အန်-နီဆာ · 175/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
فَأَمَّا الَّذِينَ آمَنُوا بِاللَّهِ وَاعْتَصَمُوا بِهِ فَسَيُدْخِلُهُمْ فِي رَحْمَةٍ مِّنْهُ وَفَضْلٍ وَيَهْدِيهِمْ إِلَيْهِ صِرَاطًا مُّسْتَقِيمًا ۝١٧٥
Fa ammal lazeena aamanoo billaahi wa`tasamoo bihee fasa yudkhiluhum fee rah matim minhu wa fadlinw wa yahdeehim ilaihi Siraatam Mustaqeema
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၍ ထိုအရှင်မြတ် (၏ ဒီန်သာသနာတော် အစ္စလာမ်) ကို မြဲမြံခိုင်ခံ့စွာ ဖက်ကိုင်ထားရှိကြကုန်၏။ သို့ဖြစ်လျှင် ထိုသူတို့အား မကြာမြင့်မီ ထိုအရှင်မြတ်သည် မိမိကရုဏာတော် (တည်းဟူသော ‘ဂျန္နတ်’ အမတသုခဘုံ) နှင့် ကျေးဇူးတော်တွင်းသို့ ဝင်ရောက်စေတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသူတို့အား မိမိအထံတော်သို့ (ရောက်ရှိနိုင်ရန်) ဖြောင့်မတ်သော (တရား) လမ်းကိုလည်း ညွှန်ပြတော်မူလတ္တံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 173-176 — စူရာ အန်-နီဆာ

173فَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَيُوَفِّيهِمْ أُجُورَهُمْ وَيَزِيدُهُم مِّن فَضْلِهِ ۖ وَأَمَّا الَّذِينَ اسْتَنكَفُوا وَاسْتَكْبَرُوا فَيُعَذِّبُهُمْ عَذَابًا أَلِيمًا وَلَا يَجِدُونَ لَهُم مِّن دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
တစ်ဖန် ထိုအရှင်မြတ်သည် ‘အီမာန်’ သဒ္ဒါတရားထားရှိ၍ ကောင်းမြတ်သောကိုယ်ကျင့်တရားများ ဆောက်တည်ကြကုန်သောသူတို့အား ၎င်းတို့၏ကုသိုလ်အကျိုးတို့ကို အပြည့်အစုံ ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိကျေးဇူးတော်ဖြင့်လည်း ထိုသူတို့အား ပိုမိုချီးမြှင့်တော်မူအံ့။ သို့ရာတွင် အကြင်သူတို့သည် (ထိုအရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို) ရ�ံ့ရှာစက်ဆုပ်၍ မာန်မာနထောင်လွှားခဲ့ကြ၏။ ထိုသူတို့ကို ထိုအရှင်မြတ်သည် ပြင်းပြနာကျင်ဖွယ်ရာဖြစ်သော အပြစ်ဒဏ်ကို ပေးတော်မူလတ္တံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းအဖြစ်နှင့်လည်းကောင်း၊ ကူညီစောင်မမည့်သူအဖြစ်လည်းကောင်း တွေ့ရှိကြရမည်မဟုတ်ချေ။
174يَا أَيُّهَا النَّاسُ قَدْ جَاءَكُم بُرْهَانٌ مِّن رَّبِّكُمْ وَأَنزَلْنَا إِلَيْكُمْ نُورًا مُّبِينًا
အို- လူခပ်သိမ်းတို့၊ အသင်တို့အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ အသင်တို့ထံသို့ ခိုင်လုံသောသက်သေသာဓကတစ်ရပ် (ဖြစ်သော နဗီတမန်တော်မုဟမ္မဒ် (ဆွ) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အလင်းရောင် (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကိုလည်း ချပေးသနားတော်မူခဲ့ချေပြီ။
175فَأَمَّا الَّذِينَ آمَنُوا بِاللَّهِ وَاعْتَصَمُوا بِهِ فَسَيُدْخِلُهُمْ فِي رَحْمَةٍ مِّنْهُ وَفَضْلٍ وَيَهْدِيهِمْ إِلَيْهِ صِرَاطًا مُّسْتَقِيمًا
သို့ဖြစ်ပေရာ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၍ ထိုအရှင်မြတ် (၏ ဒီန်သာသနာတော် အစ္စလာမ်) ကို မြဲမြံခိုင်ခံ့စွာ ဖက်ကိုင်ထားရှိကြကုန်၏။ သို့ဖြစ်လျှင် ထိုသူတို့အား မကြာမြင့်မီ ထိုအရှင်မြတ်သည် မိမိကရုဏာတော် (တည်းဟူသော ‘ဂျန္နတ်’ အမတသုခဘုံ) နှင့် ကျေးဇူးတော်တွင်းသို့ ဝင်ရောက်စေတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသူတို့အား မိမိအထံတော်သို့ (ရောက်ရှိနိုင်ရန်) ဖြောင့်မတ်သော (တရား) လမ်းကိုလည်း ညွှန်ပြတော်မူလတ္တံ့။
176يَسْتَفْتُونَكَ قُلِ اللَّهُ يُفْتِيكُمْ فِي الْكَلَالَةِ ۚ إِنِ امْرُؤٌ هَلَكَ لَيْسَ لَهُ وَلَدٌ وَلَهُ أُخْتٌ فَلَهَا نِصْفُ مَا تَرَكَ ۚ وَهُوَ يَرِثُهَا إِن لَّمْ يَكُن لَّهَا وَلَدٌ ۚ فَإِن كَانَتَا اثْنَتَيْنِ فَلَهُمَا الثُّلُثَانِ مِمَّا تَرَكَ ۚ وَإِن كَانُوا إِخْوَةً رِّجَالًا وَنِسَاءً فَلِلذَّكَرِ مِثْلُ حَظِّ الْأُنثَيَيْنِ ۗ يُبَيِّنُ اللَّهُ لَكُمْ أَن تَضِلُّوا ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
(အို- နဗီတမန်တော်) ထိုသူတို့သည် (မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသော ‘ကလာလဟ်’ ယောက်ျား၏အမွေနှင့်စပ်လျဉ်းသော) တရားစီရင်ဆုံးဖြတ်ချက်ကို အသင့်အား မေးမြန်းကြကုန်သည်။ အသင်သည် (ထိုသူတို့အား ဤသို့) ဖြေကြားပါလေ။ “အလ္လာဟ်အရှင်မြတ်သည် (ကလာလဟ်) မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသောယောက်ျား (၏အမွေ) နှင့်စပ်လျဉ်း၍ (ဤသို့) အဆုံးအဖြတ်ပေးတော်မူလေသည်။ အကယ်၍ အကြင်ယောက်ျားတစ်ဦးတစ်ယောက်သည် သေကြေပျက်စီး၍ ထိုသူ၌ သားသမီးတစ်စုံတစ်ယောက်မျှမရှိဘဲ နှမ (သို့မဟုတ် အစ်မ) တစ်ယောက်သာရှိခဲ့မူ၊ ထိုနှမ (သို့မဟုတ်အစ်မ) သည် ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်း၏ထက်ဝက်ကို ရရှိပေအံ့။ (အကယ်၍ ထိုနှမသော်လည်းကောင်း၊ အစ်မသော်လည်းကောင်း သေဆုံး၍) ၎င်း၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိခဲ့ပါလျှင် ထို (ကလာလဟ်) ယောက်ျားသည်လည်းကောင်း၊ (ထားရှိခဲ့သောပစ္စည်းအားလုံး) ကို အမွေဆိုင်၏။ တစ်ဖန် အကယ်၍ (သေဆုံးသော ထို ‘ကလာလဟ်’ ယောက်ျား၌) အစ်မ (သို့မဟုတ် အစ်မနှင့်နှမ) နှစ်ယောက်ရှိခဲ့ကြပါလျှင်၊ ၎င်းတို့နှစ်ဦးသည် ထို ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်းအနက်မှ သုံးပုံနှစ်ပုံကို ရရှိကြလတ္တံ့။ အကယ်၍သာ ၎င်း (သေဆုံးသူ ‘ကလာလဟ်’ ယောက်ျားအမွေစားအမွေခံ) တို့သည် ညီအစ်ကိုမောင်နှမများ၊ ယောက်ျားရော မိန်းမပါ ရှိနေကြပါမူ၊ ယောက်ျား (တစ်ယောက်) သည် မိန်းမနှစ်ယောက်၏ ဝေစုဝေပုံနှင့် ညီတူညီမျှရရှိပေအံ့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှားသို့မရောက်ကြစေရန် (ဤအမိန့်ပညတ်တော်များကို) အသင်တို့အား ရှင်းလင်းစွာ မိန့်ကြားတော်မူလေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ)
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
175အာယာသ်

ဘာသာပြန် — အန်-နီဆာ 175

စူရာ အန်-နီဆာ အာယာသ် 175 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၍ ထိုအရှင်မြတ် (၏ ဒီန်သာသနာတော် အစ္စလာမ်) ကို မြဲမြံခိုင်ခံ့စွာ…

စူရာ အာယာသ် 175/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 173–176. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers