Surah An-Naziat with Burmese

  1. Surah mp3
  2. More
  3. Burmese
The Holy Quran | Quran translation | Language Burmese | Surah Naziat | النازعات - Ayat Count 46 - The number of the surah in moshaf: 79 - The meaning of the surah in English: Those Who Tear Out.

وَالنَّازِعَاتِ غَرْقًا(1)

 (ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက်ဇီဝိန်များကို) ပြင်းထန်စွာ ဆွဲငင်နုတ်ထုတ်ယူကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

وَالنَّاشِطَاتِ نَشْطًا(2)

 ၎င်းပြင် အထုံးအဖွဲ့ကို ဖြေပေးကြသော(ဝါ)မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ အသက်ဇီဝိန်များကို လွယ်ကူ (ညင်သာ)စွာ နုတ်ယူကြသော (ကောင်းကင်တမန်)တို့အား သက်သေထူ၏။

وَالسَّابِحَاتِ سَبْحًا(3)

 ၎င်းပြင် (ရေကူးသကဲ့သို့) လျင်မြန်စွာကူး၍သွားကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

فَالسَّابِقَاتِ سَبْقًا(4)

 တဖန် လျင်မြန်စွာပြေးကြသော(ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

فَالْمُدَبِّرَاتِ أَمْرًا(5)

 တဖန် အရေးကိစ္စအဝဝတို့ကို နေရာတကျဖြစ်အောင် စီမံကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

يَوْمَ تَرْجُفُ الرَّاجِفَةُ(6)

 အကြင်နေ့တွင် တုန်လှုပ်စေသောအရာ(ဝါ)ပထမအကြိမ် တံပိုးခရာမှုတ်ခြင်းသည် တုန်လှုပ်စေမည်ဖြစ်၏။

تَتْبَعُهَا الرَّادِفَةُ(7)

 နောက်မှလာသောအရာ(ဝါ) ဒုတိယအကြိမ် တံပိုးခရာမှုတ်ခြင်းသည် ယင်းတုန်လှုပ်စေသောအရာ (ဝါ) ပထမအကြိမ် တံပိုးခရာမှုတ်ခြင်း၏နောက်မှ လိုက်၍လာမည်ဖြစ်၏။

قُلُوبٌ يَوْمَئِذٍ وَاجِفَةٌ(8)

 ထိုနေ့တွင်ကား မြောက်မြားစွာသော စိတ်နှလုံးများသည် ချောက်ချားလျက်ရှိကြပေမည်။

أَبْصَارُهَا خَاشِعَةٌ(9)

 ထို (စိတ်နှလုံးရှင်)တို့၏ မျက်စိများကား အောက်သို့စိုက်လျက် ရှိကြပေမည်။

يَقُولُونَ أَإِنَّا لَمَرْدُودُونَ فِي الْحَافِرَةِ(10)

 ၎င်းတို့က "အသို့ပါနည်း၊ ကျွန်ုပ်တို့သည် မူလအခြေအနေသို့ တဖန်ပြန်၍ အမှန်ပင် ရောက်ရှိကြမည်လော၊" ဟု ပြောဆိုကြလေသည်။

أَإِذَا كُنَّا عِظَامًا نَّخِرَةً(11)

 ကျွန်ုပ်တို့သည် ဆွေးမြည့်သော အရိုးများသာကျန်ရှိသောအခါ (မူလအတိုင်း ပြန်လည်ရှင်ကြရဦးမည်)လော။

قَالُوا تِلْكَ إِذًا كَرَّةٌ خَاسِرَةٌ(12)

 သို့ဖြစ်လျှင် ယင်း(ရှင်ပြန်ထခြင်း)သည် (ကျွန်ုပ်တို့အဖို့) ဆုံးရှုံးသော ရှင်ပြန်ထခြင်းပင် ဖြစ်ချေမည်ဟု ပြောဆိုကြလေသည်။

فَإِنَّمَا هِيَ زَجْرَةٌ وَاحِدَةٌ(13)

 စင်စစ် ထိုအရာကား ပြင်းထန်လှစွာသော အသံတစ်ခုသာလျှင် ဖြစ်ပေမည်။

فَإِذَا هُم بِالسَّاهِرَةِ(14)

 ထိုအခါ လူအားလုံးတို့သည် မြေမျက်နှာပြင်သို့ ရုတ်တရက်ပင် ရှိလာကြအံ့သတည်း။

هَلْ أَتَاكَ حَدِيثُ مُوسَىٰ(15)

 (အို-နဗီတမန်တော်)အသင့်ထံ(နဗီတမန်တော်)မူစာ၏အကြောင်း အတ္တုပ္ပတ္တိသည် ရောက်လာခဲ့လေပြီလော။

إِذْ نَادَاهُ رَبُّهُ بِالْوَادِ الْمُقَدَّسِ طُوًى(16)

 တရံရောအခါဝယ် ထို(နဗီတမန်တော်)မူစာ၏အရှင်မြတ်သည် ထို(နဗီတမန်တော်)မူစာအား "တွုဝါ" အမည်ရှိ ထူးမြတ်သော တောင်ကြားအရပ်၌ ဟစ်ခေါ်တော်မူခဲ့၏။

اذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ(17)

 အသင်သည် ဖစ်ရ်အောင်န်၏ထံသို့ သွားပါလေ။ ဧကန်မလွဲ ထိုဖစ်ရ်အောင်န်သည် လွန်စွာ ရက်စက်ကြမ်းကြုတ်လျက် ရှိနေလေပြီ။

فَقُلْ هَل لَّكَ إِلَىٰ أَن تَزَكَّىٰ(18)

 သို့ဖြစ်ပေရာ အသင်သည် (၎င်း၏ထံသို့ သွားရောက်ပြီးလျှင် ဤသို့)ပြောကြားပါလေ။ (အို-ဖစ်ရ်အောင်န်)အသင်၌ မိမိ စင်ကြယ်သန့်ရှင်း အပြစ်ကင်းရန်လည်းကောင်း။

وَأَهْدِيَكَ إِلَىٰ رَبِّكَ فَتَخْشَىٰ(19)

 ကျွန်ုပ်သည် အသင့်အား အသင်၏အရှင်မြတ်အထံတော်သို့ လမ်းညွှန်၍ပေးရန်လည်းကောင်း၊ ဆန္ဒ ရှိလေသလော။ သို့ဖြစ်လျှင် အသင်သည်(ထိုအရှင်မြတ်အား)ကြောက်ရွံ့ရိုသေသောသူ ဖြစ်လာပေမည်။

فَأَرَاهُ الْآيَةَ الْكُبْرَىٰ(20)

 ထိုနောက် ထို(နဗီတမန်တော်)မူစာသည် ၎င်းဖစ်ရ်အောင်န်အား အကြီးကျယ်ဆုံးသော သက်သေ လက္ခဏာတန်ခိုးတော်ကို ပြသခဲ့လေသည်။

فَكَذَّبَ وَعَصَىٰ(21)

 သို့ပါလျက် ထိုဖစ်ရ်အောင်န်သည် (နဗီတမန်တော်မူစာအား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့သည့်ပြင် (ထိုနဗီတမန်တော်မူစာ၏ ဟောကြားချက်များကိုလည်း) ဖီဆန်ခဲ့လေသည်။

ثُمَّ أَدْبَرَ يَسْعَىٰ(22)

 ထို့နောက် ထိုဖစ်ရ်အောင်န်သည် (နဗီတမန်တော်မူစာအား) ကျောခိုင်း၍ (ကမ္ဘာမြေဝယ် ဆူပူ သောင်းကျန်းရန်) ကြိုးပမ်းလေတော့သည်။

فَحَشَرَ فَنَادَىٰ(23)

 ထို့နောက် ထိုဖစ်ရ်အောင်န်သည် (ပဉ္စလက်ဆရာများကိုလည်းကောင်း၊ စစ်သည် ရဲမက်တို့ကို လည်းကောင်း၊) စုရုံးပြီးလျှင် (အသံကျယ်စွာ) ဟစ်အော်ခဲ့လေသည်။

فَقَالَ أَنَا رَبُّكُمُ الْأَعْلَىٰ(24)

 ထို့နောက် ၎င်း(ဖစ်ရ်အောင်န်)က "ကျွန်ုပ်သည်ပင် အသင်တို့၏ မြင့်မြတ်ဆုံးသောအရှင် ဖြစ်သည်" ဟုပြောဆို(ကြေညာ)ခဲ့လေသည်။

فَأَخَذَهُ اللَّهُ نَكَالَ الْآخِرَةِ وَالْأُولَىٰ(25)

 သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုဖစ်ရ်အောင်န်အား အာခိရတ်တမလွန်ဘဝ၏ ပြစ်ဒဏ်၌လည်းကောင်း၊ လောကီဘဝ၏ပြစ်ဒဏ်၌လည်းကောင်း၊ ဖမ်းဆီး ကွပ်မျက်တော်မူခဲ့လေသည်။

إِنَّ فِي ذَٰلِكَ لَعِبْرَةً لِّمَن يَخْشَىٰ(26)

 ဧကန်မလွဲ ထို(အကြောင်းအတ္တုပ္ပတ္တိ)၌(အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသောသူ အဖို့သတိပေး နှိုးဆော်ချက်သည် အမှန်ပင် ရှိပေသတည်း။

أَأَنتُمْ أَشَدُّ خَلْقًا أَمِ السَّمَاءُ ۚ بَنَاهَا(27)

 အသို့ပါနည်း၊ အသင်တို့အား ဖန်ဆင်းတော်မူခြင်းသည် ပို၍ခဲယဉ်းလေသလော၊ သို့တည်းမဟုတ် မိုးကောင်းကင်ကို ဖန်ဆင်းတော်မူခြင်းသည် ပို၍ ခဲယဉ်းလေသလော။ ထိုအရှင်မြတ်သည် ယင်း မိုးကောင်းကင်ကိုပြုလုပ်(ဖန်ဆင်း)တော်မူခဲ့၏။

رَفَعَ سَمْكَهَا فَسَوَّاهَا(28)

 ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်၏ မျက်နှာကျက်ကို မြင့်စွင့်စွာပြုလုပ်တော်မူခဲ့၏။ တစ်ဖန် ယင်းမိုးကောင်းကင်ကို အပြစ်အနာ ကင်းရှင်းစွာ ပြုလုပ်တော်မူခဲ့၏။

وَأَغْطَشَ لَيْلَهَا وَأَخْرَجَ ضُحَاهَا(29)

 ၎င်းပြင် ထိုအရှင်မြတ်သည် ယင်း မိုးကောင်းကင်၏ ညဉ့်ကို မှောင်မိုက်စေတော်မူခဲ့၏။ ထို့ပြင် ယင်းမိုးကောင်းကင်၏ နေ့ကိုမူကား (လင်းဝင်း) ထင်ရှားစေတော်မူခဲ့၏။

وَالْأَرْضَ بَعْدَ ذَٰلِكَ دَحَاهَا(30)

 ၎င်းပြင် ထိုအရှင်မြတ်သည် ယင်း(မိုးကောင်းကင်ကို စနစ်တကျ ပြုပြင်တော်မူပြီးသည့်) နောက်တွင် ပထဝီမြေကို ဖြန့်ခင်းတော်မူခဲ့၏။

أَخْرَجَ مِنْهَا مَاءَهَا وَمَرْعَاهَا(31)

 ထိုအရှင်မြတ်သည် ထိုပထဝီမြေမှ ယင်းပထဝီမြေ၏ရေကိုလည်းကောင်း၊ ယင်းပထဝီမြေ၏မြက်၊ သစ်ပင်၊ ကောက်ပဲသီးနှံ၊ အစရှိသည်များကိုလည်းကောင်း၊ ထွက်စေတော်မူခဲ့၏။

وَالْجِبَالَ أَرْسَاهَا(32)

 ၎င်းပြင် ထိုအရှင်မြတ်သည် တောင်များကို(ယင်းပထဝီမြေ၌) ကျောက်ဆူး(အဖြစ်) ချထားတော်မူခဲ့၏။

مَتَاعًا لَّكُمْ وَلِأَنْعَامِكُمْ(33)

 အသင်တို့၏အကျိုးငှာလည်းကောင်း၊ အသင်တို့၏ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်တို့၏အကျိုးငှာ လည်းကောင်း။

فَإِذَا جَاءَتِ الطَّامَّةُ الْكُبْرَىٰ(34)

 အကြင်အခါဝယ် ထိုကြီးကျယ်လှစွာသော ဘေးဒုက္ခကြီးသည် ဆိုက်ရောက်လာခဲ့ပေမည်။

يَوْمَ يَتَذَكَّرُ الْإِنسَانُ مَا سَعَىٰ(35)

 (ဝါ)အကြင်နေ့တွင် လူသားတို့သည် မိမိတို့ ကြိုးပမ်း ဆောင်ရွက်ခဲ့သမျှတို့ကို သတိရကြပေမည်။

وَبُرِّزَتِ الْجَحِيمُ لِمَن يَرَىٰ(36)

 ၎င်းပြင် "ဂျဟန္နမ်" ငရဲသည် ကြည့်ရှုသောသူတို့၏ရှေ့ဝယ် ထင်ရှားစွာ ပေါ်လာစေခြင်းကို ခံရပေမည်။

فَأَمَّا مَن طَغَىٰ(37)

 ထိုအခါ အကြင်သူသည် လွန်စွာ သွေဖည်(သောင်းကျန်း)ခဲ့လေသည်။

وَآثَرَ الْحَيَاةَ الدُّنْيَا(38)

 ၎င်းပြင် ထိုသူသည် လောကီဘဝကို ဦးစားပေးခဲ့လေသည်။

فَإِنَّ الْجَحِيمَ هِيَ الْمَأْوَىٰ(39)

 သို့ဖြစ်လျှင် ဧကန်မလွဲ "ဂျဟန္နမ်" ငရဲသာ လျှင်(ထိုသူ၏)ခိုကိုးရာဌာန ဖြစ်ချိမ့်မည်။

وَأَمَّا مَنْ خَافَ مَقَامَ رَبِّهِ وَنَهَى النَّفْسَ عَنِ الْهَوَىٰ(40)

 သို့ရာတွင် အကြင်သူသည် မိမိအား ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် မတ်တပ်ရပ်ရမည်ကို ကြောက်ရွံ့စိုးရိမ်ခဲ့လေသည်။ ၎င်းပြင် ထိုသူသည် စိတ်ကိုလည်း (မကောင်းသော) အလိုဆန္ဒများမှ တားမြစ်ခဲ့လေသည်။

فَإِنَّ الْجَنَّةَ هِيَ الْمَأْوَىٰ(41)

 သို့ဖြစ်လျှင် ဧကန်မလွဲ "ဂျန္နတ်" သုခဘုံသည်သာလျှင် (ထိုသူ၏)ခိုကိုးရာဖြစ်အံ့သတည်း၊

يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا(42)

 (အို-နဗီတမန်တော်) ၎င်းတို့သည် အသင့်အား "ကိယာမတ်" ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့သည် မည်သည့် အချိန်အခါ၌ ဆိုက်ရောက်အံ့နည်းဟု မေးမြန်းကြကုန်၏။

فِيمَ أَنتَ مِن ذِكْرَاهَا(43)

 ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ (ဆိုက်ရောက်မည့်အကြောင်းကို) ထုတ်ဖော် ပြောပြခြင်းသည် အသင်နှင့် မည်သို့ ပတ်သက်ပါသနည်း။

إِلَىٰ رَبِّكَ مُنتَهَاهَا(44)

 ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့(နှင့်စပ်လျဉ်းသောအသိပညာ)၏ အဆုံးမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌သာ ဖြစ်ပေသည်။

إِنَّمَا أَنتَ مُنذِرُ مَن يَخْشَاهَا(45)

 အသင်သည် ယင်း "ကိယာမသ်" ရှင်ပြန်ထမည့်နေ့ကို တွေ့မြင်ကြသောနေ့တွင် မိမိတို့မှ(ကမ္ဘာလောက လောကီဘဝ၌) တစ်ညနေချမ်းမျှ သို့မဟုတ် ထိုညနေချမ်း၏ တစ်နံနက်ခင်းမျှသာ နေထိုင်ခဲ့ဘိသကဲ့သို့ ထင်မှတ်ကြအံ့သတည်း။

كَأَنَّهُمْ يَوْمَ يَرَوْنَهَا لَمْ يَلْبَثُوا إِلَّا عَشِيَّةً أَوْ ضُحَاهَا(46)

 ၎င်းတို့သည် ယင်းကိယာမတ်ရှင်ပြန်ထမည့်နေ့ကို တွေ့မြင်ကြသောနေ့တွင် မိမိတို့မှ(ကမ္ဘာလောကလောကီဘဝ၌) တစ်ညနေချမ်းမျှ သို့မဟုတ် ထိုညနေချမ်း၏ တစ်နံနက်ခင်းမျှသာ နေထိုင်ခဲ့ဘိသကဲ့သို့ ထင်မှတ်ကြအံ့ သတည်း။


More surahs in Burmese:


Al-Baqarah Al-'Imran An-Nisa'
Al-Ma'idah Yusuf Ibrahim
Al-Hijr Al-Kahf Maryam
Al-Hajj Al-Qasas Al-'Ankabut
As-Sajdah Ya Sin Ad-Dukhan
Al-Fath Al-Hujurat Qaf
An-Najm Ar-Rahman Al-Waqi'ah
Al-Hashr Al-Mulk Al-Haqqah
Al-Inshiqaq Al-A'la Al-Ghashiyah

Download surah An-Naziat with the voice of the most famous Quran reciters :

surah An-Naziat mp3 : choose the reciter to listen and download the chapter An-Naziat Complete with high quality
surah An-Naziat Ahmed El Agamy
Ahmed Al Ajmy
surah An-Naziat Bandar Balila
Bandar Balila
surah An-Naziat Khalid Al Jalil
Khalid Al Jalil
surah An-Naziat Saad Al Ghamdi
Saad Al Ghamdi
surah An-Naziat Saud Al Shuraim
Saud Al Shuraim
surah An-Naziat Abdul Basit Abdul Samad
Abdul Basit
surah An-Naziat Abdul Rashid Sufi
Abdul Rashid Sufi
surah An-Naziat Abdullah Basfar
Abdullah Basfar
surah An-Naziat Abdullah Awwad Al Juhani
Abdullah Al Juhani
surah An-Naziat Fares Abbad
Fares Abbad
surah An-Naziat Maher Al Muaiqly
Maher Al Muaiqly
surah An-Naziat Muhammad Siddiq Al Minshawi
Al Minshawi
surah An-Naziat Al Hosary
Al Hosary
surah An-Naziat Al-afasi
Mishari Al-afasi
surah An-Naziat Yasser Al Dosari
Yasser Al Dosari


Friday, May 17, 2024

لا تنسنا من دعوة صالحة بظهر الغيب