အလ်-အာ့ဇာ့ဗ် · 52/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
لَّا يَحِلُّ لَكَ النِّسَاءُ مِن بَعْدُ وَلَا أَن تَبَدَّلَ بِهِنَّ مِنْ أَزْوَاجٍ وَلَوْ أَعْجَبَكَ حُسْنُهُنَّ إِلَّا مَا مَلَكَتْ يَمِينُكَ ۗ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ رَّقِيبًا ۝٥٢
Laa yahillu lakan nisaaa`u mim ba`du wa laaa an tabaddala bihinna min azwaajinw wa law ajabaka husnuhunna illaa maa malakat yameenukk; wa kaanal laahu `alaa kulli shai`ir Raqeeba
📖 မြန်မာဘာသာ
ဤသည့်နောက်တွင် (အထက်ဖော်ပြပါအင်္ဂါရပ်များနှင့်မညီသော) အခြား အမျိုးသမီးများသည် အသင့်အဖို့တရားမဝင်တော့ပြီ။ ထိုနည်းတူစွာ လက်ရှိကြင်ရာများ၏အစားအခြား အမျိုးသမီးများကို ၎င်းတို့၏လှပမှုသည် အသင့်အားနှစ်သက်စေခဲ့သော်လည်း အသင်သည် ပြောင်းလဲ(ထိမ်းမြား)နိုင်ခွင့်မရှိချေ။ သို့ရာတွင် အသင်ပိုင်ဆိုင်သောကျွန်မများကိုမူကား (ပြောင်းလဲနိုင်ခွင့်/ယူပိုင်ခွင့်ရှိ၏)။ စင်စစ် သော်ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ အပေါ်ဝယ်(ကောင်းစွာ) စောင့်ရှောက်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်၏ စကားလုံးများ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • لَّا يَحِلُّ لَكَ — သင့်အတွက် ခွင့်ပြုမည် မဟုတ်ပါ။
  • النِّسَاءُ — အမျိုးသမီးများ။
  • مِن بَعْدُ — ဤနောက်ပိုင်းတွင်။
  • تَبَدَّلَ — အစားထိုးလဲလှယ်ခြင်း။
  • أَزْوَاجٍ — ဇနီးများ။
  • مَا مَلَكَتْ يَمِينُكَ — သင်၏လက်ယာလက်ပိုင် (ကျွန်မိန်းမများ)။
  • رَقِيبًا — စောင့်ကြည့်ထိန်းသိမ်းသူ။

  1. အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား ဤနောက်ပိုင်းတွင် အခြားအမျိုးသမီးများနှင့် လက်ထပ်ခွင့်မပြုတော့ကြောင်း မိန့်တော်မူပါသည်။ ထို့အပြင် လက်ရှိဇနီးများကို ကွာရှင်းပြီး သူတို့အစား အခြားအမျိုးသမီးများကို လက်ထပ်ခွင့်လည်း မပြုတော့ပါ။ အကယ်၍ ထိုအမျိုးသမီးများ၏ အလှအပသည် သင့်အား အလွန်နှစ်သက်ဖွယ်ဖြစ်နေသော်လည်း ထိုသို့ပြုခွင့်မရှိပါ။ သို့သော် သင်၏လက်ယာလက်ပိုင်ဖြစ်သော ကျွန်မိန်းမများမှာမူ ခွင့်ပြုထားပါသည်။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အမြဲစောင့်ကြည့်ထိန်းသိမ်းတော်မူသောအရှင်ဖြစ်တော်မူပါသည်။

ဤအမိန့်တော်သည် မုအ်မင်န်များ၏မိခင်များ (တမန်တော်၏ဇနီးများ) ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးသော အမိန့်ဖြစ်ပါသည်။ အကြောင်းမှာ သူတို့အား ကွာရှင်းခြင်းမှလည်းကောင်း၊ သူတို့အပေါ် အခြားဇနီးများထပ်ထည့်ခြင်းမှလည်းကောင်း တားမြစ်ထားသောကြောင့် ဖြစ်ပါသည်။ ဤအမိန့်တော်သည် တမန်တော် (ဆွ) ၏ ဇနီးများအား သူတို့၏ဘဝတစ်လျှောက်လုံး တမန်တော်နှင့်အတူ ရှိနေစေရန် ဂုဏ်ပြုမှုလည်းဖြစ်ပါသည်။

နောက်ပိုင်းတွင် ဤအမိန့်တော်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။ အာယိရှာ (ရဒွိ) မှ ဆင့်ပြန်ထားသော ဟဒီးသ်တော်တွင် "တမန်တော် (ဆွ) သည် ကွယ်လွန်တော်မမူမီ အမျိုးသမီးများနှင့် လက်ထပ်ခွင့် ပြန်လည်ခွင့်ပြုခြင်းခံခဲ့ရသည်" ဟု ဖော်ပြထားပါသည်။


  1. ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အမြဲစောင့်ကြည့်ထိန်းသိမ်းတော်မူသောအရှင်ဖြစ်ကြောင်း သိရှိခြင်းသည် လူသားတို့အား ကောင်းမှုပြုရန် အားပေးမှုဖြစ်ပါသည်။
  • တမန်တော် (ဆွ) ၏ ဇနီးများသည် အလွ


📜 အာယာသ် 50-54 — စူရာ အလ်-အာ့ဇာ့ဗ်

50يَا أَيُّهَا النَّبِيُّ إِنَّا أَحْلَلْنَا لَكَ أَزْوَاجَكَ اللَّاتِي آتَيْتَ أُجُورَهُنَّ وَمَا مَلَكَتْ يَمِينُكَ مِمَّا أَفَاءَ اللَّهُ عَلَيْكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّاتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَالَاتِكَ اللَّاتِي هَاجَرْنَ مَعَكَ وَامْرَأَةً مُّؤْمِنَةً إِن وَهَبَتْ نَفْسَهَا لِلنَّبِيِّ إِنْ أَرَادَ النَّبِيُّ أَن يَسْتَنكِحَهَا خَالِصَةً لَّكَ مِن دُونِ الْمُؤْمِنِينَ ۗ قَدْ عَلِمْنَا مَا فَرَضْنَا عَلَيْهِمْ فِي أَزْوَاجِهِمْ وَمَا مَلَكَتْ أَيْمَانُهُمْ لِكَيْلَا يَكُونَ عَلَيْكَ حَرَجٌ ۗ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
အို-နဗီတမန်တော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင် မဟရ် ထိမ်းမြားကြေးပေးခဲ့သော အသင်၏ကြင်ရာများကိုလည်းကောင်း၊ အသင့်အား အလ္လာဟ်အရှင်မြတ်က လက်ရပစ္စည်းအဖြစ် ချီးမြှင့်တော်မူခဲ့၍ အသင်ပိုင်ဆိုင်ခဲ့သော ကျွန်မများကိုလည်းကောင်း၊ အသင်နှင့်အတူ ရွှေ့ပြောင်းခဲ့ကြလေသော အသင့်ဘကြီး၊ ဘထွေး၏သမီးများကို လည်းကောင်း၊ အသင့်မိကြီး၊ မိထွေးများ၏သမီးများကိုလည်း ကောင်း၊အသင့်ဦး၊ ဦးရီးများ၏သမီးများကိုလည်းကောင်း၊ အသင့်အရီးကြီး၊ အရီးလေးများ၏ သမီးများကိုလည်း ကောင်း၊အသင့်အဖို့ ဟလာလ်တရားဝင် ပြုလုပ်တော် မူ၏။ထိုနည်းတူစွာ မုအ်မင်န် သက်ဝင်ယုံကြည် သောအမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကို အကယ်၍နဗီတမန်တော်မြတ်အား (မဟရ် ထိမ်းမြားကြေးမယူဘဲ)သက်သက်ပေးအပ်ခဲ့၍ ထိုနဗီတမန်တော်မြတ်သည် လည်းထိုအမျိုးသမီးနှင့် ထိမ်းမြားရန် ရည်စူးခဲ့ပါလျှင်ထိုအမျိုးသမီးအားလည်း (တရားဝင်ပြုလုပ်တော်မူ၏။ဤခွင့်ပြုချက်မှာ) အခြား မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ မဟုတ်ဘဲ သက်သက် အသင်၏ အဖို့အထူး(ခွင့်ပြုခြင်းပင်)ဖြစ်၏။ ငါအရှင်မြတ်သည် ထိုမုအ်မင်န်သက်ဝင် ယုံကြည်သူတို့အပေါ်၌ ၎င်းတို့၏ဇနီးမိန်းမများ၊ ၎င်းတို့၏ ကျွန်မများနှင့်ပတ်သက်၍ ထုတ်ပြန်သတ်မှတ် တော်မူခဲ့သော အမိန့်ပညတ်တော်များကို ဧကန်စင်စစ် ငါအရှင်မြတ်သည် သိရှိတော်မူ၏။ (အသင့်အဖို့ ယင်း အထူးအမိန့်တော်ထုတ်ပြန်တော်မူခြင်းမှာ) အသင့်အပေါ်၌ ကျပ်တည်းမှု တစ်စုံတစ်ရာမရှိရန်(ထုတ်ပြန်တော်မူခြင်း)ပင် ဖြစ်ပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော၊ အလွန်တရာ သနားကြင်နာ ညှာတာတော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
51۞ تُرْجِي مَن تَشَاءُ مِنْهُنَّ وَتُؤْوِي إِلَيْكَ مَن تَشَاءُ ۖ وَمَنِ ابْتَغَيْتَ مِمَّنْ عَزَلْتَ فَلَا جُنَاحَ عَلَيْكَ ۚ ذَٰلِكَ أَدْنَىٰ أَن تَقَرَّ أَعْيُنُهُنَّ وَلَا يَحْزَنَّ وَيَرْضَيْنَ بِمَا آتَيْتَهُنَّ كُلُّهُنَّ ۚ وَاللَّهُ يَعْلَمُ مَا فِي قُلُوبِكُمْ ۚ وَكَانَ اللَّهُ عَلِيمًا حَلِيمًا
အသင်သည် ထိုကြင်ရာများအနက် မိမိအလိုမရှိသူအားခွဲထား၍ မိမိအလိုရှိသူအား မိမိအပါး၌ ထားရှိနိုင်ပေသည်။ ထိုနည်းတူစွာ အသင်သည် ဘေးဖယ်ထားခဲ့သူအားအလိုရှိခဲ့လျှင်လည်း ပြန်လည်ထားနိုင်သည်။ အသင့်အပေါ်၌အပြစ်တစ်စုံတရာမျှမရှိချေ။ ဤသည် ထိုကြင်ရာတို့၏မျက်စိအေးရန်၊ ထိုကြင်ရာတို့သည် သောကမဖြစ်ကြရန်၊ ထိုကြင်ရာ အားလုံးတို့သည် အသင်ပေးသမျှနှင့် နှစ်သိမ့်ကျေနပ်ကြရန် ပို၍ပင်နီးစပ်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ် သည်အသင်တို့၏ စိတ်နှလုံးများ၌ ရှိသမျှတို့ကို ကောင်းစွာ သိရှိတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော၊ အလွန်တရာ သည်းခံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
52لَّا يَحِلُّ لَكَ النِّسَاءُ مِن بَعْدُ وَلَا أَن تَبَدَّلَ بِهِنَّ مِنْ أَزْوَاجٍ وَلَوْ أَعْجَبَكَ حُسْنُهُنَّ إِلَّا مَا مَلَكَتْ يَمِينُكَ ۗ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ رَّقِيبًا
ဤသည့်နောက်တွင် (အထက်ဖော်ပြပါအင်္ဂါရပ်များနှင့်မညီသော) အခြား အမျိုးသမီးများသည် အသင့်အဖို့တရားမဝင်တော့ပြီ။ ထိုနည်းတူစွာ လက်ရှိကြင်ရာများ၏အစားအခြား အမျိုးသမီးများကို ၎င်းတို့၏လှပမှုသည် အသင့်အားနှစ်သက်စေခဲ့သော်လည်း အသင်သည် ပြောင်းလဲ(ထိမ်းမြား)နိုင်ခွင့်မရှိချေ။ သို့ရာတွင် အသင်ပိုင်ဆိုင်သောကျွန်မများကိုမူကား (ပြောင်းလဲနိုင်ခွင့်/ယူပိုင်ခွင့်ရှိ၏)။ စင်စစ် သော်ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ အပေါ်ဝယ်(ကောင်းစွာ) စောင့်ရှောက်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
53يَا أَيُّهَا الَّذِينَ آمَنُوا لَا تَدْخُلُوا بُيُوتَ النَّبِيِّ إِلَّا أَن يُؤْذَنَ لَكُمْ إِلَىٰ طَعَامٍ غَيْرَ نَاظِرِينَ إِنَاهُ وَلَٰكِنْ إِذَا دُعِيتُمْ فَادْخُلُوا فَإِذَا طَعِمْتُمْ فَانتَشِرُوا وَلَا مُسْتَأْنِسِينَ لِحَدِيثٍ ۚ إِنَّ ذَٰلِكُمْ كَانَ يُؤْذِي النَّبِيَّ فَيَسْتَحْيِي مِنكُمْ ۖ وَاللَّهُ لَا يَسْتَحْيِي مِنَ الْحَقِّ ۚ وَإِذَا سَأَلْتُمُوهُنَّ مَتَاعًا فَاسْأَلُوهُنَّ مِن وَرَاءِ حِجَابٍ ۚ ذَٰلِكُمْ أَطْهَرُ لِقُلُوبِكُمْ وَقُلُوبِهِنَّ ۚ وَمَا كَانَ لَكُمْ أَن تُؤْذُوا رَسُولَ اللَّهِ وَلَا أَن تَنكِحُوا أَزْوَاجَهُ مِن بَعْدِهِ أَبَدًا ۚ إِنَّ ذَٰلِكُمْ كَانَ عِندَ اللَّهِ عَظِيمًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အစားအစာစားသုံးရန် ခွင့်ပြုခြင်းခံကြရသည်မှတစ်ပါး နဗီတမန်တော်မြတ်၏ အိမ်များတွင် မဝင်ကြကုန်လင့်။ (သို့ခွင့်ပြုခြင်းခံကြရသော်လည်းအသင်တို့သည်)စားသောက်ရန်အချိန်ကို စောင့်မျှော်သူများမဖြစ်ကြဘဲ ဖိတ်ခေါ်ခြင်းခံကြရသော အခါမျိုး၌သာလျှင် ဝင်ရောက်ကြလေကုန်။ထို့နောက် စားသောက်၍ပြီးကြသောအခါ အသင်တို့သည်လူစုခွဲ ၍(ပြန်ခဲ့)ကြလေကုန်။ ထို့ပြင် (အသင်တို့သည်) စကားစမြည်ပြောဆိုခြင်း၌ စိတ်ဝင်စား၍ ထိုင်မနေကြကုန်လင့်။ဧကန်စင်စစ် ဤသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခဖြစ်စေ၏။ သို့ပါသော်လည်း နဗီတမန်တော်မြတ်သည် အသင်တို့ကို အားနာတော်မူ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား မှန်ကန်သောစကားပြောကြားတော်မူရန် အားနာတော်မူသည် မဟုတ်ပေ။ ၎င်းအပြင် အသင်တို့သည် ထိုနဗီတမန်တော်မြတ်၏ကြင်ရာတော်များထံ ဝတ္တုပစ္စည်း တစ်စုံတစ်ရာကိုတောင်းကြသောအခါ ကန့်လန့်ကာ၏နောက်ကွယ်မှ တောင်းကြလေကုန်။ ဤသည် အသင်တို့၏ စိတ်နှလုံးများကို လည်းကောင်း၊ ထိုကြင်ရာတော်များ၏စိတ်နှလုံးများ ကိုလည်းကောင်း၊ပိုမို၍ပင် သန့်စင်စေ၏။ စင်စစ်သော်ကား အသင်တို့၌အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးပိုင်ခွင့်လည်းမရှိချေ၊ ထိုနဗီတမန်တော်မြတ် မရှိသည့်နောက်တွင် ထိုနဗီ တမန်တော်မြတ်၏ ကြင်ရာတော်များနှင့်မည်သည့် အခါ၌မျှ ထိမ်းမြားပိုင်ခွင့်လည်းမရှိပေ။ ဧကန်မလွဲဤသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန် ကြီးလေးသော၊ အပြစ်ဖြစ်သောအမှုပင် ဖြစ်ပေသည်။
54إِن تُبْدُوا شَيْئًا أَوْ تُخْفُوهُ فَإِنَّ اللَّهَ كَانَ بِكُلِّ شَيْءٍ عَلِيمًا
အကယ်၍ အသင်တို့သည် တစ်စုံတစ်ရာကိုထုတ်ဖော်ကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်တို့သည် ထိုအရာကို(စိတ်တွင်းဝယ်) ထိမ်ချန် လျှို့ဝှက် ထားကြသည်ဖြစ်စေ၊မည်သို့ပင်ဖြစ်စေ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
52အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 52

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 52 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသည့်နောက်တွင် (အထက်ဖော်ပြပါအင်္ဂါရပ်များနှင့်မညီသော) အခြား အမျိုးသမီးများသည် အသင့်အဖို့တရားမဝင်တော့ပြီ။ ထိုနည်းတူစွာ လက်ရှိကြင်ရာများ၏အစားအခြား အမျိုးသမီးများကို ၎င်းတို့၏လှပမှုသည် အသင့်အားနှစ်သက်စေခဲ့သော်လည်း…

စူရာ အာယာသ် 52/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 50–54. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers