📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 84
ٱلرِّجَالُ قَوَّٰمُونَ عَلَى ٱلنِّسَآءِ بِمَا فَضَّلَ ٱللَّهُ بَعۡضَهُمۡ عَلَىٰ بَعۡضٍ وَبِمَآ أَنفَقُواْ مِنۡ أَمۡوَٰلِهِمۡۚ فَٱلصَّٰلِحَٰتُ قَٰنِتَٰتٌ حَٰفِظَٰتٌ لِّلۡغَيۡبِ بِمَا حَفِظَ ٱللَّهُۚ وَٱلَّٰتِي تَخَافُونَ نُشُوزَهُنَّ فَعِظُوهُنَّ وَٱهۡجُرُوهُنَّ فِي ٱلۡمَضَاجِعِ وَٱضۡرِبُوهُنَّۖ فَإِنۡ أَطَعۡنَكُمۡ فَلَا تَبۡغُواْ عَلَيۡهِنَّ سَبِيلًاۗ إِنَّ ٱللَّهَ كَانَ عَلِيًّا كَبِيرًا  ۝٣٤ وَإِنۡ خِفۡتُمۡ شِقَاقَ بَيۡنِهِمَا فَٱبۡعَثُواْ حَكَمًا مِّنۡ أَهۡلِهِۦ وَحَكَمًا مِّنۡ أَهۡلِهَآ إِن يُرِيدَآ إِصۡلَٰحًا يُوَفِّقِ ٱللَّهُ بَيۡنَهُمَآۗ إِنَّ ٱللَّهَ كَانَ عَلِيمًا خَبِيرًا  ۝٣٥ ۞ وَٱعۡبُدُواْ ٱللَّهَ وَلَا تُشۡرِكُواْ بِهِۦ شَيۡـًٔاۖ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنًا وَبِذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱلۡجَارِ ذِي ٱلۡقُرۡبَىٰ وَٱلۡجَارِ ٱلۡجُنُبِ وَٱلصَّاحِبِ بِٱلۡجَنۢبِ وَٱبۡنِ ٱلسَّبِيلِ وَمَا مَلَكَتۡ أَيۡمَٰنُكُمۡۗ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ مُخۡتَالًا فَخُورًا  ۝٣٦ ٱلَّذِينَ يَبۡخَلُونَ وَيَأۡمُرُونَ ٱلنَّاسَ بِٱلۡبُخۡلِ وَيَكۡتُمُونَ مَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦۗ وَأَعۡتَدۡنَا لِلۡكَٰفِرِينَ عَذَابًا مُّهِينًا  ۝٣٧
4:34
ٱلرِّجَالُ قَوَّٰمُونَ عَلَى ٱلنِّسَآءِ بِمَا فَضَّلَ ٱللَّهُ بَعۡضَهُمۡ عَلَىٰ بَعۡضٍ وَبِمَآ أَنفَقُواْ مِنۡ أَمۡوَٰلِهِمۡۚ فَٱلصَّٰلِحَٰتُ قَٰنِتَٰتٌ حَٰفِظَٰتٌ لِّلۡغَيۡبِ بِمَا حَفِظَ ٱللَّهُۚ وَٱلَّٰتِي تَخَافُونَ نُشُوزَهُنَّ فَعِظُوهُنَّ وَٱهۡجُرُوهُنَّ فِي ٱلۡمَضَاجِعِ وَٱضۡرِبُوهُنَّۖ فَإِنۡ أَطَعۡنَكُمۡ فَلَا تَبۡغُواْ عَلَيۡهِنَّ سَبِيلًاۗ إِنَّ ٱللَّهَ كَانَ عَلِيًّا كَبِيرًا  ۝٣٤
အလ္လာဟ်အရှင်မြတ်သည် (ယောက်ျားနှင့်မိန်းမတို့အနက်) အချို့ကို (ယောက်ျားများကို) အချို့ထက် (မိန်းမများထက်) ပင် အရည်အချင်း၊ အဆင့်အတန်း၊ သာလွန်စေတော်မူခဲ့သောကြောင့် လည်းကောင်း၊ ယောက်ျားများသည် မိမိတို့၏ဥစ္စာပစ္စည်းများကို (မိန်းမတို့အား ကျွေးမွေးထောက်ပံ့ရာတွင်) သုံးစွဲသောကြောင့်လည်းကောင်း၊ ယောက်ျားများသည် မိန်းမတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူများ ဖြစ်ကြသည်။ သို့ဖြစ်ပေရာ သူတော်ကောင်းအမျိုးသမီးတို့သည် (လင်ခင်ပွန်းသည်တို့၏) အမိန့်ကို နာယူသူများသည်လည်းကောင်း၊ ဆိတ်ကွယ်ရာတွင် (လင်ခင်ပွန်းသည်တို့၏ ဥစ္စာပစ္စည်းနှင့် မိမိတို့၏ ကာယိန္ဒြေ သိက္ခာများကို) အလ္လာဟ်အရှင်မြတ်၏ (ကူညီ) စောင့်ရှောက်မှုဖြင့် ထိန်းသိမ်းသူများသည်လည်းကောင်း ဖြစ်ကြကုန်၏။ သို့ရာတွင် အသင်တို့သည် (အခြေအနေကို ထောက်ထားသုံးသပ် အကဲခပ်ခြင်းအားဖြင့်) အကြင်ဇနီးသည်တို့၏ သွေဖည်ပုန်ကန်မှုကို (အကယ်စင်စစ်) စိုးရိမ်ကြသော် (ဦးစွာပထမ) အသင်တို့သည် ယင်းမိန်းမတို့အား (ယဉ်ကျေးသိမ်မွေ့စွာဖြင့်) သွန်သင်ဆုံးမ ပဲ့ပြင်ကြလေကုန်။ ထို့နောက် (အကယ်၍ နာယူခြင်းမရှိကြသေးပါမူ) အသင်တို့သည် ထိုမိန်းမတို့အား အိပ်ခန်းများတွင် (အိပ်ရာများတွင်တစ်ဦးတည်း ခွဲခွါ) စွန့်ပစ်ထားကြလေကုန်။ ထို့နောက် (အကယ်၍ လိမ္မာရေးခြားမရှိကြသေးပါမူ) အသင်တို့သည် ထိုမိန်းမတို့အား (လွန်ကျူးခြင်းမရှိစေကြဘဲ ဆုံးမသောအနေနှင့်) ရိုက်နှက်ကြလေကုန်။ တစ်ဖန် အကယ်၍ ထိုမိန်းမတို့သည် အသင်တို့၏အမိန့်ကို နာခံကြပါမူ အသင်တို့သည် ၎င်းတို့နှင့်ဆန့်ကျင်၍ မည်သည့်နည်းလမ်းကိုမျှ မရှာကြကုန်လင့်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မြတ်တော်မူသော၊ ကြီးကဲတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
4:35
وَإِنۡ خِفۡتُمۡ شِقَاقَ بَيۡنِهِمَا فَٱبۡعَثُواْ حَكَمًا مِّنۡ أَهۡلِهِۦ وَحَكَمًا مِّنۡ أَهۡلِهَآ إِن يُرِيدَآ إِصۡلَٰحًا يُوَفِّقِ ٱللَّهُ بَيۡنَهُمَآۗ إِنَّ ٱللَّهَ كَانَ عَلِيمًا خَبِيرًا  ۝٣٥
ထိုမှတစ်ပါး အကယ်၍ အသင်တို့သည် ယင်းဇနီးမောင်နှံနှစ်ဦးတို့၏ အကြားဝယ် (အကြီးအကျယ်) ပဋိပက္ခဖြစ်ပွားမည်ကို စိုးရိမ်ခဲ့ကြပါသော် (၎င်းဇနီးမောင်နှံနှစ်ဦးတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ခြင်းငှါ) ထိုလင်ယောက်ျား၏ ဆွေမျိုးသားချင်းတို့အနက်မှ ခုံသမာဓိ လူကြီးတစ်ယောက်ကိုလည်းကောင်း၊ ထိုဇနီးမိန်းမ၏ ဆွေမျိုးသားချင်းတို့အနက်မှ ခုံသမာဓိ လူကြီးတယောက်ကိုလည်းကောင်း၊ ခန့်အပ် (၍ ယင်းပြဿနာကိုဖြေရှင်းစေ) ကြလေကုန်။ အကယ်၍သာ ယင်း (ခုံသမာဓိလူကြီး) နှစ်ဦးတို့သည် (စိတ်ရောကိုယ်��ါ) ထိုဇနီးမောင်နှံနှစ်ဦးတို့၏ အခြေအနေကို ပြုပြင်ရန်အတွက် ရည်စူးကြပါသော် အလ္လာဟ်အရှင်မြတ်သည် ယင်း (ဇနီးမောင်နှံ) နှစ်ဦးတို့၏အကြားတွင် (မလွဲဧကန်) သင့်တင့်စေတော်မူအံ့။ အလ္လာဟ်အရှင်မြတ်သည် မချွတ်ဧကန် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ရှိသိတော်မူသောအရှင်၊ အလုံးစုံတို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်ပင် ဖြစ်တော်မူပေသတည်း။
4:36
۞ وَٱعۡبُدُواْ ٱللَّهَ وَلَا تُشۡرِكُواْ بِهِۦ شَيۡـًٔاۖ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنًا وَبِذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱلۡجَارِ ذِي ٱلۡقُرۡبَىٰ وَٱلۡجَارِ ٱلۡجُنُبِ وَٱلصَّاحِبِ بِٱلۡجَنۢبِ وَٱبۡنِ ٱلسَّبِيلِ وَمَا مَلَكَتۡ أَيۡمَٰنُكُمۡۗ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ مُخۡتَالًا فَخُورًا  ۝٣٦
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ခြင်းကို မပြုကြကုန်လင့်။ ထိုမှတစ်ပါးတုံ အသင်တို့သည် အမိအဘနှစ်ပါးတို့နှင့်လည်းကောင်း၊ ဆွေမျိုးနီးစပ်တို့နှင့်လည်းကောင်း၊ ဖမဲ့ကလေးတို့နှင့်လည်းကောင်း၊ အထီးကျန် သူဆင်းရဲတို့နှင့်လည်းကောင်း၊ (အိမ်ချင်း) နီးကပ်သော (တစ်နည်း) ဆွေမျိုးတော်စပ်သော အိမ်နီးချင်းတို့နှင့်လည်းကောင်း၊ (အိမ်ချင်း) ဝေးလံသော (တစ်နည်း) ဆွေမျိုးတော်စပ်ခြင်းမရှိသော အိမ်နီးချင်းတို့နှင့်လည်းကောင်း၊ (မိမိတို့နှင့်အတူ နေထိုင် သွားလာကြကုန်သော) အပေါင်းအဖေါ်တို့နှင့်လည်းကောင်း၊ ခရီးသည်တို့နှင့်လည်းကောင်း၊ မိမိတို့၏လက်အောက်ဖြစ်သော (ဝါ) မိမိတို့ပိုင်ဆိုင်သော ကြေးကျွန်တို့နှင့်လည်းကောင်း၊ ကောင်းစွာ ဆက်ဆံ ပြုစုကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မာနထောင်လွှားသောသူ၊ ဝါကြွားပြောဆိုသောသူကို နှစ်သက်တော်မူသည်မဟုတ်ပေ။
4:37
ٱلَّذِينَ يَبۡخَلُونَ وَيَأۡمُرُونَ ٱلنَّاسَ بِٱلۡبُخۡلِ وَيَكۡتُمُونَ مَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦۗ وَأَعۡتَدۡنَا لِلۡكَٰفِرِينَ عَذَابًا مُّهِينًا  ۝٣٧
အကြင်သူတို့သည် မိမိတို့ကိုယ်တိုင်လည်း စေးနဲကြကုန်၏။ သူတစ်ပါးတို့အားလည်း စေးနဲကြစေရန် ညွှန်ကြားကြ၏။ ထိုမျှသာမကသေး ယင်းသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်နှင့် ပေးသနားတော်မူခဲ့သော အရာများကိုလည်း (လှူဒါန်းသုံးစွဲခြင်းမပြုဘဲ) လျှို့ဝှက်ထိမ်ချန်၍ ထားရှိကြ၏။ အမှန်စင်စစ် ငါအရှင်မြတ်သည် ကျေးဇူးကန်းသောသူတို့အဖို့ ဂုဏ်အသရေ ပျက်စီးစေသော အပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထားရှိတော်မူသည်။


📚Juz 5 📄84 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Friday, August 21, 2026

Don't forget us in your sincere prayers