📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 94
لَّا يَسۡتَوِي ٱلۡقَٰعِدُونَ مِنَ ٱلۡمُؤۡمِنِينَ غَيۡرُ أُوْلِي ٱلضَّرَرِ وَٱلۡمُجَٰهِدُونَ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۚ فَضَّلَ ٱللَّهُ ٱلۡمُجَٰهِدِينَ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ عَلَى ٱلۡقَٰعِدِينَ دَرَجَةًۚ وَكُلًّا وَعَدَ ٱللَّهُ ٱلۡحُسۡنَىٰۚ وَفَضَّلَ ٱللَّهُ ٱلۡمُجَٰهِدِينَ عَلَى ٱلۡقَٰعِدِينَ أَجۡرًا عَظِيمًا  ۝٩٥ دَرَجَٰتٍ مِّنۡهُ وَمَغۡفِرَةً وَرَحۡمَةًۚ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا  ۝٩٦ إِنَّ ٱلَّذِينَ تَوَفَّىٰهُمُ ٱلۡمَلَٰٓئِكَةُ ظَالِمِيٓ أَنفُسِهِمۡ قَالُواْ فِيمَ كُنتُمۡۖ قَالُواْ كُنَّا مُسۡتَضۡعَفِينَ فِي ٱلۡأَرۡضِۚ قَالُوٓاْ أَلَمۡ تَكُنۡ أَرۡضُ ٱللَّهِ وَٰسِعَةً فَتُهَاجِرُواْ فِيهَاۚ فَأُوْلَٰٓئِكَ مَأۡوَىٰهُمۡ جَهَنَّمُۖ وَسَآءَتۡ مَصِيرًا  ۝٩٧ إِلَّا ٱلۡمُسۡتَضۡعَفِينَ مِنَ ٱلرِّجَالِ وَٱلنِّسَآءِ وَٱلۡوِلۡدَٰنِ لَا يَسۡتَطِيعُونَ حِيلَةً وَلَا يَهۡتَدُونَ سَبِيلًا  ۝٩٨ فَأُوْلَٰٓئِكَ عَسَى ٱللَّهُ أَن يَعۡفُوَ عَنۡهُمۡۚ وَكَانَ ٱللَّهُ عَفُوًّا غَفُورًا  ۝٩٩ ۞ وَمَن يُهَاجِرۡ فِي سَبِيلِ ٱللَّهِ يَجِدۡ فِي ٱلۡأَرۡضِ مُرَٰغَمًا كَثِيرًا وَسَعَةًۚ وَمَن يَخۡرُجۡ مِنۢ بَيۡتِهِۦ مُهَاجِرًا إِلَى ٱللَّهِ وَرَسُولِهِۦ ثُمَّ يُدۡرِكۡهُ ٱلۡمَوۡتُ فَقَدۡ وَقَعَ أَجۡرُهُۥ عَلَى ٱللَّهِۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا  ۝١٠٠ وَإِذَا ضَرَبۡتُمۡ فِي ٱلۡأَرۡضِ فَلَيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَقۡصُرُواْ مِنَ ٱلصَّلَوٰةِ إِنۡ خِفۡتُمۡ أَن يَفۡتِنَكُمُ ٱلَّذِينَ كَفَرُوٓاْۚ إِنَّ ٱلۡكَٰفِرِينَ كَانُواْ لَكُمۡ عَدُوًّا مُّبِينًا  ۝١٠١
4:95
لَّا يَسۡتَوِي ٱلۡقَٰعِدُونَ مِنَ ٱلۡمُؤۡمِنِينَ غَيۡرُ أُوْلِي ٱلضَّرَرِ وَٱلۡمُجَٰهِدُونَ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۚ فَضَّلَ ٱللَّهُ ٱلۡمُجَٰهِدِينَ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ عَلَى ٱلۡقَٰعِدِينَ دَرَجَةًۚ وَكُلًّا وَعَدَ ٱللَّهُ ٱلۡحُسۡنَىٰۚ وَفَضَّلَ ٱللَّهُ ٱلۡمُجَٰهِدِينَ عَلَى ٱلۡقَٰعِدِينَ أَجۡرًا عَظِيمًا  ۝٩٥
‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ (ချည့်နဲ့ကျိုးကန်း မစွမ်းမသန်သော) ဒုက္ခိတများမဟုတ်ဘဲ (မိမိတို့အိမ်တွင်းဝယ်) ထိုင်၍နေသောသူတို့နှင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ အသက်စည်းစိမ်တို့ဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သောသူတို့သည် တူညီကြသည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် မိမိတို့၏ အသက်စည်းစိမ်တို့ဖြင့် စစ်မက်ပြိုင်ဆိုင်တိုက်ကြကုန်သောသူတို့အား (မိမိတို့အိမ်တွင်းဝယ်) ထိုင်၍နေကြကုန်သောသူတို့ထက် ဂုဏ်ရည် အဆင့်အတန်းအားဖြင့် မြင့်မြတ်စေတော်မူခဲ့လေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ထိုင်၍နေသူများနှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူများ) အားလုံးတို့ကို ကောင်းကျိုးပေးသနားတော်မူမည်ဟု ပဋိညာဉ် ထားရှိတော်မူပြီးဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သောသူတို့အား (မိမိတို့အိမ်တွင်း၌ အငြိမ်း) ထိုင်၍နေသောသူတို့ထက် ကြီးကျယ်သော အကျိုးကျေးဇူး (ချီးမြှင့်တော်မူခြင်း) အားဖြင့် မြင့်မြတ်စေတော်မူခဲ့လေပြီ။
4:96
دَرَجَٰتٍ مِّنۡهُ وَمَغۡفِرَةً وَرَحۡمَةًۚ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا  ۝٩٦
အလ္လာဟ်အရှင်မြတ်အထံတော်မှ ဂုဏ်ရည်အဆင့်အတန်း အမျိုးမျိုးတို့ကို ချီးမြှင့် ပေးသနားတော်မူခြင်းအားဖြင့်လည်းကောင်း၊ အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူခြင်းအားဖြင့်လည်းကောင်း၊ ကရုဏာ ပြုတော်မူခြင်းအားဖြင့်လည်းကောင်း (ထိုသူတို့အား မြင့်မြတ်စေတော်မူခဲ့လေပြီ။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အစဉ်အမြဲ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
4:97
إِنَّ ٱلَّذِينَ تَوَفَّىٰهُمُ ٱلۡمَلَٰٓئِكَةُ ظَالِمِيٓ أَنفُسِهِمۡ قَالُواْ فِيمَ كُنتُمۡۖ قَالُواْ كُنَّا مُسۡتَضۡعَفِينَ فِي ٱلۡأَرۡضِۚ قَالُوٓاْ أَلَمۡ تَكُنۡ أَرۡضُ ٱللَّهِ وَٰسِعَةً فَتُهَاجِرُواْ فِيهَاۚ فَأُوْلَٰٓئِكَ مَأۡوَىٰهُمۡ جَهَنَّمُۖ وَسَآءَتۡ مَصِيرًا  ۝٩٧
ဧကန်စင်စစ် အကြင်သူတို့သည် မိမိတို့ကိုယ်ကိုနှိပ်စက်နေကြစဉ် ‘မလာအိကဟ်’ ကောင်းကင်တမန်တ�ု့သည် ထိုသူတို့၏အသက်ဇီဝိန်ကို နှုတ်ခဲ့ကြကုန်အံ့။ (ထိုကဲ့သို့သောသူတို့အား) ယင်း ‘မလာအိကဟ်’ ကောင်းကင်တမန်တော်တို့က (ဤသို့) စစ်ဆေးမေးမြန်းကြကုန်အံ့။ “အသင်တို့သည် မည်သည့်ကိစ္စမျိုး၌ ပါဝင်ဆောင်ရွက်ခဲ့ကြသနည်း။ မည်သည့်အဖြစ်မျိုး၌ ရှိခဲ့ကြသနည်း။” (ထိုအခါ) ၎င်းတို့က (ဤသို့) ဖြေကြားကြလတ္တံ့။ “ကျွန်တော်မျိုးတို့သည် (ထို) တိုင်းပြည်ဒေသ၌ ဖိနှိပ်ချုပ်ချယ်မှု ခံနေရသူများဖြစ်ခဲ့ကြပါ၏။” (တစ်ဖန်) ထို‘မလာအိကဟ်’ ကောင်းကင်တမန်တို့က (ဤသို့) ပြန်ပြောကြကုန်အံ့။ “(အသင်တို့ ရွှေ့ပြောင်းနေထိုင်ကြရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏ပထဝီမြေပြင်သည် ကျယ်ဝန်းစွာရှိသည်မဟုတ်လော။ သို့ဖြစ်ရာ အသင်တို့သည် ထိုပထဝီမြေပြင်ဝယ် ရွှေ့ပြောင်း (နေထိုင်) နိုင်ကြ၏။ သို့ (ရွှေ့ပြောင်းနေထိုင်နိုင်ကြပါလျက် ရွှေ့ပြောင်းနေထိုင်ခြင်း မပြုကြသည့်) အတွက်ကြောင့် ထိုကဲ့သို့သောသူတို့၏ဌာနသည် ‘ဂျဟန္နမ်’ ငရဲဘုံပင်ဖြစ်၏။ အမှန်သော်ကား ထိုဂျဟန္နမ်ငရဲဘုံသည် အလွန်ဆိုးဝါးလှသော နေရာထိုင်ခင်းပင်ဖြစ်ချေသတည်း။”
4:98
إِلَّا ٱلۡمُسۡتَضۡعَفِينَ مِنَ ٱلرِّجَالِ وَٱلنِّسَآءِ وَٱلۡوِلۡدَٰنِ لَا يَسۡتَطِيعُونَ حِيلَةً وَلَا يَهۡتَدُونَ سَبِيلًا  ۝٩٨
သို့ရာတွင် အင်အားချည့်နဲ့ မစွမ်းမသန်သော အကြင်ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တို့သည် (ဟစ်ဂျ်ရတ်ပြုလုပ်ရန်အတွက်) မည်သည့်အကြံအစည်ကိုမျှ မတတ်စွမ်းနိုင်ကြအံ့။ ၎င်းပြင် မည်သည့် လမ်းကိုမျှလည်း မတွေ့ရှိကြအံ့။
4:99
فَأُوْلَٰٓئِكَ عَسَى ٱللَّهُ أَن يَعۡفُوَ عَنۡهُمۡۚ وَكَانَ ٱللَّهُ عَفُوًّا غَفُورًا  ۝٩٩
ယင်းသို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား မကြာမြင့်မီ ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
4:100
۞ وَمَن يُهَاجِرۡ فِي سَبِيلِ ٱللَّهِ يَجِدۡ فِي ٱلۡأَرۡضِ مُرَٰغَمًا كَثِيرًا وَسَعَةًۚ وَمَن يَخۡرُجۡ مِنۢ بَيۡتِهِۦ مُهَاجِرًا إِلَى ٱللَّهِ وَرَسُولِهِۦ ثُمَّ يُدۡرِكۡهُ ٱلۡمَوۡتُ فَقَدۡ وَقَعَ أَجۡرُهُۥ عَلَى ٱللَّهِۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا  ۝١٠٠
၎င်းပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ‘ဟစ်ဂျ်ရတ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းခြင်းကိုပြုအံ့။ ထိုသူသည် ကမ္ဘာမြေပြင်ဝယ် (ခိုလှုံရာ) နေရာများစွာကိုလည်းကောင်း၊ (ဘာသာသာသနာရေးအတွက်) ကျယ်ဝန်း (လွတ်လပ်) မှုကိုလည်းကောင်း တွေ့ရှိပေအံ့။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူသောနေရာ) ကို ရည်စူး၍လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (အား ကူညီခြင်း) ကို ရည်စူး၍လည်းကောင်း၊ မိမိအိမ်မှ ‘မုဟာဂျစ်ရ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသူအဖြစ် ထွက်ခဲ့ပြီးနောက် (လမ်းခရီး၌ပင်) ထိုသူ၌ ‘မရဏ’ သေခြင်းတရား ဆိုက်ရောက်လာ (သဖြင့် သေဆုံး) ခဲ့မူ၊ မုချဧကန် ထိုသူ၏အကျိုးသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ အတည်ဖြစ်ချေပြီ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ (ရကူ)
4:101
وَإِذَا ضَرَبۡتُمۡ فِي ٱلۡأَرۡضِ فَلَيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَقۡصُرُواْ مِنَ ٱلصَّلَوٰةِ إِنۡ خِفۡتُمۡ أَن يَفۡتِنَكُمُ ٱلَّذِينَ كَفَرُوٓاْۚ إِنَّ ٱلۡكَٰفِرِينَ كَانُواْ لَكُمۡ عَدُوًّا مُّبِينًا  ۝١٠١
၎င်းပြင် အကြင်အခါဝယ်၊ အသင်တို့သည် ကမ္ဘာမြေပြင်ဝယ် ခရီးထွက်ခဲ့ကြကုန်၏။ ထိုအခါဝယ် အသင်တို့သည် အကယ်၍ မိမိတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က ဒုက္ခပေးကြမည်ကို စိုးရိမ်ကြသည်ရှိသော်၊ အသင်တို့၌ ‘ဆွလာသ်’ ဝတ်ပြုမှုကို လျော့၍ပြုခြင်းအားဖြင့် အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ ဧကန်စင်စစ် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကား အသင်တို့၏ ထင်ရှားစွာသောရန်သူများပင် ဖြစ်ကြကုန်သတည်း။


📚Juz 5 📄94 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Saturday, August 22, 2026

Don't forget us in your sincere prayers