📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 29
أُحِلَّ لَكُمۡ لَيۡلَةَ ٱلصِّيَامِ ٱلرَّفَثُ إِلَىٰ نِسَآئِكُمۡۚ هُنَّ لِبَاسٌ لَّكُمۡ وَأَنتُمۡ لِبَاسٌ لَّهُنَّۗ عَلِمَ ٱللَّهُ أَنَّكُمۡ كُنتُمۡ تَخۡتَانُونَ أَنفُسَكُمۡ فَتَابَ عَلَيۡكُمۡ وَعَفَا عَنكُمۡۖ فَٱلۡـَٰٔنَ بَٰشِرُوهُنَّ وَٱبۡتَغُواْ مَا كَتَبَ ٱللَّهُ لَكُمۡۚ وَكُلُواْ وَٱشۡرَبُواْ حَتَّىٰ يَتَبَيَّنَ لَكُمُ ٱلۡخَيۡطُ ٱلۡأَبۡيَضُ مِنَ ٱلۡخَيۡطِ ٱلۡأَسۡوَدِ مِنَ ٱلۡفَجۡرِۖ ثُمَّ أَتِمُّواْ ٱلصِّيَامَ إِلَى ٱلَّيۡلِۚ وَلَا تُبَٰشِرُوهُنَّ وَأَنتُمۡ عَٰكِفُونَ فِي ٱلۡمَسَٰجِدِۗ تِلۡكَ حُدُودُ ٱللَّهِ فَلَا تَقۡرَبُوهَاۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ ءَايَٰتِهِۦ لِلنَّاسِ لَعَلَّهُمۡ يَتَّقُونَ  ۝١٨٧ وَلَا تَأۡكُلُوٓاْ أَمۡوَٰلَكُم بَيۡنَكُم بِٱلۡبَٰطِلِ وَتُدۡلُواْ بِهَآ إِلَى ٱلۡحُكَّامِ لِتَأۡكُلُواْ فَرِيقًا مِّنۡ أَمۡوَٰلِ ٱلنَّاسِ بِٱلۡإِثۡمِ وَأَنتُمۡ تَعۡلَمُونَ  ۝١٨٨ ۞ يَسۡـَٔلُونَكَ عَنِ ٱلۡأَهِلَّةِۖ قُلۡ هِيَ مَوَٰقِيتُ لِلنَّاسِ وَٱلۡحَجِّۗ وَلَيۡسَ ٱلۡبِرُّ بِأَن تَأۡتُواْ ٱلۡبُيُوتَ مِن ظُهُورِهَا وَلَٰكِنَّ ٱلۡبِرَّ مَنِ ٱتَّقَىٰۗ وَأۡتُواْ ٱلۡبُيُوتَ مِنۡ أَبۡوَٰبِهَاۚ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ  ۝١٨٩ وَقَٰتِلُواْ فِي سَبِيلِ ٱللَّهِ ٱلَّذِينَ يُقَٰتِلُونَكُمۡ وَلَا تَعۡتَدُوٓاْۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡمُعۡتَدِينَ  ۝١٩٠
2:187
أُحِلَّ لَكُمۡ لَيۡلَةَ ٱلصِّيَامِ ٱلرَّفَثُ إِلَىٰ نِسَآئِكُمۡۚ هُنَّ لِبَاسٌ لَّكُمۡ وَأَنتُمۡ لِبَاسٌ لَّهُنَّۗ عَلِمَ ٱللَّهُ أَنَّكُمۡ كُنتُمۡ تَخۡتَانُونَ أَنفُسَكُمۡ فَتَابَ عَلَيۡكُمۡ وَعَفَا عَنكُمۡۖ فَٱلۡـَٰٔنَ بَٰشِرُوهُنَّ وَٱبۡتَغُواْ مَا كَتَبَ ٱللَّهُ لَكُمۡۚ وَكُلُواْ وَٱشۡرَبُواْ حَتَّىٰ يَتَبَيَّنَ لَكُمُ ٱلۡخَيۡطُ ٱلۡأَبۡيَضُ مِنَ ٱلۡخَيۡطِ ٱلۡأَسۡوَدِ مِنَ ٱلۡفَجۡرِۖ ثُمَّ أَتِمُّواْ ٱلصِّيَامَ إِلَى ٱلَّيۡلِۚ وَلَا تُبَٰشِرُوهُنَّ وَأَنتُمۡ عَٰكِفُونَ فِي ٱلۡمَسَٰجِدِۗ تِلۡكَ حُدُودُ ٱللَّهِ فَلَا تَقۡرَبُوهَاۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ ءَايَٰتِهِۦ لِلنَّاسِ لَعَلَّهُمۡ يَتَّقُونَ  ۝١٨٧
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့အဖို့ရာ ဥပုသ်နေ့၏ညဉ့်၌ မိမိတို့ဇနီးမိန်းမများနှင့် သံဝါသပြုခြင်းကို ခွင့်ပြု တော်မူလေပြီ။ ယင်းဇနီးမိန်းမများသည် အသင်တို့ အဖို့ရာ (အရှက်အိန္ဒြေ ကိုလုံခြုံစွာဖုံး ကွယ်သော) ဝတ်စားတန် ဆာများ(ကဲ့သို့) ဖြစ်ကြ၏။ ထိုနည်း တူစွာ အသင်တို့သည် လည်း ထိုဇနီးမိန်းမများအဖို့အရာ (အရှက်အိန္ဒြေကို လုံခြုံစွာ ဖုံးကွယ်သော) ဝတ်စားတန်ဆာများ (ကဲ့သို့)ပင် ဖြစ်ကြလေ သည်။ အသင်တို့သည်(ဤအမိန့် မကျရောက်မီက ညများ၌ မိမိတို့ဇနီးမိန်းမများနှင့် ပုန်းလျှိုး၍ သံဝါသပြုခြင်း အားဖြင့်) မိမိတို့ကိုယ်ကို မိမိတို့ပင် လှည့်စားလျက် ရှိနေခဲ့ကြသည်ကို အလ္လာဟ်အရှင်မြတ်သည် သိရှိပြီး ဖြစ်တော်မူ၏။ သို့ပင်တစေ ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူ၍ အသင်တို့ (ပြုခဲ့ပြီးဖြစ်သောအပြစ်တို့) ကို ခွင့်လွှတ်တော်မူပြီး (နောင်အဖို့လည်း ဇနီးမိန်းများနှင့် ဥပုသ်နေ့၏ညဉ့်များတွင် သံဝါသပြုရန် ခွင့်ပြုထားတော်မူပြီ)။ သို့အတွက်ကြောင့် ယခုမှစ၍အသင်တို့သည် ထိုဇနီးမိန်းမတို့နှင့် သံဝါသပြုကြ၍ အသင်တို့အဖို့ အလ္လာဟ် အရှင်မြတ် ပြဋ္ဌာန်းထားတော်မူသော အရာများကို ရှာဖွေကြလေကုန်။ ထိုမှတစ်ပါးတုံ အသင်တို့သည် ချည်မျှင်အနက် (တည်းဟူသော ညဉ့်၏အမှောင်)မှ ချည်မျှင် အဖြူ (တည်းဟူ သော) နံနက်မိုးလင်း အရုဏ်တက်ချိန်၏ အလင်းရောင် ပေါ်လွင်ထင်ရှားလာလေသည့် တိုင်အောင် (အစာ အာဟာရ များကို) စားသောက်ကြကုန်လော့။ တဖန် အသင်တို့သည် (ယင်းအလင်းရောင်ပေါ်လာသည်မှ နေဝင်၍) ညဉ့်အချိန် (ကျရောက်လာသည့်) တိုင်အောင် အချိန်ပြည့် ဥပုသ်သီလ ဆောက်တည်ကြ ကုန်လော့။ သို့ရာတွင် အသင်တို့သည် ဗလီ ကျောင်းတော်များတွင် အေ့တိကာဖ် သီတင်းသုံး နေထိုင် ကြစဉ်အခါ၌ ထိုဇနီးမိန်းမတို့နှင့် သံဝါသ ပြုခြင်းကို အလျင်း မပြုကြကုန်လင့်။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ် သတ် မှတ်ထားတော်မူသော နယ်နိမိတ်များပင် ဖြစ်ရကား အသင် တို့သည် ထိုနယ်နိမိတ်များ၏အပါးသို့ပင် မချဉ်းကပ်ကြ ကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် မိမိ အမိန့်ဒေသနာတော်များကို လူခပ်သိမ်းတို့ (သိစိမ့်သောငှါ) ရှင်းလင်း ဖော်ပြတော်မူလေသည်။ သို့မှသာလျှင် ယင်းသူတို့ သည် ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ကြဉ်သောသူများ ဖြစ်တန်ကြရာကုန်သတည်း။
2:188
وَلَا تَأۡكُلُوٓاْ أَمۡوَٰلَكُم بَيۡنَكُم بِٱلۡبَٰطِلِ وَتُدۡلُواْ بِهَآ إِلَى ٱلۡحُكَّامِ لِتَأۡكُلُواْ فَرِيقًا مِّنۡ أَمۡوَٰلِ ٱلنَّاسِ بِٱلۡإِثۡمِ وَأَنتُمۡ تَعۡلَمُونَ  ۝١٨٨
အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦး၏ ပစ္စည်းကို တစ်ဦးက မတရားသောနည်းဖြင့် မစားသုံး ကြကုန်လင့်။ ထို့ပြင်တဝ အသင်တို့သည် သူတစ်ပါးတို့ ၏ ဥစ္စာပစ္စည်း များအနက် တစ်စိတ်တစ်ဒေသကို မတရားသောနည်းဖြင့် စားသုံးရန်အလို့ငှါ (တန်ဆိုး လက်ဆောင်အဖြစ်ဖြင့်) အာဏာ ပိုင်မင်းများထံသို့ ယင်းပစ္စည်းများကို မပို့ဆောင်ကြကုန်လင့်။ ထိုသို့ ပြုလုပ်ခြင်းများသည် မတရားသောအကျင့်အကြံများ ဖြစ်သည်ကိုလည်း အသင်တို့အသိပင်ဖြစ်ကြပေသည်။
2:189
۞ يَسۡـَٔلُونَكَ عَنِ ٱلۡأَهِلَّةِۖ قُلۡ هِيَ مَوَٰقِيتُ لِلنَّاسِ وَٱلۡحَجِّۗ وَلَيۡسَ ٱلۡبِرُّ بِأَن تَأۡتُواْ ٱلۡبُيُوتَ مِن ظُهُورِهَا وَلَٰكِنَّ ٱلۡبِرَّ مَنِ ٱتَّقَىٰۗ وَأۡتُواْ ٱلۡبُيُوتَ مِنۡ أَبۡوَٰبِهَاۚ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ  ۝١٨٩
(အို-နဗီတမန်တော်) အချို့သူများသည် ဆန်း ဦးစ-လ-များနှင့် စပ်လျဉ်း၍ အသင့်ထံ လာရောက် မေးမြန်း ကြသည်။ အသင်သည် (ထိုသူတို့အား ဤသို့)ဖြေကြားပါလော။ ထိုဆန်းဦးစလများသည် လူခပ်သိမ်း တို့အဖို့ အချိန်ကာလများ ကို အမှတ်သညာပြုနိုင်အံ့သောငှါ လည်းကောင်း၊ ဟဂျ်ပြုရန် သတ်မှတ်ထားသောနေ့ ရက်များကို သိနိုင်အံ့ သောငှာလည်း ကောင်း၊ (ပြုထားတော်မူသော) အမှတ်သညာ များသာဖြစ်ချေ သည်။ သင်တို့သည် (ဟဂျ်ပြုရန် အိဟ်ရာမ် ခေါ် ဝတ်ရုံများ ဝတ်ဆင်ပြီး မိမိတို့)အိမ်များကို (ပြန်လာသောအခါ) အိမ်၏ နောက်ဘက်မှ ဝင်ရောက်ခြင်းသည် ကောင်းမြတ်သောအကျင့် သီလမဟုတ်ပေ။ အမှန် အားဖြင့်(အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေ၍) မကောင်း မှုဒုစရိုက်များကို ရှောင်ကြဉ် သော သူများသာလျှင် သူမွန်သူမြတ်များ ဖြစ်ကြပေသည်။ သို့ဖြစ်ရာ အသင်တို့သည် (မိမိတို့) အိမ်တွင်းသို့ (ဝင်ရောက်ကြ သောအခါ) (ဝင်ထွက်သွားလာရိုးဖြစ်သော) တံခါးပေါက်များ မှသာ ဝင်ကြကုန်လော့။ ၎င်းပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကြ ကုန်လော့။ သို့မှသာလျှင် အသင်တို့သည်(နှစ်ဘဝလုံး၌) အောင်မြင်ကြပေမည်။
2:190
وَقَٰتِلُواْ فِي سَبِيلِ ٱللَّهِ ٱلَّذِينَ يُقَٰتِلُونَكُمۡ وَلَا تَعۡتَدُوٓاْۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡمُعۡتَدِينَ  ۝١٩٠
ထို့ပြင်တဝ အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင်တိုက် ခိုက်ကြကုန်လော့။ သို့ရာတွင် (ဤသို့တိုက်ခိုက် ရာ၌) အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူးလွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။


📚Juz 2 📄29 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Friday, August 21, 2026

Don't forget us in your sincere prayers