🔥 0 day streak
📖 Long surah — split into smaller parts to help you focus (93 အာယာသ်)
0/93
27:1
🔁 0/5
طسٓۚ تِلۡكَ ءَايَٰتُ ٱلۡقُرۡءَانِ وَكِتَابٍ مُّبِينٍ ١
Taa-Seeen; tilka Aayaatul Qur-aani wa Kitaabim Mubeen
သွာ၊စီန်" ဤသည်တို့ကား ထင်ရှားသောကုရ်အာန်ကျမ်းဂန်၏ အာယတ်တော်များပင်။
🎤 Your recording:
27:2
🔁 0/5
هُدًى وَبُشۡرَىٰ لِلۡمُؤۡمِنِينَ ٢
Hudanw wa bushraa lil mu`mineen
မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်ရာနှင့် သတင်းကောင်းဖြစ်၏။
🎤 Your recording:
27:3
🔁 0/5
ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَهُم بِٱلۡأٓخِرَةِ هُمۡ يُوقِنُونَ ٣
Allazeena yuqeemoonas Salaata wa yu`toonaz Zakaata wa hum bil Aakhirati hum yooqinoon
အကြင် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့သည် ဆွလာတ်��တ်ပြုမှုကို ဆောက်တည်ကြသည့်ပြင် ဇကာတ်လည်း ပေးဆောင်ကြကုန်၏။ "အာခိရတ်" တမလွန်ဘဝကိုလည်း ယုံကြည်ကြကုန်၏။
🎤 Your recording:
27:4
🔁 0/5
إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ زَيَّنَّا لَهُمۡ أَعۡمَٰلَهُمۡ فَهُمۡ يَعۡمَهُونَ ٤
Innal lazeena laa yu`mimoona bil Aakhirati zaiyannaa lahum a`maalahum fahum ya`mahoon
ဧကန်မလွဲ အာခိရတ် တမလွန်ဘဝကို မယုံကြည်သောသူတို့၏အမြင်တွင် ငါအရှင်မြတ်သည် ၎င်းတို့၏ပြုမူချက်များကို လှပတင့်တယ်စေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ၎င်းတို့မှာ တဝဲလည်လည် ဖြစ်နေကြကုန်၏။
🎤 Your recording:
27:5
🔁 0/5
أُوْلَٰٓئِكَ ٱلَّذِينَ لَهُمۡ سُوٓءُ ٱلۡعَذَابِ وَهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡأَخۡسَرُونَ ٥
Ulaaa`ikal lazeena lahum sooo`ul `azaabi wa hum fil Aakhirati humul akhsaroon
၎င်းတို့သည်ပင်လျှင် အကြင်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့အဖို့ (ဤလောက၌လည်း) အလွန်ဆိုးရွားသောပြစ်ဒဏ်သည် ရှိပေ၏။ "အာခိရတ်"နောင်တမလွန်ဘဝတွင်လည်း ၎င်းတို့သည် အလွန်ဆုံးရှုံးသူများပင် ဖြစ်ကြပေမည်။
🎤 Your recording:
27:6
🔁 0/5
وَإِنَّكَ لَتُلَقَّى ٱلۡقُرۡءَانَ مِن لَّدُنۡ حَكِيمٍ عَلِيمٍ ٦
Wa innaka latulaqqal Qur-aana mil ladun Hakeemin `Aleem
၎င်းပြင် ဧကန်စင်စစ် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော၊ အလွန်တရာ အသိပညာနှင့်ပြည့်စုံ တော်မူသောအရှင်မြတ်ထံတော်မှ ရရှိနေပေသတည်း။
🎤 Your recording:
27:7
🔁 0/5
إِذۡ قَالَ مُوسَىٰ لِأَهۡلِهِۦٓ إِنِّيٓ ءَانَسۡتُ نَارًا سَـَٔاتِيكُم مِّنۡهَا بِخَبَرٍ أَوۡ ءَاتِيكُم بِشِهَابٍ قَبَسٍ لَّعَلَّكُمۡ تَصۡطَلُونَ ٧
Iz qaala Moosaa li ahliheee inneee aanastu naaran saaateekum minhaa bikhabarin aw aateekum bishihaabin qabasil la`allakum tastaloon
(ပြန်လည်သတိရရှိပါလေ)။ တစ်ရံရောအခါဝယ် မူစာသည် မိမိအိမ်သူအိမ်သားများအား ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် မီးတစ်ခုကို မြင်တွေ့လေပြီ။ယခုပင် ငါသည် အသင်တို့ထံ ထိုမီးရှိရာမှ သတင်းတစ်စုံတစ်ရာကို ယူခဲ့မည်။ သို့တည်းမဟုတ် ငါသည် အသင်တို့ထံ မီးလှုံနိုင်ကြအံ့သောငှာ မီးတောက်တစ်ခုကို (ထင်း သို့မဟုတ် အခြားတစ်စုံတစ်ရာဖြင့်)ညှိ၍ အသင်တို့ထံ ဆောင်ကြဉ်းခဲ့ပေမည်။
🎤 Your recording:
27:8
🔁 0/5
فَلَمَّا جَآءَهَا نُودِيَ أَنۢ بُورِكَ مَن فِي ٱلنَّارِ وَمَنۡ حَوۡلَهَا وَسُبۡحَٰنَ ٱللَّهِ رَبِّ ٱلۡعَٰلَمِينَ ٨
Falammaa jaaa`ahaa noodiya am boorika man finnnnaari wa man hawlahaa wa Subhaanal laahi Rabbil `aalameen
ထို့နောက် ထိုမူစာသည် ၎င်းမီးရှိရာသို့ ရောက်ရှိခဲ့လေသော်၊(အို-မူစာ)၊ မီး၌ ရှိသူတို့သည် လည်းကောင်း။ ထိုမီး၏ပတ်ဝန်းကျင်၌ ရှိသူတို့သည်လည်းကောင်း၊ ဗရ်ကသ်ကျက်သရေမင်္ဂလာကို ရရှိကြစေသော်ဝ်။ စင်စစ် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါပေသည်တကားဟူ၍ အသံပေးခြင်းကို ခံခဲ့ရလေသည်။
🎤 Your recording:
27:9
🔁 0/5
يَٰمُوسَىٰٓ إِنَّهُۥٓ أَنَا ٱللَّهُ ٱلۡعَزِيزُ ٱلۡحَكِيمُ ٩
Yaa Moosaaa innahooo Anal laahul `Azeezul Hakeem
အို-မူစာ၊ ငါသည် အလွန်တရာ လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် အလွန်တရာ ပြည့်စုံတော်မူသောငါအရှင်မြတ်ပင် ဖြစ်တော်မူ၏။
🎤 Your recording:
27:10
🔁 0/5
وَأَلۡقِ عَصَاكَۚ فَلَمَّا رَءَاهَا تَهۡتَزُّ كَأَنَّهَا جَآنٌّ وَلَّىٰ مُدۡبِرًا وَلَمۡ يُعَقِّبۡۚ يَٰمُوسَىٰ لَا تَخَفۡ إِنِّي لَا يَخَافُ لَدَيَّ ٱلۡمُرۡسَلُونَ ١٠
Wa alqi `asaak; falammmaa ra aahaa tahtazzu ka annahaa jaaannunw wallaa mudbiranw wa lam yu`aqqib; yaa Moosaa laa takhaf innee laa yakhaafu ladaiyal mursaloon
၎င်းပြင် အသင်သည် မိမိတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချပါလေ။ ထို့နောက် ထိုမူစာသည် (ယင်းတောင်ဝှေးကို အမိန့်တော်အတိုင်း ပစ်ချခဲ့ရာ) ထိုတောင်ဝှေးမှာ မြွေကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်သောအခါ နောက်သို့ပြန်၍မကြည့်ဘဲ ကျောခိုင်း၍ လှည့်ထွက်သွားခဲ့လေ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူခဲ့၏၊)အို-မူစာ၊ အသင်သည် မကြောက်ပါလေနှင့်။ ဧကန်မလွဲ ငါအရှင်မြတ်အထံတော်တွင် ရစူလ်တမန်တော်တို့သည် ကြောက်ရွံ့လေ့မရှိကြချေ။
🎤 Your recording:
27:11
🔁 0/5
إِلَّا مَن ظَلَمَ ثُمَّ بَدَّلَ حُسۡنَۢا بَعۡدَ سُوٓءٍ فَإِنِّي غَفُورٌ رَّحِيمٌ ١١
Illaa man zalama summa baddala husnam ba`da sooo`in fa innee Ghafoorur Raheem
သို့ရာတွင် မည်သူမဆို မတရားကျူးလွန်ခဲ့လျှင် တစ်ဖန်ထိုသူသည် မကောင်းမှု၏နောက်တွင် ကောင်းမှုကို ပြောင်းလဲ၍ပြုခဲ့လျှင် မလွဲဧကန် ငါ အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
🎤 Your recording:
27:12
🔁 0/5
وَأَدۡخِلۡ يَدَكَ فِي جَيۡبِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٍۖ فِي تِسۡعِ ءَايَٰتٍ إِلَىٰ فِرۡعَوۡنَ وَقَوۡمِهِۦٓۚ إِنَّهُمۡ كَانُواْ قَوۡمًا فَٰسِقِينَ ١٢
Wa adkhil yadaka fee jaibika takhruj baidaaa`a min ghairisooo`in feetis`i Aayaatin ilaa Fir`awna wa qawmih; innahum kaanoo qawman faasiqeen
၎င်းပြင် အသင်သည် မိမိလက်ကို မိမိလက်ကတီးကြားတွင် သွင်းပါလေ။ (ထိုအခါ) ထိုလက်မှာ အပြစ်တစ်စုံတစ်ရာမရှိဘဲ ပကတိ ထွန်းတောက်လျက် ထွက်ပေါ်၍ လာပေမည်။ (ဤသည်)ဖစ်ရ်အောင်န်နှင့်တကွ ၎င်း၏အမျိုးသားတို့နှင့်ယှဉ်ပြိုင်အံ့သောငှာ တန်ခိုးတော်ကိုးပါးတွင် အပါအဝင်ဖြစ်၏။ ဧကန်စင်စစ် ၎င်းတို့မှာ စည်းကမ်းဖောက်ဖျက် ကျူးလွန်ကြသောအမျိုးသားများပင် ဖြစ်ကြပေသည်။
🎤 Your recording:
27:13
🔁 0/5
فَلَمَّا جَآءَتۡهُمۡ ءَايَٰتُنَا مُبۡصِرَةً قَالُواْ هَٰذَا سِحۡرٌ مُّبِينٌ ١٣
Falammaa jaaa`at hum Aayaatunaa mubsiratan qaaloo haazaa sihrum mubeen
ထို့နောက် ၎င်းတို့ထံ ငါအရှင်မြတ်၏ ရှင်းလင်းသော တန်ခိုးတော်များ ရောက်ရှိလာခဲ့လေသော်၊ ၎င်းတို့က ဤသည် ထင်ရှားသော ပဉ္စလက် အတတ်ပညာပင် ဖြစ်သည်ဟုဆိုခဲ့ကြကုန်၏။
🎤 Your recording:
27:14
🔁 0/5
وَجَحَدُواْ بِهَا وَٱسۡتَيۡقَنَتۡهَآ أَنفُسُهُمۡ ظُلۡمًا وَعُلُوًّاۚ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ١٤
Wa jahadoo bihaa wastaiqanat haaa anfusuhum zulmanw-wa `uluwwaa; fanzur kaifa kaana `aaqibatul mufsideen
ထိုမှတစ်ပါး ၎င်းတို့၏ စိတ်နှလုံးများသည် ထိုတန်ခိုးတော်များကို ယုံကြည်သော်လည်း ထိုသူတို့မှာမူကား မတရားသောအားဖြင့်လည်းကောင်း၊ မောက်မာသောအားဖြင့်လည်းကောင်း၊ ယင်းတန်ခိုးတော်များကို ငြင်းပယ်ခဲ့ကြကုန်၏။သို့ဖြစ်ပေရာ ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြကုန်သောသူတို့၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို အသင်ရှုပါလေ။
🎤 Your recording:
27:15
🔁 0/5
وَلَقَدۡ ءَاتَيۡنَا دَاوُۥدَ وَسُلَيۡمَٰنَ عِلۡمًاۖ وَقَالَا ٱلۡحَمۡدُ لِلَّهِ ٱلَّذِي فَضَّلَنَا عَلَىٰ كَثِيرٍ مِّنۡ عِبَادِهِ ٱلۡمُؤۡمِنِينَ ١٥
Wa laqad aatainaa Daawooda wa sulaimaana `ilmaa; wa qaalal hamdu lil laahil lazee faddalanaa `alaa kaseerim min `ibaadihil mu`mineen
ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် "ဒါဝူဒ်"အားလည်းကောင်း၊ "စုလိုင်မာန်" အားလည်း ကောင်း၊(အထူး) အသိပညာတစ်ရပ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ထိုဒါဝူဒ်နှင့် စုလိုင်မာန်နှစ်ဦးတို့က "ကျွန်တော်မျိုးအား မိမိ၏ မြောက်မြားစွာသော မုအ်မင်န်သက်ဝင် ယုံကြည်ကြကုန်သော ကျွန်တို့ထက် ထွတ်မြတ်စေတော်မူခဲ့သော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာအပေါင်းတို့ကို ခံယူထိုက်တော်မူသည်"ဟု လျှောက်ထားခဲ့ကြကုန်၏။
🎤 Your recording:
27:16
🔁 0/5
وَوَرِثَ سُلَيۡمَٰنُ دَاوُۥدَۖ وَقَالَ يَٰٓأَيُّهَا ٱلنَّاسُ عُلِّمۡنَا مَنطِقَ ٱلطَّيۡرِ وَأُوتِينَا مِن كُلِّ شَيۡءٍۖ إِنَّ هَٰذَا لَهُوَ ٱلۡفَضۡلُ ٱلۡمُبِينُ ١٦
Wa warisa Sulaimaanu Daawooda wa qaala yaaa aiyuhan naasu `ullimnaa mantiqat tairi wa ooteenaa min kulli shai`in inna haazaa lahuwal fadlul mubeen
၎င်းပြင် စုလိုင်မာန်သည် ဒါဝူဒ်၏အရိုက်အရာကိုဆက်ခံခဲ့၏။ ၎င်းပြင် ထိုစုလိုင်မာန်သည် (ဤသို့)ပြောကြားခဲ့၏။ အို-လူအပေါင်းတို့၊ ငါတို့သည် ငှက်သတ္တဝါတို့၏ ဘာသာစကားကို သင်ကြားပေးခြင်း ခံခဲ့ကြရလေသည်။ ထိုမှတစ်ပါး ငါတို့သည် (စိုးမိုးအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ လိုအပ်သော) အရာခပ်သိမ်းတို့ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရပေသည်။ ဧကန်စင်စစ် ဤသည် ထင်ရှားလှစွာသော ကျေးဇူးတော်ပင် ဖြစ်ချေသည်။
🎤 Your recording:
27:17
🔁 0/5
وَحُشِرَ لِسُلَيۡمَٰنَ جُنُودُهُۥ مِنَ ٱلۡجِنِّ وَٱلۡإِنسِ وَٱلطَّيۡرِ فَهُمۡ يُوزَعُونَ ١٧
Wa hushira Sulaimaana junooduhoo minal jinni wal insi wattairi fahum yooza`oon
ထိုမှတစ်ပါး စုလိုင်မာန်၏အဖို့ ထိုစုလိုင်မာန်၏ဗိုလ်ခြေများကို ဂျင်(န်)သတ္တဝါ တို့အနက်မှလည်းကောင်း၊ လူတို့အနက်မှလည်းကောင်း၊ ငှက်သတ္တဝါ တို့အနက်မှလည်းကောင်း၊ စုရုံးစေခြင်းကို ခံခဲ့ကြရကုန်၏။ တဖန် ထိုဗိုလ်ခြေတို့မှာ(စနစ်တကျ စီတန်းချီတက်နိုင်ကြအံ့သောငှာ) တားမြစ်ခြင်းကိုပင် ခံကြရကုန်၏။
🎤 Your recording:
27:18
🔁 0/5
حَتَّىٰٓ إِذَآ أَتَوۡاْ عَلَىٰ وَادِ ٱلنَّمۡلِ قَالَتۡ نَمۡلَةٌ يَٰٓأَيُّهَا ٱلنَّمۡلُ ٱدۡخُلُواْ مَسَٰكِنَكُمۡ لَا يَحۡطِمَنَّكُمۡ سُلَيۡمَٰنُ وَجُنُودُهُۥ وَهُمۡ لَا يَشۡعُرُونَ ١٨
hattaaa izaaa ataw `alaa waadin namli qaalat namlatuny yaaa aiyuhan namlud khuloo masaakinakum laa yahtimannakum Sulaimaanu wa junooduhoo wa hum laa yash`uroon
နောက်ဆုံးတွင် တစ်ရံရောအခါ ထိုဗိုလ်ခြေတို့သည် ပုရွက်ဆိတ်များရှိကြသော ချောင်းလျှိုရိုးသို့ရောက်ရှိခဲ့လေသော် ပုရွက်ဆိတ်တစ်ကောင်က အို-ပရွက်ဆိတ် အပေါင်းတို့၊စုလိုင်မာန်နှင့်တကွ ထို စုလိုင်မာန်၏ဗိုလ်ခြေတို့သည် အသင်တို့အား မသိမမြင်ကြဘဲ (မတော်တဆ) ဖိကြိတ်တက်နင်း ချေမှုန်းမပစ်မိကြရန် အသင်တို့သည် မိမိတို့၏တွင်းများထဲသို့ ဝင်ရောက်လေကုန်ဟု (ဟစ်အော်)ပြောကြားခဲ့လေ၏။
🎤 Your recording:
27:19
🔁 0/5
فَتَبَسَّمَ ضَاحِكًا مِّن قَوۡلِهَا وَقَالَ رَبِّ أَوۡزِعۡنِيٓ أَنۡ أَشۡكُرَ نِعۡمَتَكَ ٱلَّتِيٓ أَنۡعَمۡتَ عَلَيَّ وَعَلَىٰ وَٰلِدَيَّ وَأَنۡ أَعۡمَلَ صَٰلِحًا تَرۡضَىٰهُ وَأَدۡخِلۡنِي بِرَحۡمَتِكَ فِي عِبَادِكَ ٱلصَّٰلِحِينَ ١٩
Fatabassama daahikam min qawlihaa wa qaala Rabbi awzi`nee an ashkura ni`mata kal lateee an`amta `alaiya wa `alaa waalidaiya wa an a`mala saalihan tardaahu wa adkhilnee birahmatika fee `ibaadikas saaliheen
ထိုအခါ စုလိုင်မာန်သည် ထိုပရွက်ဆိတ်၏စကားကြောင့် ပြုံးရယ်ခဲ့လေ၏။ ထို့ပြင်(အလ္လာဟ်အရှင်မြတ်အထံတော်တွင် ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အိုကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးအပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏ မိဘနှစ်ပါးတို့အပေါ်၌လည်းကောင်း၊ မိမိပြုတော်မူခဲ့�ော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲကျေးဇူး သိတတ်စေတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအား အရှင်မြတ် နှစ်သက်တော်မူသော ကောင်းမြတ်သောအကျင့်သီလများကိုလည်း အမြဲကျင့်မူ ဆောက်တည်နိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိ၏ကရုဏာတော်ဖြင့် မိမိ၏သူတော်ကောင်းကျွန်တို့တွင် ဝင်ရောက်ပါဝင်စေတော်မူပါ။
🎤 Your recording:
27:20
🔁 0/5
وَتَفَقَّدَ ٱلطَّيۡرَ فَقَالَ مَالِيَ لَآ أَرَى ٱلۡهُدۡهُدَ أَمۡ كَانَ مِنَ ٱلۡغَآئِبِينَ ٢٠
Wa tafaqqadat taira faqaala maa liya laaa aral hud hud, am kaana minal ghaaa`ibeen
၎င်းပြင် ထိုစုလိုင်မာန်သည် ငှက်တိရစ္ဆာန်တို့ကို စစ်ဆေးခဲ့ရာ (ဤသို့)ပြောကြားခဲ့၏။ ငါသည် မည်သည့်အတွက်ကြောင့် ဘီးတောင်ပိုငှက်ကို မမြင်ရပါသနည်း။ သို့တည်းမဟုတ် ၎င်းသည် ပျောက်ကွယ်နေသလော။
🎤 Your recording:
27:21
🔁 0/5
لَأُعَذِّبَنَّهُۥ عَذَابًا شَدِيدًا أَوۡ لَأَاْذۡبَحَنَّهُۥٓ أَوۡ لَيَأۡتِيَنِّي بِسُلۡطَٰنٍ مُّبِينٍ ٢١
La-u`azzibanahoo `azaaban shadeedan aw la azbahannahoo aw layaatiyannee bisultaanim mubeen
ဧကန်မလွဲ ငါသည် အမှန်ပင် ၎င်းအား ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်။ သို့တည်းမဟုတ် မုချဧကန် ငါသည်၎င်းအား လှီးဖြတ်မည်။ သို့တည်းမဟုတ် ၎င်းသည် ငါ့ထံသို့ ထင်ရှားစွာသော သက်သေအထောက်အထားကို ဆောင်ယူလာရပေမည်။
🎤 Your recording:
27:22
🔁 0/5
فَمَكَثَ غَيۡرَ بَعِيدٍ فَقَالَ أَحَطتُ بِمَا لَمۡ تُحِطۡ بِهِۦ وَجِئۡتُكَ مِن سَبَإِۭ بِنَبَإٍ يَقِينٍ ٢٢
Famakasa ghaira ba`eedin faqaala ahattu bimaa lam tuhit bihee wa ji`tuka min Sabaim binaba iny-yaqeen
ထို့နောက် မကြာမီပင် ထိုဘီးတောင်ပိုငှက်သည် လာရောက်လျှောက်ထားလေ၏။ ကျွန်တော်မျိုးသည် ကိုယ်တော်မသိသောအကြောင်းကို သိခဲ့ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးသည် ကိုယ်တော်၏ထံသို့ ရှီဗာမှ မှန်ကန်သောသတင်းတစ်ခုကို ဆောင်ကြဉ်းခဲ့ပါသည်။
🎤 Your recording:
27:23
🔁 0/5
إِنِّي وَجَدتُّ ٱمۡرَأَةً تَمۡلِكُهُمۡ وَأُوتِيَتۡ مِن كُلِّ شَيۡءٍ وَلَهَا عَرۡشٌ عَظِيمٌ ٢٣
Innee wajattum ra atan tamlikuhum wa ootiyat min kulli shai`inw wa lahaa `arshun `azeem
ဧကန်အမှန် ကျွန်တော်မျိုးသည် ထိုရှီဗာကို စိုးမိုးအုပ်ချုပ်လျက်ရှိသော မိန်းမတစ်ဦးအား တွေ့ခဲ့ပါသည်။ ၎င်းပြင် ထိုမိန်းမမှာ အရာခပ်သိမ်းတို့ ချီးမြှင့် ပေးသနားခြင်းခံရသည့်ပြင် ၎င်း၌ ကြီးကျယ်ခမ်းနားသော ပလ္လင်တစ်ခုသည်လည်း ရှိပါသည်။
🎤 Your recording:
27:24
🔁 0/5
وَجَدتُّهَا وَقَوۡمَهَا يَسۡجُدُونَ لِلشَّمۡسِ مِن دُونِ ٱللَّهِ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَصَدَّهُمۡ عَنِ ٱلسَّبِيلِ فَهُمۡ لَا يَهۡتَدُونَ ٢٤
Wajattuhaa wa qawmahaa yasjudoona lishshamsi min doonil laahi wa zaiyana lahumush Shaitaanu a`maalahum fasaddahum `anis sabeeli fahum laa yahtadoon
ကျွန်တော်မျိုးသည် ထိုမိန်းမအားလည်းကောင်း၊ထိုမိန်းမ၏အမျိုးသားတို့အားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ နေကိုပျပ်ဝပ်ဦးချ (ကိုးကွယ်ဆည်းကပ်) နေကြသည်ကို တွေ့ခဲ့ပါသည်။ စင်စစ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏ပြုမူချက်များကို ၎င်းတို့၏အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်၍ထားပါသည်။ တစ်ဖန် ထိုရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်းတို့အား(မှန်ကန်သော)တရားလမ်းမှ ပိတ်ပင်တားဆီး၍ထားခဲ့ရာ ၎င်းတို့သည် တရားလမ်းမှန်ကိုမရနိုင်ကြပါ။
🎤 Your recording:
27:25
🔁 0/5
أَلَّاۤ يَسۡجُدُواْۤ لِلَّهِ ٱلَّذِي يُخۡرِجُ ٱلۡخَبۡءَ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَيَعۡلَمُ مَا تُخۡفُونَ وَمَا تُعۡلِنُونَ ٢٥
Allaa yasjudoo lillaahil lazee yukhrijul khab`a fis samaawaati wal ardi wa ya`lamu maa tukhfoona wa maa tu`linoon
အကြင် အလ္လာဟ်အရှင်မြတ်အား ပျပ်ဝပ်ဦးချ (ဆည်းကပ်ကိုးကွယ်)ကြရန် ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌လည်းကောင်း၊ပထဝီမြေ၌ လည်းကောင်း၊ ဖုံးအုပ်လျက်ရှိသည်ကို အပြင်သို့ ထွက်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့လျှို့ဝှက်ကြကုန်သော ကိစ္စများကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေကြကုန်သော ကိစ္စများကို(အလုံးစုံတို့ကို) သိရှိတော်မူ၏။
🎤 Your recording:
27:26
🔁 0/5
ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ رَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ۩ ٢٦
Allaahu laaa ilaaha illaa Huwa Rabbul `Arshil Azeem
အလ္လာဟ်အရှင်မြတ်သည်(အကြင်အရှင်မြတ်ပင်၊)ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပေ။ ကြီးကျယ်လှစွာသော ‘အရ်ရှ်’ ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်ပေသတည်း။
🎤 Your recording:
27:27
🔁 0/5
۞ قَالَ سَنَنظُرُ أَصَدَقۡتَ أَمۡ كُنتَ مِنَ ٱلۡكَٰذِبِينَ ٢٧
Qaala sananzuru asadaqta am kunta minal kaazibeen
ထိုစုလိုင်မာန်က ပြောကြားခဲ့လေ၏။ အသင်သည် မှန်ကန်စွာ လျှောက်ထားခဲ့လေသလော။ သို့တည်းမဟုတ် အသင်သည် မုသာဝါဒီတို့အနက် ပါဝင်လေသလောဟု ယခုပင် ငါရှုမည်။
🎤 Your recording:
27:28
🔁 0/5
ٱذۡهَب بِّكِتَٰبِي هَٰذَا فَأَلۡقِهۡ إِلَيۡهِمۡ ثُمَّ تَوَلَّ عَنۡهُمۡ فَٱنظُرۡ مَاذَا يَرۡجِعُونَ ٢٨
Izhab bikitaabee haaza fa alqih ilaihim summma tawalla `anhum fanzur maazaa yarji`oon
အသင်သည် ငါ၏စာကို ယူဆောင်၍ သွားလော့၊ထို့နောက် အသင်သည် ဤစာကို ၎င်းတို့ထံ ချ၍ပေးပြီးလျှင်၊ ၎င်းတို့၏အပါးမှ (အနည်းငယ်) ဘေးဖယ်၍နေလော့။ တစ်ဖန်အသင်သည် ၎င်းတို့ မည်သို့အကြောင်းပြန်ကြသည်ကို ရှုလော့။
🎤 Your recording:
27:29
🔁 0/5
قَالَتۡ يَٰٓأَيُّهَا ٱلۡمَلَؤُاْ إِنِّيٓ أُلۡقِيَ إِلَيَّ كِتَٰبٌ كَرِيمٌ ٢٩
Qaalat yaaa aiyuhal mala`u innee ulqiya ilaiya kitaabun kareem
ထို(ရှီဗာဘုရင်မ)က (ဤသို့)ပြောကြားခဲ့လေ၏။အို-မှူးမတ်အပေါင်းတို့၊ ဧကန်စင်စစ် မြင့်မြတ်လှစွာသော စာတစ်စောင်သည် ကျွန်ုပ်၏ထံသို့ ပေးပို့ခြင်း ခံခဲ့ရလေသည်။
🎤 Your recording:
27:30
🔁 0/5
إِنَّهُۥ مِن سُلَيۡمَٰنَ وَإِنَّهُۥ بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ ٣٠
Innahoo min Sulaimaana wa innahoo bismil laahir Rahmaanir Raheem
ဧကန်စင်စစ် ထိုစာမှာ စုလိုင်မာန်ထံမှ ဖြစ်၏။ထို့ပြင် ဧကန်အမှန် ၎င်းမှာ ဤသို့ဖြစ်၏။ ကြီးမားလှသော၊ ကရုဏာရှင်ဖြစ်တော်မူသော၊ အလွန်တရာ သနားညှာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြု၏။
🎤 Your recording:
27:31
🔁 0/5
أَلَّا تَعۡلُواْ عَلَيَّ وَأۡتُونِي مُسۡلِمِينَ ٣١
Allaa ta`loo `alaiya waa toonee muslimeen
အသင်တို့သည် ငါနှင့်ယှဉ်ပြိုင်၍ ဘဝင်မကြွကြကုန်လင့်။ ထိုမှ�စ်ပါး အသင်တို့သည် ငါ့ထံသို့ "မွတ်စ်လင်မ်"အမိန့်နာခံသူများအဖြစ် လာရောက်ကြလေကုန်။
🎤 Your recording:
27:32
🔁 0/5
قَالَتۡ يَٰٓأَيُّهَا ٱلۡمَلَؤُاْ أَفۡتُونِي فِيٓ أَمۡرِي مَا كُنتُ قَاطِعَةً أَمۡرًا حَتَّىٰ تَشۡهَدُونِ ٣٢
Qaalat yaaa aiyuhal mala`u aftoonee fee amree maa kuntu qaati`atan amran hattaa tashhhaddon
ထို(ရှီဗာဘုရင်မ)က အို-မှူးမတ်အပေါင်းတို့။အသင်တို့သည် ကျွန်မ၏အရေးနှင့်စပ်လျဉ်း၍ ကျွန်မအား အကြံဉာဏ်ပေးကြလေကုန်။ အသင်တို့သည် ကျွန်မ၏အပါး၌ မရှိသမျှကာလပတ်လုံး ကျွန်မသည် မည်သည့်ကိစ္စကိုမျှပင် စီရင်ဆုံးဖြတ်လေ့မရှိပါဟု ပြောကြားခဲ့လေ၏။
🎤 Your recording:
27:33
🔁 0/5
قَالُواْ نَحۡنُ أُوْلُواْ قُوَّةٍ وَأُوْلُواْ بَأۡسٍ شَدِيدٍ وَٱلۡأَمۡرُ إِلَيۡكِ فَٱنظُرِي مَاذَا تَأۡمُرِينَ ٣٣
Qaaloo nahnu uloo quwwatinw wa uloo baasin shadeed; wal amru ilaiki fanzuree maazaa taamureen
ထိုမှူးမတ်တို့က ကျွန်ုပ်တို့သည် ခွန်အားရှိသူများ၊ တိုက်ခိုက်မှုကို ပြင်းထန်စွာ ဝါသနာထုံသူများ ဖြစ်ကြပါသည်။သို့ရာတွင် အမိန့်အာဏာသည်ကား အသင် ဘုရင်မ၏လက်တွင်း၌သာရှိပေရာ အသင်ဘုရင်မသည် မည်သို့အမိန့်ပေးမည်ကို (ဆင်ခြင်)ပါလော့ဟု လျှောက်ထားခဲ့ကြကုန်၏။
🎤 Your recording:
27:34
🔁 0/5
قَالَتۡ إِنَّ ٱلۡمُلُوكَ إِذَا دَخَلُواْ قَرۡيَةً أَفۡسَدُوهَا وَجَعَلُوٓاْ أَعِزَّةَ أَهۡلِهَآ أَذِلَّةًۚ وَكَذَٰلِكَ يَفۡعَلُونَ ٣٤
Qaalat innal mulooka izaa dakhaloo qaryatan afsadoohaa wa ja`alooo a`izzata ahlihaaa azillah; wa kazaalika yaf`aloon
ထို(ရှီဗာဘုရင်မ)က ပြောကြားခဲ့လေ၏။ ဧကန်မလွဲ ဘုရင်မင်းတို့ မည်သည် မြို့ရွာတစ်ခုသို့ ဝင်ရောက်ကြလေသောအခါ ထိုမြို့ရွာကို ဖျက်ဆီးလေ့ရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယင်းမြို့ရွာမှ ဂုဏ်အသရေရှိသူတို့အား ဂုဏ်အသရေသေးသိမ်သူများ ဖြစ်စေကြကုန်၏။ ၎င်းတို့သည်လည်း ဤအတိုင်းပင် ပြုမူကြပေမည်။
🎤 Your recording:
27:35
🔁 0/5
وَإِنِّي مُرۡسِلَةٌ إِلَيۡهِم بِهَدِيَّةٍ فَنَاظِرَةُۢ بِمَ يَرۡجِعُ ٱلۡمُرۡسَلُونَ ٣٥
Wa innee mursilatun ilaihim bihadiyyatin fanaaziratum bima yarji`ul mursaloon
သို့ရာတွင် ကျွန်မမူကား ၎င်းတို့ထံ လက်ဆောင်ပဏ္ဏာတစ်စုံတစ်ခုကို ပေးပို့ပြီးနောက် စေတမန်တို့သည် မည်သို့သော ပြန်ကြားချက် ယူဆောင်လာကြသည်ကို (စောင့်၍)ကြည့်မည်။
🎤 Your recording:
27:36
🔁 0/5
فَلَمَّا جَآءَ سُلَيۡمَٰنَ قَالَ أَتُمِدُّونَنِ بِمَالٍ فَمَآ ءَاتَىٰنِۦَ ٱللَّهُ خَيۡرٌ مِّمَّآ ءَاتَىٰكُمۚ بَلۡ أَنتُم بِهَدِيَّتِكُمۡ تَفۡرَحُونَ ٣٦
Falammaa jaaa`a Sulaimaana qaala atumiddoonani bimaalin famaaa aataakum bal antum bihadiy yatikum tafrahoon
ထို့နောက် ထို(သံတမန်တို့)သည် စုလိုင်မာန်၏ထံသို့ ရောက်ရှိခဲ့လေသော် ထိုစုလိုင်မာန်က(ဤသို့)ပြောကြားခဲ့၏။အသင်တို့သည် ငါ့အား ပစ္စည်းဥစ္စာဖြင့် ကူညီလိုကြလေသလော။စင်စစ် ငါ့အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားထားတော်မူသည်များမှာ ထိုအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးသနား ထားတော်မူသည်တို့ထက်ပင် ပိုမို၍ ကောင်းမြတ်လှပေသည်။ စင်စစ်မှာကား အသင်တို့သည်ပင်လျှင် မိမိတို့၏လက်ဆောင်ပဏ္ဏာနှင့် မော်ကြွားလျက် ရှိကြပေမည်။
🎤 Your recording:
27:37
🔁 0/5
ٱرۡجِعۡ إِلَيۡهِمۡ فَلَنَأۡتِيَنَّهُم بِجُنُودٍ لَّا قِبَلَ لَهُم بِهَا وَلَنُخۡرِجَنَّهُم مِّنۡهَآ أَذِلَّةً وَهُمۡ صَٰغِرُونَ ٣٧
Irji` ilaihim falanaatiyan nahum bijunoodil laa qibala lahum bihaa wa lanukhri jannahum minhaaa azillatanw wa hum saaghiroon
အသင်သည် ၎င်းတို့ထံ ပြန်သွားလော့။ ထို့နောက် ဧကန်အမှန် ငါတို့သည် ၎င်းတို့ထံ ၎င်းတို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ရဲမက်များနှင့်တကွ ချီတက်ရောက်ရှိ၍ လာကြမည်။ထိုမှတစ်ပါး ဧကန်မလွဲ ငါတို့သည် ၎င်းတို့အား ထို(မြို့ရွာ)မှ ဂုဏ်ရည်သေးသိမ်သူများအဖြစ်နှင့် နှင်ထုတ်ကြမည်။ ထို(အခါ)၎င်းတို့သည် အရှက်ကွဲအကျိုးနည်းသူများ ဖြစ်သွားကြပေမည်။
🎤 Your recording:
27:38
🔁 0/5
قَالَ يَٰٓأَيُّهَا ٱلۡمَلَؤُاْ أَيُّكُمۡ يَأۡتِينِي بِعَرۡشِهَا قَبۡلَ أَن يَأۡتُونِي مُسۡلِمِينَ ٣٨
Qaala yaaa aiyuhal mala`u aiyukum yaateenee bi`arshihaa qabla ai yaatoonee muslimeen
ထိုစုလိုင်မာန်က "အို-မှူးမတ်အပေါင်းတို့။ ၎င်းတို့သည် ငါ့ထံသို့ "မွတ်စ်လင်မ်" အမိန့်ကို နာခံသူများအဖြစ် မရောက်လာကြမီ၊ အသင်တို့အနက် မည်သူသည် ထိုဘုရင်မ၏ရာဇပလ္လင်ကို ငါ့ထံသို့ ယူလာနိုင်သနည်း" ဟု ပြောဆိုမေးမြန်းခဲ့၏။
🎤 Your recording:
27:39
🔁 0/5
قَالَ عِفۡرِيتٌ مِّنَ ٱلۡجِنِّ أَنَا۠ ءَاتِيكَ بِهِۦ قَبۡلَ أَن تَقُومَ مِن مَّقَامِكَۖ وَإِنِّي عَلَيۡهِ لَقَوِيٌّ أَمِينٌ ٣٩
Qaala `ifreetum minal jinni ana aateeka bihee qabla an taqooma mim maqaamika wa innee `alaihi laqawiyyun ameen
ဂျင်(န်)သတ္တဝါတို့အနက်မှ အလွန်ခွန်အားဗလကြီးသော ဂျင်(န်)တစ်ဦးက ကိုယ်တော်သည် မိမိနေရာမှမထမီ ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်ထံသို့ဆောင်ကြဉ်းခဲ့ပါမည်။ အမှန်သော်ကား ကျွန်တော်မျိုးသည် ဧကန်မလွဲ ဤကိစ္စနှင့်စပ်လျဉ်း၍ ပြုစွမ်းနိုင်သူ၊ ယုံကြည်စိတ်ချရသူတစ်ဦးပင် ဖြစ်ပါသည်ဟု လျှောက်ထားခဲ့လေ၏။
🎤 Your recording:
27:40
🔁 0/5
قَالَ ٱلَّذِي عِندَهُۥ عِلۡمٌ مِّنَ ٱلۡكِتَٰبِ أَنَا۠ ءَاتِيكَ بِهِۦ قَبۡلَ أَن يَرۡتَدَّ إِلَيۡكَ طَرۡفُكَۚ فَلَمَّا رَءَاهُ مُسۡتَقِرًّا عِندَهُۥ قَالَ هَٰذَا مِن فَضۡلِ رَبِّي لِيَبۡلُوَنِيٓ ءَأَشۡكُرُ أَمۡ أَكۡفُرُۖ وَمَن شَكَرَ فَإِنَّمَا يَشۡكُرُ لِنَفۡسِهِۦۖ وَمَن كَفَرَ فَإِنَّ رَبِّي غَنِيٌّ كَرِيمٌ ٤٠
Qaalal lazee indahoo `ilmum minal Kitaabi ana aateeka bihee qabla ai yartadda ilaika tarfuk; falammaa ra aahu mustaqirran `indahoo qaala haazaa min fadli Rabbee li yabluwaneee `a-ashkuru am akfuru wa man shakara fa innamaa yashkuru linafsihee wa man kafara fa inna Rabbee Ghaniyyun Kareem
ကျမ်းဂန်၏ အသိပညာရှိသူတစ်ဦးက ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်၏မျက်စိ တစ်မှိတ်အတွင်း၊ ကိုယ်တော်ထံသို့ ဆောင်ကြဉ်းခဲ့ပါမည်ဟု လျှောက်ထားခဲ့လေ၏။ ထို့နောက် ထို�ုလိုင်မာန်သည် ထိုရာဇပလ္လင်ကို မိမိအနီးတွင် တည်ရှိနေသည်ကို တွေ့မြင်ခဲ့သောအခါ (ဤသို့)ပြောကြားခဲ့လေ၏။ ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်တစ်ရပ်ပင်၊ ငါသည် ကျေးဇူးတင်လေသလော။ သို့တည်းမဟုတ် ငါသည် ကျေးဇူးကန်းလေသလောဟု ထိုအရှင်မြတ်သည် ငါ့အား စမ်းသပ်တော်မူခြင်းငှာ ဖြစ်ပေသည်။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးတင်ခဲ့လျှင် မိမိအကျိုးငှာ ကျေးဇူးတင်ခဲ့ခြင်းသာ ဖြစ်ပေမည်။ သို့ရာတွင် မည်သူမဆို ကျေးဇူးကန်းခဲ့လျှင် ဧကန်မလွဲ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာ ရက်ရောတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။
🎤 Your recording:
27:41
🔁 0/5
قَالَ نَكِّرُواْ لَهَا عَرۡشَهَا نَنظُرۡ أَتَهۡتَدِيٓ أَمۡ تَكُونُ مِنَ ٱلَّذِينَ لَا يَهۡتَدُونَ ٤١
Qaala nakkiroo lahaa `arshahaa nanzur atahtadeee am takoonu minal lazeena laa yahtadoon
ထိုစုလိုင်မာန်က သင်တို့သည် ထိုဘုရင်မ၏ရာဇပလ္လင်ကို အသွင်ပြောင်းကြလေကုန်။ ထိုဘုရင်မသည် မှန်ကန်စွာ သိလေသလော။ သို့တည်းမဟုတ် မှန်ကန်စွာ မသိသူတို့အနက်မှ ဖြစ်လေသလောဟု ကျွန်ုပ်တို့သည် ကြည့်ရှုကြပေမည်ဟူ၍ ပြောကြားခဲ့ လေ၏။
🎤 Your recording:
27:42
🔁 0/5
فَلَمَّا جَآءَتۡ قِيلَ أَهَٰكَذَا عَرۡشُكِۖ قَالَتۡ كَأَنَّهُۥ هُوَۚ وَأُوتِينَا ٱلۡعِلۡمَ مِن قَبۡلِهَا وَكُنَّا مُسۡلِمِينَ ٤٢
Falammaa jaaa`at qeela ahaakaza `arshuki qaalat kaanna hoo; wa ooteenal `ilma min qablihaa wa kunnaa muslimeen
ထို့နောက် ထိုဘုရင်မသည် ရောက်ရှိ၍လာသောအခါ တစ်စုံတစ်ယောက်က အသင်၏ ရာဇပလ္လင်သည် ဤအတိုင်းပင် ဖြစ်ပါသလောဟု မေးရာ၊ ထိုဘုရင်မက "ဤရာဇပလ္လင်မှာ ထိုရာဇပလ္လင်ပင် ဖြစ်ဟန်တူပါသည်။ စင်စစ် ကျွန်ုပ်တို့သည် ဤသည့် အလျင်ကပင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်းကို ခံခဲ့ကြရပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် "မွတ်စ်လင်မ်" အမိန့်ကိုနာခံသူများပင် ဖြစ်ခဲ့ပေပြီ" ဟု ပြောဆိုဖြေကြားခဲ့လေ၏။
🎤 Your recording:
27:43
🔁 0/5
وَصَدَّهَا مَا كَانَت تَّعۡبُدُ مِن دُونِ ٱللَّهِۖ إِنَّهَا كَانَتۡ مِن قَوۡمٍ كَٰفِرِينَ ٤٣
Wa saddahaa maa kaanat ta`budu min doonil laahi innahaa kaanat min qawmin kaafireen
စင်စစ်သော်ကား ထိုဘုရင်မအား အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ ၎င်းကိုးကွယ်လျက်ရှိခဲ့သောအရာများက သူမအား (အီမာန်သက်ဝင်ယုံကြည်ခြင်းမှ) တားဆီးထားခဲ့ခြင်း ဖြစ်ပေသည်။ (တနည်း) [၎င်းပြင် အလ္လာဟ်အရှင်မြတ်က သို့မဟုတ် ထိုအရှင်မြတ်၏ အမိန့်တော်အရ တမန်တော်စုလိုင်မာန်က ထိုဘုရင်မအား အလ္လာဟ်အရှင်မြတ်အား မကိုးကွယ်ဘဲနှင့် ၎င်းဆည်းကပ်ကိုးကွယ်နေခဲ့သော အရာများမှ တားဆီးလိုက်လေသည်။]ဧကန်စင်စစ် ထိုဘုရင်မသည် "ကာဖိရ်"သွေဖည်ငြင်းပယ်ကြသော အမျိုးသားတို့အနက်မှပင် ဖြစ်ခဲ့ပေသည်။
🎤 Your recording:
27:44
🔁 0/5
قِيلَ لَهَا ٱدۡخُلِي ٱلصَّرۡحَۖ فَلَمَّا رَأَتۡهُ حَسِبَتۡهُ لُجَّةً وَكَشَفَتۡ عَن سَاقَيۡهَاۚ قَالَ إِنَّهُۥ صَرۡحٌ مُّمَرَّدٌ مِّن قَوَارِيرَۗ قَالَتۡ رَبِّ إِنِّي ظَلَمۡتُ نَفۡسِي وَأَسۡلَمۡتُ مَعَ سُلَيۡمَٰنَ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ٤٤
Qeela lahad khulis sarha falammaa ra at hu hasibat hu lujjatanw wa khashafat `an saaqaihaa; qaala innahoo sarhum mumarradum min qawaareer; qaalat Rabbi innee zalamtu nafsee wa aslamtu ma`a Sulaimaana lillaahi Rabbil `aalameen
(ထို့နောက်) ထိုဘုရင်မအား အသင်သည် ဧည့်ခန်းတွင်းသို့ ဝင်ရောက်ပါလေဟု တစ်စုံတစ်ယောက်က ပြောကြားခဲ့လေ၏။ သို့ဖြစ်ပေရာ ထိုဘုရင်မသည် ယင်းဧည့်ခန်းကိုမြင်လေသော်၊ ထိုဧည့်ခန်းကို နက်စွာသောရေဟုထင်မှတ်၍ မိမိခြေသလုံးနှစ်ဘက်ကို ဖော်ခဲ့လေ၏။ (ထိုအခါ)ထိုစုလိုင်မာန်က ဧကန်စင်စစ် ဤသည် ဖန်များဖြင့် ချောမွတ်အောင် ပြုလုပ်ထားသော ဧည့်ခန်းပင်ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။ ထိုဘုရင်မက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော်မျိုးမသည် မိမိကိုယ်ကို မိမိနှိပ်စက်မိခဲ့ပါပြီ။ သို့ရာတွင် (ယခုသော်ကား) ကျွန်တော်မျိုးမသည် စုလိုင်မာန်နှင့်အတူ(အရှင်မြတ်၏)အမိန့်တော်ကို လိုက်နာပါပြီဟု လျှောက်ထားခဲ့လေသတည်း။
🎤 Your recording:
27:45
🔁 0/5
وَلَقَدۡ أَرۡسَلۡنَآ إِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحًا أَنِ ٱعۡبُدُواْ ٱللَّهَ فَإِذَا هُمۡ فَرِيقَانِ يَخۡتَصِمُونَ ٤٥
Wa laqad arsalnaaa ilaa Samoda akhaahum Saalihan ani`budul lahha fa izaa hum fareeqaani yakhtasimoon
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် "ဆမူဒ်"အမျိုးသားတို့ထံ ၎င်းတို့၏နောင်တော်"ဆွာလိဟ်"အား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြရမည်(ဟူသောအမိန့်တော်နှင့်တကွ) စေလွှတ်တော်မူခဲ့၏။
🎤 Your recording:
27:46
🔁 0/5
قَالَ يَٰقَوۡمِ لِمَ تَسۡتَعۡجِلُونَ بِٱلسَّيِّئَةِ قَبۡلَ ٱلۡحَسَنَةِۖ لَوۡلَا تَسۡتَغۡفِرُونَ ٱللَّهَ لَعَلَّكُمۡ تُرۡحَمُونَ ٤٦
Qaala yaa qawmi lima tasta`jiloona bissaiyi`ati qablal hasanati law laa tas taghfiroonal laaha la`allakum turhamoon
ထို"ဆွာလိဟ်"က အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အဘယ်ကြောင့် ကရုဏာတော်၏အလျင် အပြစ်ဒဏ်ကို အလျင်လိုကြသနည်း။ အသင်တို့သည် ကရုဏာပြုတော်မူခြင်းခံကြရအံ့သောငှာ အဘယ်ကြောင့် အလ္လာဟ်အရှင်မြတ် အထံတော်၌ ချမ်းသာခွင့်ကို တောင်းခံခြင်း မပြုကြသနည်းဟု ပြောကြားခဲ့လေ၏။
🎤 Your recording:
27:47
🔁 0/5
قَالُواْ ٱطَّيَّرۡنَا بِكَ وَبِمَن مَّعَكَۚ قَالَ طَٰٓئِرُكُمۡ عِندَ ٱللَّهِۖ بَلۡ أَنتُمۡ قَوۡمٌ تُفۡتَنُونَ ٤٧
Qaalut taiyarnaa bika wa bimam ma`ak; qaala taaa`irukum `indal laahi bal antum qawmun tuftanoon
ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် အသင့်အားဖြင့်လည်းကောင်း၊ အသင်၏အပေါင်းပါတို့ အားဖြင့်လည်းကောင်း၊ နိမိတ်ဆိုးကောက်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။(ထိုအခါ)ထို"ဆွာလိဟ်"က အသင်တို့၏ နိမိတ်ဆိုး(၏အကြောင်းအကြောင်းရင်း)မှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ပင်ရှိပေသည်။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား အသင်တို့သည် စမ်းသပ်ခြင်းကို ခံကြရမည်ဖြစ်သော အမျိုးသားများပင် ဖြစ်ကြ၏သည်ဟု ပြောကြားခဲ့ပေသတည်း။
🎤 Your recording:
27:48
🔁 0/5
وَكَانَ فِي ٱلۡمَدِينَةِ تِسۡعَةُ رَهۡطٍ يُفۡسِدُونَ فِي ٱلۡأَرۡضِ وَلَا يُصۡلِحُونَ ٤٨
Wa kaana fil madeenati tis`atu rahtiny yufsidoona fil ardi wa laa yuslihoon
ထို့ပြင် မြို့တွင်း၌ ယောက်ျားကိုးယောက် ရှိခဲ့ကြရာ၊ ၎င်းတို့သည် တိုင်းပြည်ကို (စည်ကားသာယာအောင်) ပြုပြင်ကြခြင်းမရှိဘဲ၊ ဖျက်ဆီးမှုကိုသာ ပြုလုပ်လျက်ရှိ ကြကုန်၏။
🎤 Your recording:
27:49
🔁 0/5
قَالُواْ تَقَاسَمُواْ بِٱللَّهِ لَنُبَيِّتَنَّهُۥ وَأَهۡلَهُۥ ثُمَّ لَنَقُولَنَّ لِوَلِيِّهِۦ مَا شَهِدۡنَا مَهۡلِكَ أَهۡلِهِۦ وَإِنَّا لَصَٰدِقُونَ ٤٩
Qaaloo taqaasamoo billaahi lanubaiyitannahoo wa ahlahoo summaa lanaqoolana liwaliy yihee maa shahidnaa mahlika ahliee wa innaa lasaadiqoon
၎င်းတို့က ပြောဆို(တိုင်ပင်)ခဲ့ကြကုန်၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ထိုဆွာလိဟ်အားလည်းကောင်း၊ ထိုဆွာလိဟ်နှင့် ပတ်သက်သော သူတို့အားလည်းကောင်း၊ ညဉ့်အချိန်၌ သွားရောက်သတ်ဖြတ်ရန် ကျိန်ဆိုခဲ့ကြလေသည်။ ပြီးနောက် ထိုဆွာလိဟ်၏ အမွေစားအမွေခံတို့အား ၎င်းနှင့်ပက်သက်သောသူများ အသတ်ခံကြရသောအချိန်တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြသည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြသည်ဟု ပြောဆိုကြမည့်အကြောင်း အချင်းချင်း ပြောဆိုခဲ့ကြလေသည်။
🎤 Your recording:
27:50
🔁 0/5
وَمَكَرُواْ مَكۡرًا وَمَكَرۡنَا مَكۡرًا وَهُمۡ لَا يَشۡعُرُونَ ٥٠
Wa makaroo makranw wa makarnaa makranw wa hum laa yash`uroon
စင်စစ် ၎င်းတို့သည် အကြံအစည်တစ်ခုကို လျှို့ဝှက်ကြံစည်ခဲ့ကြကုန်၏။ ထိုနည်းတူစွာ ငါအရှင်မြတ်သည်လည်း အကြံအစည်တစ်ခုကို ကြံစည်တော်မူခဲ့၏။ စင်စစ်၎င်းတို့သည် (ဤသည်ကို) မသိကြပေ။
🎤 Your recording:
27:51
🔁 0/5
فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ مَكۡرِهِمۡ أَنَّا دَمَّرۡنَٰهُمۡ وَقَوۡمَهُمۡ أَجۡمَعِينَ ٥١
Fanzur kaifa kaana `aaqibatu makrihim annaa dammar naahum wa qawmahum ajma`een
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် ၎င်းတို့၏အကြံအစည်၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို ရှုပါလေ။ ဧကန်မုချ ငါအရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏အမျိုးသားတို့အားလည်းကောင်း၊ အားလုံးကိုပင် ဖျက်ဆီးတော်မူခဲ့ပေသည်။
🎤 Your recording:
27:52
🔁 0/5
فَتِلۡكَ بُيُوتُهُمۡ خَاوِيَةَۢ بِمَا ظَلَمُوٓاْۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَعۡلَمُونَ ٥٢
Fatilka buyootuhum khaa wiyatam bimaa zalamoo; inna fee zaalika la Aayatal liqaw miny-ya`lamoon
ဤသည် ၎င်းတို့၏သွေဖည်မှုကြောင့် ပျက်စီးလျက်ရှိကြသော ၎င်းတို့၏နေအိမ်များတည်း။ ဧကန်မလွဲ ဤသည့်(ဖြစ်ရပ်)၌ သိနားလည်ကြကုန်သောသူတို့အဖို့ (ကြီးကျယ်စွာသော) သက်သေလက္ခဏာသည် ရှိပေသည်။
🎤 Your recording:
27:53
🔁 0/5
وَأَنجَيۡنَا ٱلَّذِينَ ءَامَنُواْ وَكَانُواْ يَتَّقُونَ ٥٣
Wa anjainal lazeena aamanoo wa kaanoo yattaqoon
ထိုမှတစ်ပါး ငါအရှင်မြတ်သည် "အီမာန်"သက်ဝင်ယုံကြည်ပြီး (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင် ကြကုန်သောသူတို့အား ကယ်ဆယ်တော်မူခဲ့ပေသတည်း။
🎤 Your recording:
27:54
🔁 0/5
وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ وَأَنتُمۡ تُبۡصِرُونَ ٥٤
Wa lootan iz qaala liqawmiheee ataatoonal faa hishata wa antum qawmun tajjhaloon
ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူ(တ်)အား(လည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏၊) အကြင်အခါဝယ် ထိုလူ(တ်)က မိမိအမျိုးသားတို့အား ပြောကြားခဲ့လေ၏။ အသင်တို့သည် သိမြင်ကြလျက် စက်ဆုပ်ဖွယ်ရာအမှုကို ကျူးလွန်ကြလေသလော။
🎤 Your recording:
27:55
🔁 0/5
أَئِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةً مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٌ تَجۡهَلُونَ ٥٥
A`innakum lataatoonar rijaala shahwatam min doonin nisaaa`; bal antum qawmun tajhaloon
အသင်တို့သည် မိန်းမတို့အားစွန့်၍ ယောက်ျားများထံ ကာမဂုဏ်ခံစားရန် လာကြလေသလော။ စင်စစ်မှာကား အသင်တို့သည် မိုက်မဲသောအမျိုးသားများပင် ဖြစ်ကြကုန်၏ဟု ပြောကြားခဲ့လေသည်။
🎤 Your recording:
27:56
🔁 0/5
۞ فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوٓاْ ءَالَ لُوطٍ مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٌ يَتَطَهَّرُونَ ٥٦
Fammaa kaana jawaaba qawmiheee illaaa an qaalooo akrijoon aalaa Lootim min qaryatikum innahum unaasuny yatatahharoon
ထိုအခါ ထိုလူ(တ်)၏ အမျိုးသားတို့က မိမိတို့အချင်းချင်း အသင်တို့သည် လူ(တ်)နှင့်ပက်သက်သော သူတို့အား မိမိတို့မြို့ရွာမှ နှင်ထုတ်ကြလေကုန်။ ဧကန် မလွဲ ၎င်းတို့သည် သန့်ရှင်းဟန်ဆောင်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြသည်မှတစ်ပါး၊ ၎င်းတို့၌ အခြားအဖြေမရှိခဲ့ပေ။
🎤 Your recording:
27:57
🔁 0/5
فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ قَدَّرۡنَٰهَا مِنَ ٱلۡغَٰبِرِينَ ٥٧
Fa anjainaahu wa ahlahooo illam ra atahoo qaddarnaahaa minal ghaabireen
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုလူ(တ်)အားလည်းကောင်း၊ ထိုလူ(တ်)နှင့်ပက်သက်သော သူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူခဲ့၏။ သို့�ာတွင် ထိုလူ(တ်)၏ဇနီးမှာမူ ငါအရှင်မြတ်သည် ၎င်းအား ကျန်ရစ်သူတို့တွင် သတ်မှတ်တော်မူခဲ့၏။
🎤 Your recording:
27:58
🔁 0/5
وَأَمۡطَرۡنَا عَلَيۡهِم مَّطَرًاۖ فَسَآءَ مَطَرُ ٱلۡمُنذَرِينَ ٥٨
Wa amtarnaa `alaihimm mataran fasaaa`a matarul munzareen
၎င်းပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးတစ်မျိုးကို ရွာသွန်းစေတော်မူခဲ့၏။ စင်စစ် သတိပေးနှိုးဆော်ခြင်း ခံခဲ့ကြရသောသူတို့၏ မိုးမှာ အလွန်ဆိုးရွားခဲ့ပေသတည်း။
🎤 Your recording:
27:59
🔁 0/5
قُلِ ٱلۡحَمۡدُ لِلَّهِ وَسَلَٰمٌ عَلَىٰ عِبَادِهِ ٱلَّذِينَ ٱصۡطَفَىٰٓۗ ءَآللَّهُ خَيۡرٌ أَمَّا يُشۡرِكُونَ ٥٩
Qulil hamdu lillaahi wa salaamun `alaa `ibaadihil lazeenas tafaa; aaallaahu khairun ammmaa yushrikoon
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ချီးမွမ်းထောပနာအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာထိုက်၏။ ၎င်းပြင် ငြိမ်းချမ်းသာယာမှုသည် ထိုအရှင်မြတ် ရွေးချယ်တော်မူခဲ့သော ကျွန်များအပေါ်၌ ရောက်ပါစေသား။ အလ္လာဟ်အရှင်မြတ်သည် သာ၍ မြင့်မြတ်တော်မူပါသလော၊ သို့တည်းမဟုတ် ၎င်းတို့(အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသောအရာများသည်(သာ၍မြင့်မြတ်ကြ လေသလော။)
🎤 Your recording:
27:60
🔁 0/5
أَمَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَأَنزَلَ لَكُم مِّنَ ٱلسَّمَآءِ مَآءً فَأَنۢبَتۡنَا بِهِۦ حَدَآئِقَ ذَاتَ بَهۡجَةٍ مَّا كَانَ لَكُمۡ أَن تُنۢبِتُواْ شَجَرَهَآۗ أَءِلَٰهٌ مَّعَ ٱللَّهِۚ بَلۡ هُمۡ قَوۡمٌ يَعۡدِلُونَ ٦٠
Amman khalaqas samaawaati wal arda wa anzala lakum minas samaaa`i maaa`an fa ambatnaa bihee hadaaa`iqa zaata bahjjah; maa kanna lakum an tumbitoo shajarahaa; `a-ilaahum ma`al laah; bal hum qawmuny ya`diloon
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း ဖန်ဆင်းတော်ခဲ့၏။ ထိုမှတပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူခဲ့၏။တစ်ဖန် ငါအရှင်မြတ်သည် ထိုရေဖြင့် စိုပြည်သာယာသော ခြံဥယျာဉ်များကို ပေါက်ရောက်စေတော်မူခဲ့၏။ အသင်တို့၌မူကား ထိုခြံဥယျာဉ်များ၏ သစ်ပင်များကို ပေါက်ရောက်စေနိုင်စွမ်း မရှိပြီ။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာ ဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်းမဟုတ်။စင်စစ်မှာကား (၎င်းတို့သည် အမှန်တရားမှ သွေဖည်သူများပင်ဖြစ်ကြကုန်သတည်း။) [(တစ်နည်း) ၎င်းတို့ သည်(အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်) ဂုဏ်ရည်တူပြုလုပ်သူများပင် ဖြစ်ကြကုန်သတည်း၊
🎤 Your recording:
27:61
🔁 0/5
أَمَّن جَعَلَ ٱلۡأَرۡضَ قَرَارًا وَجَعَلَ خِلَٰلَهَآ أَنۡهَٰرًا وَجَعَلَ لَهَا رَوَٰسِيَ وَجَعَلَ بَيۡنَ ٱلۡبَحۡرَيۡنِ حَاجِزًاۗ أَءِلَٰهٌ مَّعَ ٱللَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ٦١
Ammann ja`alal arda qaraaranw wa ja`ala khilaalahaaa anhaaranw wa ja`ala lahaa rawaasiya wa ja`ala bainal bahraini haajizaa; `a-ilaahumma`allah; bal aksaruhum la ya`lamoon
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် ပထဝီမြေကို မှီတင်းနေထိုင်ရာ ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေ၏အကြား၌ ရေချောင်းများကို ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုပထဝီမြေ(တည်ငြိမ်စေရန်)အလို့ငှာ တောင်များက(ကျောက်ဆူးများအဖြစ်) ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မြစ်နှစ်ခု၏ အကြားဝယ် အတားအဆီးကို ပြုလုပ်တော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ် ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်း မဟုတ်။ စင်စစ်မှာကား ၎င်းတို့အနက် မြောက်မြားစွာသောသူတို့သည် မသိနားမလည်ကြပေ။
🎤 Your recording:
27:62
🔁 0/5
أَمَّن يُجِيبُ ٱلۡمُضۡطَرَّ إِذَا دَعَاهُ وَيَكۡشِفُ ٱلسُّوٓءَ وَيَجۡعَلُكُمۡ خُلَفَآءَ ٱلۡأَرۡضِۗ أَءِلَٰهٌ مَّعَ ٱللَّهِۚ قَلِيلًا مَّا تَذَكَّرُونَ ٦٢
Ammany-yujeebul mud tarra izaa da`aahu wa yakshifussooo`a wa yaj`alukum khula faaa`al ardi `a-ilaahum ma`al laahi qaleelam maa tazak karoon
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် မိမိအား မလွှဲမရှောင်သာသောသူ (ဒုက္ခသည်)က ဟစ်ခေါ်(တမ်းတ)လေသောအခါ ၎င်းအားပြန်၍ ထူးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ဘေးဒုက္ခကိုလည်း ဖယ်ရှားတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကမ္ဘာမြေ၌ အသင်တို့အား ကိုယ်စားလှယ်များ ပြုလုပ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အသင်တို့သည် အနည်းငယ်မျှသာလျှင် စဉ်းစားကြကုန်သတည်း။
🎤 Your recording:
27:63
🔁 0/5
أَمَّن يَهۡدِيكُمۡ فِي ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِ وَمَن يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦٓۗ أَءِلَٰهٌ مَّعَ ٱللَّهِۚ تَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ ٦٣
Ammany-yahdeekum fee zulumaatil barri wal bahri wa many yursilu riyaaha bushram baina yadai rahmatih; `a-ilaahum ma`al laah; Ta`aalal laahu `ammaa yushrikoon
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏ အမှောင်ထုများ၌ လမ်းညွှန်တော်မူ၏။ ထိုမှတပါး အကြင်အရှင်မြတ်သည် မိမိကရုဏာတည်းဟူသော မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ် စေလွှတ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အလ္လာဟ်အရှင်မြတ်သည်ကား ၎င်းတို့ နှိုင်းယှဉ်ကိုးကွယ်ကြသည်များထက် (အတိုင်းမရှိ) မြင့်မြတ်တော်မူဘိသတည်း။
🎤 Your recording:
27:64
🔁 0/5
أَمَّن يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ وَمَن يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِۗ أَءِلَٰهٌ مَّعَ ٱللَّهِۚ قُلۡ هَاتُواْ بُرۡهَٰنَكُمۡ إِن كُنتُمۡ صَٰدِقِينَ ٦٤
Ammmany-yabda`ul khalqa summa yu`eeduhoo wa many-yarzuqukum minas sammaaa`i wal ard; `a-ilaahum ma`allah; qul haatoo burhaanakum in kuntum saadiqeen
(ဤရုပ်တုများမြင့်မြတ်သလော၊) သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော၊) ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို (ပထမအကြိမ်)စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို တစ်ဖန်ထပ်မံ၍ ဖန်ဆင်းတော်မူပေသည်။ ထို့ပြင် အကြင်အရှင်မြတ်သည် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူ၏။ အလ္လာဟ်အရှင်မြတ် နှင့်အတူ (အခြား)ဆည်း ကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် (ဤသည်နှင့်စပ်လျဉ်း၍) မိမိတို့၏ သက်သေသာဓကကို ယူဆောင်လာခဲ့ကြလေကုန်။
🎤 Your recording:
27:65
🔁 0/5
قُل لَّا يَعۡلَمُ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلۡغَيۡبَ إِلَّا ٱللَّهُۚ وَمَا يَشۡعُرُونَ أَيَّانَ يُبۡعَثُونَ ٦٥
Qul laa ya`lamu mman fis sammaawaati wal ardil ghaiba illal laah; wa maa yash`uroona aiyaana yub`asoon
အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အကွယ်၌ရှိသော အရာများကို အလ္လာဟ်အရှင်မြတ် မှတစ်ပါး၊ မိုးကောင်းကင်��ရှိသူတို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည် လည်းကောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှပင် မသိချေ။ ထို့အတူ မိမိတို့သည် မည်သည့်အချိန်အခါ၌ ရှင်ပြန်ထစေခြင်း ခံကြရမည်ကိုလည်း ၎င်းတို့ မသိကြပေ။
🎤 Your recording:
27:66
🔁 0/5
بَلِ ٱدَّٰرَكَ عِلۡمُهُمۡ فِي ٱلۡأٓخِرَةِۚ بَلۡ هُمۡ فِي شَكٍّ مِّنۡهَاۖ بَلۡ هُم مِّنۡهَا عَمُونَ ٦٦
Balid daaraka `ilmuhum fil Aakhirah; bal hum fee shakkim minhaa bal hum minhaa `amoon
စင်စစ်မှာကား "အာခိရတ်"တမလွန်ဘဝနှင့်စပ်လျဉ်း၍ ၎င်းတို့၏အသိပညာမှာ ပျောက်ပျက်၍သွားချေပြီ။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် ထို "အာခိရတ်" တမလွန်ဘဝနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိနေကြကုန်၏။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည်ယင်း "အာခိရတ်" တမလွန်ဘဝဘက်မှ မျက်စိကန်းနေသူများပင် ဖြစ်ကြကုန်သတည်း။
🎤 Your recording:
27:67
🔁 0/5
وَقَالَ ٱلَّذِينَ كَفَرُوٓاْ أَءِذَا كُنَّا تُرَٰبًا وَءَابَآؤُنَآ أَئِنَّا لَمُخۡرَجُونَ ٦٧
Wa qaalal lazeena kafarooo `a-izaa kunnaa turaabanw wa aabaaa`unaaa a`innaa lamukhrajoon
စင်စစ် "ကာဖိရ်" သွေဖည်ငြင်းပယ်ခဲ့ကြကုန်သောသူတို့က ကျွန်ုပ်တို့သည် မြေကြီးဖြစ်သွားခဲ့ကြသည့်အခါ အလားတူ ကျွန်ုပ်တို့၏အဘ၊ ဘိုးဘေး တို့သည်လည်း(မြေကြီးဖြစ်သွားခဲ့ကြသည့်အခါ) ကျွန်ုပ်တို့သည် (သင်္ချိုင်းတွင်းမှ) ထွက်စေခြင်းကို ခံကြရဦးမည်လော။
🎤 Your recording:
27:68
🔁 0/5
لَقَدۡ وُعِدۡنَا هَٰذَا نَحۡنُ وَءَابَآؤُنَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ٦٨
Laqad wu`idnaa haazaa nahnu wa aabaaa`unaa min qablu in haazaaa illaaa asaateerul awwaleen
ဧကန်မလွဲ ဤသည်ကို ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏အဘ၊ ဘိုးဘေးတို့သည်လည်းကောင်း၊ ရှေးယခင်ကပင် ကတိပေး(ခြိမ်းခြောက်ပြောဆို)ခြင်းကို ခံခဲ့ကြရလေသည်။ ဤသည် ရှေးသူဟောင်းတို့၏ အခြေအမြစ်မရှိသော ပုံပြင်များသာ ဖြစ်ကြပေသည်။
🎤 Your recording:
27:69
🔁 0/5
قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُجۡرِمِينَ ٦٩
Qul seeroo fil ardi fanzuroo kaifa kaana `aaqibatul mujremeen
(အို-နဗီတမန်တော်၊)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊)အသင်တို့သည် ကမ္ဘာမြေ၌ လှည့်လည်သွားလာကြပြီးလျှင်၊ အပြစ်ထင်ရှားသော သူတို့၏ နောက်ဆုံးအကျိုးဆက် မည်သို့ဖြစ်ခဲ့သည်ကို ကြည့်ရှုကြလေကုန်။
🎤 Your recording:
27:70
🔁 0/5
وَلَا تَحۡزَنۡ عَلَيۡهِمۡ وَلَا تَكُن فِي ضَيۡقٍ مِّمَّا يَمۡكُرُونَ ٧٠
Wa laa tahzan `alaihim wa laa takun fee daiqim mimmaa yamkuroon
ထို့ပြင် အသင်သည် ၎င်းတို့နှင့်ပက်သက်၍ မပူဆွေးလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုကြောင့် စိတ်ဆင်းရဲခြင်းလည်း မဖြစ်လေနှင့်။
🎤 Your recording:
27:71
🔁 0/5
وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ ٧١
Wa yaqooloona mataa haazal wa`du in kuntum saadiqeen
ထိုမှတစ်ပါး ၎င်းတို့က အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ပြီးမြောက်ပါမည်နည်းဟု ဆိုကြကုန်၏။
🎤 Your recording:
27:72
🔁 0/5
قُلۡ عَسَىٰٓ أَن يَكُونَ رَدِفَ لَكُم بَعۡضُ ٱلَّذِي تَسۡتَعۡجِلُونَ ٧٢
Qul `asaaa any-yakoona radifa lakum ba`dul lazee tasta`jiloon
(အို-နဗီတမန်တော်၊) အသင်ပြောကြားပါလေ၊(အချင်းတို့၊) အသင်တို့ အလျင်စလို လိုလားလျက်ရှိကြသောပြစ်ဒဏ် တစ်စိတ်တစ်ဒေသသည် မဝေးတော့ပြီ။ အသင်တို့၏နောက်မှပင် (ထပ်ကြပ်မကွာ)လိုက်လာခဲ့လေပြီ။
🎤 Your recording:
27:73
🔁 0/5
وَإِنَّ رَبَّكَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَشۡكُرُونَ ٧٣
Wa innna Rabbaka lazoo fadlin `alan naasi wa laakina aksarahum laa yashkuroon
၎င်းပြင် ဧကန်အမှန် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လူတို့အပေါ်၌ အလွန်ကျေးဇူးပြုတော်မူသောအရှင် အမှန်ပင်ဖြစ်တော်မူ၏။ သို့ရာတွင် ထိုလူတို့အနက် များစွာသောသူတို့မှာ ကျေးဇူးမသိတတ်ကြပေ။
🎤 Your recording:
27:74
🔁 0/5
وَإِنَّ رَبَّكَ لَيَعۡلَمُ مَا تُكِنُّ صُدُورُهُمۡ وَمَا يُعۡلِنُونَ ٧٤
Wa inna Rabbaka la ya`lamu maa tukinnu sudooruhum wa maa yu`linoon
ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုသူတို့၏ ရင်များက လျှို့ဝှက်ထားကြသည်တို့ကို လည်းကောင်း၊ ထိုသူတို့ ထင်ရှားစေကြသည်တို့ကို လည်းကောင်း၊ အမှန်ပင် သိရှိတော်မူ၏။
🎤 Your recording:
27:75
🔁 0/5
وَمَا مِنۡ غَآئِبَةٍ فِي ٱلسَّمَآءِ وَٱلۡأَرۡضِ إِلَّا فِي كِتَٰبٍ مُّبِينٍ ٧٥
Wa maa min ghaaa`ibatin fis samaaa`i wal ardi illaa fee kitaabimm mubeen
စင်စစ်သော်ကား မိုးကောင်းကင်၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ လျှို့ဝှက်သောအရာဟူ၍ မရှိချေ။သို့ရာတွင် (ထိုအရာသည်) ထင်ရှားစွာသော (မှတ်တမ်းတော်)စာအုပ်တွင် မှတ်သားထားပြီး ဖြစ်ပေသတည်း။
🎤 Your recording:
27:76
🔁 0/5
إِنَّ هَٰذَا ٱلۡقُرۡءَانَ يَقُصُّ عَلَىٰ بَنِيٓ إِسۡرَٰٓءِيلَ أَكۡثَرَ ٱلَّذِي هُمۡ فِيهِ يَخۡتَلِفُونَ ٧٦
Inna haazal Qur-aana yaqussu `alaa Baneee israaa`eela aksaral lazee hum feehi yakhtalifoon
ဧကန်မလွဲ ဤကုရ်အာန်ကျမ်းမြတ်သည် အီစ်ရာအီလီအမျိုးသားတို့ရှေ့ဝယ်၊ ၎င်းတို့ ကွဲလွဲနေကြကုန်သော အကြောင်းအရာများအနက်မှ များစွာသော အကြောင်းအရာများကို ဖော်ပြလေ၏။
🎤 Your recording:
27:77
🔁 0/5
وَإِنَّهُۥ لَهُدًى وَرَحۡمَةٌ لِّلۡمُؤۡمِنِينَ ٧٧
Wa innahoo lahudanw wa rahmatul lilmu`mineen
၎င်းပြင် ဧကန်မလွဲ ယင်းကုရ်အာန်ကျမ်းမြတ်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ ဖြစ်လေ၏။
🎤 Your recording:
27:78
🔁 0/5
إِنَّ رَبَّكَ يَقۡضِي بَيۡنَهُم بِحُكۡمِهِۦۚ وَهُوَ ٱلۡعَزِيزُ ٱلۡعَلِيمُ ٧٨
Inna Rabbaka yaqdee bainahum bihukmih; wa Huwal `Azeezul `Aleem
မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့၏အကြားဝယ်၊ မိမိ အမိန့်တော်ဖြင့် စီရင်ဆုံးဖြတ်တော်မူပေမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။
🎤 Your recording:
27:79
🔁 0/5
فَتَوَكَّلۡ عَلَى ٱللَّهِۖ إِنَّكَ عَلَى ٱلۡحَقِّ ٱلۡمُبِينِ ٧٩
Fatawakkal `alal laahi innaka `alal haqqil mubeen
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ပါလေ။ ဧကန်မလွဲ အသင်သည် ထင်ရှားစွာသော အမှန်တရားအပေါ်၌ပင် တည်ရှိနေပေသည်။
🎤 Your recording:
27:80
🔁 0/5
إِنَّكَ لَا تُسۡمِعُ ٱلۡمَوۡتَىٰ وَلَا تُسۡمِعُ ٱلصُّمَّ ٱلدُّعَآءَ إِذَا وَلَّوۡاْ مُدۡبِرِينَ ٨٠
Innaka laa tusmi`ul mawtaa wa laa tusmi`us summad du`aaa izaa wallaw mudbireen
ဧကန်စင်စစ် အသင်သည် သူသေတို့အား ကြားစေနိုင်သည် မဟုတ်ပေ။ ထိုနည်းတူစွာ နားပင်းသူတို့အားလည်း ၎င်းတို့သည် ကျောခိုင်းကြလျက် ပြန်၍ လှည့်သွားကြသောအခါ အသင်သည် ကြားစေနိုင်သည် မဟုတ်ပေ။
🎤 Your recording:
27:81
🔁 0/5
وَمَآ أَنتَ بِهَٰدِي ٱلۡعُمۡيِ عَن ضَلَٰلَتِهِمۡۖ إِن تُسۡمِعُ إِلَّا مَن يُؤۡمِنُ بِـَٔايَٰتِنَا فَهُم مُّسۡلِمُونَ ٨١
Wa maaa anta bihaadil `umyi `an dalaalatihim in tusmi`u illaa mai yu`minu bi aayaatinaa fahum muslimoon
ထိုမှတစ်ပါး အသင်သည် မျက်စိကန်းသူတို့အားလည်း ၎င်းတို့၏ လမ်းလွဲမှုမှ(တရားလမ်းမှန်သို့ ရောက်ရှိအံ့သောငှာ) လမ်းညွှန်နိုင်သူ မဟုတ်ပေ။ ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်ပြီးနောက် အမိန့်တော်ကို လိုက်နာသူတို့အားသာလျှင် အသင်ကြားစေနိုင်သည် ဖြစ်ပေသတည်း။
🎤 Your recording:
27:82
🔁 0/5
۞ وَإِذَا وَقَعَ ٱلۡقَوۡلُ عَلَيۡهِمۡ أَخۡرَجۡنَا لَهُمۡ دَآبَّةً مِّنَ ٱلۡأَرۡضِ تُكَلِّمُهُمۡ أَنَّ ٱلنَّاسَ كَانُواْ بِـَٔايَٰتِنَا لَا يُوقِنُونَ ٨٢
Wa izaa waqa`al qawhu `alaihim akhrajnaa lahum daabbatam minal ardi tukal limuhum annan naasa kaanoo bi aayaatinaa laa yooqinoon
စင်စစ်သော်ကား ချိန်းဆိုချက်သည် ၎င်းတို့အပေါ်၌ ကြုံကြိုက်လာသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အဖို့ မြေကြီးမှ အကြင်တိရစ္ဆာန်ကို ထွက်စေတော်မူမည်။ ထိုတိရစ္ဆာန်သည် ၎င်းတို့နှင့် စကားပြောဆိုမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မယုံကြည်ခဲ့ကြသောကြောင့်ပင်။
🎤 Your recording:
27:83
🔁 0/5
وَيَوۡمَ نَحۡشُرُ مِن كُلِّ أُمَّةٍ فَوۡجًا مِّمَّن يُكَذِّبُ بِـَٔايَٰتِنَا فَهُمۡ يُوزَعُونَ ٨٣
Wa Yawma nahshuru min kulli ummmatin fawjam mim many-yukazzibu bi Aayaatinaa fahum yooza`oon
ထိုမှတစ်ပါး အကြင်နေ့တွင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးတို့အနက် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့အား တစ်အုပ်စုစီကို စုရုံးစေတော်မူမည်။ တစ်ဖန် ၎င်းတို့သည် စီတန်းရပ်စေခြင်းကို ခံကြရပေမည်။
🎤 Your recording:
27:84
🔁 0/5
حَتَّىٰٓ إِذَا جَآءُو قَالَ أَكَذَّبۡتُم بِـَٔايَٰتِي وَلَمۡ تُحِيطُواْ بِهَا عِلۡمًا أَمَّاذَا كُنتُمۡ تَعۡمَلُونَ ٨٤
Hattaaa izaa jaaa`oo qaala akazzabtum bi Aayaatee wa lam tuheetoo bihaa `ilman ammaazaa kuntum ta`maloon
နောက်ဆုံးတွင် ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်သို့) ရောက်ရှိ၍ လာခဲ့ကြသောအခါ ထိုအရှင်မြတ်က အသင်တို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မိမိတို့အသိပညာအားဖြင့် ယင်းအာယတ်တော်များ ဝန်းခြုံခြင်းမရှိကြသေးမီပင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေသလော။ သို့တည်းမဟုတ် အသင်တို့သည် မည်သည်တို့ကို ပြုလုပ်လျက်ရှိခဲ့ကြသနည်းဟု မိန့်ကြားတော်မူပေမည်။
🎤 Your recording:
27:85
🔁 0/5
وَوَقَعَ ٱلۡقَوۡلُ عَلَيۡهِم بِمَا ظَلَمُواْ فَهُمۡ لَا يَنطِقُونَ ٨٥
Wa waqa`al qawlu `alaihim bimaa zalamoo fahum laa yantiqoon
၎င်းနောက် (ထိုအချိန်အခါတွင်) ၎င်းတို့၏ ကျူးလွန်ခဲ့ကြခြင်းကြောင့် ကတိချိန်းဆိုချက်သည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ပြီးဖြစ်ပေရာ၊ ၎င်းတို့မှာ စကားပြောဆိုနိုင်ကြမည် မဟုတ်ပေ။
🎤 Your recording:
27:86
🔁 0/5
أَلَمۡ يَرَوۡاْ أَنَّا جَعَلۡنَا ٱلَّيۡلَ لِيَسۡكُنُواْ فِيهِ وَٱلنَّهَارَ مُبۡصِرًاۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يُؤۡمِنُونَ ٨٦
Alam yaraw annaa ja`alnal laila li yaskunoo feehi wannahaara mubsiraa; inna fee zaalika la Aayaatil liqaw miny-yu`minoon
အသို့ပါနည်း။ ဧကန်စင်စစ် ငါအရှင်မြတ်သည် ညဉ့်ကို ထိုသူတို့ ယင်းညဉ့်၌ အနားယူကြအံ့သောငှာ လည်းကောင်း၊နေ့ကို မြင်နိုင်စွမ်းပေးသောအရာအဖြစ် လည်းကောင်း၊ ပြုလုပ်တော်မူခဲ့သည်ကို ၎င်းတို့သည် မမြင်ခဲ့ကြလေသလော။ ဧကန်မလွဲ ဤသည်၌ "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့(ကြီးကျယ်လှစွာသော) သက်သေလက္ခဏာများသည် အမှန်ပင်ရှိကုန်သတည်း။
🎤 Your recording:
27:87
🔁 0/5
وَيَوۡمَ يُنفَخُ فِي ٱلصُّورِ فَفَزِعَ مَن فِي ٱلسَّمَٰوَٰتِ وَمَن فِي ٱلۡأَرۡضِ إِلَّا مَن شَآءَ ٱللَّهُۚ وَكُلٌّ أَتَوۡهُ دَٰخِرِينَ ٨٧
Wa Yawma yunfakhu fis Soori fafazi`a man fis samaawaati wa man fil ardi illaa man shaaa`al laah; wa kullun atawhu daakhireen
၎င်းပြင် တံပိုးခရာမှုတ်သောနေ့တွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောသူမှတပါး မိုးကောင်းကင်များ၌ ရှိသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ ထိတ်လန့်၍သွားကြပေမည်။ ထိုမှတစ်ပါး အားလုံးတို့သည် ဂုဏ်သိန်နိမ့်ကျလျက် ထိုအရှင်မြတ်အထံတော်သို့ ရောက်ရှိ၍လာကြကုန်အံ့။
🎤 Your recording:
27:88
🔁 0/5
وَتَرَى ٱلۡجِبَالَ تَحۡسَبُهَا جَامِدَةً وَهِيَ تَمُرُّ مَرَّ ٱلسَّحَابِۚ صُنۡعَ ٱللَّهِ ٱلَّذِيٓ أَتۡقَنَ كُلَّ شَيۡءٍۚ إِنَّهُۥ خَبِيرُۢ بِمَا تَفۡعَلُونَ ٨٨
Wa taral jibaala tahsabuhaa jaamidatanw wa hiya tamurru marras sahaab; sun`al laahil lazeee atqana kulla shai`; innahoo khabeerum bimaa taf`aloon
ထိုမှတစ်ပါး အသင်သည် တောင်များကို တွေ့မြင်လေ၏။ အသင်သည် ယင်းတောင်များကို အစိုင်အခဲများဖြစ်သည် ထင်မှတ်ပေ၏။ သို့ရာတွင်(ထိုနေ့တွင်) ယင်းတောင်များမှာ မိုးတိမ်များ လွင့်ပါးဘိသကဲ့သို့ပင် လွင့်ပါး၍ သွားပေမည်။ (ဤသည်)အရာခပ်သိမ်းတို့ကို ခိုင်ခံ့အောင်ပြုလုပ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ လက်စွမ်းလက်စပင် ဖြစ်ပေသည်။ မလွဲဧကန် ထိုအရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှတို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
🎤 Your recording:
27:89
🔁 0/5
مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ خَيۡرٌ مِّنۡهَا وَهُم مِّن فَزَعٍ يَوۡمَئِذٍ ءَامِنُونَ ٨٩
Man jaaa`a bilhasanati falahoo khairum minhaa wa hum min faza`iny Yawma`izin aaminoon
မည်သူမဆို ကောင်းမှု(အီမာန်သက်ဝင်ယုံကြည်မှု)နှင့်တကွလာခဲ့ပါမူ ထိုသူ၏အဖို့ ထိုထက်ကောင်းမြတ် အကျိုးကျေးဇူးရှိသည့်ပြင် ၎င်းတို့သည်(ကြီးကျယ်သော)ထိတ်လန့်ခြင်းမှလည်း ကင်းလွတ်သူများပင် ဖြစ်ကြပေမည်။
🎤 Your recording:
27:90
🔁 0/5
وَمَن جَآءَ بِٱلسَّيِّئَةِ فَكُبَّتۡ وُجُوهُهُمۡ فِي ٱلنَّارِ هَلۡ تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ ٩٠
Wa man jaaa`a bissai yi`ati fakubbat wujoohuhum fin Naari hal tujzawna illaa maa kuntum ta`maloon
သို့ရာတွင် မည်သူမဆို ဒုစရိုက် ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်မှုနှင့်တကွ ရောက်ရှိလာခဲ့မူ၊ ထိုသူတို့သည် မျက်နှာမှောက်စေလျက် မီးထဲသို့ ပစ်ချခြင်းကို ခံကြရပေမည်။ (ထို့ပြင်)အသင်တို့သည် မိမိတို့ကျင့်မူလျက် ရှိခဲ့ကြသော အပြုအမူများ၏ အစားပေးခြင်းကို ခံကြရခြင်းသာလျှင် ဖြစ်သည်ဟု(ပြောဆိုခြင်းကို ခံကြရကုန်အံ့သတည်း)။
🎤 Your recording:
27:91
🔁 0/5
إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ رَبَّ هَٰذِهِ ٱلۡبَلۡدَةِ ٱلَّذِي حَرَّمَهَا وَلَهُۥ كُلُّ شَيۡءٍۖ وَأُمِرۡتُ أَنۡ أَكُونَ مِنَ ٱلۡمُسۡلِمِينَ ٩١
Innamaaa umirtu an a`buda Rabba haazihil baldatil lazee harramahaa wa lahoo kullu shai`inw wa umirtu an akoona minal muslimeen
(အို-နဗီတမန်တော်၊ အသင်သည် ဤသို့ပြောကြားပါလေ)။ ငါသည် ဤ(မက္ကာ)မြို့တော်၏ အရှင်သခင်(အစစ်အမှန်)အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကို ခံရလေသည်။ ထိုအရှင်မြတ်သည် ဤမြို့တော်ကို ထူးမြတ်စေတော်မူခဲ့သည်။ အမှန်မှာ အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ် ပိုင်ဆိုင်သောအရာများပင် ဖြစ်ကြကုန်၏။ ၎င်းပြင်ငါသည် ‘မွတ်စ်လင်မ်’ အမိန့်တော်ကို လိုက်နာသူများတွင် အပါအဝင်ဖြစ်ရန် အမိန့်ပေးတော်မူခြင်းလည်းခံရပေသည်။
🎤 Your recording:
27:92
🔁 0/5
وَأَنۡ أَتۡلُوَاْ ٱلۡقُرۡءَانَۖ فَمَنِ ٱهۡتَدَىٰ فَإِنَّمَا يَهۡتَدِي لِنَفۡسِهِۦۖ وَمَن ضَلَّ فَقُلۡ إِنَّمَآ أَنَا۠ مِنَ ٱلۡمُنذِرِينَ ٩٢
Wa an atluwal Qur-aana famanih tadaa fa innnamaa yahtadee linafsihee wa man dalla faqul innamaaa ana minal munzireen
ထိုမှတစ်ပါး ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို(အသင်တို့ရှေ့ဝယ် အစ္စလာမ်သာသနာတော်သို့ ဖိတ်ခေါ်သောသူအနေနှင့်)ဖတ်ကြားရန်(အမိန့်ပေးတော်မူခြင်းကိုလည်း ခံရလေသည်)။ သို့ဖြစ်ပေရာ မည်သူမဆို တရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိအဖို့သာလျှင် တရားလမ်းမှန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မည်သူမဆို လမ်းလွဲလျက်နေခဲ့မူ ငါသည် သတိပေးနှိုးဆော်သူ တစ်ဦးသာလျှင် ဖြစ်ပေသည်။
🎤 Your recording:
27:93
🔁 0/5
وَقُلِ ٱلۡحَمۡدُ لِلَّهِ سَيُرِيكُمۡ ءَايَٰتِهِۦ فَتَعۡرِفُونَهَاۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ ٩٣
Wa qulil hamdu lillaahi sa yureekum Aayaatihee fata`ri foonahaa; wa maa Rabbuka bighaaflin `ammaa ta`maloon
ထိုမှတစ်ပါး (အို-နဗီတမန်တော်၊) အသင်သည်(ဤသို့လည်း) ပြောကြားပါလေ။ ချီးမွမ်းထောပနာအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။ ထိုအရှင်မြတ်သည် အသင်တို့အား မကြာမြင့်မီပင် မိမိ၏ သက်သေလက္ခဏာတော်များကို ပြသတော်မူပေမည်။ ထိုအခါအသင်တို့သည် ယင်းသက်သေ လက္ခဏာတော်များကို သိရှိကြပေမည်။ စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြကုန်သော အကျင့်အမူတို့ကို မသိတော်မူသောအရှင် မဟုတ်ပေတကား။
🎤 Your recording:
💡 Tap any hidden word to reveal it temporarily — your progress is saved automatically in this browser.
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers







