📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 36
لَّا يُؤَاخِذُكُمُ ٱللَّهُ بِٱللَّغۡوِ فِيٓ أَيۡمَٰنِكُمۡ وَلَٰكِن يُؤَاخِذُكُم بِمَا كَسَبَتۡ قُلُوبُكُمۡۗ وَٱللَّهُ غَفُورٌ حَلِيمٌ  ۝٢٢٥ لِّلَّذِينَ يُؤۡلُونَ مِن نِّسَآئِهِمۡ تَرَبُّصُ أَرۡبَعَةِ أَشۡهُرٍۖ فَإِن فَآءُو فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ  ۝٢٢٦ وَإِنۡ عَزَمُواْ ٱلطَّلَٰقَ فَإِنَّ ٱللَّهَ سَمِيعٌ عَلِيمٌ  ۝٢٢٧ وَٱلۡمُطَلَّقَٰتُ يَتَرَبَّصۡنَ بِأَنفُسِهِنَّ ثَلَٰثَةَ قُرُوٓءٍۚ وَلَا يَحِلُّ لَهُنَّ أَن يَكۡتُمۡنَ مَا خَلَقَ ٱللَّهُ فِيٓ أَرۡحَامِهِنَّ إِن كُنَّ يُؤۡمِنَّ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۚ وَبُعُولَتُهُنَّ أَحَقُّ بِرَدِّهِنَّ فِي ذَٰلِكَ إِنۡ أَرَادُوٓاْ إِصۡلَٰحًاۚ وَلَهُنَّ مِثۡلُ ٱلَّذِي عَلَيۡهِنَّ بِٱلۡمَعۡرُوفِۚ وَلِلرِّجَالِ عَلَيۡهِنَّ دَرَجَةٌۗ وَٱللَّهُ عَزِيزٌ حَكِيمٌ  ۝٢٢٨ ٱلطَّلَٰقُ مَرَّتَانِۖ فَإِمۡسَاكُۢ بِمَعۡرُوفٍ أَوۡ تَسۡرِيحُۢ بِإِحۡسَٰنٍۗ وَلَا يَحِلُّ لَكُمۡ أَن تَأۡخُذُواْ مِمَّآ ءَاتَيۡتُمُوهُنَّ شَيۡـًٔا إِلَّآ أَن يَخَافَآ أَلَّا يُقِيمَا حُدُودَ ٱللَّهِۖ فَإِنۡ خِفۡتُمۡ أَلَّا يُقِيمَا حُدُودَ ٱللَّهِ فَلَا جُنَاحَ عَلَيۡهِمَا فِيمَا ٱفۡتَدَتۡ بِهِۦۗ تِلۡكَ حُدُودُ ٱللَّهِ فَلَا تَعۡتَدُوهَاۚ وَمَن يَتَعَدَّ حُدُودَ ٱللَّهِ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ  ۝٢٢٩ فَإِن طَلَّقَهَا فَلَا تَحِلُّ لَهُۥ مِنۢ بَعۡدُ حَتَّىٰ تَنكِحَ زَوۡجًا غَيۡرَهُۥۗ فَإِن طَلَّقَهَا فَلَا جُنَاحَ عَلَيۡهِمَآ أَن يَتَرَاجَعَآ إِن ظَنَّآ أَن يُقِيمَا حُدُودَ ٱللَّهِۗ وَتِلۡكَ حُدُودُ ٱللَّهِ يُبَيِّنُهَا لِقَوۡمٍ يَعۡلَمُونَ  ۝٢٣٠
2:225
لَّا يُؤَاخِذُكُمُ ٱللَّهُ بِٱللَّغۡوِ فِيٓ أَيۡمَٰنِكُمۡ وَلَٰكِن يُؤَاخِذُكُم بِمَا كَسَبَتۡ قُلُوبُكُمۡۗ وَٱللَّهُ غَفُورٌ حَلِيمٌ  ۝٢٢٥
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အချည်း နှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့၏စိတ်နှလုံး များက စေ့ဆော်တိုက်တွန်း၍ ကျိန်ဆိုသော ကျိန်ဆိုချက်များ နှင့် စပ်လျဉ်း၍မူ ထိုအရှင်မြတ်သည် အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူ သောအရှင်၊ အလွန် ထောက်ထားညှာတာ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
2:226
لِّلَّذِينَ يُؤۡلُونَ مِن نِّسَآئِهِمۡ تَرَبُّصُ أَرۡبَعَةِ أَشۡهُرٍۖ فَإِن فَآءُو فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ  ۝٢٢٦
မိမိတို့၏ဇနီးမိန်းမများနှင့် (ကာယသံသဂ္ဂအမှု ပြုကြမည်မဟုတ်ပါဟု) ကျိန်ဆိုသူများအဖို့ လေးလစောင့် ဆိုင်းခွင့်ရှိ၏။ အကယ်၍ ထိုသူတို့သည် (ထိုကဲ့သို့) ကျိန်ဆိုပြီး နောက် (4-လအတွင်း မိမိ တို့၏ကျိန်ဆိုချက်ကို) ပြန်လည်ရုပ် သိမ်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် ကရုဏာပြုတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။
2:227
وَإِنۡ عَزَمُواْ ٱلطَّلَٰقَ فَإِنَّ ٱللَّهَ سَمِيعٌ عَلِيمٌ  ۝٢٢٧
ထို့ပြင် အကယ်၍သာ ယင်းသူတို့သည်၊ ကွာရှင်း ခြင်းကိုသာ စိတ်ပိုင်းဖြတ်ကြပါလျှင် ဧကန်မုချ အလ္လာဟ် အင်မြတ်သည် (ထိုသူတို့၏ ကျိန်ဆိုချက်တို့ကိုလည်း) အကြွင်းမရှိသိတော်မူသောအရှင်၊ (ထိုသူတို့၏ စိတ်ပြဋ္ဌာန်း ချက်များကိုလည်း) အကြွင်းမရှိ သိတော်မူသောအရှင် ဖြစ် တော်မူလေသတည်း။
2:228
وَٱلۡمُطَلَّقَٰتُ يَتَرَبَّصۡنَ بِأَنفُسِهِنَّ ثَلَٰثَةَ قُرُوٓءٍۚ وَلَا يَحِلُّ لَهُنَّ أَن يَكۡتُمۡنَ مَا خَلَقَ ٱللَّهُ فِيٓ أَرۡحَامِهِنَّ إِن كُنَّ يُؤۡمِنَّ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۚ وَبُعُولَتُهُنَّ أَحَقُّ بِرَدِّهِنَّ فِي ذَٰلِكَ إِنۡ أَرَادُوٓاْ إِصۡلَٰحًاۚ وَلَهُنَّ مِثۡلُ ٱلَّذِي عَلَيۡهِنَّ بِٱلۡمَعۡرُوفِۚ وَلِلرِّجَالِ عَلَيۡهِنَّ دَرَجَةٌۗ وَٱللَّهُ عَزِيزٌ حَكِيمٌ  ۝٢٢٨
ထို့ပြင် ကွာရှင်းခြင်းခံရသော ဇနီးမိန်းမများ သည် ရာသီပန်းသုံးကြိမ်ပွင့်သည့်တိုင်အောင်(အိမ်ထောင်သစ် ပြုခြင်းမှ)မိမိတို့ကိုယ်ကို ဆိုင်းငံ့ထားကြရမည်။ ထို့ပြင် အကယ် စင်စစ် ထိုဇနီးမိန်းမများသည် အလ္လာဟ်အရှင်မြတ် ကိုလည်း ကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ကြပါလျှင် ထိုဇနီးမိန်းမ များအဖို့ မိမိတို့ သားအိမ်များတွင် အလ္လာဟ် အရှင်မြတ်ဖန်ဆင်း ထားတော်မူသောအရာ (ကိုယ်ဝန်များကို လည်းကောင်း၊ ရာသီပန်းပွင့်ခြင်းကိုလည်းကောင်း၊) ထိန်ချန် လျှို့ဝှက်ထားပိုင်ခွင့် မရှိချေ။ ထို့ပြင် ထိုဇနီးမိန်းမများတို့၏ လင်ယောက်ျားတို့သည် သင့်မြတ်ခြင်းကို ရည်စူးကြပါလျှင် ထို ဇနီးမိန်းမများအား ပြန်လည်သိမ်းပိုက်ရန် အခွင့်အရေး ပို၍ရှိ သူများ ဖြစ်ကြပေသည်။ ထို့ပြင် ထိုဇနီးမိန်းမများအပေါ်ဝယ် တာဝန်များရှိ သကဲ့သို့ ထိုဇနီးမိန်းမများအဘို့လည်း တရား စည်းကမ်းများ အတိုင်း အခွင့်အရေးများလည်း ရှိကြပေသည်။ သို့ပင်တစေ လင်ယောက်ျားတို့ အဖို့မှာကား ထိုဇနီးမိန်းမများ အပေါ်ဝယ် သာလွန်ခြင်းတစ်ရပ်ရှိပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော် မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသော အရှင် ဖြစ်တော်မူပေသတည်း။
2:229
ٱلطَّلَٰقُ مَرَّتَانِۖ فَإِمۡسَاكُۢ بِمَعۡرُوفٍ أَوۡ تَسۡرِيحُۢ بِإِحۡسَٰنٍۗ وَلَا يَحِلُّ لَكُمۡ أَن تَأۡخُذُواْ مِمَّآ ءَاتَيۡتُمُوهُنَّ شَيۡـًٔا إِلَّآ أَن يَخَافَآ أَلَّا يُقِيمَا حُدُودَ ٱللَّهِۖ فَإِنۡ خِفۡتُمۡ أَلَّا يُقِيمَا حُدُودَ ٱللَّهِ فَلَا جُنَاحَ عَلَيۡهِمَا فِيمَا ٱفۡتَدَتۡ بِهِۦۗ تِلۡكَ حُدُودُ ٱللَّهِ فَلَا تَعۡتَدُوهَاۚ وَمَن يَتَعَدَّ حُدُودَ ٱللَّهِ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ  ۝٢٢٩
(ဇနီးမောင်နှံ ပြန်လည်ပေါင်းသင်းနိုင်သော)ကွာ ရှင်းခြင်းသည် နှစ်ကြိမ်မျှသာတည်း။ ထို့နောက်(လင်ယောက်ျား များသည် မိမိတို့၏ဇနီးများကို) တရားတော်နှင့် အညီပြန်လည် သိမ်းပိုက်ပေါင်းသင်း ရန်သာရှိ၏။ သို့တည်းမဟုတ် (တတိယ အကြိမ် ထပ်မံကွာရှင်း၍) ကောင်းမွန်စွာ စွန့်လွှတ်ရန်သာရှိ တော့သတည်း။ ၎င်းပြင် အသင်တို့အဖို့ ထိုဇနီး မိန်းမတို့အား ပေးခဲ့သော (မဟ်ရ်ခန်းဝင်ပစ္စည်း အ�ရှိသည် များ) အနက်မှ တစ်စုံတစ်ရာကိုမျှ ပြန်လည်ယူပိုင်ခွင့်မရှိချေ။ သို့ရာတွင် ယင်းဇနီးမောင်နှံနှစ်ဦးတို့သည် အလ္လာဟ်အရှင်မြတ်၏ စည်း ကမ်းများကို စောင့်ထိန်းနိုင်ကြမည်မဟုတ်ဟု စိုးရိမ်ကြသော အခါမျိုး၌မူ (ယူနိုင်ခွင့်ရှိပေသည်။) သို့ဖြစ်လေရာ အကယ်၍ ယင်းဇနီးမောင်နှံနှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်း ဥပဒေများကို မစောင့် ထိန်းနိုင်မည်ကို အသင်တို့ စိုးရိမ်ကြပါမူ ထိုဇနီးမိန်းမက လျော်ကြေးပေးသောပစ္စည်း နှင့်စပ်လျဉ်း၍ ထိုဇနီးမောင်နှံနှစ်ဦး တို့အပေါ်တွင် တစ်စုံတစ်ရာမျှ အပြစ် မထိုက်သင့်ချေ။ ဤသည်တို့ကား အလ္လာဟ်အရှင်မြတ် သတ် မှတ်ပြဋ္ဌာန်းထားတော်မူသော စည်းမျဉ်း ဥပဒေများတည်း။ သို့ဖြစ်လေရာ အသင်တို့သည် ယင်းစည်း မျဉ်းတို့ကို မကျူးလွန် ကြကုန်လင့်။ စင်စစ်တမူကား အကြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်၏ စည်းမျဉ်းများကို ကျူးလွန်ပါမူ ထိုသူတို့သာလျှင် ပြစ်မှားကျူးလွန်သူများ ဖြစ်ကြကုန်သတည်း။
2:230
فَإِن طَلَّقَهَا فَلَا تَحِلُّ لَهُۥ مِنۢ بَعۡدُ حَتَّىٰ تَنكِحَ زَوۡجًا غَيۡرَهُۥۗ فَإِن طَلَّقَهَا فَلَا جُنَاحَ عَلَيۡهِمَآ أَن يَتَرَاجَعَآ إِن ظَنَّآ أَن يُقِيمَا حُدُودَ ٱللَّهِۗ وَتِلۡكَ حُدُودُ ٱللَّهِ يُبَيِّنُهَا لِقَوۡمٍ يَعۡلَمُونَ  ۝٢٣٠
(တွလာက်ရဂျ်အီ နှစ်ကြိမ်ပေးပြီးသည့်နောက်) တဖန် အကယ်၍ လင်ယောက်ျားသည် ထိုဇနီး မိန်းမအား ထပ်မံ၍ တွလာက် ကွာရှင်းခဲ့သည် ရှိသော် (သို့သုံးကြိမ် မြောက် တွလာက် ပေးပြီးသည့်) နောက် ထိုလင်ယောက်ျားအဖို့ ထိုဇနီးမိန်းမသည် အခြား လင်ယောက်ျားတစ်ဦးဦးနှင့် နိကာဟ် ထိမ်းမြား ဆက်ဆံ ပေါင်းသင်းခြင်းမပြုသမျှ ကာလပတ်လုံး (ဟလာလ်) တရားဝင်ဇနီး ဖြစ်မည်မဟုတ်ပေ။ (ထိုကဲ့သို့ အခြားလင်ယောက်ျား တစ်ဦးဦးနှင့် ထိမ်းမြားပြီး သည့်နောက်) အကယ်၍ ထို(ဒုတိယ) လင်ယောက်ျားကလည်း ထိုဇနီး မိန်းမအား ကွာရှင်း ခဲ့ပြန်သည်ရှိသော် ထိုဇနီးမိန်းမနှင့် (ပဌမ) လင်ယောက်ျားနှစေ်ဦးတို့သည် အကယ်၍ မိမိတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းဥပဒေများကို စောင့် ထိန်းနိုင်ကြမည်ဟု ထင်မြင်ယူဆပြီး တဖန် ပြန်လည်ပေါင်း သင်း ဆက်ဆံကြပါသော် ထိုဇနီး မောင်နှံနှစ်ဦးတို့အပေါ်တွင် တစ်စုံတစ်ရာအပြစ်မရှိချေ။ အမှန်စင်စစ် ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းဥပဒေများပင်တည်း။ ထိုအရှင်မြတ်သည် ထိုဥပဒေစည်းမျဉ်းများကို အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံသောသူများအဘို့ ရှင်းလင်းစွာ ထုတ်ဖော် မိန့်ကြားထားတော်မူလေသတည်း။


📚Juz 2 📄36 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Friday, August 21, 2026

Don't forget us in your sincere prayers