အန်-နီဆာ · 92/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَمَا كَانَ لِمُؤْمِنٍ أَن يَقْتُلَ مُؤْمِنًا إِلَّا خَطَأً ۚ وَمَن قَتَلَ مُؤْمِنًا خَطَأً فَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ وَدِيَةٌ مُّسَلَّمَةٌ إِلَىٰ أَهْلِهِ إِلَّا أَن يَصَّدَّقُوا ۚ فَإِن كَانَ مِن قَوْمٍ عَدُوٍّ لَّكُمْ وَهُوَ مُؤْمِنٌ فَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ ۖ وَإِن كَانَ مِن قَوْمٍ بَيْنَكُمْ وَبَيْنَهُم مِّيثَاقٌ فَدِيَةٌ مُّسَلَّمَةٌ إِلَىٰ أَهْلِهِ وَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ ۖ فَمَن لَّمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ تَوْبَةً مِّنَ اللَّهِ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا ۝٩٢
Wa maa kaana limu`minin ai yaqtula mu`minan illaa khata`aa; waman qatala mu`minan khata`an fatabreeru raqabatim mu`minatinw wa diyatum mmusallamatun ilaaa ahliheee illaaa ai yassaddaqoo; fa in kaana min qawmin `aduwwil lakum wa huwa mu`minun fatabreeru raqabatim mu`minah; wa in kaana min qawmim bainakum wa bainahum meesaaqun fadiyatum mmusallamatun ilaaa ahlihee wa tahreeru raqabatim mu`minatin famal lam yajid fa Siyaamu shahraini mutataabi`aini tawhatam minal laah; wa kaanal laahu `Aleeman hakeemaa
📖 မြန်မာဘာသာ
၎င်းပြင် မှား�ွင်းချွတ်ချော်၍သတ်မိခြင်းမှအပ အကြင်မွတ်စ်လင်မ်တစ်ဦးတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်၏ ဂုဏ်အင်္ဂါနှင့်မျှ မညီညွတ်ချေ။ (တစ်နည်း) မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်အဖို့မျှ မထိုက်ပေ။ (သို့ရာတွင် အကြင်သူတစ်ယောက်သည် မွတ်စလင်မ်တစ်ဦးတစ်ယောက်ကို မှားယွင်းချွတ်ချော်၍ သတ်ဖြတ်မိခဲ့ပါမူ (ထိုသူ၌) မွတ်စ်လင်မ် ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည့်ပြင် ထို (အသတ်ခံရသော) သူ၏ဆွေမျိုး အမွေစားအမွေခံတို့အား လျော်ကြေးပေးရန်လည်းတာဝန်ရှိပေသည်။ သို့ရာတွင် ထိုအမွေစားအမွေခံတို့က ခွင့်လွှတ်ကြသည်ရှိသော် (လျော်ကြေးပေးရန်မလိုပေ) ။ တစ်ဖန် အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ရန်သူများအသင်းမှ ဖြစ်အံ့၊ ၎င်းပြင် ထိုသူသည်မွတ်စ်လင်မ်လည်းဖြစ်အံ့၊ သို့ဖြစ်လျှင် (သတ်မိသောသူ၌) မွတ်စ်လင်မ်ကျွန်တစ်ယောက်ကို လွတ်မြောက်စေရန် (သာ) တာဝန်ရှိ၏။ ၎င်းပြင်အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ မဟာမိတ်တို့ အသင်းမှ ဖြစ်ခဲ့လျှင် ၎င်း၏အမွေစားအမွေခံတို့အား လျော်ကြေးပေးရမည့်အပြင်၊ မွတ်စ်လင်မ်ကျွန်တစ်ယောက်ကိုလည်း လွတ်မြောက်စေရန် တာဝန်ရှိပေသေး၏။ တစ်ဖန် အကြင်သူသည် (ကျွန်ကို လွတ်မြောက်စေရန် စရိတ်စက) မတတ်နိုင်ခဲ့လျှင် ထိုသူသည် နှစ်လတိတိ အဆက်မပြတ် တဆက်တည်း ဥပုသ်သီလဆောက်တည်ရပေမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ သတ်မှတ်ပြဋ္ဌာန်းတော်မူသော ဝန်ချတောင်းပန်ရန် နည်းပင်ဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကလိမဟ် (ခက်ခဲသောစကားလုံးများ) ရှင်းလင်းချက်။
  • မုအ်မင် (مؤمن) — အီမာန်ယုံကြည်သူ။
  • ခိုသ်အန် (خطأ) — မရည်ရွယ်ဘဲ မတော်တဆ ဖြစ်ပွားခြင်း။
  • တဟ်ရီးရ် ရိုကဗသ် (تحرير رقبة) — ကျွန်တစ်ဦးကို လွတ်မြောက်စေခြင်း။
  • ဒိယသ် (دية) — လူသတ်မှုအတွက် ပေးဆောင်ရသော လျော်ကြေးငွေ။
  • မူစလ်လမသွန် (مسلمة) — အပြည့်အဝ ပေးအပ်အပ်သော။
  • ယဆဒ္ဒကူး (يصدقوا) — ခွင့်လွှတ်ကြခြင်း၊ လျော်ကြေးကို စွန့်လွှတ်ကြခြင်း။
  • မီသားက် (ميثاق) — ကတိသစ္စာ၊ စာချုပ်။
  • မုတသာဗိအိုင် (متتابعين) — ဆက်တိုက်ဆက်တိုက်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

မုအ်မင်တစ်ဦးသည် အခြားမုအ်မင်တစ်ဦးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းသည် သူ့အတွက် လုံးဝမသင့်လျော်ပါ။ သို့သော် မတော်တဆ မရည်ရွယ်ဘဲ ဖြစ်ပွားသွားခြင်းမှာ ခြွင်းချက်ဖြစ်သည်။ မည်သူမဆို မုအ်မင်တစ်ဦးကို မတော်တဆ သတ်မိသွားပါက သူ့အပေါ် တာဝန်နှစ်ရပ်ရှိသည်။ ပထမမှာ မုအ်မင်ကျွန်တစ်ဦးကို လွတ်မြောက်စေခြင်း ဖြစ်သည်။ ဒုတိယမှာ သေဆုံးသူ၏ အမွေခံများထံ လျော်ကြေးငွေကို အပြည့်အဝ ပေးအပ်ခြင်း ဖြစ်သည်။ သို့သော် အမွေခံများက ခွင့်လွှတ်၍ လျော်ကြေးကို စွန့်လွှတ်ကြပါက ပေးရန် မလိုတော့ပါ။

အကယ်၍ သေဆုံးသူသည် မုအ်မင်ဖြစ်သော်လည်း မွတ်စ်လင်မ်များနှင့် စစ်ဖြစ်နေသော ရန်သူလူမျိုးစုထဲမှ ဖြစ်နေပါက သတ်သူအပေါ် မုအ်မင်ကျွန်တစ်ဦး လွတ်မြောက်စေခြင်းသာ တာဝန်ရှိသည်။ လျော်ကြေးငွေ ပေးရန် မလိုပါ။ အကယ်၍ သေဆုံးသူသည် မွတ်စ်လင်မ်များနှင့် စာချုပ်သစ္စာရှိသော လူမျိုးစုထဲမှ ဖြစ်ပါက သူ၏ အမွေခံများထံ လျော်ကြေးငွေ ပေးအပ်ခြင်းနှင့် မုအ်မင်ကျွန်တစ်ဦး လွတ်မြောက်စေခြင်း နှစ်မျိုးလုံး တာဝန်ရှိသည်။

မည်သူမဆို ကျွန်လွတ်မြောက်စေရန် မတတ်နိုင်ပါက ဆက်တိုက်ဆက်တိုက် နှစ်လ ဥပုသ်သီလ ဆောက်တည်ရမည်။ ဤသည် အလ္လာဟ်အရှင်မြတ်ထံမှ အပြစ်လွှတ်ခြင်းကို ရရှိရန် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အသိပညာနှင့် ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ။

-



📜 အာယာသ် 90-94 — စူရာ အန်-နီဆာ

90إِلَّا الَّذِينَ يَصِلُونَ إِلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُم مِّيثَاقٌ أَوْ جَاءُوكُمْ حَصِرَتْ صُدُورُهُمْ أَن يُقَاتِلُوكُمْ أَوْ يُقَاتِلُوا قَوْمَهُمْ ۚ وَلَوْ شَاءَ اللَّهُ لَسَلَّطَهُمْ عَلَيْكُمْ فَلَقَاتَلُوكُمْ ۚ فَإِنِ اعْتَزَلُوكُمْ فَلَمْ يُقَاتِلُوكُمْ وَأَلْقَوْا إِلَيْكُمُ السَّلَمَ فَمَا جَعَلَ اللَّهُ لَكُمْ عَلَيْهِمْ سَبِيلًا
သို့ရာတွင် အကြင် (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အကြင်အမျိုးသားတို့ထံ (သွားရောက်) ပူးပေါင်းကြကုန်၏။ အသင်တို့နှင့် ထိုအမျိုးသားတို့၏အကြားတွင် (တစ်ဖက်နှင့်တစ်ဖက် စစ်မဖြစ်ကြရန်) ပဋိညာဉ်ထားရှိပြီးဖြစ်၏။ သို့တည်းမဟုတ် ယင်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အသင်တို့ထံသို့လာကြ၏။ ၎င်းတို့သည် အသင်တို့နှင့် တိုက်ခိုက်ရန်သော် လည်းကောင်း၊ မိမိတို့၏ အမျိုးသား (များဖြစ်သော ကာဖိရ်) တို့နှင့် တိုက်ခိုက်ရန်သော်လည်းကောင်း ရင်လေးလျက်ရှိကြကုန်၏။ သို့ရာတွင် အကယ်၍သာ အလ္လာဟ်အင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းတို့အား အသင်တို့အပေါ်ဝယ် အခွင့်အာဏာရှိစေတော်မူခဲ့အံ့။ (တစ်နည်း) နိုင်နင်းစေတော်မူခဲ့အံ့။ သို့ဖြစ်ခဲ့လျှင် မုချဧကန် ထိုသူတို့သည် အသင်တို့အား တိုက်ခိုက်ခဲ့ကြကုန်အံ့။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် အသင်တို့ထံမှဆုတ်ခွာ၍ အသင်တို့နှင့်တိုက်ခိုက်ခြင်း မပြုဘဲနေခဲ့ကြပါသော်၊ ထို့ပြင် ၎င်းတို့သည် အသင်တို့ထံ စစ်မက်အရေးကျေအေးရန် ကမ်းလှမ်းခဲ့ကြပါသော် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ၎င်းတို့နှင့်ဆန့်ကျင်ဘက်ပြုကြရန် (ဝါ) စစ်တိုက်ကြရန် မည်သည့်နည်းလမ်းကိုမျှ ခွင့်ပြုတော်မူသည်မဟုတ်ချေ။
91سَتَجِدُونَ آخَرِينَ يُرِيدُونَ أَن يَأْمَنُوكُمْ وَيَأْمَنُوا قَوْمَهُمْ كُلَّ مَا رُدُّوا إِلَى الْفِتْنَةِ أُرْكِسُوا فِيهَا ۚ فَإِن لَّمْ يَعْتَزِلُوكُمْ وَيُلْقُوا إِلَيْكُمُ السَّلَمَ وَيَكُفُّوا أَيْدِيَهُمْ فَخُذُوهُمْ وَاقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ ۚ وَأُولَٰئِكُمْ جَعَلْنَا لَكُمْ عَلَيْهِمْ سُلْطَانًا مُّبِينًا
အသင်တို့သည် အခြားသူတို့ကိုလည်း မကြာမြင့်မီ တွေ့ရှိကြလတ္တံ့။ ထိုသူတို့သည် အသင်တို့၏ဘေးရန်များမှလည်းကောင်း၊ မိမိတို့လူမျိုးဖြစ်သော ကာဖိရ်တို့၏ ဘေးရန်များမှလည်းကောင်း၊ လွတ်ကင်းချမ်းသာစွာနေလိုကြ၏။ (သို့ရာတွင်) ထိုသူတို့သည် မည်သည့်အခါမျိုးမဆို စစ်တိုက်ခိုက်မှုတွင် ကာဖိရ်တို့၏ ပြန်လည်သိမ်းသွင်းခြင်းကို ခံကြရသော်၊ ထိုစစ်တိုက်ခိုက်မှုဘက်သို့ပင် ပြန်လှည့်တတ်ကြကုန်၏။ သို့ဖြစ်ပေရာ အကယ်၍သာ ၎င်းတို့သည် အသင်တို့ (နှင့် ပြိုင်ဆိုင်တိုက်ခိုက်ခြင်း) မှ ဆုတ်ခွာ၍မနေခဲ့သည်ရှိသော်၊ ၎င်းပြင် အသင်တို့ထံ စစ်မက်အရေး ကျေအေးပြေငြိမ်းရန် ကမ်းလှမ်းခြင်းမပြုခဲ့သည်ရှိသော်၊ ၎င်းပြင် မိမိတို့လက်များကို (အသင်တို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ချုပ်တည်း၍ထားခြင်း မပြုခဲ့ကြသည်ရှိသော် အသင်တို့သည် ၎င်းတို့အား တွေ့ရှိရာအရပ်ဒေသ၌ ဖမ်းဆီးကြလေကုန်။ သတ်ဖြတ်ကြလေကုန်။ ဤသူတို့အပေါ်၌ပင်လျှင် ငါအရှင်မြတ်သည် အသင်တို့အား ထင်ရှားသောအခွင့်အာဏာ၊ တန်ခိုးသတ္တိ၊ နိုင်နင်းမှုကို ပေးသနားတော်မူခဲ့လေသည်။ (ရကူ)
92وَمَا كَانَ لِمُؤْمِنٍ أَن يَقْتُلَ مُؤْمِنًا إِلَّا خَطَأً ۚ وَمَن قَتَلَ مُؤْمِنًا خَطَأً فَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ وَدِيَةٌ مُّسَلَّمَةٌ إِلَىٰ أَهْلِهِ إِلَّا أَن يَصَّدَّقُوا ۚ فَإِن كَانَ مِن قَوْمٍ عَدُوٍّ لَّكُمْ وَهُوَ مُؤْمِنٌ فَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ ۖ وَإِن كَانَ مِن قَوْمٍ بَيْنَكُمْ وَبَيْنَهُم مِّيثَاقٌ فَدِيَةٌ مُّسَلَّمَةٌ إِلَىٰ أَهْلِهِ وَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ ۖ فَمَن لَّمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ تَوْبَةً مِّنَ اللَّهِ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
၎င်းပြင် မှား�ွင်းချွတ်ချော်၍သတ်မိခြင်းမှအပ အကြင်မွတ်စ်လင်မ်တစ်ဦးတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်၏ ဂုဏ်အင်္ဂါနှင့်မျှ မညီညွတ်ချေ။ (တစ်နည်း) မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်အဖို့မျှ မထိုက်ပေ။ (သို့ရာတွင် အကြင်သူတစ်ယောက်သည် မွတ်စလင်မ်တစ်ဦးတစ်ယောက်ကို မှားယွင်းချွတ်ချော်၍ သတ်ဖြတ်မိခဲ့ပါမူ (ထိုသူ၌) မွတ်စ်လင်မ် ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည့်ပြင် ထို (အသတ်ခံရသော) သူ၏ဆွေမျိုး အမွေစားအမွေခံတို့အား လျော်ကြေးပေးရန်လည်းတာဝန်ရှိပေသည်။ သို့ရာတွင် ထိုအမွေစားအမွေခံတို့က ခွင့်လွှတ်ကြသည်ရှိသော် (လျော်ကြေးပေးရန်မလိုပေ) ။ တစ်ဖန် အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ရန်သူများအသင်းမှ ဖြစ်အံ့၊ ၎င်းပြင် ထိုသူသည်မွတ်စ်လင်မ်လည်းဖြစ်အံ့၊ သို့ဖြစ်လျှင် (သတ်မိသောသူ၌) မွတ်စ်လင်မ်ကျွန်တစ်ယောက်ကို လွတ်မြောက်စေရန် (သာ) တာဝန်ရှိ၏။ ၎င်းပြင်အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ မဟာမိတ်တို့ အသင်းမှ ဖြစ်ခဲ့လျှင် ၎င်း၏အမွေစားအမွေခံတို့အား လျော်ကြေးပေးရမည့်အပြင်၊ မွတ်စ်လင်မ်ကျွန်တစ်ယောက်ကိုလည်း လွတ်မြောက်စေရန် တာဝန်ရှိပေသေး၏။ တစ်ဖန် အကြင်သူသည် (ကျွန်ကို လွတ်မြောက်စေရန် စရိတ်စက) မတတ်နိုင်ခဲ့လျှင် ထိုသူသည် နှစ်လတိတိ အဆက်မပြတ် တဆက်တည်း ဥပုသ်သီလဆောက်တည်ရပေမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ သတ်မှတ်ပြဋ္ဌာန်းတော်မူသော ဝန်ချတောင်းပန်ရန် နည်းပင်ဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသည်။
93وَمَن يَقْتُلْ مُؤْمِنًا مُّتَعَمِّدًا فَجَزَاؤُهُ جَهَنَّمُ خَالِدًا فِيهَا وَغَضِبَ اللَّهُ عَلَيْهِ وَلَعَنَهُ وَأَعَدَّ لَهُ عَذَابًا عَظِيمًا
သို့ရာတွင် အက�င်သူသည် မွတ်စ်လင်မ်စ်တစ်ဦးတစ်ယောက်ကို တမင်သက်သက် ကြံစည်သတ်ဖြတ်ခဲ့ပါမူ ထိုသူ၏အပြစ်သည် ‘ဂျဟန္နမ်’ ငရဲဘုံပင်ဖြစ်သည်။ (ထိုသူသည်) ယင်း‘ဂျဟန္နမ်’ ငရဲဘုံ၌ အစဉ်အမြဲလားရမည်။ ထိုမှတစ်ပါးတုံ အလ္လာဟ်အရှင်မြတ်သည် ၎င်း၏အပေါ်၌ အမျက်တော်ထားတော်မူအံ့။ ထိုသူအား ကရုဏာတော်မှလည်း ကင်းဝေးစေတော်မူအံ့။ ထိုသူ၏အဖို့ ကြီးလေးသောပြစ်ဒဏ် တော်ကိုလည်း အဆင်သင့်ပြုထားတော်မူလတ္တံ့။
94يَا أَيُّهَا الَّذِينَ آمَنُوا إِذَا ضَرَبْتُمْ فِي سَبِيلِ اللَّهِ فَتَبَيَّنُوا وَلَا تَقُولُوا لِمَنْ أَلْقَىٰ إِلَيْكُمُ السَّلَامَ لَسْتَ مُؤْمِنًا تَبْتَغُونَ عَرَضَ الْحَيَاةِ الدُّنْيَا فَعِندَ اللَّهِ مَغَانِمُ كَثِيرَةٌ ۚ كَذَٰلِكَ كُنتُم مِّن قَبْلُ فَمَنَّ اللَّهُ عَلَيْكُمْ فَتَبَيَّنُوا ۚ إِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
အို-‘မုအ်မင်န်’ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းငှာ) ခရီးထွက်ကြသောအခါ (ရန်သူနှင့်မိတ်ဆွေကို ခွဲခြား၍သိသာရန်) စီစစ် ရှာဖွေစုံစမ်းကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့အား‘စလာမ်’ (မေတ္တာ) ပို့သ (ကာ မိမိကိုယ်ကို မွတ်စ်လင်မ်ဖြစ်ကြောင်း ထင်ရှားစေ) သောသူကို အသင်သည် ‘မုအ်မင်န်’ မဟုတ်ဟု မပြောကြကုန်လင့်။ အသင်တို့သည် လောကီဥစ္စာ ပစ္စည်းစည်းစိမ်များကို ရှာဖွေကြ၏။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ (တရားသဖြင့် သုံးစွဲနိုင်သော) လက်ရပစ္စည်းများသည် ပေါများစွာ ရှိကုန်၏။ အသင်တို့သည်လည်း ယခင်မူလက ထိုကဲ့သို့ ပင် (မိမိတို့ မွတ်စ်လင်မ်ဖြစ်ကြောင်းနှင့်ပတ်သက်၍ နှုတ်ဖြင့် ကလိမဟ်ရွတ်ဖက်ခြင်းကိုပင် အမှီသဟဲပြုကြရသူများ) ဖြစ်ခဲ့ကြ၏။ ထို့နောက် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အပေါ်၌ ကျေးဇူးပြုတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် စီစစ်ရှာဖွေ စုံစမ်းကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုမူကြကုန်သော အမှုကိစ္စတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
92အာယာသ်

ဘာသာပြန် — အန်-နီဆာ 92

စူရာ အန်-နီဆာ အာယာသ် 92 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် မှား�ွင်းချွတ်ချော်၍သတ်မိခြင်းမှအပ အကြင်မွတ်စ်လင်မ်တစ်ဦးတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်၏ ဂုဏ်အင်္ဂါနှင့်မျှ မညီညွတ်ချေ။ (တစ်နည်း) မည်သည့်…

စူရာ အာယာသ် 92/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 90–94. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 11, 2026

Don't forget us in your sincere prayers