📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 93
وَمَا كَانَ لِمُؤۡمِنٍ أَن يَقۡتُلَ مُؤۡمِنًا إِلَّا خَطَـًٔاۚ وَمَن قَتَلَ مُؤۡمِنًا خَطَـًٔا فَتَحۡرِيرُ رَقَبَةٍ مُّؤۡمِنَةٍ وَدِيَةٌ مُّسَلَّمَةٌ إِلَىٰٓ أَهۡلِهِۦٓ إِلَّآ أَن يَصَّدَّقُواْۚ فَإِن كَانَ مِن قَوۡمٍ عَدُوٍّ لَّكُمۡ وَهُوَ مُؤۡمِنٌ فَتَحۡرِيرُ رَقَبَةٍ مُّؤۡمِنَةٍۖ وَإِن كَانَ مِن قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٌ فَدِيَةٌ مُّسَلَّمَةٌ إِلَىٰٓ أَهۡلِهِۦ وَتَحۡرِيرُ رَقَبَةٍ مُّؤۡمِنَةٍۖ فَمَن لَّمۡ يَجِدۡ فَصِيَامُ شَهۡرَيۡنِ مُتَتَابِعَيۡنِ تَوۡبَةً مِّنَ ٱللَّهِۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا  ۝٩٢ وَمَن يَقۡتُلۡ مُؤۡمِنًا مُّتَعَمِّدًا فَجَزَآؤُهُۥ جَهَنَّمُ خَٰلِدًا فِيهَا وَغَضِبَ ٱللَّهُ عَلَيۡهِ وَلَعَنَهُۥ وَأَعَدَّ لَهُۥ عَذَابًا عَظِيمًا  ۝٩٣ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا ضَرَبۡتُمۡ فِي سَبِيلِ ٱللَّهِ فَتَبَيَّنُواْ وَلَا تَقُولُواْ لِمَنۡ أَلۡقَىٰٓ إِلَيۡكُمُ ٱلسَّلَٰمَ لَسۡتَ مُؤۡمِنًا تَبۡتَغُونَ عَرَضَ ٱلۡحَيَوٰةِ ٱلدُّنۡيَا فَعِندَ ٱللَّهِ مَغَانِمُ كَثِيرَةٌۚ كَذَٰلِكَ كُنتُم مِّن قَبۡلُ فَمَنَّ ٱللَّهُ عَلَيۡكُمۡ فَتَبَيَّنُوٓاْۚ إِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرًا  ۝٩٤
4:92
وَمَا كَانَ لِمُؤۡمِنٍ أَن يَقۡتُلَ مُؤۡمِنًا إِلَّا خَطَـًٔاۚ وَمَن قَتَلَ مُؤۡمِنًا خَطَـًٔا فَتَحۡرِيرُ رَقَبَةٍ مُّؤۡمِنَةٍ وَدِيَةٌ مُّسَلَّمَةٌ إِلَىٰٓ أَهۡلِهِۦٓ إِلَّآ أَن يَصَّدَّقُواْۚ فَإِن كَانَ مِن قَوۡمٍ عَدُوٍّ لَّكُمۡ وَهُوَ مُؤۡمِنٌ فَتَحۡرِيرُ رَقَبَةٍ مُّؤۡمِنَةٍۖ وَإِن كَانَ مِن قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٌ فَدِيَةٌ مُّسَلَّمَةٌ إِلَىٰٓ أَهۡلِهِۦ وَتَحۡرِيرُ رَقَبَةٍ مُّؤۡمِنَةٍۖ فَمَن لَّمۡ يَجِدۡ فَصِيَامُ شَهۡرَيۡنِ مُتَتَابِعَيۡنِ تَوۡبَةً مِّنَ ٱللَّهِۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا  ۝٩٢
၎င်းပြင် မှား�ွင်းချွတ်ချော်၍သတ်မိခြင်းမှအပ အကြင်မွတ်စ်လင်မ်တစ်ဦးတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်၏ ဂုဏ်အင်္ဂါနှင့်မျှ မညီညွတ်ချေ။ (တစ်နည်း) မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်အဖို့မျှ မထိုက်ပေ။ (သို့ရာတွင် အကြင်သူတစ်ယောက်သည် မွတ်စလင်မ်တစ်ဦးတစ်ယောက်ကို မှားယွင်းချွတ်ချော်၍ သတ်ဖြတ်မိခဲ့ပါမူ (ထိုသူ၌) မွတ်စ်လင်မ် ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည့်ပြင် ထို (အသတ်ခံရသော) သူ၏ဆွေမျိုး အမွေစားအမွေခံတို့အား လျော်ကြေးပေးရန်လည်းတာဝန်ရှိပေသည်။ သို့ရာတွင် ထိုအမွေစားအမွေခံတို့က ခွင့်လွှတ်ကြသည်ရှိသော် (လျော်ကြေးပေးရန်မလိုပေ) ။ တစ်ဖန် အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ရန်သူများအသင်းမှ ဖြစ်အံ့၊ ၎င်းပြင် ထိုသူသည်မွတ်စ်လင်မ်လည်းဖြစ်အံ့၊ သို့ဖြစ်လျှင် (သတ်မိသောသူ၌) မွတ်စ်လင်မ်ကျွန်တစ်ယောက်ကို လွတ်မြောက်စေရန် (သာ) တာဝန်ရှိ၏။ ၎င်းပြင်အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ မဟာမိတ်တို့ အသင်းမှ ဖြစ်ခဲ့လျှင် ၎င်း၏အမွေစားအမွေခံတို့အား လျော်ကြေးပေးရမည့်အပြင်၊ မွတ်စ်လင်မ်ကျွန်တစ်ယောက်ကိုလည်း လွတ်မြောက်စေရန် တာဝန်ရှိပေသေး၏။ တစ်ဖန် အကြင်သူသည် (ကျွန်ကို လွတ်မြောက်စေရန် စရိတ်စက) မတတ်နိုင်ခဲ့လျှင် ထိုသူသည် နှစ်လတိတိ အဆက်မပြတ် တဆက်တည်း ဥပုသ်သီလဆောက်တည်ရပေမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ သတ်မှတ်ပြဋ္ဌာန်းတော်မူသော ဝန်ချတောင်းပန်ရန် နည်းပင်ဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသည်။
4:93
وَمَن يَقۡتُلۡ مُؤۡمِنًا مُّتَعَمِّدًا فَجَزَآؤُهُۥ جَهَنَّمُ خَٰلِدًا فِيهَا وَغَضِبَ ٱللَّهُ عَلَيۡهِ وَلَعَنَهُۥ وَأَعَدَّ لَهُۥ عَذَابًا عَظِيمًا  ۝٩٣
သို့ရာတွင် အက�င်သူသည် မွတ်စ်လင်မ်စ်တစ်ဦးတစ်ယောက်ကို တမင်သက်သက် ကြံစည်သတ်ဖြတ်ခဲ့ပါမူ ထိုသူ၏အပြစ်သည် ‘ဂျဟန္နမ်’ ငရဲဘုံပင်ဖြစ်သည်။ (ထိုသူသည်) ယင်း‘ဂျဟန္နမ်’ ငရဲဘုံ၌ အစဉ်အမြဲလားရမည်။ ထိုမှတစ်ပါးတုံ အလ္လာဟ်အရှင်မြတ်သည် ၎င်း၏အပေါ်၌ အမျက်တော်ထားတော်မူအံ့။ ထိုသူအား ကရုဏာတော်မှလည်း ကင်းဝေးစေတော်မူအံ့။ ထိုသူ၏အဖို့ ကြီးလေးသောပြစ်ဒဏ် တော်ကိုလည်း အဆင်သင့်ပြုထားတော်မူလတ္တံ့။
4:94
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا ضَرَبۡتُمۡ فِي سَبِيلِ ٱللَّهِ فَتَبَيَّنُواْ وَلَا تَقُولُواْ لِمَنۡ أَلۡقَىٰٓ إِلَيۡكُمُ ٱلسَّلَٰمَ لَسۡتَ مُؤۡمِنًا تَبۡتَغُونَ عَرَضَ ٱلۡحَيَوٰةِ ٱلدُّنۡيَا فَعِندَ ٱللَّهِ مَغَانِمُ كَثِيرَةٌۚ كَذَٰلِكَ كُنتُم مِّن قَبۡلُ فَمَنَّ ٱللَّهُ عَلَيۡكُمۡ فَتَبَيَّنُوٓاْۚ إِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرًا  ۝٩٤
အို-‘မုအ်မင်န်’ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းငှာ) ခရီးထွက်ကြသောအခါ (ရန်သူနှင့်မိတ်ဆွေကို ခွဲခြား၍သိသာရန်) စီစစ် ရှာဖွေစုံစမ်းကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့အား‘စလာမ်’ (မေတ္တာ) ပို့သ (ကာ မိမိကိုယ်ကို မွတ်စ်လင်မ်ဖြစ်ကြောင်း ထင်ရှားစေ) သောသူကို အသင်သည် ‘မုအ်မင်န်’ မဟုတ်ဟု မပြောကြကုန်လင့်။ အသင်တို့သည် လောကီဥစ္စာ ပစ္စည်းစည်းစိမ်များကို ရှာဖွေကြ၏။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ (တရားသဖြင့် သုံးစွဲနိုင်သော) လက်ရပစ္စည်းများသည် ပေါများစွာ ရှိကုန်၏။ အသင်တို့သည်လည်း ယခင်မူလက ထိုကဲ့သို့ ပင် (မိမိတို့ မွတ်စ်လင်မ်ဖြစ်ကြောင်းနှင့်ပတ်သက်၍ နှုတ်ဖြင့် ကလိမဟ်ရွတ်ဖက်ခြင်းကိုပင် အမှီသဟဲပြုကြရသူများ) ဖြစ်ခဲ့ကြ၏။ ထို့နောက် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အပေါ်၌ ကျေးဇူးပြုတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် စီစစ်ရှာဖွေ စုံစမ်းကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုမူကြကုန်သော အမှုကိစ္စတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။


📚 5 📄93 / 604



M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, October 6, 2026

Don't forget us in your sincere prayers