📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 34
كُتِبَ عَلَيۡكُمُ ٱلۡقِتَالُ وَهُوَ كُرۡهٌ لَّكُمۡۖ وَعَسَىٰٓ أَن تَكۡرَهُواْ شَيۡـًٔا وَهُوَ خَيۡرٌ لَّكُمۡۖ وَعَسَىٰٓ أَن تُحِبُّواْ شَيۡـًٔا وَهُوَ شَرٌّ لَّكُمۡۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ٢١٦ يَسۡـَٔلُونَكَ عَنِ ٱلشَّهۡرِ ٱلۡحَرَامِ قِتَالٍ فِيهِۖ قُلۡ قِتَالٌ فِيهِ كَبِيرٌۚ وَصَدٌّ عَن سَبِيلِ ٱللَّهِ وَكُفۡرُۢ بِهِۦ وَٱلۡمَسۡجِدِ ٱلۡحَرَامِ وَإِخۡرَاجُ أَهۡلِهِۦ مِنۡهُ أَكۡبَرُ عِندَ ٱللَّهِۚ وَٱلۡفِتۡنَةُ أَكۡبَرُ مِنَ ٱلۡقَتۡلِۗ وَلَا يَزَالُونَ يُقَٰتِلُونَكُمۡ حَتَّىٰ يَرُدُّوكُمۡ عَن دِينِكُمۡ إِنِ ٱسۡتَطَٰعُواْۚ وَمَن يَرۡتَدِدۡ مِنكُمۡ عَن دِينِهِۦ فَيَمُتۡ وَهُوَ كَافِرٌ فَأُوْلَٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ٢١٧ إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ أُوْلَٰٓئِكَ يَرۡجُونَ رَحۡمَتَ ٱللَّهِۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ٢١٨ ۞ يَسۡـَٔلُونَكَ عَنِ ٱلۡخَمۡرِ وَٱلۡمَيۡسِرِۖ قُلۡ فِيهِمَآ إِثۡمٌ كَبِيرٌ وَمَنَٰفِعُ لِلنَّاسِ وَإِثۡمُهُمَآ أَكۡبَرُ مِن نَّفۡعِهِمَاۗ وَيَسۡـَٔلُونَكَ مَاذَا يُنفِقُونَۖ قُلِ ٱلۡعَفۡوَۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِ لَعَلَّكُمۡ تَتَفَكَّرُونَ ٢١٩
2:216
كُتِبَ عَلَيۡكُمُ ٱلۡقِتَالُ وَهُوَ كُرۡهٌ لَّكُمۡۖ وَعَسَىٰٓ أَن تَكۡرَهُواْ شَيۡـًٔا وَهُوَ خَيۡرٌ لَّكُمۡۖ وَعَسَىٰٓ أَن تُحِبُّواْ شَيۡـًٔا وَهُوَ شَرٌّ لَّكُمۡۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ٢١٦
(အို-မုအ်မင်န်အပေါင်းတို့)အသင်တို့ အပေါ် ဝယ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည် ဖရဿ် ပြဋ္ဌာန်းပြီး ဖြစ်ချေပြီ။ အမှန်စင်စစ် ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်း သည် အသင်တို့အဖို့ (သဘာဝအလျောက်) ရွံရှာစက်ဆုပ် (ဝန်�ေး)ဘွယ်ရာပင် ဖြစ်ချေသည်။ သို့ရာတွင် အသင်တို့သည် တစ်စုံတစ်ရာကို ရွံရှာစက်ဆုပ်သော်လည်း စင်စစ်မှာ ထိုအရာ သည် အသင်တို့အဖို့ အကောင်းဖြစ်တန်ရာ၏။ ထိုနည်း တူပင် အသင်တို့သည် တစ်စုံတစ်ရာကို နှစ်သက် သော်လည်း စင်စစ် မှာ ထိုအရာသည် အသင်တို့အဖို့ အဆိုးဖြစ်တန်ရာသည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ် သည်သာလျှင် (အကောင်း နှင့်အဆိုးကို တပ်အပ်သေချာစွာ)သိရှိတော်မူ၏။ အသင်တို့မူ ကား (တစ်စုံတစ်ရာကိုမျှ တိကျသေချာစွာ) သိနားလည်ကြ သည် မဟုတ်ကြချေ။
2:217
يَسۡـَٔلُونَكَ عَنِ ٱلشَّهۡرِ ٱلۡحَرَامِ قِتَالٍ فِيهِۖ قُلۡ قِتَالٌ فِيهِ كَبِيرٌۚ وَصَدٌّ عَن سَبِيلِ ٱللَّهِ وَكُفۡرُۢ بِهِۦ وَٱلۡمَسۡجِدِ ٱلۡحَرَامِ وَإِخۡرَاجُ أَهۡلِهِۦ مِنۡهُ أَكۡبَرُ عِندَ ٱللَّهِۚ وَٱلۡفِتۡنَةُ أَكۡبَرُ مِنَ ٱلۡقَتۡلِۗ وَلَا يَزَالُونَ يُقَٰتِلُونَكُمۡ حَتَّىٰ يَرُدُّوكُمۡ عَن دِينِكُمۡ إِنِ ٱسۡتَطَٰعُواْۚ وَمَن يَرۡتَدِدۡ مِنكُمۡ عَن دِينِهِۦ فَيَمُتۡ وَهُوَ كَافِرٌ فَأُوْلَٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ٢١٧
(အို-နဗီတမန်တော်)ထိုသူတို့သည် ရိုသေလေး စား အပ်သောလမြတ်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်း နှင့်စပ် လျဉ်း၍ အသင့်ကို (လာရောက်) မေးမြန်းကြရာ အသင် သည် အချင်းတို့) ထိုလမြတ်၌ (သိလျက်နှင့် ပင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းသည် ကြီးလေးသော အပြစ်ပင် ဖြစ်ချေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ (သာသနာ့)လမ်းတော်မှ ပိတ်ပင်တားဆီးခြင်းသည်လည်း ကောင်း၊ ထိုအရှင်မြတ်အား မယုံမကြည် သွေဖည်ငြင်းပယ် ခြင်းသည်လည်းကောင်း၊ ရိုသေလေးစားအပ်သော (အလ္လာဟ် အရှင်မြတ်၏) ဗလီကျောင်း တော်မှ (ဖူးမျှော်ရန်လာသောသူ များကို) တားဆီး ပိတ်ပင်ခြင်းသည်လည်းကောင်း၊ ထိုဗလီ ကျောင်းတော်၌ မှီတင်းနေထိုင်ကြသော သူတို့ကို ယင်းဗလီ ကျောင်းတော်မှ နှင်ထုတ်ခြင်းသည် လည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏ အထံတော်၌ သာလွန်၍ ကြီးလေးသောအပြစ်ပင် ဖြစ်ချေသည်။ ထိုနည်းတူစွာ (သာသနာရေး၌) ညှဉ်းပန်းနှိပ် စက်ကလူပြုခြင်းသည်လည်း (ထို)သတ်ဖြတ်ခြင်းထက်ပင် သာလွန်၍ ကြီးလေးသော အပြစ်ကြီးတစ်ရပ်ဖြစ်ပေသည် ဟု အသင်ဖြေကြားပါလေ။ (အို-မုအ်မင်န်အပေါင်းတို့) စင်စစ် �မူကား၊ အကယ်၍သာ ယင်း(ကာဖိရ်)တို့ တတ်စွမ်းနိုင်ကြပါမူ အသင်တို့ (သက်ဝင်ယုံကြည်လျက်ရှိသောအစ္စလာမ်) သာသ နာတော်ကို စွန့်လွှတ်ကြရန်အတွက် အစဉ်မပြတ် အသင်တို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်လတ္တံ့။ ပြီးနောက် အသင်တို့အနက် အကြင်သူ(တို့)သည် မိမိတို့ (သက်ဝင်ယုံကြည်သောအစ္စလာမ်) သာသနာတော်မှ ဖောက်ပြန်၍ ကာဖိရ် အဖြစ်နှင့် သေဆုံး ကြအံ့၊ ထိုသူတို့၏ အကျင့်သီလဟူသရွေ့တို့သည် ဤပစ္စုပ္ပန် ဘဝနှင့် နောင်တမလွန်ဘဝ နှစ်ဌာနလုံး၌ပင် အချည်းနှီး အကျိုးမဲ့ ဖြစ်ကြချေ၏။ ဤသူများသည် ငရဲသားများဖြစ်ကြ၏။ ၎င်းတို့သည် ထိုငရဲတွင် အမြဲခံစားကြရမည့်သူများပင်တည်း။
2:218
إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ أُوْلَٰٓئِكَ يَرۡجُونَ رَحۡمَتَ ٱللَّهِۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ٢١٨
ဧကန်မုချ အကြင်သူတို့သည်အီမာန် ယုံကြည် ခြင်းသဒ္ဓါတရားထားရှိကြ၏။ ထို့ပြင် အကြင်သူတို့သည် (မိမိတို့ ၏နေရင်းဌာနများကိုပင်) စွန့်၍ ထွက်ခွာသွားကြကုန်၏။ ထို့ပြင် ယင်းသူတို့သည် ဂျိဟာဒ် အလ္လာဟ် အရှင်မြတ်၏ လမ်း၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြကုန်၏။ ဤသူများ သည်ပင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မြှော်လင့် တောင့်တကြကုန်သည်။ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ် သည် အကြိမ်ကြိမ် အဖန်ဖန် ချမ်းသာခွင့် ပေးသနား တော်မူ သောအရှင်၊ အစဉ်မပြတ် သနားကြင်နာတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
2:219
۞ يَسۡـَٔلُونَكَ عَنِ ٱلۡخَمۡرِ وَٱلۡمَيۡسِرِۖ قُلۡ فِيهِمَآ إِثۡمٌ كَبِيرٌ وَمَنَٰفِعُ لِلنَّاسِ وَإِثۡمُهُمَآ أَكۡبَرُ مِن نَّفۡعِهِمَاۗ وَيَسۡـَٔلُونَكَ مَاذَا يُنفِقُونَۖ قُلِ ٱلۡعَفۡوَۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِ لَعَلَّكُمۡ تَتَفَكَّرُونَ ٢١٩
(အို-နဗီတမန်တော်) အချို့သောသူတို့သည် သုရာမေရယ အရက်သေစာနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လောင်းတမ်းကစားခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသင့် ထံ(လာရောက်)မေးမြန်းကြလေသည်။ အသင်သည် (ယင်းသူ တို့အား အို-အချင်းတို့) ထို (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်း)နှစ်မျိုးလုံးတို့၌ ကြီးလေးသောအပြစ် များသည်လည်းရှိ၏။ လူတို့အဘို့ရာ(အနည်းငယ်သော) အကျိုးကျေးဇူးများသည်လည်းရှိ၏။ သို့ရာတွင် ယင်းအမှု နှစ်မျိုးလုံး ၏အပြစ်များသည် ထိုအမှုနှစ်မျိုးလုံး၏ အကျိုးကျေး ဇူးထက် အလွန်ကြီးလေးပေသည်ဟု ဖြေကြားပါလေ။ ထို မှတစ်ပါးတုံ ယင်းသူတို့သည်(ကုသိုလ်အကျိုးငှာ)မည်မျှလောက် သော ဝတ္ထုပစ္စည်းများကို ပေးကမ်း လှူဒါန်း ရပါမည် နည်း ဟုအသင့်ထံ လာရောက်မေးမြန်းကြပြန်ရာ အသင်သည်(ယင်း သူတို့အား အို-အချင်းတို့ အသင်တို့သည် မိမိတို့အဖို့ လိုအပ် သည်ထက်) ပိုလျှံသောပစ္စည်းများ (အနက်မှ စွမ်းအား ရှိသမျှကို ပေးကမ်းလှူဒါန်းနိုင်ကြသည်) ဟုဖြေကြား ပါလေ။ အလ္လာဟ်အရှင်မြတ်သည် ဤကဲ့သို့ပင် ဒေသနာ တော်များကို အသင်တို့အားလိုက် နာကျင့်ဆောင်နိုင်ကြရန် ရှင်းလင်းထင်ရှားစွာ မိန့်ကြားတော်မူသည်။ သို့မှသာလျှင် အသင်တို့သည်(လောကီနှင့်လော ကုတ္တ ရာရေး တို့ကိုကောင်း စွာ)စဉ်းစားဆင်ခြင်ကြ တန်ရာသတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Friday, August 21, 2026
Don't forget us in your sincere prayers







