အလ်-ဗကရ · 188/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَلَا تَأْكُلُوا أَمْوَالَكُم بَيْنَكُم بِالْبَاطِلِ وَتُدْلُوا بِهَا إِلَى الْحُكَّامِ لِتَأْكُلُوا فَرِيقًا مِّنْ أَمْوَالِ النَّاسِ بِالْإِثْمِ وَأَنتُمْ تَعْلَمُونَ ۝١٨٨
Wa laa taakuloo amwaalakum bainakum bilbaatili wa tudloo bihaaa ilal hukkaami litaakuloo fareeqam min amwaalin naasi bil ismi wa antum ta`lamoon
📖 မြန်မာဘာသာ
အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦး၏ ပစ္စည်းကို တစ်ဦးက မတရားသောနည်းဖြင့် မစားသုံး ကြကုန်လင့်။ ထို့ပြင်တဝ အသင်တို့သည် သူတစ်ပါးတို့ ၏ ဥစ္စာပစ္စည်း များအနက် တစ်စိတ်တစ်ဒေသကို မတရားသောနည်းဖြင့် စားသုံးရန်အလို့ငှါ (တန်ဆိုး လက်ဆောင်အဖြစ်ဖြင့်) အာဏာ ပိုင်မင်းများထံသို့ ယင်းပစ္စည်းများကို မပို့ဆောင်ကြကုန်လင့်။ ထိုသို့ ပြုလုပ်ခြင်းများသည် မတရားသောအကျင့်အကြံများ ဖြစ်သည်ကိုလည်း အသင်တို့အသိပင်ဖြစ်ကြပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • ဗာသွီလ် (بِالْبَاطِلِ) — မမှန်ကန်သော၊ တရားမဝင်သော၊ ရှရီအသ်တရားတော်နှင့် ဆန့်ကျင်သော နည်းလမ်းဖြင့် ဟု အဓိပ္ပာယ်ရသည်။
  • တုဒ်လူ (تُدْلُوا) — ပစ်ချသည်၊ ပေးအပ်သည်၊ တင်ပြသည် ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် တရားသူကြီးများထံ တရားမဝင်သော နည်းလမ်းဖြင့် အမှုတင်ပြခြင်းကို ဆိုလိုသည်။
  • ဖရီကွန် (فَرِيقًا) — အုပ်စုတစ်စု၊ လူတစ်စုကို ဆိုလိုသည်။
  • ဗိလ်အိသ်မ် (بِالْإِثْمِ) — အပြစ်ဖြင့်၊ မတရားမှုဖြင့် ဟု အဓိပ္ပာယ်ရသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် မုစ်လင်မ်များအား သတိပေးတော်မူသည်မှာ — သင်တို့အချင်းချင်း တစ်ဦး၏ဥစ္စာကို အခြားတစ်ဦးက မမှန်မကန်သော နည်းလမ်းများဖြစ်သည့် ခိုးယူခြင်း၊ လုယက်ခြင်း၊ လိမ်လည်ခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း၊ အတိုးယူခြင်း၊ မမှန်သော သက်သေခံခြင်း စသည့် နည်းလမ်းများဖြင့် မစားသုံးကြရန် ဖြစ်သည်။ ထို့အပြင် ထိုသို့သော မတရားသော နည်းလမ်းများဖြင့် တရားသူကြီးများ၊ အာဏာပိုင်များထံ အမှုတင်ပြ၍ သူတစ်ပါး၏ ဥစ္စာပစ္စည်းများကို မတရားသော နည်းလမ်းဖြင့် ရယူစားသုံးရန် မကြိုးစားကြရန် မိန့်တော်မူသည်။ ဤသို့ ပြုလုပ်ခြင်းသည် အပြစ်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သိရှိထားကြပါလျက် ပြုလုပ်ခြင်းသည် အလွန်ဆိုးရွားသော ကိစ္စဖြစ်သည်။ အကြောင်းမှာ အပြစ်ဖြစ်ကြောင်း သိရှိထားပါလျက် တမင်တကာ ကျူးလွန်ခြင်းသည် အပြစ်ပို၍ကြီးမားပြီး အပြစ်ဒဏ်လည်း ပို၍ပြင်းထန်သောကြောင့် ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အစ္စလာမ်သာသနာသည် ဥစ္စာပစ္စည်း လုံခြုံမှုကို အလွန်အလေးထားသည်။ တစ်ဦး၏ ဥစ္စာကို အခြားတစ်ဦးက မတရားနည်းလမ်းဖြင့် ရယူခြင်းသည် အလ္လာဟ်အရှင်မြတ် ပြင်းထန်စွာ တားမြစ်တော်မူသော ကိစ္စဖြစ်သည်။
  • တရားစီရင်ရေးစနစ်ကို အလွဲသုံးစားလုပ်ခြင်း၊ မမှန်သော သက်သေခံချက်များဖြင့် သူတစ်ပါး၏ ဥစ္စာကို ရယူခြင်းသည် အလွန်ကြီးလေးသော အပြစ်ဖြစ်သည်။
  • အပြစ်ဖြစ်ကြောင်း သိရှိထားပါလျက် ကျူးလွန်ခြင်းသည် မသိဘဲ ကျူးလွန်ခြင်းထက် ပို၍ဆိုးရွားသည်။ ထို့ကြောင့် အသိပညာနှင့်


📜 အာယာသ် 186-190 — စူရာ အလ်-ဗကရ

186وَإِذَا سَأَلَكَ عِبَادِي عَنِّي فَإِنِّي قَرِيبٌ ۖ أُجِيبُ دَعْوَةَ الدَّاعِ إِذَا دَعَانِ ۖ فَلْيَسْتَجِيبُوا لِي وَلْيُؤْمِنُوا بِي لَعَلَّهُمْ يَرْشُدُونَ
ထို့ပြင်တဝ [အို-နဗီတမန်တော်မုဟမ္မဒ်(ဆွ)] ငါ အရှင်မြတ်၏ကျွန်များသည် ငါအရှင်မြတ်နှင့် ပတ်သက်၍ အသင့် ထံမေးမြန်းကြသောအခါဝယ် (အသင်သည် ဤကဲ့သို့ ဖြေကြားပါလေ)မုချဧကန် ငါအရှင်မြတ်သည် (ယင်းသူတို့နှင့်) နီးကပ် စွာ ပင် ရှိတော်မူ၏။ ငါအရှင်သည် ဆုတောင်းပတ္ထနာ ပြုသူ၏ ဆုတောင်း ပတ္ထနာပြုချက်ကို သဘောတူ လက်ခံ တော် မူ၏။ သို့ဖြစ်လေရာ ယင်းသူတို့သည် ငါအရှင်မြတ်၏ အမိန့်တော်များကို လက်ခံနာယူ၍ ငါအရှင်မြတ်ကိုသာ ယုံ ကြည်မြတ်နိုးကြရမည်။ သို့မှသာလျှင် ယင်းသူတို့သည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ရရှိကြသူများဖြစ် တန်ရာ၏။
187أُحِلَّ لَكُمْ لَيْلَةَ الصِّيَامِ الرَّفَثُ إِلَىٰ نِسَائِكُمْ ۚ هُنَّ لِبَاسٌ لَّكُمْ وَأَنتُمْ لِبَاسٌ لَّهُنَّ ۗ عَلِمَ اللَّهُ أَنَّكُمْ كُنتُمْ تَخْتَانُونَ أَنفُسَكُمْ فَتَابَ عَلَيْكُمْ وَعَفَا عَنكُمْ ۖ فَالْآنَ بَاشِرُوهُنَّ وَابْتَغُوا مَا كَتَبَ اللَّهُ لَكُمْ ۚ وَكُلُوا وَاشْرَبُوا حَتَّىٰ يَتَبَيَّنَ لَكُمُ الْخَيْطُ الْأَبْيَضُ مِنَ الْخَيْطِ الْأَسْوَدِ مِنَ الْفَجْرِ ۖ ثُمَّ أَتِمُّوا الصِّيَامَ إِلَى اللَّيْلِ ۚ وَلَا تُبَاشِرُوهُنَّ وَأَنتُمْ عَاكِفُونَ فِي الْمَسَاجِدِ ۗ تِلْكَ حُدُودُ اللَّهِ فَلَا تَقْرَبُوهَا ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ آيَاتِهِ لِلنَّاسِ لَعَلَّهُمْ يَتَّقُونَ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့အဖို့ရာ ဥပုသ်နေ့၏ညဉ့်၌ မိမိတို့ဇနီးမိန်းမများနှင့် သံဝါသပြုခြင်းကို ခွင့်ပြု တော်မူလေပြီ။ ယင်းဇနီးမိန်းမများသည် အသင်တို့ အဖို့ရာ (အရှက်အိန္ဒြေ ကိုလုံခြုံစွာဖုံး ကွယ်သော) ဝတ်စားတန် ဆာများ(ကဲ့သို့) ဖြစ်ကြ၏။ ထိုနည်း တူစွာ အသင်တို့သည် လည်း ထိုဇနီးမိန်းမများအဖို့အရာ (အရှက်အိန္ဒြေကို လုံခြုံစွာ ဖုံးကွယ်သော) ဝတ်စားတန်ဆာများ (ကဲ့သို့)ပင် ဖြစ်ကြလေ သည်။ အသင်တို့သည်(ဤအမိန့် မကျရောက်မီက ညများ၌ မိမိတို့ဇနီးမိန်းမများနှင့် ပုန်းလျှိုး၍ သံဝါသပြုခြင်း အားဖြင့်) မိမိတို့ကိုယ်ကို မိမိတို့ပင် လှည့်စားလျက် ရှိနေခဲ့ကြသည်ကို အလ္လာဟ်အရှင်မြတ်သည် သိရှိပြီး ဖြစ်တော်မူ၏။ သို့ပင်တစေ ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူ၍ အသင်တို့ (ပြုခဲ့ပြီးဖြစ်သောအပြစ်တို့) ကို ခွင့်လွှတ်တော်မူပြီး (နောင်အဖို့လည်း ဇနီးမိန်းများနှင့် ဥပုသ်နေ့၏ညဉ့်များတွင် သံဝါသပြုရန် ခွင့်ပြုထားတော်မူပြီ)။ သို့အတွက်ကြောင့် ယခုမှစ၍အသင်တို့သည် ထိုဇနီးမိန်းမတို့နှင့် သံဝါသပြုကြ၍ အသင်တို့အဖို့ အလ္လာဟ် အရှင်မြတ် ပြဋ္ဌာန်းထားတော်မူသော အရာများကို ရှာဖွေကြလေကုန်။ ထိုမှတစ်ပါးတုံ အသင်တို့သည် ချည်မျှင်အနက် (တည်းဟူသော ညဉ့်၏အမှောင်)မှ ချည်မျှင် အဖြူ (တည်းဟူ သော) နံနက်မိုးလင်း အရုဏ်တက်ချိန်၏ အလင်းရောင် ပေါ်လွင်ထင်ရှားလာလေသည့် တိုင်အောင် (အစာ အာဟာရ များကို) စားသောက်ကြကုန်လော့။ တဖန် အသင်တို့သည် (ယင်းအလင်းရောင်ပေါ်လာသည်မှ နေဝင်၍) ညဉ့်အချိန် (ကျရောက်လာသည့်) တိုင်အောင် အချိန်ပြည့် ဥပုသ်သီလ ဆောက်တည်ကြ ကုန်လော့။ သို့ရာတွင် အသင်တို့သည် ဗလီ ကျောင်းတော်များတွင် အေ့တိကာဖ် သီတင်းသုံး နေထိုင် ကြစဉ်အခါ၌ ထိုဇနီးမိန်းမတို့နှင့် သံဝါသ ပြုခြင်းကို အလျင်း မပြုကြကုန်လင့်။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ် သတ် မှတ်ထားတော်မူသော နယ်နိမိတ်များပင် ဖြစ်ရကား အသင် တို့သည် ထိုနယ်နိမိတ်များ၏အပါးသို့ပင် မချဉ်းကပ်ကြ ကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် မိမိ အမိန့်ဒေသနာတော်များကို လူခပ်သိမ်းတို့ (သိစိမ့်သောငှါ) ရှင်းလင်း ဖော်ပြတော်မူလေသည်။ သို့မှသာလျှင် ယင်းသူတို့ သည် ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ကြဉ်သောသူများ ဖြစ်တန်ကြရာကုန်သတည်း။
188وَلَا تَأْكُلُوا أَمْوَالَكُم بَيْنَكُم بِالْبَاطِلِ وَتُدْلُوا بِهَا إِلَى الْحُكَّامِ لِتَأْكُلُوا فَرِيقًا مِّنْ أَمْوَالِ النَّاسِ بِالْإِثْمِ وَأَنتُمْ تَعْلَمُونَ
အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦး၏ ပစ္စည်းကို တစ်ဦးက မတရားသောနည်းဖြင့် မစားသုံး ကြကုန်လင့်။ ထို့ပြင်တဝ အသင်တို့သည် သူတစ်ပါးတို့ ၏ ဥစ္စာပစ္စည်း များအနက် တစ်စိတ်တစ်ဒေသကို မတရားသောနည်းဖြင့် စားသုံးရန်အလို့ငှါ (တန်ဆိုး လက်ဆောင်အဖြစ်ဖြင့်) အာဏာ ပိုင်မင်းများထံသို့ ယင်းပစ္စည်းများကို မပို့ဆောင်ကြကုန်လင့်။ ထိုသို့ ပြုလုပ်ခြင်းများသည် မတရားသောအကျင့်အကြံများ ဖြစ်သည်ကိုလည်း အသင်တို့အသိပင်ဖြစ်ကြပေသည်။
189۞ يَسْأَلُونَكَ عَنِ الْأَهِلَّةِ ۖ قُلْ هِيَ مَوَاقِيتُ لِلنَّاسِ وَالْحَجِّ ۗ وَلَيْسَ الْبِرُّ بِأَن تَأْتُوا الْبُيُوتَ مِن ظُهُورِهَا وَلَٰكِنَّ الْبِرَّ مَنِ اتَّقَىٰ ۗ وَأْتُوا الْبُيُوتَ مِنْ أَبْوَابِهَا ۚ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ
(အို-နဗီတမန်တော်) အချို့သူများသည် ဆန်း ဦးစ-လ-များနှင့် စပ်လျဉ်း၍ အသင့်ထံ လာရောက် မေးမြန်း ကြသည်။ အသင်သည် (ထိုသူတို့အား ဤသို့)ဖြေကြားပါလော။ ထိုဆန်းဦးစလများသည် လူခပ်သိမ်း တို့အဖို့ အချိန်ကာလများ ကို အမှတ်သညာပြုနိုင်အံ့သောငှါ လည်းကောင်း၊ ဟဂျ်ပြုရန် သတ်မှတ်ထားသောနေ့ ရက်များကို သိနိုင်အံ့ သောငှာလည်း ကောင်း၊ (ပြုထားတော်မူသော) အမှတ်သညာ များသာဖြစ်ချေ သည်။ သင်တို့သည် (ဟဂျ်ပြုရန် အိဟ်ရာမ် ခေါ် ဝတ်ရုံများ ဝတ်ဆင်ပြီး မိမိတို့)အိမ်များကို (ပြန်လာသောအခါ) အိမ်၏ နောက်ဘက်မှ ဝင်ရောက်ခြင်းသည် ကောင်းမြတ်သောအကျင့် သီလမဟုတ်ပေ။ အမှန် အားဖြင့်(အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေ၍) မကောင်း မှုဒုစရိုက်များကို ရှောင်ကြဉ် သော သူများသာလျှင် သူမွန်သူမြတ်များ ဖြစ်ကြပေသည်။ သို့ဖြစ်ရာ အသင်တို့သည် (မိမိတို့) အိမ်တွင်းသို့ (ဝင်ရောက်ကြ သောအခါ) (ဝင်ထွက်သွားလာရိုးဖြစ်သော) တံခါးပေါက်များ မှသာ ဝင်ကြကုန်လော့။ ၎င်းပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကြ ကုန်လော့။ သို့မှသာလျှင် အသင်တို့သည်(နှစ်ဘဝလုံး၌) အောင်မြင်ကြပေမည်။
190وَقَاتِلُوا فِي سَبِيلِ اللَّهِ الَّذِينَ يُقَاتِلُونَكُمْ وَلَا تَعْتَدُوا ۚ إِنَّ اللَّهَ لَا يُحِبُّ الْمُعْتَدِينَ
ထို့ပြင်တဝ အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင်တိုက် ခိုက်ကြကုန်လော့။ သို့ရာတွင် (ဤသို့တိုက်ခိုက် ရာ၌) အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူးလွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
188အာယာသ်

ဘာသာပြန် — အလ်-ဗကရ 188

စူရာ အလ်-ဗကရ အာယာသ် 188 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦး၏ ပစ္စည်းကို တစ်ဦးက မတရားသောနည်းဖြင့် မစားသုံး ကြကုန်လင့်။ ထို့ပြင်တဝ အသင်တို့သည်…

စူရာ အာယာသ် 188/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 186–190. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 22, 2026

Don't forget us in your sincere prayers