سورة عبس بالبورمية

  1. استمع للسورة
  2. سور أخرى
  3. ترجمة السورة
القرآن الكريم | ترجمة معاني القرآن | اللغة البورمية | سورة عبس | Abasa - عدد آياتها 42 - رقم السورة في المصحف: 80 - معنى السورة بالإنجليزية: He Frowned.

عَبَسَ وَتَوَلَّىٰ(1)

 ထို(နဗီတမန်တော်မြတ်)သည် မျက်မှောင်ကြုတ်ခဲ့သည့်ပြင် မျက်နှာလည်း လွှဲခဲ့လေသည်။ (မကြည်မသာ မျက်နှာသုန်မှုန်စွာဖြင့် မျက်နှာလွှဲ၍ နေခဲ့လေသည်။)

أَن جَاءَهُ الْأَعْمَىٰ(2)

 မိမိထံသို့ မျက်စိမမြင်သောသူ ဝင်ရောက်၍ လာခဲ့သောကြောင့်။

وَمَا يُدْرِيكَ لَعَلَّهُ يَزَّكَّىٰ(3)

 အသင် သိပါသလော၊ စင်စစ် မျက်စိမမြင်သောသူသည် စင်ကြယ်သန့်ရှင်းသူ ဖြစ်တန်ရာသည်။

أَوْ يَذَّكَّرُ فَتَنفَعَهُ الذِّكْرَىٰ(4)

 သို့တည်းမဟုတ် ထိုသူသည် တရားရသွားနိုင်ပေသည်။ (ဆင်ခြင်နိုင်ပေသည်)။ သို့ဖြစ်လျှင် ဆုံးမ ဩဝါဒပေးခြင်းသည် ထိုသူအား အကျိုးဖြစ်ထွန်းစေနိုင်မည်။

أَمَّا مَنِ اسْتَغْنَىٰ(5)

 မည်သို့ပင်ဖြစ်စေ အကြင်သူသည် အလေးမမူဂရုမစိုက်ခဲ့ချေ။

فَأَنتَ لَهُ تَصَدَّىٰ(6)

 သို့ပါလျက် အသင်သည် ထိုသူအား ဂရုစိုက်အရေးပေးသည်။

وَمَا عَلَيْكَ أَلَّا يَزَّكَّىٰ(7)

 စင်စစ်သော်ကား ထိုသူ မစင်ကြယ်သည့်အတွက် အသင့်အပေါ်၌ မည်သို့မျှ အပြစ်မရှိချေ။

وَأَمَّا مَن جَاءَكَ يَسْعَىٰ(8)

 သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် အသင့်ထံသို့ အပြေးအလွှားရောက်ရှိလာခဲ့လေသည်။

وَهُوَ يَخْشَىٰ(9)

 ထိုမှတစ်ပါး ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသူလည်း ဖြစ်ခဲ့ပေသည်။

فَأَنتَ عَنْهُ تَلَهَّىٰ(10)

 သို့ပါလျက် အသင်သည် ထိုသူအား အရေးမပေး လျစ်လျူရှုခဲ့ပေသည်။

كَلَّا إِنَّهَا تَذْكِرَةٌ(11)

 (အို-နဗီတမန်တော်၊ အသင်သည်) ဤသို့ အလျင်းမပြုပါလေနှင့်။ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် ဆုံးမဩဝါဒပင်ဖြစ်ပေသည်။

فَمَن شَاءَ ذَكَرَهُ(12)

 သို့ဖြစ်ပေရာ အလိုရှိသောသူသည် ယင်းဆုံးမဩဝါဒကို လေ့ကျက်မှတ်သားပေလိမ့်မည်။

فِي صُحُفٍ مُّكَرَّمَةٍ(13)

 (ယင်းဆုံးမဩဝါဒသည်) ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော အရွက်များပေါ်၌ (ရေးသားပြီး)ဖြစ်၏။

مَّرْفُوعَةٍ مُّطَهَّرَةٍ(14)

 (ယင်းအရွက်များသည်) မြင့်မြတ်သော၊ စင်ကြယ်သန့်ရှင်းသော(အရွက်များ ဖြစ်သည်)။

بِأَيْدِي سَفَرَةٍ(15)

 (ယင်းအရွက်များသည်) ရေးသားကြသော ကောင်းကင်တမန်တို့၏ လက်တွင်း၌ရှိ၏။

كِرَامٍ بَرَرَةٍ(16)

 (ထိုကောင်းကင်တမန်များသည်) ဂုဏ်အင်ဒြပ်ထူးကဲကြသော၊ သူတော်စင်များဖြစ်ကြကုန်သော (ကောင်းကင်တမန်များ ဖြစ်ကြပေသတည်း)။

قُتِلَ الْإِنسَانُ مَا أَكْفَرَهُ(17)

 မနူဿလူသားသည် ပျက်စီးပါစေ၊ (ပျက်စီးချိမ့်သတည်း)။ ၎င်းသည် အဘယ်မျှလောက် ကျေးဇူးကန်းဘိသနည်း။

مِنْ أَيِّ شَيْءٍ خَلَقَهُ(18)

 ထိုအရှင်မြတ်သည် ၎င်းအား မည်သည့်အရာဖြင့် ဖန်ဆင်းတော်မူပါသနည်း။

مِن نُّطْفَةٍ خَلَقَهُ فَقَدَّرَهُ(19)

 ထိုအရှင်မြတ်သည် ၎င်းအား ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင် မြတ်သည် ၎င်းအား နှိုင်းချိန်တိုင်းဆခန့်မှန်း၍ ပြုလုပ်တော်မူ၏။

ثُمَّ السَّبِيلَ يَسَّرَهُ(20)

 ထို့နောက် ထိုအရှင်မြတ်သည် ၎င်း၏အဖို့ လမ်းကို လွယ်ကူစေတော်မူ၏။

ثُمَّ أَمَاتَهُ فَأَقْبَرَهُ(21)

 ထို့နောက် ထိုအရှင်မြတ်သည် ၎င်းအား သေဆုံးစေတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းအား သင်္ချိုင်းတွင်းသို့ မြှုပ်နှံစေတော်မူ၏။

ثُمَّ إِذَا شَاءَ أَنشَرَهُ(22)

 ထို့နောက်တဖန် ထိုအရှင်မြတ်သည် အလိုရှိတော်မူသောအခါ ၎င်းအား ရှင်ပြန်ထစေတော်မူမည်။

كَلَّا لَمَّا يَقْضِ مَا أَمَرَهُ(23)

 ထိုလူသားသည် ၎င်းအား ထိုအရှင်မြတ်က အမိန့်ပေးတော်မူသည်များကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ခြင်း အလျင်း မရှိချေ။

فَلْيَنظُرِ الْإِنسَانُ إِلَىٰ طَعَامِهِ(24)

 ပြီးနောက် လူသားသည် မိမိ အစားအစာကို(ပြန်လည်)ကြည့်ရှု ဆင်ခြင်အပ်ပေသည်။

أَنَّا صَبَبْنَا الْمَاءَ صَبًّا(25)

 ဧကန်မလွဲ ငါအရှင်မြတ်သည် (မိုး)ရေကို (အံ့ဘွယ်သရဲ) ရွာသွန်းစေတော်မူ၏။

ثُمَّ شَقَقْنَا الْأَرْضَ شَقًّا(26)

 ထိုနောက် ငါအရှင်မြတ်သည် ပထဝီမြေကို (အံ့ဘွယ်သရဲ) ခွဲတော်မူ၏။

فَأَنبَتْنَا فِيهَا حَبًّا(27)

 တဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ ကောက်ပဲသီးနှံကို ပေါက်ရောက်စေတော်မူ၏။

وَعِنَبًا وَقَضْبًا(28)

 စပျစ်ပင်ကိုလည်းကောင်း၊ စိမ်းစိုသော ဟင်းသီးဟင်းရွက်ကိုလည်းကောင်း။

وَزَيْتُونًا وَنَخْلًا(29)

 သံလွင်ပင်ကိုလည်းကောင်း၊ စွန်ပလွံပင်ကိုလည်းကောင်း။

وَحَدَائِقَ غُلْبًا(30)

 (သစ်ပင်ပန်းပင်များ)ထူထပ်သော ဥယျာဉ်များကိုလည်းကောင်း။

وَفَاكِهَةً وَأَبًّا(31)

 သစ်သီးဝလံများကိုလည်းကောင်း၊ ကျွဲ၊ နွားတိရစ္ဆာန်အစာကိုလည်းကောင်း၊ (ပေါက်ရောက်စေတော်မူ၏)။

مَّتَاعًا لَّكُمْ وَلِأَنْعَامِكُمْ(32)

 အသင်တို့၏အကျိုးငှာလည်းကောင်း၊ အသင် တို့၏ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်များ၏ အကျိုးငှာလည်းကောင်း၊

فَإِذَا جَاءَتِ الصَّاخَّةُ(33)

 တဖန် နားပင်းစေသောအသံသည် (ထွက် ပေါ်၍) လာသောအခါ။

يَوْمَ يَفِرُّ الْمَرْءُ مِنْ أَخِيهِ(34)

 အကြင်နေ့တွင် လူသည်ထွက်ပြေး (တိမ်းရှောင်)အံ့၊ မိမိညီအစ်ကို၏ထံမှလည်းကောင်း။

وَأُمِّهِ وَأَبِيهِ(35)

 မိမိအမိထံမှလည်းကောင်း၊ မိမိအဘထံမှ လည်းကောင်း။

وَصَاحِبَتِهِ وَبَنِيهِ(36)

 မိမိဇနီး ကြင်ယာ၏ထံမှလည်းကောင်း၊ မိမိသားသမီးထံမှလည်းကောင်း။

لِكُلِّ امْرِئٍ مِّنْهُمْ يَوْمَئِذٍ شَأْنٌ يُغْنِيهِ(37)

 ထိုနေ့တွင်ကား လူတိုင်းလူတိုင်း၌ (အခြား မည်သည့်တစုံတရာကိုမျှ) ဂရုမစိုက်ဘဲ လုံးပန်း၍ နေစေသော အရေးကိစ္စတခုစီ ရှိနေမည်ဖြစ်၏။

وُجُوهٌ يَوْمَئِذٍ مُّسْفِرَةٌ(38)

 ထိုနေ့တွင် မြောက်မြားစွာသောမျက်နှာတို့မှာ လင်းဝင်းတောက်ပလျက် ရှိကြပေမည်။

ضَاحِكَةٌ مُّسْتَبْشِرَةٌ(39)

 ရယ်မောရွှင်ပြလျက် (ရှိကြပေမည်)။

وَوُجُوهٌ يَوْمَئِذٍ عَلَيْهَا غَبَرَةٌ(40)

 ထိုမှတစ်ပါး မြောက်မြားစွာသော မျက်နှာတို့အပေါ်၌မူကား မြူမှုန်များသည် ရှိနေပေမည်။

تَرْهَقُهَا قَتَرَةٌ(41)

 ထိုမျက်နှာများအပေါ်၌ အမှောင်သည် ဖုံးလွှမ်းလျက် ရှိပေမည်။

أُولَٰئِكَ هُمُ الْكَفَرَةُ الْفَجَرَةُ(42)

 ထိုသူတို့သည်သာလျှင် ကာဖိရ် သွေဖည်ငြင်းပယ်သူများ၊ ဆိုးသွမ်းသူများ ဖြစ်ကြကုန်သတည်း။


المزيد من السور باللغة البورمية:

سورة البقرة آل عمران سورة النساء
سورة المائدة سورة يوسف سورة ابراهيم
سورة الحجر سورة الكهف سورة مريم
سورة السجدة سورة يس سورة الدخان
سورة النجم سورة الرحمن سورة الواقعة
سورة الحشر سورة الملك سورة الحاقة

تحميل سورة عبس بصوت أشهر القراء :

قم باختيار القارئ للاستماع و تحميل سورة عبس كاملة بجودة عالية
سورة عبس أحمد العجمي
أحمد العجمي
سورة عبس خالد الجليل
خالد الجليل
سورة عبس سعد الغامدي
سعد الغامدي
سورة عبس سعود الشريم
سعود الشريم
سورة عبس عبد الباسط عبد الصمد
عبد الباسط
سورة عبس عبد الله عواد الجهني
عبد الله الجهني
سورة عبس علي الحذيفي
علي الحذيفي
سورة عبس فارس عباد
فارس عباد
سورة عبس ماهر المعيقلي
ماهر المعيقلي
سورة عبس محمد جبريل
محمد جبريل
سورة عبس محمد صديق المنشاوي
المنشاوي
سورة عبس الحصري
الحصري
سورة عبس العفاسي
مشاري العفاسي
سورة عبس ناصر القطامي
ناصر القطامي
سورة عبس ياسر الدوسري
ياسر الدوسري



Tuesday, May 14, 2024

لا تنسنا من دعوة صالحة بظهر الغيب