📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 106
يَسۡتَفۡتُونَكَ قُلِ ٱللَّهُ يُفۡتِيكُمۡ فِي ٱلۡكَلَٰلَةِۚ إِنِ ٱمۡرُؤٌاْ هَلَكَ لَيۡسَ لَهُۥ وَلَدٌ وَلَهُۥٓ أُخۡتٌ فَلَهَا نِصۡفُ مَا تَرَكَۚ وَهُوَ يَرِثُهَآ إِن لَّمۡ يَكُن لَّهَا وَلَدٌۚ فَإِن كَانَتَا ٱثۡنَتَيۡنِ فَلَهُمَا ٱلثُّلُثَانِ مِمَّا تَرَكَۚ وَإِن كَانُوٓاْ إِخۡوَةً رِّجَالًا وَنِسَآءً فَلِلذَّكَرِ مِثۡلُ حَظِّ ٱلۡأُنثَيَيۡنِۗ يُبَيِّنُ ٱللَّهُ لَكُمۡ أَن تَضِلُّواْۗ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمُۢ  ۝١٧٦
အလ်-မာအိဒ
bismillah
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَوۡفُواْ بِٱلۡعُقُودِۚ أُحِلَّتۡ لَكُم بَهِيمَةُ ٱلۡأَنۡعَٰمِ إِلَّا مَا يُتۡلَىٰ عَلَيۡكُمۡ غَيۡرَ مُحِلِّي ٱلصَّيۡدِ وَأَنتُمۡ حُرُمٌۗ إِنَّ ٱللَّهَ يَحۡكُمُ مَا يُرِيدُ  ۝١ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُحِلُّواْ شَعَٰٓئِرَ ٱللَّهِ وَلَا ٱلشَّهۡرَ ٱلۡحَرَامَ وَلَا ٱلۡهَدۡيَ وَلَا ٱلۡقَلَٰٓئِدَ وَلَآ ءَآمِّينَ ٱلۡبَيۡتَ ٱلۡحَرَامَ يَبۡتَغُونَ فَضۡلًا مِّن رَّبِّهِمۡ وَرِضۡوَٰنًاۚ وَإِذَا حَلَلۡتُمۡ فَٱصۡطَادُواْۚ وَلَا يَجۡرِمَنَّكُمۡ شَنَـَٔانُ قَوۡمٍ أَن صَدُّوكُمۡ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ أَن تَعۡتَدُواْۘ وَتَعَاوَنُواْ عَلَى ٱلۡبِرِّ وَٱلتَّقۡوَىٰۖ وَلَا تَعَاوَنُواْ عَلَى ٱلۡإِثۡمِ وَٱلۡعُدۡوَٰنِۚ وَٱتَّقُواْ ٱللَّهَۖ إِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ  ۝٢
4:176
يَسۡتَفۡتُونَكَ قُلِ ٱللَّهُ يُفۡتِيكُمۡ فِي ٱلۡكَلَٰلَةِۚ إِنِ ٱمۡرُؤٌاْ هَلَكَ لَيۡسَ لَهُۥ وَلَدٌ وَلَهُۥٓ أُخۡتٌ فَلَهَا نِصۡفُ مَا تَرَكَۚ وَهُوَ يَرِثُهَآ إِن لَّمۡ يَكُن لَّهَا وَلَدٌۚ فَإِن كَانَتَا ٱثۡنَتَيۡنِ فَلَهُمَا ٱلثُّلُثَانِ مِمَّا تَرَكَۚ وَإِن كَانُوٓاْ إِخۡوَةً رِّجَالًا وَنِسَآءً فَلِلذَّكَرِ مِثۡلُ حَظِّ ٱلۡأُنثَيَيۡنِۗ يُبَيِّنُ ٱللَّهُ لَكُمۡ أَن تَضِلُّواْۗ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمُۢ  ۝١٧٦
(အို- နဗီတမန်တော်) ထိုသူတို့သည် (မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသော ‘ကလာလဟ်’ ယောက်ျား၏အမွေနှင့်စပ်လျဉ်းသော) တရားစီရင်ဆုံးဖြတ်ချက်ကို အသင့်အား မေးမြန်းကြကုန်သည်။ အသင်သည် (ထိုသူတို့အား ဤသို့) ဖြေကြားပါလေ။ “အလ္လာဟ်အရှင်မြတ်သည် (ကလာလဟ်) မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသောယောက်ျား (၏အမွေ) နှင့်စပ်လျဉ်း၍ (ဤသို့) အဆုံးအဖြတ်ပေးတော်မူလေသည်။ အကယ်၍ အကြင်ယောက်ျားတစ်ဦးတစ်ယောက်သည် သေကြေပျက်စီး၍ ထိုသူ၌ သားသမီးတစ်စုံတစ်ယောက်မျှမရှိဘဲ နှမ (သို့မဟုတ် အစ်မ) တစ်ယောက်သာရှိခဲ့မူ၊ ထိုနှမ (သို့မဟုတ်အစ်မ) သည် ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်း၏ထက်ဝက်ကို ရရှိပေအံ့။ (အကယ်၍ ထိုနှမသော်လည်းကောင်း၊ အစ်မသော်လည်းကောင်း သေဆုံး၍) ၎င်း၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိခဲ့ပါလျှင် ထို (ကလာလဟ်) ယောက်ျားသည်လည်းကောင်း၊ (ထားရှိခဲ့သောပစ္စည်းအားလုံး) ကို အမွေဆိုင်၏။ တစ်ဖန် အကယ်၍ (သေဆုံးသော ထို ‘ကလာလဟ်’ ယောက်ျား၌) အစ်မ (သို့မဟုတ် အစ်မနှင့်နှမ) နှစ်ယောက်ရှိခဲ့ကြပါလျှင်၊ ၎င်းတို့နှစ်ဦးသည် ထို ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်းအနက်မှ သုံးပုံနှစ်ပုံကို ရရှိကြလတ္တံ့။ အကယ်၍သာ ၎င်း (သေဆုံးသူ ‘ကလာလဟ်’ ယောက်ျားအမွေစားအမွေခံ) တို့သည် ညီအစ်ကိုမောင်နှမများ၊ ယောက်ျားရော မိန်းမပါ ရှိနေကြပါမူ၊ ယောက်ျား (တစ်ယောက်) သည် မိန်းမနှစ်ယောက်၏ ဝေစုဝေပုံနှင့် ညီတူညီမျှရရှိပေအံ့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှားသို့မရောက်ကြစေရန် (ဤအမိန့်ပညတ်တော်များကို) အသင်တို့အား ရှင်းလင်းစွာ မိန့်ကြားတော်မူလေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ)
အလ်-မာအိဒ
bismillah
5:1
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَوۡفُواْ بِٱلۡعُقُودِۚ أُحِلَّتۡ لَكُم بَهِيمَةُ ٱلۡأَنۡعَٰمِ إِلَّا مَا يُتۡلَىٰ عَلَيۡكُمۡ غَيۡرَ مُحِلِّي ٱلصَّيۡدِ وَأَنتُمۡ حُرُمٌۗ إِنَّ ٱللَّهَ يَحۡكُمُ مَا يُرِيدُ  ۝١
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (မိမိတို့ထားရှိကြလေသော) ပဋိညာဉ်ကတိဝန်ခံချက်များအတိုင်း လိုက်နာဆောင်ရွက်ကြလေကုန်။ (လာလတ္တံ့သော မုက္ခပါဌ်တော်�� ) အသင်တို့အား ကြားနာစေအံ့သော အရာများမှအပ (ကုလားအုတ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကဲ့သို့သော) ခြေလေးချောင်းရှိသောတိရစ္ဆာန်တို့သည်ကား အသင်တို့အဖို့ (ဟလာလ်ဟူ၍ စားသုံး) ခွင့်ပြုထားပြီးဖြစ်ချေ သတည်း။ သို့ရာတွင် အသင်တို့သည် (ဟဂျ်ပြုရန်အတွက်) ‘အိဟ်ရာမ်’ ဝတ်ရုံကို ဝတ်ဆင်ပြီးဖြစ်နေကြစဉ် အမဲလိုက်ခြင်းကို (ဟလာလ်) ခွင့်ပြုပြီးဖြစ်သည်ဟူ၍ မထင်မှတ်မယူဆ ကြရပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာကိုသာ အမိန့်ပေးတော်မူပေသတည်း။
5:2
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُحِلُّواْ شَعَٰٓئِرَ ٱللَّهِ وَلَا ٱلشَّهۡرَ ٱلۡحَرَامَ وَلَا ٱلۡهَدۡيَ وَلَا ٱلۡقَلَٰٓئِدَ وَلَآ ءَآمِّينَ ٱلۡبَيۡتَ ٱلۡحَرَامَ يَبۡتَغُونَ فَضۡلًا مِّن رَّبِّهِمۡ وَرِضۡوَٰنًاۚ وَإِذَا حَلَلۡتُمۡ فَٱصۡطَادُواْۚ وَلَا يَجۡرِمَنَّكُمۡ شَنَـَٔانُ قَوۡمٍ أَن صَدُّوكُمۡ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ أَن تَعۡتَدُواْۘ وَتَعَاوَنُواْ عَلَى ٱلۡبِرِّ وَٱلتَّقۡوَىٰۖ وَلَا تَعَاوَنُواْ عَلَى ٱلۡإِثۡمِ وَٱلۡعُدۡوَٰنِۚ وَٱتَّقُواْ ٱللَّهَۖ إِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ  ۝٢
အို- ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြသူ မုအ်မင်န်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ (သာသနာတော်၏) ထူးခြားထင်ရှားသော အထိမ်းအမှတ်တို့ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ ဟရမ်ဟူ၍ သတ်မှတ်ထားသောနယ်နိမိတ်အတွင်း ပြုလုပ်မည်ဖြစ်သော ကုရ်ဗာနီသားကောင်ကိုလည်းကောင်း၊ ကုရ်ဗာနီပြုလုပ်ရန်အတွက် လည်ပင်းတွင် လည်ဆွဲ၊ ပန်းကုံး၊ အမှတ်အသားတစ်ခုခုဆွဲထားသော ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်နှင့် နှစ်သက်မှုကို ရှာဖွေဆည်းပူးခြင်းအားဖြင့် ‘အလ်ဗိုက်သွလ်ဟရာမ်’ ထူးမြတ်သောအိမ်တော် (ဝါ) ကအ်ဗဟ်ကျောင်းတော်သို့သွားရောက်ရန် ရည်စူးကြကုန်သော သူတို့ကိုလည်းကောင်း၊ မရိုမသေမလေးမခန့် မပြုကြကုန်လင့်။ ၎င်းနောက် အသင်တို့သည် (မိမိတို့) အိဟ်ရာမ်ဝတ်ရုံကို ချွတ်ပြီးကြလေသောအခါ အမဲလိုက်ခြင်းကို (ပြုလိုက) ပြုကြလေကုန်။ ၎င်းပြင် အသင်တို့သည် အကြင်လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့အား (တရာစည်းမျဉ်းကို) ကျူးလွန်ဖောက်ဖျက်ရန် လှုံ့ဆော်ရန်သည် မရှိစေရ။ ထိုလူမျိုးသည် (ဟုဒိုင်ဗီယဟ်တွင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုသောနှစ်တွင်) အသင်တို့အား ကအ်ဗဟ်ကျောင်းတော်သို့ (သွားရောက်ခြင်း) မှ ပိတ်ပင်တားဆီးခဲ့ကြလေသည်။ ထို့ပြင်တဝ အသင်တို့သည် ကောင်းမှုကုသိုလ်ပြုရာ၌လည်းကောင်း၊ မကောင်းမှုဒုစရိုက်မှ ကြဉ်ရှောင်ရာ၌ လည်းကောင်း၊ အချင်းချင်း ကူညီယိုင်းပင်းကြလေကုန်။ သို့ရာတွင် ပြစ်မှုဒုစရိုက်ကို ပြုကျင့်ရာတွင်လည်းကောင်း၊ ကျူးကျော်စော်ကားရာတွင်လည်းကောင်း၊ အချင်းချင်း ယိုင်းပင်းကူညီ ခြင်းကို မပြုကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် မလွဲဧကန် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။


📚Juz 6 📄106 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Saturday, August 22, 2026

Don't forget us in your sincere prayers