📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 425
۞ تُرۡجِي مَن تَشَآءُ مِنۡهُنَّ وَتُـٔۡوِيٓ إِلَيۡكَ مَن تَشَآءُۖ وَمَنِ ٱبۡتَغَيۡتَ مِمَّنۡ عَزَلۡتَ فَلَا جُنَاحَ عَلَيۡكَۚ ذَٰلِكَ أَدۡنَىٰٓ أَن تَقَرَّ أَعۡيُنُهُنَّ وَلَا يَحۡزَنَّ وَيَرۡضَيۡنَ بِمَآ ءَاتَيۡتَهُنَّ كُلُّهُنَّۚ وَٱللَّهُ يَعۡلَمُ مَا فِي قُلُوبِكُمۡۚ وَكَانَ ٱللَّهُ عَلِيمًا حَلِيمًا  ۝٥١ لَّا يَحِلُّ لَكَ ٱلنِّسَآءُ مِنۢ بَعۡدُ وَلَآ أَن تَبَدَّلَ بِهِنَّ مِنۡ أَزۡوَٰجٍ وَلَوۡ أَعۡجَبَكَ حُسۡنُهُنَّ إِلَّا مَا مَلَكَتۡ يَمِينُكَۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٍ رَّقِيبًا  ۝٥٢ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَدۡخُلُواْ بُيُوتَ ٱلنَّبِيِّ إِلَّآ أَن يُؤۡذَنَ لَكُمۡ إِلَىٰ طَعَامٍ غَيۡرَ نَٰظِرِينَ إِنَىٰهُ وَلَٰكِنۡ إِذَا دُعِيتُمۡ فَٱدۡخُلُواْ فَإِذَا طَعِمۡتُمۡ فَٱنتَشِرُواْ وَلَا مُسۡتَـٔۡنِسِينَ لِحَدِيثٍۚ إِنَّ ذَٰلِكُمۡ كَانَ يُؤۡذِي ٱلنَّبِيَّ فَيَسۡتَحۡيِۦ مِنكُمۡۖ وَٱللَّهُ لَا يَسۡتَحۡيِۦ مِنَ ٱلۡحَقِّۚ وَإِذَا سَأَلۡتُمُوهُنَّ مَتَٰعًا فَسۡـَٔلُوهُنَّ مِن وَرَآءِ حِجَابٍۚ ذَٰلِكُمۡ أَطۡهَرُ لِقُلُوبِكُمۡ وَقُلُوبِهِنَّۚ وَمَا كَانَ لَكُمۡ أَن تُؤۡذُواْ رَسُولَ ٱللَّهِ وَلَآ أَن تَنكِحُوٓاْ أَزۡوَٰجَهُۥ مِنۢ بَعۡدِهِۦٓ أَبَدًاۚ إِنَّ ذَٰلِكُمۡ كَانَ عِندَ ٱللَّهِ عَظِيمًا  ۝٥٣ إِن تُبۡدُواْ شَيۡـًٔا أَوۡ تُخۡفُوهُ فَإِنَّ ٱللَّهَ كَانَ بِكُلِّ شَيۡءٍ عَلِيمًا  ۝٥٤
33:51
۞ تُرۡجِي مَن تَشَآءُ مِنۡهُنَّ وَتُـٔۡوِيٓ إِلَيۡكَ مَن تَشَآءُۖ وَمَنِ ٱبۡتَغَيۡتَ مِمَّنۡ عَزَلۡتَ فَلَا جُنَاحَ عَلَيۡكَۚ ذَٰلِكَ أَدۡنَىٰٓ أَن تَقَرَّ أَعۡيُنُهُنَّ وَلَا يَحۡزَنَّ وَيَرۡضَيۡنَ بِمَآ ءَاتَيۡتَهُنَّ كُلُّهُنَّۚ وَٱللَّهُ يَعۡلَمُ مَا فِي قُلُوبِكُمۡۚ وَكَانَ ٱللَّهُ عَلِيمًا حَلِيمًا  ۝٥١
အသင်သည် ထိုကြင်ရာများအနက် မိမိအလိုမရှိသူအားခွဲထား၍ မိမိအလိုရှိသူအား မိမိအပါး၌ ထားရှိနိုင်ပေသည်။ ထိုနည်းတူစွာ အသင်သည် ဘေးဖယ်ထားခဲ့သူအားအလိုရှိခဲ့လျှင်လည်း ပြန်လည်ထားနိုင်သည်။ အသင့်အပေါ်၌အပြစ်တစ်စုံတရာမျှမရှိချေ။ ဤသည် ထိုကြင်ရာတို့၏မျက်စိအေးရန်၊ ထိုကြင်ရာတို့သည် သောကမဖြစ်ကြရန်၊ ထိုကြင်ရာ အားလုံးတို့သည် အသင်ပေးသမျှနှင့် နှစ်သိမ့်ကျေနပ်ကြရန် ပို၍ပင်နီးစပ်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ် သည်အသင်တို့၏ စိတ်နှလုံးများ၌ ရှိသမျှတို့ကို ကောင်းစွာ သိရှိတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော၊ အလွန်တရာ သည်းခံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
33:52
لَّا يَحِلُّ لَكَ ٱلنِّسَآءُ مِنۢ بَعۡدُ وَلَآ أَن تَبَدَّلَ بِهِنَّ مِنۡ أَزۡوَٰجٍ وَلَوۡ أَعۡجَبَكَ حُسۡنُهُنَّ إِلَّا مَا مَلَكَتۡ يَمِينُكَۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٍ رَّقِيبًا  ۝٥٢
ဤသည့်နောက်တွင် (အထက်ဖော်ပြပါအင်္ဂါရပ်များနှင့်မညီသော) အခြား အမျိုးသမီးများသည် အသင့်အဖို့တရားမဝင်တော့ပြီ။ ထိုနည်းတူစွာ လက်ရှိကြင်ရာများ၏အစားအခြား အမျိုးသမီးများကို ၎င်းတို့၏လှပမှုသည် အသင့်အားနှစ်သက်စေခဲ့သော်လည်း အသင်သည် ပြောင်းလဲ(ထိမ်းမြား)နိုင်ခွင့်မရှိချေ။ သို့ရာတွင် အသင်ပိုင်ဆိုင်သောကျွန်မများကိုမူကား (ပြောင်းလဲနိုင်ခွင့်/ယူပိုင်ခွင့်ရှိ၏)။ စင်စစ် သော်ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ အပေါ်ဝယ်(ကောင်းစွာ) စောင့်ရှောက်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
33:53
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَدۡخُلُواْ بُيُوتَ ٱلنَّبِيِّ إِلَّآ أَن يُؤۡذَنَ لَكُمۡ إِلَىٰ طَعَامٍ غَيۡرَ نَٰظِرِينَ إِنَىٰهُ وَلَٰكِنۡ إِذَا دُعِيتُمۡ فَٱدۡخُلُواْ فَإِذَا طَعِمۡتُمۡ فَٱنتَشِرُواْ وَلَا مُسۡتَـٔۡنِسِينَ لِحَدِيثٍۚ إِنَّ ذَٰلِكُمۡ كَانَ يُؤۡذِي ٱلنَّبِيَّ فَيَسۡتَحۡيِۦ مِنكُمۡۖ وَٱللَّهُ لَا يَسۡتَحۡيِۦ مِنَ ٱلۡحَقِّۚ وَإِذَا سَأَلۡتُمُوهُنَّ مَتَٰعًا فَسۡـَٔلُوهُنَّ مِن وَرَآءِ حِجَابٍۚ ذَٰلِكُمۡ أَطۡهَرُ لِقُلُوبِكُمۡ وَقُلُوبِهِنَّۚ وَمَا كَانَ لَكُمۡ أَن تُؤۡذُواْ رَسُولَ ٱللَّهِ وَلَآ أَن تَنكِحُوٓاْ أَزۡوَٰجَهُۥ مِنۢ بَعۡدِهِۦٓ أَبَدًاۚ إِنَّ ذَٰلِكُمۡ كَانَ عِندَ ٱللَّهِ عَظِيمًا  ۝٥٣
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အစားအစာစားသုံးရန် ခွင့်ပြုခြင်းခံကြရသည်မှတစ်ပါး နဗီတမန်တော်မြတ်၏ အိမ်များတွင် မဝင်ကြကုန်လင့်။ (သို့ခွင့်ပြုခြင်းခံကြရသော်လည်းအသင်တို့သည်)စားသောက်ရန်အချိန်ကို စောင့်မျှော်သူများမဖြစ်ကြဘဲ ဖိတ်ခေါ်ခြင်းခံကြရသော အခါမျိုး၌သာလျှင် ဝင်ရောက်ကြလေကုန်။ထို့နောက် စားသောက်၍ပြီးကြသောအခါ အသင်တို့သည်လူစုခွဲ ၍(ပြန်ခဲ့)ကြလေကုန်။ ထို့ပြင် (အသင်တို့သည်) စကားစမြည်ပြောဆိုခြင်း၌ စိတ်ဝင်စား၍ ထိုင်မနေကြကုန်လင့်။ဧကန်စင်စစ် ဤသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခဖြစ်စေ၏။ သို့ပါသော်လည်း နဗီတမန်တော်မြတ်သည် အသင်တို့ကို အားနာတော်မူ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား မှန်ကန်သောစကားပြောကြားတော်မူရန် အားနာတော်မူသည် မဟုတ်ပေ။ ၎င်းအပြင် အသင်တို့သည် ထိုနဗီတမန်တော်မြတ်၏ကြင်ရာတော်များထံ ဝတ္တုပစ္စည်း တစ်စုံတစ်ရာကိုတောင်းကြသောအခါ ကန့်လန့်ကာ၏နောက်ကွယ်မှ တောင်းကြလေကုန်။ ဤသည် အသင်တို့၏ စိတ်နှလုံးများကို လည်းကောင်း၊ ထိုကြင်ရာတော်များ၏စိတ်နှလုံးများ ကိုလည်းကောင်း၊ပိုမို၍ပင် သန့်စင်စေ၏။ စင်စစ်သော်ကား အသင်တို့၌အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးပိုင်ခွင့်လည်းမရှိချေ၊ ထိုနဗီတမန်တော်မြတ် မရှိသည့်နောက်တွင် ထိုနဗီ တမန်တော်မြတ်၏ ကြင်ရာတော်များနှင့်မည်သည့် အခါ၌မျှ ထိမ်းမြားပိုင်ခွင့်လည်းမရှိပေ။ ဧကန်မလွဲဤသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန် ကြီးလေးသော၊ အပြစ်ဖြစ်သောအမှုပင် ဖြစ်ပေသည်။
33:54
إِن تُبۡدُواْ شَيۡـًٔا أَوۡ تُخۡفُوهُ فَإِنَّ ٱللَّهَ كَانَ بِكُلِّ شَيۡءٍ عَلِيمًا  ۝٥٤
အကယ်၍ အသင်တို့သည် တစ်စုံတစ်ရာကိုထုတ်ဖော်ကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်တို့သည် ထိုအရာကို(စိတ်တွင်းဝယ်) ထိမ်ချန် လျှို့ဝှက် ထားကြသည်ဖြစ်စေ၊မည်သို့ပင်ဖြစ်စေ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။


📚 22 📄425 / 604



M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers