📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 22
۞ سَيَقُولُ ٱلسُّفَهَآءُ مِنَ ٱلنَّاسِ مَا وَلَّىٰهُمۡ عَن قِبۡلَتِهِمُ ٱلَّتِي كَانُواْ عَلَيۡهَاۚ قُل لِّلَّهِ ٱلۡمَشۡرِقُ وَٱلۡمَغۡرِبُۚ يَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ١٤٢ وَكَذَٰلِكَ جَعَلۡنَٰكُمۡ أُمَّةً وَسَطًا لِّتَكُونُواْ شُهَدَآءَ عَلَى ٱلنَّاسِ وَيَكُونَ ٱلرَّسُولُ عَلَيۡكُمۡ شَهِيدًاۗ وَمَا جَعَلۡنَا ٱلۡقِبۡلَةَ ٱلَّتِي كُنتَ عَلَيۡهَآ إِلَّا لِنَعۡلَمَ مَن يَتَّبِعُ ٱلرَّسُولَ مِمَّن يَنقَلِبُ عَلَىٰ عَقِبَيۡهِۚ وَإِن كَانَتۡ لَكَبِيرَةً إِلَّا عَلَى ٱلَّذِينَ هَدَى ٱللَّهُۗ وَمَا كَانَ ٱللَّهُ لِيُضِيعَ إِيمَٰنَكُمۡۚ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٌ رَّحِيمٌ ١٤٣ قَدۡ نَرَىٰ تَقَلُّبَ وَجۡهِكَ فِي ٱلسَّمَآءِۖ فَلَنُوَلِّيَنَّكَ قِبۡلَةً تَرۡضَىٰهَاۚ فَوَلِّ وَجۡهَكَ شَطۡرَ ٱلۡمَسۡجِدِ ٱلۡحَرَامِۚ وَحَيۡثُ مَا كُنتُمۡ فَوَلُّواْ وُجُوهَكُمۡ شَطۡرَهُۥۗ وَإِنَّ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ لَيَعۡلَمُونَ أَنَّهُ ٱلۡحَقُّ مِن رَّبِّهِمۡۗ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا يَعۡمَلُونَ ١٤٤ وَلَئِنۡ أَتَيۡتَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ بِكُلِّ ءَايَةٍ مَّا تَبِعُواْ قِبۡلَتَكَۚ وَمَآ أَنتَ بِتَابِعٍ قِبۡلَتَهُمۡۚ وَمَا بَعۡضُهُم بِتَابِعٍ قِبۡلَةَ بَعۡضٍۚ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم مِّنۢ بَعۡدِ مَا جَآءَكَ مِنَ ٱلۡعِلۡمِ إِنَّكَ إِذًا لَّمِنَ ٱلظَّٰلِمِينَ ١٤٥
2:142
۞ سَيَقُولُ ٱلسُّفَهَآءُ مِنَ ٱلنَّاسِ مَا وَلَّىٰهُمۡ عَن قِبۡلَتِهِمُ ٱلَّتِي كَانُواْ عَلَيۡهَاۚ قُل لِّلَّهِ ٱلۡمَشۡرِقُ وَٱلۡمَغۡرِبُۚ يَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ١٤٢
မကြာမီကာလအတွင်း လူတို့အနက်မှ (ကစ်ဗ်လဟ် ပြောင်းလွဲခြင်း၏ သဘောတရားကို နားမလည်ကြသော) လူ့ဗာလတို့က အဘယ်အရာသည် ယင်း မုစ်လင်မ် များကို မိမိတို့၏ နဂိုမူလ မျက်နှာမူရာ အရပ်ဒိသာဘက်မှ ပြောင်းလွဲအောင် ပြုဘိသနည်းဟု မုချ (ကဲ့ရဲ့ပြစ် တင်) ပြောဆိုကြကုန်အံ့။ (အို-နဗီတမန်တော်) အသင်သည် အရှေ့နေထွက်ရာ အရပ်ကိုလည်းကောင်း၊ အနောက် နေဝင်ရာ အရပ်ကိုလည်းကောင်း၊ (အရပ်ရှစ်မျက်နှာ လုံးကို) အလ္လာဟ်အရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူ သည်၊ ထိုအသျှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူကို သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ညွှန်ကြားပြသ ပို့ဆောင်တော်မူသည်ဟု (ထိုသူတို့အား) တုံ့ပြန်ဖြေကြား ပါလေ။
2:143
وَكَذَٰلِكَ جَعَلۡنَٰكُمۡ أُمَّةً وَسَطًا لِّتَكُونُواْ شُهَدَآءَ عَلَى ٱلنَّاسِ وَيَكُونَ ٱلرَّسُولُ عَلَيۡكُمۡ شَهِيدًاۗ وَمَا جَعَلۡنَا ٱلۡقِبۡلَةَ ٱلَّتِي كُنتَ عَلَيۡهَآ إِلَّا لِنَعۡلَمَ مَن يَتَّبِعُ ٱلرَّسُولَ مِمَّن يَنقَلِبُ عَلَىٰ عَقِبَيۡهِۚ وَإِن كَانَتۡ لَكَبِيرَةً إِلَّا عَلَى ٱلَّذِينَ هَدَى ٱللَّهُۗ وَمَا كَانَ ٱللَّهُ لِيُضِيعَ إِيمَٰنَكُمۡۚ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٌ رَّحِيمٌ ١٤٣
ထို့ပြင် ဤနည်းနှင်နှင် ငါအသျှင်မြတ်သည် အသင်တို့ကိုလည်း အလယ်အလတ် (တရားမျှတသော အမြင့်မြတ်ဆုံးသော) သာသနာဝင်များအဖြစ် ပြုတော်မူ ခဲ့လေပြီ၊ (ယင်းကဲ့သို့ပြုတော်မူခြင်းမှာ) အသင်တို့သည် လူခပ်သိမ်းတို့အဘို့ အသိသက်သေများ ဖြစ်စေအံ့သောငှာလ ည်းကောင်း၊ ထို့ပြင်ရစူလ်တမန်တော် (မုဟမ္မဒ်) သည် လည်း အသင်တို့အဘို့ အသိသက်သေ ဖြစ်စိမ့်သောငှာ လည်း ကောင်း၊(ပြုတော်မူခြင်းပင်) ဖြစ်လေသည်။ စင်စစ် ငါအရှင် မြတ်သည် အသင်(နဂိုမူလက) မျက်နှာမူခဲ့ဘူးသည့် ကစ်ဗ်လဟ် (ဝါ) ဗိုင်တုလ်မုကဒ္ဒတ်စ် ကို (ကစ်ဗ်လဟ်အဖြစ်ယာယီအား ဖြင့်) ထားရှိတော် မူခဲ့ခြင်း အကြောင်းမှာ (နောင်အနာဂတ်တွင် ကစ်ဗ်လဟ် မျက်နှာမူရာ ကအ်ဗဟ် ဘက်သို့ ပြောင်းလွှဲ သောအခါ) ရစူလ်တမန်တော်၏ အမိန့်ကို လိုက်နာသောသူနှင့် မိမိတို့ခြေဖနောင့် ဘက်သို့ ပြန်လှည့်သွားသူတို့ကို (ခွဲခြား) သိတော် မူရန်သာ ဖြစ်ချေသည်။ စင်စစ်သော်ကား (ကစ်ဗ်လဟ် ပြောင်းလွှဲရန် အမိန့်တော်သည်) အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ညွှန်ကြားပြသ (ပို့ဆောင်) တော်မူခြင်းကို ခံရသူတို့ မှအပ (အခြားသူတို့ အဘို့လိုက်နာရန်) အလွန်ပင် ခဲယဉ်းလှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ယုံကြည်ခြင်း သဒ္ဓါတရား [(ဝါ) မူလ ကစ်ဗ်လဟ်ဘက်သို့ မျက် နှာမူ၍ ဆွလာတ် ဝတ်ပြုခဲ့ကြသည်] ကို အချည်းနှီး အကျိုးမဲ့ ဖြစ်စိမ့် သောငှာ (ဤသို့ပြောင်းလွှဲရန် အမိန့်ထုတ်ပြန်တော်မူသည်) မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်သည် လူခပ်သိမ်းတို့ အပေါ်ဝယ် စင်စစ် နူးညံ့သိမ်မွေ့တော် မူထသောအရှင်၊ မပြတ်မစဲ သနားညှာတာတော် မူထသောအရှင်၊ ဖြစ်တော်မူ ပေသတည်း။
2:144
قَدۡ نَرَىٰ تَقَلُّبَ وَجۡهِكَ فِي ٱلسَّمَآءِۖ فَلَنُوَلِّيَنَّكَ قِبۡلَةً تَرۡضَىٰهَاۚ فَوَلِّ وَجۡهَكَ شَطۡرَ ٱلۡمَسۡجِدِ ٱلۡحَرَامِۚ وَحَيۡثُ مَا كُنتُمۡ فَوَلُّواْ وُجُوهَكُمۡ شَطۡرَهُۥۗ وَإِنَّ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ لَيَعۡلَمُونَ أَنَّهُ ٱلۡحَقُّ مِن رَّبِّهِمۡۗ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا يَعۡمَلُونَ ١٤٤
အသင်သည် (မိမိစိတ်တွင်းဝယ် ဆွလာတ် ဝတ်ပြုရာ၌ မျက်နှာမူရန် ကအ်ဗဟ်ကျောင်းတော်ကို ကစ်ဗ်လဟ်ဖြစ်စေလို၍ အလ္လာဟ်အရှင်မြတ် အထံတော်မှ အမိန့်တော်ကို မျှော်လင့် လျက်) မိုးကောင်းကင်သို့ အကြိမ်ကြိမ် မျက်နှာမော်၍ ကြည့်နေသည်ကို ငါအရှင် မြတ်သည် မုချ မြင်တော်မူသည်ဖြစ်လေရာ အသင်နှစ်သက်လေသော ကစ်ဗ်လဟ် ဘက်သို့ အသင့်အား ငါအရှင်မြတ်သည် မုချဧကန် လှည့်၍ပေး တော်မူအံ့။ သို့ဖြစ်ရာ (အို-နဗီတမန်တော်) အသင်သည် မိမိ၏မျက်နှာကို (ယခုချိန်မှစ၍ ဆွလာတ်ဝတ်ပြုရာတွင်) မတ်စ်ဂျိဒေဟရာမ် (ဝါ) ကအ်ဗဟ်ကျောင်းတော်ဘက် သို့လှည့်ပါလေ။ ထိုမှတစ်ပါး အသင်တို့သည် မည်သည့် နေရာ (အရပ်ဒေသ) ၌ပင် ရှိနေစေကာမူ (ဆွလာတ်ဝတ်ပြုသောအခါ) ယင်း (မတ်စ် ဂျိဒေ့ဟရာမ်) ဘက်သို့သာလျှင် မိမိတို့မျက်နှာများကို လှည့်ကြကုန်လော့။ အမှန်စင်စစ် (အလ္လာဟ်အသျှင်မြတ်ထံမှ) ကျမ်းဂန်ရသော သူတို့သည်(လည်း) ထို (မတ်စ်ဂျိဒေ့ဟရာမ် ရှိရာဘက်သို့ မျက်နှာမူရန် အမိန့်တော်သည်) မိမိတို့အား မွေးမြူ တော်မူသော (အလ္လာဟ်) အရှင်မြတ်အထံတော်မှ ကျရောက်၍ မှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်ဟု မုချအမှန် သိရှိကြကုန် ၏။ (သို့ရာတွင် မနာလိုမုန်းထားသော သဘောဖြ�့်သာလျှင် မထီမဲ့မြင် ပြုကြလေသတည်း)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့ ပြုမူကျင့်ကြံလေသော ကိစ္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အသျှင် မဟုတ်ပေ။
2:145
وَلَئِنۡ أَتَيۡتَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ بِكُلِّ ءَايَةٍ مَّا تَبِعُواْ قِبۡلَتَكَۚ وَمَآ أَنتَ بِتَابِعٍ قِبۡلَتَهُمۡۚ وَمَا بَعۡضُهُم بِتَابِعٍ قِبۡلَةَ بَعۡضٍۚ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم مِّنۢ بَعۡدِ مَا جَآءَكَ مِنَ ٱلۡعِلۡمِ إِنَّكَ إِذًا لَّمِنَ ٱلظَّٰلِمِينَ ١٤٥
ထို့ပြင်တဝ (အို-နဗီတမန်တော်၊ အလ္လာဟ်အရှင် မြတ်အထံတော်မှ) ဓမ္မဒေသနာ ကျမ်းဂန်များ ရရှိသူ (ယဟူ ဒီနှင့် ခရစ်ယာန်) တို့ရှေ့ဝယ် အကယ်စင်စစ် အသင်သည် သက်သေသာဓက လက္ခဏာ ဟူသမျှကို ယူဆောင်တင်ပြပါသော်လည်း ယင်းသူတို့သည် အသင်၏ မျက်နှာမူရာ ကစ်ဗ်လဟ်ကို လိုက်နာကြလိမ့်မည် မဟုတ်ချေ။ အသင်သည်လည်း ယင်းသူတို့၏မျက်နှာမူရာအရပ်ကို လိုက်နာမည်မဟုတ်။ ယင်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည်လည်း အချင်းချင်း အချို့သည် အချို့၏ မျက်နှာမူရာအရပ်ကို လိုက်နာကြသည် မဟုတ်ပေ။ သို့ ဖြစ်၍ (ငါ အရှင်မြတ်၏အထံတော်မှ ကအ်ဗဟ်ကျောင်းတော် ဘက်သို့ မျက်နှာမူရန် အမိန့်တော်ကျရောက်၍ မှန်ကန်သော) အသိတရားများ အသင့်ထံရောက်ပြီးသည့်နောက် အသင်သည် ယင်းသူတို့၏ အလိုဆန္ဒများကို အကယ်စင်စစ် လိုက်လျောခဲ့ပါမူ အသင်သည် ပြစ်မှုကျူးလွန်သောသူများတွင် ဧကန်မုချ တစ်ဦးအပါအဝင် ဖြစ်ချေတော့အံ့။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 19, 2026
Don't forget us in your sincere prayers







