အလ်-ဗကရ · 264/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
يَا أَيُّهَا الَّذِينَ آمَنُوا لَا تُبْطِلُوا صَدَقَاتِكُم بِالْمَنِّ وَالْأَذَىٰ كَالَّذِي يُنفِقُ مَالَهُ رِئَاءَ النَّاسِ وَلَا يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ فَمَثَلُهُ كَمَثَلِ صَفْوَانٍ عَلَيْهِ تُرَابٌ فَأَصَابَهُ وَابِلٌ فَتَرَكَهُ صَلْدًا ۖ لَّا يَقْدِرُونَ عَلَىٰ شَيْءٍ مِّمَّا كَسَبُوا ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ ۝٢٦٤
Yaaa ayyuhal lazeena aamanoo laa tubtiloo sadaqaatikum bilmanni wal azaa kallazee yunfiqu maalahoo ri`aaa`an naasi wa laa yu`minu billaahi wal yawmil aakhiri famasaluhoo kamasali safwaanin `alaihi turaabun fa asaabahoo waabilun fatara kahoo saldaa; laa yaqdiroona `alaa shai`im mimmaa kasaboo; wallaahu laa yahdil qawmal kaafireen
📖 မြန်မာဘာသာ
အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ အလှူဒါနများကို ကျေးဇူးဖော်ခြင်းအားဖြင့်လည်းကောင်း၊ စိတ်ဒုက္ခရောက်စေခြင်း အားဖြင့်လည်းကောင်း၊ အကြင်သူကဲ့သို့ အချည်းနှီး မဖြစ်စေကြကုန်လင့်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကိုမယုံကြည်ဘဲလျက် လူတို့အားပြစားရန်အလို့ငှါသာ မိမိ ဥစ္စာပစ္စည်းကို လှူဒါန်းပေးကမ်း၏။ သို့ဖြစ်လေရာ ထိုသူသည်သွေ့ခြောက်ချောမွတ် မာကျောပြောင်လက်သော ကျောက်တုံးနှင့်အလားသဏ္ဍာန်တူ၏။ ထိုကျောက်တုံးပေါ်တွင် အနည်းငယ် မြေမှုန့်တင်လျက်ရှိ၏၊ ထိုကျောက်တုံးပေါ်၌ သည်းထန်သော မိုးသည် ရွာသွန်းချလိုက်ရာ (မြေမှုန့်များသည် မိုးရေနှင့်အတူ မျောပါ၍သွားသဖြင့်) ထိုကျောက် တုံးသည် ပြကတေ့အတိုင်းကျောက်သားမျှသာ ပြောင်လက်စွာ ကျန်ရှိခဲ့လေသည်။ထိုကဲ့သို့သော သူများသည် မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသောကောင်းမှုကုသိုလ်များအနက် အဘယ်တစ်စုံတစ်ရာကိုမျှ�င်(နောင် ‘ကိယာမတ်’ နေ့တွင်) ရရှိနိုင်ကြမည် မဟုတ်ချေ။(ဤသူတို့ကား ကျောက်တုံးနှင့်အလား သဏ္ဍာန်တူသောကာဖိရ်များသာ ဖြစ်ကြပေသည်)၊ အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့သော) ‘ကာဖိရ်’ တို့အား တရားဓမ္မ ညွှန်ပြတော်မူမည် မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကလိမ္မတ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • အလ်-မန္န် (الْمَنّ): ပေးကမ်းပြီးနောက် ပြုဖူးသော ကျေးဇူးကို ပြန်ပြောခြင်း၊ ဂုဏ်ယူပြောဆိုခြင်း။
  • အလ်-အဇာ (الْأَذَىٰ): စိတ်နာကျင်စေသော စကားဖြင့်သော်လည်းကောင်း၊ အပြုအမူဖြင့်သော်လည်းကောင်း နှောင့်ယှက်ခြင်း၊ ထိခိုက်စေခြင်း။
  • ရိယာအန် (رِئَاءً): လူများက မြင်စေရန်၊ ချီးမွမ်းစေရန် ရည်ရွယ်၍ ပြသလုပ်ခြင်း။
  • ဆွဖ်ဝါန် (صَفْوَانٍ): ချောမွေ့သော ကျောက်တုံးကြီး။
  • ဝါဗီလ် (وَابِلٌ): အလွန်ပြင်းထန်သော မိုးကြီး။
  • ဆွလ်ဒါ (صَلْدًا): မြေမှုန့်ကင်းစင်သော၊ ချောမွေ့ခြောက်သွေ့သော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အီမာန်ယုံကြည်သူတို့၊ သင်တို့သည် မိမိတို့၏ ဆွဒကာ (အလှူဒါန) များကို ပေးပြီးနောက် ကျေးဇူးပြန်ပြောခြင်းနှင့် နှောင့်ယှက်ထိခိုက်စေခြင်းဖြင့် အလဟဿ မဖြစ်စေကြနှင့်။ အကြင်သူသည် မိမိဥစ္စာကို လူများမြင်စေရန်၊ ချီးမွမ်းခံရရန် ရည်ရွယ်၍ သုံးစွဲ၏။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို မယုံကြည်သူဖြစ်၏။ ထိုသူ၏ ဥပမာသည် ချောမွေ့သော ကျောက်တုံးကြီးပေါ်တွင် မြေမှုန့်များ ဖုံးလွှမ်းနေပြီး ထိုကျောက်ပေါ်သို့ ပြင်းထန်သော မိုးကြီးရွာသွန်းသောအခါ မြေမှုန့်များကို ဆေးကြောဖယ်ရှားကာ ချောမွေ့သော ကျောက်တုံးအဖြစ်သာ ကျန်ရစ်စေသည့်အလား ဖြစ်၏။ ထိုသူတို့သည် မိမိတို့ လုပ်ဆောင်ခဲ့သော အရာများမှ မည်သည့်အကျိုးကိုမျှ ရရှိကြမည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များဖြစ်သော လူမျိုးကို လမ်းမှန်သို့ ညွှန်ပြတော်မူသည် မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • ဆွဒကာပေးကမ်းခြင်း၏ အကျိုးကျေးဇူးသည် ပေးပြီးနောက် ကျေးဇူးပြန်ပြောခြင်း၊ နှောင့်ယှက်ခြင်းဖြင့် ပျက်စီးသွားနိုင်သည်ကို သိရှိစေသည်။
  • အလှူဒါနပြုရာတွင် လူမြင်ကောင်းရန် ပြသခြင်းသည် အီမာန်နှင့် မကိုက်ညီသော အပြုအမူဖြစ်ကြောင်း သွန်သင်ပေးသည်။
  • ဤအာယသ်တော်သည် အီမာန်ရှိသူများအား မိမိတို့၏ ကောင်းမှုများကို စိတ်ရင်းမှန်ဖြင့် ပြုလုပ်ရန် အားပေးတိုက်တွန်းထားသည်။
  • အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကျိုးရရှိမည့် အလုပ်များကို ရွေးချယ်လုပ်ဆောင်ရန် လမ်းညွှန်ပေးသည်။

-



📜 အာယာသ် 262-266 — စူရာ အလ်-ဗကရ

262الَّذِينَ يُنفِقُونَ أَمْوَالَهُمْ فِي سَبِيلِ اللَّهِ ثُمَّ لَا يُتْبِعُونَ مَا أَنفَقُوا مَنًّا وَلَا أَذًى ۙ لَّهُمْ أَجْرُهُمْ عِندَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ပေးကမ်းလှူဒါန်းသုံးစွဲကြကုန်၏။ ထိုကဲ့သို့ပေးကမ်းစွန့်ကြဲ သုံးစွဲပြီးသည့်နောက်ယင်းသူတို့သည် (မိမိတို့ စွန့်ကြဲပေးကမ်းသော သူဆင်းရဲတို့အား) ဂုဏ်ဖေါ်ခြင်းလည်းမပြုကြချေ၊ ထိုနည်းတူစွာ မည်သည့်ဒုက္ခ ရောက်စေခြင်းကိုမှလည်း မပြုကြချေ။ ထိုကဲ့သို့သောသူတို့အဖို့ ယင်းသူတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌ ကုသိုလ်အကျိုးများရှိသည်။ ယင်း သူတို့အဖို့မည်သည့်စိုးရိမ်ကြောင့် ကြခြင်းမျှလည်းမရှိ။ ယင်းသူတို့သည်ပူဆွေးကြမည်လည်း မဟုတ်ကြချေ။
263۞ قَوْلٌ مَّعْرُوفٌ وَمَغْفِرَةٌ خَيْرٌ مِّن صَدَقَةٍ يَتْبَعُهَا أَذًى ۗ وَاللَّهُ غَنِيٌّ حَلِيمٌ
(ပေးကမ်းလှူဒါန်းခြင်းမပြုနိုင်သော အချိန်အခါဝယ် သူဖုန်းစားသူဆင်းရဲတို့အား) ကောင်းမြတ်သောစကားတခွန်း ပြောဆိုခြင်းသည်လည်းကောင်း၊ (သူဖုန်းစားသူဆင်းရဲတို့၏ ဇွတ်တရွတ် မဖွယ်မရာ ပြောဆိုပြုလုပ်သည်များကို) ခွင့်လွှတ်ခြင်းသည် လည်းကောင်း(ဥစ္စာပစ္စည်း)ပေးကမ်းစွန့်ကြဲ လှူဒါန်းပြီးနောက် (ယင်းသူဆင်းရဲတို့အားအထင်အမြင်သေးခြင်း စသည်တို့ဖြင့်) စိတ်ဒုက္ခရောက်စေခြင်းထက် (အဆပေါင်းများစွာ) သာလွန်၍ ကောင်းမြတ်ပေသတည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်ြွကယ်ဝတော်မူသောအရှင်၊ ခမာဂုဏ်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူလေသတည်း။
264يَا أَيُّهَا الَّذِينَ آمَنُوا لَا تُبْطِلُوا صَدَقَاتِكُم بِالْمَنِّ وَالْأَذَىٰ كَالَّذِي يُنفِقُ مَالَهُ رِئَاءَ النَّاسِ وَلَا يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ فَمَثَلُهُ كَمَثَلِ صَفْوَانٍ عَلَيْهِ تُرَابٌ فَأَصَابَهُ وَابِلٌ فَتَرَكَهُ صَلْدًا ۖ لَّا يَقْدِرُونَ عَلَىٰ شَيْءٍ مِّمَّا كَسَبُوا ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ အလှူဒါနများကို ကျေးဇူးဖော်ခြင်းအားဖြင့်လည်းကောင်း၊ စိတ်ဒုက္ခရောက်စေခြင်း အားဖြင့်လည်းကောင်း၊ အကြင်သူကဲ့သို့ အချည်းနှီး မဖြစ်စေကြကုန်လင့်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကိုမယုံကြည်ဘဲလျက် လူတို့အားပြစားရန်အလို့ငှါသာ မိမိ ဥစ္စာပစ္စည်းကို လှူဒါန်းပေးကမ်း၏။ သို့ဖြစ်လေရာ ထိုသူသည်သွေ့ခြောက်ချောမွတ် မာကျောပြောင်လက်သော ကျောက်တုံးနှင့်အလားသဏ္ဍာန်တူ၏။ ထိုကျောက်တုံးပေါ်တွင် အနည်းငယ် မြေမှုန့်တင်လျက်ရှိ၏၊ ထိုကျောက်တုံးပေါ်၌ သည်းထန်သော မိုးသည် ရွာသွန်းချလိုက်ရာ (မြေမှုန့်များသည် မိုးရေနှင့်အတူ မျောပါ၍သွားသဖြင့်) ထိုကျောက် တုံးသည် ပြကတေ့အတိုင်းကျောက်သားမျှသာ ပြောင်လက်စွာ ကျန်ရှိခဲ့လေသည်။ထိုကဲ့သို့သော သူများသည် မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသောကောင်းမှုကုသိုလ်များအနက် အဘယ်တစ်စုံတစ်ရာကိုမျှ�င်(နောင် ‘ကိယာမတ်’ နေ့တွင်) ရရှိနိုင်ကြမည် မဟုတ်ချေ။(ဤသူတို့ကား ကျောက်တုံးနှင့်အလား သဏ္ဍာန်တူသောကာဖိရ်များသာ ဖြစ်ကြပေသည်)၊ အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့သော) ‘ကာဖိရ်’ တို့အား တရားဓမ္မ ညွှန်ပြတော်မူမည် မဟုတ်ချေ။
265وَمَثَلُ الَّذِينَ يُنفِقُونَ أَمْوَالَهُمُ ابْتِغَاءَ مَرْضَاتِ اللَّهِ وَتَثْبِيتًا مِّنْ أَنفُسِهِمْ كَمَثَلِ جَنَّةٍ بِرَبْوَةٍ أَصَابَهَا وَابِلٌ فَآتَتْ أُكُلَهَا ضِعْفَيْنِ فَإِن لَّمْ يُصِبْهَا وَابِلٌ فَطَلٌّ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို ဆည်းပူးရှာဖွေရန်လည်းကောင်း၊ မိမိ တို့၏စိတ်နှလုံးများတွင်(သဒ္ဓါတရား)ထက်သန် မြဲမြံခိုင်ခန့်စေရန်လည်းကောင်း မိမိတို့၏ဥစ္စာပစ္စည်းများကို ပေးကမ်းလှူဒါန်းစွန့်ကြဲကြကုန်၏။ ထိုသူတို့(လှူဒါန်းသောအလှူဒါန)၏ ဥပမာသည် ကုန်းမြင့်ပေါ်တွင်ရှိသောဥယျာဉ်နှင့်အလား သဏ္ဍာန်တူ၏။ ထိုဥယျာဉ်၌ သည်းထန်းသောမိုးသည် ရွာသွန်းချ၏။သို့ဖြစ်လေရာ ထိုဥယျာဉ်သည် မိမိ၏ အသီးအနှံများ ကို(အခြားသောဥယျာဉ်များထက်)နှစ်ဆတိုး၍ ပေါက်ပွားစေလေသည်။ အကယ်၍ ထိုဥယျာဉ်၌ သည်းထန်သောမိုး ရွာသွန်းခြင်း မရှိသော်လည်း (မြေဩဇာကောင်းသည့် အတွက်ကြောင့်) မိုးဖွဲ ကျခြင်းသည်ပင် (ထိုဥယျာဉ်အတွက် လုံလောက်ပေသည်)။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှသော ကိစ္စအဝဝကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။
266أَيَوَدُّ أَحَدُكُمْ أَن تَكُونَ لَهُ جَنَّةٌ مِّن نَّخِيلٍ وَأَعْنَابٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ لَهُ فِيهَا مِن كُلِّ الثَّمَرَاتِ وَأَصَابَهُ الْكِبَرُ وَلَهُ ذُرِّيَّةٌ ضُعَفَاءُ فَأَصَابَهَا إِعْصَارٌ فِيهِ نَارٌ فَاحْتَرَقَتْ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ
အသင်တို့အနက် တစ်ဦးတစ်ယောက်သော သူသည် (ဤအဖြစ်ကို) ကြိုက်နှစ်သက်ပါသလော၊ (အဖြစ်ကား)ထိုသူ၌ စွန်ပလွံ၊ သပြက်ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ်အောက်မှ ရေယဉ်ချောင်းများ စီးတွေလျှက်ရှိ၏။ ထိုဥယျာဉ်၌ထိုသူ့အဖို့အမျိုးစုံသော သစ်သီးဝလံများလည်းရှိ၏။ ထိုသူ၌ဇရာဒုဗ္ဗလ သက်ရွယ်ကြီးပြင်း အိုမင်းရင့်ရော်ခြင်းသည် ဆိုက်ရောက် လာ၏၊ ထိုသူ၌ မစွမ်းမသန် အားအင်ချည့်နဲ့သောသားသမီးများလည်းရှိ၏။ (ထိုကဲ့သို့ သောအချိန်မျိုးတွင်) ထိုဥယျာဉ်၌ လောင်မီးပါရှိသော လေပြင်းမုန်တိုင်းသည် တိုက်ခတ်လေရာ ထိုဥယျာဉ်သည် လောင်ကျွမ်း (ပျက်စီး) သွားလေတော့သည်။ (ထိုသူသည် ဤအဖြစ်ကို အဘယ်သို့လျှင်ကြိုက်နှစ်သက်နိုင်အံ့နည်း)။ ယင်းကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား သက်သေလက္ခဏာတော် များကိုထင်ရှားစွာထုတ်ဖေါ်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် စဉ်းစားဆင်ခြင် သိမြင်ကြမည်ဖြစ်ကုန်၏။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
264အာယာသ်

ဘာသာပြန် — အလ်-ဗကရ 264

စူရာ အလ်-ဗကရ အာယာသ် 264 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ အလှူဒါနများကို ကျေးဇူးဖော်ခြင်းအားဖြင့်လည်းကောင်း၊ စိတ်ဒုက္ခရောက်စေခြင်း အားဖြင့်လည်းကောင်း၊ အကြင်သူကဲ့သို့…

စူရာ အာယာသ် 264/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 262–266. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers