La sourate Al-Qamar en Birmane
‘ကိယာမတ်’ ရှင်ပြန်ထရန် အချိန်ကာလသည် နီးကပ်၍လာခဲ့ချေပြီ။ ၎င်းပြင် ‘လ’သည် (နှစ်ခြမ်း) ကွဲခဲ့လေပြီ။ |
وَإِن يَرَوْا آيَةً يُعْرِضُوا وَيَقُولُوا سِحْرٌ مُّسْتَمِرٌّ(2) သို့ရာတွင် ၎င်းတို့သည် သက်သေလက္ခဏာ တစ်စုံတစ်ရာကို တွေ့မြင်ကြလျှင် ကျောခိုင်း၍ သွားကြသည့်ပြင် (ဤသည်)အဓွန့်ရှည်သော ရှေးအစဉ် အလာဖြစ်သော ပဉ္စလက်အတတ်ပညာဖြစ်သည်ဟူ၍ ပြောဆိုလေ့ ရှိခဲ့ကြကုန်၏။ |
وَكَذَّبُوا وَاتَّبَعُوا أَهْوَاءَهُمْ ۚ وَكُلُّ أَمْرٍ مُّسْتَقِرٌّ(3) ထို့ပြင် ၎င်းတို့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြ၍ မိမိတို့၏ အလိုဆန္ဒများကိုသာ လိုက်နာခဲ့ကြကုန်၏။ စင်စစ်သော်ကား အရေးကိစ္စတိုင်းမှာ (သတ်မှတ်ထားသော အချိန်ကာလတွင်) ဆုံးဖြတ်ပြီး ဖြစ်၏။ |
ထို့ပြင် ၎င်းတို့ထံ ဧကန်မလွဲ သင်ခန်းစာ လုံလောက်စွာပါရှိသော သတင်းများသည် ရောက်ရှိခဲ့ပေပြီ။ |
(ဤကုရ်အာန် ကျမ်းတော်မြတ်သည်) ပြည့်စုံသော နက်နဲသိမ်မွေ့သည့် ဉာဏ်ပညာပင် ဖြစ်ချေသည်။ သို့တစေလည်း (ယင်းသို့သောသူများအား) သတိပေးနှိုးဆော်သော အကြောင်းအရာများသည် အကျိုးရှိစေမည် မဟုတ်ပေတကား။ |
فَتَوَلَّ عَنْهُمْ ۘ يَوْمَ يَدْعُ الدَّاعِ إِلَىٰ شَيْءٍ نُّكُرٍ(6) သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲ၍ နေပါလေ။ အကြင်နေ့တွင် ဆင့်ခေါ်သူ (ကောင်းကင်တမန်)သည် (၎င်းတို့အား)မနှစ်မြို့ဖွယ်ဖြစ်သော ကိစ္စတစ်ခုသို့ ဆင့်ခေါ်ပေမည်။ |
خُشَّعًا أَبْصَارُهُمْ يَخْرُجُونَ مِنَ الْأَجْدَاثِ كَأَنَّهُمْ جَرَادٌ مُّنتَشِرٌ(7) (ထိုနေ့တွင်) ၎င်းတို့၏မျက်စိများမှာ အောက်သို့စိုက်လျက် ရှိကြပေမည်။ ၎င်းတို့သည် ပျံ့နှံ့လျက် ရှိသောကျိုင်းကောင်များကဲ့သို့ပင် သင်္ချိုင်းများမှ ထွက်လာကြပေမည်။ |
مُّهْطِعِينَ إِلَى الدَّاعِ ۖ يَقُولُ الْكَافِرُونَ هَٰذَا يَوْمٌ عَسِرٌ(8) ဆင့်ခေါ်သူ(ရှိရာ)သို့ ပြေးလျက်လာကြပေမည်။’ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့မှာ ‘ဤနေ့ကား လွန်စွာခက်ထန်သောနေ့ဖြစ်သည်’ ဟု ပြောဆိုလျက် ရှိကြကုန်အံ့သတည်း။ |
۞ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ فَكَذَّبُوا عَبْدَنَا وَقَالُوا مَجْنُونٌ وَازْدُجِرَ(9) ၎င်းတို့အလျင်`နူဟ်`၏ အမျိုးသားတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ အမှန်သော်ကား ၎င်းတို့သည် ငါအရှင်မြတ်၏ `ကျွန်တော်` (နူဟ်)အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အပြင် `သူရူး`ဖြစ်သည်ဟူ၍လည်း ပြောဆိုခဲ့ကြလေသည်။ ထိုမှတစ်ပါး ထို`နူဟ်`သည် ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရလေ၏။ |
ထိုအခါ ထို`နူဟ်`သည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ (အို-အရှင်)ဧကန်စင်စစ် ကျွန်တော်မျိုးသည် အရေးမလှသူ (ဖိနှိပ် ခြင်းခံရသူ) ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် လက်စားချေတော်မူပါဟု ပန်ကြားခဲ့လေ၏။ |
ထိုအခါ ငါအရှင်မြတ်သည် မိုးကောင်းကင်၏ တံခါးများကိုဖွင့်၍ မိုးသည်းထန်စွာ ရွာသွန်းစေတော်မူ၏။ |
وَفَجَّرْنَا الْأَرْضَ عُيُونًا فَالْتَقَى الْمَاءُ عَلَىٰ أَمْرٍ قَدْ قُدِرَ(12) ၎င်းပြင် ငါအရှင်မြတ်သည် ပထဝီမြေမှ စမ်းများကို ပန်း၍ထွက်စေတော်မူခဲ့ရာ (ထက်အောက်) ရေသည် တင်ရင်စီမံထားသော အရေးကိစ္စ (ပြည့်ဝစေရန်) ရောစပ်၍ သွားခဲ့လေ၏။ |
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို ‘နူဟ်’ အားပျဉ်ချပ်များဖြင့်လည်းကောင်း၊ သံများဖြင့်လည်းကောင်း၊ ပြုလုပ်၍ထားသော (သင်္ဘော)ပေါ်သို့ စီးနင်းစေတော်မူခဲ့၏။ |
ယင်းသင်္ဘောမှာ ငါအရှင်မြတ်၏ စောင့်ရှောက်မှုအောက်တွင် သွားလာ လှုပ်ရှားလျက် ရှိနေခဲ့၏။ (ထိုသည်ကား) ငြင်းပယ်ခြင်း ခံခဲ့ရသောသူ(နူဟ်)နှင့် ပတ်သက်၍ လက်စားချေတော်မူခြင်းပင် ဖြစ်ပေသည်။ |
ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းအဖြစ်အပျက်ကို (သင်ခန်းစာ ရယူနိုင်ရန်) သက်သေ လက္ခဏာတစ်ပါးအဖြစ် ကျန်ရစ်စေတော်မူခဲ့ရာ၊ သင်ခန်းစာရယူအံ့သောသူ တစ်ဦးတစ်ယောက် ရှိလေသလော။ |
သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှု များသည်လည်းကောင်း၊ မည်သို့မည်ပုံ ရှိခဲ့သည်ကို (ဆင်ခြင်သုံးသပ်ကြလေကုန်)။ |
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ(17) ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ်တရားရယူ နိုင်ရန်အလို့ငှာ လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူ တစ်ဦးတစ်ယောက် ရှိသည်လော။ |
‘အာဒ်’ အမျိုးသားတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိပေး နှိုးဆော်မှုများသည် မည်သို့ရှိခဲ့ပေသနည်း။ |
إِنَّا أَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِي يَوْمِ نَحْسٍ مُّسْتَمِرٍّ(19) စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ အဓွန့်ရှည်စွာ မင်္ဂလာကင်းမဲ့သောနေ့တွင် ပြင်းထန်လှစွာသော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။ |
تَنزِعُ النَّاسَ كَأَنَّهُمْ أَعْجَازُ نَخْلٍ مُّنقَعِرٍ(20) ယင်းလေပြင်းမုန်တိုင်းမှာ လူတို့အား ဆွဲနှုတ်ခဲ့ရာ ၎င်းတို့သည် အမြစ်မှ ပြုတ်ထွက်ပြိုလဲခဲ့လေသော စွန်ပလွံပင်၏ပင်မကြီးများကဲ့သို့ ဖြစ်သွားခဲ့ကြ၏။ |
သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှု များသည်လည်းကောင်း၊ မည်သို့ရှိခဲ့သနည်း။ |
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ(22) ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ်တရားရယူအံ့သောငှာ လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူ တစ်ဦးတစ်ယောက် ရှိလေသလော။ |
‘ဆမူဒ်’အမျိုးသားတို့သည်လည်း သတိပေးနှိုးဆော်သူတို့အား မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြ ကုန်၏။ |
فَقَالُوا أَبَشَرًا مِّنَّا وَاحِدًا نَّتَّبِعُهُ إِنَّا إِذًا لَّفِي ضَلَالٍ وَسُعُرٍ(24) ထို့ပြင် ၎င်းတို့က ကျွန်ုပ်တို့သည် မိမိတို့ အမျိုးအစားထဲမှဖြစ်သော လူသားတစ်ဦး��နောက်သို့ လိုက်ကြရမည်လော။ သို့ဖြစ်လျှင် ဧကန်မလွဲ ကျွန်ုပ်တို့သည် လမ်းလွဲမှု၌၊ ထိုမျှမက ရူးသွပ်မှု၌ ကျရောက် သွားကြပေမည်။ |
أَأُلْقِيَ الذِّكْرُ عَلَيْهِ مِن بَيْنِنَا بَلْ هُوَ كَذَّابٌ أَشِرٌ(25) ကျွန်ုပ်တို့အနက်မှ ၎င်း၏အပေါ်၌သာ (ရွေးကောက်၍) ‘ဝဟ်ယ်’ အမိန့်တော် ဆုံးမဩဝါဒတော် ချပေးခြင်း ခံခဲ့ရလေသလော။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းသည် လွန်စွာမုသားပြောဆိုသူ၊ ဝင့်ကြွားသူပင် ဖြစ်ပေသည်။ |
၎င်းတို့သည် မည်သူ လွန်စွာမုသားပြောဆို သူ၊ ဝင့်ကြွားသူ၊ ဖြစ်ကြောင်း မကြာမြင့်မီ နက်ဖြန်ပင် သိရှိကြရပေမည်။ |
إِنَّا مُرْسِلُو النَّاقَةِ فِتْنَةً لَّهُمْ فَارْتَقِبْهُمْ وَاصْطَبِرْ(27) ဧကန်အမှန် ငါအရှင်မြတ် ၎င်းတို့အား စမ်းသပ်တော်မူရန် ကုလားအုတ်မကို စေလွှတ်တော်မူအံ့၊ သို့ဖြစ်ပေရာ (အို-နဗီတမန်တော် ‘ဆွာလစ်ဟ်’၊) အသင်သည် ၎င်းတို့အားသည်းခံ၍ စောင့်စားပါလေ။ |
وَنَبِّئْهُمْ أَنَّ الْمَاءَ قِسْمَةٌ بَيْنَهُمْ ۖ كُلُّ شِرْبٍ مُّحْتَضَرٌ(28) ထို့ပြင် အသင်သည် ၎င်းတို့အား ၎င်းတို့(၏တိရစ္ဆာန်များနှင့်ကုလားအုတ်မ)၏အကြား၌(အလှည့် ကျသောက်သုံးရန်) ရေခွဲဝေပြီးဖြစ်ကြောင်း၊ အလှည့်အတိုင်း အသီးသီး လာရောက်ကြရမည်ဖြစ်ကြောင်း သတင်းပေးပါလေ။ |
ထိုအခါ ၎င်းတို့သည် မိမိတို့အဖော်အား ဟစ်ခေါ်ခဲ့ရာ ထိုအဖော်သည် လာရောက်ပြီးလျှင် ကုလားအုတ်မ၏ ခြေများကို ဖြတ်တောက်ခဲ့လေ၏။ |
သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှုများသည် မည်သို့ ရှိခဲ့ပေသနည်း။ |
إِنَّا أَرْسَلْنَا عَلَيْهِمْ صَيْحَةً وَاحِدَةً فَكَانُوا كَهَشِيمِ الْمُحْتَظِرِ(31) စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ပြင်းထန်လှစွာသော အသံတစ်ခုကိုသာလျှင် စေလွှတ်တော်မူခဲ့ရာ ၎င်းတို့သည် ကျွဲ၊ နွား တိရစ္ဆာန်များ နေထိုင်ရန် ခြံခတ်သူ၏ သွေ့ခြောက်ကြေမွနေသော သစ်ကိုင်းသစ်လက်များကဲ့သို့ ဖြစ်သွားခဲ့ကြကုန်၏။ |
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ(32) ၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ် တရားရယူအံ့သောငှာ လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ် တရားရယူသူ တစ်ဦးတစ်ယောက် ရှိလေသလော။ |
‘လူ(တ်)’၏အမျိုးသားတို့သည်လည်း သတိပေးနှိုးဆော်သူတို့အား မဟုတ်မမှန်ဟူ၍ စွပ်စွဲပြောဆို ငြင်းပယ်ခဲ့ကြကုန်၏။ |
إِنَّا أَرْسَلْنَا عَلَيْهِمْ حَاصِبًا إِلَّا آلَ لُوطٍ ۖ نَّجَّيْنَاهُم بِسَحَرٍ(34) ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ခဲမိုးကို ရွာသွန်းစေတော်မူခဲ့၏။ သို့ရာတွင် လူ(တ်) ၏နောက်လိုက်တပည့်သား မျိုးနွယ်တို့ကိုမူကား ငါအရှင်မြတ်သည် ညဉ့်၏ နောက်ဆုံးယံ၌ပင် လွတ်ကင်းစေတော်မူခဲ့၏။ |
ငါအရှင်မြတ်အထံတော်မှ ကျေးဇူးပြုတော်မူသောအားဖြင့် ကျေးဇူးသိတတ်သောသူအား ငါအရှင်မြတ်သည် ထိုနည်းအတိုင်းပင် အစားပေးလေ့ ရှိတော်မူ၏။ |
وَلَقَدْ أَنذَرَهُم بَطْشَتَنَا فَتَمَارَوْا بِالنُّذُرِ(36) စင်စစ်သော်ကား ဧကန်မလွဲ ထို ‘လူ(တ်)’က ငါအရှင်မြတ် ဖမ်းဆီးအရေးယူတော်မူမည် ဖြစ်ကြောင်း ၎င်းတို့အား သတိပေးနှိုးဆော်ခဲ့သော်လည်း ၎င်းတို့မှာ (ယင်း)သတိပေးနှိုးဆော်မှုများနှင့် စပ်လျဉ်း၍ အငြင်းအခုံ ပြုခဲ့ကြကုန်၏။ |
وَلَقَدْ رَاوَدُوهُ عَن ضَيْفِهِ فَطَمَسْنَا أَعْيُنَهُمْ فَذُوقُوا عَذَابِي وَنُذُرِ(37) ထိုမှတစ်ပါး ၎င်းတို့သည် ထိုလူ(တ်)၏ ဧည့်သည်များကို ၎င်း၏ထံ၌ (မကောင်းသော ရည်ရွယ်ချက်နှင့်)တောင်းဆိုခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ၎င်းတို့၏မျက်စိများကို ကန်းစေတော် မူခဲ့၏။ ထို့နောက် ၎င်းတို့အား) အသင်တို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်၏ရသာကိုလည်းကောင်း၊ ငါ အရှင်မြတ်၏ သတိပေးနှိုးဆော်မှုများ၏ ရသာကိုလည်းကောင်း၊ မြည်းစမ်းကြလေကုန်(ဟု မိန့်ကြားတော်မူခဲ့၏)။ |
ထိုမှတစ်ပါး ဧကန်မလွဲ အဓွန့်ရှည်စွာ တည်မြဲအံ့သောငှာ ပြစ်ဒဏ်သည် ၎င်းတို့၌ နံနက်စောစော အချိန်တွင်ပင် သက်ရောက်ခဲ့လေ၏။ |
သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ သတိပေး နှိုးဆော်မှုများကိုလည်းကောင်း၊ မြည်းစမ်းကြလေကုန် (ဟု မိန့်ကြားတော်မူခဲ့၏။) |
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ(40) မလွဲကန် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ် တရားရယူအံ့သောငှာ လွယ်ကူစေတော်မူခဲ့ပေရာ ကျက်မှတ်တရားရယူသူ တစ်ဦးတစ်ယောက် ရှိလေသလော။ |
ထိုမှတစ်ပါး မုချဧကန် ‘ဖစ်ရ်အောင်န်’ ၏ခြွေရံသင်းပင်းတို့ထံလည်း သတိပေးနှိုးဆော်ချက်များ ရောက်ရှိလာခဲ့၏။ |
كَذَّبُوا بِآيَاتِنَا كُلِّهَا فَأَخَذْنَاهُمْ أَخْذَ عَزِيزٍ مُّقْتَدِرٍ(42) ၎င်းတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာအလုံးစုံတို့ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား နိုင်နင်းလွှမ်းမိုးတော်မူသော တန်ခိုးနှင့် ပြည့်စုံတော်မူသောအရှင်၏ ဖမ်းဆီးပုံမျိုးနှင့် ဖမ်းဆီး အရေးယူတော်မူခဲ့၏။ |
أَكُفَّارُكُمْ خَيْرٌ مِّنْ أُولَٰئِكُمْ أَمْ لَكُم بَرَاءَةٌ فِي الزُّبُرِ(43) အသင်တို့ခေတ်၌ရှိကုန်သော ‘ကာဖိရ်’သွေဖည်ငြင်းပယ်သူတို့သည် ၎င်းတို့ထက် သာလွန် မြင့်မြတ်ကြ လေသလော၊ သို့တည်းမဟုတ် ကျမ်းဂန်များ၌ အသင်တို့အဖို့ လွတ်ငြိမ်းခွင့်ရှိသည်ဟူ၍ လာရှိလေသလော။ |
သို့တည်းမဟုတ် ၎င်းတို့က ‘ကျွန်ုပ်တို့သည်အောင်နိုင်မှု ရရှိကြအံ့သောအုပ်စုဖြစ်သည်’ ဟု ပြောဆိုကြလေသလော။ |
ယင်းအုပ်စုမှာ မကြာမြင့်မီမှာပင် အရေးရှုံးနိမ့်ကြပြီး ကျောခိုင်း၍ ထွက်ပြေးကြရပေမည်။ |
بَلِ السَّاعَةُ مَوْعِدُهُمْ وَالسَّاعَةُ أَدْهَىٰ وَأَمَرُّ(46) စင်စစ်မှာကား ‘ကိယာမတ်’ ရှင်ပြန်ထမည့် အချိန်ကာလသည် ၎င်းတို့အား ချိန်းချက်ထားသော ချိန်းချက်မှုဖြစ်၏။ ထိုမှတစ်ပါး ‘ကိယာမတ်’ ရှင်ပြန် ထမည့်အချိန်ကာလသည် ပို၍ပင် ပြင်းထန်သည့်ပြင် ပို၍ပင် နာကြည်းဖွယ် ဖြစ်ပေသတည်း။ |
ဧကန်အမှန် ပြစ်မှုကျူးလွန်သူတို့သည် လမ်းလွဲမှု၌လည်းကောင်း၊ ဉာဏ်ကင်းမဲ့မှု၌ လည်းကောင်း၊ ရှိနေကြကုန်၏။ |
يَوْمَ يُسْحَبُونَ فِي النَّارِ عَلَىٰ وُجُوهِهِمْ ذُوقُوا مَسَّ سَقَرَ(48) ၎င်းတို့သည် မှောက်လျက် ငရဲမီး၌ တရွတ် တိုက်ဆွဲချခြင်းကို ခံကြရသောနေ့တွင် ‘အသင်တို့သည် ငရဲမီး ထိရောက်ခြင်း၏ ရသာကို မြည်းစမ်းကြ ကုန်’(ဟု မိန့်ကြားတော်မူခြင်းကို ခံကြရလတ္တံ့)။ |
ဧကန်မလွဲ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ချင့်ချိန်၍ ဖန်ဆင်းတော်မူခဲ့၏။ |
စင်စစ်သော်ကား ငါအရှင်မြတ်၏ အမိန့်တော်မှာ တစ်ကြိမ်တည်း အမိန့်ပေးရုံကာမျှဖြင့် မျက်စိတစ်မှိတ်အတွင်း ဖြစ်မြောက်သွားပေမည်။ |
وَلَقَدْ أَهْلَكْنَا أَشْيَاعَكُمْ فَهَلْ مِن مُّدَّكِرٍ(51) မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့နှင့် ဝါဒတူတို့အား ကွပ်မျက်ဖျက်ဆီးတော်မူခဲ့ရာ တရားရယူသူများဟူ၍ ရှိကြပါသလော။ |
စင်စစ်သော်ကား ၎င်းတို့ပြုမူခဲ့သမျှတို့သည် မှတ်တမ်းများ၌လည်း ရှိကုန်၏။ |
ထိုမှတစ်ပါး အကြီးအသေး ဟူသမျှတို့သည် ရေးသား၍ထားရှိပြီး ဖြစ်ကုန်၏။ |
မလွဲဧကန် ‘မွတ္တကီ’ သူတော်စင်တို့မှာ ဥယျာဉ်များ၌လည်းကောင်း၊ စမ်းချောင်းများ၌လည်းကောင်း၊ ရှိကုန်အံ့။ |
တန်ခိုးတော်နှင့် ပြည့်စုံတော်မူသော ဘုရင်၏ထံတော်ပါး၌ မြင့်မြတ်မှန်ကန်သော နေရာဌာနတွင် ရှိကုန်အံ့သတည်း။ |
Plus de sourates en Birmane :
Téléchargez la sourate avec la voix des récitants du Coran les plus célèbres :
Téléchargez le fichier mp3 de la sourate Al-Qamar : choisissez le récitateur pour écouter et télécharger la sourate Al-Qamar complète en haute qualité.















Donnez-nous une invitation valide