📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 43
ٱللَّهُ وَلِيُّ ٱلَّذِينَ ءَامَنُواْ يُخۡرِجُهُم مِّنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِۖ وَٱلَّذِينَ كَفَرُوٓاْ أَوۡلِيَآؤُهُمُ ٱلطَّٰغُوتُ يُخۡرِجُونَهُم مِّنَ ٱلنُّورِ إِلَى ٱلظُّلُمَٰتِۗ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ  ۝٢٥٧ أَلَمۡ تَرَ إِلَى ٱلَّذِي حَآجَّ إِبۡرَٰهِـۧمَ فِي رَبِّهِۦٓ أَنۡ ءَاتَىٰهُ ٱللَّهُ ٱلۡمُلۡكَ إِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّيَ ٱلَّذِي يُحۡيِۦ وَيُمِيتُ قَالَ أَنَا۠ أُحۡيِۦ وَأُمِيتُۖ قَالَ إِبۡرَٰهِـۧمُ فَإِنَّ ٱللَّهَ يَأۡتِي بِٱلشَّمۡسِ مِنَ ٱلۡمَشۡرِقِ فَأۡتِ بِهَا مِنَ ٱلۡمَغۡرِبِ فَبُهِتَ ٱلَّذِي كَفَرَۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ  ۝٢٥٨ أَوۡ كَٱلَّذِي مَرَّ عَلَىٰ قَرۡيَةٍ وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا قَالَ أَنَّىٰ يُحۡيِۦ هَٰذِهِ ٱللَّهُ بَعۡدَ مَوۡتِهَاۖ فَأَمَاتَهُ ٱللَّهُ مِاْئَةَ عَامٍ ثُمَّ بَعَثَهُۥۖ قَالَ كَمۡ لَبِثۡتَۖ قَالَ لَبِثۡتُ يَوۡمًا أَوۡ بَعۡضَ يَوۡمٍۖ قَالَ بَل لَّبِثۡتَ مِاْئَةَ عَامٍ فَٱنظُرۡ إِلَىٰ طَعَامِكَ وَشَرَابِكَ لَمۡ يَتَسَنَّهۡۖ وَٱنظُرۡ إِلَىٰ حِمَارِكَ وَلِنَجۡعَلَكَ ءَايَةً لِّلنَّاسِۖ وَٱنظُرۡ إِلَى ٱلۡعِظَامِ كَيۡفَ نُنشِزُهَا ثُمَّ نَكۡسُوهَا لَحۡمًاۚ فَلَمَّا تَبَيَّنَ لَهُۥ قَالَ أَعۡلَمُ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ  ۝٢٥٩
2:257
ٱللَّهُ وَلِيُّ ٱلَّذِينَ ءَامَنُواْ يُخۡرِجُهُم مِّنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِۖ وَٱلَّذِينَ كَفَرُوٓاْ أَوۡلِيَآؤُهُمُ ٱلطَّٰغُوتُ يُخۡرِجُونَهُم مِّنَ ٱلنُّورِ إِلَى ٱلظُّلُمَٰتِۗ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ  ۝٢٥٧
အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့ကို (အထူး ကြည့်ရှုစောင်မ တော်မူသော)အဆွေခင်ပွန်းပင်တည်း။ ထိုအရှင်မြတ်သည် ယင်းယုံကြည်သူအပေါင်းတို့ကို (“ကုဖ်ရ်”တည်းဟူသော) အမိုက်မှောင်များအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ထုတ်ယူ ပို့ဆောင်တော်မူလေသည်။ သို့ရာတွင် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ အဆွေခင်ပွန်း များမှာမူကားရှိုင်တွာန်များပင်တည်း။ ယင်းရှိုင်တွာန်များ သည် ထိုသူတို့အား(အစ္စလာမ်တည်းဟူသော) အလင်းရောင်မှ “ကုဖ်ရ်” တည်းဟူသော အဝိဇ္ဇာ အမိုက်မှောင်အတွင်းသို့ ပို့ဆောင်ကြကုန်၏။ယင်းကဲ့သို့(အစ္စလာမ်သာသနာတော်ကို)မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့သည် ငရဲသားများဖြစ်ကြရကား ထိုငရဲ၌ပင် ထာဝစဉ်ခံစားနေထိုင်ကြရမည့်သူများဖြစ်ကြပေသတည်း။
2:258
أَلَمۡ تَرَ إِلَى ٱلَّذِي حَآجَّ إِبۡرَٰهِـۧمَ فِي رَبِّهِۦٓ أَنۡ ءَاتَىٰهُ ٱللَّهُ ٱلۡمُلۡكَ إِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّيَ ٱلَّذِي يُحۡيِۦ وَيُمِيتُ قَالَ أَنَا۠ أُحۡيِۦ وَأُمِيتُۖ قَالَ إِبۡرَٰهِـۧمُ فَإِنَّ ٱللَّهَ يَأۡتِي بِٱلشَّمۡسِ مِنَ ٱلۡمَشۡرِقِ فَأۡتِ بِهَا مِنَ ٱلۡمَغۡرِبِ فَبُهِتَ ٱلَّذِي كَفَرَۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ  ۝٢٥٨
(အို-နဗီတမန်တော်)အသင်သည် အကြင်(ဘုရင်) ၏အကြောင်းကို လေ့လာဆင်ခြင်ပြီး မဟုတ်ပါလော။အလ္လာဟ်အရှင်မြတ်သည် ထိုဘုရင်အား ဩဇာအာဏာ တိက္ကမပေးသနားတော်မူထားသည့်အတွက်ကြောင့် ထိုဘုရင်သည်(စောင်းမာန် တက်ကြွပြီး) နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)အား မွေးမြူတော်မူသော အရှင်နှင့် ပတ်သက်၍ ထိုတမန်တော် အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) နှင့်အငြင်းအခုံ ပြုခဲ့လေသည်။ အခါတစ်ပါး၌ နဗီတမန်တော်စ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)က (ယင်းဘုရင်၏ မေးခွန်းကို အကြောင်းပြု၍) ‘ငါ့အားမွေးမြူတော်မူသော အရှင်မြတ်သည်(သက်မဲ့အပေါင်းတို့ကို)ရှင်စေတော်မူသောအရှင်၊ (သက်ရှိအပေါင်းတို့ကို) သေစေတော်မူသောအရှင်ပင် ဖြစ်တော်မူပေသည်’ ဟု ဖြေကြားခဲ့လေသည်။ ထိုအခါ ထို(ဘုရင်)က’ငါသည်လည်း (မိမိ အလိုရှိသူကို သေဒဏ်မှ လွတ်မြောက်စေခြင်းအားဖြင့်) ရှင်စေနိုင်သည်၊ ထိုနည်းတူစွာ ငါသည်လည်း(မိမိအလိုရှိသူကိုသတ်စေခြင်းအားဖြင့်) သေစေနိုင်သည်’ ဟုပြန်လည်ပြောကြားရာ နဗီတမန်တော် အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)က (ထိုဘုရင်၏အသိဉာဏ် ခေါင်းပါးမှု�ို ထောက်ရှုကာ) ဧကန်စင်စစ် (ငါ၏ကိုးကွယ် ရာအရှင်ဖြစ်တော်မူသော)အလ္လာဟ်အရှင်မြတ်သည် သူရိယနေကို အရှေ့ဖက်မှထွက်စေတော်မူလေသည်။ အသင်သည် (အလ္လာဟ်အရှင်မြတ်ကဲ့သို့တန်ခိုးအာနုဘောနှင့်ပြည့်စုံပါလျှင်) ထိုသူရိယနေကို အနောက်ဖက်မှ ထွက်စေပါလေ’ ဟု(တနည်းပြောင်း၍) ပြောကြားပြန်လေသည်။ ထိုအခါ (အလ္လာဟ်အရှင်မြတ်ကို) မယုံမကြည်သွေဖည်ငြင်းပယ်သော (ဘုရင်)သည် (တစ်စုံတစ်ရာမျှ တုံ့ပြန်ဖြေကြားနိုင်သည်မရှိဘဲ) မိန်းမောတွေဝေ အံ့အားသင့်၍သွားလေတော့သည်။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့)မတော်မတရား ကျူးလွန်သောသူများအား တရားလမ်းမှန်ကိုညွှန်ကြား ပြသတော်မမူချေ။
2:259
أَوۡ كَٱلَّذِي مَرَّ عَلَىٰ قَرۡيَةٍ وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا قَالَ أَنَّىٰ يُحۡيِۦ هَٰذِهِ ٱللَّهُ بَعۡدَ مَوۡتِهَاۖ فَأَمَاتَهُ ٱللَّهُ مِاْئَةَ عَامٍ ثُمَّ بَعَثَهُۥۖ قَالَ كَمۡ لَبِثۡتَۖ قَالَ لَبِثۡتُ يَوۡمًا أَوۡ بَعۡضَ يَوۡمٍۖ قَالَ بَل لَّبِثۡتَ مِاْئَةَ عَامٍ فَٱنظُرۡ إِلَىٰ طَعَامِكَ وَشَرَابِكَ لَمۡ يَتَسَنَّهۡۖ وَٱنظُرۡ إِلَىٰ حِمَارِكَ وَلِنَجۡعَلَكَ ءَايَةً لِّلنَّاسِۖ وَٱنظُرۡ إِلَى ٱلۡعِظَامِ كَيۡفَ نُنشِزُهَا ثُمَّ نَكۡسُوهَا لَحۡمًاۚ فَلَمَّا تَبَيَّنَ لَهُۥ قَالَ أَعۡلَمُ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ  ۝٢٥٩
င်းပြင် (အို-နဗီတမန်တော်) အသင်သည်အကြင်သူ၏ အဖြစ်အပျက်ကို လေ့လာဆင်ခြင်သုံးသပ်ပြီးဖြစ်သည် မဟုတ်ပါလော။ ထိုသူသည် (အိမ်ခေါင်မိုးများ ပြိုကျကာနံရံများသည်လည်း) ခေါင်မိုးများပေါ်သို့ ပြိုကျ၍ ပျက်စီးလျက်ရှိသော မြို့ရွာတစ်ရွာကို ဖြတ်သန်းသွားလေရာ “အလ္လာဟ်အရှင်မြတ်သည် ဤမြို့ရွာကို ပျက်စီးပြီးနောက်အဘယ်နည်းဖြင့် ပြန်လည်(ရှင်စေ)ထူထောင်တော်မူအံ့နည်း”ဟု(မိမိစိတ်တွင်းဝယ် အံ့ဩကြီးစွာဖြင့်တွေးဆ)ပြောဆို လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူအားနှစ်ပေါင်းတစ်ရာတိတိ သေစေတော်မူခဲ့လေ၏။ ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ထိုသူအားရှင်စေတော်မူ၍”အသင်သည်(ဤနေရာ၌)မည်မျှတိုင်အောင် ကြာမြင့်စွာ နေခဲ့ပါသနည်း” ဟု မေးမြန်းတော်မူလေရာ ထိုသူက ကျွန်တော်မျိုးသည် တစ်နေ့တိတိ သို့တည်းမဟုတ် တစ်နေ့လျော့လျော့နေ ခဲ့ပါ သည်” ဟု လျှောက်ထားလေသည်။ (ထိုအခါအလ္လာဟ် အရှင်မြတ်က) “ဤသို့ မဟုတ်၊ စင်စစ်မှာကားအသင်သည်နှစ် ပေါင်း တစ်ရာမျှတိုင် အောင်နေခဲ့လေပြီ။အသင်သည် မိမိ၏ စားဖွယ်သောက်ဖွယ် ရာများကို ရှုပါလေ၊ထိုစားဖွယ်ရာများ သည် (ဤမျှနှစ်ကာလ ပရိစ္ဆေဒကြာမြင့်သော်လည်း စိုးစဉ်းမျှ) ပုပ်သိုးနံစော်ခြင်း မရှိပြီ။တစ်ဖန် (မိမိ စီးနင်း၍လာသော) မြည်းတိရိစ္ဆာန်ကို(လည်း)ကြည့်ပါလေ။ စ်စစ်တမူကား ငါအရှင်မြတ်သည်အသင့်ကို (ယင်းကဲ့သို့သေစေတော်မူပြီး တဖန်ရှင်စေတော်မူခြင်းမှာ လူခပင်းတို့အဖို့ သက်သေခံ လက္ခဏာတစ်ရပ်ပြုလုပ်တော်မူရန်ပင်တည်း။ ထိုနည်းတူစွာငါအရှင်မြတ်သည်(အသင်စီးနင်း၍လာသောမြည်းတိရိစ္ဆာန်၏)အရိုးများကို မည်သည့်နည်းမျိုးဖြင့် ဆက်စပ်တော်မူ၍ အသားဖြင့် ဖုံးအုပ်ပေးတော်မူသည်ကိုလည်း ရှုပါလေ” ဟု မိန့်ကြားတော်မူလေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည့်အတိုင်း အဖြစ်အပျက်အလုံးစုံတို့သည်) ထိုသူ့အဖို့ရာ ထင်ရှားလာသောအခါ ထိုသူက “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ဖြစ်တော်မူသည်ကို ကျွန်တော်မျိုး(မျက်မြင်ဒိဋ္ဌသိမြင်) ယုံကြည် ပါပြီ”ဟု လျှောက်ထား လေသတည်း။


📚Juz 3 📄43 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Friday, August 21, 2026

Don't forget us in your sincere prayers