📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 44
وَإِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّ أَرِنِي كَيۡفَ تُحۡيِ ٱلۡمَوۡتَىٰۖ قَالَ أَوَلَمۡ تُؤۡمِنۖ قَالَ بَلَىٰ وَلَٰكِن لِّيَطۡمَئِنَّ قَلۡبِيۖ قَالَ فَخُذۡ أَرۡبَعَةً مِّنَ ٱلطَّيۡرِ فَصُرۡهُنَّ إِلَيۡكَ ثُمَّ ٱجۡعَلۡ عَلَىٰ كُلِّ جَبَلٍ مِّنۡهُنَّ جُزۡءًا ثُمَّ ٱدۡعُهُنَّ يَأۡتِينَكَ سَعۡيًاۚ وَٱعۡلَمۡ أَنَّ ٱللَّهَ عَزِيزٌ حَكِيمٌ  ۝٢٦٠ مَّثَلُ ٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمۡ فِي سَبِيلِ ٱللَّهِ كَمَثَلِ حَبَّةٍ أَنۢبَتَتۡ سَبۡعَ سَنَابِلَ فِي كُلِّ سُنۢبُلَةٍ مِّاْئَةُ حَبَّةٍۗ وَٱللَّهُ يُضَٰعِفُ لِمَن يَشَآءُۚ وَٱللَّهُ وَٰسِعٌ عَلِيمٌ  ۝٢٦١ ٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمۡ فِي سَبِيلِ ٱللَّهِ ثُمَّ لَا يُتۡبِعُونَ مَآ أَنفَقُواْ مَنًّا وَلَآ أَذًى لَّهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡ وَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ  ۝٢٦٢ ۞ قَوۡلٌ مَّعۡرُوفٌ وَمَغۡفِرَةٌ خَيۡرٌ مِّن صَدَقَةٍ يَتۡبَعُهَآ أَذًىۗ وَٱللَّهُ غَنِيٌّ حَلِيمٌ  ۝٢٦٣ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُبۡطِلُواْ صَدَقَٰتِكُم بِٱلۡمَنِّ وَٱلۡأَذَىٰ كَٱلَّذِي يُنفِقُ مَالَهُۥ رِئَآءَ ٱلنَّاسِ وَلَا يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۖ فَمَثَلُهُۥ كَمَثَلِ صَفۡوَانٍ عَلَيۡهِ تُرَابٌ فَأَصَابَهُۥ وَابِلٌ فَتَرَكَهُۥ صَلۡدًاۖ لَّا يَقۡدِرُونَ عَلَىٰ شَيۡءٍ مِّمَّا كَسَبُواْۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ  ۝٢٦٤
2:260
وَإِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّ أَرِنِي كَيۡفَ تُحۡيِ ٱلۡمَوۡتَىٰۖ قَالَ أَوَلَمۡ تُؤۡمِنۖ قَالَ بَلَىٰ وَلَٰكِن لِّيَطۡمَئِنَّ قَلۡبِيۖ قَالَ فَخُذۡ أَرۡبَعَةً مِّنَ ٱلطَّيۡرِ فَصُرۡهُنَّ إِلَيۡكَ ثُمَّ ٱجۡعَلۡ عَلَىٰ كُلِّ جَبَلٍ مِّنۡهُنَّ جُزۡءًا ثُمَّ ٱدۡعُهُنَّ يَأۡتِينَكَ سَعۡيًاۚ وَٱعۡلَمۡ أَنَّ ٱللَّهَ عَزِيزٌ حَكِيمٌ  ۝٢٦٠
င်းပြင် (အို-နဗီတမန်တော်) အသင်သည် ပြနလည်အောက်မေ့ သတိရပါလေ။ တရံရောအခါ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)သည် (အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့) လျှောက်ထားခဲ့လေသည်။ အိုကျွန်တော်မျိုးအား မွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် (ရှင်ပြန်ထမည့်နေ့တွင်) သေသူများအား မည်သည့်နည်းဖြင့် ရှင်စေတော်မူမည်ကို ကျွန်တော်မျိုးအားပြသတော်မူပါ။ထိုအခါ အလ္လာဟ်အရှင်မြတ်က “ (အို-နဗီ တမန်တော်အစ်ဗ်ရာဟီမ်) အသင်သည် (သေသူတို့အား ငါအရှင်မြတ်ရှင်ပြန်ထစေတော်မူမည်ကို) မယုံကြည်ပါသလော” ဟုမေးမြန်းတော်မူရာ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)က ထိုသို့မဟုတ်ပါ၊ မုချပင်ယုံကြည်ပါ၏။ သို့ရာတွင်မိမိစိတ် နှစ်သိမ့်ကျေနပ်ရန်အလို့ငှါ(လျှောက်ထားခြင်းသာဖြစ်ပါသည်)ဟု လျှောက်ထားလေသည်။ ထို့အခါ အလ္လာဟ်အရှင်မြတ်က “သို့ဖြစ်လျှင် (အို-အစ်ဗ်ရာဟီမ်) အသင်သည်ငှက်သတ္တဝါလေးကောင်ကို(ဖမ်း)ယူပြီးလျှင် ထိုငှက်သတ္တဝါများကို မိမိထံ၌ အပိုင်းပိုင်းဖြတ်တောက်၍ (မိမိပတ်ဝန်းကျင်၌ရှိသော) တောင်အသီးသီးတို့ပေါ်ဝယ် ထားပါလေ။ ထို့နောက်သင်သည် ယင်းငှက်သတ္တဝါတို့ကို ဟစ်အော်၍ ခေါ်ပါလေ။ယင်း ငှက်သတ္တဝါတို့သည် (ရှင်ပြန်ထ၍) အသင့်ထံပြေး၍လာကြလိမ့်မည်။ ထို့ပြင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ဘုန်းတန်ခိုး အာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ထူးကဲသော ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကို အသင်ယုံကြည်မှတ်ယူပါလေ” ဟု မိန့်ကြားတော်မူလေသတည်း။
2:261
مَّثَلُ ٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمۡ فِي سَبِيلِ ٱللَّهِ كَمَثَلِ حَبَّةٍ أَنۢبَتَتۡ سَبۡعَ سَنَابِلَ فِي كُلِّ سُنۢبُلَةٍ مِّاْئَةُ حَبَّةٍۗ وَٱللَّهُ يُضَٰعِفُ لِمَن يَشَآءُۚ وَٱللَّهُ وَٰسِعٌ عَلِيمٌ  ۝٢٦١
မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ပေးကမ်းလှူဒါန်း သုံးစွဲသူတို့၏ (အလှူပစ္စည်းများသည်) အကြင်မျိုးစေ့ နှင့်အလားတူ၏။ ယင်းမျိုးစေ့သည် ကောက်နှံခုနှစ်နှံကို ပေါက်ရောက်စေ၏။ ထိုကောက်နှံအသီးသီးတို့တွင် အစေ့ပေါင်း တစ်ရာစီပါရှိလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူတို့အဖို့ (ယင်းကဲ့သို့ပင်) ဆထက်ထမ်းပိုး တိုးပွားစေတော်မူလေသည်။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် ရက်ရောစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်း တို့ကိုအြွကင်းမရှိ သိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။
2:262
ٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمۡ فِي سَبِيلِ ٱللَّهِ ثُمَّ لَا يُتۡبِعُونَ مَآ أَنفَقُواْ مَنًّا وَلَآ أَذًى لَّهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡ وَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ  ۝٢٦٢
အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ပေးကမ်းလှူဒါန်းသုံးစွဲကြကုန်၏။ ထိုကဲ့သို့ပေးကမ်းစွန့်ကြဲ သုံးစွဲပြီးသည့်နောက်ယင်းသူတို့သည် (မိမိတို့ စွန့်ကြဲပေးကမ်းသော သူဆင်းရဲတို့အား) ဂုဏ်ဖေါ်ခြင်းလည်းမပြုကြချေ၊ ထိုနည်းတူစွာ မည်သည့်ဒုက္ခ ရောက်စေခြင်းကိုမှလည်း မပြုကြချေ။ ထိုကဲ့သို့သောသူတို့အဖို့ ယင်းသူတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌ ကုသိုလ်အကျိုးများရှိသည်။ ယင်း သူတို့အဖို့မည်သည့်စိုးရိမ်ကြောင့် ကြခြင်းမျှလည်းမရှိ။ ယင်းသူတို့သည်ပူဆွေးကြမည်လည်း မဟုတ်ကြချေ။
2:263
۞ قَوۡلٌ مَّعۡرُوفٌ وَمَغۡفِرَةٌ خَيۡرٌ مِّن صَدَقَةٍ يَتۡبَعُهَآ أَذًىۗ وَٱللَّهُ غَنِيٌّ حَلِيمٌ  ۝٢٦٣
(ပေးကမ်းလှူဒါန်းခြင်းမပြုနိုင်သော အချိန်အခါဝယ် သူဖုန်းစားသူဆင်းရဲတို့အား) ကောင်းမြတ်သောစကားတခွန်း ပြောဆိုခြင်းသည်လည်းကောင်း၊ (သူဖုန်းစားသူဆင်းရဲတို့၏ ဇွတ်တရွတ် မဖွယ်မရာ ပြောဆိုပြုလုပ်သည်များကို) ခွင့်လွှတ်ခြင်းသည် လည်းကောင်း(ဥစ္စာပစ္စည်း)ပေးကမ်းစွန့်ကြဲ လှူဒါန်းပြီးနောက် (ယင်းသူဆင်းရဲတို့အားအထင်အမြင်သေးခြင်း စသည်တို့ဖြင့်) စိတ်ဒုက္ခရောက်စေခြင်းထက် (အဆပေါင်းများစွာ) သာလွန်၍ ကောင်းမြတ်ပေသတည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်ြွကယ်ဝတော်မူသောအရှင်၊ ခမာဂုဏ်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူလေသတည်း။
2:264
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُبۡطِلُواْ صَدَقَٰتِكُم بِٱلۡمَنِّ وَٱلۡأَذَىٰ كَٱلَّذِي يُنفِقُ مَالَهُۥ رِئَآءَ ٱلنَّاسِ وَلَا يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۖ فَمَثَلُهُۥ كَمَثَلِ صَفۡوَانٍ عَلَيۡهِ تُرَابٌ فَأَصَابَهُۥ وَابِلٌ فَتَرَكَهُۥ صَلۡدًاۖ لَّا يَقۡدِرُونَ عَلَىٰ شَيۡءٍ مِّمَّا كَسَبُواْۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ  ۝٢٦٤
အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ အလှူဒါနများကို ကျေးဇူးဖော်ခြင်းအားဖြင့်လည်းကောင်း၊ စိတ်ဒုက္ခရောက်စေခြင်း အားဖြင့်လည်းကောင်း၊ အကြင်သူကဲ့သို့ အချည်းနှီး မဖြစ်စေကြကုန်လင့်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကိုမယုံကြည်ဘဲလျက် လူတို့အားပြစားရန်အလို့ငှါသာ မိမိ ဥစ္စာပစ္စည်းကို လှူဒါန်းပေးကမ်း၏။ သို့ဖြစ်လေရာ ထိုသူသည်သွေ့ခြောက်ချောမွတ် မာကျောပြောင်လက်သော ကျောက်တုံးနှင့်အလားသဏ္ဍာန်တူ၏။ ထိုကျောက်တုံးပေါ်တွင် အနည်းငယ် မြေမှုန့်တင်လျက်ရှိ၏၊ ထိုကျောက်တုံးပေါ်၌ သည်းထန်သော မိုးသည် ရွာသွန်းချလိုက်ရာ (မြေမှုန့်များသည် မိုးရေနှင့်အတူ မျောပါ၍သွားသဖြင့်) ထိုကျောက် တုံးသည် ပြကတေ့အတိုင်းကျောက်သားမျှသာ ပြောင်လက်စွာ ကျန်ရှိခဲ့လေသည်။ထိုကဲ့သို့သော သူများသည် မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသောကောင်းမှုကုသိုလ်များအနက် အဘယ်တစ်စုံတစ်ရာကိုမျှ�င်(နောင် ‘ကိယာမတ်’ နေ့တွင်) ရရှိနိုင်ကြမည် မဟုတ်ချေ။(ဤသူတို့ကား ကျောက်တုံးနှင့်အလား သဏ္ဍာန်တူသောကာဖိရ်များသာ ဖြစ်ကြပေသည်)၊ အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့သော) ‘ကာဖိရ်’ တို့အား တရားဓမ္မ ညွှန်ပြတော်မူမည် မဟုတ်ချေ။


📚Juz 3 📄44 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Friday, August 21, 2026

Don't forget us in your sincere prayers