📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 40
أَلَمۡ تَرَ إِلَى ٱلۡمَلَإِ مِنۢ بَنِيٓ إِسۡرَٰٓءِيلَ مِنۢ بَعۡدِ مُوسَىٰٓ إِذۡ قَالُواْ لِنَبِيٍّ لَّهُمُ ٱبۡعَثۡ لَنَا مَلِكًا نُّقَٰتِلۡ فِي سَبِيلِ ٱللَّهِۖ قَالَ هَلۡ عَسَيۡتُمۡ إِن كُتِبَ عَلَيۡكُمُ ٱلۡقِتَالُ أَلَّا تُقَٰتِلُواْۖ قَالُواْ وَمَا لَنَآ أَلَّا نُقَٰتِلَ فِي سَبِيلِ ٱللَّهِ وَقَدۡ أُخۡرِجۡنَا مِن دِيَٰرِنَا وَأَبۡنَآئِنَاۖ فَلَمَّا كُتِبَ عَلَيۡهِمُ ٱلۡقِتَالُ تَوَلَّوۡاْ إِلَّا قَلِيلًا مِّنۡهُمۡۚ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ ٢٤٦ وَقَالَ لَهُمۡ نَبِيُّهُمۡ إِنَّ ٱللَّهَ قَدۡ بَعَثَ لَكُمۡ طَالُوتَ مَلِكًاۚ قَالُوٓاْ أَنَّىٰ يَكُونُ لَهُ ٱلۡمُلۡكُ عَلَيۡنَا وَنَحۡنُ أَحَقُّ بِٱلۡمُلۡكِ مِنۡهُ وَلَمۡ يُؤۡتَ سَعَةً مِّنَ ٱلۡمَالِۚ قَالَ إِنَّ ٱللَّهَ ٱصۡطَفَىٰهُ عَلَيۡكُمۡ وَزَادَهُۥ بَسۡطَةً فِي ٱلۡعِلۡمِ وَٱلۡجِسۡمِۖ وَٱللَّهُ يُؤۡتِي مُلۡكَهُۥ مَن يَشَآءُۚ وَٱللَّهُ وَٰسِعٌ عَلِيمٌ ٢٤٧ وَقَالَ لَهُمۡ نَبِيُّهُمۡ إِنَّ ءَايَةَ مُلۡكِهِۦٓ أَن يَأۡتِيَكُمُ ٱلتَّابُوتُ فِيهِ سَكِينَةٌ مِّن رَّبِّكُمۡ وَبَقِيَّةٌ مِّمَّا تَرَكَ ءَالُ مُوسَىٰ وَءَالُ هَٰرُونَ تَحۡمِلُهُ ٱلۡمَلَٰٓئِكَةُۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ ٢٤٨
2:246
أَلَمۡ تَرَ إِلَى ٱلۡمَلَإِ مِنۢ بَنِيٓ إِسۡرَٰٓءِيلَ مِنۢ بَعۡدِ مُوسَىٰٓ إِذۡ قَالُواْ لِنَبِيٍّ لَّهُمُ ٱبۡعَثۡ لَنَا مَلِكًا نُّقَٰتِلۡ فِي سَبِيلِ ٱللَّهِۖ قَالَ هَلۡ عَسَيۡتُمۡ إِن كُتِبَ عَلَيۡكُمُ ٱلۡقِتَالُ أَلَّا تُقَٰتِلُواْۖ قَالُواْ وَمَا لَنَآ أَلَّا نُقَٰتِلَ فِي سَبِيلِ ٱللَّهِ وَقَدۡ أُخۡرِجۡنَا مِن دِيَٰرِنَا وَأَبۡنَآئِنَاۖ فَلَمَّا كُتِبَ عَلَيۡهِمُ ٱلۡقِتَالُ تَوَلَّوۡاْ إِلَّا قَلِيلًا مِّنۡهُمۡۚ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ ٢٤٦
(အို-နဗီ တမန်တော်) အသင်သည် နဗီတမန် တော်မူစာ (အလိုင်ဟစ္စလာမ်) ကွယ်လွန်ပြီးသည့်နောက အစ္စရာအီလီ မျိုးနွယ်များအနက်မှ ဦးစီးနာယကများ၏ (ဖြစ် အင်များ)ကို လေ့လာဆင်ခြင်သုံးသပ်ပြီးသည် မဟုတ်ပါလော။ အခါတစ်ပါး၌ ယင်းသူတို့သည် မိမိတို့၏ နဗီတမန် တော်အား ကျွန်တော်မျိုးတို့အဖို့ ဘုရင်တစ်ပါးကို ခန့်အပ် တင်မြှောက်၍ ပေးတော်မူပါ၊ ကျွန်တော်မျိုးတို့သည် အလ္လာဟ် အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါမည် ဟု လျှောက် ထားကြကုန်၏။ ထိုအခါ နဗီတမန်တော်က (အချင်းတို့) အကယ်၍သာ အသင်တို့အပေါ်ဝယ် (အလ္လာဟ် အရှင်မြတ် အထံတော်မှ) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်ပြဌာန်း ချက်သည် အတည်ဖြစ်ပါမူ အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းမပြုသူများ ဖြစ်တန်ရာသည် မဟုတ်လော) ဟု ဖြေကြားတော်မူ၏။ ထိုအခါ ယင်းသူတို့က အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် မိမိတို့ အိုးအိမ်စည်းစိမ် များနှင့်တကွ မိမိတို့သားသမီးများကိုပါ စွန့်လွှတ်ခွဲခွာ၍ နှင်ထုတ်ခြင်းခံရသူ များဖြစ်ကြရကား ကျွန်တော်မျိုး တို့အဖို့ အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းမပြုရန် အဘယ်မှာလျှင် အကြောင်းရှိနိုင်ပါအံ့နည်း ဟု လျှောက် ထားကြပြန်လေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ် အထံ တော်မှ) ယင်းသူတို့ အပေါ်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်တော်ကျရောက် လာသောအခါ ယင်းသူတို့ အနက်မှ အနည်းငယ်သောသူများမှအပ (ကျန်လူအားလုံးတို့သည်) ကျောခိုင်းသွားကြလေသည်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် စည်းကမ်းဖောက် ဖျက်သောသူတို့ကို သေချာ စေ့ငုံစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
2:247
وَقَالَ لَهُمۡ نَبِيُّهُمۡ إِنَّ ٱللَّهَ قَدۡ بَعَثَ لَكُمۡ طَالُوتَ مَلِكًاۚ قَالُوٓاْ أَنَّىٰ يَكُونُ لَهُ ٱلۡمُلۡكُ عَلَيۡنَا وَنَحۡنُ أَحَقُّ بِٱلۡمُلۡكِ مِنۡهُ وَلَمۡ يُؤۡتَ سَعَةً مِّنَ ٱلۡمَالِۚ قَالَ إِنَّ ٱللَّهَ ٱصۡطَفَىٰهُ عَلَيۡكُمۡ وَزَادَهُۥ بَسۡطَةً فِي ٱلۡعِلۡمِ وَٱلۡجِسۡمِۖ وَٱللَّهُ يُؤۡتِي مُلۡكَهُۥ مَن يَشَآءُۚ وَٱللَّهُ وَٰسِعٌ عَلِيمٌ ٢٤٧
ထို့နောက် ယင်းသူတို့အား ထိုသူတို့၏ နဗီတမန် တော်က ဟယ်-အချင်းတို့ ဧကန်ဆတ်ဆတ် အလ္လာဟ်အရှင် မြတ်သည် အသင်တို့အပေါ် တွာလူတ် ကို ဘုရင်အဖြစ်တင် မြှောက်တော်မူလေပြီ ဟု ပြောကြားလေရာထိုသူတို့က အဘယ်အတွက်ကြောင့် ယင်း ‘တွာလူတ်’ တွင် ကျွန်တော် မျိုးတို့အပေါ်၌ မင်းလုပ် အုပ်ချုပ် နိုင်ရန် ဩဇာအာဏာသည် အသို့လျှင်ရှိနိုင်အံ့နည်း၊ အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် ယင်းပုဂ္ဂိုလ် ထက်ပင် ဩဇာအာဏာ ရထိုက်သူများဖြစ်ကြ ပါသည်။ ၎င်းပြင် ထို ‘တွာလူတ်’ သည် ဥစ္စာဓန<ကယ်ဝချမ်း သာမှုကိုလည်း ရရှိသူ မဟုတ်ပါ ဟု လျှောက်ထားကြကုန်၏။ ထိုအခါဝယ် ယင်း နဗီတမန်တော်က ဟယ်-အချင်းတို့ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်း ‘တွာလူတ်’ ကိုပင် အသင်တို့အပေါ်၌ (ဘုရင်အဖြစ်) ရွေးချယ် တင်မြှောက် တော်မူလေပြီ၊ ထို့ပြင်တဝ ထိုအရှင်မြတ်သည် ယင်း ‘တွာလူတ်’ အား (စစ်မက်ရေးရာ အဖြာဖြာ၌ ကျွမ်းကျင်လိမ္မာခြင်းတည်း ဟူသော) ဉာဏဗလ၌လည်းကောင်း၊ (ရူပလက္ခဏာ�ြန် အင်္ဂါ နှင့်ပြည့်စုံ၍ ကိုယ်ခန္ဓာ ထွားကျိုင်းခွန်အားကြီးမားခြင်းတည်း ဟူသော) ကာယဗလအရာ၌လည်းကောင်း၊ အသင်တို့ထက် ကျယ်ဝန်း စွာပေး သနားတော်မူလေသည်။ အကြောင်းမူကား အလ္လာဟ် အရှင်မြတ်သည် မိမိ(ပိုင်ဆိုင်တော်မူသော) ဩဇာအာဏာကို မိမိနှစ်သက်လိုလားတော်မူသော သူကိုသာလျှင် ပေးသနား တော်မူလေသည်။ တဖန် အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ဥစ္စာဓန ချမ်းသာ ကြွယ်ဝမှုကို) ကျယ်ဝန်းစွာ ပေးသနား တော်မူသော အရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင် ဖြစ်တော်မူပေသည်။ ဟု ပြန်လည် ဖြေကြား တော်မူလေသတည်း။
2:248
وَقَالَ لَهُمۡ نَبِيُّهُمۡ إِنَّ ءَايَةَ مُلۡكِهِۦٓ أَن يَأۡتِيَكُمُ ٱلتَّابُوتُ فِيهِ سَكِينَةٌ مِّن رَّبِّكُمۡ وَبَقِيَّةٌ مِّمَّا تَرَكَ ءَالُ مُوسَىٰ وَءَالُ هَٰرُونَ تَحۡمِلُهُ ٱلۡمَلَٰٓئِكَةُۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ ٢٤٨
ထို့ပြင် ထိုသူတို့အား ထိုသူတို့၏ နဗီတမန် တော်က ထိုတွာလူတ် ဘုရင်ဖြစ်ခြင်း၏ နမိတ်လက္ခဏာတော် မှာ အသင်တို့ထံသို့ အကြင် သေတ္တာသည် အလိုအလျောက် ပြန်ရောက်လာခြင်း ပင်ဖြစ်သည်။ ထိုသေတ္တာတွင် အသင်တို့ အား မွေးမြူတော်မူသောအရှင်မြတ်၏ အထံတော်မှ ဖြစ်သော စိတ်နှလုံးအေးချမ်းစေသော ပစ္စည်းရှိအံ့၊ ၎င်းပြင် နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်)၏ အဆက်အနွယ်များ နှင့် နဗီတမန်တော် ဟာရူန်(အလိုင် ဟစ္စလာမ်)၏ အဆက် အနွယ်များ ထားရှိခဲ့ကြသော အကြွင်းအကျန် ပစ္စည်းများ လည်းရှိအံ့၊ ထိုသေတ္တာကို အပါးတော်စေတမန်များ ဆောင်ကြဉ်းလာကြကုန်အံ့။ အကယ်၍ အသင်တို့သည် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသော ‘မုအ်မင်န်’များ ဖြစ်ကြပါမူ ယင်း (သေတ္တာပြန်ရောက်လာခြင်း)သည် မုချ အသင်တို့ အဘို့ သက်သေ သ�ဓကတရပ်ပင် ဖြစ်ချေသည်ဟု ပြောကြားလေသည်။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Friday, August 21, 2026
Don't forget us in your sincere prayers







