ وَٱلصَّٰلِحِينَ مِنۡ عِبَادِكُمۡ وَإِمَآئِكُمۡۚ إِن يَكُونُواْ فُقَرَآءَ يُغۡنِهِمُ ٱللَّهُ مِن فَضۡلِهِۦۗ وَٱللَّهُ وَٰسِعٌ عَلِيمٌ  ۝٣٢
Wa ankihul ayaamaa minkum was saaliheena min `ibaadikum wa imaa`kum; iny-yakoonoo fuqaraaa`a yughni himul laahu min fadlih; wal laahu Waasi`un `Aleem
ထို့ပြင် အသင်တို့သည် မိမိတို့အနက် ကြင်ဖော်ကြင်ဖက်မရှိသော ယောက်ျားမိန်းမတို့အားလည်းကောင်း၊ မိမိတို့၏ ကျွန်-ကျွန်မများအနက်(ထိမ်း မြားရန်)အရည်အချင်းနှင့် ပြည့်စုံကြသော ကျွန်-ကျွန်မ များအားလည်းကောင်း၊ ထိမ်းမြား၍ ပေးကြလေကုန်။ အကယ်၍ ၎င်းတို့သည် သူဆင်းရဲများ ဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိကျေးဇူး တော်နှင့် ကြွယ်ဝချမ်းသာစေတော်မူမည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ချီးမြှင့်ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
🎤 Your recording:
24:33 🔁 0/5
وَلۡيَسۡتَعۡفِفِ ٱلَّذِينَ لَا يَجِدُونَ نِكَاحًا حَتَّىٰ يُغۡنِيَهُمُ ٱللَّهُ مِن فَضۡلِهِۦۗ وَٱلَّذِينَ يَبۡتَغُونَ ٱلۡكِتَٰبَ مِمَّا مَلَكَتۡ أَيۡمَٰنُكُمۡ فَكَاتِبُوهُمۡ إِنۡ عَلِمۡتُمۡ فِيهِمۡ خَيۡرًاۖ وَءَاتُوهُم مِّن مَّالِ ٱللَّهِ ٱلَّذِيٓ ءَاتَىٰكُمۡۚ وَلَا تُكۡرِهُواْ فَتَيَٰتِكُمۡ عَلَى ٱلۡبِغَآءِ إِنۡ أَرَدۡنَ تَحَصُّنًا لِّتَبۡتَغُواْ عَرَضَ ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَمَن يُكۡرِههُّنَّ فَإِنَّ ٱللَّهَ مِنۢ بَعۡدِ إِكۡرَٰهِهِنَّ غَفُورٌ رَّحِيمٌ  ۝٣٣
Wal yasta`fifil lazeena laa yajidoona nikaahan hata yughniyahumul laahu mi fadlih; wallazeena yabtaghoonal kitaaba mimmaa malakat aimaanukum fakaatiboohum in `alimtum feehim khairanw wa aatoohum mimmaalil laahil lazeee aataakum; wa laa tukrihoo fatayaatikum `alal bighaaa`i in aradna tahassunal litabtaghoo `aradal hayaatid dunyaa; wa mai yukrihhunna fa innal laaha mim ba`di ikraahihinna Ghafoor Raheem
သို့ရာတွင် ထိမ်းမြားရန်အလို့ငှာ(စားရိတ်ငွေကြေး) မရှိကြသောသူတို့မူကား အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးဇူးတော်ဖြင့် ၎င်းတို့အား ကုံလုံကြွယ်ဝစေတော်မူသည်အထိ (မိမိတို့၏) ကာယိန္ဒြေကို စောင့်စည်း၍နေကြရမည်။ ထို့ပြင် အသင်တို့၏ ကျေးကျွန်များအနက် အကြင်သူတို့သည်(ကျွန်ဘဝမှလွတ်မြောက်ရန်)ကတိစာချုပ်ကိုချုပ်ဆိုလိုကြ၏။ အကယ်၍ အသင်တို့သည် ထိုသူတို့၌ ကောင်းကျိုးတစ်စုံတစ်ရာကို တွေ့ ရှိခဲ့ကြလျှင် ၎င်းတို့နှင့် ကတိစာချုပ်ကို ချုပ်ဆိုကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ အကြင်ပစ္စည်းအနက်မှလည်း ပေးကမ်းကြလေကုန်။ ထိုအရှင်မြတ်သည် (ယင်းပစ္စည်းကို) အသင်တို့အား ချီးမြှင့်ထားတော်မူ၏။ ထို့ပြင် အသင်တို့သည် မိမိတို့၏ ကျွန်မများအား(အထူးသဖြင့်) ၎င်းတို့သည် ကာယိန္ဒြေစောင့်စည်းရန် လိုလားကြလျှင် အသင်တို့သည် မျက်မှောက်လောကီဘ၀၏ ပစ္စည်းဥစ္စာရရှိအံ့သောငှာ (ထိုကျွန်မများအား) ပြည့်တန်ဆာလုပ်ငန်း ပြုလုပ်ကြရန် အတင်းအကျပ် မပြုလုပ်ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို၎င်းတို့အား အတင်းအကျပ်ပြုလုပ်စေခဲ့သည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ထိုကျွန်မများ အတင်းအကျပ်ပြုစေခြင်းကို ခံကြရပြီးနောက် အလွန်တရာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
🎤 Your recording:
24:34 🔁 0/5
وَلَقَدۡ أَنزَلۡنَآ إِلَيۡكُمۡ ءَايَٰتٍ مُّبَيِّنَٰتٍ وَمَثَلًا مِّنَ ٱلَّذِينَ خَلَوۡاْ مِن قَبۡلِكُمۡ وَمَوۡعِظَةً لِّلۡمُتَّقِينَ  ۝٣٤
Wa laqad anzalnaaa ilaikum Aayaatim mubaiyinaatinw wa masalam minnal lazeena khalaw min qablikum wa maw`izatal lilmuttaqeen
ထို့ပြင် စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အမိန့်ပညတ်တော်များကိုလည်းကောင်း၊ အသင်တို့အလျင် လွန်လေပြီးသော ရှေးသူဟောင်းတို့၏ အလားတူ အတ္ထုပ္ပတ္တိများကိုလည်းကောင်း၊ သူမွန်သူ မြတ်တို့အကျိုးငှာ ဆုံးမဩဝါဒကိုလည်းကောင်း၊ ချပေးသနား တော်မူခဲ့ပေသတည်း။
🎤 Your recording:
24:35 🔁 0/5
۞ ٱللَّهُ نُورُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ مَثَلُ نُورِهِۦ كَمِشۡكَوٰةٍ فِيهَا مِصۡبَاحٌۖ ٱلۡمِصۡبَاحُ فِي زُجَاجَةٍۖ ٱلزُّجَاجَةُ كَأَنَّهَا كَوۡكَبٌ دُرِّيٌّ يُوقَدُ مِن شَجَرَةٍ مُّبَٰرَكَةٍ زَيۡتُونَةٍ لَّا شَرۡقِيَّةٍ وَلَا غَرۡبِيَّةٍ يَكَادُ زَيۡتُهَا يُضِيٓءُ وَلَوۡ لَمۡ تَمۡسَسۡهُ نَارٌۚ نُّورٌ عَلَىٰ نُورٍۚ يَهۡدِي ٱللَّهُ لِنُورِهِۦ مَن يَشَآءُۚ وَيَضۡرِبُ ٱللَّهُ ٱلۡأَمۡثَٰلَ لِلنَّاسِۗ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٌ  ۝٣٥
Allaahu noorus samaawaati wal ard; masalu noorihee kamishkaatin feehaa misbaah; almisbaahu fee zujaajatin azzujaajatu ka annahaa kawkabun durriyyuny yooqadu min shajaratim mubaarakatin zaitoonatil laa shariqiyyatinw wa laa gharbiyyatiny yakaadu zaituhaa yudeee`u wa law alm tamsashu naar; noorun `alaa noor; yahdil laahu linoorihee mai yashaaa`; wa yadribul laahul amsaala linnaas; wallaahu bikulli shai`in Aleem
အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ပထဝီမြေ၏ ရောင်ခြည်တော် ဖြစ်တော်မူ၏။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် ပထဝီမြေနှင့် မိုးကောင်းကင်များတွင်ရှိသူတို့အား ဓမ္မရောင်ခြည်ပေးတော်မူသော အရှင်ဖြစ်တော်မူသည်)။ ထိုအရှင်မြတ်၏ (ဓမ္မ)ရောင်ခြည်တော်၏ ဥပမာကား နံရံတွင်းရှိ အကြင်ဂူလိုဏ်နှင့် အလားတူပေသည်။ ထိုဂူလိုဏ်အတွင်းဝယ် ဆီမီးတစ်ခုရှိ၏။ ထိုဆီမီးမှာ မှန်အိမ်တစ်ခုအတွင်း၌ ရှိပေသည်။ ထိုမှန်အိမ်မှာမူကား ထွန်�လင်းတောက်ပသော ကြယ်တာရာတစ်လုံးကဲ့သို့ပင် ယင်းဆီမီးမှာ ကောင်းချီး မင်္ဂလာနှင့်ပြည့်စုံသော သစ်ပင်မှ သံလွင်ဆီဖြင့် ထွန်းရလေသည်။ ထိုသစ်ပင်မှာမူကား အကာအကွယ်တစ်ခုခု၏ အရှေ့ဘက်၌ ကျသည်လည်းမဟုတ်၊ အနောက်ဘက်၌ ကျသည်လည်းမဟုတ်ပေ။ ထိုသစ်ပင်၏အဆီမှာ မီးနှင့်လုံးဝ တို့မိခြင်း မရှိငြားသော်လည်း ထတောက်အံ့ဆဲဆဲ ဖြစ်နေပေသည်။ (အမှန်သော်ကား)ရောင်ခြည်ပေါ်၌ ရောင်ခြည် (ထပ် လျက်ပင်) ရှိနေပေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိ၏(ဓမ္မ)ရောင်ခြည်တော်သို့ လမ်းညွှန် တော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ သိမ်းတို့ကို အကြွင်းမဲ့သိမြင်ကြားသိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
🎤 Your recording:
24:36 🔁 0/5
فِي بُيُوتٍ أَذِنَ ٱللَّهُ أَن تُرۡفَعَ وَيُذۡكَرَ فِيهَا ٱسۡمُهُۥ يُسَبِّحُ لَهُۥ فِيهَا بِٱلۡغُدُوِّ وَٱلۡأٓصَالِ  ۝٣٦
Fee buyootin azinal laahu an turfa`a wa yuzkara feehasmuhoo yusabbihu lahoo feehaa bilghuduwwi wal aasaal
(ယင်းမှန်အိမ်သည်) အကြင်အိမ်တော်များ၌ရှိ၏။ အလ္လာဟ်အရှင်မြတ်သည် ထိုအိမ်တော်များကို ရိုသေ ချီးမြှောက်ရန်လည်းကောင်း၊ ထိုအိမ်တော်များ၌ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို အောက်မေ့တသရန်လည်းကောင်း၊ အမိန့်တော် ထုတ်ပြန်ထားတော်မူ၏။ ထိုအိမ်တော်များတွင် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်းများ၌လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြ၏။
🎤 Your recording:
24:37 🔁 0/5
رِجَالٌ لَّا تُلۡهِيهِمۡ تِجَٰرَةٌ وَلَا بَيۡعٌ عَن ذِكۡرِ ٱللَّهِ وَإِقَامِ ٱلصَّلَوٰةِ وَإِيتَآءِ ٱلزَّكَوٰةِ يَخَافُونَ يَوۡمًا تَتَقَلَّبُ فِيهِ ٱلۡقُلُوبُ وَٱلۡأَبۡصَٰرُ  ۝٣٧
Rinjaalul laa tulheehim tijaaratunw wa laa bai`un `an zikril laahi wa iqaamis Salaati wa eetaaa`iz Zakaati yakkhaafoona Yawman tataqallabu feehil quloobu wal absaar
အကြင်ကဲ့သို့သော ယောက်ျားတို့သည် ထိုယောက်ျားတို့အား မည်သည့်ကုန်သွယ်မှုနှင့် မည်သည့်ရောင်း(ဝယ်ဖောက်ကား)မှုမျှပင် အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းမှလည်းကောင်း၊ ‘ဆွလာတ်’ ဝတ်ပြုမှုကို ဆောက်တည်ခြင်းမှလည်းကောင်း၊ ‘ဇကာတ်’ ပေးဆောင် ခြင်းမှလည်းကောင်း၊ အာရုံပြောင်းစေခြင်းမရှိပေ။ ထိုယောက်ျားတို့သည်ကား စိတ်နှလုံးများနှင့်မျက်စိများ ယောက်ယက်ခတ်နေမည့်နေ့ကို ကြောက်ရွံ့ စိုးရိမ်လျက် ရှိကြကုန်၏။
🎤 Your recording:
24:38 🔁 0/5
لِيَجۡزِيَهُمُ ٱللَّهُ أَحۡسَنَ مَا عَمِلُواْ وَيَزِيدَهُم مِّن فَضۡلِهِۦۗ وَٱللَّهُ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٍ  ۝٣٨
Liyajziyahumul laahu ahsana maa `amiloo wa yazeedahum min fadlih; wal laahu yarzuqu mai yashaaa`u bighairi hisaab
နောက်တွင်မူ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော ကောင်းမှုသုစရိုက်များနှင့် စပ်လျဉ်း၍ အကောင်းဆုံးသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူမည့်ပြင် မိမိကျေးဇူးတော်ဖြင့် ပို၍ပင် ချီးမြှင့်ပေးသနားတော်မူဦးမည် ဖြစ်ပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား အကန့်အသတ်မရှိ ချီးမြှင့်ပေးသနားတော်မူပေသတည်း။
🎤 Your recording:
24:39 🔁 0/5
وَٱلَّذِينَ كَفَرُوٓاْ أَعۡمَٰلُهُمۡ كَسَرَابِۭ بِقِيعَةٍ يَحۡسَبُهُ ٱلظَّمۡـَٔانُ مَآءً حَتَّىٰٓ إِذَا جَآءَهُۥ لَمۡ يَجِدۡهُ شَيۡـًٔا وَوَجَدَ ٱللَّهَ عِندَهُۥ فَوَفَّىٰهُ حِسَابَهُۥۗ وَٱللَّهُ سَرِيعُ ٱلۡحِسَابِ  ۝٣٩
Wallazeena kafarooo a`maaluhum kasaraabim biqee`atiny yahsabuhuz zamaanu maaa`an hattaaa izaa jaaa`ahoo lam yajid hu shai`anw wa wajadal laaha `indahoo fa waffaahu hisaabah; wallaahu saree`ul hisaab
သို့ရာတွင် ‘ကာဖိရ်’ မယုံမကြည် သွေဖည် ငြင်းပယ်သောသူတို့သည် ၎င်းတို့၏ပြုကျင့်မှုတို့မှာမူကား လွင်တီးပြင်၌ရှိနေသော လင်းလျှပ်ပမာဖြစ်ပေရာ ရေမွတ်သိပ်သောသူတို့သည် ထိုလင်းလျှပ်ကိုပင် ရေဟူ၍ ထင်မှတ်လေသည်။ နောက်ဆုံးတွင် ၎င်းသည် ထိုလင်းလျှပ်အနီးသို့ ရောက်လတ်သော် ထိုလင်းလျှပ်ကို တစ်စုံတစ်ရာမျှ မတွေ့ခဲ့ရသည့်အပြင် ယင်း၏အနီးတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုသာ တွေ့ရှိခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်း၏စာရင်းအင်းကို အပြည့်အဝ ရှင်းလင်းတော်မူခဲ့လေသည်။ (ဝါ)၎င်း၏သက်တမ်းကို ကုန်ဆုံးစေတော်မူခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
🎤 Your recording:
24:40 🔁 0/5
أَوۡ كَظُلُمَٰتٍ فِي بَحۡرٍ لُّجِّيٍّ يَغۡشَىٰهُ مَوۡجٌ مِّن فَوۡقِهِۦ مَوۡجٌ مِّن فَوۡقِهِۦ سَحَابٌۚ ظُلُمَٰتُۢ بَعۡضُهَا فَوۡقَ بَعۡضٍ إِذَآ أَخۡرَجَ يَدَهُۥ لَمۡ يَكَدۡ يَرَىٰهَاۗ وَمَن لَّمۡ يَجۡعَلِ ٱللَّهُ لَهُۥ نُورًا فَمَا لَهُۥ مِن نُّورٍ  ۝٤٠
Aw kazulumaatin fee bahril lujjiyyiny yaghshaahu mawjum min fawqihee mawjum min fawqihee mawjum min fawqihee sahaab; zulumatum ba`duhaa fawqa ba`din izaaa akhraja yadahoo lam yakad yaraahaa wa mal lam yaj`alil laahu lahoo noora famaa lahoo min noor
သို့တည်းမဟုတ် (ထိုကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့၏ မကောင်းမှုများသည်) အကြင် နက်ဝှမ်းသော သမုဒ္ဒရာပင်လယ်အတွင်းရှိ အမိုက်မှောင်များနှင့် ပမာတူ၏။ ထိုသမုဒ္ဒရာပင်လယ်ကို လှိုင်းတံပိုး လွှမ်းမိုးလျက်ရှိ၏။ (တစ်ဖန်) ထိုလှိုင်းတံပိုး၏ထက်ဝယ် (အခြားသော)လှိုင်းတံပိုးတစ်ခုသည်လည်း ရှိပြန်၏။ (တစ်ဖန်)ထိုလှိုင်းတံပိုး၏ထက်၌ မိုးတိမ်များလည်း ရှိနေပြန်၏။ (အချုပ်မှာ) အမိုက်မှောင်များ အပေါ်၌ အမိုက်မှောင်ထပ်လျက်ပင် ရှိနေပေရာ(အမိုက်မှောင်အထပ်ထပ်၌ရှိနေသော) အကြင်သူတစ်ဦးတစ်ယောက်သည် မိမိ၏လက်ကို ထုတ်(၍ ကြည့်)သောအခါ မြင်နိုင်ရန်လက္ခဏာမျှပင် မရှိချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က အလင်းရောင် ချီးမြှင့်တော်မမူတော့ပေ။ အလင်းရောင် စိုးစဉ်းမျှကိုပင် ရရှိနိုင်မည် မဟုတ်ပေတကား။
🎤 Your recording:
24:41 🔁 0/5
أَلَمۡ تَرَ أَنَّ ٱللَّهَ يُسَبِّحُ لَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱلطَّيۡرُ صَٰٓفَّٰتٍۖ كُلٌّ قَدۡ عَلِمَ صَلَاتَهُۥ وَتَسۡبِيحَهُۥۗ وَٱللَّهُ عَلِيمُۢ بِمَا يَفۡعَلُونَ  ۝٤١
Alam tara annal laaha yusabbihu lahoo man fissamaawaati wal ardi wat tairu saaaffaatim kullun qad `alima Salaatahoo wa tasbeehah; wallaahu `aleemum bimaa yaf`aloon
ဧကန်စင်စစ် မိုးကောင်းကင်များ၌ ရှိနေသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသူတို့သည်လည်းကောင်း၊ အတောင်ပံများ၌ဖြန့် (၍ဝဲပျံ)လျက်ရှိကြကုန်သော ငှက်တိရစ္ဆာန်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည်ကို အသင်သည် မသိမြင်ခဲ့လေသလော။ (၎င်းတို့အနက်) အသီးသီးတို့သည် မိမိတို့၏ ဆုတောင်း ပတ္တနာပြုနည်းကိုလည်းကောင်း၊ မိမိတို့၏ ဘာဝနာစီးဖြန်းပုံကိုလည်းကောင်း၊ ဧကန်အမှန်သိရှိပြီး ဖြစ်ကြကုန်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ပြုလုပ်လျက်ရှိကြသည်တို့ကို ကောင်းစွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
🎤 Your recording:
24:42 🔁 0/5
وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَإِلَى ٱللَّهِ ٱلۡمَصِيرُ  ۝٤٢
Wa lillaahi mulkus samaawaati wal ardi wa ilal laahil maseer
ထို့ပြင် မိုးကောင်းကင်တွင် စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ပထဝီမြေတွင် စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုမှတစ်ပါး(နောက်ဆုံး)ပြန်လည်ရာစခန်းသည်လည်း အလ္လာဟ်အရှင်မြတ် အထံတော်၌သာလျှင် ဖြစ်ပေသတည်း။
🎤 Your recording:
24:43 🔁 0/5
أَلَمۡ تَرَ أَنَّ ٱللَّهَ يُزۡجِي سَحَابًا ثُمَّ يُؤَلِّفُ بَيۡنَهُۥ ثُمَّ يَجۡعَلُهُۥ رُكَامًا فَتَرَى ٱلۡوَدۡقَ يَخۡرُجُ مِنۡ خِلَٰلِهِۦ وَيُنَزِّلُ مِنَ ٱلسَّمَآءِ مِن جِبَالٍ فِيهَا مِنۢ بَرَدٍ فَيُصِيبُ بِهِۦ مَن يَشَآءُ وَيَصۡرِفُهُۥ عَن مَّن يَشَآءُۖ يَكَادُ سَنَا بَرۡقِهِۦ يَذۡهَبُ بِٱلۡأَبۡصَٰرِ  ۝٤٣
Alam tara annal laaha yuzjee sahaaban summa yu`allifu bainahoo summa yaj`aluhoo rukaaman fataral wadqa yakhruju min khilaalihee wa yunazzilu minas samaaa`i min jibaalin feehaa mim barain fa yuseebu bihee mai yashaaa`u wa yasrifuhoo `am mai yashaaa`u yakkaadu sanaa barqihee yazhabu bil absaar
အသင်သည် မသိမမြင်ခဲ့လေသလော။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးတိမ်များကို တဖြည်းဖြည်း မောင်းနှင်တော်မူ၏။ ထို့နောက် ယင်းမိုးတိမ်းများကို အချင်းချင်း ပေါင်းစပ်တော်မူ၏။ ထို့နောက် ၎င်းတို့ကို အထပ်ထပ်ဖြစ်စေတော်မူ၏။ ထိုအခါ အသင်သည် ယင်းမိုးတိမ်များအကြားမှ မိုးပေါက်များထွက်၍ ရွာသွန်းလာသည်ကို တွေ့မြင်ရလေသည်။ ထိုနည်းတူ တစ်နည်း၊ ထိုအရှင်မြတ်သည် ထိုမိုးတိမ်မှပင် (ဝါ)ထိုမိုးတိမ်၏ အစိုင်အခဲကြီးများမှပင် မိုးသီးများကို ကျစေတော်မူသည်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးသီးများပါရှိသော အစိုင်အခဲကြီးများကို ကျစေတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုမိုးသီးများဖြင့် မိမိအလိုရှိတော်မူသောသူအား ထိခိုက်စေတော်မူ၍၊ မိမိအလိုရှိတော်မူသောသူမှ ယင်းမိုးသီးများကို လွှဲ ဖယ်တော်မူ၏။ ယင်းမိုးတိမ်၏ လျှပ်ပြက်ရောင်သည် စက္ခုအလင်းကို သိမ်းယူသွားအံ့ဆဲဆဲ ဖြစ်ပေသည်။
🎤 Your recording:
24:44 🔁 0/5
يُقَلِّبُ ٱللَّهُ ٱلَّيۡلَ وَٱلنَّهَارَۚ إِنَّ فِي ذَٰلِكَ لَعِبۡرَةً لِّأُوْلِي ٱلۡأَبۡصَٰرِ  ۝٤٤
Yuqallibul laahul laila wannahaar; inna fee zaalika la`ibratal li ulil absaar
အလ္လာဟ်အရှင်မြတ်သည် ညဉ့်နှင့်နေ့ကို(အလှည့်ကျ) လွှဲပြောင်းတော်မူပေသည်။ ဧကန်မလွဲ ဤသည်၌ (ဉာဏ်)မျက်စိရှိသူတို့အဖို့ (မှတ်သားဖွယ်) သင်ခန်းစာသည် အမှန်ပင် ရှိပေသတည်း။
🎤 Your recording:
24:45 🔁 0/5
وَٱللَّهُ خَلَقَ كُلَّ دَآبَّةٍ مِّن مَّآءٍۖ فَمِنۡهُم مَّن يَمۡشِي عَلَىٰ بَطۡنِهِۦ وَمِنۡهُم مَّن يَمۡشِي عَلَىٰ رِجۡلَيۡنِ وَمِنۡهُم مَّن يَمۡشِي عَلَىٰٓ أَرۡبَعٍۚ يَخۡلُقُ ٱللَّهُ مَا يَشَآءُۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ  ۝٤٥
Wallaahu khalaqa kulla daaabbatim mim maaa`in faminhum mai yamshee `alaa batnihee wa minhum mai yamshee `alaa rijlaine wa minhum mai yamshee `alaaa arba`; yakhluqul laahu maa yashaaa`; innal laaha `alaa kulli shai`in Qadeer
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သွားလာလှုပ်ရှားလျက်ရှိသော သတ္တဝါအသီးသီးကို ရေဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ တစ်ဖန် ထိုသတ္တဝါတို့တွင် မိမိဝမ်းဗိုက်ဖြင့် တွား၍သွားသော သတ္တဝါမျိုးလည်းရှိ၏။ ထို့ပြင် ၎င်းတို့တွင် ခြေနှစ်ချောင်းဖြင့်သွားသော သတ္တဝါမျိုးလည်းရှိ၏။ ထိုမှတစ် ပါး ၎င်းတို့တွင် ခြေလေးချောင်းဖြင့်သွားသော သတ္တဝါမျိုးလည်းရှိ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
24:46 🔁 0/5
لَّقَدۡ أَنزَلۡنَآ ءَايَٰتٍ مُّبَيِّنَٰتٍۚ وَٱللَّهُ يَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ  ۝٤٦
Laqad anzalnaaa Aayaatim mubaiyinaat; wallaahu yahdee mai yashaaa`u ilaa Siraatim Mustaqeem
ဧကန်စင်စစ် ငါအရှင်မြတ်သည် ထင်ရှားစွာ သက်သေလက္ခဏာတော်များကို ချပေးသနားတော်မူခဲ့သည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ညွှန်ပြပို့ဆောင်တော်မူပေသတည်း။
🎤 Your recording:
24:47 🔁 0/5
وَيَقُولُونَ ءَامَنَّا بِٱللَّهِ وَبِٱلرَّسُولِ وَأَطَعۡنَا ثُمَّ يَتَوَلَّىٰ فَرِيقٌ مِّنۡهُم مِّنۢ بَعۡدِ ذَٰلِكَۚ وَمَآ أُوْلَٰٓئِكَ بِٱلۡمُؤۡمِنِينَ  ۝٤٧
Wa yaqooloona aamannaa billaahi wa bir Rasooli wa ata`naa summa yatawallaa fareequm minhum mim ba`di zaalik; wa maaa ulaaa`ika bilmu`mineen
စင်စစ် ထို(မုနာဖစ်က်တို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ယုံကြည်ပါပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် (အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များနှင့် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်း) နာခံကြပါပြီဟု ပြောဆိုကြ လေသည်။ တစ်ဖန် ထိုသည့်နောက်တွင် ၎င်းတို့အနက် လူတစ်စုသည် ရှောင်သွေကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ မဟုတ်ကြချေ။
🎤 Your recording:
24:48 🔁 0/5
وَإِذَا دُعُوٓاْ إِلَى ٱللَّهِ وَرَسُولِهِۦ لِيَحۡكُمَ بَيۡنَهُمۡ إِذَا فَرِيقٌ مِّنۡهُم مُّعۡرِضُونَ  ۝٤٨
Wa izaa du`ooo ilal laahi wa Rasoolihee li yahkuma bainahum izaa fareequm minhum mu`ridoon
၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်ပေးတော်မူအံ့သောငှာ အခေါ်ခံကြရသောအခါ ၎င်းတို့အနက် လူတစ်စုသည် ရုတ်တရက် လွှဲရှောင်သွားကြကုန်၏။
🎤 Your recording:
24:49 🔁 0/5
وَإِن يَكُن لَّهُمُ ٱلۡحَقُّ يَأۡتُوٓاْ إِلَيۡهِ مُذۡعِنِينَ  ۝٤٩
Wa iny-yakul lahumul haqqu yaatooo ilaihi muz`ineen
သို့ရာတွင် အကယ်၍ ၎င်းတို့၌အခွင့်အရေးရှိလျှင် ၎င်းတို့သည် ထိုရစူလ်တမန်တော်မြတ်သို့ ကျိုးနွံစွာနှင့် ရောက်ရှိလာကြကုန်၏။
🎤 Your recording:
24:50 🔁 0/5
أَفِي قُلُوبِهِم مَّرَضٌ أَمِ ٱرۡتَابُوٓاْ أَمۡ يَخَافُونَ أَن يَحِيفَ ٱللَّهُ عَلَيۡهِمۡ وَرَسُولُهُۥۚ بَلۡ أُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ  ۝٥٠
Afee quloobihim ma radun amirtaabooo am yakhaafoona ani yaheefallaahu `alaihim wa Rasooluh; bal ulaaa`ika humuz zaalimoon
အသို့ပါနည်း။ ၎င်းတို့၏ စိတ်နှလုံးအတွင်းဝယ် (ကုဖ်ရ်-နိဖာက်၏) ရောဂါရှိနေသလော၊ သို့တည်းမဟုတ် ၎င်းတို့သည် (တမန်တော်မြတ်၏ တမန်တော်ဖြစ်မှုနှင့်စပ်လျဉ်း၍) ဒွိဟသံသယဖြစ်နေကြသလော။ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန် တော်မြတ်သည်လည်းကောင်း၊ ထိုသူတို့အပေါ်၌ မတရားပြုလုပ်တော်မူမည်ဟု စိုးရိမ်နေကြသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ၎င်းတို့ကိုယ်တိုင် မတရားပြုသူများ ဖြစ်ကြကုန်၏။
🎤 Your recording:
24:51 🔁 0/5
إِنَّمَا كَانَ قَوۡلَ ٱلۡمُؤۡمِنِينَ إِذَا دُعُوٓاْ إِلَى ٱللَّهِ وَرَسُولِهِۦ لِيَحۡكُمَ بَيۡنَهُمۡ أَن يَقُولُواْ سَمِعۡنَا وَأَطَعۡنَاۚ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ  ۝٥١
Innamaa kaana qawlal mu`mineena izaa du`ooo ilal laahi wa Rasoolihee li yahkuma bainahum ai yaqooloo sami`naa wa ata`naa; wa ulaaa`ika humul muflihoon
(သို့ရာတွင်)’မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ စကားမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့ လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်၍ ပေးတော်မူအံ့သောငှာ အခေါ်ခံကြရသောအခါ၊ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ကြားနာကြပါပြီ၊ ထို့ပြင် ကျွန်တော်မျိုးတို့သည် လိုက်နာကြပါပြီဟူ၍ ပြောဆိုကြကုန်၏။ စင်စစ်မှာမူကား ဤကဲ့သို့သော သူသာလျှင် အောင်မြင်မှုရရှိသူများ ဖြစ်ကြကုန်၏။
🎤 Your recording:
24:52 🔁 0/5
وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ وَيَخۡشَ ٱللَّهَ وَيَتَّقۡهِ فَأُوْلَٰٓئِكَ هُمُ ٱلۡفَآئِزُونَ  ۝٥٢
Wa mai yuti`il laaha wa Rasoolahoo wa yakhshal laaha wa yattaqhi fa ulaaa`ika humul faaa`izoon
စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာပါမူ ထို့ပြင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုမှတစ်ပါး ထိုသူသည် အရှင်မြတ်(၏အမိန့် တော်များကိုဖီဆန်ခြင်းမှ) ရှောင်ကြဉ်ပါမူ ထိုကဲ့သို့သော သူတို့သည်သာလျှင် အလိုဆန္ဒ ပြည့်ဝသူများ ဖြစ်ကြကုန်အံ့သတည်း။
🎤 Your recording:
24:53 🔁 0/5
۞ وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَئِنۡ أَمَرۡتَهُمۡ لَيَخۡرُجُنَّۖ قُل لَّا تُقۡسِمُواْۖ طَاعَةٌ مَّعۡرُوفَةٌۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا تَعۡمَلُونَ  ۝٥٣
Wa aqsamoo billaahi jahda aimaanihim la`in amartahum la yakhrujunna qul laa tuqsimoo taa`atum ma`roofah innal laaha khabeerum bimaa ta`maloon
ထိုမှတပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား အစွမ်းကုန်တိုင်တည်ပြီး အကယ်၍ အသင်သည် ၎င်းတို့အား အမိန့်ပေးခဲ့ပါလျှင် မုချစင်စစ် ၎င်းတို့သည် (အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍) ထွက်ကြပါမည်ဟု အစွမ်းကုန် ကျိန်တွယ်ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည် မကျိန်တွယ်ကြကုန်လင့်။ (အသင်တို့၏) အမိန့်နာခံခဲ့မှုသည် ထင်ရှားပြီးဖြစ်သည်။ တစ်နည်း- အသင်တို့အပေါ်၌ စည်းကမ်းနှင့်လျော်ညီစွာ အမိန့်နာခံရန်သာရှိပေသည်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်လျက်ရှိကြသည်တို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
24:54 🔁 0/5
قُلۡ أَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَۖ فَإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡهِ مَا حُمِّلَ وَعَلَيۡكُم مَّا حُمِّلۡتُمۡۖ وَإِن تُطِيعُوهُ تَهۡتَدُواْۚ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ  ۝٥٤
Qul atee`ul laaha wa atee`ur Rasoola fa in tawallaw fa innamaa `alaihi maa hummila wa `alaikum maa hummiltum wa in tutee`oohu tahtadoo; wa maa`alar Rasooli illal balaaghul mubeen
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်း လိုက်နာကြလေကုန်။ ထို့နောက် အကယ်၍ အသင်တို့သည် ရှောင်ကြဉ်ခဲ့ကြလျှင် ထိုရစူလ်တမန်တော်မြတ်အပေါ်၌ မိမိတာဝန်ပေးခြင်း ခံခဲ့ရသည်နှင့်အညီ (အမိန့်တော်များကို ပို့ဆောင်ရန်သာ)ရှိပေသည်။ ထိုနည်းတူစွာ အသင်တို့အပေါ်၌လည်း မိမိတို့ တာဝန်ပေးခြင်းခံခဲ့ကြရသည် နှင့်အညီ(အမိန့်တော်များကိုလည်း လိုက်နာရန်သာ)ရှိပေသည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကို လိုက်နာကြလျှင်၊ အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။ စင်စစ်သော်ကား ရစူလ်တမန်တော်မြတ်၏ အပေါ်၌မူကား (ငါအရှင်မြတ်၏အမိန့်တော်များကို) ထင်ရှားပြတ်သားစွာ ပို့ဆောင်ခြင်းမှအပ အခြားမည်သည့် တာဝန်မျှ မရှိချေ။
🎤 Your recording:
24:55 🔁 0/5
وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ مِنكُمۡ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَيَسۡتَخۡلِفَنَّهُمۡ فِي ٱلۡأَرۡضِ كَمَا ٱسۡتَخۡلَفَ ٱلَّذِينَ مِن قَبۡلِهِمۡ وَلَيُمَكِّنَنَّ لَهُمۡ دِينَهُمُ ٱلَّذِي ٱرۡتَضَىٰ لَهُمۡ وَلَيُبَدِّلَنَّهُم مِّنۢ بَعۡدِ خَوۡفِهِمۡ أَمۡنًاۚ يَعۡبُدُونَنِي لَا يُشۡرِكُونَ بِي شَيۡـًٔاۚ وَمَن كَفَرَ بَعۡدَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ  ۝٥٥
Wa`adal laahul lazeena aamanoo minkum wa `amilus saalihaati la yastakhlifan nahum fil ardi kamastakh lafal lazeena min qablihim wa la yumakkinanna lahum deenahumul lazir tadaa lahum wa la yubaddilannahum mim ba`di khawfihim amnaa; ya`budoonanee laayushrikoona bee shai`aa; wa man kafara ba`da zaalika fa ulaaa`ika humul faasiqoon
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အီမာန်သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အား (ဤသို့) ကတိပေးတော်မူသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အလျင် ရှိခဲ့ကြကုန်သောသူတို့အား (ကမ္ဘာမြေဝယ်) အုပ်ချုပ်စေတော်မူခဲ့ သည့်နည်းတူ ၎င်းတို့အားလည်း အုပ်ချုပ်စေတော်မူမည်။ ထို့ ပြင် ၎င်းတို့အဖို့ မိမိနှစ်သက်တော်မူသော (အစ္စလာမ်)သာသနာတော်ကို ၎င်းတို့အကျိုးငှာ မြဲမြံခိုင်ခံ့စေတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ စိုးရိမ်မှုနောက်တွင် ငြိမ်းချမ်းမှုကို ပြောင်းလဲ၍ ပေးတော်မူမည်။ (အကယ်၍) ၎င်းတို့သည် တစ်စုံတစ်ရာကို ငါအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်းမပြုဘဲ ငါအရှင်မြတ်အားသာလျှင် ကိုးကွယ်ဆည်းကပ်နေကြပါလျှင်၊ စင်စစ်သော်ကား မည်သူမဆို ထိုသည့်နောက်တွင် ကျေးဇူးကန်းခဲ့သည်ရှိသော်၊ ယင်းကဲ့သို့ သူတို့သည်သာလျှင် အမိန့်တော်ကို ဖီဆန်သူများ ဖြစ်ကြကုန်သတည်း။
🎤 Your recording:
24:56 🔁 0/5
وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَأَطِيعُواْ ٱلرَّسُولَ لَعَلَّكُمۡ تُرۡحَمُونَ  ۝٥٦
Wa aqeemus Salaata wa aatuz Zakaata wa atee`ur Rasoola la`allakum turhamoon
ထို့ပြင် အသင်တို့သည် "ဆွလာသ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကားသ်"ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်ကို လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရပေမည်။
🎤 Your recording:
24:57 🔁 0/5
لَا تَحۡسَبَنَّ ٱلَّذِينَ كَفَرُواْ مُعۡجِزِينَ فِي ٱلۡأَرۡضِۚ وَمَأۡوَىٰهُمُ ٱلنَّارُۖ وَلَبِئۡسَ ٱلۡمَصِيرُ  ۝٥٧
Laa tahsabannal lazeena kafaroo mu`jizeena fil ard; wa maawaahumun Naaru wa labi`sal maseer
အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ကို (၎င်းတို့သည် ငါအရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုနိုင်ကြမည်ဟု အလျှင်း မထင်မှတ်လေ နှင့်။ အမှန်စင်စစ် ၎င်းတို့၏ ခိုလှုံရာဌာနမှာ ငရဲမီးပင်ဖြစ်ပေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်တရာ ဆိုး ရွားလှသောစခန်းပင် ဖြစ်ပေသတည်း။
🎤 Your recording:
24:58 🔁 0/5
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لِيَسۡتَـٔۡذِنكُمُ ٱلَّذِينَ مَلَكَتۡ أَيۡمَٰنُكُمۡ وَٱلَّذِينَ لَمۡ يَبۡلُغُواْ ٱلۡحُلُمَ مِنكُمۡ ثَلَٰثَ مَرَّٰتٍۚ مِّن قَبۡلِ صَلَوٰةِ ٱلۡفَجۡرِ وَحِينَ تَضَعُونَ ثِيَابَكُم مِّنَ ٱلظَّهِيرَةِ وَمِنۢ بَعۡدِ صَلَوٰةِ ٱلۡعِشَآءِۚ ثَلَٰثُ عَوۡرَٰتٍ لَّكُمۡۚ لَيۡسَ عَلَيۡكُمۡ وَلَا عَلَيۡهِمۡ جُنَاحُۢ بَعۡدَهُنَّۚ طَوَّٰفُونَ عَلَيۡكُم بَعۡضُكُمۡ عَلَىٰ بَعۡضٍۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِۗ وَٱللَّهُ عَلِيمٌ حَكِيمٌ  ۝٥٨
Yaaa aiyuhal lazeena aamanoo li yastaazinkumul lazeena malakat aimaanukum wallazeena lam yablughul huluma minkum salaasa marraat; min qabli Salaatil Fajri wa heena tada`oona siyaa bakum minaz zaheerati wa mim ba`di Salaatil Ishaaa`; salaasu `awraatil lakum; laisa `alaikum wa laa `alaihim junaahum ba`dahunn; tawwaafoona `alaikum ba`dukum `alaa ba`d; kazaalika yubaiyinul laahu lakumul aayaat wallaahu `Aleemun Hakeem
အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ကျွန်၊ ကျွန်မများသည်လည်းကောင်း၊ အသင်တို့အနက် အရွယ်မရောက်ကြသေးသော ယောက်ျားကလေးများသည်လည်းကောင်း၊ (အသင်တို့အိမ်များတွင် ဝင်ထွက်သွားလာရန်အလို့ငှာ) အချိန်သုံးချိန်တွင် အသင်တို့ထံ ခွင့်တောင်းကြရမည်။ ‘ဖဂျ်ရ် ဆွလာတ်’ အလျင် (တစ်ချိန်)၊ အသင်တို့သည် �ိမိတို့၏ အဝတ်အစားများကိုချွတ်၍ ထားလေ့ ရှိကြသော နေ့လယ်အချိန်၌(တစ်ချိန်)နှင့် ‘အိရှာအ် ဆွလာတ်’ အပြီး၌(တစ်ချိန်၊ဤ)သုံးချိန်ကား အသင်တို့၏ အရှက်လစ်လပ်ချိန်များတည်း။ (သို့ရာတွင်) ထို(သုံးချိန်)မှအပ(အခြားအချိန်များတွင်မူကား ခွင့်မတောင်းဘဲ ဝင်ထွက်သွားလာခြင်းကြောင့်) အသင်တို့အပေါ်၌လည်းကောင်း၊ ထိုသူတို့ အပေါ်၌ လည်းကောင်း၊ မည်သို့မျှ အပြစ်မရှိချေ။ ၎င်းတို့သည် အသင်တို့ထံ များစွာဝင်ထွက်သွားလာသူများ ဖြစ်ကြပေသည်။ အသင်တို့အနက် တစ်ဦးသည် တစ်ဦး၏ထံသို့ (ဝင်ထွက်သွားလာသူများသာဖြစ်ကြကုန်၏)။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ်ဖော် မိန့်ကြားတော်မူလေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
🎤 Your recording:
24:59 🔁 0/5
وَإِذَا بَلَغَ ٱلۡأَطۡفَٰلُ مِنكُمُ ٱلۡحُلُمَ فَلۡيَسۡتَـٔۡذِنُواْ كَمَا ٱسۡتَـٔۡذَنَ ٱلَّذِينَ مِن قَبۡلِهِمۡۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦۗ وَٱللَّهُ عَلِيمٌ حَكِيمٌ  ۝٥٩
Wa izaa balaghal atfaalu minkumul huluma fal yastaazinoo kamas taazanal lazeena min qablihim; kazaalika yubaiyinul laahu lakum Aayaatih; wallaahu `Aleemun Hakeem
သို့ရာတွင် အသင်တို့အနက်မှ ယောက်ျားကလေးများသည် အရွယ်ရောက်လာခဲ့ကြသော်၊ ၎င်းတို့သည်လည်း မိမိတို့အလျင် ခွင့်တောင်းခဲ့ကြသော သူများနည်းတူ ခွင့်တောင်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းနှင်နှင် မိမိအမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ် ဖော်မိန့်ကြားတော်မူလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
24:60 🔁 0/5
وَٱلۡقَوَٰعِدُ مِنَ ٱلنِّسَآءِ ٱلَّٰتِي لَا يَرۡجُونَ نِكَاحًا فَلَيۡسَ عَلَيۡهِنَّ جُنَاحٌ أَن يَضَعۡنَ ثِيَابَهُنَّ غَيۡرَ مُتَبَرِّجَٰتِۭ بِزِينَةٍۖ وَأَن يَسۡتَعۡفِفۡنَ خَيۡرٌ لَّهُنَّۗ وَٱللَّهُ سَمِيعٌ عَلِيمٌ  ۝٦٠
Walqawaa`idu minan nisaaa`il laatee laa yarjoona nikaahan falisa `alaihinna junaahun ai yada`na siyaabahunna ghaira mutabar rijaatim bizeenah; wa ai yasta`fifna khairul lahunn; wallaahu Samee`un `Aleem
၎င်းပြင် ထိမ်းမြားရန် မျှော်လင့်ချက်မရှိကြသော အဖွားအိုများသည် လှပမှုကိုဖော်ပြခြင်းမပြုဘဲ မိမိတို့ ၏(အပို)အဝတ်များကို ချွတ်ထားခြင်းကြောင့် ၎င်းတို့အပေါ်၌ အပြစ်တစ်စုံတစ်ရာမျှ မရှိချေ။ သို့တစေလည်း ၎င်းတို့သည် (ဤသည်မှ)ရှောင်ကြဉ်ကြလျှင် ၎င်းတို့အဖို့ အကောင်းဆုံးပင်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ ကို အကြွင်းမဲ့ကြားတော်မူသော၊ အရာခပ်သိမ်းတို့ကို အကြွင်း မဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
24:61 🔁 0/5
لَّيۡسَ عَلَى ٱلۡأَعۡمَىٰ حَرَجٌ وَلَا عَلَى ٱلۡأَعۡرَجِ حَرَجٌ وَلَا عَلَى ٱلۡمَرِيضِ حَرَجٌ وَلَا عَلَىٰٓ أَنفُسِكُمۡ أَن تَأۡكُلُواْ مِنۢ بُيُوتِكُمۡ أَوۡ بُيُوتِ ءَابَآئِكُمۡ أَوۡ بُيُوتِ أُمَّهَٰتِكُمۡ أَوۡ بُيُوتِ إِخۡوَٰنِكُمۡ أَوۡ بُيُوتِ أَخَوَٰتِكُمۡ أَوۡ بُيُوتِ أَعۡمَٰمِكُمۡ أَوۡ بُيُوتِ عَمَّٰتِكُمۡ أَوۡ بُيُوتِ أَخۡوَٰلِكُمۡ أَوۡ بُيُوتِ خَٰلَٰتِكُمۡ أَوۡ مَا مَلَكۡتُم مَّفَاتِحَهُۥٓ أَوۡ صَدِيقِكُمۡۚ لَيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَأۡكُلُواْ جَمِيعًا أَوۡ أَشۡتَاتًاۚ فَإِذَا دَخَلۡتُم بُيُوتًا فَسَلِّمُواْ عَلَىٰٓ أَنفُسِكُمۡ تَحِيَّةً مِّنۡ عِندِ ٱللَّهِ مُبَٰرَكَةً طَيِّبَةًۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِ لَعَلَّكُمۡ تَعۡقِلُونَ  ۝٦١
Laisa `alal a`maa barajunw wa laa `alal a`raji barajunw wa laa `alal mareedi barajun wa laa `alaa anfusikum an taakuloo mim buyootikum aw buyooti aabaaa`ikum aw buyooti ummahaatikum aw buyooti ikhwaanikum aw buyooti akhawaatikum aw buyooti a`maamikum aw buyooti `ammaatikum aw buyooti akhwaalikum aw buyooti khaalaatikum aw maa malaktum mafaatihahooo aw sadeeqikum; laisa `alaikum junaahun an taakuloo jamee`an aw ashtaata; fa izaa dakhaltum buyootan fasallimoo `alaaa anfusikum tahiyyatam min `indil laahi mubaarakatan taiyibah; kazaalika yubai yinul laahu lakumul Aayaati la`allakum ta`qiloon
မျက်ကန်း၏အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ ခြေမစွမ်းမသန်သော သူ၏အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ မကျန်းမမာသောသူ၏ အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ အသင်တို့ ကိုယ်တိုင်အပေါ်၌လည်း (တစ်စုံတစ်ရာ တားမြစ်ခြင်း) မရှိချေ။ မိမိတို့ အိမ်များမှဖြစ်စေ၊ မိမိတို့၏ ဖခင်များ၏ အိမ်များမှဖြစ်စေ၊ မိမိတို့၏မိခင်များ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ညီများ အစ်ကိုများ၏အိမ်များမှဖြစ်စေ၊ မိမိတို့၏နှမများ အစ်မများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ဘကြီး ဘထွေးများ၏ အိမ်များမှဖြစ် စေ၊ မိမိတို့ အရီးကြီးအရီးကလေးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ ဦးရီးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ မိကြီးမိထွေးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ သော့ထိန်းကြရသောအိမ်များ မှဖြစ်စေ၊ မိမိတို့ မိတ်ဆွေများ၏ အိမ်များမှဖြစ်စေ၊ အသင်တို့၏စားသုံးခြင်း၌ တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိပေ။ အသင်တို့သည် အထူးရောနှော စုရုံးလျက် စားသုံးကြသည်ဖြစ်စေ၊ တခြားစီ(စားသုံးကြသည်)ဖြစ်စေ၊ အသင်တို့အပေါ်၌ အပြစ် တစ်စုံတစ်ရာမျှ မရှိချေ။ သို့ရာတွင် အသင်တို့သည် အိမ်များသို့ ဝင်ရောက်ကြသောအခါ မိမိတို့ကိုယ်များကို အချင်းချင်း စလာမ်မေတ္တာ ပို့သကြလေကုန်။ (ယင်းစလာမ် မေတ္တာပို့သ ခြင်းကား) အလ္လာဟ်အရှင်မြတ်အထံတော်မှ (သတ်မှတ် ပြ ဋ္ဌာန်းအပ်သော)နှုတ်ခွန်းစကား၊ ဆုတောင်းပတ္ထနာပြုချက်ဖြစ် ၏။ ကောင်းချီး မင်္ဂလာနှင့်ပြည့်စုံ၏။ ကောင်းမြတ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အသင်တို့အဖို့ အမိန့်ပညတ်တော်များကို အသင်တို့နားလည်(ကျင့်သုံး) ကြအံ့သောငှာ ထုတ်ဖော်မိန့်ကြား တော်မူလေသတည်း။
🎤 Your recording:
24:62 🔁 0/5
إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرَسُولِهِۦ وَإِذَا كَانُواْ مَعَهُۥ عَلَىٰٓ أَمۡرٍ جَامِعٍ لَّمۡ يَذۡهَبُواْ حَتَّىٰ يَسۡتَـٔۡذِنُوهُۚ إِنَّ ٱلَّذِينَ يَسۡتَـٔۡذِنُونَكَ أُوْلَٰٓئِكَ ٱلَّذِينَ يُؤۡمِنُونَ بِٱللَّهِ وَرَسُولِهِۦۚ فَإِذَا ٱسۡتَـٔۡذَنُوكَ لِبَعۡضِ شَأۡنِهِمۡ فَأۡذَن لِّمَن شِئۡتَ مِنۡهُمۡ وَٱسۡتَغۡفِرۡ لَهُمُ ٱللَّهَۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ  ۝٦٢
Innamal mu`minoonal lazeena aamanoo billaahi wa Rasoolihee wa izaa kaanoo ma`ahoo `alaaa amrin jaami`il lam yazhaboo hataa yastaazinooh; innal lazeena yastaa zinookana ulaaa`ikal lazeena yu`minoona billaahi wa Rasoolih; fa izas taazanooka liba`di shaanihim faazal liman shi`ta minhum wastaghfir lahumul laah; innal laaha Gahfoor Raheem
အကြင်သ��တို့သည်သာလျှင် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင် မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည်ခဲ့ကြသည့်အပြင် တစ်စုံတစ်ရာ စုပေါင်းဆောင်ရွက်အပ်သော ကိစ္စနှင့်စပ်လျဉ်း ၍ ထိုရစူလ်တမန်တော်မြတ်နှင့်အတူ ရှိကြသောအခါ၊ ထိုရစူလ် တမန်တော်မြတ်ထံတွင် ခွင့်ပန်ကြားခြင်း မပြုသမျှ ကာလပတ်လုံး ထွက်မသွားကြပေ။ ဧကန်မလွဲ အသင့်ထံ ခွင့်ပန်ကြားကြကုန်သော သူတို့သာလျှင် အလ္လာဟ်အရှင်မြတ် အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် အားလည်း ကောင်း၊ သက်ဝင်ယုံကြည်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် အသင့်ထံ မိမိတို့၏ ကိစ္စတစ်စုံတစ်ရာအတွက် ခွင့်ပန်ခဲ့ကြလျှင် အသင်သည် ၎င်းတို့အနက် မိမိအလိုရှိသောသူအား ခွင့်ပြုပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့အဖို့ အလ္လာဟ်အရှင်မြတ်အထံတော်၌ အပြစ်မှချမ်းသာခွင့်ရရှိရန် ပန်ကြားပါလေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
24:63 🔁 0/5
لَّا تَجۡعَلُواْ دُعَآءَ ٱلرَّسُولِ بَيۡنَكُمۡ كَدُعَآءِ بَعۡضِكُم بَعۡضًاۚ قَدۡ يَعۡلَمُ ٱللَّهُ ٱلَّذِينَ يَتَسَلَّلُونَ مِنكُمۡ لِوَاذًاۚ فَلۡيَحۡذَرِ ٱلَّذِينَ يُخَالِفُونَ عَنۡ أَمۡرِهِۦٓ أَن تُصِيبَهُمۡ فِتۡنَةٌ أَوۡ يُصِيبَهُمۡ عَذَابٌ أَلِيمٌ  ۝٦٣
La taj`aloo du`aaa`ar Rasooli bainakum kadu`aaa`i badikum ba`daa; qad ya`lamul laahul lazeena yatasallaloona minkum liwaazaa; fal yahzaril lazeena yukhaalifoona `an amriheee an tuseebahum fitnatun aw yuseebahum `azaabun aleem
အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ ဖိတ်ခေါ်ခြင်းကို မိမိတို့အကြားဝယ် မိမိတို့အချင်းချင်း တစ်ဦးတစ်ယောက်ကို တစ်ဦးတစ်ယောက်က ဖိတ်ခေါ်သကဲ့သို့ မယူဆကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အကွယ်အကာယူ၍ တိတ်တဆိတ်ခိုးထွက် သွားကြသောသူတို့အား ကောင်းစွာသိရှိတော်မူ၏။ သို့ဖြစ်ပေရာ ထို ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကို ရှောင်သွေကုန်ကြသော သူတို့သည် မိမိတို့၌ ဒုက္ခတစ်စုံတစ်ရာ သက်ရောက်မည်ကိုသော်လည်းကောင်း၊ သို့မဟုတ် မိမိတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်တစ်စုံတစ်ရာ သက်ရောက်မည်ကိုသော် လည်းကောင်း၊ စိုးရိမ်ကြရာကုန်သတည်း။
🎤 Your recording:
24:64 🔁 0/5
أَلَآ إِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ قَدۡ يَعۡلَمُ مَآ أَنتُمۡ عَلَيۡهِ وَيَوۡمَ يُرۡجَعُونَ إِلَيۡهِ فَيُنَبِّئُهُم بِمَا عَمِلُواْۗ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمُۢ  ۝٦٤
Alaaa inna lillaahi maa fis samaawaati wal ardi qad ya`lamu maaa antum `alaihi wa Yawma yurja`oona ilaihi fa yunaabi `uhum bimaa `amiloo; wallaahu bikulli shai`in `Aleem
သတိပြုကြလေကုန်။ ဧကန်မလွဲ မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကုန်၏။ ဧကန်အမှန် ထိုအရှင်မြတ်သည် အသင်တို့၏ လက်ရှိ အခြေအနေကိုလည်း သိတော်မူ၏။၎င်းတို့ ထိုအရှင်မြတ်အထံတော်သို့ ပြန်လည် ရောက်ရှိကြရမည့် နေ့ကိုလည်းသိတော်မူ၏။ (ထိုနေ့တွင်) ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ကျင့်မူခဲ့သမျှတို့ကို ထုတ်ဖော်၍ ပြသတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
💡 Tap any hidden word to reveal it temporarily — your progress is saved automatically in this browser.

🎉
🎊 Well Done! Memorization Complete
Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers