📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 125
وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ إِلَىٰ مَآ أَنزَلَ ٱللَّهُ وَإِلَى ٱلرَّسُولِ قَالُواْ حَسۡبُنَا مَا وَجَدۡنَا عَلَيۡهِ ءَابَآءَنَآۚ أَوَلَوۡ كَانَ ءَابَآؤُهُمۡ لَا يَعۡلَمُونَ شَيۡـًٔا وَلَا يَهۡتَدُونَ  ۝١٠٤ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ عَلَيۡكُمۡ أَنفُسَكُمۡۖ لَا يَضُرُّكُم مَّن ضَلَّ إِذَا ٱهۡتَدَيۡتُمۡۚ إِلَى ٱللَّهِ مَرۡجِعُكُمۡ جَمِيعًا فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ  ۝١٠٥ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ شَهَٰدَةُ بَيۡنِكُمۡ إِذَا حَضَرَ أَحَدَكُمُ ٱلۡمَوۡتُ حِينَ ٱلۡوَصِيَّةِ ٱثۡنَانِ ذَوَا عَدۡلٍ مِّنكُمۡ أَوۡ ءَاخَرَانِ مِنۡ غَيۡرِكُمۡ إِنۡ أَنتُمۡ ضَرَبۡتُمۡ فِي ٱلۡأَرۡضِ فَأَصَٰبَتۡكُم مُّصِيبَةُ ٱلۡمَوۡتِۚ تَحۡبِسُونَهُمَا مِنۢ بَعۡدِ ٱلصَّلَوٰةِ فَيُقۡسِمَانِ بِٱللَّهِ إِنِ ٱرۡتَبۡتُمۡ لَا نَشۡتَرِي بِهِۦ ثَمَنًا وَلَوۡ كَانَ ذَا قُرۡبَىٰ وَلَا نَكۡتُمُ شَهَٰدَةَ ٱللَّهِ إِنَّآ إِذًا لَّمِنَ ٱلۡأٓثِمِينَ  ۝١٠٦ فَإِنۡ عُثِرَ عَلَىٰٓ أَنَّهُمَا ٱسۡتَحَقَّآ إِثۡمًا فَـَٔاخَرَانِ يَقُومَانِ مَقَامَهُمَا مِنَ ٱلَّذِينَ ٱسۡتَحَقَّ عَلَيۡهِمُ ٱلۡأَوۡلَيَٰنِ فَيُقۡسِمَانِ بِٱللَّهِ لَشَهَٰدَتُنَآ أَحَقُّ مِن شَهَٰدَتِهِمَا وَمَا ٱعۡتَدَيۡنَآ إِنَّآ إِذًا لَّمِنَ ٱلظَّٰلِمِينَ  ۝١٠٧ ذَٰلِكَ أَدۡنَىٰٓ أَن يَأۡتُواْ بِٱلشَّهَٰدَةِ عَلَىٰ وَجۡهِهَآ أَوۡ يَخَافُوٓاْ أَن تُرَدَّ أَيۡمَٰنُۢ بَعۡدَ أَيۡمَٰنِهِمۡۗ وَٱتَّقُواْ ٱللَّهَ وَٱسۡمَعُواْۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ  ۝١٠٨
5:104
وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ إِلَىٰ مَآ أَنزَلَ ٱللَّهُ وَإِلَى ٱلرَّسُولِ قَالُواْ حَسۡبُنَا مَا وَجَدۡنَا عَلَيۡهِ ءَابَآءَنَآۚ أَوَلَوۡ كَانَ ءَابَآؤُهُمۡ لَا يَعۡلَمُونَ شَيۡـًٔا وَلَا يَهۡتَدُونَ  ۝١٠٤
၎င်းပြင် ထိုသူတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော အမိန့်တော်များနှင့် ရစူလ်တမန်တော်ဘက်သို့ လာကြလေကုန်” ဟု ပြာဆိုသောအခါ ထိုသူတို့က ကျွန်ုပ်တို့အဖို့ အကြင်လမ်းစဉ်သည် လုံလောက်ပေသည်။ ထိုလမ်းစဉ်ပေါ်၌ ကျွန်ုပ်တို့သည် မိမိတို့၏အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား တွေ့ရှိခဲ့ကြသည်” ဟုဖြေကြား၏။ အကယ်၍ ၎င်းတို့၏အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိနားမလည်ကြသည့်ပြင် (ကောင်းကင်ကျ) တရားလမ်းစဉ်ကိုပင် မရရှိကြသော်လည်း ( ၎င်းတို့၏ အဖ၊ ဘိုး၊ ဘေး၊ တို့၏လမ်းစဉ်သည် ၎င်းတို့အဖို့ လုံလောက်ပါသလော။ အလျင်းမလုံလောက်ပေ။)
5:105
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ عَلَيۡكُمۡ أَنفُسَكُمۡۖ لَا يَضُرُّكُم مَّن ضَلَّ إِذَا ٱهۡتَدَيۡتُمۡۚ إِلَى ٱللَّهِ مَرۡجِعُكُمۡ جَمِيعًا فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ  ۝١٠٥
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ ထိန်းသိမ်း စောင့်ရှောက်ရန်အတွက်သာလျှင် ပူပန်ကြလေကုန်။ အသင်တို့၏တရားလမ်းစဉ်အတိုင်း (မတိမ်းမစောင်း) လိုက်နာနေကြပါလျှင် တရားလမ်းမှားသောသူသည် အသင်တို့ကို (မည်သို့မျှ) အကျိုးယုတ် နစ်နာစေနိုင်မည်မဟုတ်ပေ။ အသင်တို့အားလုံးတို့သည် နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်ကြရလတ္တံ့။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့ ပြုမူခဲ့သမျှတို့ကို အသင်တို့အား အသိပေးတော်မူအံ့။
5:106
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ شَهَٰدَةُ بَيۡنِكُمۡ إِذَا حَضَرَ أَحَدَكُمُ ٱلۡمَوۡتُ حِينَ ٱلۡوَصِيَّةِ ٱثۡنَانِ ذَوَا عَدۡلٍ مِّنكُمۡ أَوۡ ءَاخَرَانِ مِنۡ غَيۡرِكُمۡ إِنۡ أَنتُمۡ ضَرَبۡتُمۡ فِي ٱلۡأَرۡضِ فَأَصَٰبَتۡكُم مُّصِيبَةُ ٱلۡمَوۡتِۚ تَحۡبِسُونَهُمَا مِنۢ بَعۡدِ ٱلصَّلَوٰةِ فَيُقۡسِمَانِ بِٱللَّهِ إِنِ ٱرۡتَبۡتُمۡ لَا نَشۡتَرِي بِهِۦ ثَمَنًا وَلَوۡ كَانَ ذَا قُرۡبَىٰ وَلَا نَكۡتُمُ شَهَٰدَةَ ٱللَّهِ إِنَّآ إِذًا لَّمِنَ ٱلۡأٓثِمِينَ  ۝١٠٦
အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ‘မရဏ’ သေခြင်းတရားသည် ဆိုက်ရောက်၍ (ထိုသူသည်) ဝဆွီယသ် မှာတမ်းစကားပြောကြားလေသောအခါ အသင်တို့အနက်မှ တရားမျှတမှုရှိသောသူနှစ်ယောက် သက်သေအဖြစ် ရှိကြရပေမည်။ သို့တည်းမဟုတ် အသင်တို့သည် မြေပြင်ဝယ်ခရီးထွက်နေစဉ် အသင်တို့၌ သေဘေးဆိုက်ရောက်ခဲ့သည်ရှိသော် အကယ်၍ မွတ်စ်လင်မ်မရှိသော် အသင်တို့မှတစ်ပါး အခြား (သာသနာဝင်) တို့အနက်မှ သက်သေနှစ်ဦးရှိကြရပေမည်။ အကယ်၍ အသင်တို့သည် မှာကြားခြင်းခံခဲ့ရသောသူတို့နှင့်ပတ်သက်၍ ဒွိဟသံသယမကင်း ဖြစ်ခဲ့ ကြပါမူ ထို (သက်သေ) နှစ်ယောက်ကို (ဗလီအတွင်း ‘ဆွလာသ်’ ဝတ်ပြုပြီးနောက် ဆိုင်းငံ့ထားကြလေကုန်။ ထိုအခါ ထိုသူတို့နှစ်ဦးစလုံးတို့သည် အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ (ဤသို့) ကျိန်ဆိုကြရမည်။ “ကျွန်ုပ်တို့သည် (ဤကိစ္စ၌ မိမိတို့) ဆွေမျိုးနီးစပ် ပါဝင်နေသည့်တိုင်အောင် ဤသို့ကျိန်ဆိုခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးကိုမျှ ရလိုကြသည်မဟုတ်ပေ။ ၎င်းပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်အတိုင်း တာဝန်ရှိသောသက်သေခံခြင်းကိုလည်း လျှို့ဝှက် ထိမ်ချန်ထားရှိကြသည်မဟုတ်ချေ။ (အကယ်၍ ထိမ်ချန်လျှို့ဝှက်ထားရှိခဲ့မူ) ကျွန်ုပ်တို့သည် ဧကန်စင်စစ် အပြစ်မကင်းသော သူတို့အနက်မှပင် ဖြစ်ကုန်အံ့သတည်း။”
5:107
فَإِنۡ عُثِرَ عَلَىٰٓ أَنَّهُمَا ٱسۡتَحَقَّآ إِثۡمًا فَـَٔاخَرَانِ يَقُومَانِ مَقَامَهُمَا مِنَ ٱلَّذِينَ ٱسۡتَحَقَّ عَلَيۡهِمُ ٱلۡأَوۡلَيَٰنِ فَيُقۡسِمَانِ بِٱللَّهِ لَشَهَٰدَتُنَآ أَحَقُّ مِن شَهَٰدَتِهِمَا وَمَا ٱعۡتَدَيۡنَآ إِنَّآ إِذًا لَّمِنَ ٱلظَّٰلِمِينَ  ۝١٠٧
တစ်ဖန် အကယ်၍ ၎င်းတို့နှစ်ဦးသည် (တစ်စုံတစ်ရာအပြစ်) ကျူးလွန်ခဲ့ကြောင်း သိရှိရပါလျှင် ထိုအပြစ်ရှိသူနှစ်ဦး၏နေရာတွင် (ကွယ်လွန်သူ၏) ဆွေမျိုးအနီးစပ်ဆုံး အမွေစားတို့အနက် သက်သေနှစ်ယောက်ရပ်ပြီးလျှင် “ကျွန်ုပ်တို့၏သက်သေခံခြင်းမှာ ထိုသူတို့နှစ်ဦးသက်သေခံခြင်းထက် ပိုမို၍မှန်ကန်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် (ပစ္စည်းတောင်းဆိုရာတွင်လည်းကောင်း၊ ဝဆွီများအား စွပ်စွဲရာတွင်လည်းကောင်း၊) စည်းကမ်းကျူးလွန်ခြင်းလည်း မရှိကြပါ။ (အကယ်၍သာ ကျူးလွန်ခဲ့သည်ရှိသော်) ကျွန်ုပ်တို့သည် မလွဲဧကန် မတော်မတရားကျူးလွန်သောသူတို့အနက် အပါအဝင်ဖြစ်ကြပါအံ့” ဟု အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ ကျိန်ဆိုကြရပေမည်။
5:108
ذَٰلِكَ أَدۡنَىٰٓ أَن يَأۡتُواْ بِٱلشَّهَٰدَةِ عَلَىٰ وَجۡهِهَآ أَوۡ يَخَافُوٓاْ أَن تُرَدَّ أَيۡمَٰنُۢ بَعۡدَ أَيۡمَٰنِهِمۡۗ وَٱتَّقُواْ ٱللَّهَ وَٱسۡمَعُواْۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ  ۝١٠٨
ဤသည်ကား သက်သေများသည် သက်သေခံထိုက်သောနည်းမှန်အတိုင်း သက်သေခံကြရန်၊ သို့တည်းမဟုတ် ၎င်းတို့သည် မိမိတို့၏ကျိန်ဆိုချက်များမှာ အခြားသူများ၏ကျိန်ဆိုချက်များဖြင့် ကန့်ကွက် ပယ်ချခြင်းခံရမည်ကို စိုးရိမ်ကြရန် အနီးစပ်ဆုံး (အကောင်းဆုံး) သောနည်းပင် ဖြစ်ချေသည်။ (မည်သို့ပင်ဖြစ်စေ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် (ထိုအရှင်မြတ်၏အမိန့်တော်များကို) နာယူကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကိုကျူးလွန်သောသူတို့အား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူသည်မဟုတ်ပေ။


📚Juz 7 📄125 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Sunday, August 23, 2026

Don't forget us in your sincere prayers