🔥 0 day streak
📖 Long surah — split into smaller parts to help you focus (83 အာယာသ်)
📚 All Surahs
30%
🎤 Tap the microphone icon 🎙️ next to any verse to record yourself reciting it, then listen back and compare with the reciter.
0/83
36:1 🔁 0/5
يسٓ  ۝١
Yaa-Seeen
ယာစီန်။
🎤 Your recording:
36:2 🔁 0/5
وَٱلۡقُرۡءَانِ ٱلۡحَكِيمِ  ۝٢
Wal-Qur-aanil-Hakeem
(ငါအရှင်မြတ်သည်) ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော (ဤ)ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေ ထူထောင်တော်မူသည်။
🎤 Your recording:
36:3 🔁 0/5
إِنَّكَ لَمِنَ ٱلۡمُرۡسَلِينَ  ۝٣
Innaka laminal mursaleen
မလွဲဧကန် အသင်သည် ရစူလ်တမန်တော်အပေါင်းတို့တွင် အမှန်ပင် တစ်ပါး အပါအဝင် ဖြစ်သည်။
🎤 Your recording:
36:4 🔁 0/5
عَلَىٰ صِرَٰطٍ مُّسۡتَقِيمٍ  ۝٤
Alaa Siraatim Mustaqeem
ဖြောင့်မတ်သော တရားလမ်းပေါ်၌ တည်ရှိနေပေသည်။
🎤 Your recording:
36:5 🔁 0/5
تَنزِيلَ ٱلۡعَزِيزِ ٱلرَّحِيمِ  ۝٥
Tanzeelal `Azeezir Raheem
(ဤကုရ်အာန်ကျမ်းတော်မြတ်သည်) တန်ခိုးအာနုဘော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော၊ အရှင်မြတ်၏ အထံတော်မှ ချပေးတော်မူသော (ကျမ်းတော်)ဖြစ်သည်။
🎤 Your recording:
36:6 🔁 0/5
لِتُنذِرَ قَوۡمًا مَّآ أُنذِرَ ءَابَآؤُهُمۡ فَهُمۡ غَٰفِلُونَ  ۝٦
Litunzira qawmam maaa unzira aabaaa`uhum fahum ghaafiloon
(ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခြင်းမှာ) အသင်သည် (ဦးစွာ ပထမသော်)အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော် ရန်ဖြစ်သည်။ ထိုအမျိုးသားတို့၏ အဘ၊ ဘိုး၊ ဘေးတို့မှာ သတိပေးနှိုးဆော်ခြင်း မခံခဲ့ရကြပေ၊ သို့ဖြစ်ပေရာ ထိုအမျိုးသားတို့သည် (တရားလမ်းမှန်ကို) မသိသူများပင် ဖြစ်ကြကုန်သည်။
🎤 Your recording:
36:7 🔁 0/5
لَقَدۡ حَقَّ ٱلۡقَوۡلُ عَلَىٰٓ أَكۡثَرِهِمۡ فَهُمۡ لَا يُؤۡمِنُونَ  ۝٧
Laqad haqqal qawlu `alaaa aksarihim fahum laa yu`minoon
ဧကန်မလွဲ ၎င်းတို့အနက် မြောက်မြားစွာသော သူတို့အပေါ်၌ အမိန့်တော်သည် အတည်ဖြစ်ခဲ့ပေရာ ၎င်းတို့မှာ "အီမာန်" သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေတကား။
🎤 Your recording:
36:8 🔁 0/5
إِنَّا جَعَلۡنَا فِيٓ أَعۡنَٰقِهِمۡ أَغۡلَٰلًا فَهِيَ إِلَى ٱلۡأَذۡقَانِ فَهُم مُّقۡمَحُونَ  ۝٨
Innaa ja`alnaa feee a`naaqihim aghlaalan fahiya ilal azqaani fahum muqmahoon
ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ထားတော်မူခဲ့ရာ ယင်းလည်ကွင်းများမှာ (၎င်းတို့၏)မေးစေ့များအထိ ရောက်ရှိ၍ နေကုန်၏။ထို့ကြောင့် ၎င်းတို့သည် ဦးခေါင်းမော့လျက်ပင် ရှိနေကြကုန်၏။
🎤 Your recording:
36:9 🔁 0/5
وَجَعَلۡنَا مِنۢ بَيۡنِ أَيۡدِيهِمۡ سَدًّا وَمِنۡ خَلۡفِهِمۡ سَدًّا فَأَغۡشَيۡنَٰهُمۡ فَهُمۡ لَا يُبۡصِرُونَ  ۝٩
Wa ja`alnaa mim baini aydeehim saddanw-wa min khalfihim saddan fa aghshai naahum fahum laa yubsiroon
ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ရှေ့၌ အကာအဆီးတစ်ခုကိုလည်းကောင်း၊ ထိုသူတို့၏ နောက်၌ အကာအဆီးတစ်ခုကိုလည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့အား (အထက်မှလည်း)ဖုံးလွှမ်းထားတော်မူခဲ့ရာ (တစ်နည်း) ထိုသို့အားဖြင့် ငါအရှင်မြတ်သည် ၎င်းတို့အား (အဖက်ဖက်မှ) ဝိုင်းဝန်းထားတော်မူခဲ့ရာ၊ ၎င်းတို့မှာ မြင်နိုင်ကြတော့သည် မဟုတ်ပြီ။
🎤 Your recording:
36:10 🔁 0/5
وَسَوَآءٌ عَلَيۡهِمۡ ءَأَنذَرۡتَهُمۡ أَمۡ لَمۡ تُنذِرۡهُمۡ لَا يُؤۡمِنُونَ  ۝١٠
Wa sawaaa`un `alaihim `a-anzartahum am lam tunzirhum laa yu`minoon
စင်စစ် (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား သတိပေး နှိုးဆော်ခဲ့သည်ဖြစ်စေ၊ သတိပေး နှိုးဆော်ခြင်းမပြုခဲ့သည်ဖြစ်စေ၊ ၎င်းတို့အဖို့ အကြောင်းမထူးပြီ၊ ၎င်းတို့သည် "အီမာန်" သက်ဝင် ယုံကြည်ကြတော့မည် မဟုတ်ပေတကား။
🎤 Your recording:
36:11 🔁 0/5
إِنَّمَا تُنذِرُ مَنِ ٱتَّبَعَ ٱلذِّكۡرَ وَخَشِيَ ٱلرَّحۡمَٰنَ بِٱلۡغَيۡبِۖ فَبَشِّرۡهُ بِمَغۡفِرَةٍ وَأَجۡرٍ كَرِيمٍ  ۝١١
Innamaa tunziru manit taba `az-Zikra wa khashiyar Rahmaana bilghaib, fabashshirhu bimaghfiratinw-wa ajrin kareem
အသင်သည် ဆုံးမဩဝါဒကို လိုက်နာသည့်အပြင် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်အား အကွယ်မှ ကြောက်ရွံ့ရိုသေသော သူကိုသာလျှင် သတိပေး နှိုးဆော်နိုင်၏။သို့ဖြစ်ပေရာ အသင်သည် ထိုသူအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြင့်မြတ်လှစွာသော အကျိုးကျေးဇူးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဝမ်းမြောက်ဖွယ်ရာသတင်း ကိုပြောကြားပါလေ။
🎤 Your recording:
36:12 🔁 0/5
إِنَّا نَحۡنُ نُحۡيِ ٱلۡمَوۡتَىٰ وَنَكۡتُبُ مَا قَدَّمُواْ وَءَاثَٰرَهُمۡۚ وَكُلَّ شَيۡءٍ أَحۡصَيۡنَٰهُ فِيٓ إِمَامٍ مُّبِينٍ  ۝١٢
Innaa Nahnu nuhyil mawtaa wa naktubu maa qaddamoo wa aasaarahum; wa kulla shai`in ahsainaahu feee Imaamim Mubeen
မလွဲဧကန် ငါအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ ကြိုတင် ပို့ခဲ့ကြသည်များကိုလည်းကောင်း၊ ထိုသူတို့၏ ခြေရာများကိုလည်းကောင်း၊ (တစ်နည်း) ထိုသူတို့သည် နောက်တွင် ချန်ရစ်ခဲ့ကြသည်များကိုလည်းကောင်း၊ ရေးသားထားတော်မူ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ထင်ရှားစွာသော မှတ်တမ်းစာအုပ်တွင် တိကျစွာ ရေတွက် မှတ်သားတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
🎤 Your recording:
36:13 🔁 0/5
وَٱضۡرِبۡ لَهُم مَّثَلًا أَصۡحَٰبَ ٱلۡقَرۡيَةِ إِذۡ جَآءَهَا ٱلۡمُرۡسَلُونَ  ۝١٣
Wadrib lahum masalan Ashaabal Qaryatih; iz jaaa`ahal mursaloon
၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား ထိုမြို့သူမြို့သားတို့၏ အတ္ထုပ္ပတ္တိတစ်ခုကို ပြောပြပါလေ။ အခါတစ်ပါး၌ ထိုမြို့သူမြို့သားတို့ထံ ရစူလ်တမန်တော်များသည် ရောက်ရှိ၍လာခဲ့ကြကုန်၏။
🎤 Your recording:
36:14 🔁 0/5
إِذۡ أَرۡسَلۡنَآ إِلَيۡهِمُ ٱثۡنَيۡنِ فَكَذَّبُوهُمَا فَعَزَّزۡنَا بِثَالِثٍ فَقَالُوٓاْ إِنَّآ إِلَيۡكُم مُّرۡسَلُونَ  ۝١٤
Iz arsalnaaa ilaihimusnaini fakazzaboohumaa fa`azzaznaa bisaalisin faqaalooo innaaa ilaikum mursaloon
အကြင်အခါဝယ် ငါအရှင်မြတ်သည် ထိုမြို့သူမြို့သားတို့ထံ (ရစူလ်တမန်တော်)နှစ်ပါးကို စေလွှတ်တော်မူခဲ့ရာ ၎င်းတို့က ထိုနှစ်ပါးလုံးအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တတိယ(ရစူလ်တမန်တော်)တစ်ပါးကို (စေလွှတ်တော်မူခြင်းအား)ဖြင့်(အားအင် တိုးတက်စေ)တော်မူခဲ့၏။ ထိုအခါ ထိုရစူလ်တမန်တော်တို့က "စင်စစ်ဧကန် ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များပင်) ဖြစ်ကြသည်" ဟုပြောကြားခဲ့ကြကုန်၏။
🎤 Your recording:
36:15 🔁 0/5
قَالُواْ مَآ أَنتُمۡ إِلَّا بَشَرٌ مِّثۡلُنَا وَمَآ أَنزَلَ ٱلرَّحۡمَٰنُ مِن شَيۡءٍ إِنۡ أَنتُمۡ إِلَّا تَكۡذِبُونَ  ۝١٥
Qaaloo maaa antum illaa basharum mislunaa wa maaa anzalar Rahmaanu min shai`in in antum illaa takziboon
ထိုမြို့သူမြို့သားတို့က "အသင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူသားများပင် ဖြစ်ကြပေသည်။ စင်စစ် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်သည် အသင်တို့အပေါ်၌ မည်သည့်တစ်စုံတစ်ရာကိုမျှ ချပေးတော်မူသည် မဟုတ်ပေ။ အသင်တို့သည် မုသားပြောဆိုနေကြသည်သာ ဖြစ်သည်" ဟု ပြောဆိုခဲ့ကြကုန်၏။
🎤 Your recording:
36:16 🔁 0/5
قَالُواْ رَبُّنَا يَعۡلَمُ إِنَّآ إِلَيۡكُمۡ لَمُرۡسَلُونَ  ۝١٦
Qaaloo Rabbunaa ya`lamu innaaa ilaikum lamursaloon
ထိုရစူလ်တမန်တော်တို့က ပြောကြားခဲ့ကြကုန်၏။ "ဧကန်မလွဲ ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များ)ဖြစ်ကြောင်းကို ငါတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ကောင်းစွာ သိရှိတော်မူ၏။
🎤 Your recording:
36:17 🔁 0/5
وَمَا عَلَيۡنَآ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ  ۝١٧
Wa maa `alainaaa illal balaaghul mubeen
သို့ရာတွင် ငါတို့အပေါ်၌မူကား (အလ္လာဟ်အရှင်မြတ်၏ အကြောင်းကြားချက်များကို အသင်တို့ထံ)ထင်ရှားစွာ ပို့ဆောင်ရန်တာဝန်မှတပါး အခြား တာဝန်မရှိပြီ။
🎤 Your recording:
36:18 🔁 0/5
قَالُوٓاْ إِنَّا تَطَيَّرۡنَا بِكُمۡۖ لَئِن لَّمۡ تَنتَهُواْ لَنَرۡجُمَنَّكُمۡ وَلَيَمَسَّنَّكُم مِّنَّا عَذَابٌ أَلِيمٌ  ۝١٨
Qaaloo innaa tataiyarnaa bikum la`il-lam tantahoo lanar jumannakum wa la-yamassan nakum minnaa `azaabun aleem
ထိုမြို့သူမြို့သားတို့က ပြောဆိုခဲ့ကြကုန်၏။ "အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား အမင်္ဂလာဟု ယူဆကြကုန်၏။ (သို့ဖြစ်ပေရာ)အကယ်၍ အသင်တို့သည် (ဆုံးမဩဝါဒပေးခြင်းကို)ရပ်စဲခြင်း မပြုကြပါလျှင် မုချအမှန် ကျွန်ုပ်တို့သည် အသင်တို့အား ခဲများဖြင့်ပစ်ပေါက်၍ သတ်ကြပေမည်။ ထိုမှတစ်ပါး ကျွန်ုပ်တို့ထံမှ အသင်တို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်လည်း မလွဲဧကန် သက်ရောက်မည်ဖြစ်၏။
🎤 Your recording:
36:19 🔁 0/5
قَالُواْ طَٰٓئِرُكُم مَّعَكُمۡ أَئِن ذُكِّرۡتُمۚ بَلۡ أَنتُمۡ قَوۡمٌ مُّسۡرِفُونَ  ۝١٩
Qaaloo taaa`irukum ma`akum; a`in zukkirtum; bal antum qawmum musrifoon
(ထိုအခါ) ရစူလ်တမန်တော်တို့က (ဤသို့) ပြောဆို(ဖြေကြား)ခဲ့ကြကုန်၏။ "အချင်းတို့၊ အသင်တို့၏ မကောင်းသော အတိတ်နိမိတ်သည် အသင်တို့၌ပင် ရှိနေပေသည်။ အသင်တို့ ဆုံးမဩဝါဒပေးခြင်းကို ခံခဲ့ကြရခြင်းသည်(မကောင်းသော အတိတ်နိမိတ်ပင်) ဖြစ်လေသလော။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်သာလျှင် စည်းကမ်း ဖောက်ဖျက်သူများ ဖြစ်ကြကုန်သတည်း။
🎤 Your recording:
36:20 🔁 0/5
وَجَآءَ مِنۡ أَقۡصَا ٱلۡمَدِينَةِ رَجُلٌ يَسۡعَىٰ قَالَ يَٰقَوۡمِ ٱتَّبِعُواْ ٱلۡمُرۡسَلِينَ  ۝٢٠
Wa jaaa`a min aqsal madeenati rajuluny yas`aa qaala yaa qawmit tabi`ul mursaleen
ထိုအခါမြို့၏အစွန်အဖျားမှ လူတစ်ယောက်သည် ပြေး၍လာခဲ့ပြီးလျှင် (ဤသို့)ပြောကြားခဲ့လေ၏။ "အို- ကျွန်ုပ်၏အမျိုးသားတို့၊ အသင်တို့သည် ရစူလ်တမန်တော်များ၏လမ်းကို လိုက်ကြလေကုန်၊
🎤 Your recording:
36:21 🔁 0/5
ٱتَّبِعُواْ مَن لَّا يَسۡـَٔلُكُمۡ أَجۡرًا وَهُم مُّهۡتَدُونَ  ۝٢١
Ittabi`oo mal-laa yas`alukum ajranw-wa hum muhtadoon
အသင်တို့ထံမှ မည်သည့်အကျိုး (မည်သည့်အစား)ကိုမျှ တောင်းဆိုခြင်း မပြုကြသည့်ပြင် မိမိတို့ကိုယ်တိုင်လည်း တရားလမ်းမှန်ကို ရရှိသူများ ဖြစ်ကြကုန်သော (ရစူလ်တမန်တော်)တို့၏လမ်းကို အသင်တို့ လိုက်ကြလေကုန်။
🎤 Your recording:
36:22 🔁 0/5
وَمَالِيَ لَآ أَعۡبُدُ ٱلَّذِي فَطَرَنِي وَإِلَيۡهِ تُرۡجَعُونَ  ۝٢٢
Wa maa liya laaa a`budul lazee fataranee wa ilaihi turja`oon
ကျွန်ုပ်တွင် မိမိအား ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းမပြုရန် မည်သည့်အကြောင်း ရှိပါသနည်း။ အမှန်သော်ကား အသင်တို့(အားလုံး)သည် ထိုအရှင်မြတ် အထံတော်သို့ပင် ပြန်လည်ရောက်ရှိကြရပေမည်။
🎤 Your recording:
36:23 🔁 0/5
ءَأَتَّخِذُ مِن دُونِهِۦٓ ءَالِهَةً إِن يُرِدۡنِ ٱلرَّحۡمَٰنُ بِضُرٍّ لَّا تُغۡنِ عَنِّي شَفَٰعَتُهُمۡ شَيۡـًٔا وَلَا يُنقِذُونِ  ۝٢٣
A-attakhizu min dooniheee aalihatan iny-yuridnir Rahmaanu bidurril-laa tughni `annee shafaa `atuhum shai `anw-wa laa yunqizoon
ကျွန်ုပ်သည် ထိုအရှင်မြတ်အားစွန့်၍ အခြားအကြင်ကဲ့သို့သော ကိုးကွယ်ရာများကို (ကိုးကွယ်) ရမည်လော။ အကယ်၍ "ရဟ်မာန်" အနန္တကရုဏာတော်ရှင်သည် ကျွန်ုပ်တွင် ဘေးအန္တရာယ် တစ်စုံတစ်ရာ သက်ရောက်စေရန် ရည်စူးတော်မူပါလျှင် ယင်းကိုးကွယ်ရာများ၏ ကြားဝင် အသနားခံပေးမှုသည်လည်း ကျွန်ုပ်၏အဖို့ အနည်းငယ်မျှပင် အသုံးကျမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကျွန်ုပ်အား လွတ်မြောက်စေနိုင်ကြမည်လည်း မဟုတ်ပေ။
🎤 Your recording:
36:24 🔁 0/5
إِنِّيٓ إِذًا لَّفِي ضَلَٰلٍ مُّبِينٍ  ۝٢٤
Inneee izal-lafee dalaa-lim-mubeen
ထိုသို့ဖြစ်ခဲ့လျှင် ဧကန်မလွဲ ကျွန်ုပ်သည် ထင်ရှားစွာသော လမ်းမှားမှု၌ (သက်ရောက်သွားပေမည်)။
🎤 Your recording:
36:25 🔁 0/5
إِنِّيٓ ءَامَنتُ بِرَبِّكُمۡ فَٱسۡمَعُونِ  ۝٢٥
Inneee aamantu bi Rabbikum fasma`oon
ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင် ယုံကြည်ခဲ့ပြီဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်(၏စကား)ကို နားထောင်ကြလေကုန်။
🎤 Your recording:
36:26 🔁 0/5
قِيلَ ٱدۡخُلِ ٱلۡجَنَّةَۖ قَالَ يَٰلَيۡتَ قَوۡمِي يَعۡلَمُونَ  ۝٢٦
Qeelad khulil Jannnah; qaala yaa laita qawmee ya`lamoon
အသင်သည် "ဂျန္နတ်" သုခဘုံသို့ ဝင်ရောက်လေလော့ဟု မိန့်ကြားတော်မူခြင်း ခံရလေသောအခါ ထိုသူက ပြောဆိုခဲ့လေ၏။ ဪ-ကျွန်ုပ်၏အမျိုးသားတို့သည် သိရှိကြလျှင် ကောင်းလေစွ။
🎤 Your recording:
36:27 🔁 0/5
بِمَا غَفَرَ لِي رَبِّي وَجَعَلَنِي مِنَ ٱلۡمُكۡرَمِينَ  ۝٢٧
Bimaa ghafara lee Rabbee wa ja`alanee minal mukrameen
ကျွန်ုပ်၏အရှင်မြတ်သည် ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာ ပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်သိန်ရှိသူတို့တွင် အပါအဝင် ဖြစ်စေတော်မူခဲ့သည်ကိုလည်းကောင်း၊ (ကျွန်ုပ်၏အမျိုးသားတို့သည် သိရှိကြလျှင် ကောင်းလေစွတကားဟု ပြောဆိုခဲ့လေသတည်း)။
🎤 Your recording:
36:28 🔁 0/5
۞ وَمَآ أَنزَلۡنَا عَلَىٰ قَوۡمِهِۦ مِنۢ بَعۡدِهِۦ مِن جُندٍ مِّنَ ٱلسَّمَآءِ وَمَا كُنَّا مُنزِلِينَ  ۝٢٨
Wa maaa anzalnaa `alaa qawmihee mim ba`dihee min jundim minas-samaaa`i wa maa kunnaa munzileen
ထို့နောက် ငါအရှင်မြတ်သည် ထိုသူ(သေဆုံးပြီး)နောက်တွင် ထိုသူ၏ အမျိုးသားတို့အပေါ်ဝယ် မိုးကောင်းကင်မှ မည်သည့်စစ်တပ်ကိုမျှပင် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်မှာ စေလွှတ်တော်မူရန်လည်း မလိုပေ။
🎤 Your recording:
36:29 🔁 0/5
إِن كَانَتۡ إِلَّا صَيۡحَةً وَٰحِدَةً فَإِذَا هُمۡ خَٰمِدُونَ  ۝٢٩
In kaanat illaa saihatanw waahidatan fa-izaa hum khaamidoon
(စင်စစ် ထိုမြို့သူမြို့သားတို့၌ သက်ရောက်ခဲ့သောပြစ်ဒဏ်မှာ) ပြင်းထန်စွာသော ဟစ်အော်သံ တစ်ခုသာလျှင် ဖြစ်ခဲ့၏။ ထိုအခါ ၎င်းတို့မှာ ရုတ်တရက် (ဇီဝိန်ချုပ်)ငြိမ်းသွားသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
🎤 Your recording:
36:30 🔁 0/5
يَٰحَسۡرَةً عَلَى ٱلۡعِبَادِۚ مَا يَأۡتِيهِم مِّن رَّسُولٍ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ  ۝٣٠
Yaa hasratan `alal `ibaad; maa yaateehim mir Rasoolin illaa kaanoo bihee yastahzi `oon
ဪ-အကြင်ကျွန်များ(၏အခြေအနေမှာ) ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှဘိ၏တကား။ ၎င်းတို့ထံ မည်သည့် "ရစူလ်" တမန်တော်တစ်ပါးမဆို ရောက်ရှိ၍လာသည်ရှိသော် ၎င်းတို့သည် ထို"ရစူလ်" တမန်တော်အား ပြက်ရယ်ပြောင်လှောင်ခဲ့ကြသည် ချည်းသာဖြစ်၏။
🎤 Your recording:
36:31 🔁 0/5
أَلَمۡ يَرَوۡاْ كَمۡ أَهۡلَكۡنَا قَبۡلَهُم مِّنَ ٱلۡقُرُونِ أَنَّهُمۡ إِلَيۡهِمۡ لَا يَرۡجِعُونَ  ۝٣١
Alam yaraw kam ahlak naa qablahum minal qurooni annahum ilaihim laa yarji`oon
ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသော လူမျိုးဆက်တို့ကို ဖျက်ဆီးတော်မူခဲ့ရာ ထိုပျက်စီးခဲ့ကြရသော လူမျိုးဆက်တို့မှာ ၎င်းတို့ထံ ပြန်လာကြမည် မဟုတ်သည်ကို ၎င်းတို့သည် မမြင်ခဲ့ကြလေသလော။
🎤 Your recording:
36:32 🔁 0/5
وَإِن كُلٌّ لَّمَّا جَمِيعٌ لَّدَيۡنَا مُحۡضَرُونَ  ۝٣٢
Wa in kullul lammaa jamee`ul-ladainaa muhdaroon
ထိုမှတစ်ပါး (၎င်းတို့)အားလုံးတို့သည် ငါအရှင်မြတ်အထံတော်သို့ အဆင်သင့်ရောက်ရှိစေခြင်းကို ခံကြရမည့်သူများသာ ဖြစ်ကြကုန်သတည်း။
🎤 Your recording:
36:33 🔁 0/5
وَءَايَةٌ لَّهُمُ ٱلۡأَرۡضُ ٱلۡمَيۡتَةُ أَحۡيَيۡنَٰهَا وَأَخۡرَجۡنَا مِنۡهَا حَبًّا فَمِنۡهُ يَأۡكُلُونَ  ۝٣٣
Wa Aayatul lahumul ardul maitatu ahyainaahaa wa akhrajnaa minhaa habban faminhu yaakuloon
စင်စစ်သော်ကား ၎င်းတို့အဖို့ သက်သေ လက္ခဏာတစ်ရပ်မှာ (သွေ့ခြောက်လျက်ရှိသော) မြေသေပင်ဖြစ်၏။ငါအရှင်မြတ်သည် ယင်းမြေသေကို ရှင်စေတော်မူပြီးနောက် ယင်းမြေမှ ကောက်ပဲသီးနှံကို ထွက်စေတော်မူခဲ့ရာ ၎င်းတို့သည် ယင်းကောက်ပဲသီးနှံများကို စားသုံးလျက် ရှိကြကုန်၏။
🎤 Your recording:
36:34 🔁 0/5
وَجَعَلۡنَا فِيهَا جَنَّٰتٍ مِّن نَّخِيلٍ وَأَعۡنَٰبٍ وَفَجَّرۡنَا فِيهَا مِنَ ٱلۡعُيُونِ  ۝٣٤
Wa ja`alnaa feehaa jannaatim min nakheelinw wa a`naabinw wa fajjarnaa feeha minal `uyoon
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းမြေ၌ စွန်ပလွံခြံများကိုလည်းကောင်း၊ စပျစ်ခြံများကိုလည်းကောင်း၊ စီရင်ပြုလုပ်တော်မူခဲ့သည်သာမက ယင်းမြေ၌ စိမ့်စမ်းများကိုလည်း စီးဆင်းစေတော်မူခဲ့၏။
🎤 Your recording:
36:35 🔁 0/5
لِيَأۡكُلُواْ مِن ثَمَرِهِۦ وَمَا عَمِلَتۡهُ أَيۡدِيهِمۡۚ أَفَلَا يَشۡكُرُونَ  ۝٣٥
Liyaakuloo min samarihee wa maa `amilat-hu aideehim; afalaa yashkuroon
၎င်းတို့သည် ယင်းစွန်ပလွံပင် သို့မဟုတ် စပျစ်ပင်၏အသီးများမှ စားသုံးအံ့သောငှာ စင်စစ် ထိုအသီးများကို(ကောက်ပဲသီးနှံများကို) ၎င်းတို့၏လက်များက [(တစ်နည်း)၎င်းတို့ ကိုယ်တိုင်က] ပြုလုပ်ခဲ့သည် မဟုတ်ပေ။ သို့ပါလျက် ၎င်းတို့သည် ကျေးဇူးမတင် ကြလေသလော။
🎤 Your recording:
36:36 🔁 0/5
سُبۡحَٰنَ ٱلَّذِي خَلَقَ ٱلۡأَزۡوَٰجَ كُلَّهَا مِمَّا تُنۢبِتُ ٱلۡأَرۡضُ وَمِنۡ أَنفُسِهِمۡ وَمِمَّا لَا يَعۡلَمُونَ  ۝٣٦
Subhaanal lazee khalaqal azwaaja kullahaa mimmaa tumbitul ardu wa min anfusihim wa mimmaa laa ya`lamoon
မြေ၌ပေါက်ရောက်သော အရာများတွင်လည်းကောင်း၊ ထိုသူတို့ကိုယ်များတွင်လည်းကောင်း၊ ထိုသူတို့ မသိကြသောအရာများတွင်လည်းကောင်း၊ ဖို၊ မများ၊ စုံတွဲများ အမျိုးမျိုးအစားစား ဖန်ဆင်းထားတော်မူသော အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းတို့မှ စင်ကြယ် သန့်ရှင်းတော်မူပါ၏တကား။
🎤 Your recording:
36:37 🔁 0/5
وَءَايَةٌ لَّهُمُ ٱلَّيۡلُ نَسۡلَخُ مِنۡهُ ٱلنَّهَارَ فَإِذَا هُم مُّظۡلِمُونَ  ۝٣٧
Wa Aayatul lahumul lailu naslakhu minhun nahaara fa-izaa hum muzlimoon
၎င်းပြင် ထိုသူတို့အဖို့ သက်သေလက္ခဏာ တစ်ရပ်မှာ ညဉ့်ပင်ဖြစ်၏။ ငါအရှင်မြတ်သည် ထိုညဉ့်မှ နေ့ကိုချွတ်ခွာ၍ ယူတော်မူ၏။ ထိုအခါ ၎င်းတို့သည် အမှောင်ထဲ၌ ရှိနေကြရကုန်၏။
🎤 Your recording:
36:38 🔁 0/5
وَٱلشَّمۡسُ تَجۡرِي لِمُسۡتَقَرٍّ لَّهَاۚ ذَٰلِكَ تَقۡدِيرُ ٱلۡعَزِيزِ ٱلۡعَلِيمِ  ۝٣٨
Wash-shamsu tajree limustaqarril lahaa; zaalika taqdeerul `Azeezil Aleem
၎င်းပြင် နေသည်(လည်း သက်သေလက္ခဏာတစ်ရပ်)ပင်။ ထိုနေသည် မိမိ(သွားလာရာ)လမ်းအတိုင်း သွား(လာ)လျက် ရှိနေလေ၏။ ဤသည်ကား အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်၏ တိုင်းတာ သတ်မှတ်ချက်ပင် ဖြစ်၏။
🎤 Your recording:
36:39 🔁 0/5
وَٱلۡقَمَرَ قَدَّرۡنَٰهُ مَنَازِلَ حَتَّىٰ عَادَ كَٱلۡعُرۡجُونِ ٱلۡقَدِيمِ  ۝٣٩
Walqamara qaddarnaahu manaazila hattaa `aada kal`ur joonil qadeem
ထိုနည်းတူစွာ လသည်(လည်း သက်သေလက္ခဏာတစ်ရပ်)ပင်။ ငါအရှင်မြတ်သည် ထိုလ၏အဖို့ ခရီးစခန်းများကို သတ်မှတ်တော်မူခဲ့ရာ နောက်ဆုံးတွင်မူ ထိုလမှာ ခြောက်သွေ့လျက်ရှိသော စွန်ပလွံကိုင်းကဲ့သို့ ပြန်၍ဖြစ်လာလေ၏။
🎤 Your recording:
36:40 🔁 0/5
لَا ٱلشَّمۡسُ يَنۢبَغِي لَهَآ أَن تُدۡرِكَ ٱلۡقَمَرَ وَلَا ٱلَّيۡلُ سَابِقُ ٱلنَّهَارِۚ وَكُلٌّ فِي فَلَكٍ يَسۡبَحُونَ  ۝٤٠
Lash shamsu yambaghee lahaaa an tudrikal qamara wa lal lailu saabiqun nahaar; wa kullun fee falaki yasbahoon
နေသည် လကို မမီနိုင်ပေရာ ထိုနည်းတူစွာ ညဉ့်သည်လည်း နေ့ကို ကျော်လွန်နိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အသီးသီးတို့သည် ဂြိုဟ်နက္ခတ် သွားလာရာ လမ်းကြောင်းတစ်ခုစီ၌ ကူးခတ်သွားလာ၍ နေကြကုန်သတည်း။
🎤 Your recording:
36:41 🔁 0/5
وَءَايَةٌ لَّهُمۡ أَنَّا حَمَلۡنَا ذُرِّيَّتَهُمۡ فِي ٱلۡفُلۡكِ ٱلۡمَشۡحُونِ  ۝٤١
Wa Aayatul lahum annaa hamalnaa zurriyatahum fil fulkil mashhoon
ထိုမှတစ်ပါး ၎င်းတို့အဖို့ သက်သေလက္ခဏာတစ်ရပ်မှာ ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့၏ သားမြေးတို့အား ဝန်ကုန်အပြည့်တင်ထားသော သင်္ဘောပေါ်၌ တင်ဆောင်စီးနင်း စေတော်မူခြင်းပင် ဖြစ်၏။
🎤 Your recording:
36:42 🔁 0/5
وَخَلَقۡنَا لَهُم مِّن مِّثۡلِهِۦ مَا يَرۡكَبُونَ  ۝٤٢
Wa khalaqnaa lahum mim-mislihee maa yarkaboon
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အဖို့ ထိုသင်္ဘောကဲ့သို့သော ၎င်းတို့စီးနင်းကြသော အခြားအရာ (အစီးအနင်း)များကိုလည်း ဖန်ဆင်းထားတော်မူခဲ့၏။
🎤 Your recording:
36:43 🔁 0/5
وَإِن نَّشَأۡ نُغۡرِقۡهُمۡ فَلَا صَرِيخَ لَهُمۡ وَلَا هُمۡ يُنقَذُونَ  ۝٤٣
Wa in nashaa nughriqhum falaa sareekha lahum wa laa hum yunqazoon
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့အား နှစ်မြှုပ်တော်မူပေမည်။ သို့နှစ်မြှုပ်တော်မူခဲ့လျှင် ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။၎င်းတို့သည် လွတ်မြောက်စေခြင်း ခံကြရမည်လည်း မဟုတ်ပေ။
🎤 Your recording:
36:44 🔁 0/5
إِلَّا رَحۡمَةً مِّنَّا وَمَتَٰعًا إِلَىٰ حِينٍ  ۝٤٤
Illaa rahmatam minnaa wa mataa`an ilaa heen
(စင်စစ်) ငါအရှင်မြတ်သည် မိမိကရုဏာတော်အားဖြင့်လည်းကောင်း၊ သတ်မှတ်ပြီးဖြစ်သောအချိန် ကာလတိုင်အောင် အကျိုးခံစားစေခြင်းအားဖြင့်လည်းကောင်း၊ (ကယ်တင်ထားတော်မူခြင်းသာလျှင်) ဖြစ်ပေသတည်း။ (တစ်နည်း)သို့ရာတွင် (ဤသည်)ငါအရှင်မြတ်၏ ကရုဏာတော်ပင်ဖြစ်၏။ ထိုမှတစ်ပါး (၎င်းတို့အား) သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် အကျိုးခံစားစေခြင်းလည်းဖြစ်ပေသတည်း။
🎤 Your recording:
36:45 🔁 0/5
وَإِذَا قِيلَ لَهُمُ ٱتَّقُواْ مَا بَيۡنَ أَيۡدِيكُمۡ وَمَا خَلۡفَكُمۡ لَعَلَّكُمۡ تُرۡحَمُونَ  ۝٤٥
Wa izaa qeela lahumuttaqoo maa baina aideekum wa maa khalfakum la`allakum turhamoon
သို့ရာတွင် ၎င်းတို့အား အသင်တို့သည် ကရုဏာပြုတော်မူခြင်း ခံကြရအံ့သောငှာ မိမိတို့၏ ရှေ့မှောက်၌ရှိသော(ပြစ်ဒဏ်)ကိုလည်းကောင်း၊ မိမိတို့၏ နောက်၌ရှိသော ပြစ်ဒဏ်ကိုလည်းကောင်း၊ ကြောက်ရွံ့စိုးရိမ်ကြလေကုန်ဟု ပြောခဲ့သောအခါ (၎င်းတို့သည် မျက်နှာလွှဲခဲ့ကြကုန်၏)။
🎤 Your recording:
36:46 🔁 0/5
وَمَا تَأۡتِيهِم مِّنۡ ءَايَةٍ مِّنۡ ءَايَٰتِ رَبِّهِمۡ إِلَّا كَانُواْ عَنۡهَا مُعۡرِضِينَ  ۝٤٦
Wa maa taateehim min aayatim min ayataati Rabbihim illaa kaanoo `anhaa mu`rideen
စင်စစ် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်များအနက် အမိန့်တော်တစ်ပါးပါးသည် ၎င်းတို့ထံ ရောက်ရှိ၍လာတိုင်းပင်၊ ၎င်းတို့သည် ယင်းအမိန့်တော်ဘက်မှ မျက်နှာလွှဲခဲ့ကြသည်သာ ဖြစ်၏။
🎤 Your recording:
36:47 🔁 0/5
وَإِذَا قِيلَ لَهُمۡ أَنفِقُواْ مِمَّا رَزَقَكُمُ ٱللَّهُ قَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُوٓاْ أَنُطۡعِمُ مَن لَّوۡ يَشَآءُ ٱللَّهُ أَطۡعَمَهُۥٓ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٍ مُّبِينٍ  ۝٤٧
Wa izaa qeela lahum anfiqoo mimmaa razaqakumul laahu qaalal lazeena kafaroo lillazeena aamanooo anut`imu mal-law yashaaa`ul laahu at`amahooo in antum illaa fee dalaalim mubeen
ထိုမှတစ်ပါး ၎င်းတို့အား အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည်များအနက်မှ သုံးစွဲ လှူဒါန်းကြလေကုန်ဟု ပြောဆိုသောအခါ "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က "အလ္လာဟ်အရှင်မြတ်သည် အကယ်၍ အလိုရှိတော်မူပါလျှင် ကိုယ်တော်တိုင် ကျွေးမွေးတော်မူမည်ဖြစ်သော သူတို့အား ကျွန်ုပ်တို့က ကျွေးမွေးကြရမည်လော၊ အသင်တို့သည် ထင်ရှားစွာသော လမ်းမှားမှု၌ ရှိနေကြသည်" ဟု မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ပြောဆို(ဖြေကြား)ကြကုန်သတည်း။
🎤 Your recording:
36:48 🔁 0/5
وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ  ۝٤٨
Wa yaqooloona mataa haazal wa`du in kuntum saadiqeen
ထို့ပြင် ၎င်းတို့က "အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ဖြစ်မြောက်လတ္တံ့"ဟု မေးမြန်းကြကုန်၏။
🎤 Your recording:
36:49 🔁 0/5
مَا يَنظُرُونَ إِلَّا صَيۡحَةً وَٰحِدَةً تَأۡخُذُهُمۡ وَهُمۡ يَخِصِّمُونَ  ۝٤٩
Maa yanzuroona illaa saihatanw waahidatan taa khuzuhum wa hum yakhissimoon
(စင်စစ်သော်ကား) ၎င်းတို့သည် မိမိတို့အား ဖမ်းဆီးကွပ်မျက်အံ့သော ပြင်းထန်စွာ ဟစ်အော်သံ တစ်ခုကိုသာလျှင် စောင့်မျှော်၍ နေကြကုန်၏။ ထိုအခါ၌ ၎င်းတို့သည် မိမိတို့အချင်းချင်း အငြင်းပွားလျက်ပင် ရှိကြပေမည်။
🎤 Your recording:
36:50 🔁 0/5
فَلَا يَسۡتَطِيعُونَ تَوۡصِيَةً وَلَآ إِلَىٰٓ أَهۡلِهِمۡ يَرۡجِعُونَ  ۝٥٠
Falaa yastatee`oona taw siyatanw-wa laaa ilaaa ahlihim yarji`oon
သို့ဖြစ်ရာ ၎င်းတို့သည် တစ်စုံတစ်ရာသော သေတမ်းစကားကို မှာကြားနိုင်ကြမည် မဟုတ်ပေ။ မိမိတို့၏ အိမ်သူအိမ်သားတို့ထံ ပြန်သွားနိုင်ကြမည်လည်း မဟုတ်ပေ။
🎤 Your recording:
36:51 🔁 0/5
وَنُفِخَ فِي ٱلصُّورِ فَإِذَا هُم مِّنَ ٱلۡأَجۡدَاثِ إِلَىٰ رَبِّهِمۡ يَنسِلُونَ  ۝٥١
Wa nufikha fis-soori faizaa hum minal ajdaasi ilaa Rabbihim yansiloon
ထို့ပြင် တံပိုးခရာမှုတ်သောအခါ ရုတ်တရက် ၎င်းတို့သည် သင်္ချိုင်းများမှထွက်၍ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ လျင်မြန်စွာ လာကြပေမည်။
🎤 Your recording:
36:52 🔁 0/5
قَالُواْ يَٰوَيۡلَنَا مَنۢ بَعَثَنَا مِن مَّرۡقَدِنَاۜۗ هَٰذَا مَا وَعَدَ ٱلرَّحۡمَٰنُ وَصَدَقَ ٱلۡمُرۡسَلُونَ  ۝٥٢
Qaaloo yaa wailanaa mam ba`asanaa mim marqadinaa; haaza maa wa`adar Rahmanu wa sadaqal mursaloon
၎င်းတို့က "ဪ-ငါတို့သည် အကျိုးနည်း ကြရလေခြင်း။ မည်သူသည် ငါတို့အား ငါတို့၏အိပ်ရာမှ ထစေသတည်း" ဟု ပြောဆိုညည်းညူကြပေမည်။ (ထိုအခါ "မလာအိကဟ်" ကောင်းကင်တမန်များက ဖြေကြားကြပေမည်။) ဤသည် "ရဟ်မာန်" အနန္တကရုဏာတော်ရှင် ချိန်းချက်ထားတော်မူခဲ့သော ချိန်းချက်ပင်ဖြစ်၏။ စင်စစ် ရစူလ်တမန်တော်များသည် မှန်ကန်စွာ ပြောကြားခဲ့ကြပေသည်။
🎤 Your recording:
36:53 🔁 0/5
إِن كَانَتۡ إِلَّا صَيۡحَةً وَٰحِدَةً فَإِذَا هُمۡ جَمِيعٌ لَّدَيۡنَا مُحۡضَرُونَ  ۝٥٣
In kaanat illaa saihatanw waahidatan fa-izaa hum jamee`ul ladainaa muhdaroon
ယင်း(တံပိုးခရာမှုတ်ခြင်း)မှာ ပြင်းထန်စွာ ဟစ်အော်သံတစ်ခုမျှသာလျှင် ဖြစ်ပေမည်။ ထိုအခါ ရုတ်တရက် ၎င်းတို့အားလုံးသည် (တစ်ယောက်မကျန်) ငါအရှင်မြတ်အထံတော်သို့ ခေါ်ဆောင်လာခြင်းကို ခံကြရပေမည်။
🎤 Your recording:
36:54 🔁 0/5
فَٱلۡيَوۡمَ لَا تُظۡلَمُ نَفۡسٌ شَيۡـًٔا وَلَا تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ  ۝٥٤
Fal-Yawma laa tuzlamu nafsun shai`anw-wa laa tujzawna illaa maa kuntum ta`maloon
သို့ဖြစ်ပေရာ ယနေ့သော်ကား မည်သူတစ်ဦးတစ်ယောက်မျှပင် အနည်းငယ် စိုးစဉ်းမျှပင် မတရားပြုမူခြင်းကို ခံရမည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ကျင့်မူခဲ့ကြသော အမှုကိစ္စတို့၏ အစားပေးခြင်းကိုသာလျှင် ခံကြရကုန်အံ့သတည်း။
🎤 Your recording:
36:55 🔁 0/5
إِنَّ أَصۡحَٰبَ ٱلۡجَنَّةِ ٱلۡيَوۡمَ فِي شُغُلٍ فَٰكِهُونَ  ۝٥٥
Inna Ashaabal jannatil Yawma fee shughulin faakihoon
ဧကန်မလွဲ "ဂျန္နတ်" သုခဘုံသားတို့သည် ယနေ့(မိမိတို့၏)အရေးကိစ္စများမှ မွေ့လျော် ရွှင်ပျော်လျက် ရှိကြပေမည်။
🎤 Your recording:
36:56 🔁 0/5
هُمۡ وَأَزۡوَٰجُهُمۡ فِي ظِلَٰلٍ عَلَى ٱلۡأَرَآئِكِ مُتَّكِـُٔونَ  ۝٥٦
Hum wa azwaajuhum fee zilaalin `alal araaa`iki muttaki`oon
၎င်းတို့နှင့် ၎င်းတို့၏ ကြင်ရာကြင်ဖက်တို့သည် အရိပ်အာဝါသများအောက်တွင် သလွန်များထက်ဝယ် မှီအုံးများကို မှီအုံးလျက် ထိုင်နေကြပေမည်။
🎤 Your recording:
36:57 🔁 0/5
لَهُمۡ فِيهَا فَٰكِهَةٌ وَلَهُم مَّا يَدَّعُونَ  ۝٥٧
Lahum feehaa faakiha tunw-wa lahum maa yadda`oon
၎င်းတို့အဖို့ ယင်း"ဂျန္နတ်" သုခဘုံ၌ (အမျိုးမျိုးသော) သစ်သီးဝလံများလည်း ရှိကြပေမည်။ ၎င်းတို့အဖို့ ၎င်းတို့တောင်းသမျှသော အရာများလည်း ရှိကြပေမည်။
🎤 Your recording:
36:58 🔁 0/5
سَلَٰمٌ قَوۡلًا مِّن رَّبٍّ رَّحِيمٍ  ۝٥٨
Salaamun qawlam mir Rabbir Raheem
ဖန်ဆင်းမွေးမြူတော်မူသော အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်အထံတော်မှ "စလာမ်" (ချမ်းမြေ့သာယာစေ)ဟူ၍ မိန့်ကြားတော်မူအံ့သတည်း။
🎤 Your recording:
36:59 🔁 0/5
وَٱمۡتَٰزُواْ ٱلۡيَوۡمَ أَيُّهَا ٱلۡمُجۡرِمُونَ  ۝٥٩
Wamtaazul Yawma ayyuhal mujrimoon
၎င်းပြင် (အလ္လာဟ်အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူပေမည်) အို-အပြစ်ရှိသူအပေါင်းတို့၊ အသင်တို့သည် ယနေ့ တစ်သီးတစ်ခြား နေကြကုန်လော့။
🎤 Your recording:
36:60 🔁 0/5
۞ أَلَمۡ أَعۡهَدۡ إِلَيۡكُمۡ يَٰبَنِيٓ ءَادَمَ أَن لَّا تَعۡبُدُواْ ٱلشَّيۡطَٰنَۖ إِنَّهُۥ لَكُمۡ عَدُوٌّ مُّبِينٌ  ۝٦٠
Alam a`had ilaikum yaa Baneee Aadama al-laa ta`budush Shaitaana innahoo lakum `aduwwum mubeen
အို-"အာဒမ်"၏သားသမီးအပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အား(ကြပ်ကြပ်)သတိပေး တော်မူခဲ့သည် မဟုတ်လော။ အသင်တို့သည် "ရှိုင်တွာန်" မိစ္ဆာကောင်အား ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်၊ ဧကန်မလွဲ "ရှိုင်တွာန်" မိစ္ဆာကောင်သည် အသင်တို့၏ ထင်ရှားသော ရန်သူပင် ဖြစ်ပေသည်။
🎤 Your recording:
36:61 🔁 0/5
وَأَنِ ٱعۡبُدُونِيۚ هَٰذَا صِرَٰطٌ مُّسۡتَقِيمٌ  ۝٦١
Wa ani`budoonee; haazaa Siraatum Mustaqeem
ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်ကြလေကုန်၊ ဤသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းဖြစ်၏။
🎤 Your recording:
36:62 🔁 0/5
وَلَقَدۡ أَضَلَّ مِنكُمۡ جِبِلًّا كَثِيرًاۖ أَفَلَمۡ تَكُونُواْ تَعۡقِلُونَ  ۝٦٢
Wa laqad adalla minkum jibillan kaseeraa; afalam takoonoo ta`qiloon
ထို့ပြင် မချွတ်မလွဲ ထို "ရှိုင်တွာန်" မိစ္ဆာကောင်သည် အသင်တို့အနက် မြောက်များစွာသော အဖန်ဆင်းခံတို့အား လမ်းလွဲစေခဲ့လေပြီ။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်) မသိ နားမလည်ခဲ့ကြလေသလော။
🎤 Your recording:
36:63 🔁 0/5
هَٰذِهِۦ جَهَنَّمُ ٱلَّتِي كُنتُمۡ تُوعَدُونَ  ۝٦٣
Haazihee Jahannamul latee kuntum too`adoon
ဤသည် အသင်တို့ ကတိပေးချိန်းဆိုခြင်း ခံခဲ့ကြရကုန်သော "ဂျဟန္နမ်" ငရဲဘုံပင် ဖြစ်၏။
🎤 Your recording:
36:64 🔁 0/5
ٱصۡلَوۡهَا ٱلۡيَوۡمَ بِمَا كُنتُمۡ تَكۡفُرُونَ  ۝٦٤
Islawhal Yawma bimaa kuntum takfuroon
အသင်တို့သည် မိမိတို့ မယုံမကြည် သွေဖည်ငြင်းပယ်လျက်ရှိခဲ့ကြသောကြောင့် ယနေ့ ထို "ဂျဟန္နမ်" ငရဲဘုံသို့ လားကြကုန်လေ။
🎤 Your recording:
36:65 🔁 0/5
ٱلۡيَوۡمَ نَخۡتِمُ عَلَىٰٓ أَفۡوَٰهِهِمۡ وَتُكَلِّمُنَآ أَيۡدِيهِمۡ وَتَشۡهَدُ أَرۡجُلُهُم بِمَا كَانُواْ يَكۡسِبُونَ  ۝٦٥
Al-Yawma nakhtimu `alaaa afwaahihim wa tukallimunaaa aideehim wa tashhadu arjuluhum bimaa kaanoo yaksiboon
ယနေ့သော်ကား ငါအရှင်မြတ်သည် ၎င်းတို့၏နှုတ်များပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူမည်။ ထို့ပြင် ၎င်းတို့၏လက်များသည် ငါအရှင်မြတ်နှင့် စကားပြောဆိုကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ခြေများသည် ၎င်းတို့ ပြုလုပ်ဆည်းပူးခဲ့သမျှတို့ကို သက်သေခံကြပေမည်။ (တစ်နည်း) ထိုအခါ ၎င်းတို့ဆည်းပူးခဲ့သမျှတို့ကို ၎င်းတို့၏လက်များက ငါအရှင်မြတ်အား လျှောက်ထားကြ၍ ၎င်းတို့၏ခြေများက သက်သေခံကြပေမည်။
🎤 Your recording:
36:66 🔁 0/5
وَلَوۡ نَشَآءُ لَطَمَسۡنَا عَلَىٰٓ أَعۡيُنِهِمۡ فَٱسۡتَبَقُواْ ٱلصِّرَٰطَ فَأَنَّىٰ يُبۡصِرُونَ  ۝٦٦
Wa law nashaaa`u lata masna `alaaa aiyunihim fasta baqus-siraata fa-annaa yubsiroon
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် (လူ့လောက၌ပင်) ၎င်းတို့၏မျက်စိများကို ကွယ်ပျောက်စေတော်မူခဲ့ပေမည်။ ထိုအခါ ၎င်းတို့သည် လမ်းသို့ ပြေးကြပေမည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်မှာလျှင် မြင်ကြပေမည်နည်း။
🎤 Your recording:
36:67 🔁 0/5
وَلَوۡ نَشَآءُ لَمَسَخۡنَٰهُمۡ عَلَىٰ مَكَانَتِهِمۡ فَمَا ٱسۡتَطَٰعُواْ مُضِيًّا وَلَا يَرۡجِعُونَ  ۝٦٧
Wa law nashaaa`u lamasakhnaahum `alaa makaanatihim famas-tataa`oo mudiyyanw-wa laa yarji`oon
ထိုနည်းတူစွာ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့၏နေရာ၌ပင် ၎င်းတို့အား ပုံသဏ္ဌာန်ပြောင်းလဲပစ်တော်မူခဲ့ပေမည်။ ထိုအခါ ၎င်းတို့သည် ရှေ့သို့သွားနိုင်ကြမည်လည်း မဟုတ်ပေ။ နောက်သို့ ပြန်လာနိုင်ကြမည်လည်း မဟုတ်ပေတကား။
🎤 Your recording:
36:68 🔁 0/5
وَمَن نُّعَمِّرۡهُ نُنَكِّسۡهُ فِي ٱلۡخَلۡقِۚ أَفَلَا يَعۡقِلُونَ  ۝٦٨
Wa man nu `ammirhu nunakkishu fil-khalq; afalaa ya`qiloon
စင်စစ်သော်ကား ငါအရှင်မြတ်သည် သက်ရွယ်ကြီးရင့် အိုမင်းစေတော်မူသောသူအား ၎င်း၏ ဖန်ဆင်းမှု၌ ပြောင်းပြန်ဖြစ်စေတော်မူ၏။ သို့ပါလျက် ၎င်းတို့သည် (ဤမျှပင်) မသိ နားမလည်ကြလေသလော။
🎤 Your recording:
36:69 🔁 0/5
وَمَا عَلَّمۡنَٰهُ ٱلشِّعۡرَ وَمَا يَنۢبَغِي لَهُۥٓۚ إِنۡ هُوَ إِلَّا ذِكۡرٌ وَقُرۡءَانٌ مُّبِينٌ  ۝٦٩
Wa maa `allamnaahush shi`ra wa maa yambaghee lah; in huwa illaa zikrunw-wa Qur-aanum mubeen
စင်စစ်သော်ကား ငါအရှင်မြတ်သည် ထို (တမန်တော်မြတ်မုဟမ္မဒ်)အား လင်္ကာ (ဖွဲ့စပ်သီကုံးခြင်း)ကို သင်ကြားပို့ချ၍ ပေးတော်မူခဲ့သည် မဟုတ်ပေ။ ၎င်းပြင် ယင်းလင်္ကာ(စပ်ဆိုသီကုံးခြင်း)သည် ထို(တမန်တော်မြတ်)နှင့် အပ်စပ်သည်လည်းမဟုတ်ပေ။ ထို(တမန်တော်မြတ် ယူဆောင်လာသော) တရားဒေသနာမှာ ဆုံးမဩဝါဒနှင့် ထင်ရှားသော ကုရ်အာန်ကျမ်းမြတ်သာလျှင် ဖြစ်ပေသည်။
🎤 Your recording:
36:70 🔁 0/5
لِّيُنذِرَ مَن كَانَ حَيًّا وَيَحِقَّ ٱلۡقَوۡلُ عَلَى ٱلۡكَٰفِرِينَ  ۝٧٠
Liyunzira man kaana haiyanw-wa yahiqqal qawlu `alal-kaafireen
(ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခြင်းမှာ)ထိုတမန်တော်မြတ်သည် (စိတ်နှလုံး)ရှင်သူတို့အား သတိပေး နှိုးဆော်အံ့သောငှာလည်းကောင်း၊ "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အပေါ် စွပ်စွဲချက် အတည်ဖြစ်အံ့သောငှာလည်းကောင်း၊ ဖြစ်ချေသတည်း။
🎤 Your recording:
36:71 🔁 0/5
أَوَلَمۡ يَرَوۡاْ أَنَّا خَلَقۡنَا لَهُم مِّمَّا عَمِلَتۡ أَيۡدِينَآ أَنۡعَٰمًا فَهُمۡ لَهَا مَٰلِكُونَ  ۝٧١
Awalam yaraw annaa khalaqnaa lahum mimmaa `amilat aideenaaa an`aaman fahum lahaa maalikoon
စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းတို့အကျိုးငှာ မိမိလက်တော်ဖြင့် ပြုလုပ်တော်မူခဲ့သောအရာတို့တွင် ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်တို့ကို ဖန်ဆင်းတော်မူခဲ့ရာ၊ ၎င်းတို့သည် ယင်းကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်များကို ပိုင်ဆိုင်သူများ ဖြစ်သွားခဲ့ကြသည်ကို ၎င်းတို့ မမြင်ခဲ့ကြလေသလော။
🎤 Your recording:
36:72 🔁 0/5
وَذَلَّلۡنَٰهَا لَهُمۡ فَمِنۡهَا رَكُوبُهُمۡ وَمِنۡهَا يَأۡكُلُونَ  ۝٧٢
Wa zallalnaahaa lahum faminhaa rakoobuhum wa minhaa yaakuloon
ထို့ပြင် ငါအရှင်မြတ်သည် ယင်းတိရစ္ဆာန်များကို အညံ့ခံစေတော်မူခဲ့ရာ ယင်းတိရစ္ဆာန်များအနက် အချို့မှာ ၎င်းတို့၏ အစီးအနင်းဖြစ်ကြ၏။ ထိုမှတစ်ပါး ယင်းတိရစ္ဆာန်များအနက် အချို့ကို ၎င်းတို့သည် စားသုံးကြကုန်၏။
🎤 Your recording:
36:73 🔁 0/5
وَلَهُمۡ فِيهَا مَنَٰفِعُ وَمَشَارِبُۚ أَفَلَا يَشۡكُرُونَ  ۝٧٣
Wa lahum feehaa manaa fi`u wa mashaarib; afalaa yashkuroon
ထိုမှတစ်ပါး ထိုသူတို့အဖို့ ယင်းတိရစ္ဆာန်များ၌(အခြား) အကျိုးကျေးဇူးများသည် လည်းကောင်း၊ သောက်သုံးဖွယ်ရာများသည် လည်းကောင်း၊ ရှိကြပေသည်။ သို့ပါလျက် ၎င်းတို့သည် ကျေးဇူးမတင်ကြလေသလော။
🎤 Your recording:
36:74 🔁 0/5
وَٱتَّخَذُواْ مِن دُونِ ٱللَّهِ ءَالِهَةً لَّعَلَّهُمۡ يُنصَرُونَ  ۝٧٤
Wattakhazoo min doonil laahi aalihatal la`allahum yunsaroon
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့မှာ ကူညီရိုင်းပင်းခြင်းကို ခံကြရမည်ဟု မျှော်လင့်ကြလျက် အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုးကွယ်ရာများကို သတ်မှတ်ခဲ့ကြကုန်၏။
🎤 Your recording:
36:75 🔁 0/5
لَا يَسۡتَطِيعُونَ نَصۡرَهُمۡ وَهُمۡ لَهُمۡ جُندٌ مُّحۡضَرُونَ  ۝٧٥
Laa yastatee`oona nasrahum wa hum lahum jundum muhdaroon
(အမှန်စင်စစ်သော်ကား) ထိုကိုးကွယ်ရာများသည် ၎င်းတို့အား (အနည်းငယ် စိုးစဉ်းမျှပင်) ယိုင်းပင်း ကူညီနိုင်ကြသည် မဟုတ်သည့်ပြင် စင်စစ် ယင်းကိုးကွယ်ရာများမှာ(ရှေ့တော်မှောက်သို့) အဆင်သင့် ရောက်ရှိစေခြင်း ခံကြရသော ၎င်းတို့၏ ဆန့်ကျင်ဖက်အုပ်စုပင် ဖြစ်သွားကြပေမည်။
🎤 Your recording:
36:76 🔁 0/5
فَلَا يَحۡزُنكَ قَوۡلُهُمۡۘ إِنَّا نَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَ  ۝٧٦
Falaa yahzunka qawluhum; innaa na`lamu maa yusirroona wa maa yu`linoon
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) ထိုသူတို့၏ပြောဆိုမှုသည် အသင့်အား စိတ်နှလုံးမချမ်းမြေ့ မဖြစ်စေရ။ဧကန်အမှန် ထိုသူတို့ လျှို့ဝှက်သမျှတို့ ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေသမျှတို့ကိုလည်းကောင်း၊ ငါအရှင်မြတ်သည်(အကြွင်းမဲ့) သိရှိတော်မူပေသတည်း။
🎤 Your recording:
36:77 🔁 0/5
أَوَلَمۡ يَرَ ٱلۡإِنسَٰنُ أَنَّا خَلَقۡنَٰهُ مِن نُّطۡفَةٍ فَإِذَا هُوَ خَصِيمٌ مُّبِينٌ  ۝٧٧
Awalam yaral insaanu annaa khalaqnaahu min nutfatin fa-izaa huwa khaseemum mubeen
မနုဿ" လူသားသည် မစဉ်းစားမဆင်ခြင် မမြင်ခဲ့လေသလော။ ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းအား ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်း တော်မူခဲ့၏။ သို့ရာတွင် ရုတ်တရက် ၎င်းမှာ ထင်ရှားစွာသော အငြင်းအခုံ ပြုလုပ်သူဖြစ်လာခဲ့၏။
🎤 Your recording:
36:78 🔁 0/5
وَضَرَبَ لَنَا مَثَلًا وَنَسِيَ خَلۡقَهُۥۖ قَالَ مَن يُحۡيِ ٱلۡعِظَٰمَ وَهِيَ رَمِيمٌ  ۝٧٨
Wa daraba lanaa maslanw-wa nasiya khalqahoo qaala mai-yuhyil`izaama wa hiya rameem
ထိုမှတစ်ပါး ထို "မနုဿ" လူသားသည် ငါအရှင်မြတ်နှင့်ပတ်သက်၍(လွန်စွာရိုင်းပြသော) ဥပမာတစ်ခုကို ခိုင်းနှိုင်း ပြောဆိုခဲ့လေ၏။ ထို့ပြင် ၎င်းသည် မိမိဖန်ဆင်းခြင်းခံခဲ့ရသောအဖြစ်ကို မေ့သွားခဲ့၏။ ၎င်းက (ခိုင်းနှိုင်း ပြောဆိုခဲ့သည်မှာ) အရိုးများ ဆွေးမြည့်သွားခဲ့သောအခါ မည်သူသည် ယင်းအရိုးများကို ရှင်စေအံ့နည်းဟု ပြောဆိုခဲ့လေ၏။
🎤 Your recording:
36:79 🔁 0/5
قُلۡ يُحۡيِيهَا ٱلَّذِيٓ أَنشَأَهَآ أَوَّلَ مَرَّةٍۖ وَهُوَ بِكُلِّ خَلۡقٍ عَلِيمٌ  ۝٧٩
Qul yuh yeehal lazeee ansha ahaaa awwala marrah; wa Huwa bikulli khalqin `Aleem
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ပထမအကြိမ် ယင်းအရိုးများကို ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်သည်ပင်လျှင် ယင်းအရိုးများကို ရှင်(ပြန်)စေတော်မူမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလုံးစုံသောဖန်ဆင်းပုံ ဖန်ဆင်းနည်းတို့ကို ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
🎤 Your recording:
36:80 🔁 0/5
ٱلَّذِي جَعَلَ لَكُم مِّنَ ٱلشَّجَرِ ٱلۡأَخۡضَرِ نَارًا فَإِذَآ أَنتُم مِّنۡهُ تُوقِدُونَ  ۝٨٠
Allazee ja`ala lakum minash shajaril akhdari naaran fa-izaaa antum minhu tooqidoon
အကြင်အရှင်မြတ်သည် စိမ်းစိုသောသစ်ပင်မှပင် အသင်တို့၏အကျိုးငှာ မီးကိုဖန်ဆင်းတော်မူခဲ့ရာ ယခုသော်ကား အသင်တို့သည် ထိုသစ်ပင်မှပင် မီးမွှေးနေကြကုန်သတည်း။
🎤 Your recording:
36:81 🔁 0/5
أَوَلَيۡسَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِقَٰدِرٍ عَلَىٰٓ أَن يَخۡلُقَ مِثۡلَهُمۚ بَلَىٰ وَهُوَ ٱلۡخَلَّٰقُ ٱلۡعَلِيمُ  ۝٨١
Awa laisal lazee khalaqas samaawaati wal arda biqaadirin `alaaa ai-yakhluqa mislahum; balaa wa Huwal Khallaaqul `Aleem
မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်သည် ၎င်းတို့ကဲ့သို့သောသူတို့အား(ဒုတိယအကြိမ်ထပ်မံ၍) ဖန်ဆင်းတော်မူရန် စွမ်းနိုင်တော်မူသော အရှင်မဟုတ်ပါလော။ အဘယ်ကြောင့်မဟုတ်ပါသနည်း။ မုချမလွဲ(စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်)ဖြစ်တော်မူ၏။ စင်စစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ ဖန်ဆင်းတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို) အာကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
🎤 Your recording:
36:82 🔁 0/5
إِنَّمَآ أَمۡرُهُۥٓ إِذَآ أَرَادَ شَيۡـًٔا أَن يَقُولَ لَهُۥ كُن فَيَكُونُ  ۝٨٢
Innamaa amruhooo izaaa araada shai`an ai-yaqoola lahoo kun fa-yakoon
ထိုအရှင်မြတ်၏ အမိန့်တော်ကား တစ်စုံတစ်ရာကို ထိုအရှင်မြတ်သည် (ဖန်ဆင်းတော်မူရန်) ရည်စူးတော်မူသောအခါ ထိုအရာကို ဖြစ်စေဟု မိန့်ကြားတော်မူခြင်းမျှဖြစ်၏။ ထိုအခါ ယင်းအရာသည် ဖြစ်လာလေ၏။
🎤 Your recording:
36:83 🔁 0/5
فَسُبۡحَٰنَ ٱلَّذِي بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٍ وَإِلَيۡهِ تُرۡجَعُونَ  ۝٨٣
Fa Subhaanal lazee biyadihee malakootu kulli shai-inw-wa ilaihi turja`oon
သို့ဖြစ်ပေရာ အကြင်အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူ၏။ အရာခပ်သိမ်းတို့ကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် ထိုအရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၏။ ထိုမှတစ်ပါး အသင်တို့ (အားလုံး)သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်၍ သွားကြရကုန်အံ့သတည်း။
🎤 Your recording:
💡 Tap any hidden word to reveal it temporarily — your progress is saved automatically in this browser.

🎉
🎊 Well Done! Memorization Complete
Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers