🔥 0 day streak
📖 Long surah — split into smaller parts to help you focus (45 အာယာသ်)
📚 All Surahs
30%
🎤 Tap the microphone icon 🎙️ next to any verse to record yourself reciting it, then listen back and compare with the reciter.
0/45
35:1 🔁 0/5
ٱلۡحَمۡدُ لِلَّهِ فَاطِرِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ جَاعِلِ ٱلۡمَلَٰٓئِكَةِ رُسُلًا أُوْلِيٓ أَجۡنِحَةٍ مَّثۡنَىٰ وَثُلَٰثَ وَرُبَٰعَۚ يَزِيدُ فِي ٱلۡخَلۡقِ مَا يَشَآءُۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ  ۝١
Alhamdu lillaahi faatiris samaawaati wal ardi jaa`ilil malaaa`ikati rusulan uleee ajnihatim masnaa wa sulaasa wa rubaa`; yazeedu fil khalqi maa yashaaa`; innal laaha `alaa kulli shai`in Qadeer
ချီးမွမ်းထောပနာ အပေါင်းတို့သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊တီထွင်ဖန်ဆင်းတော်မူသော၊ အတောင်ပံနှစ်ခုစီ၊ သုံးခုစီ၊လေးခုစီရှိသောမလာအိကဟ်ကောင်းကင်တမန်တို့အား စေတမန်များအဖြစ်ခန့်အပ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်သင့်၏။ ထိုအရှင်မြတ်သည် ဖန်ဆင်းမှု၌ မိမိအလိုရှိတော်မူသည့်အရာကို တိုးပွားများပြား ပိုမိုစေတော်မူ၏။ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
35:2 🔁 0/5
مَّا يَفۡتَحِ ٱللَّهُ لِلنَّاسِ مِن رَّحۡمَةٍ فَلَا مُمۡسِكَ لَهَاۖ وَمَا يُمۡسِكۡ فَلَا مُرۡسِلَ لَهُۥ مِنۢ بَعۡدِهِۦۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ  ۝٢
Maa yaftahil laahu linnaaasi mir rahmatin falaa mumsika lahaa wa maa yumsik falaa mursila lahoo mimb`dih; wa Huwal `Azeezul Hakeem
အလ္လာဟ်အရှင်မြတ်က လူတို့အဖို့ ဖွင့်ပေးတော်မူသော ကရုဏာတော်ကို ပိတ်ပင်တားဆီးနိုင်သူဟူ၍ အလျင်းမရှိချေ။ ထိုနည်းတူစွာ ထိုအရှင်မြတ် ပိတ်ပင် တားဆီးတော်မူသောအရာကိုလည်း ထိုအရှင်မြတ်ပိတ်ပင် တားဆီးတော်မူပြီးနောက် ပို့ပေးနိုင်သောသူဟူ၍ အလျှင်းမရှိပြီ။ စင်စစ်ထိုအရှင်မြတ်သည်ပင် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
35:3 🔁 0/5
يَٰٓأَيُّهَا ٱلنَّاسُ ٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡۚ هَلۡ مِنۡ خَٰلِقٍ غَيۡرُ ٱللَّهِ يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِۚ لَآ إِلَٰهَ إِلَّا هُوَۖ فَأَنَّىٰ تُؤۡفَكُونَ  ۝٣
Yaaa ayyuhan naasuzkuroo ni`matal laahi `alaikum; hal min khaaliqin ghairul laahi yarzuqukum minas samaaa`i wal ard; laaa ilaaha illaa Huwa fa annaa tu`fakoon
အို-လူခပ်သိမ်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်က ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့သတိရ ကြလေကုန်။အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာပေးသည့် ဖန်ဆင်းသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိပါသေးသလော၊ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။
🎤 Your recording:
35:4 🔁 0/5
وَإِن يُكَذِّبُوكَ فَقَدۡ كُذِّبَتۡ رُسُلٌ مِّن قَبۡلِكَۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ  ۝٤
Wa iny yukazzibooka faqad kuzzibat Rusulum min qablik; wa ilal laahi turja`ul umoor
(အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့သည်အသင့်အား မုသာဝါဒီဟု စွပ်စွဲငြင်းပယ်ကြပါလျှင် (အသင်သည် စိတ်ငြိုငြင်မှုမရှိပါလေနှင့်၊) ဧကန်အမှန် အသင့်အလျင်ရှေးရစူလ်တမန်တော်များသည်လည်း မုသာဝါဒီများဟူ၍စွပ်စွဲငြင်းပယ်ခြင်း ခံခဲ့ကြရလေ၏။ အမှန်သော်ကား အရေးကိစ္စအလုံးစုံတို့မှာ အလ္လာဟ် အရှင်မြတ်ထံတော်သို့သာလျှင်ပြန်လည် ရောက်ကြ ရပေမည်။
🎤 Your recording:
35:5 🔁 0/5
يَٰٓأَيُّهَا ٱلنَّاسُ إِنَّ وَعۡدَ ٱللَّهِ حَقٌّۖ فَلَا تَغُرَّنَّكُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَلَا يَغُرَّنَّكُم بِٱللَّهِ ٱلۡغَرُورُ  ۝٥
Yaaa ayyuhan naasu inna wa`dal laahi haqqun falaa taghurrannakumul hayaatud dunyaa; wa laa yaghurran nakum billaahil gharoor
အို-လူအပေါင်းတို့၊ ဧကန်မလွဲ အလ္လာဟ် အရှင်မြတ်ထားရှိတော်မူသောကတိသည် မှန်ကန်၏။ သို့ဖြစ်ပေရာလောကီဘဝ၌ အသက်ရှင်ခြင်းသည်လည်း အသင်တို့အားလှည့်ဖြားခြင်းမပြုစေရ၊ လှည့်စားသူ ရှိုင်တွာန်(မိစ္ဆာကောင်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လှည့်ဖြားခြင်း မပြုစေရ။
🎤 Your recording:
35:6 🔁 0/5
إِنَّ ٱلشَّيۡطَٰنَ لَكُمۡ عَدُوٌّ فَٱتَّخِذُوهُ عَدُوًّاۚ إِنَّمَا يَدۡعُواْ حِزۡبَهُۥ لِيَكُونُواْ مِنۡ أَصۡحَٰبِ ٱلسَّعِيرِ  ۝٦
Innash shaitaana lakum `aduwwun fattakhizoohu `aduwwaa; innamaa yad`oo hizbahoo liyakoonoo min ashaabis sa`eer
မလွဲဧကန် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် အသင်တို့၏ရန်သူပင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို’ရှိုင်တွာန်’ မိစ္ဆာကောင်အား (မိမိတို့၏) ရန်သူဟူ၍ပင်အသိအမှတ်ပြုကြလေကုန်။ (စင်စစ် သော်ကား) ထို ‘ရှိုင်တွာန်’မိစ္ဆာကောင်သည် မိမိဘက်သားများအား (ငရဲဘုံ၏)မီးတောက်မီးလျှံ၌ လားကြရသူတို့တွင် အပါအဝင်ဖြစ်ကြစေရန်သာလျှင် ဖိတ်ခေါ်လေသတည်း။
🎤 Your recording:
35:7 🔁 0/5
ٱلَّذِينَ كَفَرُواْ لَهُمۡ عَذَابٌ شَدِيدٌۖ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُم مَّغۡفِرَةٌ وَأَجۡرٌ كَبِيرٌ  ۝٧
Allazeena kafaroo lahum `azaabun shadeed; wallazeena aamanoo wa `amilus saalihaati lahum maghfiratunw wa ajrun kabeer
‘ကာဖိရ်’ သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၌ ပြင်းထန်စွာသောပြစ်ဒဏ်သည် ရှိချေသည်။ သို့ရာတွင်’အီမာန်’ သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြ ကုန်သော သူတို့အဖို့မှာမူကားလွတ်ငြိမ်းချမ်းသာခွင့် သည်လည်းကောင်း၊ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည်လည်းကောင်း၊ ရှိပေသည်။
🎤 Your recording:
35:8 🔁 0/5
أَفَمَن زُيِّنَ لَهُۥ سُوٓءُ عَمَلِهِۦ فَرَءَاهُ حَسَنًاۖ فَإِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۖ فَلَا تَذۡهَبۡ نَفۡسُكَ عَلَيۡهِمۡ حَسَرَٰتٍۚ إِنَّ ٱللَّهَ عَلِيمُۢ بِمَا يَصۡنَعُونَ  ۝٨
Afaman zuyyina lahoo sooo`u `amalihee fara aahu hasanaa; fa innal laaha yudillu mai yashaaa`u wa yahdee mai yahaaa`u falaa tazhab nafsuka `alaihim hasaraat; innal laaha `aleemun bimaa yasna`oon
သို့ဖြစ်ပေရာ အသို့ပါနည်း။ မိမိ၏ မကောင်းမှုများသည် မိမိအမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံရသောကြောင့် ယင်းမကောင်းသောကျင့်မူများကိုအကောင်းဟူ၍ ထင်မြင်လာသောသူသည် အမှားကို အမှန်ဟုထင်မြင်သောသူနှင့်တူလေသည်။ စင်စစ်မှာကား ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအားလမ်းမှား၌ ထားတော်မူ၏။ ထိုနည်းတူစွာ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ပြတော်မူ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်၏အသက်ဇီဝိန်သည် ၎င်းတို့နှင့်ပတ်သက်၍ဆွေးကာတွေးကာ မဆုံးပါးစေရ။ ဧကန်မလွဲအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှ တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
35:9 🔁 0/5
وَٱللَّهُ ٱلَّذِيٓ أَرۡسَلَ ٱلرِّيَٰحَ فَتُثِيرُ سَحَابًا فَسُقۡنَٰهُ إِلَىٰ بَلَدٍ مَّيِّتٍ فَأَحۡيَيۡنَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَاۚ كَذَٰلِكَ ٱلنُّشُورُ  ۝٩
Wallaahul lazeee arsalar riyaaha fatuseeru shaaban fasuqnaahu ilaa baladim maiyitin fa ahyaynaa bihil arda ba`da mawtihaa; kazaalikan nushoor
စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် လေများကို စေလွှတ်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထို့နောက်ယင်းလေများသည် မိုးတိမ်များကို သယ်ဆောင်၍ သွားကြလေ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်များကို(သွေ့ခြောက်)သေလျက်ရှိသော နယ်မြေဒေသများသို့ မောင်းနှင်တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(မိုးတိမ်များမှရွာသွန်းသော)ရေဖြင့် (သွေ့ခြောက်)သေနေသောမြေကိုပြန်လည် စိမ်းလန်းစိုပြည်စေတော်မူ၏။ ရှင်ပြန်ထခြင်းသည်လည်း ဤနည်းအတိုင်းပင် ဖြစ်ချေသည်။
🎤 Your recording:
35:10 🔁 0/5
مَن كَانَ يُرِيدُ ٱلۡعِزَّةَ فَلِلَّهِ ٱلۡعِزَّةُ جَمِيعًاۚ إِلَيۡهِ يَصۡعَدُ ٱلۡكَلِمُ ٱلطَّيِّبُ وَٱلۡعَمَلُ ٱلصَّٰلِحُ يَرۡفَعُهُۥۚ وَٱلَّذِينَ يَمۡكُرُونَ ٱلسَّيِّـَٔاتِ لَهُمۡ عَذَابٌ شَدِيدٌۖ وَمَكۡرُ أُوْلَٰٓئِكَ هُوَ يَبُورُ  ۝١٠
Man kaana yureedul `izzata falillaahil `izzatu jamee`aa; ilaihi yas`adul kalimut taiyibu wal`amalus saalihu yarfa`uh; wallazeena yamkuroonas sayyiaati lahum `azaabun shadeed; wa makru ulaaa`ika huwa yaboor
မည်သူမဆိုဂုဏ်အသရေကိုအလိုရှိလျှင်(အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင် လျှောက်ထားရပေမည်။)အကြောင်းမူကား အလုံးစုံသော ဂုဏ်အသရေတို့မှာ အလ္လာဟ်အရှင်မြတ်၌သာ ရှိသောကြောင့်ပင်။ စင်ကြယ် သန့်ပြန်သောစကားရပ်များသည် ထိုအရှင်မြတ်အထံတော်သို့ပင် တက်သွားကြ ပေသည်။ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလဟူသည်ထိုစင်ကြယ်သန့်ပြန်သောစကားများကို ပင့်မြှောက်ပို့ဆောင်၍ ပေးလေသည်။ သို့ရာတွင် မကောင်းသော အကြံအစည်များကို ကြံစည်သော သူတို့၌မူကား ပြင်းထန်စွာသောပြစ်ဒဏ်သည် ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ အကြံအစည်တို့မှာလည်း ပျက်ပြား၍ သွားကြပေမည်။
🎤 Your recording:
35:11 🔁 0/5
وَٱللَّهُ خَلَقَكُم مِّن تُرَابٍ ثُمَّ مِن نُّطۡفَةٍ ثُمَّ جَعَلَكُمۡ أَزۡوَٰجًاۚ وَمَا تَحۡمِلُ مِنۡ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلۡمِهِۦۚ وَمَا يُعَمَّرُ مِن مُّعَمَّرٍ وَلَا يُنقَصُ مِنۡ عُمُرِهِۦٓ إِلَّا فِي كِتَٰبٍۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ  ۝١١
Wallaahu khalaqakum min turaabin summa min nutfatin summa ja`alakum azwaajaa; wa maa tahmilu min unsaa wa laa tada`u illaa bi`ilmih; wa maa yu`ammaru mim mu`ammarinw wa laa yunqasu min `umuriheee illaa fee kitaab; inna zaalika `alal laahi yaseer
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထိုနောက်ကလလရေကြည်ဖြင့်(ဖန်ဆင်းတော်မူခဲ့၏)။ ထိုနောက် ထိုအရှင်မြတ်သည် အသင်တို့အား စုံတွဲများ ပြုလုပ်တော်မူခဲ့၏။စင်စစ် မည်သည့်မိန်းမတစ်ဦးတစ်ယောက်မျှပင် ထိုအရှင်မြတ်မသိတော်မူပဲ ကိုယ်ဝန်ဆောင်ခြင်းလည်းမရှိ၊ သားဖွားခြင်းလည်းမရှိပေ။ ထိုနည်းတူစွာ မည်သည့်အသက်ရှည်သောသူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှ ပို၍သတ်မှတ်သည်လည်းမရှိ။ မည်သူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှလျော့၍ သတ်မှတ်သည်လည်းမရှိ။ သို့ရာတွင် ဤသည်တို့သည် မှတ်တမ်းတော်၌ ရေးမှတ်ပြီးဖြစ်သည်။ ဧကန်မလွဲ ဤသည်ကားအလ္လာဟ်အရှင်မြတ်၌ လွန်စွာ လွယ်ကူလှပေသတည်း။
🎤 Your recording:
35:12 🔁 0/5
وَمَا يَسۡتَوِي ٱلۡبَحۡرَانِ هَٰذَا عَذۡبٌ فُرَاتٌ سَآئِغٌ شَرَابُهُۥ وَهَٰذَا مِلۡحٌ أُجَاجٌۖ وَمِن كُلٍّ تَأۡكُلُونَ لَحۡمًا طَرِيًّا وَتَسۡتَخۡرِجُونَ حِلۡيَةً تَلۡبَسُونَهَاۖ وَتَرَى ٱلۡفُلۡكَ فِيهِ مَوَاخِرَ لِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ  ۝١٢
Wa maa yastawil bahraani haaza `azbun furaatun saaa`ighun sharaabuhoo wa haazaa milhun ujaaj; wa min kullin taakuloona lahman tariyyanw wa tastakhrijoona hilyatan talbasoonahaa wa taral fulka feehi mawaakhira litabtaghoo min fadlihee wa la`allakm tashkuroon
၎င်းပြင် သမုဒ္ဒရာပင်လယ်နှစ်ခုသည် မတူကြပေ။ ဤ(ပင်လယ်တစ်ခု၏)ရေမှာချိုမြိန်၏။ ရေငတ်ပြေစေ၏။ထိုရေကို သောက်သုံးရာ၌လည်း လွယ်ကူ၍ အဝင်ကောင်းလှ၏။ သို့ရာတွင် ဤ (ပင်လယ်တစ်ခု၏ရေ)မှာမူကား ငံ၏။ခါး၏။ သို့ရာတွင် အသင်တို့သည်(ထိုပင်လယ်)အသီးသီးမှလတ်ဆတ်သောအသား၊(ဝါ) ငါးများကို စားသုံးကြကုန်၏။ ၎င်းပြင်အသင်တို့သည်(ထိုပင်လယ်များမှ)မိမိတို့ဝတ်ဆင်ကြ ကုန်သောလက်ဝတ်လက်စား တန်ဆာများကို ထုတ်ယူကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ရှာဖွေဆည်းပူးကြအံ့သောငှာ ထိုပင်လယ်၌ သင်္ဘောများ ရေကိုခွဲ၍ သွားလာလျက် ရှိကြသည်ကိုလည်း အသင်သည် တွေ့မြင်ရပေမည်။ သို့မှာသာလျှင်အသင်တို့သည် ကျေးဇူးတော်ကို သိတတ်ကြအံ့သတည်း။
🎤 Your recording:
35:13 🔁 0/5
يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلٌّ يَجۡرِي لِأَجَلٍ مُّسَمًّىۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ لَهُ ٱلۡمُلۡكُۚ وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ مَا يَمۡلِكُونَ مِن قِطۡمِيرٍ  ۝١٣
Yoolijul laila fin nahaari wa yoolijun nahaara fil laili wa sakhkharash shamsa wal qamara kulluny yajree li ajalim musammaa; zaalikumul lahuu Rabbukum lahul mulk; wallazeena tad`oona min doonihee maa yamlikoona min qitmeer
ထိုအရှင်မြတ်သည်(အချို့သောရာသီဥတု၌) ည၏(အစိတ်အပိုင်းအချို့ကို) နေ့၏အတွင်းသို့ ဝင်စေတော်မူ၍(အချို့သောရာသီဥတု၌မူ)နေ့၏(အချို့သော အစိတ်အပိုင်း)ကိုည၏အတွင်းသို့ ဝင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ ‘စန္ဒာ’ ကိုလည်းကောင်း၊ ပိုင်နိုင်စွာအကျိုး ပြုထားစေတော်မူရာ (ယင်း ‘သူရိယ’နေနှင့် လ ‘စန္ဒာ’) အသီသီးတို့မှာ သတ်မှတ်ပြဋ္ဌာန်းထားသောအချိန်ကာလတိုင်အောင် လှုပ်ရှားသွားလာလျက်ပင် ရှိကြပေသည်။ ဤသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ၏။ စိုးမိုးအုပ်ချုပ်မှု အာဏာသည်ထိုအရှင်မြတ်၌သာရှိ၏။ သို့ရာတွင် ထိုအရှင်မြတ်အား စွန့်၍အသင်တို့ ဟစ်ခေါ်တသလျက် ရှိကြကုန်သော သူတို့မှာမူကားစွန်ပလွံစေ့၌ ကပ်လျက်ရှိသော အမြှေးခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။
🎤 Your recording:
35:14 🔁 0/5
إِن تَدۡعُوهُمۡ لَا يَسۡمَعُواْ دُعَآءَكُمۡ وَلَوۡ سَمِعُواْ مَا ٱسۡتَجَابُواْ لَكُمۡۖ وَيَوۡمَ ٱلۡقِيَٰمَةِ يَكۡفُرُونَ بِشِرۡكِكُمۡۚ وَلَا يُنَبِّئُكَ مِثۡلُ خَبِيرٍ  ۝١٤
in tad`oohum laa yasma`oo du`aaa`akum wa law sami`oo mas tajaaboo lakum; wa Yawmal Qiyaamati Yakfuroona bishirkikum; wa laa yunabbi`uka mislu khabeer
အသင်တို့သည် အကယ်၍ ၎င်းတို့အား ဟစ်ခေါ်ကြပါလျှင် ၎င်းတို့သည် ကြားကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ကြားခဲ့ကြငြားသော်လည်း အသင်တို့အားပြန်၍ထူးကြမည် မဟုတ်ပေ။ (ပြုလုပ်ဖြည့်စွမ်းပေးနိုင်ကြမည်မဟုတ်ပေ)။ ထိုမှတစ်ပါး ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်မူ ၎င်းတို့သည် အသင်တို့၏ တွဲဖက်ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြပေမည်။ စင်စစ်သော်ကား အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်ကဲ့သို့ မည်သူတစ်ဦး တစ်ယောက်မျှပင် အသင့်အား ထုတ်ဖော်၍ ပြောကြားမည် မဟုတ်ပြီ။
🎤 Your recording:
35:15 🔁 0/5
۞ يَٰٓأَيُّهَا ٱلنَّاسُ أَنتُمُ ٱلۡفُقَرَآءُ إِلَى ٱللَّهِۖ وَٱللَّهُ هُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ  ۝١٥
Yaaa ayyunhan naasu antumul fuqaraaa`u ilallaahi wallaahu Huwal Ghaniyyul Hameed
အို-လူအပေါင်းတို့၊ အသင်တို့သည်(သာလျှင်)(မိမိတို့၏ကိစ္စအရပ်ရပ်တွင်) အလ္လာဟ်အရှင်မြတ်အား လိုလားတောင့်တကြရသူများပင် ဖြစ်ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား လိုလားတောင့်တခြင်း လုံးဝ ကင်းမဲ့သောအရှင်၊ ချီးမွမ်းအပ်သော ဝိသေသ ဂုဏ်ထူးနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
🎤 Your recording:
35:16 🔁 0/5
إِن يَشَأۡ يُذۡهِبۡكُمۡ وَيَأۡتِ بِخَلۡقٍ جَدِيدٍ  ۝١٦
Iny yashaa yuzhibkum wa yaati bikhalqin jadeed
အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ပယ်ရှားတော်မူ၍ အဖန်ဆင်းခံအသစ်ကို ယူလာတော်မူနိုင်၏။
🎤 Your recording:
35:17 🔁 0/5
وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍ  ۝١٧
Wa maa zaalika `alal laahi bi`azeez
စင်စစ်သော်ကား ဤသည် အလ္လာဟ်အရှင်မြတ်၌ (လုံးဝ) ခဲယဉ်းသည် မဟုတ်ပြီ။
🎤 Your recording:
35:18 🔁 0/5
وَلَا تَزِرُ وَازِرَةٌ وِزۡرَ أُخۡرَىٰۚ وَإِن تَدۡعُ مُثۡقَلَةٌ إِلَىٰ حِمۡلِهَا لَا يُحۡمَلۡ مِنۡهُ شَيۡءٌ وَلَوۡ كَانَ ذَا قُرۡبَىٰٓۗ إِنَّمَا تُنذِرُ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ وَأَقَامُواْ ٱلصَّلَوٰةَۚ وَمَن تَزَكَّىٰ فَإِنَّمَا يَتَزَكَّىٰ لِنَفۡسِهِۦۚ وَإِلَى ٱللَّهِ ٱلۡمَصِيرُ  ۝١٨
Wa laa taziru waaziratun wizra ukhraa; wa in tad`u musqalatun ilaa himlihaa laa yuhmal minhu shai`unw wa law kaana zaa qurbaa; innamaa tunzirul lazeena yakhshawna Rabbahum bilghaibi wa aqaamus Sallah; wa man tazakkaa fa innamaa yatazakkaa linafsih; wa ilal laahil maseer
အမှန်စင်စစ်သော်ကား မည်သည့် ဝန်ထုပ်ထမ်းသောသူ (အပြစ်ရှိနေသူ) တစ်စုံတစ်ယောက်မျှပင် သူတစ်ပါး၏ ဝန်ထုပ်ကိုသယ်ပိုး ထမ်းဆောင်မည် မဟုတ်ပေ။၎င်းပြင် အကယ်၍ ဝန်ထုပ်ကို ထမ်းဆောင်သယ်ပိုးလျက်ရှိသူတစ်ဦးတစ်ယောက်သည် တစ်စုံတစ်ယောက်အား မိမိဝန်ထုပ်ကို သယ်ပိုး ထမ်းဆောင် ခြင်းငှာ ဟစ်ခေါ်ငြားသော်လည်းထိုဟစ်ခေါ်ခြင်း ခံရသောသူသည် ၎င်း၏ဆွေရင်းသားရင်းဖြစ်ခဲ့သည့်တိုင်အောင် ထိုဝန်ထုပ်မှ အနည်းငယ်စိုးစဉ်းကိုမျှပင်သယ်ပိုးထမ်းဆောင်မည် မဟုတ်ပေ။ (အို-နဗီတမန်တော်၊)အသင်သည် မိမိတို့၏ အရှင်မြတ်အား မမြင်ဘဲလျက် ကြောက်ရွံ့ကြကုန်သော၊ ဆွာလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်သောသူတို့အားသာလျှင် သတိပေး နှိုးဆော်နိုင် ပေသည်။အမှန်သော်ကား မည်သူမဆို စင်ကြယ်သန့်ရှင်းခဲ့ပါမူ ထိုသူသည် မိမိအကျိုးငှာ စင်ကြယ်သန့်ရှင်းခဲ့သည်သာဖြစ်၏။ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အထံတော်သို့သာလျှင်နောက်ဆုံး ပြန်ကြရကုန်အံ့သတည်း။
🎤 Your recording:
35:19 🔁 0/5
وَمَا يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُ  ۝١٩
Wa maa tastawil a`maa wal baseer
၎င်းပြင် မျက်စိကန်းသူနှင့် မျက်စိမြင်သောသူသည်လည်း မတူပေ။
🎤 Your recording:
35:20 🔁 0/5
وَلَا ٱلظُّلُمَٰتُ وَلَا ٱلنُّورُ  ۝٢٠
Wa laz zulumaatu wa lannoon
ထိုနည်းတူစွာ အမှောင်ထုနှင့် အလင်းရောင်သည်လည်း မတူပေ။
🎤 Your recording:
35:21 🔁 0/5
وَلَا ٱلظِّلُّ وَلَا ٱلۡحَرُورُ  ۝٢١
Wa laz zillu wa lal haroor
ထို့ပြင် အရိပ်အာဝါသနှင့် နေ၏အပူရှိန်သည်လည်း မတူပေ။
🎤 Your recording:
35:22 🔁 0/5
وَمَا يَسۡتَوِي ٱلۡأَحۡيَآءُ وَلَا ٱلۡأَمۡوَٰتُۚ إِنَّ ٱللَّهَ يُسۡمِعُ مَن يَشَآءُۖ وَمَآ أَنتَ بِمُسۡمِعٍ مَّن فِي ٱلۡقُبُورِ  ۝٢٢
Wa maa yastawil ahyaaa`u wa lal amwaat; innal laaha yusmi`u mai yashaaa`u wa maaa anta bimusi`im man fil quboor
ထိုမှတစ်ပါး အသက်ရှင်သူများနှင့် သေသူများသည်လည်း မတူကြချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသေသူအား ကြားစေတော်မူ၏။ သို့ရာတွင် အသင်သည် သချုႋင်းများတွင် ရှိသူတို့အား ကြားစေနိုင်သည် မဟုတ်ပေ။
🎤 Your recording:
35:23 🔁 0/5
إِنۡ أَنتَ إِلَّا نَذِيرٌ  ۝٢٣
In anta illaa nazeer
အသင်သည် သတိပေးနှိုးဆော်သူ တစ်ဦးမျှသာဖြစ်၏။နောက်ဆုံး ပြန်ကြရကုန်အံ့သတည်း။
🎤 Your recording:
35:24 🔁 0/5
إِنَّآ أَرۡسَلۡنَٰكَ بِٱلۡحَقِّ بَشِيرًا وَنَذِيرًاۚ وَإِن مِّنۡ أُمَّةٍ إِلَّا خَلَا فِيهَا نَذِيرٌ  ۝٢٤
Innaa arsalnaak bil haqqi basheeranw wa nazeeraa; wa im min ummatin illaa khalaa feehaa nazeer
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အားအမှန်တရားနှင့်တကွ ဝမ်းမြောက်ဖွယ် သတင်းပြောကြားသူအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော် သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ စင်စစ်သော်ကား သာသနာဝင်အုပ်စုတိုင်း၌ပင် သတိပေးနှိုးဆော်သူတစ်ဦး ပွင့်ရောက်ခဲ့သည်သာ ဖြစ်၏။
🎤 Your recording:
35:25 🔁 0/5
وَإِن يُكَذِّبُوكَ فَقَدۡ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ وَبِٱلزُّبُرِ وَبِٱلۡكِتَٰبِ ٱلۡمُنِيرِ  ۝٢٥
Wa inyukazzibooka faqad kazzabal lazeena min qablihim jaaa`at hum Rusuluhum bilbaiyinaati wa biz Zuburi wa bil Kitaabil Muneer
ထို့ပြင် အကယ်၍ ၎င်းတို့သည် အသင့်အားမုသာဝါဒီဟူ၍ စွပ်စွဲငြင်းပယ်ကြလျှင် အမှန်စင်စစ် ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော ရှေးသူဟောင်းတို့ သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြ ကုန်၏။ ထို(ရှေးသူဟောင်း)တို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားစွာသောသက်သေလက္ခဏာများကိုလည်းကောင်း၊ ကျမ်းငယ်များကိုလည်းကောင်း၊ ကျမ်းကြီးများကိုလည်းကောင်း၊ ယူဆောင်၍လာခဲ့ကြကုန်၏။
🎤 Your recording:
35:26 🔁 0/5
ثُمَّ أَخَذۡتُ ٱلَّذِينَ كَفَرُواْۖ فَكَيۡفَ كَانَ نَكِيرِ  ۝٢٦
Summa akhaztul lazeena kafaroo fakaifa kaana nakeer
ထိုနောက် ငါအရှင်မြတ်သည် သွေဖည်ငြင်းပယ်ခဲ့ကုန်သောသူတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့ရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် မည်သို့ရှိခဲ့ပေသနည်း။
🎤 Your recording:
35:27 🔁 0/5
أَلَمۡ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَخۡرَجۡنَا بِهِۦ ثَمَرَٰتٍ مُّخۡتَلِفًا أَلۡوَٰنُهَاۚ وَمِنَ ٱلۡجِبَالِ جُدَدُۢ بِيضٌ وَحُمۡرٌ مُّخۡتَلِفٌ أَلۡوَٰنُهَا وَغَرَابِيبُ سُودٌ  ۝٢٧
Alam tara annal laaha anzala minas samaaa`i maaa`an fa akhrajnaa bihee samaraatim mukhtalifan alwaanuhaa; wa minal jibaali judadum beedunw wa humrum mukhtalifun alwaanuhaa wa gharaabeebu sood
အသင်သည် မမြင်ခဲ့လေသလော။ ဧကန်မလွဲငါအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကို ချပေးတော်မူခဲ့၏။ထို့နောက် ငါအရှင်မြတ်သည် ထိုရေဖြင့် အရောင်အသွေးအမျိုးမျိုး ကွဲပြားခြားနားသော သစ်သီးဝလံများကို ထွက်(ဖူး၊ပွင့်၊ သီး) စေတော်မူခဲ့၏။ ထိုနည်းတူစွာ တောင်များ၌လည်းတောင် ကြား လမ်းများရှိကြပေရာ အချို့မှာအဖြူများဖြစ်၍အချို့မှာ အနီများဖြစ်ကြသည့်ပြင်၊ ၎င်းတို့၏ အရောင်များမှာအထူးထူး အပြားပြားဖြစ်ကြ၏။ အချို့ မှာလည်း အလွန်မည်းနက်၏။
🎤 Your recording:
35:28 🔁 0/5
وَمِنَ ٱلنَّاسِ وَٱلدَّوَآبِّ وَٱلۡأَنۡعَٰمِ مُخۡتَلِفٌ أَلۡوَٰنُهُۥ كَذَٰلِكَۗ إِنَّمَا يَخۡشَى ٱللَّهَ مِنۡ عِبَادِهِ ٱلۡعُلَمَٰٓؤُاْۗ إِنَّ ٱللَّهَ عَزِيزٌ غَفُورٌ  ۝٢٨
Wa minan naasi wadda waaabbi wal an`aami mukhtalifun alwaanuhoo kazalik; innamaa yakhshal laaha min `ibaadihil `ulamaaa`; innal laaha `Azeezun Ghafoor
ထိုမှတစ်ပါးလူတို့တွင်လည်းကောင်း၊ သက်ရှိသတ္တဝါတို့တွင်လည်းကောင်း၊ ထိုနည်းအတိုင်းပင် အရောင်အဆင်း အမျိုးမျိုးရှိကြပေသည်။ အလ္လာဟ်အရှင်မြတ်အားထိုအရှင် မြတ်၏ ကျွန်တို့အနက် ‘အာလင်မ်’ ပညာရှင်များသာလျှင် ကြောက်ရွံ့ကြကုန်၏။ ဧကန်မလွဲ အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🎤 Your recording:
35:29 🔁 0/5
إِنَّ ٱلَّذِينَ يَتۡلُونَ كِتَٰبَ ٱللَّهِ وَأَقَامُواْ ٱلصَّلَوٰةَ وَأَنفَقُواْ مِمَّا رَزَقۡنَٰهُمۡ سِرًّا وَعَلَانِيَةً يَرۡجُونَ تِجَٰرَةً لَّن تَبُورَ  ۝٢٩
Innal lazeena yatloona Kitabbal laahi wa aqaamus Salaata wa anfaqoo mimmaa razaqnaahum sirranw wa `alaa niyatany yarjoona tijaaratal lan taboor
ဧကန်အမှန် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော် ကျမ်းဂန်ကို ရွတ်ဖတ် သရဇ္ဈာယ်ကြကုန်၏။ ၎င်းပြင် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ထိုမှတစ်ပါး ထိုသူတို့အား ငါအရှင်မြတ်ချီးမြှင့် ပေးသနားတော်မူခဲ့သည့် (ပစ္စည်းဥစ္စာ)များအနက်မှ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ပေါ်စွာသော်လည်းကောင်း၊ လှူဒါန်းကြကုန်၏။ထိုသူတို့ကား အလျဉ်င်း ဆုံးရှုံးပျက်စီးမည် မဟုတ် သောရောင်းဝယ်ဖောက်ကားမှုမျိုးကို မျှော်လင့် တောင့်တလျက်ရှိကြကုန်၏။
🎤 Your recording:
35:30 🔁 0/5
لِيُوَفِّيَهُمۡ أُجُورَهُمۡ وَيَزِيدَهُم مِّن فَضۡلِهِۦٓۚ إِنَّهُۥ غَفُورٌ شَكُورٌ  ۝٣٠
Liyuwaffiyahum ujoorahum wa yazeedahum min fadlih; innahoo Ghafoorun Shakoor
နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့၏အကျိုးများ ပြည့်စုံစွာ ချီးမြှင့်ပေး သနားတော်မူသည့်အပြင် မိမိကျေးဇူးတော်နှင့် ၎င်းတို့ အား ပိုမို၍ပင် ချီးမြှင့်တော်မူပေမည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် အလွန်တရာခွင့်လွှတ် ချမ်းသာပေးတော်မူသော၊ အလွန်တရာရက်ရောစွာကျေးဇူးတုံ့ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
35:31 🔁 0/5
وَٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ مِنَ ٱلۡكِتَٰبِ هُوَ ٱلۡحَقُّ مُصَدِّقًا لِّمَا بَيۡنَ يَدَيۡهِۗ إِنَّ ٱللَّهَ بِعِبَادِهِۦ لَخَبِيرُۢ بَصِيرٌ  ۝٣١
Wallaeee awhainaaa ilaika minal Kitaabi huwal haqqu musaddiqal limaa baina yadayh; innal laaha bi`ibaadihee la khabeerum Baseer
စင်စစ်သော်ကား အသင့်ထံ ငါအရှင်မြတ် ထုတ်ပြန်တော်မူသော (ဤ)ကျမ်းဂန်သည် လုံးဝအမှန်ဖြစ်၏။ (ထိုကျမ်းဂန်သည်) မိမိအလျင်(ကျရောက်ခဲ့ဖူးသော) ကျမ်းဂန်များကိုလည်း မှန်ကန်သည်ဟု ထောက်ခံလျက်ရှိ၏။ မုချအမှန်အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်တို့နှင့် ပတ်သက်၍အလွန်တရာ ကြားသိတော်မူသော၊ အလွန်တရာ သိမြင်တော်မူသော၊ အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
35:32 🔁 0/5
ثُمَّ أَوۡرَثۡنَا ٱلۡكِتَٰبَ ٱلَّذِينَ ٱصۡطَفَيۡنَا مِنۡ عِبَادِنَاۖ فَمِنۡهُمۡ ظَالِمٌ لِّنَفۡسِهِۦ وَمِنۡهُم مُّقۡتَصِدٌ وَمِنۡهُمۡ سَابِقُۢ بِٱلۡخَيۡرَٰتِ بِإِذۡنِ ٱللَّهِۚ ذَٰلِكَ هُوَ ٱلۡفَضۡلُ ٱلۡكَبِيرُ  ۝٣٢
Summa awrasnal Kitaaballazeenas tafainaa min `ibaadinaa faminhum zaalimul linafsihee wa minhum muqtasid, wa minhum saabiqum bilkhairaati bi iznil laah; zaalika huwal fadlul kabeer
ထို့နောက် ငါအရှင်မြတ်သည် မိမိကျွန်များအနက်မှ ငါအရှင်မြတ် ရွေးချယ်တော်မူသောသူတို့အား (ဤ)ကျမ်းဂန်ကို အမွေအဖြစ် ချီးမြှင့်ပေးသနားတော်မူ၏။ သို့ရာတွင် ၎င်းတို့အနက်အချို့မှာ မိမိကိုယ်ကို မိမိရက်စက်သောသူရှိ၏။ အချို့မှာ မဇိ္ဈမဋိပဒါစနစ်ကို လိုက်နာသူရှိ၏။ အချို့မှာကား အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် ကောင်းမှုများနှင့်တကွ ရှေ့မှသွားသူရှိ၏။ ဤသည်ကား ကြီးကျယ်စွာသောကျေးဇူးတော်ပင်ဖြစ်ပေသတည်း။
🎤 Your recording:
35:33 🔁 0/5
جَنَّٰتُ عَدۡنٍ يَدۡخُلُونَهَا يُحَلَّوۡنَ فِيهَا مِنۡ أَسَاوِرَ مِن ذَهَبٍ وَلُؤۡلُؤًاۖ وَلِبَاسُهُمۡ فِيهَا حَرِيرٌ  ۝٣٣
jannaatu `adniny yad khuloonahaa yuhallawna feeha min asaawira min zahabinw wa lu`lu`anw wa libaa suhum feehaa hareer
ထာဝစဉ် နေထိုင်ရအံ့သော ဥယျာဉ်များပင်၊၎င်းတို့သည် ယင်းဥယျာဉ်များ၌ ဝင်ရောက်ကြပေမည်။ ထိုသူတို့သည် ယင်းဥယျာဉ်များ၌ ရွှေလက်ကောက် များဖြင့်လည်းကောင်း၊ ပုလဲများဖြင့်လည်းကောင်း၊ တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှ တစ်ပါး ယင်းဥယျာဉ်များ၌ ၎င်းတို့၏ဝတ်စား တန်ဆာမှာ ပိုးအဝတ်အထည်ပင် ဖြစ်ပေမည်။
🎤 Your recording:
35:34 🔁 0/5
وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِيٓ أَذۡهَبَ عَنَّا ٱلۡحَزَنَۖ إِنَّ رَبَّنَا لَغَفُورٌ شَكُورٌ  ۝٣٤
Wa qaalul hamdu lillaahil lazeee azhaba `annal hazan; inna Rabbanaa la Ghafoorun Shakoor
ထိုမှတစ်ပါး ၎င်းတို့သည်(ဤသို့)ပြောဆိုကြပေမည်။ ချီးမွမ်းခြင်း ထောပနာအပေါင်းတို့သည် ကျွန်တော်မျိုးတို့မှ ပူပင်သောကကို ပပျောက်စေတော်မူသော အလ္လာဟ်၏အရှင် မြတ်နှင့်သာသက်ဆိုင်၏။ မလွဲဧကန် ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာကျေးဇူးတုံ့ပြန်တော်မူသော အရှင်အမှန်ပင် ဖြစ်တော်မူ၏။
🎤 Your recording:
35:35 🔁 0/5
ٱلَّذِيٓ أَحَلَّنَا دَارَ ٱلۡمُقَامَةِ مِن فَضۡلِهِۦ لَا يَمَسُّنَا فِيهَا نَصَبٌ وَلَا يَمَسُّنَا فِيهَا لُغُوبٌ  ۝٣٥
Allazeee ahallanaa daaral muqaamati min fadlihee laa yamassunaa feehaa nasabunw wa laa yamassunaa feehaa lughoob
အကြင် အရှင်မြတ်သည် မိမိကျေးဇူးတော်နှင့်ကျွန်တော်မျိုးတို့အား အမြဲထာဝရ နေရအံ့သောဌာန၌နေရာချပေးတော်မူ၏။ ထိုဌာနတွင် ကျွန်တော်မျိုးတို့၌ မည်သည့်ပင်ပန်းမှုမျှလည်း သက်ရောက်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့၌ ထိုဌာနတွင် မည်သည့်ငြီးငွေ့မှုမျှလည်းသက်ရောက်မည် မဟုတ်ပေတကား။
🎤 Your recording:
35:36 🔁 0/5
وَٱلَّذِينَ كَفَرُواْ لَهُمۡ نَارُ جَهَنَّمَ لَا يُقۡضَىٰ عَلَيۡهِمۡ فَيَمُوتُواْ وَلَا يُخَفَّفُ عَنۡهُم مِّنۡ عَذَابِهَاۚ كَذَٰلِكَ نَجۡزِي كُلَّ كَفُورٍ  ۝٣٦
Wallazeena kafaroo lahum naaru Jahannama laa yuqdaa `alaihim fa yamootoo wa laa yukhaffafu `anhum min `azaabihaa; kazaalika najzee kulla kafoor
သို့ရာတွင်ကာဖိရ်သွေဖည်ငြင်းပယ်သူတို့ အဖို့ဂျဟန္နမ် ငရဲဘုံ၏ မီးသည်ရှိပေမည်။ ၎င်းတို့အပေါ်၌ ၎င်းတို့သေဆုံးနိုင်ကြအံ့သောငှာ အမိန့်တော်ပြဋ္ဌာန်းခြင်း ခံရမည်လည်း မဟုတ်ပေ။ ယင်းငရဲဘုံ၏ပြစ်ဒဏ်သည် ၎င်းတို့မှပေါ့လျော့စေခြင်းခံရမည်လည်းမဟုတ်ပေ။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် သွေဖည်သူတိုင်းကို အစားပေး တော်မူသည်။
🎤 Your recording:
35:37 🔁 0/5
وَهُمۡ يَصۡطَرِخُونَ فِيهَا رَبَّنَآ أَخۡرِجۡنَا نَعۡمَلۡ صَٰلِحًا غَيۡرَ ٱلَّذِي كُنَّا نَعۡمَلُۚ أَوَلَمۡ نُعَمِّرۡكُم مَّا يَتَذَكَّرُ فِيهِ مَن تَذَكَّرَ وَجَآءَكُمُ ٱلنَّذِيرُۖ فَذُوقُواْ فَمَا لِلظَّٰلِمِينَ مِن نَّصِيرٍ  ۝٣٧
Wa hum yastarikhoona feehaa Rabbanaa akhrijnaa na`mal saalihan ghairal lazee kunnaa na`mal; awa lamnu `ammirkum maa yatazak karu feehi man tazakkara wa jaaa`akumun nazeeru fazooqoo famaa lizzaalimeena min naseer
ထို့ပြင် ၎င်းတို့သည် ယင်း ဂျဟန္နမ် ငရဲဘုံ ၌အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား (ဤငရဲဘုံမှ)ထုတ်တော်မူပါ။ ကျွန်တော်မျိုးတို့သည် မိမိတို့ ပြုလုပ်လျက် ရှိခဲ့ကြသောအပြုအမူများမှ တစ်ပါး ကောင်းမြတ်သော အကျင့်သီလကိုကျင့်မူ ဆောက်တည်ကြပါမည် ဟု ဟစ်အော်(လျှောက်ထား)ကြပေမည်။ ထိုအခါ) ၎င်းတို့သည် ဤသို့ ပြန်ကြားတော်မူခြင်းကိုခံကြရပေမည်)၊ ငါအရှင်မြတ်သည် စဉ်းစား ဆင်ခြင်လိုသောသူများ စဉ်းစားဆင်ခြင်နိုင် လောက်သော သက်တမ်းကိုအသင်တို့အားပေးတော်မူခဲ့သည် မဟုတ်ပါလော။ ထိုမှတစ်ပါးအသင်တို့ထံ သတိပေး နှိုးဆော်သူလည်း ရောက်ရှိခဲ့သည်(မဟုတ်ပါလော)။ သို့ဖြစ်ပေရာ (ယခုမူ)အသင်တို့သည် (ပြစ်ဒဏ်၏အရသာကို) မြည်စမ်းကြလေကုန်။ စင်စစ် မတရားသောသူတို့၏အဖို့ ကူညီယိုင်းပင်းမည့်သူဟူ၍ အလျှင်းမရှိပြီတကား။
🎤 Your recording:
35:38 🔁 0/5
إِنَّ ٱللَّهَ عَٰلِمُ غَيۡبِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ  ۝٣٨
Innal laaha `aalimu ghaibis samaawaati wal ard; innahoo `aleemum bizaatis sudoor
မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည်မိုးကောင်းကင်များ၌ ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသော အရှင်ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသည်တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်ဖြစ်တော်မူ၏။
🎤 Your recording:
35:39 🔁 0/5
هُوَ ٱلَّذِي جَعَلَكُمۡ خَلَٰٓئِفَ فِي ٱلۡأَرۡضِۚ فَمَن كَفَرَ فَعَلَيۡهِ كُفۡرُهُۥۖ وَلَا يَزِيدُ ٱلۡكَٰفِرِينَ كُفۡرُهُمۡ عِندَ رَبِّهِمۡ إِلَّا مَقۡتًاۖ وَلَا يَزِيدُ ٱلۡكَٰفِرِينَ كُفۡرُهُمۡ إِلَّا خَسَارًا  ۝٣٩
Huwal lazee ja`alakum khalaaa`ifa fil ard; faman kafara fa`alaihi kufruhoo; wa laa yazeedul kaafireena kufruhum `inda Rabbihim illaa maqtanw wa la yazeedul kaafireena kufruhum illaa khasaaraa
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားကမ္ဘာမြေ၌ ရိုက်ရာဆက်ခံသူများအဖြစ် ပြုလုပ်တော် မူခဲ့သောအရှင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ မည်သူမဆို ကျေးဇူးကန်းခဲ့ပါမူ ၎င်း၏ ကျေးဇူးကန်းမှု၏(အပြစ်)သည် ၎င်း၏အပေါ်၌သာ ကျရောက်ပေမည်။ စင်စစ်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သူတို့အပေါ်၌ ၎င်းတို့၏သွေဖည်မှုသည် ၎င်းတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် မုန်းတီးစက်ဆုပ်မှုကိုသာလျှင် တိုးပွားစေမည်ဖြစ်၏။ ထိုနည်းတူစွာကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့၌ ၎င်းတို့၏ သွေဖည်မှုသည် ဆုံးရှုံးမှုကိုသာလျှင် ပိုမိုတိုးပွားစေအံ့သတည်း။
🎤 Your recording:
35:40 🔁 0/5
قُلۡ أَرَءَيۡتُمۡ شُرَكَآءَكُمُ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ أَرُونِي مَاذَا خَلَقُواْ مِنَ ٱلۡأَرۡضِ أَمۡ لَهُمۡ شِرۡكٌ فِي ٱلسَّمَٰوَٰتِ أَمۡ ءَاتَيۡنَٰهُمۡ كِتَٰبًا فَهُمۡ عَلَىٰ بَيِّنَتٍ مِّنۡهُۚ بَلۡ إِن يَعِدُ ٱلظَّٰلِمُونَ بَعۡضُهُم بَعۡضًا إِلَّا غُرُورًا  ۝٤٠
Qul ara`aytum shurakaaa`a kumul lazeena tad`oona min doonil laah; aroonee maazaa khalaqoo minal ardi am lahum shirkun fis samaawaati am aatainaahum Kitaaban fahum `alaa baiyinatim minh; bal iny ya`iiduz zaalimoona ba `duhum ba`dan illaa ghurooraa
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ ဟစ်ခေါ်တသကြကုန်သော မိမိတို့၏ တွဲဖက်ကိုးကွယ်ရာတို့အား မမြင်ခဲ့ကြလေသလော။ အသင်တို့သည် ငါ့အားပြသကြလေကုန်။ ထို(အသင်တို့၏တွဲဖက် ကိုးကွယ်ရာ)တို့သည်ပထဝီမြေ၏ မည်သည့်အစိတ်အပိုင်းကို ဖန်ဆင်း ခဲ့ကြသနည်း။သို့တည်းမဟုတ် မိုးကောင်းကင်များ၌ ၎င်းတို့၏ ဖက်စပ်မှုတစ်စုံတစ်ရာရှိလေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်တစ်စောင်စောင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သဖြင့် ၎င်းတို့သည် ယင်းကျမ်းဂန်၏အထောက်အထား တစ်ရပ်ရပ်အပေါ်၌ ရပ်တည်၍ နေကြသလော။ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား မတရားသောသူတို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး လိမ်လည်လှည့်ဖြားခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှပင် ကတိပေးကြသည်မဟုတ်ပြီ။
🎤 Your recording:
35:41 🔁 0/5
۞ إِنَّ ٱللَّهَ يُمۡسِكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ أَن تَزُولَاۚ وَلَئِن زَالَتَآ إِنۡ أَمۡسَكَهُمَا مِنۡ أَحَدٍ مِّنۢ بَعۡدِهِۦٓۚ إِنَّهُۥ كَانَ حَلِيمًا غَفُورًا  ۝٤١
Innal laaha yumsikus samaawaati wal arda an tazoolaaa; wa la`in zaalataaa in amsa kahumaa min ahadim mim ba`dih; innahoo kaana Haleeman Ghafooraa
စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ရွေ့လျားတိမ်းပါးမသွားရန် ထိန်းထားတော်မူ၏။ သို့ရာတွင်ဧကန်စင်စစ် အကယ်၍သာ ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေတို့သည် ရွေ့လျားတိမ်းပါး၍ သွားခဲ့ကြသော် ထိုအရှင်မြတ်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှကပင် ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေတို့ကို ထိန်းနိုင်မည် မဟုတ်ပေ။ ဧ ကန်အမှန် ထိုအရှင်မြတ်သည် ခနီ္တတရားနှင့်အလွန်ပြည့်စုံတော်မူထသော၊ အလွန်တရာ ခွင့်လွှတ်တော်မူထသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🎤 Your recording:
35:42 🔁 0/5
وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَئِن جَآءَهُمۡ نَذِيرٌ لَّيَكُونُنَّ أَهۡدَىٰ مِنۡ إِحۡدَى ٱلۡأُمَمِۖ فَلَمَّا جَآءَهُمۡ نَذِيرٌ مَّا زَادَهُمۡ إِلَّا نُفُورًا  ۝٤٢
Wa aqsamoo billaahi jahda aymaanihim la`in jaaa`ahum nazeerul layakoonunna ahdaa min ihdal umami falam maa jaaa`ahum nazeerum maa zaadahum illaa nufooraa
စင်စစ်သော်ကား ၎င်းတို့က အမှန်ပင် အကယ်၍ သတိပေးနှိုးဆော်သူ တစ်ဦးတစ်ယောက်သည် မိမိတို့ထံလာခဲ့ပါလျှင် မုချဧကန် မိမိတို့မှာ သာသနာဝင်အုပ်စုတိုင်းထက် ပိုမို၍ပင် တရား လမ်းမှန်ကို လိုက်နာသူများ ဖြစ်ကြပေမည် ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန်ကျိန်ဆိုခဲ့ကြကုန်၏။ သို့တစေလည်း (ထို)သတိပေးနှိုးဆော်သူသည် ၎င်းတို့ထံသို့ ရောက်ရှိ၍လာသောအခါ ထို(သို့ရောက်ရှိ၍လာခြင်း)သည် ၎င်းတို့၌ စက်ဆုပ်မှုကိုသာလျှင် တိုးပွားစေခဲ့၏။
🎤 Your recording:
35:43 🔁 0/5
ٱسۡتِكۡبَارًا فِي ٱلۡأَرۡضِ وَمَكۡرَ ٱلسَّيِّيِٕۚ وَلَا يَحِيقُ ٱلۡمَكۡرُ ٱلسَّيِّئُ إِلَّا بِأَهۡلِهِۦۚ فَهَلۡ يَنظُرُونَ إِلَّا سُنَّتَ ٱلۡأَوَّلِينَۚ فَلَن تَجِدَ لِسُنَّتِ ٱللَّهِ تَبۡدِيلًاۖ وَلَن تَجِدَ لِسُنَّتِ ٱللَّهِ تَحۡوِيلًا  ۝٤٣
Istakbaaran fil ardi wa makras sayyi`; wa laa yaheequl makrus sayyi`u illaa bi ahlih; fahal yanzuroona illaa sunnatal awwaleen; falan tajida lisunnatil laahi tabdeelanw wa lan tajida lisunnatil laahi tahweela
မိမိတို့ကိုယ်ကို ကမ္ဘာမြေ၌ အထင်ကြီးခဲ့ကြသောကြောင့် ထိုမှတစ်ပါး မကောင်းသော ကြံစည်မှုကို(လည်းတိုးပွားစေခဲ့၏)။ အမှန်စင်စစ်သော်ကား မကောင်းသောအကြံအစည်၏ အကျိုးသည် ယင်း မကောင်းသောအကြံအစည်ကိုကြံစည်သောသူတို့၏ အပေါ်၌သာလျှင် သက်ရောက်ပေသည်။သို့ဖြစ်ပေရာ ၎င်းတို့သည် ရှေးသူဟောင်းတို့၏ ကျင့်ရိုးကျင့်စဉ်ကို သာလျှင် စောင့်မျှော်၍နေကြကုန်၏။ စင်စစ်မှာကားအသင်သည် အလ္လာဟ်အရှင်မြတ်၏ ကျင့်ရိုးကျင့်စဉ်၌ မည်သည့်ပြောင်းလဲမှုကိုမျှပင် အလျဉ်း တွေ့ရှိမည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင် မြတ်၏ ကျင့်ရိုးကျင်စဉ်၌မည်သည့်လဲလှယ်မှုကိုလည်း အလျှင်းတွေ့ရှိမည် မဟုတ်ပေတကား။
🎤 Your recording:
35:44 🔁 0/5
أَوَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡ وَكَانُوٓاْ أَشَدَّ مِنۡهُمۡ قُوَّةًۚ وَمَا كَانَ ٱللَّهُ لِيُعۡجِزَهُۥ مِن شَيۡءٍ فِي ٱلسَّمَٰوَٰتِ وَلَا فِي ٱلۡأَرۡضِۚ إِنَّهُۥ كَانَ عَلِيمًا قَدِيرًا  ۝٤٤
Awalam yaseeroo fil ardi fa yanzuroo kaifa kaana `aaqibatul lazeena min qblihim wa kaanoo ashadda minhum quwwah; wa maa kaanal laahu liyu`jizahoo min shai`in fis samaawaati wa laa fil ard; innahoo kaana `Aleeman Qadeeraa
၎င်းတို့သည် ကမ္ဘမြေဝယ် လှည့်လည်မသွားလာခဲ့ကြသလော။ သို့သွားလာခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့ရှိခဲ့သည်ကို တွေ့မြင်ကြပေမည်။ စင်စစ်မှာကား ထို(ရှေး)သူ(ဟောင်း)တို့သည် ခွန်အားဗလအရာ၌ ၎င်းတို့ထက်ပိုမိုသန်စွမ်းပြင်းထန်သူများပင် ဖြစ်ခဲ့ကြကုန်၏။ သို့ရာတွင်မိုးကောင်းကင်များ၌ဖြစ်စေ၊ ပထဝီမြေ၌ဖြစ်စေ၊ မည်သည့်အရာမျှပင်၊ အလ္လာဟ်အရှင်မြတ်အား အရေးရှုံးနိမ့်အောင်ပြုစွမ်းနိုင်သည်မရှိပေ။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။
🎤 Your recording:
35:45 🔁 0/5
وَلَوۡ يُؤَاخِذُ ٱللَّهُ ٱلنَّاسَ بِمَا كَسَبُواْ مَا تَرَكَ عَلَىٰ ظَهۡرِهَا مِن دَآبَّةٍ وَلَٰكِن يُؤَخِّرُهُمۡ إِلَىٰٓ أَجَلٍ مُّسَمًّىۖ فَإِذَا جَآءَ أَجَلُهُمۡ فَإِنَّ ٱللَّهَ كَانَ بِعِبَادِهِۦ بَصِيرَۢا  ۝٤٥
Wa law yu`aakhizul laahun naasa bima kasaboo maa taraka `alaa zahrihaa min daaabbatinw wa laakiny yu`akhkhiruhum ilaaa ajalim musamman fa izaa jaaa`a ajaluhum fa innal laaha kaana bi`ibaadihee Baseeraa
အမှန်စင်စစ်သော်ကား အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် လူတို့အား၊ ၎င်းတို့ရှာဖွေဆည်းပူး ခဲ့ကြလေသော ပြစ်မှုများကြောင့် ဖမ်းဆီးအရေးယူ တော်မူသည်ရှိသော်ကမ္ဘာမြေ၏ ကျောက်ကုန်းထက်ဝယ် လှုပ်ရှားသွားလာသောမည်သည့်သတ္တဝါကိုမျှပင် ချန်ထားတော်မူမည် မဟုတ်ပေ။သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ဆိုင်းငံ့၍ထားတော်မူ၏။ထို့နောက် ၎င်းတို့၏ အချိန်ကာလ ဆိုက်ရောက် လာသောအခါ(၎င်းတို့၏ အကျင့်အမူတို့နှင့်စပ်လျဉ်း၍ အကျိုးအပြစ်ပေးတော်မူပေမည်)။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့အား ကောင်းစွာသိမြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
🎤 Your recording:
💡 Tap any hidden word to reveal it temporarily — your progress is saved automatically in this browser.

🎉
🎊 Well Done! Memorization Complete
Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers