📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 163
وَلَوۡ أَنَّ أَهۡلَ ٱلۡقُرَىٰٓ ءَامَنُواْ وَٱتَّقَوۡاْ لَفَتَحۡنَا عَلَيۡهِم بَرَكَٰتٍ مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ وَلَٰكِن كَذَّبُواْ فَأَخَذۡنَٰهُم بِمَا كَانُواْ يَكۡسِبُونَ ٩٦ أَفَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا بَيَٰتًا وَهُمۡ نَآئِمُونَ ٩٧ أَوَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا ضُحًى وَهُمۡ يَلۡعَبُونَ ٩٨ أَفَأَمِنُواْ مَكۡرَ ٱللَّهِۚ فَلَا يَأۡمَنُ مَكۡرَ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡخَٰسِرُونَ ٩٩ أَوَلَمۡ يَهۡدِ لِلَّذِينَ يَرِثُونَ ٱلۡأَرۡضَ مِنۢ بَعۡدِ أَهۡلِهَآ أَن لَّوۡ نَشَآءُ أَصَبۡنَٰهُم بِذُنُوبِهِمۡۚ وَنَطۡبَعُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَسۡمَعُونَ ١٠٠ تِلۡكَ ٱلۡقُرَىٰ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآئِهَاۚ وَلَقَدۡ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَمَا كَانُواْ لِيُؤۡمِنُواْ بِمَا كَذَّبُواْ مِن قَبۡلُۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلۡكَٰفِرِينَ ١٠١ وَمَا وَجَدۡنَا لِأَكۡثَرِهِم مِّنۡ عَهۡدٍۖ وَإِن وَجَدۡنَآ أَكۡثَرَهُمۡ لَفَٰسِقِينَ ١٠٢ ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِم مُّوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَظَلَمُواْ بِهَاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ١٠٣ وَقَالَ مُوسَىٰ يَٰفِرۡعَوۡنُ إِنِّي رَسُولٌ مِّن رَّبِّ ٱلۡعَٰلَمِينَ ١٠٤
7:96
وَلَوۡ أَنَّ أَهۡلَ ٱلۡقُرَىٰٓ ءَامَنُواْ وَٱتَّقَوۡاْ لَفَتَحۡنَا عَلَيۡهِم بَرَكَٰتٍ مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ وَلَٰكِن كَذَّبُواْ فَأَخَذۡنَٰهُم بِمَا كَانُواْ يَكۡسِبُونَ ٩٦
အကယ်၍သာ (နဗီတမန်တော်များ ပွင့်ခဲ့ကြလေသော) မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြကုန် သောသူတို့သည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြ၍ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ခဲ့ကြပါမူ ငါအရှင်မြတ်သည် ထိုသူတို့အဖို့ မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ မင်္ဂလာအဖြာဖြာတို့ကို မုချဖွင့်ပေးတော်မူခဲ့အံ့။ သို့ရာတွင်မူကား ၎င်းတို့သည် (နဗီတမန်တော် အသီးသီးတို့အား)မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ရှာဖွေဆည်းပူးခဲ့ကြသည့်(ပြစ်မှုဒုစရိုက်များ)ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသတည်း။
7:97
أَفَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا بَيَٰتًا وَهُمۡ نَآئِمُونَ ٩٧
သို့ပါလျက် (မက္ကာဟ်မြို့နှင့်တကွ ပတ်ဝန်းကျင်)မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြကုန် သောသူတို့သည် ညအခါ၌ ၎င်းတို့အိပ်ပျော်နေကြစဉ် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (ရုတ်တရက်) ၎င်းတို့ထံ ရောက်ရှိလာမည်ကိုစိုးရိမ်ခြင်းကင်းမဲ့၍ စိတ်ချ၍နေကြပါသလော။
7:98
أَوَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا ضُحًى وَهُمۡ يَلۡعَبُونَ ٩٨
သို့တည်းမဟုတ် (ထိုမက္ကာဟ်မြို့နှင့် ပတ်ဝန်းကျင်) မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြသူတို့သည် နံနက်နေတက်ချိန်တွင်၎င်းတို့ ကစားခုန်စားလျက်ရှိနေကြစဉ် ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် (ရုတ်တရတ်) 4င်းတို့ထံရောက်ရှိလာမည်ကို ကြောင့်ကြခြင်းကင်းမဲ့၍ စိတ်ချပြီးနေကြပါသလော။
7:99
أَفَأَمِنُواْ مَكۡرَ ٱللَّهِۚ فَلَا يَأۡمَنُ مَكۡرَ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡخَٰسِرُونَ ٩٩
င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုကို စိုးရိမ်ခြင်းကင်းမဲ့ကာ စိတ်ချ၍နေကြပါသလော။ သို့ဖြစ်လျှင် နစ်နာဆုံးရှုံးသူတို့မှအပ အလ္လာဟ်အရှင်မြတ်၏ အကြံအစည်ကို စိုးရိမ်ကင်းမဲ့သူဟူ၍ တဦးတယောက်မျှမရှိပြီ။
7:100
أَوَلَمۡ يَهۡدِ لِلَّذِينَ يَرِثُونَ ٱلۡأَرۡضَ مِنۢ بَعۡدِ أَهۡلِهَآ أَن لَّوۡ نَشَآءُ أَصَبۡنَٰهُم بِذُنُوبِهِمۡۚ وَنَطۡبَعُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَسۡمَعُونَ ١٠٠
ဝ။(ဤ)ပထဝီမြေ နေထိုင်ခဲ့ကြသူများမရှိသည့်နောက် ယခု ဤပထဝီမြေကို အမွေဆက်ခံလျက် ရှိသူတို့အဖို့ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် 4င်းတို့အားလည်း 4င်းတို့၏ ပြစ်မှုများကြောင့် ဒုက္ခရောက်စေတာ်မူမည် ဖြစ်ကြောင်း မထင်ရှားသေးပါသလော။အမှန်သော်ကား ငါအရှင်မြတ်သည် 4င်းတို့၏ စိတ်နှလုံးများအပေါ် တံဆိပ်ခတ်နှိပ်ထားတော်မူသဖြင့် 4င်းတို့ သည် (မှန်ကန်သောတရားဒေသနာတော်များကို) နားဆင်နိုင်ကြမည် မဟုတ်ချေ။
7:101
تِلۡكَ ٱلۡقُرَىٰ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآئِهَاۚ وَلَقَدۡ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَمَا كَانُواْ لِيُؤۡمِنُواْ بِمَا كَذَّبُواْ مِن قَبۡلُۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلۡكَٰفِرِينَ ١٠١
ဤသည်တို့ကား (ရှေးဟောင်းခေတ်၏) အကြင်မြို့ရွာဒေသများ၏ အချို�အတ္ထုပ္ပတ္တိ များကို အသင့်ရှေ့ဝယ်ပြန်၍ ပြောကြားတော်မူလေသည်။ ဧကန်စင်စစ် ထိုမြို့ရွာဒေသတို့ ၌မှီတင်းနေထိုင်သော သူတို့ထံ 4င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာများနှင့်တကွ ရောက်ရှိလာခဲ့ကြလေသည်။ သို့ရာတွင် 4င်းတို့ယခင်က (တကြိမ်)မိမိတို့ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောအရာများကို ယုံကြည်မည့်သူများ မဟုတ်ခဲ့ကြချေ။ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့၏စိတ်နှလုံးများအပေါ် ၌ တံဆိပ်ခတ်နှိပ်တော်မူလေသတည်း။
7:102
وَمَا وَجَدۡنَا لِأَكۡثَرِهِم مِّنۡ عَهۡدٍۖ وَإِن وَجَدۡنَآ أَكۡثَرَهُمۡ لَفَٰسِقِينَ ١٠٢
အမှန်သော်ကား ငါအရှင်မြတ်သည် 4င်းတို့အနက် မြောက်မြားစွာသောသူတို့ ၌ ကတိသစ္စာတည်ကြည်မှုကို တွေ့ရှိတော်မမူခဲ့ချေ၊ စင်စစ်တမူကား ငါအရှင်မြတ်သည် 4င်းတို့ အနက်မြောက်မြားစွာသောသူတို့အား တရားလမ်းမှန်ကို ဖယ်ရှားသူများသာ တွေ့ရှိတော်မူခဲ့လေသတည်း။
7:103
ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِم مُّوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَظَلَمُواْ بِهَاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ١٠٣
တဖန် ငါ အရှင်မြတ်သည် ထိုရစူလ်တမန်တော်များ၏နောက်တွင် (နဗီတမန်တော်)မူစာအား မိမိ သက်သေလက္ခဏာတော်များနှင့်တကွ ဖစ်ရ်အောင်န် နှင့် 4င်း၏အကြီးအမှူးတို့ထံ စေလွှတ်တော်မူခဲ့ရာ 4င်းတို့သည် ထိုသက်သေလက္ခဏာတော်များကို မထီမဲ့မြင် ပြုခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်ကြသူတို့၏ နောက်ဆုံးအဖြစ်သည် မည်သို့ ဖြစ်ခဲ့သည်ကို အသင်ရှုပါလေ။
7:104
وَقَالَ مُوسَىٰ يَٰفِرۡعَوۡنُ إِنِّي رَسُولٌ مِّن رَّبِّ ٱلۡعَٰلَمِينَ ١٠٤
င်းပြင် (နဗီတမန်တော်)မူစာက အိုဖစ်ရ်အောင်န် ငါသည် ဧကန်စင်စစ် စကြာဝဋ္ဌာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအသျှင်မြတ် အထံတော်မှစေလွှတ်ခြင်းခံရသော ရစူလ်တမန်တော် တစ်ပါးပင်ဖြစ်ချေသည်ဟု ပြောကြားခဲ့လေ၏။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Saturday, August 22, 2026
Don't forget us in your sincere prayers







