📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 16
အလ်-ဗကရ

အလ်-ဗကရ

2:102
وَٱتَّبَعُواْ مَا تَتۡلُواْ ٱلشَّيَٰطِينُ عَلَىٰ مُلۡكِ سُلَيۡمَٰنَۖ وَمَا كَفَرَ سُلَيۡمَٰنُ وَلَٰكِنَّ ٱلشَّيَٰطِينَ كَفَرُواْ يُعَلِّمُونَ ٱلنَّاسَ ٱلسِّحۡرَ وَمَآ أُنزِلَ عَلَى ٱلۡمَلَكَيۡنِ بِبَابِلَ هَٰرُوتَ وَمَٰرُوتَۚ وَمَا يُعَلِّمَانِ مِنۡ أَحَدٍ حَتَّىٰ يَقُولَآ إِنَّمَا نَحۡنُ فِتۡنَةٌ فَلَا تَكۡفُرۡۖ فَيَتَعَلَّمُونَ مِنۡهُمَا مَا يُفَرِّقُونَ بِهِۦ بَيۡنَ ٱلۡمَرۡءِ وَزَوۡجِهِۦۚ وَمَا هُم بِضَآرِّينَ بِهِۦ مِنۡ أَحَدٍ إِلَّا بِإِذۡنِ ٱللَّهِۚ وَيَتَعَلَّمُونَ مَا يَضُرُّهُمۡ وَلَا يَنفَعُهُمۡۚ وَلَقَدۡ عَلِمُواْ لَمَنِ ٱشۡتَرَىٰهُ مَا لَهُۥ فِي ٱلۡأٓخِرَةِ مِنۡ خَلَٰقٍۚ وَلَبِئۡسَ مَا شَرَوۡاْ بِهِۦٓ أَنفُسَهُمۡۚ لَوۡ كَانُواْ يَعۡلَمُونَ ١٠٢
ထိုမျှမက (အသိအလိမ္မာ ကင်းမဲ့ကြကုန်သောယင်း ယဟူဒီဘာသာဝင်တို့သည် အလ္လာဟ် အရှင်မြတ် ၏ဓမ္မဒေသနာတော်ကို မလိုက်နာကြဘဲလျက်) နဗီ တမန်တော် စုလိုင်မာန်(အ) စိုးမိုးအုပ်ချုပ် မင်းပြုလုပ် နေသောအခါဝယ် ရှိုင်တွာန်များရွတ်ဘတ်သရဇ္ဈာယ် ကြလေသော စုန်းပယောဂ အတတ်ကိုသာ ဆည်းပူး လိုက်စားကြကုန်၏။ [ဤတွင်မျှမကသေး၊ အချို့ သော လူ့ဗာလတို့သည် နဗီတမန်တော် စုလိုင်မာန်(အ)သည် ကာဖိရ်အယူကို လိုက်စားသည် ဟူ၍ပင်စွပ်စွဲခဲ့ကြသည်)ကိုပင် မိစ္ဆာဒိဋ္ဌိအယူကို လိုက်စားသည်ဟုစွပ်စွဲကြ သည်။] စင်စစ်တမူကား နဗီတမန်တော် စုလိုင်မာန်(အ)သည် မည်သည့်အခါမျှ ကာဖိရ်အယူကို လိုက် စားခဲ့သည်မဟုတ်ချေ၊ သို့ရာတွင် ထိုရှိုင်တွာန်တို့ သာလျှင် ကာဖိရ်အယူကိုလိုက်စားကြခဲ့၏။ ယင်း ရှိုင်တွာန်တို့သည်ပင်လျှင် စုန်းပယောဂအတတ်ကို လူတို့အား သင်ကြားပြသပေးကြလေသည်။ ထို့ပြင်တဝ (ယင်းယဟူဒီဘာသာဝင်တို့သည်) ဗာဗိလုံမြို့ရှိ အပါးတော်စေတမန် နှစ်ပါးဖြစ်သော ဟာရူတ်နှင့် မာရူတ်တို့ အပေါ်ဝယ် ကျရောက်သည့် စုန်းပယောဂ အတတ်ကိုလည်း လိုက်နာဆည်းပူးကြလေသည်။ ထိုအပါးတော်စေတမန် နှစ်ပါးတို့သည်(မိမိ တို့ထံကျရောက်သော စုန်းပယောဂ အတတ်များကို)မည်သူတစ်ဦးကိုမျှ သင်ကြားပေးလေ့မရှိ။ (သင်ကြားပို့ချပေးပါရန် တောင်းဆို လျှောက်ထားလာသူတို့ကို အိုအချင်းတို့) အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ (အသင်တို့အဘို့) အစမ်းအသပ်တစ်ရပ်အဖြစ်နှင့်သာလျှင် ဆင်းသက်ရောက်ရှိ လာကြသည်။ အသင်တို့သည်(ဤစုန်းပယောဂ အတတ်ကို ဆည်းပူးလေ့လာပြီး) ကာဖိရ်အယူကို မလိုက်စားကြကုန်လင့် (ဟု သွန်သင်ဆုံးမ၍ မြစ်တားကြလေသည်)။သို့မြစ်တားငြားသော်လည်း ယင်းသူ တို့သည်ထိုအပါးတော်စေတမန်နှစ်ပါးတို့ထံမှ ဇနီးမောင်နှံနှစ်ဦးကိုပြတ်စဲစေသောအတတ်ကို နည်းခံသင်ယူကြကုန်၏။ စင်စစ်ဆိုသော် ထိုသူတို့သည် အလ္လာဟ် အရှင်မြတ်၏အလိုတော်မရှိဘဲလျက်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုအတတ်ဖြင့်ဘေးအန္တရာယ်မပြုနိုင်ကြချေ၊ အမှန်သော်ကား ယင်းသူတို့သည် မိမိတို့အား အကျိုးကျေးဇူးမဖြစ်ထွန်းစေဘဲ အကျိုးယုတ်နစ်နာစေတတ်သော စုန်းပယောဂအတတ် ကိုသာ �ည်းခံသင်ယူကြလေသည်။ စင်စစ်အားဖြင့် (ထိုကဲ့သို့)အလ္လာဟ် အရှင်မြတ်၏ ကျမ်းမြတ်ဒေသနာ တော်ကို ပစ်ပယ်၍ စုန်းပယောဂအတတ်ကို လေ့လာ ဆည်းပူးသူများအဘို့အရာ နောင်တမလွန်ဘဝတွင် ကုသိုလ်အကျိုး ဝေစုဝေပုံ မရရှိနိုင်ကြောင်းကိုလည်းယင်းယဟူဒီဘာသာဝင်တို့သည် အသိပင်ဖြစ်ကြသည်။ ထိုယဟူဒီများသည် မိမိတို့အသက်နှင့်ပင် လဲလှယ်၍ လေ့လာလိုက်စားဆည်းပူးထားသော ထို စုန်းပယောဂ အတတ်များသည် ဆိုးယုတ်သိမ်ဖျင်း လှစွာတကား၊ ထိုသူတို့သည် (မိမိတို့၏ဘဝ ဖြစ်အင်ကို) သိကြပါလျှင် ကောင်းလေစွ။
2:103
وَلَوۡ أَنَّهُمۡ ءَامَنُواْ وَٱتَّقَوۡاْ لَمَثُوبَةٌ مِّنۡ عِندِ ٱللَّهِ خَيۡرٌۚ لَّوۡ كَانُواْ يَعۡلَمُونَ ١٠٣
(ယဟူဒီဘာသာဝင်တို့၏ အဖြစ်သည် ဝမ်းနည်းကြေကွဲစရာပင်၊) အကြောင်းမှာအကယ်၍သာ ထိုသူတို့သည်(အလ္လာဟ် အရှင်မြတ်၏ တရား ဒေသနာတော်များကို စိတ်စေတနာဖြူစင်စွာဖြင့်) ယုံကြည်မြတ်နိုး၍ ပြစ်မှုဒုစရိုက်များမှဝေးစွာကြဉ် ရှောင်ပါမူ ယင်းသူတို့သည် (အလွန်ချစ်ကြင်သနားတော်မူသော) အလ’ဟ်အရှင်မြတ်အထံတော်မှ ထူး ကဲမြင့်မြတ်လှစွာသော ဆုလာဘ်ပဏ္ဏာများကို ဧကန် မုချ ရကြကုန်ရာသည်။ ယင်းသူတို့သည် (ဤမျှပင်) သိရှိနားလည်ကြပါမူတော်လေစွတကား။
2:104
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَقُولُواْ رَٰعِنَا وَقُولُواْ ٱنظُرۡنَا وَٱسۡمَعُواْۗ وَلِلۡكَٰفِرِينَ عَذَابٌ أَلِيمٌ ١٠٤
အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြကုန်သော (မုအ်မင်အန်) အပေါင်းတို့၊ အသင်တို့သည် [နဗီတမန်တော် မုဟမ္မဒ်(ဆွ)အထံဝယ် မည်သည့် အကြောင်းအရာကိုမဆို လျှောက်ထားသောအခါ၌] ရာအိနာ ဟူသောပုဒ်ကို မသုံးစွဲကြကုန်လင့်၊ ဥုန်ဇုရ်နာ ဟူသောပုဒ်ကိုသာ သုံးစွဲကြကုန်။ ၎င်းပြင် အသင်တို့သည် [နဗီတမန်တော်မုဟမ္မဒ်(ဆွ) ၏ ဒေသနာတော်များကို မြေဝယ်မကျ] နာခံကြကုန်။ အကြောင်းသော်ကား (ထိုတရားဒေသနာတော်များကို) သွေဖည်ငြင်းဆန် မနာခံကြကုန်သော မိစ္ဆာဒိဋ္ဌိတို့အဘို့မှာ ပြင်းပြနာကျင်ဘွယ်ဖြစ်သော အပြစ်ဒဏ် များသည်အသင့်ရှိနှင့်ချေပြီ။
2:105
مَّا يَوَدُّ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ وَلَا ٱلۡمُشۡرِكِينَ أَن يُنَزَّلَ عَلَيۡكُم مِّنۡ خَيۡرٍ مِّن رَّبِّكُمۡۚ وَٱللَّهُ يَخۡتَصُّ بِرَحۡمَتِهِۦ مَن يَشَآءُۚ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ١٠٥
အထက်ကျော်ကာလများက ကျမ်းရခဲ့ပြီးဖြစ်သော လူတို့အနက်မှ သော်လည်းကောင်း၊ တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်နှင့် တွဲဘက်ယှဉ်တွဲ၍ အခြားအရာများကိုပါ ကိုးကွယ်ကြသော သူများအနက်မှသော်လည်းကောင်း၊(အလ္လာဟ်အရှင်မြတ်ကို) မယုံမကြည် သွေဖည်ငြင်းဆန်သော သူတို့သည် အသင်တို့အား ပြုစုပျိုးထောင် မွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ အသင်တို့အထံဝယ် မည်သည့်ကောင်းကျိုးချမ်းသာ (ကြီးပွားရာကြီးပွားကြောင်းနှင့် အမိန့်ဗျာဒိတ်တော်များ) ပို့ချပေးသနားတော်မူခြင်းကို(လုံးဝ) မနှစ်သက်ကြချေ။ သို့ရာတွင် (ယင်းသူတို့၏ မနာလိုဝန်တို ဣဿာမစ္ဆရိယစိတ်စေတနာ ထားခြင်းသည် အချည်းနှီးပင်တည်း)။အဘယ်ကြောင့်ဟူမူ အလ္လာဟ် အရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများကို (သာလျှင်) မိမိကရုဏာ တော်မြတ် (သက်ရောက်စေတော်မူရန်) သီးသန့် ခြားနားရွေးကောက်တော်မူလေသည်။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် မြင့်မြတ်သော ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်တည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 19, 2026
Don't forget us in your sincere prayers







