အန်-နီဆာ · 176/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
يَسْتَفْتُونَكَ قُلِ اللَّهُ يُفْتِيكُمْ فِي الْكَلَالَةِ ۚ إِنِ امْرُؤٌ هَلَكَ لَيْسَ لَهُ وَلَدٌ وَلَهُ أُخْتٌ فَلَهَا نِصْفُ مَا تَرَكَ ۚ وَهُوَ يَرِثُهَا إِن لَّمْ يَكُن لَّهَا وَلَدٌ ۚ فَإِن كَانَتَا اثْنَتَيْنِ فَلَهُمَا الثُّلُثَانِ مِمَّا تَرَكَ ۚ وَإِن كَانُوا إِخْوَةً رِّجَالًا وَنِسَاءً فَلِلذَّكَرِ مِثْلُ حَظِّ الْأُنثَيَيْنِ ۗ يُبَيِّنُ اللَّهُ لَكُمْ أَن تَضِلُّوا ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ ۝١٧٦
Yastaftoonaka qulillaahu yafteekum fil kalaalah; inimru`un halaka laisa lahoo waladunw wa lahoo ukhtun falahaa nisfu maa tarak; wa huwa yarisuhaaa il lam yakkul lahaa walad; fa in kaanatas nataini falahumas sulusaani mimmmaa tarak; wa in kaanooo ikhwatar rijaalanw wa nisaaa`an faliz zakari mislu hazzil unsayayn; yubaiyinullaahu lakum an tadilloo; wallaahu bikulli shai`in Aleem
📖 မြန်မာဘာသာ
(အို- နဗီတမန်တော်) ထိုသူတို့သည် (မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသော ‘ကလာလဟ်’ ယောက်ျား၏အမွေနှင့်စပ်လျဉ်းသော) တရားစီရင်ဆုံးဖြတ်ချက်ကို အသင့်အား မေးမြန်းကြကုန်သည်။ အသင်သည် (ထိုသူတို့အား ဤသို့) ဖြေကြားပါလေ။ “အလ္လာဟ်အရှင်မြတ်သည် (ကလာလဟ်) မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသောယောက်ျား (၏အမွေ) နှင့်စပ်လျဉ်း၍ (ဤသို့) အဆုံးအဖြတ်ပေးတော်မူလေသည်။ အကယ်၍ အကြင်ယောက်ျားတစ်ဦးတစ်ယောက်သည် သေကြေပျက်စီး၍ ထိုသူ၌ သားသမီးတစ်စုံတစ်ယောက်မျှမရှိဘဲ နှမ (သို့မဟုတ် အစ်မ) တစ်ယောက်သာရှိခဲ့မူ၊ ထိုနှမ (သို့မဟုတ်အစ်မ) သည် ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်း၏ထက်ဝက်ကို ရရှိပေအံ့။ (အကယ်၍ ထိုနှမသော်လည်းကောင်း၊ အစ်မသော်လည်းကောင်း သေဆုံး၍) ၎င်း၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိခဲ့ပါလျှင် ထို (ကလာလဟ်) ယောက်ျားသည်လည်းကောင်း၊ (ထားရှိခဲ့သောပစ္စည်းအားလုံး) ကို အမွေဆိုင်၏။ တစ်ဖန် အကယ်၍ (သေဆုံးသော ထို ‘ကလာလဟ်’ ယောက်ျား၌) အစ်မ (သို့မဟုတ် အစ်မနှင့်နှမ) နှစ်ယောက်ရှိခဲ့ကြပါလျှင်၊ ၎င်းတို့နှစ်ဦးသည် ထို ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်းအနက်မှ သုံးပုံနှစ်ပုံကို ရရှိကြလတ္တံ့။ အကယ်၍သာ ၎င်း (သေဆုံးသူ ‘ကလာလဟ်’ ယောက်ျားအမွေစားအမွေခံ) တို့သည် ညီအစ်ကိုမောင်နှမများ၊ ယောက်ျားရော မိန်းမပါ ရှိနေကြပါမူ၊ ယောက်ျား (တစ်ယောက်) သည် မိန်းမနှစ်ယောက်၏ ဝေစုဝေပုံနှင့် ညီတူညီမျှရရှိပေအံ့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှားသို့မရောက်ကြစေရန် (ဤအမိန့်ပညတ်တော်များကို) အသင်တို့အား ရှင်းလင်းစွာ မိန့်ကြားတော်မူလေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကလိမ်မာစကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • يَسْتَفْتُونَكَ (ယက်စ်တဖ်သူနက) — သင့်ထံ အဆုံးအဖြတ်တောင်းခံ၍ မေးမြန်းကြသည်။
  • الْكَلَالَة (အလ်ကလာလာ) — သားသမီးလည်းမရှိ၊ မိဘလည်းမရှိဘဲ ကွယ်လွန်သူကို ဆိုလိုသည်။ (ဤအရာကို အစ္စလာမ်ဥပဒေတွင် "ကလာလာ" ဟုခေါ်သည်။)
  • هَلَكَ (ဟလက) — ကွယ်လွန်သည်၊ သေဆုံးသည်။
  • وَلَد (ဝလဒ်) — ဤနေရာတွင် သားယောက်ျားကို ဆိုလိုသည်။
  • أُخْت (အုခ်သ်) — ညီမ၊ အစ်မ (အဘတူ၊ အမိတူ သို့မဟုတ် အဘတူသာ)။
  • نِصْف (နိဆ်ဖ်) — တစ်ဝက်။
  • الثُّلُثَان (သ္သူလုသာန်) — သုံးပုံနှစ်ပုံ။
  • حَظّ (ဟဇ်) — ဝေစု၊ အခွင့်အရေး။
  • تَضِلُّوا (သဒိလ္လူ) — လမ်းလွဲကြသည်၊ မှားယွင်းကြသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို—တမန်တော်၊ လူများသည် သင့်ထံ "ကလာလာ" (သားသမီးလည်းမရှိ၊ မိဘလည်းမရှိဘဲ ကွယ်လွန်သူ) ၏ အနွယ်အမွေအဆုံးအဖြတ်ကို မေးမြန်းကြသည်။ သူတို့အား ဖြေကြားလော့—အလ္လာဟ်အရှင်မြတ်သည် ထိုကိစ္စနှင့်ပတ်သက်၍ အနွယ်အမွေအဆုံးအဖြတ်ကို ရှင်းလင်းစွာ မိန့်ကြားတော်မူသည်။

အကယ်၍ လူတစ်ဦးသည် ကွယ်လွန်သွားပြီး သူ့တွင် သားယောက်ျားလည်းမရှိ၊ မိဘလည်းမရှိဘဲ၊ သူ့တွင် ညီမ သို့မဟုတ် အစ်မ (အဘတူအမိတူ သို့မဟုတ် အဘတူသာ) တစ်ဦးရှိပါက ထိုညီမ/အစ်မသည် သူထားခဲ့သော ပစ္စည်းဥစ္စာ၏ တစ်ဝက်ကို ရရှိမည်။ ထို့အတူ ညီအကိုယောက်ျား (အဘတူအမိတူ သို့မဟုတ် အဘတူသာ) သည်လည်း ညီမ/အစ်မ ကွယ်လွန်သောအခါ သူမတွင် သားယောက်ျားလည်းမရှိ၊ မိဘလည်းမရှိပါက သူမထားခဲ့သော ပစ္စည်းဥစ္စာအားလုံးကို အမွေဆက်ခံရရှိမည်။

အကယ်၍ ကွယ်လွန်သူတွင် ညီမ/အစ်မ နှစ်ဦး (သို့မဟုတ် ထိုထက်ပို၍) ရှိပါက သူတို့သည် သူထားခဲ့သော ပစ္စည်းဥစ္စာ၏ သုံးပုံနှစ်ပုံကို ရရှိမည်။

အကယ်၍ အမွေခံများတွင် ညီအကိုယောက်ျားများနှင့် ညီမ/အစ်မများ ရောနှောပါဝင်ပါက ယောက်ျားတစ်ဦးသည် မိန်းမနှစ်ဦး၏ ဝေစုနှင့် တူညီသော ဝေစုကို ရရှိမည်။ (ဆိုလိုသည်မှာ ယောက်ျား၏ ဝေစုသည် မိန်းမ၏ ဝေစုထက် နှစ်ဆဖြစ်သည်။)

အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ဤအမွေအဆုံးအဖြတ်များကို ရှ

📜 အာယာသ် 174-176 — စူရာ အန်-နီဆာ

174يَا أَيُّهَا النَّاسُ قَدْ جَاءَكُم بُرْهَانٌ مِّن رَّبِّكُمْ وَأَنزَلْنَا إِلَيْكُمْ نُورًا مُّبِينًا
အို- လူခပ်သိမ်းတို့၊ အသင်တို့အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ အသင်တို့ထံသို့ ခိုင်လုံသောသက်သေသာဓကတစ်ရပ် (ဖြစ်သော နဗီတမန်တော်မုဟမ္မဒ် (ဆွ) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အလင်းရောင် (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကိုလည်း ချပေးသနားတော်မူခဲ့ချေပြီ။
175فَأَمَّا الَّذِينَ آمَنُوا بِاللَّهِ وَاعْتَصَمُوا بِهِ فَسَيُدْخِلُهُمْ فِي رَحْمَةٍ مِّنْهُ وَفَضْلٍ وَيَهْدِيهِمْ إِلَيْهِ صِرَاطًا مُّسْتَقِيمًا
သို့ဖြစ်ပေရာ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၍ ထိုအရှင်မြတ် (၏ ဒီန်သာသနာတော် အစ္စလာမ်) ကို မြဲမြံခိုင်ခံ့စွာ ဖက်ကိုင်ထားရှိကြကုန်၏။ သို့ဖြစ်လျှင် ထိုသူတို့အား မကြာမြင့်မီ ထိုအရှင်မြတ်သည် မိမိကရုဏာတော် (တည်းဟူသော ‘ဂျန္နတ်’ အမတသုခဘုံ) နှင့် ကျေးဇူးတော်တွင်းသို့ ဝင်ရောက်စေတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသူတို့အား မိမိအထံတော်သို့ (ရောက်ရှိနိုင်ရန်) ဖြောင့်မတ်သော (တရား) လမ်းကိုလည်း ညွှန်ပြတော်မူလတ္တံ့။
176يَسْتَفْتُونَكَ قُلِ اللَّهُ يُفْتِيكُمْ فِي الْكَلَالَةِ ۚ إِنِ امْرُؤٌ هَلَكَ لَيْسَ لَهُ وَلَدٌ وَلَهُ أُخْتٌ فَلَهَا نِصْفُ مَا تَرَكَ ۚ وَهُوَ يَرِثُهَا إِن لَّمْ يَكُن لَّهَا وَلَدٌ ۚ فَإِن كَانَتَا اثْنَتَيْنِ فَلَهُمَا الثُّلُثَانِ مِمَّا تَرَكَ ۚ وَإِن كَانُوا إِخْوَةً رِّجَالًا وَنِسَاءً فَلِلذَّكَرِ مِثْلُ حَظِّ الْأُنثَيَيْنِ ۗ يُبَيِّنُ اللَّهُ لَكُمْ أَن تَضِلُّوا ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
(အို- နဗီတမန်တော်) ထိုသူတို့သည် (မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသော ‘ကလာလဟ်’ ယောက်ျား၏အမွေနှင့်စပ်လျဉ်းသော) တရားစီရင်ဆုံးဖြတ်ချက်ကို အသင့်အား မေးမြန်းကြကုန်သည်။ အသင်သည် (ထိုသူတို့အား ဤသို့) ဖြေကြားပါလေ။ “အလ္လာဟ်အရှင်မြတ်သည် (ကလာလဟ်) မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသောယောက်ျား (၏အမွေ) နှင့်စပ်လျဉ်း၍ (ဤသို့) အဆုံးအဖြတ်ပေးတော်မူလေသည်။ အကယ်၍ အကြင်ယောက်ျားတစ်ဦးတစ်ယောက်သည် သေကြေပျက်စီး၍ ထိုသူ၌ သားသမီးတစ်စုံတစ်ယောက်မျှမရှိဘဲ နှမ (သို့မဟုတ် အစ်မ) တစ်ယောက်သာရှိခဲ့မူ၊ ထိုနှမ (သို့မဟုတ်အစ်မ) သည် ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်း၏ထက်ဝက်ကို ရရှိပေအံ့။ (အကယ်၍ ထိုနှမသော်လည်းကောင်း၊ အစ်မသော်လည်းကောင်း သေဆုံး၍) ၎င်း၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိခဲ့ပါလျှင် ထို (ကလာလဟ်) ယောက်ျားသည်လည်းကောင်း၊ (ထားရှိခဲ့သောပစ္စည်းအားလုံး) ကို အမွေဆိုင်၏။ တစ်ဖန် အကယ်၍ (သေဆုံးသော ထို ‘ကလာလဟ်’ ယောက်ျား၌) အစ်မ (သို့မဟုတ် အစ်မနှင့်နှမ) နှစ်ယောက်ရှိခဲ့ကြပါလျှင်၊ ၎င်းတို့နှစ်ဦးသည် ထို ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်းအနက်မှ သုံးပုံနှစ်ပုံကို ရရှိကြလတ္တံ့။ အကယ်၍သာ ၎င်း (သေဆုံးသူ ‘ကလာလဟ်’ ယောက်ျားအမွေစားအမွေခံ) တို့သည် ညီအစ်ကိုမောင်နှမများ၊ ယောက်ျားရော မိန်းမပါ ရှိနေကြပါမူ၊ ယောက်ျား (တစ်ယောက်) သည် မိန်းမနှစ်ယောက်၏ ဝေစုဝေပုံနှင့် ညီတူညီမျှရရှိပေအံ့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှားသို့မရောက်ကြစေရန် (ဤအမိန့်ပညတ်တော်များကို) အသင်တို့အား ရှင်းလင်းစွာ မိန့်ကြားတော်မူလေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ)
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
176အာယာသ်

ဘာသာပြန် — အန်-နီဆာ 176

စူရာ အန်-နီဆာ အာယာသ် 176 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို- နဗီတမန်တော်) ထိုသူတို့သည် (မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသော ‘ကလာလဟ်’ ယောက်ျား၏အမွေနှင့်စပ်လျဉ်းသော) တရားစီရင်ဆုံးဖြတ်ချက်ကို အသင့်အား…

စူရာ အာယာသ် 176/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 174–176. မြန်မာဘာသာ: ภาษาไทย.

ကုရ်အာန်ကျမ်း

Thursday, October 1, 2026

Don't forget us in your sincere prayers