🔥 0 day streak
📖 Long surah — split into smaller parts to help you focus (77 အာယာသ်)
0/77
25:1
🔁 0/5
تَبَارَكَ ٱلَّذِي نَزَّلَ ٱلۡفُرۡقَانَ عَلَىٰ عَبۡدِهِۦ لِيَكُونَ لِلۡعَٰلَمِينَ نَذِيرًا ١
Tabaarakal lazee nazzalal Furqaana `alaa `abdihee li yakoona lil`aalameena nazeera
အမှားအမှန် ဝေဖန်ပိုင်းခြားပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကို မိမိ၏ကျွန်အပေါ်၀ယ် ချပေးသနားတော်မူခဲ့သော အရှင်မြတ်သည် ကောင်းချီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပါပေသည်။ သို့ချပေးသနားတော်မူခြင်းမှာ ထိုကျွန်(ဝါ)တမန်တော်မုဟမ္မဒ်)သည် စကြာဝဠာခပ်သိမ်းတို့ကို သတိပေးနှိုးဆော်သူ ဖြစ်အံ့သောငှာ ချပေးသနားတော်မူခြင်းပင် ဖြစ်ပေသည်။ (တစ်နည်း) မိမိကျွန်၏ အပေါ်ဝယ် ထိုကျွန်သည် စကြာဝဠာခပ်သိမ်းတို့ကို သတိပေးနှိုးဆော်သူ ဖြစ်အံ့သောငှာ အမှားအမှန် ဝေဖန်ပိုင်းခြားပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကို ချပေးသနားတော်မူသော အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပါပေသည်။
🎤 Your recording:
25:2
🔁 0/5
ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَمۡ يَتَّخِذۡ وَلَدًا وَلَمۡ يَكُن لَّهُۥ شَرِيكٌ فِي ٱلۡمُلۡكِ وَخَلَقَ كُلَّ شَيۡءٍ فَقَدَّرَهُۥ تَقۡدِيرًا ٢
Allazee lahoo mulkus samaawaati wal ardi wa lam yattakhiz waladanw wa lam yakul lahoo shareekun filmulki wa khalaqa kulla shai`in faqaddarahoo taqdeeraa
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ မိုးကောင်းကင်ကို စိုးမိုးအုပ်ချုပ်မှုအာဏာ သည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် လည်းကောင်း၊ ထိုအလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ စင်စစ် ထိုအရှင်မြတ်သည် တစ်ဦးတစ်ယောက်ကိုမျှလည်း (မိမိ၏)သားအဖြစ် ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိချေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည့်ပြင် ထိုအရာများကို နှိုင်းချိန်တိုင်းဆ ထားတော်မူခဲ့လေသည်။
🎤 Your recording:
25:3
🔁 0/5
وَٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةً لَّا يَخۡلُقُونَ شَيۡـًٔا وَهُمۡ يُخۡلَقُونَ وَلَا يَمۡلِكُونَ لِأَنفُسِهِمۡ ضَرًّا وَلَا نَفۡعًا وَلَا يَمۡلِكُونَ مَوۡتًا وَلَا حَيَوٰةً وَلَا نُشُورًا ٣
Wattakhazoo min dooniheee aahihatal laa yakhluqoona shai`anw wa hum yukhlaqoona wa laa yamlikoona li anfusihim darranw wa laa naf`anw wa laa yamlikoona mawtanw wa laa hayaatanw wa laa nushooraa
သို့ရာတွင် ၎င်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် အခြားအကြင်ကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ယင်းကိုးကွယ်ရာများသည် မည်သည့် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းကြသည့်ပြင် ၎င်းတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်းခံကြရလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်နှင့်ပက်သက်၍ပင် မည်သည့် အကျိုးယုတ်စေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်၊ မည်သည့် အကျိုးဖြစ်ထွန်းစေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ထိုမှတစ်ပါး (တစ်စုံတစ်ယောက်အား) အသက်သေဆုံးခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) အသက်ရှင်စေခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) ရှင်ပြန်ထစေခြင်းကိုလည်းကောင်း၊ အလျှင်း ပိုင်ဆိုင်ကြသည်လည်း မဟုတ်ပေတကား။
🎤 Your recording:
25:4
🔁 0/5
وَقَالَ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّآ إِفۡكٌ ٱفۡتَرَىٰهُ وَأَعَانَهُۥ عَلَيۡهِ قَوۡمٌ ءَاخَرُونَۖ فَقَدۡ جَآءُو ظُلۡمًا وَزُورًا ٤
Wa qaalal lazeena kafarooo in haazaaa illaaa ifkunif taraahu wa a`aanahoo `alaihi qawmun aakharoona faqad jaaa`oo zulmanw wa zooraa
၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့က ဤ "ကုရ်အာန်ကျမ်းတော်မြတ်" သည် ဤသူ (တမန်တော်မြတ်) လီဆယ်ဖန်တီးထားသော မုသားသက်သက်ပင်ဖြစ်သည်။ ဤကိစ္စ၌ ၎င်းအား အခြားအမျိုးသားများကလည်း ကူညီရိုင်းပင်းခဲ့ကြသည်ဟု ပြောဆိုကြလေသည်။ (ယင်းသို့ ပြောဆို၍) ထိုကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အကြီးအကျယ် မတရားမှုကိုလည်းကောင်း၊ အကြီးအကျယ် မုသား စကားကိုလည်းကောင်း၊ ကျူးလွန်ခဲ့ကြလေပြီ။
🎤 Your recording:
25:5
🔁 0/5
وَقَالُوٓاْ أَسَٰطِيرُ ٱلۡأَوَّلِينَ ٱكۡتَتَبَهَا فَهِيَ تُمۡلَىٰ عَلَيۡهِ بُكۡرَةً وَأَصِيلًا ٥
Wa qaalooo asaateerul awwaleenak tatabahaa fahiya tumlaa `alaihi bukratanw wa aseelaa
၎င်းပြင် ထိုကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က"(ဤကုရ်အာန်ကျမ်းမြတ်သည်)ဤသူ ရေးမှတ်စေခဲ့သော ရှေးသူဟောင်းတို့၏ အခြေအမြစ် မရှိသောပုံပြင်များသာ ဖြစ်သည်။ တစ်ဖန် ထိုအခြေအမြစ်မရှိသော၊ ပုံပြင်များကို ဤသူ၏ရှေ့ဝယ် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း ဖတ်ကြားရလေသည်" ဟု ပြောဆိုကြကုန်၏။
🎤 Your recording:
25:6
🔁 0/5
قُلۡ أَنزَلَهُ ٱلَّذِي يَعۡلَمُ ٱلسِّرَّ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّهُۥ كَانَ غَفُورًا رَّحِيمًا ٦
Qul anzalhul lazee ya`lamus sirra fis samaawaati wal-ard; innahoo kaana Ghafoorar Raheemaa
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့၊) ဤ(ကုရ်အာန် ကျမ်းတော်)ကို မိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်တို့ကို သိရှိတော်မူသော အရှင်မြတ်က ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
25:7
🔁 0/5
وَقَالُواْ مَالِ هَٰذَا ٱلرَّسُولِ يَأۡكُلُ ٱلطَّعَامَ وَيَمۡشِي فِي ٱلۡأَسۡوَاقِ لَوۡلَآ أُنزِلَ إِلَيۡهِ مَلَكٌ فَيَكُونَ مَعَهُۥ نَذِيرًا ٧
Wa qaaloo maa li haazar Rasooli yaakulut ta`aama wa yamshee fil aswaaq; law laaa unzila ilaihi malakun fa yakoona ma`ahoo nazeeraa
ထိုမှတစ်ပါး ထို "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က (ဤသို့)ပြောဆိုကြသေး၏။ "ဤရစူလ်တမန်တော်သည် မည်သို့သော ရစူလ်တမန်တော်နည်း။ ၎င်းသည် အစားအစာကို စားသုံးလေသည်။ ၎င်းပြင် ဈေးများတွင် လှည့်ပတ်သွားလာလေသည်။ ၎င်း၏ထံသို့ ကောင်းကင်တမန်တစ်ပါးပါးသည် အဘယ်ကြောင့် စေလွှတ်ခြင်းမခံရလေသနည်း။ သို့စေလွှတ်ခြင်းခံရပါလျှင် ထိုကောင်းကင်တမန်သည်လည်း ၎င်းနှင့်အတူ ကူညီသတိပေး နှိုးဆော်သူဖြစ်ပေမည်။
🎤 Your recording:
25:8
🔁 0/5
أَوۡ يُلۡقَىٰٓ إِلَيۡهِ كَنزٌ أَوۡ تَكُونُ لَهُۥ جَنَّةٌ يَأۡكُلُ مِنۡهَاۚ وَقَالَ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسۡحُورًا ٨
Aw yulqaaa ilaihi kanzun aw takoonu lahoo jannatuny yaakulu minhaa; wa qaalaz zaalimoona in tattabi`oona illaa rajulam mas hooraa
သို့တည်းမဟုတ်၊ ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခုသည် အဘယ်ကြောင့် ချပေးခြင်းမခံရသနည်း၊ သို့တည်းမဟုတ် ၎င်း၌ ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။ (သို့ရှိခဲ့လျှင်) ၎င်းသည် ယင်းဥယျာဉ်မှ (သစ်သီးဝလံများ)ကို စားသုံးနိုင်ပေမည်" ထိုမှတစ်ပါး ထိုမတရားသောသူတို့က "အသင်တို့သည် စုန်းပြုစားခြင်းခံရသော ယောက်ျားတစ်ဦး၏နောက်သို့သာ လိုက်နေကြသည"ဟု ပြောဆိုကြကုန်၏။
🎤 Your recording:
25:9
🔁 0/5
ٱنظُرۡ كَيۡفَ ضَرَبُواْ لَكَ ٱلۡأَمۡثَٰلَ فَضَلُّواْ فَلَا يَسۡتَطِيعُونَ سَبِيلًا ٩
Unzur kaifa daraboo lakal amsaala fadalloo falaa yastatee`oona sabeelaa
(အို-နဗီတမန်တော်) ၎င်းတို့သည် အသင်နှင့်ပက်သက်၍ မည်ကဲ့သို့သော ဥပမာပုံဆောင်ချက်များ ခိုင်းနှိုင်းခဲ့ကြသည်ကို အသင်ရှုပါလေ။ ထို့ကြောင့်ပင် ၎င်းတို့သည် လမ်းလွဲခဲ့ကြချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည်မည်သည့် (ထွက်) လမ်းကိုမျှပင် တွေ့ရှိနိုင်ကြတော့မည် မဟုတ်ပေတကား။
🎤 Your recording:
25:10
🔁 0/5
تَبَارَكَ ٱلَّذِيٓ إِن شَآءَ جَعَلَ لَكَ خَيۡرًا مِّن ذَٰلِكَ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ وَيَجۡعَل لَّكَ قُصُورَۢا ١٠
Tabaarakal lazeee in shaaa`a ja`ala laka khairam min zaalika jannaatin tajree min tahtihal anhaaru wa yaj`al laka qusooraa
အကြင်အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပေသည်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင့်အား ထို့ထက်ပင်ပို၍ ကောင်းမွန်သော အကြင်ဥယျာဉ်များကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိချေ မည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင့်အား ခမ်းနားသိုက်မြိုက်သော အဆောက်အအုံများကိုလည်း ချီးမြှင့်ပေးသနား တော်မူပေမည်။
🎤 Your recording:
25:11
🔁 0/5
بَلۡ كَذَّبُواْ بِٱلسَّاعَةِۖ وَأَعۡتَدۡنَا لِمَن كَذَّبَ بِٱلسَّاعَةِ سَعِيرًا ١١
Bal kazzaboo bis Saa`ati wa a`tadnaa liman kazzaba bis Saa`ati sa`eeraa
ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့ သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူ၏အဖို့ မီးတောက်မီးလျှံကို အဆင်သင့် ပြုလုပ်၍ ထားတော်မူပြီး ဖြစ်သည်။
🎤 Your recording:
25:12
🔁 0/5
إِذَا رَأَتۡهُم مِّن مَّكَانِۭ بَعِيدٍ سَمِعُواْ لَهَا تَغَيُّظًا وَزَفِيرًا ١٢
Izaa ra`at hum mim ma kaanim ba`eedin sami`oo lahaa taghaiyuzanw wa zafeeraa
ယင်း မီးတောက်မီးလျှံသည် ထိုသူတို့အား အဝေးမှ မြင်လေသောအခါ၊ ထိုသူတို့သည် ယင်းမီးတောက်မီးလျှံ၏ ဆူညံခြင်းနှင့် အမျက်ဒေါသ ထွက်ခြင်းကိုလည်းကောင်း၊ မြည်ဟိန်းခြင်းကိုလည်းကောင်း၊ ကြားကြရပေမည်။
🎤 Your recording:
25:13
🔁 0/5
وَإِذَآ أُلۡقُواْ مِنۡهَا مَكَانًا ضَيِّقًا مُّقَرَّنِينَ دَعَوۡاْ هُنَالِكَ ثُبُورًا ١٣
Wa izaaa ulqoo minhaa makaanan daiyiqam muqar raneena da`aw hunaalika subooraa
ထို့ပြင် ၎င်းတို့သည် ယင်းငရဲ၌ ကျဉ်းမြောင်းသော နေရာတစ်ခုခုတွင် (သံကြိုးများဖြင့်) ခြေလက်တုပ်နှောင်လျက် ပစ်ချခြင်းခံကြရသောအခါ ၎င်းတို့သည် ထိုနေရာ၌ ပျက်စီးခြင်း (မရဏသေခြင်းတရား)ကို ဟစ်ခေါ်ကြပေမည်။
🎤 Your recording:
25:14
🔁 0/5
لَّا تَدۡعُواْ ٱلۡيَوۡمَ ثُبُورًا وَٰحِدًا وَٱدۡعُواْ ثُبُورًا كَثِيرًا ١٤
Laa tad`ul yawma subooranw waahidanw wad`oo subooran kaseeraa
(ထိုအခါ ၎င်းတို့သည် ဤသို့ပြောကြားခြင်းကို ခံကြရပေမည်။) အသင်တို့သည် ယနေ့ တစ်ခုတည်းသော ပျက်စီးခြင်း (မရဏသေခြင်းတရား)ကို ဟစ်ခေါ်ခြင်း မပြုကြကုန် လင့်။ မြောက်မြားစွာသော ပျက်စီးခြင်း (မရဏသေခြင်းတရား) များကို ဟစ်ခေါ်ကြလေကုန်။
🎤 Your recording:
25:15
🔁 0/5
قُلۡ أَذَٰلِكَ خَيۡرٌ أَمۡ جَنَّةُ ٱلۡخُلۡدِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۚ كَانَتۡ لَهُمۡ جَزَآءً وَمَصِيرًا ١٥
Qul azaalika khairun am Jannatul khuldil latee wu`idal muttaqoon; kaanat lahum jazaaa`anw wa maseeraa
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ဤ (ဒုက္ခ)သည် ကောင်းလေသလော၊ သို့တည်းမဟုတ် "မွတ္တကီ" သူတော်စင်များ ကတိပေးခြင်းခံကြရသော အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည့် "ဂျန္နတ်" သုခသည် ကောင်းမြတ်လေသလော။ ယင်း ဂျန္နတ် သုခသည် ထိုမွတ္တကီသူတော်စင်တို့အဖို့ အကျိုးလည်းဖြစ် သည်။ နောက်ဆုံး ပြန်လည်ရာဌာနလည်း ဖြစ်ပေသည်။
🎤 Your recording:
25:16
🔁 0/5
لَّهُمۡ فِيهَا مَا يَشَآءُونَ خَٰلِدِينَۚ كَانَ عَلَىٰ رَبِّكَ وَعۡدًا مَّسۡـُٔولًا ١٦
Lahum feehaa maa yashaaa`oona khaalideen; kaana `alaa Rabbika wa`dam mas`oolaa
၎င်းတို့သည် ယင်း"ဂျန္နတ်" သုခတွင် မိမိတို့ အလိုရှိကြသည်များကို ရရှိကြပေမည်။ ၎င်းတို့သည် ယင်း(ဂျန္နတ် သုခ) ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းသူများ ဖြစ်ကြပေမည်။ (ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ (ကျေးဇူးတော် အလျောက်) လျှောက်ထားအပ်သော ကတိပင် ဖြစ်ပေသတည်း။
🎤 Your recording:
25:17
🔁 0/5
وَيَوۡمَ يَحۡشُرُهُمۡ وَمَا يَعۡبُدُونَ مِن دُونِ ٱللَّهِ فَيَقُولُ ءَأَنتُمۡ أَضۡلَلۡتُمۡ عِبَادِي هَٰٓؤُلَآءِ أَمۡ هُمۡ ضَلُّواْ ٱلسَّبِيلَ ١٧
Wa Yawma yahshuruhum wa maa ya`budoona min doonil lahi fa yaqoolu `a-antum adlaltum `ibaadee haaa`ulaaa`i am hum dallus sabeel
၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ထိုသူတို့သူတို့ အားလည်းကောင်း၊ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပြင် �ိုးကွယ်ကြသောသူတို့အား လည်းကောင်း၊ စုရုံးတော်မူပြီးလျှင် "အသင်တို့သည်ပင် ငါအရှင်မြတ်၏ ဤကျွန်များကို လမ်းလွဲစေခဲ့ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်ပင် လမ်းလွဲခဲ့ကြလေသလော"ဟု မေးမြန်း တော်မူပေမည်။
🎤 Your recording:
25:18
🔁 0/5
قَالُواْ سُبۡحَٰنَكَ مَا كَانَ يَنۢبَغِي لَنَآ أَن نَّتَّخِذَ مِن دُونِكَ مِنۡ أَوۡلِيَآءَ وَلَٰكِن مَّتَّعۡتَهُمۡ وَءَابَآءَهُمۡ حَتَّىٰ نَسُواْ ٱلذِّكۡرَ وَكَانُواْ قَوۡمَۢا بُورًا ١٨
Qaaloo Subhaanaka maa kaana yambaghee lanaaa an nattakhiza min doonika min awliyaaa`a wa laakim matta`tahum wa aabaaa`ahum hattaa nasuz zikra wa kaanoo qawmam booraa
(ထိုအခါ) ၎င်းတို့သည် (ဤသို့)လျှောက်ထားကြပေမည်။ (အို-အရှင်မြတ်၊) အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်မည့် အဆွေခင်ပွန်းများ မပြုလုပ်ဝံ့ကြပါ။ သို့ရာတွင် အရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏ အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ ချမ်းသာကြွယ်ဝစေတော်မူခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်းတို့ သည်(အရှင်မြတ်အား) သတိရခြင်းကိုပင် မေ့လျော့ကြပြီးလျှင် ၎င်းတို့ကိုယ်တိုင်ပင် ပျက်စီးသွားခဲ့ကြပါသည်။
🎤 Your recording:
25:19
🔁 0/5
فَقَدۡ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسۡتَطِيعُونَ صَرۡفًا وَلَا نَصۡرًاۚ وَمَن يَظۡلِم مِّنكُمۡ نُذِقۡهُ عَذَابًا كَبِيرًا ١٩
Faqad kazzabookum bimaa taqooloona famaa tastatee`oona sarfanw wa laa nasraa; wa mai yazlim minkum nuziqhu `azaaban kabeeraa
ထိုသို့အားဖြင့် ၎င်းတို့သည် (အကိုးကွယ်ခံတို့သည်) အသင်တို့အား (ကိုးကွယ်သူတို့အား) အသင်တို့ ပြောဆိုကြကုန်သော စကားနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် မည်သို့မျှ လွှဲရှောင်နိုင်ကြမည် လည်းမဟုတ်ပေ။ မည်သည့် အကူအညီကိုမျှ ရရှိနိုင် ကြမည် လည်းမဟုတ်ပေ။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို မတရားပြုကျင့်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအားကြီး လေးသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူ အံ့သတည်း။
🎤 Your recording:
25:20
🔁 0/5
وَمَآ أَرۡسَلۡنَا قَبۡلَكَ مِنَ ٱلۡمُرۡسَلِينَ إِلَّآ إِنَّهُمۡ لَيَأۡكُلُونَ ٱلطَّعَامَ وَيَمۡشُونَ فِي ٱلۡأَسۡوَاقِۗ وَجَعَلۡنَا بَعۡضَكُمۡ لِبَعۡضٍ فِتۡنَةً أَتَصۡبِرُونَۗ وَكَانَ رَبُّكَ بَصِيرًا ٢٠
Wa maaa arsalnaa qablaka minal mursaleena illaaa innahum la yaakuloonat ta`aama wa yamshoona fil aswaaq; wa ja`alnaa ba`dakum liba`din fitnatan atasbiroon; wa kaana Rabbuka Baseera
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်းတို့သည်လည်း ဧကန်မလွဲ အစားအစာကို မှီဝဲစားသုံးကြလေ သည်။ ထို့ပြင် ၎င်းတို့သည် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြလေသည်။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် အသင်တို့အနက် တစ်ဦးကိုတစ်ဦး၏အဖို့ စမ်းသပ်မှုပင် ပြုလုပ်တော်မူခဲ့ပေသည်။ အသင်တို့သည် သည်းခံမှုတရားရှိကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
25:21
🔁 0/5
۞ وَقَالَ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا لَوۡلَآ أُنزِلَ عَلَيۡنَا ٱلۡمَلَٰٓئِكَةُ أَوۡ نَرَىٰ رَبَّنَاۗ لَقَدِ ٱسۡتَكۡبَرُواْ فِيٓ أَنفُسِهِمۡ وَعَتَوۡ عُتُوًّا كَبِيرًا ٢١
Wa qaalal lazeena laa yarjoona liqaaa`anaa law laaa unzila `alainal malaaa`ikatu awnaraa Rabbanaa; laqadistakbaroo feee anfusihim wa `ataw `utuwwan kabeeraa
စင်စစ် ငါအရှင်မြတ်နှင့်တွေ့ဆုံမှုကို မမျှော်လင့်ကြသော (မစိုးရိမ်ကြသော)သူတို့က အဘယ်ကြောင့် "မလာအိကဟ်" ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ထံဆင်းသက်၍ မလာကြသနည်း။ သို့တည်းမဟုတ် အဘယ်ကြောင့် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မဖူးမြော်ကြရပါသနည်းဟု ပြောဆိုကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် မိမိတို့စိတ်ထဲ၌ မိမိတို့ကိုယ်ကို အထင်ကြီးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အကြီးအကျယ် ဆိုးသွမ်းခြင်းအားဖြင့် စည်းကမ်းကျူးလွန်ခဲ့ကြကုန်၏။
🎤 Your recording:
25:22
🔁 0/5
يَوۡمَ يَرَوۡنَ ٱلۡمَلَٰٓئِكَةَ لَا بُشۡرَىٰ يَوۡمَئِذٍ لِّلۡمُجۡرِمِينَ وَيَقُولُونَ حِجۡرًا مَّحۡجُورًا ٢٢
Yawma yarawnal malaaa `ikata laa bushraa Yawma`izil lilmujrimeena wa yaqooloona hijram mahjooraa
အကြင်နေ့တွင် ၎င်းတို့သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား တွေ့မြင်ကြပေမည်။ ထိုနေ့တွင် ပြစ်မှုရှိသူတို့၌ မည်သည့် ဝမ်းမြောက်ခြင်းမျှ မရှိသည့်ပြင်၊ ၎င်းတို့သည် (ကောင်းကင်တမန်တို့နှင့်)ကင်းပါရစေ၊ ကင်းဝေးပါစေ ဟု ပြောဆိုကြပေမည်။
🎤 Your recording:
25:23
🔁 0/5
وَقَدِمۡنَآ إِلَىٰ مَا عَمِلُواْ مِنۡ عَمَلٍ فَجَعَلۡنَٰهُ هَبَآءً مَّنثُورًا ٢٣
Wa qadimnaaa ilaa maa `amiloo min `amalin faja`alnaahu habaaa`am mansooraa
ထို့ပြင် ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်းတို့ပြုလုပ်ခဲ့ကြသော အပြုအမူများဘက်သို့ လှည့်တော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းအပြုအမူများကို ကြဲဖြန့်ထားသော မြူမှုန့်များ ဖြစ်စေတော်မူမည်။
🎤 Your recording:
25:24
🔁 0/5
أَصۡحَٰبُ ٱلۡجَنَّةِ يَوۡمَئِذٍ خَيۡرٌ مُّسۡتَقَرًّا وَأَحۡسَنُ مَقِيلًا ٢٤
As haabul jannati yawma`izin khairum mustaqar ranw wa ahsanu maqeela
ဂျန္နတ်" သုခဘုံသားတို့မှာကား ထိုနေ့တွင် နေရာဌာနအားဖြင့်လည်း၊ အကောင်းဆုံးဖြစ်ကြပေမည်။ နေ့လည်အချိန် �နားယူ အပန်းဖြေသောနေရာ အားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ကြအံ့သတည်း။
🎤 Your recording:
25:25
🔁 0/5
وَيَوۡمَ تَشَقَّقُ ٱلسَّمَآءُ بِٱلۡغَمَٰمِ وَنُزِّلَ ٱلۡمَلَٰٓئِكَةُ تَنزِيلًا ٢٥
Wa Yawma tashaqqaqus samaaa`u bilghamaami wa nuzzilal malaaa`ikatu tanzeela
၎င်းပြင် အကြင်နေ့တွင် မိုးကောင်းကင်သည် မိုးတိမ်(ထွက်ပေါ်လာသည့်)အတွက် ပွင့်သွားပေမည်။ မိုးတိမ်နှင့်တကွ အက်ကွဲ၍သွားပေမည်။ ထို့ပြင် "မလာအိကဟ်" ကောင်းကင်တမန်တို့သည် ဆင်းသက်၍ လာကြပေမည်။
🎤 Your recording:
25:26
🔁 0/5
ٱلۡمُلۡكُ يَوۡمَئِذٍ ٱلۡحَقُّ لِلرَّحۡمَٰنِۚ وَكَانَ يَوۡمًا عَلَى ٱلۡكَٰفِرِينَ عَسِيرًا ٢٦
Almulku Yawma`izinil haqqu lir Rahmaan; wa kaana Yawman`alal kaafireena `aseeraa
ထိုနေ့တွင် စိုးမိုးအုပ်ချုပ်မှု အစစ်အမှန်သည် "ရဟ်မာန်"ကရုဏာတော်ရှင်၌သာ ရှိပေမည်။ စင်စစ် ထိုနေ့သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သော သူတို့အဖို့ လွန်စွာ ခက်ခဲသောနေ့ပင်ဖြစ်ချိမ့်မည်။
🎤 Your recording:
25:27
🔁 0/5
وَيَوۡمَ يَعَضُّ ٱلظَّالِمُ عَلَىٰ يَدَيۡهِ يَقُولُ يَٰلَيۡتَنِي ٱتَّخَذۡتُ مَعَ ٱلرَّسُولِ سَبِيلًا ٢٧
Wa Yawma ya`adduz zaalimu `alaa yadaihi yaqoolu yaa laitanit takhaztu ma`ar Rasooli sabeelaa
ထိုမှတစ်ပါး အကြင်နေ့တွင် မတော်မတရား ပြုမူသောသူသည် "ဪ-ငါသည် ရစူလ်တမန်တော်မြတ်နှင့်အတူ တရားလမ်းမှန်ကို လိုက်ခဲ့သော်၊ ကောင်းလေစွ" ဟု ပြောဆိုလျက် မိမိလက်နှစ်ဖက်ကို ကိုက်ပေမည်။
🎤 Your recording:
25:28
🔁 0/5
يَٰوَيۡلَتَىٰ لَيۡتَنِي لَمۡ أَتَّخِذۡ فُلَانًا خَلِيلًا ٢٨
Yaa wailataa laitanee lam attakhiz fulaanan khaleelaa
ဪ-ဖြစ်မှဖြစ်ရလေခြင်း၊ ငါသည် မည်သူမည်ဝါကို အဆွေခင်ပွန်း မပြုခဲ့လျှင် တော်လေစွ။
🎤 Your recording:
25:29
🔁 0/5
لَّقَدۡ أَضَلَّنِي عَنِ ٱلذِّكۡرِ بَعۡدَ إِذۡ جَآءَنِيۗ وَكَانَ ٱلشَّيۡطَٰنُ لِلۡإِنسَٰنِ خَذُولًا ٢٩
Laqad adallanee `aniz zikri ba`da iz jaaa`anee; wa kaanash Shaitaanu lil insaani khazoolaa
မုချဧကန် ၎င်းသည် ကျွန်ုပ်ထံသို့ ဆုံးမဩဝါဒရောက်ရှိလာပြီး နောက်မှပင် ထိုဆုံးမဩဝါဒ(ကိုလိုက်နာခြင်း) မှ လွဲချော်စေခဲ့သည်။ စင်စစ် သော်ကား ရှိုင်တွာန်မိစ္ဆာကောင်သည် လူသားတို့အား စွန့်ပစ်ထားသူပင် ဖြစ်ချေသတည်း။
🎤 Your recording:
25:30
🔁 0/5
وَقَالَ ٱلرَّسُولُ يَٰرَبِّ إِنَّ قَوۡمِي ٱتَّخَذُواْ هَٰذَا ٱلۡقُرۡءَانَ مَهۡجُورًا ٣٠
Wa qaalar Rasoolu yaa Rabbi inna qawmit takhazoo haazal Qur-aana mahjooraa
ထို့ပြင် ရစူလ်တမန်တော်မြတ်က "အို-ကျွန် တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုး၏ အမျိုးသားများသည် ဤကုရ်အာန် ကျမ်းမြတ်တော်ကို စွန့်ပစ်၍ ထားခဲ့ကြပါသည်" ဟု လျှောက်ထားပေမည်။
🎤 Your recording:
25:31
🔁 0/5
وَكَذَٰلِكَ جَعَلۡنَا لِكُلِّ نَبِيٍّ عَدُوًّا مِّنَ ٱلۡمُجۡرِمِينَۗ وَكَفَىٰ بِرَبِّكَ هَادِيًا وَنَصِيرًا ٣١
Wa kazaalika ja`alnaa likulli Nabiyyin `aduwwam minal mujrimeen; wa kafaa bi Rabbika haadiyanw wa naseeraa
စင်စစ် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် နဗီတမန်တော်တိုင်း၌ ပြစ်မှုရှိသူတို့အနက်မှ ရန်သူများ ပြုလုပ်တော်မူခဲ့၏။ စင်စစ် အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်ပင် တရားလမ်းမှန်သို့ ပို့ဆောင်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ ကူညီဆောင်မသူ အဖြစ်လည်း ကောင်း၊ လုံလောက်တော်မူပေသတည်း။
🎤 Your recording:
25:32
🔁 0/5
وَقَالَ ٱلَّذِينَ كَفَرُواْ لَوۡلَا نُزِّلَ عَلَيۡهِ ٱلۡقُرۡءَانُ جُمۡلَةً وَٰحِدَةًۚ كَذَٰلِكَ لِنُثَبِّتَ بِهِۦ فُؤَادَكَۖ وَرَتَّلۡنَٰهُ تَرۡتِيلًا ٣٢
Wa qaalal lazeena kafaroo law laa nuzzila `alaihil Quraanu jumlatanw waahidah; kazaalika linusabbita bihee fu`aadaka wa rattalnaahu tarteelaa
၎င်းပြင် ကာဖိရ် သွေဖယ်ငြင်းပယ်သော သူတို့က "အဘယ်ကြောင့် ကုရ်အာန်ကျမ်းတော်မြတ်သည် ထိုသူ၏အပေါ်၌ တစ်ကြိမ်တည်း (အစအဆုံး) အလုံးစုံ ချပေးခြင်းကို မခံခဲ့ရပါသနည်း" ဟု ပြောဆိုကြကုန်၏။ ယင်း(သို့ အလီလီချပေးတော်မူခြင်း)မှာ ငါအရှင်မြတ်သည် အသင်၏စိတ်နှလုံးကို ကြံ့ခိုင်စေတော်မူအံ့သောငှာဖြစ်၏။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို တဖြည်းဖြည်း ဆိုင်းငံ့၍ ချပေးသနားတော်မူခဲ့၏။
🎤 Your recording:
25:33
🔁 0/5
وَلَا يَأۡتُونَكَ بِمَثَلٍ إِلَّا جِئۡنَٰكَ بِٱلۡحَقِّ وَأَحۡسَنَ تَفۡسِيرًا ٣٣
Wa laa yaatoonaka bimasainn illaa ji`naaka bilhaqqi wa ahsana tafseeraa
စင်စစ်သော်ကား ၎င်းတို့သည် အသင့်ထံသို့ မည်မျှပင် အံ့ဖွယ်ထူးဆန်းသော ဥပမာ ပုံဆောင်ချက်ကိုပင် ယူဆောင်၍ လာကြစေကာမူ၊ ငါအရှင်မြတ်သည် တိကျမှန်ကန်သည့်ပြင် ရှင်းလင်းဖော်ပြချက်အားဖြင့် ပိုမို၍ကောင်းမွန်သော (၎င်း၏)အဖြေကို အသင့်ထံသို့ ပို့ဆောင်တော်မူခဲ့သည် ချည်းသာ။
🎤 Your recording:
25:34
🔁 0/5
ٱلَّذِينَ يُحۡشَرُونَ عَلَىٰ وُجُوهِهِمۡ إِلَىٰ جَهَنَّمَ أُوْلَٰٓئِكَ شَرٌّ مَّكَانًا وَأَضَلُّ سَبِيلًا ٣٤
(Allazeena yuhsharoona `alaa wujoohim ilaa jahannama ulaaa`ika sharrum makaananw wa adallu sabeelaa )section
ထိုသူတို့ပင် "ဂျဟန္နမ်"ငရဲဘုံသို့ မျက်နှာမှောက်လျက် (တရွတ်တိုက်ဆွဲကာ) ပို့ဆောင်ခြင်းကို ခံကြရပေမည်။ ထိုသူတို့ကား နေရာဌာနအားဖြင့် အဆိုးဆုံးသောသူများ၊ တရားလမ်းစဉ်အားဖြင့် လွန်စွာ မှာ�ယွင်းသောသူများသာ ဖြစ်ကြကုန်သတည်း။
🎤 Your recording:
25:35
🔁 0/5
وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ وَجَعَلۡنَا مَعَهُۥٓ أَخَاهُ هَٰرُونَ وَزِيرًا ٣٥
Wa laqad aatainaa Moosal Kitaaba wa ja`alnaa ma`ahooo akhaahu Haaroona wazeeraa
ထိုမှတစ်ပါး စင်စစ်ဧကန် ငါအရှင်မြတ်သည် မူစာအား (တောင်ရာတ်)ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ထိုမူစာနှင့်အတူ ၎င်း၏နောင်တော် ဟာရူန်အား ကူညီဖော်ကူညီဖက်အဖြစ် ပြုလုပ်ပေးတော်မူခဲ့၏။
🎤 Your recording:
25:36
🔁 0/5
فَقُلۡنَا ٱذۡهَبَآ إِلَى ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا فَدَمَّرۡنَٰهُمۡ تَدۡمِيرًا ٣٦
Faqulnaz habaaa ilal qawmil lazeena kazzaboo bi Aayaatinaa fadammarnaahum tadmeeraa
ထို့နောက် ငါအရှင်မြတ်သည်(၎င်းတို့နှစ်ပါးအား) အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်သော အမျိုးသားတို့ထံ သွားကြလေကုန်ဟု မိန့်ကြားတော်မူခဲ့၏။ (ထိုအခါ ၎င်းတို့နှစ်ပါးသည် ထိုအမျိုးသားတို့ထံ သွားရောက်၍ သာသနာပြုခဲ့ကြသော်လည်း ၎င်းတို့သည် ယုံကြည်လက်ခံခြင်း မပြုဘဲ ငြင်းပယ်ခဲ့ကြလေသည်)။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအမျိုးသားတို့အား လုံးဝဖျက်ဆီးတော်မူခဲ့၏။
🎤 Your recording:
25:37
🔁 0/5
وَقَوۡمَ نُوحٍ لَّمَّا كَذَّبُواْ ٱلرُّسُلَ أَغۡرَقۡنَٰهُمۡ وَجَعَلۡنَٰهُمۡ لِلنَّاسِ ءَايَةًۖ وَأَعۡتَدۡنَا لِلظَّٰلِمِينَ عَذَابًا أَلِيمًا ٣٧
Wa qawma Noohil lammaa kazzabur Rusula aghraqnaahum wa ja`alnaahum linnaasi Aayatanw wa a`tadnaa lizzaalimeena `azaaban aleemaa
ထိုနည်းတူစွာ နူဟ်၏ အမျိုးသားတို့အား ၎င်းတို့သည် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အားလည်း နစ်မြုပ်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား လူခပ်သိမ်းတို့အဖို့ သက်သေလက္ခဏာ တစ်ရပ်ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် မတော်မတရား ပြုလုပ်သောသူတို့အဖို့ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို အဆင်သင့် ပြုလုပ်၍ ထားရှိတော်မူသည်။
🎤 Your recording:
25:38
🔁 0/5
وَعَادًا وَثَمُودَاْ وَأَصۡحَٰبَ ٱلرَّسِّ وَقُرُونَۢا بَيۡنَ ذَٰلِكَ كَثِيرًا ٣٨
Wa `Aadanw Samooda wa As haabar Rassi wa quroonam baina zaalika kaseeraa
ထိုမှတစ်ပါး အာဒ်အမျိုးသားတို့အားလည်းကောင်း၊ ဆမူဒ်အမျိုးသားတို့အားလည်းကောင်း၊ "ရတ်စ္စ" မြို့ သားတို့အားလည်းကောင်း၊ ၎င်းတို့အကြား၌ မြောက်မြားစွာသော မျိုးနွယ်တို့အားလည်းကောင်း၊ (ငါအရှင်မြတ်သည် ဖျက်ဆီးတော်မူခဲ့၏။)
🎤 Your recording:
25:39
🔁 0/5
وَكُلًّا ضَرَبۡنَا لَهُ ٱلۡأَمۡثَٰلَۖ وَكُلًّا تَبَّرۡنَا تَتۡبِيرًا ٣٩
Wa kullandarabnaa lahul amsaala wa kullan tabbarnaa tatbeera
စင်စစ် ငါအရှင်မြတ်သည် (ထိုထိုသော အမျိုးသားတို့အနက်) အသီးသီးတို့၏အကျိုးငှာ ဥပမာ ပုံဆောင်ချက်များကို ခိုင်းနှိုင်းတော်မူခဲ့၏။ (သို့ပါလျက် ၎င်းတို့သည် မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ခဲ့ကြ၏၊) ထိုအခါ ငါအရှင်မြတ်သည် အသီးသီးတို့အား လုံးဝ ဖျက်ဆီးတော်မူခဲ့၏။
🎤 Your recording:
25:40
🔁 0/5
وَلَقَدۡ أَتَوۡاْ عَلَى ٱلۡقَرۡيَةِ ٱلَّتِيٓ أُمۡطِرَتۡ مَطَرَ ٱلسَّوۡءِۚ أَفَلَمۡ يَكُونُواْ يَرَوۡنَهَاۚ بَلۡ كَانُواْ لَا يَرۡجُونَ نُشُورًا ٤٠
Wa laqad ataw `alal qaryatil lateee umtirat mataras saw`; afalam yakoonoo yarawnahaa; bal kaanoo laa yarjoona nushooraa
စင်စစ်သော်ကား ၎င်းတို့သည်(မက္ကာမြို့သား ကာဖိရ်များသည်) အလွန်ဆိုးရွားသော မိုးရွာသွန်းစေခြင်းကို ခံခဲ့ရသောမြို့ရွာသို့ ဧကန်အမှန် ရောက်ရှိခဲ့ကြကုန်၏။ သို့ပါလျက် ၎င်းတို့သည် ယင်း(ပြစ်ဒဏ်၏အမှတ်လက္ခဏာများ)ကို မမြင်ခဲ့ကြလေသလော။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာမူကား ၎င်းတို့သည် ရှင်ပြန်ထခြင်းကို ဖြစ်ရန်လက္ခဏာရှိသည် ဟူ၍ပင် မမျှော်လင့်ကြပေ။
🎤 Your recording:
25:41
🔁 0/5
وَإِذَا رَأَوۡكَ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا ٱلَّذِي بَعَثَ ٱللَّهُ رَسُولًا ٤١
Wa izaa ra awka iny yattakhizoonaka illaa huzuwan ahaazal lazee ba`asal laahu Rasoolaa
၎င်းပြင် ထိုသူတို့သည် အသင့်အား တွေ့မြင်ကြသောအခါ "အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူသောသူသည် ဤသူ ပင်လော" ဟု အသင့်အား ပြောင်လှောင်ကြကုန်၏။
🎤 Your recording:
25:42
🔁 0/5
إِن كَادَ لَيُضِلُّنَا عَنۡ ءَالِهَتِنَا لَوۡلَآ أَن صَبَرۡنَا عَلَيۡهَاۚ وَسَوۡفَ يَعۡلَمُونَ حِينَ يَرَوۡنَ ٱلۡعَذَابَ مَنۡ أَضَلُّ سَبِيلًا ٤٢
In kaada la yudillunaa `an aalihatinaa law laaa an sabarnaa `alaihaa; wa sawfa ya`lamoona heena yarawnal `azaaba man adallu sabeela
အကယ်၍သာ ကျွန်ုပ်တို့သည် မိမိတို့၏ ကိုးကွယ်ရာဘုရားများ(အား ကြည်ညိုမြတ်နိုးရာ)၌ စွဲမြဲကြံ့ခိုင်စွာ မရှိခဲ့ကြပါလျှင် ဧကန်မလွဲ ၎င်းသည် ကျွန်ုပ်တို့အား ထိုကိုးကွယ်ရာဘုရားများမှ ဝေးအောင်ပြုခဲ့ပြီးသာ ဖြစ်ပေသည်။" စင်စစ်သော်ကား ၎င်းတို့သည် မကြာမြင့်မီ ပြစ်ဒဏ်ကို တွေ့မြင်ကြ သောအခါ မည်သူသည် လမ်းလွဲသူဖြစ်ကြောင်း သိရှိသွားကြပေမည်။
🎤 Your recording:
25:43
🔁 0/5
أَرَءَيۡتَ مَنِ ٱتَّخَذَ إِلَٰهَهُۥ هَوَىٰهُ أَفَأَنتَ تَكُونُ عَلَيۡهِ وَكِيلًا ٤٣
Ara`aita manit takhaza ilaahahoo hawaahu afa anta takoonu `alaihi wakeelaa
(အို-နဗီတမန်တော်၊) မိမိ၏စိတ်အလိုဆန္ဒကို မိမိ၏ကိုးကွယ်ရာအဖြစ် ပြုလုပ်ခဲ့သောသူ၏အကြောင်းကို အသင်သည် သိမြင်ခဲ့ပြီ မဟုတ်လော။ သို့ပါလျက် အသင်သည် ထိုသူ၏အပေါ်၌ အုပ်ထိန်းသူအဖြစ် ရှိနေနိုင်ပါသလော။
🎤 Your recording:
25:44
🔁 0/5
أَمۡ تَحۡسَبُ أَنَّ أَكۡثَرَهُمۡ يَسۡمَعُونَ أَوۡ يَعۡقِلُونَۚ إِنۡ هُمۡ إِلَّا كَٱلۡأَنۡعَٰمِ بَلۡ هُمۡ أَضَلُّ سَبِيلًا ٤٤
Am tahsabu annna aksarahum yasma`oona aw ya``qiloon; in hum illaa kal an`aami bal hum adallu sabeelan
သို့တည်းမဟုတ် ထိုသူတို့အနက် များစွာ��ော သူတို့သည် ကြားကြသည်။ သို့မဟုတ် နားလည်ကြသည်ဟု အသင်ထင်မှတ်လေသလော။ ၎င်းတို့သည် ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစ္ဆာန် များကဲ့သို့သာလျှင် ဖြစ်ကြသည်။ ထိုမျှမက(ထို တိရစ္ဆာန်များထက်ပင်) သာလွန် လမ်းလွဲသူများဖြစ်ကြကုန် သတည်း။
🎤 Your recording:
25:45
🔁 0/5
أَلَمۡ تَرَ إِلَىٰ رَبِّكَ كَيۡفَ مَدَّ ٱلظِّلَّ وَلَوۡ شَآءَ لَجَعَلَهُۥ سَاكِنًا ثُمَّ جَعَلۡنَا ٱلشَّمۡسَ عَلَيۡهِ دَلِيلًا ٤٥
Alam tara ilaa Rabbika kaifa maddaz zilla wa law shaaa`a laja`alahoo saakinan summa ja`alnash shamsa `alaihe daleelaa
အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က(အရာဝတ္ထုခပ်သိမ်းတို့၏) အရိပ်ကို မည်သို့မည်ပုံ ပြန့်စေတော်မူခဲ့ကြောင်း လေ့လာဆင်ခြင်သုံးသပ်ခြင်း မပြုခဲ့လေသလော။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ထိုအရိပ်ကို(လှုပ်ရှားနိုင်ခြင်း မရှိစေဘဲ) တည်ငြိမ်အောင် ပြုလုပ်တော်မူခဲ့မည်သာတည်း။ ထို့နောက် ငါအရှင်မြတ်သည် နေကို ထိုအရိပ်နှင့် စပ်လျဉ်း၍ သက်သေ လက္ခဏာတစ်ရပ် ပြုလုပ်တော်မူခဲ့၏။
🎤 Your recording:
25:46
🔁 0/5
ثُمَّ قَبَضۡنَٰهُ إِلَيۡنَا قَبۡضًا يَسِيرًا ٤٦
Summa qabadnaahu ilainaa qabdany yaseeraa
ထို့နောက် ငါအရှင်မြတ်သည် ယင်းအရိပ်ကို မိမိအထံတော်သို့ တဖြည်ဖြည်း ဆွဲယူရုပ်သိမ်းတော်မူခဲ့၏။
🎤 Your recording:
25:47
🔁 0/5
وَهُوَ ٱلَّذِي جَعَلَ لَكُمُ ٱلَّيۡلَ لِبَاسًا وَٱلنَّوۡمَ سُبَاتًا وَجَعَلَ ٱلنَّهَارَ نُشُورًا ٤٧
Wa Huwal lazee ja`ala lakumul laila libaasanw wannawma subaatanw wa ja`alan nahaara nushooraa
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် ညဉ့်ကို အသင်တို့အဖို့ အကွယ်အကာ အဖုံးအအုပ်၊ အိပ်စက်ခြင်းကို အပန်းဖြေရာ ပြုလုပ်တော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် နေ့ကို ရှင်ပြန်ရာကာလ ပြုလုပ်တော်မူခဲ့ပေသတည်း။
🎤 Your recording:
25:48
🔁 0/5
وَهُوَ ٱلَّذِيٓ أَرۡسَلَ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۚ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءً طَهُورًا ٤٨
Wa Huwal lazeee arsalar riyaaha bushram baina yadai rahmatih; wa anzalnaa minas samaaa`i maaa`an tahooraa
၎င်းပြင် ထိုအရှင်မြတ်သည်ပင် လေများကို မိမိကရုဏာတော် (ဝါ) မိုးမရွာမီ ရှေ့ပြေးသတင်းကောင်းအဖြစ် စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်သော (မိုး)ရေကို ချပေးသနားတော်မူခဲ့၏။
🎤 Your recording:
25:49
🔁 0/5
لِّنُحۡـِۧيَ بِهِۦ بَلۡدَةً مَّيۡتًا وَنُسۡقِيَهُۥ مِمَّا خَلَقۡنَآ أَنۡعَٰمًا وَأَنَاسِيَّ كَثِيرًا ٤٩
Linuhyiya bihee balda tam maitanw wa nusqiyahoo mimmaa khalaqnaaa an`aa manw wa anaasiyya kaseeraa
(ယင်းကဲ့သို့ ချပေးသနားတော်မူခြင်းမှာ) ငါ အရှင်မြတ်သည် အသက်မရှိသော (ဝါ) သွေ့ခြောက်လျက်ရှိသောမြို့ရွာကို ထိုရေဖြင့် ရှင်စေတော်မူအံ့သောငှာ (ဝါ) စိုပြည်စိမ်းလန်းစေတော်မူအံ့သောငှာ လည်းကောင်း၊ ငါအရှင် ဖန်ဆင်းတော်မူခဲ့သော မြောက်မြားစွာသော ကုလားအုတ်၊ ကျွဲ၊ နွား တိရစ္ဆာန်များနှင့် လူတို့အား ထိုရေကို တိုက်ကျွေးတော်မူအံ့သောငှာ လည်းကောင်း၊ ဖြစ်ပေ၏။
🎤 Your recording:
25:50
🔁 0/5
وَلَقَدۡ صَرَّفۡنَٰهُ بَيۡنَهُمۡ لِيَذَّكَّرُواْ فَأَبَىٰٓ أَكۡثَرُ ٱلنَّاسِ إِلَّا كُفُورًا ٥٠
Wa laqad sarrafnaahu bainahum li yazzakkaroo fa abaaa aksarun naasi illaa kufooraa
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုရေကို ၎င်းတို့အကြားဝယ် ဝေငှ၍ ပေးကမ်းတော်မူခဲ့၏။ သို့မှသာလျှင် ၎င်းတို့သည် တရားရရှိ ကြပေမည်။ သို့ပါလျက် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား ကျေးဇူးကန်းခဲ့ကြသည် သာတည်း။
🎤 Your recording:
25:51
🔁 0/5
وَلَوۡ شِئۡنَا لَبَعَثۡنَا فِي كُلِّ قَرۡيَةٍ نَّذِيرًا ٥١
Wa law shi`naa laba`asnaa fee kulli qar yatin nazeeraa
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ရွာတိုင်းရွာတိုင်းတွင် သတိပေးနှိုးဆော်သူ တစ်ပါးစီကို လွှတ်တော်မူခဲ့မည်သာ။
🎤 Your recording:
25:52
🔁 0/5
فَلَا تُطِعِ ٱلۡكَٰفِرِينَ وَجَٰهِدۡهُم بِهِۦ جِهَادًا كَبِيرًا ٥٢
Falaa tuti`il kaafireena wa jaahidhum bihee jihaadan kabeeraa
သို့ဖြစ်ပေရာ(အို-နဗီတမန်တော်၊) အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏စကားကို လိုက်နာခြင်းမပြုဘဲ၊ ဤကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ၎င်းတို့အား ကြီးကျယ်ပြင်းထန်စွာ ယှဉ်ပြိုင်ပါလေ။
🎤 Your recording:
25:53
🔁 0/5
۞ وَهُوَ ٱلَّذِي مَرَجَ ٱلۡبَحۡرَيۡنِ هَٰذَا عَذۡبٌ فُرَاتٌ وَهَٰذَا مِلۡحٌ أُجَاجٌ وَجَعَلَ بَيۡنَهُمَا بَرۡزَخًا وَحِجۡرًا مَّحۡجُورًا ٥٣
Wa Huwal lazee marajal bahraini haazaa `azbun furaatunw wa haazaa milhun ujaaj; wa ja`ala bainahumaa barzakhanw wa hijram mahjooraa
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ပင်လယ်နှစ်ခုကို ပေါင်းစပ်ပေးတော်မူသောအရှင် ဖြစ်တော်မူပေရာ၊ (ထိုပင်လယ်နှစ်ခုအနက်) ဤတစ်ခုသော ပင်လယ်(ရေ)မှာ ရသာရှိ၍ ချိုမြိန်သော၊ ရေငတ်ပြေစေသော (ရေ)ဖြစ်၏။ သို့ရာတွင် ဤတစ်ခုသောပင်လယ်(ရေ)မှာကား ငန်၍ခါး (သောရေပင်) ဖြစ်ပေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုပင်လယ်နှစ်ခု၏အကြားဝယ် သေးသွယ်သောအဆက်တစ်ခုကို ထားရှိတော်မူခဲ့သည့်ပြင် (တစ်ဘက်�ှရေသည် နောက်တစ်ဘက်မှ ရေနှင့်ရောနှောခြင်းမရှိစေရန် ခိုင်လုံသော) အတားအဆီးတစ်ခုဖြင့် ကာဆီး၍ ထားရှိတော်မူခဲ့၏။
🎤 Your recording:
25:54
🔁 0/5
وَهُوَ ٱلَّذِي خَلَقَ مِنَ ٱلۡمَآءِ بَشَرًا فَجَعَلَهُۥ نَسَبًا وَصِهۡرًاۗ وَكَانَ رَبُّكَ قَدِيرًا ٥٤
Wa Huwal lazee khalaqa minal maaa`i basharran fa ja`alahoo nasaban wa sihraa; wa kaana Rabbuka Qadeeraa
တစ်ဖန် ထိုအရှင်မြတ်သည်ပင် (ကလလ)ရေ(ကြည်)ဖြင့် လူကိုဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုလူကို (သွေးရင်းသားရင်းဖြစ်သော) ဆွေးမျိုးသားချင်း တော်စပ်သူများနှင့်လည်းကောင်း၊ ထိမ်းမြားမှုဖြင့် ဆွေမျိုးတော်စပ်သူများကို လည်းကောင်း၊ ဖြစ် စေတော်မူခဲ့၏။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
25:55
🔁 0/5
وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُهُمۡ وَلَا يَضُرُّهُمۡۗ وَكَانَ ٱلۡكَافِرُ عَلَىٰ رَبِّهِۦ ظَهِيرًا ٥٥
Wa ya`budoona min doonil laahi maa laa yanfa`uhum wa laa yadurruhum; wa kaanal kaafiru `alaa Rabbihee zaheeraa
သို့ရာတွင် ထို(မုရှ်ရစ်က်)တို့မှာမူကား အကြင်အရာများကို အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ဆည်းကပ်ကိုးကွယ်ကြကုန်၏။ ထိုအရာများသည် ၎င်းတို့အား အကျိုးဖြစ် ထွန်းစေနိုင်ကြသည်လည်း မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းတို့အား အကျိုးယုတ်စေနိုင်ကြသည်လည်း မဟုတ်ပေ။ စင်စစ် သော်ကား "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်မှ ကျောခိုင်းသူပင် ဖြစ်ပေသည်။
🎤 Your recording:
25:56
🔁 0/5
وَمَآ أَرۡسَلۡنَٰكَ إِلَّا مُبَشِّرًا وَنَذِيرًا ٥٦
Wa maa arsalnaaka illaa mubashshiranw wa nazeeraa
စင်စစ်သော်ကား (အို-နဗီတမန်တော်၊) ငါ အရှင်မြတ်သည် အသင့်အား သတင်းကောင်း ပြောကြားသူနှင့် သတိပေးနှိုးဆော်သူအဖြစ်သာ စေလွှတ်တော်မူခဲ့၏။
🎤 Your recording:
25:57
🔁 0/5
قُلۡ مَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍ إِلَّا مَن شَآءَ أَن يَتَّخِذَ إِلَىٰ رَبِّهِۦ سَبِيلًا ٥٧
Qul maaa as`alukum `alaihi min ajrin illaa man shaaa`a ai yattakhiza ilaa Rabbihee sabeelaa
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) မည်သူမဆို အလိုရှိခဲ့လျှင် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ သွားရာလမ်းကို ရွေးချယ်ရန်မှတပါး ငါသည် ယင်း(အမိန့်တော်များကို ပို့ဆောင်ခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ မည်သည့်အဖိုး အခကိုမျှ တောင်းဆိုသည် မဟုတ်ပေ။
🎤 Your recording:
25:58
🔁 0/5
وَتَوَكَّلۡ عَلَى ٱلۡحَيِّ ٱلَّذِي لَا يَمُوتُ وَسَبِّحۡ بِحَمۡدِهِۦۚ وَكَفَىٰ بِهِۦ بِذُنُوبِ عِبَادِهِۦ خَبِيرًا ٥٨
Wa tawakkal `alal Haiyil lazee laa yamootu wa sabbih bihamdih; wa kafaa bihee bizunoobi `ibaadihee khabeeraa
၎င်းပြင် (အို-နဗီတမန်တော်၊) အသင်သည် မည်သည့်အခါ၌မျှ သေဆုံးတော်မူမည် မဟုတ်သော အမြဲထာဝရ ရှင်တော်မူသော အရှင်မြတ်အပေါ်၌သာလျှင် ယုံပုံလွှဲအပ်ပါလေ။ ထိုမှတစ်ပါး အသင်သည် ထိုအရှင်မြတ်အား ချီးမွမ်းထော မနာပြုခြင်းကို မြွက်ဆိုပါလေ။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် မိမိကျွန်များ၏ပြစ်မှုတို့ကို သိတော်မူသောအရှင် အဖြစ်လုံလောက်၏။
🎤 Your recording:
25:59
🔁 0/5
ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٍ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ ٱلرَّحۡمَٰنُ فَسۡـَٔلۡ بِهِۦ خَبِيرًا ٥٩
Allazee khalaqas samaawaati wal arda wa maa bainahumaa fee sittati aiyaamin summmmastawaa `alal `Arsh; ar Rahmaanu fas`al bihee khabeeraa
အကြင်အရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ နှစ်ခုလုံး၏အကြား၌ ရှိသည်တို့ကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်း တော်မူခဲ့ပြီးနောက် ‘အရ်ရှ်’ ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ ထို(အရှင်မြတ်သည်ပင်) "ရဟ်မာန်" ကြီးမားလှသော ကရုဏာတော်ရှင် ဖြစ်တော်မူပေရာ ထို "ရဟ်မာန်" ကြီးမားလှသော ကရုဏာတော်ရှင်နှင့် ပတ်သက်၍ သိရှိသူတစ်ဦးတစ်ယောက်အား မေးမြန်းရာ၏။
🎤 Your recording:
25:60
🔁 0/5
وَإِذَا قِيلَ لَهُمُ ٱسۡجُدُواْۤ لِلرَّحۡمَٰنِ قَالُواْ وَمَا ٱلرَّحۡمَٰنُ أَنَسۡجُدُ لِمَا تَأۡمُرُنَا وَزَادَهُمۡ نُفُورًا۩ ٦٠
Wa izaa qeela lahumus judoo lir Rahmaani qaaloo wa mar Rahmaanu anasjudu limaa taamurunaa wa zaadahum nufooraa
စင်စစ်သော်ကား ၎င်းတို့အား အသင်တို့သည် ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်အား ‘စဂျီဒဟ်’ ပျပ်ဝပ် ဦးချကြလေကုန်ဟု ပြောကြားခဲ့ပါလျှင် ၎င်းတို့က ‘ရဟ်မာန်’ ဟူသည် အဘယ်နည်း။ ကျွန်ုပ်တို့သည် အသင် အကျွန်ုပ်တို့အား အမိန့်ပေးသောအရာကို ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦး ချကြရပါမည်လောဟု ဆိုကြကုန်၏။ စင်စစ် (ဤပြောဆို ညွှန်ကြားမှုသည်) ၎င်းတို့၌ စက်ဆုပ်မှုကို ပိုမိုတိုးတက်စေခဲ့ပေသတည်း။
🎤 Your recording:
25:61
🔁 0/5
تَبَارَكَ ٱلَّذِي جَعَلَ فِي ٱلسَّمَآءِ بُرُوجًا وَجَعَلَ فِيهَا سِرَٰجًا وَقَمَرًا مُّنِيرًا ٦١
Tabaarakal lazee ja`ala fis samaaa`i buroojanw wa ja`ala feehaa siraajanw wa qamaram muneeraa
အကြင်အရှင်မြတ်သည် ‘ဗရ်ကသ်’ မင်္ဂလာနှင့် အလွန်ပြည့်စုံတော်မူ၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင်၌ ဆယ့်နှစ်ရာသီအင်သာစက်များကို ဂြိုဟ်နက္ခတ်များကို ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်၌ ဆီးမီးတစ်ခုကိုလည်းကောင်း၊ လင်းဝင်းတောက်ပသော လစန္ဒာကိုလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။
🎤 Your recording:
25:62
🔁 0/5
وَهُوَ ٱلَّذِي جَعَلَ ٱلَّيۡلَ وَٱلنَّهَارَ خِلۡفَةً لِّمَنۡ أَرَادَ أَن يَذَّكَّرَ أَوۡ أَرَادَ شُكُورًا ٦٢
Wa huwal lazee ja`alal laila wannahaara khilfatal liman araada ai yazzakkara aw araadaa shookooraa
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အကြင်သူ၏အဖို့ ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊ တစ်ခု၏ နောက်တစ်ခု အလှည့်ကျသွားလာသောအရာများပင် ပြုလုပ်တော်မူခဲ့၏။ ထိုသူသည် သိနားလည်ရန်အလိုရှိခဲ့၏။ သို့တည်းမဟုတ် ကျေးဇူးသိတတ်ရန် ရည်စူးခဲ့ပေသတည်း။
🎤 Your recording:
25:63
🔁 0/5
وَعِبَادُ ٱلرَّحۡمَٰنِ ٱلَّذِينَ يَمۡشُونَ عَلَى ٱلۡأَرۡضِ هَوۡنًا وَإِذَا خَاطَبَهُمُ ٱلۡجَٰهِلُونَ قَالُواْ سَلَٰمًا ٦٣
Wa `ibaadur Rahmaanil lazeena yamshoona `alal ardi hawnanw wa izaa khaata bahumul jaahiloona qaaloo salaamaa
စင်စစ်သော်ကား ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ ကျွန်များသည် အကြင်သူများပင်။ ထိုသူတို့သည် ပထဝီမြေပေါ်ဝယ် ကျိုးနွံစွာ၊ ဖြည်းညင်းစွာ၊ ဣန္ဒြေသိက္ခာရှိစွာ၊ လမ်းလျှောက်ကြကုန်၏။ ထိုမှတစ်ပါး အသိအလိမ္မာ ကင်းမဲ့ကြသောသူများသည် ၎င်းတို့နှင့် စကားပြောဆိုကြသောအခါ ၎င်းတို့သည် ကောင်းမွန်စွာ ပဋိပက္ခ ကင်းငြိမ်းသောစကားကို အပြစ်မဖြစ်စေသောစကားကို ပြောဆိုကြကုန်၏။
🎤 Your recording:
25:64
🔁 0/5
وَٱلَّذِينَ يَبِيتُونَ لِرَبِّهِمۡ سُجَّدًا وَقِيَٰمًا ٦٤
Wallazeena yabeetoona li Rabbihim sujjadanw wa qiyaamaa
၎င်းပြင် အကြင်သူများပင် ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ‘စဂျ်ဒဟ်’ ပျပ်ဝပ် ဦးချကြလျက် လည်းကောင်း၊ မတ်တတ်ရပ်ကြလျက်လည်းကောင်း၊ ညဉ့်ကို ကုန်လွန်စေကြကုန်၏။
🎤 Your recording:
25:65
🔁 0/5
وَٱلَّذِينَ يَقُولُونَ رَبَّنَا ٱصۡرِفۡ عَنَّا عَذَابَ جَهَنَّمَۖ إِنَّ عَذَابَهَا كَانَ غَرَامًا ٦٥
Wallazeena yaqooloona Rabbanas rif `annnaa `azaaba Jahannama inn `azaabahaa kaana gharaamaa
ထို့ပြင် အကြင်သူများပင်။ ထိုသူတို့သည်(ဤသို့) လျှောက်ထားကြကုန်၏။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်ကို ကျွန်တော်မျိုးတို့မှ ဖယ်ရှားပေးတော်မူပါ။ ဧကန်မလွဲ ယင်းဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်သည်ကား ပျက်စီးမှုပင်၊ ပြင်းထန်လှသောဒုက္ခပင်၊ အဆက်မပြတ် သက်ရောက်အံ့သော ပြစ်ဒဏ်ပင်ဖြစ်ပါသည်။
🎤 Your recording:
25:66
🔁 0/5
إِنَّهَا سَآءَتۡ مُسۡتَقَرًّا وَمُقَامًا ٦٦
Innahaa saaa`at mustaqarranw wa muqaamaa
ဧကန်စင်စစ် ယင်းဂျဟန္နမ်ငရဲသည် စခန်းချရာ နေရာအဖြစ်လည်းကောင်း၊ နေထိုင်ရာနေရာအဖြစ် လည်းကောင်း၊ အလွန်ညံ့ဖျင်းလှပါသည်။
🎤 Your recording:
25:67
🔁 0/5
وَٱلَّذِينَ إِذَآ أَنفَقُواْ لَمۡ يُسۡرِفُواْ وَلَمۡ يَقۡتُرُواْ وَكَانَ بَيۡنَ ذَٰلِكَ قَوَامًا ٦٧
Wallazeena izaaa anfaqoo lam yusrifoo wa lam yaqturoo wa kaana baina zaalika qawaamaa
ထိုမှတစ်ပါး အကြင်သူများပင်။ ထိုသူတို့သည် သုံးစွဲကြသောအခါ အချည်းနှီး၊ ဖြုန်းတီးကြသည်လည်း မဟုတ်ပေ။ စစ်စီစေးနှဲကြသည်လည်း မဟုတ်ပေ။ စင်စစ် (၎င်းတို့၏သုံးစွဲမှုကား) ယင်း (အချည်းနှီးဖြုန်းတီးမှုနှင့် စစ်စီစေးနှဲမှု)၏ အကြားတွင် မလွန်မယုတ် အလယ်(အလတ်သုံးစွဲမှု)သာလျှင် ဖြစ်ပေသတည်း။
🎤 Your recording:
25:68
🔁 0/5
وَٱلَّذِينَ لَا يَدۡعُونَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ وَلَا يَقۡتُلُونَ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّ وَلَا يَزۡنُونَۚ وَمَن يَفۡعَلۡ ذَٰلِكَ يَلۡقَ أَثَامًا ٦٨
Wallazeena laa yad`oona ma`al laahi ilaahan aakhara wa laa yaqtuloonan nafsal latee harramal laahu illaa bilhaqqi wa laa yaznoon; wa mai yaf`al zaalika yalqa asaamaa
၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တ သ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရားသဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်းကြသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ထိုသည့်ပြစ်မှုများကိုကျူးလွန်ပါမူ ထိုသူသည် (အလွန်ကြီးလေးသော) ပြစ်ဒဏ်နှင့်တွေ့ကြုံရမည်သာ။
🎤 Your recording:
25:69
🔁 0/5
يُضَٰعَفۡ لَهُ ٱلۡعَذَابُ يَوۡمَ ٱلۡقِيَٰمَةِ وَيَخۡلُدۡ فِيهِۦ مُهَانًا ٦٩
Yudaa`af lahul `azaabu Yawmal Qiyaamati wa yakhlud feehee muhaanaa
ကိယာမသ်"ရှင်ပြန်ထမည့်နေ့တွင် ထိုသူ၌ ပြစ်ဒဏ်သည် တိုးတက်(သက်ရောက်)စေခြင်းကိုခံရမည့်ပြင်၊ ထိုသူသည် အမြဲထာဝရ ယင်းပြစ် ဒဏ်၌ပင် ဂုဏ်သရေယုတ်ညံ့စွာ ခံစားနေရပေမည်။
🎤 Your recording:
25:70
🔁 0/5
إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ عَمَلًا صَٰلِحًا فَأُوْلَٰٓئِكَ يُبَدِّلُ ٱللَّهُ سَيِّـَٔاتِهِمۡ حَسَنَٰتٍۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا ٧٠
Illaa man taaba wa `aamana wa `amila `amalan saalihan fa ulaaa`ika yubad dilul laahu saiyi aatihim hasanaat; wa kaanal laahu Ghafoorar Raheemaa
သို့ရာတွင် အကြင်သူသည် (ကာဖိရ်ရှရစ်က်မှ) ၀န်ချတောင်းပန်ပြီး သက်ဝင်ယုံကြည်ခဲ့၍ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့လျှင်၊ အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား ၎င်းတို့ ၏မကောင်းမှုများကို ကောင်းမှုများနှင့် လဲလှယ်၍ ပေးသနားတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
🎤 Your recording:
25:71
🔁 0/5
وَمَن تَابَ وَعَمِلَ صَٰلِحًا فَإِنَّهُۥ يَتُوبُ إِلَى ٱللَّهِ مَتَابًا ٧١
Wa man taaba wa `amila saalihan fa innnahoo yatoobu ilal laahi mataabaa
အမှန်သော်ကား၊ မည်သူမဆို(အပြစ်မှ)ဝန်ချတောင်းပန်၍ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့ပါမူ ဧကန်မလွဲ ထိုသူသည် အလ္လာဟ်အရှင်မြတ်ဖက်သို့ ပြန်လှည့်သူပင်ဖြစ်ပေ၏။
🎤 Your recording:
25:72
🔁 0/5
وَٱلَّذِينَ لَا يَشۡهَدُونَ ٱلزُّورَ وَإِذَا مَرُّواْ بِٱللَّغۡوِ مَرُّواْ كِرَامًا ٧٢
Wallazeena laa yash hadoonaz zoora wa izaa marroo billaghwi marroo kiraamaa
ထို့ပြင် အကြင်သူများပင်။ ထိုသူတို့သည် မလျော်ကန်သောနေရာသို့လည်း သွားရောက်ပါဝင်ကြသည် မဟုတ်ပေ။ (တစ်နည်း) မုသားသက်သေခံကြသည်လည်း မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် အချည်းနှီးသော အမှုကိစ္စ၏အပါးမှ ဖြတ်သန်း၍ သွားကြလေသောအခါ၊ (မျက်နှာအောက်စိုက်၍) ဣန္ဒြေရှိသူများပီပီ ဖြတ်သန်း၍သွားကြကုန်၏။
🎤 Your recording:
25:73
🔁 0/5
وَٱلَّذِينَ إِذَا ذُكِّرُواْ بِـَٔايَٰتِ رَبِّهِمۡ لَمۡ يَخِرُّواْ عَلَيۡهَا صُمًّا وَعُمۡيَانًا ٧٣
Wallazeena izaa zukkiroo bi Aayaati Rabbihim lam yakhirroo `alaihaa summanw wa`umyaanaa
၎င်းပြင် အကြင်သူများပင်၊ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အာယတ်တော်များဖြင့် ဆုံးမဩဝါဒပေးခြင်းကို ခံကြရသောအခါ ထိုသူတို့သည် ယင်းအာယတ်တော်များအပေါ်၌ နားပင်းသူများ အဖြစ်လည်းကောင်း၊ မျက်စိကန်းသူများ အဖြစ်လည်းကောင်း၊ ကျလာကြ သည်မဟုတ်ပေ။
🎤 Your recording:
25:74
🔁 0/5
وَٱلَّذِينَ يَقُولُونَ رَبَّنَا هَبۡ لَنَا مِنۡ أَزۡوَٰجِنَا وَذُرِّيَّٰتِنَا قُرَّةَ أَعۡيُنٍ وَٱجۡعَلۡنَا لِلۡمُتَّقِينَ إِمَامًا ٧٤
Wallazeena yaqooloona Rabbanaa hab lanaa min azwaajinaa wa zurriyaatinaa qurrata a`yuninw waj `alnaa lilmuttaqeena Imaamaa
ထိုမှတစ်ပါး အကြင်သူများပင်။ ထိုသူတို့သည် အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဇနီးကြင်ရာများထံမှလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ သားမြေးတို့ထံမှလည်းကောင်း၊ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘မွတ္တကီ’ သူတော်စင်များ၏ရှေ့ဆောင်ရှေ့ရပ် ပြုလုပ်တော်မူပါဟု လျှောက်ထား အသနားခံကြကုန်သတည်း။
🎤 Your recording:
25:75
🔁 0/5
أُوْلَٰٓئِكَ يُجۡزَوۡنَ ٱلۡغُرۡفَةَ بِمَا صَبَرُواْ وَيُلَقَّوۡنَ فِيهَا تَحِيَّةً وَسَلَٰمًا ٧٥
Ulaaa`ika yujzawnal ghurfata bimaa sabaroo wa yulaqqawna feehaa tahiyyatanw wa salaamaa
ထို(ဝိသေသဂုဏ်ထူးနှင့် ပြည့်စုံကြကုန်သော ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ကျွန်)တို့မှာကား မိမိတို့ တည်တံ့ကြံ့ခိုင်စွာ ရှိခဲ့ကြသည့်အတွက်ကြောင့် (ဂျန္နတ်သုခဘုံ၏)မြင့်မြတ်သော အဆောင်များကိုပင် အစားပေးချီးမြှင့်ခြင်း ခံကြရပေမည်။ ထိုမှတစ်ပါး ထိုသူတို့သည် ယင်းအဆောင်များ၌("မလာအိကဟ်" ကောင်းကင်တမန်များ၏) နှစ်ထောင်းအားရကြောင်း ထုတ်ဖော်ပြောဆိုခြင်းကို လည်းကောင်း၊ ‘စလာမ်’ မေတ္တာပို့ နှုတ်ခွန်းဆက်သခြင်းကို လည်းကောင်း၊ (တွေ့ကြုံစေခြင်း)ခံကြရပေမည်။
🎤 Your recording:
25:76
🔁 0/5
خَٰلِدِينَ فِيهَاۚ حَسُنَتۡ مُسۡتَقَرًّا وَمُقَامًا ٧٦
Khaalideena feehaa; hasunat mustaqarranw wa muqaamaa
(၎င်းတို့သည်) ယင်း(‘ဂျန္နတ်’သုခဘုံ၏) မြင့်မြတ်သောအဆောင်များ၌ပင် အမြဲထာဝစဉ် နေထိုင်ကြပေမည်။ ထို(ဂျန္နတ်သုခဘုံ၏)မြင့်မြတ်သော အဆောင်များသည် အလွန်မွန်မြတ်လှစွာသော စခန်းချရာနေရာသည် လည်းကောင်း၊ နေထိုင်ရာနေရာသည် လည်းကောင်း၊ ဖြစ်ပေသည်။
🎤 Your recording:
25:77
🔁 0/5
قُلۡ مَا يَعۡبَؤُاْ بِكُمۡ رَبِّي لَوۡلَا دُعَآؤُكُمۡۖ فَقَدۡ كَذَّبۡتُمۡ فَسَوۡفَ يَكُونُ لِزَامَۢا ٧٧
Qul maa ya`ba`u bikum Rabbee law laa du`aaa`ukum faqad kazzabtum fasawfa yakoonu lizaamaa
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါ လေ။ (အို-အချင်းတို့၊) အကယ်၍ အသင်တို့သည် ဆုတောင်းပတ္ထနာမပြုကြလျှင် ငါ့အားဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်သည် အသင်တို့အား လုံးဝဂရုစိုက်တော်မူမည် မဟုတ်ပေ။ ယခုသော်ကား ဧကန်မလွဲ အသင်တို့သည် (ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ကို လည်းကောင်း၊) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြပြီးဖြစ်ရာ မကြာမြင့်မီ ယင်းစွပ်စွဲငြင်းပယ်မှုကြောင့် (အသင်တို့အပေါ်၌)အန္တရာယ်ပင် ဖြစ်ချေအံ့သတည်း။
🎤 Your recording:
💡 Tap any hidden word to reveal it temporarily — your progress is saved automatically in this browser.
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers







