📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 41
فَلَمَّا فَصَلَ طَالُوتُ بِٱلۡجُنُودِ قَالَ إِنَّ ٱللَّهَ مُبۡتَلِيكُم بِنَهَرٍ فَمَن شَرِبَ مِنۡهُ فَلَيۡسَ مِنِّي وَمَن لَّمۡ يَطۡعَمۡهُ فَإِنَّهُۥ مِنِّيٓ إِلَّا مَنِ ٱغۡتَرَفَ غُرۡفَةَۢ بِيَدِهِۦۚ فَشَرِبُواْ مِنۡهُ إِلَّا قَلِيلًا مِّنۡهُمۡۚ فَلَمَّا جَاوَزَهُۥ هُوَ وَٱلَّذِينَ ءَامَنُواْ مَعَهُۥ قَالُواْ لَا طَاقَةَ لَنَا ٱلۡيَوۡمَ بِجَالُوتَ وَجُنُودِهِۦۚ قَالَ ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَٰقُواْ ٱللَّهِ كَم مِّن فِئَةٍ قَلِيلَةٍ غَلَبَتۡ فِئَةً كَثِيرَةَۢ بِإِذۡنِ ٱللَّهِۗ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ ٢٤٩ وَلَمَّا بَرَزُواْ لِجَالُوتَ وَجُنُودِهِۦ قَالُواْ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرًا وَثَبِّتۡ أَقۡدَامَنَا وَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ ٢٥٠ فَهَزَمُوهُم بِإِذۡنِ ٱللَّهِ وَقَتَلَ دَاوُۥدُ جَالُوتَ وَءَاتَىٰهُ ٱللَّهُ ٱلۡمُلۡكَ وَٱلۡحِكۡمَةَ وَعَلَّمَهُۥ مِمَّا يَشَآءُۗ وَلَوۡلَا دَفۡعُ ٱللَّهِ ٱلنَّاسَ بَعۡضَهُم بِبَعۡضٍ لَّفَسَدَتِ ٱلۡأَرۡضُ وَلَٰكِنَّ ٱللَّهَ ذُو فَضۡلٍ عَلَى ٱلۡعَٰلَمِينَ ٢٥١ تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۚ وَإِنَّكَ لَمِنَ ٱلۡمُرۡسَلِينَ ٢٥٢
2:249
فَلَمَّا فَصَلَ طَالُوتُ بِٱلۡجُنُودِ قَالَ إِنَّ ٱللَّهَ مُبۡتَلِيكُم بِنَهَرٍ فَمَن شَرِبَ مِنۡهُ فَلَيۡسَ مِنِّي وَمَن لَّمۡ يَطۡعَمۡهُ فَإِنَّهُۥ مِنِّيٓ إِلَّا مَنِ ٱغۡتَرَفَ غُرۡفَةَۢ بِيَدِهِۦۚ فَشَرِبُواْ مِنۡهُ إِلَّا قَلِيلًا مِّنۡهُمۡۚ فَلَمَّا جَاوَزَهُۥ هُوَ وَٱلَّذِينَ ءَامَنُواْ مَعَهُۥ قَالُواْ لَا طَاقَةَ لَنَا ٱلۡيَوۡمَ بِجَالُوتَ وَجُنُودِهِۦۚ قَالَ ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَٰقُواْ ٱللَّهِ كَم مِّن فِئَةٍ قَلِيلَةٍ غَلَبَتۡ فِئَةً كَثِيرَةَۢ بِإِذۡنِ ٱللَّهِۗ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ ٢٤٩
ထို့နောက် တွာလူတ်ဘုရင်သည် (မိမိ၏) စစ် သည်တော်များနှင့်တကွ (ဂျာလူတ်အား စစ်မက်ပြိုင်ဆိုင် တိုက် ခိုက်ရန်အလို့ငှါ) ထွက်ခွါ ချီတက်သွားသောအခါ ထို(တွာလူတ်) ဘုရင်က (အချင်းတို့) မုချစင်စစ် အလ္လာဟ်အရှင်မြတ် သည် အသင်တို့အား မြစ်တခုဖြင့် စမ်းသပ်တော်မူ လတ္တံ့၊ သို့ဖြစ်ရာ အကြင်သူသည် ထိုမြစ်ရေကို (လွန်ကျူးစွာ) သောက်သုံးသည် ရှိသော် ထိုသူသည် ငါနှင့်စပ်ဆိုင်သူမဟုတ်။ ထို့ပြင် အကြင်သူသည် ထိုမြစ်ကိုမသောက်သော်၊ ထိုသူသည်သာလျှင် ငါနှင့်စပ်ဆိုင်သူဖြစ်သည်။ သို့ရုာတွင် အကြင်သူသည် (ထိုမြစ်ရေကို)မိမိလက်ဖြင့် တစ်လက်ခုပ်မျှလောက် သောက် သုံးသည်ရှိသော်(တစ်စုံတစ်ရာ အပြစ်မရှိပေ) ဟုပြောကြား လေသည်။ သို့တစေလည်း တွာလူ(တ်) ဘုရင်၏စစ်သည် တော်များအနက် အနည်းငယ်မျှသော လူတစ်စုမှအပ ကျန်အားလုံးတို့သည် ထိုမြစ်ရေကို (လွန်ကျူးစွာ) သောက်သုံးခဲ့ကြလေသည်။ ထို့နောက် သွာလူ(တ်)ဘုရင်နျင့် အတူတကွ လိုက်ပါလာသောယုံကြည်ခြင်း သဒ္ဓါတရား ထား ရှိသော ‘မုအ်မင်န်’ တို့သည်လည်းကောင်း၊ ထိုမြစ်ကိုဖြတ် ကူး၍ ကျော်လွန်သွားကြသည့်အခါ ထိုလိုက်ပါလာသော စစ်သည် တော်တို့ (အနက်တချို့)က ယနေ့အဘို့ ကျွန်ုပ်တို့၌ ဂျာလူတ် နှင့် ထိုဂျာလူတ်၏ စစ်သည်တော်တို့အား ပြိုင်ဆိုင် တိုက်ခိုက်ရန် စွမ်းအားမရှိပြီ ဟု ပြောဆိုကြလေသည်။ (ထိုအခါဝယ်) ငါတို့သည် ဧကန်မုချ အလ္လာဟ်အရှင်မြတ်အား ဖူးတွေ့ရမည့် သူများဖြစ်ကြသည် ဟူ၍ယုံကြည်သောသူများက အလ္လာဟ် အရှင်မြတ်၏ အမိန့် တော်ဖြင့် အနည်းငယ်မျှသော အရှင် မြတ်၏ အမိန့်တော်ဖြင့် အနည်းငယ်မျှသော လူစု ကလေး များသည် စစ်သည်တော် မြောက်မြားစွာ ပါဝင်သော လူစု များကိုပင် ကြိမ်ဖန်များစွာ အောင် နိုင်ခဲ့ဘူးလေပြီ၊ အမှန် စင်စစ်အလ္လာဟ်အရှင်မြတ်သည် ခန္တီပါရမီနှင့် ပြည့်စုံသော သူများ နှင့် အတူတကွ ရှိတော်မူပေသည် ဟု ပြောဆိုကြ ကုန်၏။
2:250
وَلَمَّا بَرَزُواْ لِجَالُوتَ وَجُنُودِهِۦ قَالُواْ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرًا وَثَبِّتۡ أَقۡدَامَنَا وَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ ٢٥٠
ထို့နောက်တဖန် ယင်းသူတို့သည် ဂျာလူတ် ဘုရင်နှင့်လည်းကောင်း၊ ယင်း(ဂျာလူတ်)၏ စစ်သည်ရဲမက် တို့နှင့်လည်းကောင်း၊ (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) မျက်နှာ ချင်းဆိုင်ကြသောအခါ (အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူ သောအရှင်၊ အရှင် မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ် ဇွဲသတိ္တကို သွန်း လောင်း၍ ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏ခြေများကို ခိုင်မြဲစွာ ရပ်တည်စေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန် တော်မျိုးတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန် သောသူတို့အပေါ်၌ အောင်မြင်မှုရရန်ကူညီစောင်မ တော်မူပါဟု ရွတ်ဆို(ပတ္ထနာ) ပြုကြကုန်၏။
2:251
فَهَزَمُوهُم بِإِذۡنِ ٱللَّهِ وَقَتَلَ دَاوُۥدُ جَالُوتَ وَءَاتَىٰهُ ٱللَّهُ ٱلۡمُلۡكَ وَٱلۡحِكۡمَةَ وَعَلَّمَهُۥ مِمَّا يَشَآءُۗ وَلَوۡلَا دَفۡعُ ٱللَّهِ ٱلنَّاسَ بَعۡضَهُم بِبَعۡضٍ لَّفَسَدَتِ ٱلۡأَرۡضُ وَلَٰكِنَّ ٱللَّهَ ذُو فَضۡلٍ عَلَى ٱلۡعَٰلَمِينَ ٢٥١
ထို(ကဲ့သို့ ဆုတောင်းပတ္ထနာပြုခဲ့ကြပြီး)နောက် ယင်း(တွာလူတ် ဘုရင်၏စစ်သည်တော်)တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်ဖြင့် ထို (ဂျာလူတ် ၏စစ်သည် ရဲမက်)တို့ကိုတွန်းလှန်ဖြိုဖျက်၍ စစ်ရေးနိမ့်စေခဲ့ကြလေသည်။ ‘ဒါဝူဒ်’ သည်လည်း ‘ဂျာလူတ်’ကို က�ပ်မျက်ခဲ့လေ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုဒါဝူဒ်အားဩဇာအာဏာကို လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်(ဝါ)နဗီတမန် တော်၏ဂုဏ်ထူးကိုလည်းကောင်း၊ ခြီးမြှင့် ပေးသနားတော်မူခဲ့ လေသည်။ ထိုမှတပါးတုံ အရှင်မြတ်သည် စကြာဝဠာ အပေါင်း တို့ အပေါ်၌ ကျေးဇူးတော်ရှင်ဖြစ်တော်မူလေသည်။
2:252
تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۚ وَإِنَّكَ لَمِنَ ٱلۡمُرۡسَلِينَ ٢٥٢
(အို-နဗီတမန်တော်) ဤသည်တို့သည် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များပင်ဖြစ်သည်၊ ငါအဲရှင်မြတ် သည်အသင့်အား ထိုမုက္ခပါဌ်တော်များ ကိုမှန်ကန်စွာကြား သိစေတော်မူသည်၊ ၎င်းပြင် အသင်သည်စေလွှတ်တော်မူ ခြင်း ခ့ရသော’ရစူလ်’တမန်တော်များတွင်မုချတစ်ပါးအပါအဝင်ဖြစ် လေသည်။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Friday, August 21, 2026
Don't forget us in your sincere prayers







