📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 79
۞ وَلَكُمۡ نِصۡفُ مَا تَرَكَ أَزۡوَٰجُكُمۡ إِن لَّمۡ يَكُن لَّهُنَّ وَلَدٌۚ فَإِن كَانَ لَهُنَّ وَلَدٌ فَلَكُمُ ٱلرُّبُعُ مِمَّا تَرَكۡنَۚ مِنۢ بَعۡدِ وَصِيَّةٍ يُوصِينَ بِهَآ أَوۡ دَيۡنٍۚ وَلَهُنَّ ٱلرُّبُعُ مِمَّا تَرَكۡتُمۡ إِن لَّمۡ يَكُن لَّكُمۡ وَلَدٌۚ فَإِن كَانَ لَكُمۡ وَلَدٌ فَلَهُنَّ ٱلثُّمُنُ مِمَّا تَرَكۡتُمۚ مِّنۢ بَعۡدِ وَصِيَّةٍ تُوصُونَ بِهَآ أَوۡ دَيۡنٍۗ وَإِن كَانَ رَجُلٌ يُورَثُ كَلَٰلَةً أَوِ ٱمۡرَأَةٌ وَلَهُۥٓ أَخٌ أَوۡ أُخۡتٌ فَلِكُلِّ وَٰحِدٍ مِّنۡهُمَا ٱلسُّدُسُۚ فَإِن كَانُوٓاْ أَكۡثَرَ مِن ذَٰلِكَ فَهُمۡ شُرَكَآءُ فِي ٱلثُّلُثِۚ مِنۢ بَعۡدِ وَصِيَّةٍ يُوصَىٰ بِهَآ أَوۡ دَيۡنٍ غَيۡرَ مُضَآرٍّۚ وَصِيَّةً مِّنَ ٱللَّهِۗ وَٱللَّهُ عَلِيمٌ حَلِيمٌ ١٢ تِلۡكَ حُدُودُ ٱللَّهِۚ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدۡخِلۡهُ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١٣ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ وَيَتَعَدَّ حُدُودَهُۥ يُدۡخِلۡهُ نَارًا خَٰلِدًا فِيهَا وَلَهُۥ عَذَابٌ مُّهِينٌ ١٤
4:12
۞ وَلَكُمۡ نِصۡفُ مَا تَرَكَ أَزۡوَٰجُكُمۡ إِن لَّمۡ يَكُن لَّهُنَّ وَلَدٌۚ فَإِن كَانَ لَهُنَّ وَلَدٌ فَلَكُمُ ٱلرُّبُعُ مِمَّا تَرَكۡنَۚ مِنۢ بَعۡدِ وَصِيَّةٍ يُوصِينَ بِهَآ أَوۡ دَيۡنٍۚ وَلَهُنَّ ٱلرُّبُعُ مِمَّا تَرَكۡتُمۡ إِن لَّمۡ يَكُن لَّكُمۡ وَلَدٌۚ فَإِن كَانَ لَكُمۡ وَلَدٌ فَلَهُنَّ ٱلثُّمُنُ مِمَّا تَرَكۡتُمۚ مِّنۢ بَعۡدِ وَصِيَّةٍ تُوصُونَ بِهَآ أَوۡ دَيۡنٍۗ وَإِن كَانَ رَجُلٌ يُورَثُ كَلَٰلَةً أَوِ ٱمۡرَأَةٌ وَلَهُۥٓ أَخٌ أَوۡ أُخۡتٌ فَلِكُلِّ وَٰحِدٍ مِّنۡهُمَا ٱلسُّدُسُۚ فَإِن كَانُوٓاْ أَكۡثَرَ مِن ذَٰلِكَ فَهُمۡ شُرَكَآءُ فِي ٱلثُّلُثِۚ مِنۢ بَعۡدِ وَصِيَّةٍ يُوصَىٰ بِهَآ أَوۡ دَيۡنٍ غَيۡرَ مُضَآرٍّۚ وَصِيَّةً مِّنَ ٱللَّهِۗ وَٱللَّهُ عَلِيمٌ حَلِيمٌ ١٢
၎င်းပြင် အသင်တို့အတွက် အကယ်၍သာ အသင်တို့၏ ဇနီးမိန်းမများ၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိခဲ့လျှင်၊ ထိုဇနီးမိန်းမများ ထားရှိခဲ့ကြသော (အမွေ) ပစ္စည်း၏ ထက်ဝက်ပင်ဖြစ်သည်။ တစ်ဖန် အကယ်၍ ယင်းဇနီးမိန်းမတို့၌ သားသမီးတစ်စုံတစ်ယောက် ရှိခဲ့ပါမူ အသင်တို့အတွက် ထိုဇနီးမိန်းမများထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ လေးပုံတစ်ပုံသာဖြစ်ချေသည်။ (သို့ရာတွင် ၎င်းအမွေပစ္စည်းတို့ကို) ထိုဇနီးမိန်းမများက မှာကြားခဲ့ကြသော သေတမ်းစကား (သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ရန်ကိစ္စများ) ကို ဆောင်ရွက်ပြီးနောက်လည်းကောင်း၊ (ထိုဇနီးသည်တို့အပေါ်ဝယ် တင်ရှိနေသော) ကြွေးမြီများကို ပေးဆပ်ပြီးနောက်တွင်လည်းကောင်း (ခွဲဝေရပေမည်) ။ ၎င်းပြင် အကယ်၍ အသင်တို့၌ သားသမီးတစ်စုံတစ်ယောက် မရှိခဲ့ပါလျှင်၊ အသင်တို့ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများ အနက်မှ ၎င်းဇနီးမိန်းမတို့အတွက် လေးပုံတစ်ပုံသည် ဖြစ်သည်။ တစ်ဖန် အကယ်၍ အသင်တို့၌ သားသမီးတစ်စုံတစ်ယောက် ရှိခဲ့ပါသော် ထိုဇနီးမိန်းမတို့အတွက် အသင်တို့ထားရှိခဲ့ကြသော (အမွေ) ပစ္စည်း များအနက်မှ ရှစ်ပုံတစ်ပုံ (သာ) ဖြစ်သည်။ (သို့ရာတွင ယင်းအမွေပစ္စည်းတို့ကို) အသင်တို့မှာကြားခဲ့သော သေတမ်းစကား (သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ရန်ကိစ္စများ) ကို ဆောင်ရွက်ပြီးနောက်လည်း ကောင်း၊ (အသင်တို့အပေါ်ဝယ် တင်ရှိသော) ကြွေးမြီကို ပေးဆပ်ပြီးနောက်လည်းကောင်း ခွဲဝေရမည်။ ထို့ပြင်တဝ အမွေထားရှိခဲ့သော အကြင်ယောက်ျား တစ်ဦးတစ်ယောက်ဖြစ်စေ၊ အကြင်မိန်းမ တစ်ဦးတစ်ယောက်ဖြစ်စေ၊ (မိဘနှင့် သားသမီးမရှိဘဲ) ထိုသူ (သို့မဟုတ် ထိုသူမ) ၌ (မိတူဖကွဲ) ညီ (သို့မဟုတ် မောင် သို့မဟုတ်) အစ်ကို တစ်ဦးတစ်ယောက်သော်လည်းကောင်း၊ (�ိတူဖကွဲ) နှမ (သို့မဟုတ် ညီ သို့မဟုတ် အစ်မ) တစ်ဦးတစ်ယောက်သော်လည်းကောင်း ရှိခဲ့သော်၊ ထို (အစ်ကို၊ မောင်၊ နှစ်မ) နှစ်ဦးတို့အနက် အသီးသီးတို့အတွက် ခြောက်ပုံတစ်ပုံစီဖြစ်၏။ တစ်ဖန် အကယ်၍ ယင်း (မိတူဖကွဲ ညီအစ်ကို၊ မောင်၊ နှမ) တို့သည် တစ်ဦးထက်ပိုခဲ့ပါမူ ၎င်းတို့သည် သုံးပုံတစ်ပုံတွင် (ညီတူညီမျှသက်ဆိုင်သော) အစုရှင်များဖြစ်ကြကုန်၏။ (ယင်းသို့ ခွဲဝေခြင်းကို) မှာကြားပြီးဖြစ်သော သေတမ်းစကား (သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ရန်ရှိသောကိစ္စများ) ကို ဆောင်ရွက်ပြီးနောက်လည်းကောင်း၊ (ပေးဆပ်ရန်ရှိသော) ကြွေးမြီများကို ပေးဆပ်ပြီးနောက်လည်းကောင်း ပြုရပေမည်။ သို့ရာတွင် (မှာကြားသွားသူသည်) (သက်ဆိုင်ရာအမွေစားတို့အား မိမိမှာကြားခြင်းဖြင့် နစ်နာဆုံးရှုံးအောင် မဖြစ်စေခဲ့သည်ရှိသော်) ။ (ဤသည်ကား) အလ္လာဟ်အရှင်မြတ်အထံတော်မှ (ထုတ်ပြန်တော်မူသော) အမိန့်တော်ပင်တည်း။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ အလွန်တရာမျှ သည်းခံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
4:13
تِلۡكَ حُدُودُ ٱللَّهِۚ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدۡخِلۡهُ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١٣
ဤသည်တို့သည် အလ္လာဟ်အရှင်မြတ် (သတ်မှတ်ပြဋ္ဌာန်းတော်မူသော) စည်းမျဉ်းဥပဒေများပင်တည်း၊ အမှန်သော်ကား အကြင်မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့် တော်များကိုလည်းကောင်း လိုက်နာပါမူ ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့။ ယင်းဥယျာဉ်များအောက်၌ စမ်းရေချောင်းများသည် စီးတွေလျက်ရှိသည်။ ထိုသူတို့သည် ၎င်းဥယျာဉ်များ၌ နေထိုင် စံမြန်းလျက်ရှိကြမည်။ အမှန်စင်စစ် ဤ (ကဲ့သို့ ဝင်ရောက်နေထိုင်စံမြန်းရခြင်း) သည်ကား ကြီးကျယ်လှစွာသော အောင်မြင်မှုပင်တည်း။
4:14
وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ وَيَتَعَدَّ حُدُودَهُۥ يُدۡخِلۡهُ نَارًا خَٰلِدًا فِيهَا وَلَهُۥ عَذَابٌ مُّهِينٌ ١٤
သို့ရာတွင် အကြင်မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း သွေဖည်ငြင်းပယ်၍ ထိုအရှင်မြတ်၏ စည်းမျဉ်းဥပဒေများကိုလည်း ကျူးကျော်ဖောက်ဖျက်သည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းသူအား (ငရဲ) မီးထဲသို့ ဝင်ရောက်စေတော်မူအံ့။ ထိုသူသည် ယင်း (ငရဲမီး) ထဲ၌ ထာဝစဉ် နေထိုင်ရပေမည်။ ၎င်းပြင် ထိုသူအဖို့ ဂုဏ်အသရေပျက်ပြားစေသော အပြစ်ဒဏ်သည်လည်းရှိအံ့။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Friday, August 21, 2026
Don't forget us in your sincere prayers







