📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 105
يَٰٓأَهۡلَ ٱلۡكِتَٰبِ لَا تَغۡلُواْ فِي دِينِكُمۡ وَلَا تَقُولُواْ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّۚ إِنَّمَا ٱلۡمَسِيحُ عِيسَى ٱبۡنُ مَرۡيَمَ رَسُولُ ٱللَّهِ وَكَلِمَتُهُۥٓ أَلۡقَىٰهَآ إِلَىٰ مَرۡيَمَ وَرُوحٌ مِّنۡهُۖ فَـَٔامِنُواْ بِٱللَّهِ وَرُسُلِهِۦۖ وَلَا تَقُولُواْ ثَلَٰثَةٌۚ ٱنتَهُواْ خَيۡرًا لَّكُمۡۚ إِنَّمَا ٱللَّهُ إِلَٰهٌ وَٰحِدٌۖ سُبۡحَٰنَهُۥٓ أَن يَكُونَ لَهُۥ وَلَدٌۘ لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَكَفَىٰ بِٱللَّهِ وَكِيلًا  ۝١٧١ لَّن يَسۡتَنكِفَ ٱلۡمَسِيحُ أَن يَكُونَ عَبۡدًا لِّلَّهِ وَلَا ٱلۡمَلَٰٓئِكَةُ ٱلۡمُقَرَّبُونَۚ وَمَن يَسۡتَنكِفۡ عَنۡ عِبَادَتِهِۦ وَيَسۡتَكۡبِرۡ فَسَيَحۡشُرُهُمۡ إِلَيۡهِ جَمِيعًا  ۝١٧٢ فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَيُوَفِّيهِمۡ أُجُورَهُمۡ وَيَزِيدُهُم مِّن فَضۡلِهِۦۖ وَأَمَّا ٱلَّذِينَ ٱسۡتَنكَفُواْ وَٱسۡتَكۡبَرُواْ فَيُعَذِّبُهُمۡ عَذَابًا أَلِيمًا وَلَا يَجِدُونَ لَهُم مِّن دُونِ ٱللَّهِ وَلِيًّا وَلَا نَصِيرًا  ۝١٧٣ يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُم بُرۡهَٰنٌ مِّن رَّبِّكُمۡ وَأَنزَلۡنَآ إِلَيۡكُمۡ نُورًا مُّبِينًا  ۝١٧٤ فَأَمَّا ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَٱعۡتَصَمُواْ بِهِۦ فَسَيُدۡخِلُهُمۡ فِي رَحۡمَةٍ مِّنۡهُ وَفَضۡلٍ وَيَهۡدِيهِمۡ إِلَيۡهِ صِرَٰطًا مُّسۡتَقِيمًا  ۝١٧٥
4:171
يَٰٓأَهۡلَ ٱلۡكِتَٰبِ لَا تَغۡلُواْ فِي دِينِكُمۡ وَلَا تَقُولُواْ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّۚ إِنَّمَا ٱلۡمَسِيحُ عِيسَى ٱبۡنُ مَرۡيَمَ رَسُولُ ٱللَّهِ وَكَلِمَتُهُۥٓ أَلۡقَىٰهَآ إِلَىٰ مَرۡيَمَ وَرُوحٌ مِّنۡهُۖ فَـَٔامِنُواْ بِٱللَّهِ وَرُسُلِهِۦۖ وَلَا تَقُولُواْ ثَلَٰثَةٌۚ ٱنتَهُواْ خَيۡرًا لَّكُمۡۚ إِنَّمَا ٱللَّهُ إِلَٰهٌ وَٰحِدٌۖ سُبۡحَٰنَهُۥٓ أَن يَكُونَ لَهُۥ وَلَدٌۘ لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَكَفَىٰ بِٱللَّهِ وَكِيلًا  ۝١٧١
အို- ရှေးအထက် ပရိယတ္တိ ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ဘာသာသာသနာ၌ အလွန်အကျူးလွန်ကဲခြင်းလည်း မပြုကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အမှန်အကန်ပြောဆိုခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာ ပြောဆိုခြင်းကိုလည်း မပြုကြကုန်လင့်။ မရ်ယမ်၏သားတော် (နဗီတမန်တော်) ‘မစီဟ်’အီစာသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မျှသာ ဖြစ်ချေသည်။ ၎င်းပြင် (နဗီတမန်တော်အီစာသည်) အလ္လာဟ်အရှင်မြတ်၏ အကြင်သတင်းစကားလည်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် ထိုသတင်းစကားကို မရ်ယမ်၏ထံသို့ ပို့ဆောင်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်အထံတော်မှ ဝိညာဉ်လည်းဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ‘ရစူလ်’ တမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ ယုံကြည်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် (ကိုးကွယ်ရာဘုရား၊ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည်) သုံးပါးရှိသည်ဟူ၍ မပြောဆိုကြကုန်လင့်။ အသင်တို့သည် (ယင်းကဲ့သို့ပြောခြင်းမှ) ရပ်စဲကြလေကုန်။ (သို့ရပ်စဲခြင်သည်) အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်လတ္တံ့။အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသောကိုးကွယ်ရာအရှင်သည်သာ ဖြစ်တော်မူလေ၏။ ထိုအရှင်မြတ်သည် မိမိ၌သားရှိခြင်းမှ ကင်းစင်တော်မူ၏။ မိုးကောင်းကင်၌ ရှိသမျှတို့သည်လည်းကောင်း၊ မြေ၌ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများချည်းသာဖြစ်ကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အရာရာကို စီမံပြုလုပ်ပေးတော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။ (ရကူ)
4:172
لَّن يَسۡتَنكِفَ ٱلۡمَسِيحُ أَن يَكُونَ عَبۡدًا لِّلَّهِ وَلَا ٱلۡمَلَٰٓئِكَةُ ٱلۡمُقَرَّبُونَۚ وَمَن يَسۡتَنكِفۡ عَنۡ عِبَادَتِهِۦ وَيَسۡتَكۡبِرۡ فَسَيَحۡشُرُهُمۡ إِلَيۡهِ جَمِيعًا  ۝١٧٢
(နဗီတမန်တော်) ‘မစီဟ်’ (အီစာ) သည်လည်းကောင်း၊ အပါးတော်မြဲ ‘မလာအိကဟ်’ စေတမန်အပေါင်းတို့သည်လည်းကောင်း အလ္လာဟ်အရှင်မြတ်၏ ကျွန်ဖြစ်ခြင်းကို (ဂုဏ်ရည်ယုတ်ညံ့ ရှက်ဖွယ်ရာဖြစ်သည်ဟု အလျင်းထင်မှတ်ကြမည်မဟုတ်ပေ။ အလျင်း စက်ဆုပ်ကြမည်လည်းမဟုတ်ပေ) ။ သို့ရာတွင် မည်သူမဆို ထိုအရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို စက်ဆုပ်၍ မာန်မာနထောင်လွှားသည်ရှိသော် ထိုအရှင်မြတ်သည် မကြာမြင့်မီ ထို (ကဲ့သို့သော) သူအားလုံးတို့ကို မိမိအထံတော်သို့ (စစ်ဆေးမေးမြန်းခြင်းငှာ) စုရုံးစေတော်မူအံ့။
4:173
فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَيُوَفِّيهِمۡ أُجُورَهُمۡ وَيَزِيدُهُم مِّن فَضۡلِهِۦۖ وَأَمَّا ٱلَّذِينَ ٱسۡتَنكَفُواْ وَٱسۡتَكۡبَرُواْ فَيُعَذِّبُهُمۡ عَذَابًا أَلِيمًا وَلَا يَجِدُونَ لَهُم مِّن دُونِ ٱللَّهِ وَلِيًّا وَلَا نَصِيرًا  ۝١٧٣
တစ်ဖန် ထိုအရှင်မြတ်သည် ‘အီမာန်’ သဒ္ဒါတရားထားရှိ၍ ကောင်းမြတ်သောကိုယ်ကျင့်တရားများ ဆောက်တည်ကြကုန်သောသူတို့အား ၎င်းတို့၏ကုသိုလ်အကျိုးတို့ကို အပြည့်အစုံ ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိကျေးဇူးတော်ဖြင့်လည်း ထိုသူတို့အား ပိုမိုချီးမြှင့်တော်မူအံ့။ သို့ရာတွင် အကြင်သူတို့သည် (ထိုအရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို) ရ�ံ့ရှာစက်ဆုပ်၍ မာန်မာနထောင်လွှားခဲ့ကြ၏။ ထိုသူတို့ကို ထိုအရှင်မြတ်သည် ပြင်းပြနာကျင်ဖွယ်ရာဖြစ်သော အပြစ်ဒဏ်ကို ပေးတော်မူလတ္တံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းအဖြစ်နှင့်လည်းကောင်း၊ ကူညီစောင်မမည့်သူအဖြစ်လည်းကောင်း တွေ့ရှိကြရမည်မဟုတ်ချေ။
4:174
يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُم بُرۡهَٰنٌ مِّن رَّبِّكُمۡ وَأَنزَلۡنَآ إِلَيۡكُمۡ نُورًا مُّبِينًا  ۝١٧٤
အို- လူခပ်သိမ်းတို့၊ အသင်တို့အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ အသင်တို့ထံသို့ ခိုင်လုံသောသက်သေသာဓကတစ်ရပ် (ဖြစ်သော နဗီတမန်တော်မုဟမ္မဒ် (ဆွ) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အလင်းရောင် (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကိုလည်း ချပေးသနားတော်မူခဲ့ချေပြီ။
4:175
فَأَمَّا ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَٱعۡتَصَمُواْ بِهِۦ فَسَيُدۡخِلُهُمۡ فِي رَحۡمَةٍ مِّنۡهُ وَفَضۡلٍ وَيَهۡدِيهِمۡ إِلَيۡهِ صِرَٰطًا مُّسۡتَقِيمًا  ۝١٧٥
သို့ဖြစ်ပေရာ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၍ ထိုအရှင်မြတ် (၏ ဒီန်သာသနာတော် အစ္စလာမ်) ကို မြဲမြံခိုင်ခံ့စွာ ဖက်ကိုင်ထားရှိကြကုန်၏။ သို့ဖြစ်လျှင် ထိုသူတို့အား မကြာမြင့်မီ ထိုအရှင်မြတ်သည် မိမိကရုဏာတော် (တည်းဟူသော ‘ဂျန္နတ်’ အမတသုခဘုံ) နှင့် ကျေးဇူးတော်တွင်းသို့ ဝင်ရောက်စေတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသူတို့အား မိမိအထံတော်သို့ (ရောက်ရှိနိုင်ရန်) ဖြောင့်မတ်သော (တရား) လမ်းကိုလည်း ညွှန်ပြတော်မူလတ္တံ့။


📚Juz 6 📄105 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Saturday, August 22, 2026

Don't forget us in your sincere prayers