အလ်-အာ့ဇာ့ဗ် · 54/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
إِن تُبْدُوا شَيْئًا أَوْ تُخْفُوهُ فَإِنَّ اللَّهَ كَانَ بِكُلِّ شَيْءٍ عَلِيمًا ۝٥٤
In tubdoo shai`an aw tukhfoohu fa innal laaha kaana bikulli shai`in `Aleemaa
📖 မြန်မာဘာသာ
အကယ်၍ အသင်တို့သည် တစ်စုံတစ်ရာကိုထုတ်ဖော်ကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်တို့သည် ထိုအရာကို(စိတ်တွင်းဝယ်) ထိမ်ချန် လျှို့ဝှက် ထားကြသည်ဖြစ်စေ၊မည်သို့ပင်ဖြစ်စေ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • إِن تُبْدُوا (အင်း တုဗ်ဒူဝ) — အကယ်၍ သင်တို့သည် ထုတ်ဖော်ပြောဆိုကြလျှင်၊ ပေါ်လွင်စေကြလျှင်။
  • شَيْئًا (ရှိုင်အန်) — တစ်စုံတစ်ရာကို၊ မည်သည့်အရာကိုမဆို။
  • تُخْفُوهُ (တုခ်ဖူဟု) — သင်တို့သည် ဖုံးကွယ်ထားကြလျှင်၊ လျှို့ဝှက်ထားကြလျှင်။
  • عَلِيمًا (အလီမာ) — အရာအားလုံးကို အကြွင်းမဲ့ သိတော်မူသော၊ သိပ္ပံဉာဏ်တော်နှင့် ပြည့်စုံတော်မူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို လူသားတို့၊ သင်တို့သည် မိမိတို့၏ နှုတ်ဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ တစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့၏ စိတ်နှလုံးအတွင်း၌ လျှို့ဝှက်ဖုံးကွယ်ထားသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရာအားလုံးကို အကြွင်းမဲ့ သိတော်မူသောအရှင်ဖြစ်တော်မူသည်။ အရှင်မြတ်၏ အသိဉာဏ်တော်မှ မည်သည့်အရာမျှ ကွယ်ဝှက်နိုင်မည်မဟုတ်ပေ။ သင်တို့ ထုတ်ဖော်သည်ဖြစ်စေ၊ ဖုံးကွယ်သည်ဖြစ်စေ၊ ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ၊ အရှင်မြတ်သည် အားလုံးကို သိရှိတော်မူပြီး ထိုလုပ်ရပ်များအတွက် သင်တို့အား အစားပေးတော်မူမည်ဖြစ်သည်။ ကောင်းမှုပြုလျှင် ကောင်းကျိုးကို ရမည်ဖြစ်ပြီး၊ မကောင်းမှုပြုလျှင် မကောင်းကျိုးကို ခံစားရမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်သာသနာကို နှစ်သက်စေသော သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို သိတော်မူသောအရှင်ဖြစ်ကြောင်း ယုံကြည်ခြင်းသည် လူသားတို့အား ကောင်းမှုပြုရန် အားပေးပြီး မကောင်းမှုမှ ရှောင်ကြဉ်စေသည်။
  • မည်သူမျှ မမြင်နိုင်သော်လည်း အရှင်မြတ်မြင်တော်မူသည်ဟူသော အသိဖြင့် စိတ်နှလုံးအတွင်းရှိ ရည်ရွယ်ချက်များကိုပါ ဖြူစင်စေရန် လေ့ကျင့်ပေးသည်။
  • အရှင်မြတ်သည် တရားမျှတစွာ အစားပေးတော်မူသောကြောင့် ကောင်းမှုပြုသူများ စိတ်ချမ်းသာရပြီး၊ မကောင်းမှုပြုသူများ သတိထားရမည်ဖြစ်သည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာ၏ ကျယ်ပြန့်သော အသိပညာနှင့် တရားမျှတမှုကို ဖော်ပြပြီး၊ လူသားတို့အား အရှင်မြတ်နှင့် နီးစပ်စေသော လမ်းစဉ်ကို ညွှန်ပြသည်။
  • လျှို့ဝှက်စွာ ပြုလုပ်သော ကောင်းမှုများကိုပင်


📜 အာယာသ် 52-56 — စူရာ အလ်-အာ့ဇာ့ဗ်

52لَّا يَحِلُّ لَكَ النِّسَاءُ مِن بَعْدُ وَلَا أَن تَبَدَّلَ بِهِنَّ مِنْ أَزْوَاجٍ وَلَوْ أَعْجَبَكَ حُسْنُهُنَّ إِلَّا مَا مَلَكَتْ يَمِينُكَ ۗ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ رَّقِيبًا
ဤသည့်နောက်တွင် (အထက်ဖော်ပြပါအင်္ဂါရပ်များနှင့်မညီသော) အခြား အမျိုးသမီးများသည် အသင့်အဖို့တရားမဝင်တော့ပြီ။ ထိုနည်းတူစွာ လက်ရှိကြင်ရာများ၏အစားအခြား အမျိုးသမီးများကို ၎င်းတို့၏လှပမှုသည် အသင့်အားနှစ်သက်စေခဲ့သော်လည်း အသင်သည် ပြောင်းလဲ(ထိမ်းမြား)နိုင်ခွင့်မရှိချေ။ သို့ရာတွင် အသင်ပိုင်ဆိုင်သောကျွန်မများကိုမူကား (ပြောင်းလဲနိုင်ခွင့်/ယူပိုင်ခွင့်ရှိ၏)။ စင်စစ် သော်ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ အပေါ်ဝယ်(ကောင်းစွာ) စောင့်ရှောက်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
53يَا أَيُّهَا الَّذِينَ آمَنُوا لَا تَدْخُلُوا بُيُوتَ النَّبِيِّ إِلَّا أَن يُؤْذَنَ لَكُمْ إِلَىٰ طَعَامٍ غَيْرَ نَاظِرِينَ إِنَاهُ وَلَٰكِنْ إِذَا دُعِيتُمْ فَادْخُلُوا فَإِذَا طَعِمْتُمْ فَانتَشِرُوا وَلَا مُسْتَأْنِسِينَ لِحَدِيثٍ ۚ إِنَّ ذَٰلِكُمْ كَانَ يُؤْذِي النَّبِيَّ فَيَسْتَحْيِي مِنكُمْ ۖ وَاللَّهُ لَا يَسْتَحْيِي مِنَ الْحَقِّ ۚ وَإِذَا سَأَلْتُمُوهُنَّ مَتَاعًا فَاسْأَلُوهُنَّ مِن وَرَاءِ حِجَابٍ ۚ ذَٰلِكُمْ أَطْهَرُ لِقُلُوبِكُمْ وَقُلُوبِهِنَّ ۚ وَمَا كَانَ لَكُمْ أَن تُؤْذُوا رَسُولَ اللَّهِ وَلَا أَن تَنكِحُوا أَزْوَاجَهُ مِن بَعْدِهِ أَبَدًا ۚ إِنَّ ذَٰلِكُمْ كَانَ عِندَ اللَّهِ عَظِيمًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အစားအစာစားသုံးရန် ခွင့်ပြုခြင်းခံကြရသည်မှတစ်ပါး နဗီတမန်တော်မြတ်၏ အိမ်များတွင် မဝင်ကြကုန်လင့်။ (သို့ခွင့်ပြုခြင်းခံကြရသော်လည်းအသင်တို့သည်)စားသောက်ရန်အချိန်ကို စောင့်မျှော်သူများမဖြစ်ကြဘဲ ဖိတ်ခေါ်ခြင်းခံကြရသော အခါမျိုး၌သာလျှင် ဝင်ရောက်ကြလေကုန်။ထို့နောက် စားသောက်၍ပြီးကြသောအခါ အသင်တို့သည်လူစုခွဲ ၍(ပြန်ခဲ့)ကြလေကုန်။ ထို့ပြင် (အသင်တို့သည်) စကားစမြည်ပြောဆိုခြင်း၌ စိတ်ဝင်စား၍ ထိုင်မနေကြကုန်လင့်။ဧကန်စင်စစ် ဤသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခဖြစ်စေ၏။ သို့ပါသော်လည်း နဗီတမန်တော်မြတ်သည် အသင်တို့ကို အားနာတော်မူ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား မှန်ကန်သောစကားပြောကြားတော်မူရန် အားနာတော်မူသည် မဟုတ်ပေ။ ၎င်းအပြင် အသင်တို့သည် ထိုနဗီတမန်တော်မြတ်၏ကြင်ရာတော်များထံ ဝတ္တုပစ္စည်း တစ်စုံတစ်ရာကိုတောင်းကြသောအခါ ကန့်လန့်ကာ၏နောက်ကွယ်မှ တောင်းကြလေကုန်။ ဤသည် အသင်တို့၏ စိတ်နှလုံးများကို လည်းကောင်း၊ ထိုကြင်ရာတော်များ၏စိတ်နှလုံးများ ကိုလည်းကောင်း၊ပိုမို၍ပင် သန့်စင်စေ၏။ စင်စစ်သော်ကား အသင်တို့၌အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးပိုင်ခွင့်လည်းမရှိချေ၊ ထိုနဗီတမန်တော်မြတ် မရှိသည့်နောက်တွင် ထိုနဗီ တမန်တော်မြတ်၏ ကြင်ရာတော်များနှင့်မည်သည့် အခါ၌မျှ ထိမ်းမြားပိုင်ခွင့်လည်းမရှိပေ။ ဧကန်မလွဲဤသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန် ကြီးလေးသော၊ အပြစ်ဖြစ်သောအမှုပင် ဖြစ်ပေသည်။
54إِن تُبْدُوا شَيْئًا أَوْ تُخْفُوهُ فَإِنَّ اللَّهَ كَانَ بِكُلِّ شَيْءٍ عَلِيمًا
အကယ်၍ အသင်တို့သည် တစ်စုံတစ်ရာကိုထုတ်ဖော်ကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်တို့သည် ထိုအရာကို(စိတ်တွင်းဝယ်) ထိမ်ချန် လျှို့ဝှက် ထားကြသည်ဖြစ်စေ၊မည်သို့ပင်ဖြစ်စေ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
55لَّا جُنَاحَ عَلَيْهِنَّ فِي آبَائِهِنَّ وَلَا أَبْنَائِهِنَّ وَلَا إِخْوَانِهِنَّ وَلَا أَبْنَاءِ إِخْوَانِهِنَّ وَلَا أَبْنَاءِ أَخَوَاتِهِنَّ وَلَا نِسَائِهِنَّ وَلَا مَا مَلَكَتْ أَيْمَانُهُنَّ ۗ وَاتَّقِينَ اللَّهَ ۚ إِنَّ اللَّهَ كَانَ عَلَىٰ كُلِّ شَيْءٍ شَهِيدًا
ထိုကြင်ရာတော်များအပေါ်ဝယ် မိမိတို့ဖခင်များ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့အစ်ကိုများ၊ မောင်များ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့၏အစ်ကိုများ၊ မောင်များ၏သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ ထိုနည်းတူစွာ မိမိတို့၏အစ်မများ၊ ညီမများ၏သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့ (သာသနာဝင်)မိန်းမချင်းတို့(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့၏လက်ယာလက်များက ပိုင်ဆိုင်ကြသော ကျွန်မများ(၏ ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မည်သို့မျှ အပြစ်မရှိချေ။ ထိုမှတစ်ပါး (အို-ကြင်ရာတော်အပေါင်းတို့၊) အသင်မတို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် အသိသက်သေဖြစ်တော် မူပေသတည်း။
56إِنَّ اللَّهَ وَمَلَائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ ۚ يَا أَيُّهَا الَّذِينَ آمَنُوا صَلُّوا عَلَيْهِ وَسَلِّمُوا تَسْلِيمًا
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင် တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ် အပေါ်ဝယ်ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ စလာမ် မေတ္တာပို့သခြင်းကိုလည်းကောင်းပြုကြ လေကုန်။
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
54အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 54

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 54 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကယ်၍ အသင်တို့သည် တစ်စုံတစ်ရာကိုထုတ်ဖော်ကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်တို့သည် ထိုအရာကို(စိတ်တွင်းဝယ်) ထိမ်ချန် လျှို့ဝှက် ထားကြသည်ဖြစ်စေ၊မည်သို့ပင်ဖြစ်စေ ဧကန်စင်စစ်…

စူရာ အာယာသ် 54/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 52–56. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers