📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 37
وَإِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَبَلَغۡنَ أَجَلَهُنَّ فَأَمۡسِكُوهُنَّ بِمَعۡرُوفٍ أَوۡ سَرِّحُوهُنَّ بِمَعۡرُوفٍۚ وَلَا تُمۡسِكُوهُنَّ ضِرَارًا لِّتَعۡتَدُواْۚ وَمَن يَفۡعَلۡ ذَٰلِكَ فَقَدۡ ظَلَمَ نَفۡسَهُۥۚ وَلَا تَتَّخِذُوٓاْ ءَايَٰتِ ٱللَّهِ هُزُوًاۚ وَٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ وَمَآ أَنزَلَ عَلَيۡكُم مِّنَ ٱلۡكِتَٰبِ وَٱلۡحِكۡمَةِ يَعِظُكُم بِهِۦۚ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ ٢٣١ وَإِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَبَلَغۡنَ أَجَلَهُنَّ فَلَا تَعۡضُلُوهُنَّ أَن يَنكِحۡنَ أَزۡوَٰجَهُنَّ إِذَا تَرَٰضَوۡاْ بَيۡنَهُم بِٱلۡمَعۡرُوفِۗ ذَٰلِكَ يُوعَظُ بِهِۦ مَن كَانَ مِنكُمۡ يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۗ ذَٰلِكُمۡ أَزۡكَىٰ لَكُمۡ وَأَطۡهَرُۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ٢٣٢ ۞ وَٱلۡوَٰلِدَٰتُ يُرۡضِعۡنَ أَوۡلَٰدَهُنَّ حَوۡلَيۡنِ كَامِلَيۡنِۖ لِمَنۡ أَرَادَ أَن يُتِمَّ ٱلرَّضَاعَةَۚ وَعَلَى ٱلۡمَوۡلُودِ لَهُۥ رِزۡقُهُنَّ وَكِسۡوَتُهُنَّ بِٱلۡمَعۡرُوفِۚ لَا تُكَلَّفُ نَفۡسٌ إِلَّا وُسۡعَهَاۚ لَا تُضَآرَّ وَٰلِدَةُۢ بِوَلَدِهَا وَلَا مَوۡلُودٌ لَّهُۥ بِوَلَدِهِۦۚ وَعَلَى ٱلۡوَارِثِ مِثۡلُ ذَٰلِكَۗ فَإِنۡ أَرَادَا فِصَالًا عَن تَرَاضٍ مِّنۡهُمَا وَتَشَاوُرٍ فَلَا جُنَاحَ عَلَيۡهِمَاۗ وَإِنۡ أَرَدتُّمۡ أَن تَسۡتَرۡضِعُوٓاْ أَوۡلَٰدَكُمۡ فَلَا جُنَاحَ عَلَيۡكُمۡ إِذَا سَلَّمۡتُم مَّآ ءَاتَيۡتُم بِٱلۡمَعۡرُوفِۗ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ بِمَا تَعۡمَلُونَ بَصِيرٌ ٢٣٣
2:231
وَإِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَبَلَغۡنَ أَجَلَهُنَّ فَأَمۡسِكُوهُنَّ بِمَعۡرُوفٍ أَوۡ سَرِّحُوهُنَّ بِمَعۡرُوفٍۚ وَلَا تُمۡسِكُوهُنَّ ضِرَارًا لِّتَعۡتَدُواْۚ وَمَن يَفۡعَلۡ ذَٰلِكَ فَقَدۡ ظَلَمَ نَفۡسَهُۥۚ وَلَا تَتَّخِذُوٓاْ ءَايَٰتِ ٱللَّهِ هُزُوًاۚ وَٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ وَمَآ أَنزَلَ عَلَيۡكُم مِّنَ ٱلۡكِتَٰبِ وَٱلۡحِكۡمَةِ يَعِظُكُم بِهِۦۚ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ ٢٣١
တဖန် မည်သည့်အခါဝယ် အသင်တို့သည် (မိမိတို့) ဇနီးမိန်းမများကို (တွလာက်ရဂျ်အီ)ပေး၍ ကွာ ရှင်းပြီးသည့်နောက် ထိုဇနီးမိန်းမတို့သည် (မိမိ တို့အဖို့ ကန့် သတ် ပိုင်းခြားထားသော) အစ်ဒ်ဒတ် ရက်ပိုင်းကာလ ပရိစ္ဆေဒ (ကုန်ဆုံးခါနီး) သို့ရောက်ရှိသွားကြပါမူ၊ အသင်တို့ သည် ထိုဇနီးမိန်းမတို့အား တရားစည်းကမ်းနှင့်အညီ ပြန် လည်သိမ်းပိုက်ပေါင်းသင်းကြရမည်၊ သို့တည်းမဟုတ် တရားစည်းကမ်းအတိုင်း ထိုဇနီးမိန်းမတို့အား စွန့်လွှတ်ကြ ရမည်။ သို့ရာတွင် အသင်တို့သည် ထိုဇနီးမိန်းမတို့ကို နစ်နာစေ သောစေတနာဖြင့် ညှဉ်းပန်းနှိပ်စက်နိုင်ကြရန်အတွက် ပြန် လည် သိမ်းပိုက်ခြင်းကို မပြုကြကုန်လင့်။ အမှန်သော်ကား မည်သူမဆို ယင်းကဲ့သို့ (နစ်နာစေမှုကို) ပြုလုပ်ခဲ့ပါမူ ထို သူသည် အမှန်စင်စစ် မိမိကိုယ်ကိုသာ မိမိ နှိပ်စက်ရာ ရောက် ပေသည်။ ထိုမှတပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို ပြောင်လှ�ာင်ပြက်ချော် သရော် သမှုမပြုလုပ်ကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်ပြုထားတော်မူသော ကျေးဇူး တော်များကိုလည်းကောင်း၊ ထို အရှင်မြတ် ထုတ်ပြန်ချမှတ် တော်မူသော ကျမ်းဂန် နှင့်အသိအလိမ္မာ ဉာဏ်ပညာများကို လည်းကောင်း၊ သတိရကြကုန်လော့။ ထိုအရှင်သည် ထိုကျမ်း ဂန် ဒေသနာဖြင့်လည်းကောင်း၊ အသိအလိမ္မာ ဉာဏ်ပညာဖြင့် လည်းကောင်း အသင်တို့အား ပဲ့ပြင်ဆုံးမ တော်မူသည်၊ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ကြကုန်၊ ဧကန်စင်စစ် အလ’ာအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော် မူသည်ကိုလည်း အသင်တို့ ယုံကြည်မှတ်ယူ ကြလေကုန်။
2:232
وَإِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَبَلَغۡنَ أَجَلَهُنَّ فَلَا تَعۡضُلُوهُنَّ أَن يَنكِحۡنَ أَزۡوَٰجَهُنَّ إِذَا تَرَٰضَوۡاْ بَيۡنَهُم بِٱلۡمَعۡرُوفِۗ ذَٰلِكَ يُوعَظُ بِهِۦ مَن كَانَ مِنكُمۡ يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۗ ذَٰلِكُمۡ أَزۡكَىٰ لَكُمۡ وَأَطۡهَرُۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ٢٣٢
ထို့ပြင် အကြင်အခါဝယ် အသင်တို့သည် (မိမိ တို့၏) ဇနီးမိန်းမများကို (တွလာက်ရဂျ်အီ ပေး၍)ကွာရှင်း ကြပါလျှင် သို့ကွာရှင်းပြီးနောက် ထိုဇနီးမိန်းမတို့သည် မိမိတို့ ၏(အစ်ဒ်ဒတ်) ရက်ပိုင်း (အဆုံး)သို့ ရောက်သွားကြသောအခါ အကယ်၍ (ထိုဇနီးမိန်းမတို့နှင့် နောက်ထပ်အိမ်ထောင် ပြုအံ့ သော လင်ခင်ပွန်းတို့သည်) တရားစည်းကမ်းနှင့်အညီ (အိမ်ထောင်ပြုရန်) အချင်းချင်း ် နှစ်ဦးနှစ်ဝသဘော မျှကြ ပါသော် အသင်တို့သည် ထိုဇနီးမိန်းမတို့အား မိမိတို့၏ ခင်ပွန်း များနှင့် ထိမ်းမြားခြင်းမှ ဖိနှိပ်ချုပ်ချယ် မြစ်တားခြင်း မပြုကြ ကုန်လင့်။ ဤပညတ်တော်ကား အသင်တို့အနက် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်သောသူများအား သွန်သင်ဆုံးမအပ်သော ပညတ် တော်တည်း။ ဤ(ပညတ် တော်ကိုနာခံခြင်း)သည် အသင်တို့ အဖို့ အလွန်တရာမျှ အကျိုး ဖြစ်ထွန်းစေ သော၊ (အပြစ်ဒု စရိုက်တို့မှ) ပိုမို၍ သန့်ရှင်းစေသော ပညတ်တော်တည်း။ စင်စစ်သော်ကား အလ္လာဟ် ်အရှင်မြတ်သည် (အကျိုးဖြစ်ထွန်း စေမည့်အကြောင်း တရားတို့ကို) သိတော်မူ၏။ အသင်တို့ မူကား မသိကြချေ။
2:233
۞ وَٱلۡوَٰلِدَٰتُ يُرۡضِعۡنَ أَوۡلَٰدَهُنَّ حَوۡلَيۡنِ كَامِلَيۡنِۖ لِمَنۡ أَرَادَ أَن يُتِمَّ ٱلرَّضَاعَةَۚ وَعَلَى ٱلۡمَوۡلُودِ لَهُۥ رِزۡقُهُنَّ وَكِسۡوَتُهُنَّ بِٱلۡمَعۡرُوفِۚ لَا تُكَلَّفُ نَفۡسٌ إِلَّا وُسۡعَهَاۚ لَا تُضَآرَّ وَٰلِدَةُۢ بِوَلَدِهَا وَلَا مَوۡلُودٌ لَّهُۥ بِوَلَدِهِۦۚ وَعَلَى ٱلۡوَارِثِ مِثۡلُ ذَٰلِكَۗ فَإِنۡ أَرَادَا فِصَالًا عَن تَرَاضٍ مِّنۡهُمَا وَتَشَاوُرٍ فَلَا جُنَاحَ عَلَيۡهِمَاۗ وَإِنۡ أَرَدتُّمۡ أَن تَسۡتَرۡضِعُوٓاْ أَوۡلَٰدَكُمۡ فَلَا جُنَاحَ عَلَيۡكُمۡ إِذَا سَلَّمۡتُم مَّآ ءَاتَيۡتُم بِٱلۡمَعۡرُوفِۗ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ بِمَا تَعۡمَلُونَ بَصِيرٌ ٢٣٣
ထို့ပြင် မိခင်တို့သည် (လင်ယောက်ျားနှင့် ပြတ်စဲ သည်ဖြစ်စေ၊ မပြတ်စဲသည်ဖြစ်စေ) မိမိတို့၏ သားသမီးများကို 2-နှစ်တိုင်တိုင် နို့ရည်တိုက်ကျွေးကြရမည်။ (ဤအမိန့် တော်သည် ရက်ပိုင်းစေ့အောင် နို့ရည်တိုက်ကျွေးလိုသော သူတို့အဖို့ဖြစ်၏)။ ထို့ပြင် (ကလေး၏) ဖခင်အပေါ်၌ (နို့ရည် တိုက်ကျွေးသော ကာလပရိစ္ဆေဒ ရက်ပိုင်း စေ့သည့်တိုင်အောင်) ထိုမိခင်တို့၏ စားနပ်ရိက္ခာနှင့်တကွ ဝတ်စားတန်ဆာကို တရား စည်းမျဉ်းနှင့်အညီ (စီမံပေးရန်) တာဝန်ရှိပေသည်။ (သို့ရာ တွင်) မည်သူတစ်ဦးတစ်ယောက်မျှ မိမိတတ်စွမ်း နိုင်သည်ထက် ပို၍ တာဝန်ထမ်းဆောင်စေခြင်းကို မခံရချေ။ (သို့ဖြစ်လေရာ) မည်သည့်မိခင်မျှ မိမိ သားသမီးအတွက်ကြောင့် မနစ်နာစေရ၊ မည်သည့် ဖခင်မျှလည်း မိမိသားသမီးအတွက်ကြောင့် မနစ်နာ စေရ။ (သေဆုံးသည့်အခါ၌) အမွေစားအမွေခံများ အပေါ်၌ ထိုကဲ့သို့ပင် (မိခင်၏စားနပ်ရိက္ခာနှင့် ဝတ်စားတန် ဆာများကို စီမံပေးရန်)တာဝန်ရှိ၏။ ထို့နောက် အကယ်၍ မိဘနှစ်ပါး တို့သည် (ကလေး၏အကျိုးငှာ) မိမိတို့ အချင်းချင်း တိုင်ပင် ဆွေးနွေး၍ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် (နှစ်နှစ်မစေ့ ရောက်မီ) နို့ဖြတ်လိုပါက (နို့ဖြတ်နိုင်ခွင့်ရှိသည်)၊ ထိုသို့ (နို့ဖြတ် သည့်အတွက်) ထိုမိဘနှစ်ပါး အပေါ်ဝယ်မည် သို့မျှ အပြစ်မရှိ ချေ။ ထိုနည်းတူစွာ အကယ်၍ အသင်တို့သည် မိမိတို့၏ သားသမီးများကို (နို့ထိမ်းသည်တဦးဦး အားငှား ရမ်း၍) နို့ရည်တိုက်ကျွေးစေလိုကလည်း အသင်တို့သည် (နို့ထိမ်းသည် အား) ပေးရန်ရှိသည့် အခကြေးငွေများကို တရား စည်းကမ်း နှင့်အညီ ပေးဆပ်ခဲ့ကြသည်ရှိသော် အသင်တို့၌ မည်သို့မျှ အပြစ်မရှိချေ။ ၎င်းပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ် ကို ကြောက်ရွံ့ကြကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် အသင်တို့ ပြုလုပ်သမျှသော ကိစ္စ အရပ်ရပ်တို့ကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူကြောင်း ကိုလည်း(ကောင်းစွာ)သိနားလည်ကြကုန်။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Friday, August 21, 2026
Don't forget us in your sincere prayers







